မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Monday, September 23, 2013
အရပ် သုံးပေတစ်လက်မခွဲသာရှိသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား
အရပ် သုံးပေတစ်လက်မခွဲသာရှိသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား
မော်လူး၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားနေသော အရပ် သုံးပေတစ်လက်မခွဲသာရှိသည့် ကျောင်းသားလေးတစ်ဦးကို ထူးဆန်းစွာ တွေ့ရသည်။
ထိုကျောင်းသားလေး၏ အမည်မှာ မောင်ပြည့်ဖြိုးဇော် ဖြစ်ပြီး အသက်မှာ ၁၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ မောင်ပြည့်ဖြိုးဇော်သည် မော်လူးကျေးရွာ ရပ်ကွက် ၆ တွင်နေထိုင်သည့် ဦးမြတ်ထွန်း - ဒေါ်ခင်မြနွယ်တို့၏ အငယ်ဆုံးသားလေးဖြစ်ပြီး မွေးချင်းညီအစ်ကိုမောင်နှ လေးယောက်ရှိပြီး ၄င်းတစ်ဦးသာ သာမန်ထက် အရပ် ပုနေခြင်းဖြစ်သည်။ မိခင်ဖခင်တို့မှာ ကျပန်းအလုပ်ဖြင့် အသက်မွေးပြီး မောင်ပြည့်ဖြိုးဇော်အား တက္ကသိုလ်ဝင်တန်းရောက်အောင် ပညာသင်ကြားနိုင်ရန် ကြိုးစားခဲ့ကြသည်။ မောင်ပြည့်ဖြိုးဇော်မှလည်း မိဘတို့၏ ကျေးဇူးကို အထူးသိနားလည်ပြီး တတ်နိုင်သမျှပြန်လည် ပေးဆပ်လိုသဖြင့်တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်၍ ပညာတတ်တစ်ဦးဖြစ်လာရန် ပညာရေးကို ကြိုးစားသင်ယူလျှက်ရှိကြောင်း သိရသည်။
မော်လူး သုတဥယျာဉ် စာကြည့်တိုက် ပြန်ဖွင့်တော့မည်
1.10.2013 စတင်ဖွင့်တော့မည်