မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Thursday, September 25, 2014
ဆိုင်ကယ်စီး မော်လူးသား သတိပြုစရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေမှာ ကိုယ့်ဘက်က မှားလို့ ကိုယ်သေသွားရင်တောင် ငရဲပြည် မရောကခင် တရာစွဲခံရသေးတယ်
ဆိုင်ကယ်မှ ရှေ့ယာဉ်အား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ လာသော ယာဉ်နှင့် တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂၅
၂၄.၉.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ဆားတလင်း ကျေးရွာ၊ အမှတ် (၂)လမ်းမကြီးအတိုင်း ဆားတလင်း ကျေးရွာဘက်မှ လေးထောင့်ကန် ကျေးရွာဘက်သို့ သန်လျင်မြို့နယ်နေ သန်းနိုင် စီးနင်း မောင်းနှင်လာသာ ၁၄ယ/---KENBO-125 အစိမ်းရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ်(၂၄/၁)အနီးအရောက် ရှေ့ယာဉ်အား ကျော်တက် မောင်းနှင်စဉ် မျက်နှာချင်းဆိုင်မှ လှည်းကူး မြို့နယ်နေ ကိုဝင်းတင် (၄၅)နှစ်မောင်းနှင်လာသော 5A---မစ်ဆူဗီရှီ ကင်တာယာဉ်ကို ဝင်ရောက် တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ သန်းနိုင်မှာ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများနှင့် ဝဲရင်အုံတွင် ဖူးရောင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ သန်းလှိုင်တွင် ခန္ဓာကိုယ်၌ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့၍ လှည်းကူး မြို့နယ် ဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်လူနာ(စိုးရိမ်ရ) အဖြစ်တင်ပို့ ကုသခဲ့ရပါသည်။
ယင်းသို့ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ သန်းနိုင်(သေဆုံး)အား ဒါးပိန်းနယ်မြေရဲစခန်းယာဉ် (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
No comments:
Post a Comment