မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Wednesday, October 15, 2014
အခြေခံ မီးသတ်သင်တန်း (၁/၂၀၁၄)
မော်လူးတွင် ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်သင်တန်း(၁/၂၀၁၄) ဖွင့်လှစ်
မော်လူး၊ အောက်တိုဘာ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
လူငယ်အားကစားကွင်းတွင် ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်သင်တန်း
(၁/၂၀၁၄)ကို အောက်တိုဘာ ၁၃ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံ မီးသတ်သင်တန်း(၁/၂၀၁၄)ဖွင့်ပွဲတွင် မော်လူးကျေးရွာ
အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ အမှာစကားပြောကြားရာတွင်
မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်လေးရပ်ဖြစ်သည့် မီးငြိမ်းသတ်နည်းစွမ်းရည်၊
ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊
စည်းရုံးရေးစွမ်းရည်များကို အစဉ်အဆက်မပြတ် လေ့ကျင့်သွားကြရန်နှင့်
မီးဘေးအန္တရယ်ကင်းဝေးရေးအတွက် အထူးသတိရှိကြရန်တို့ကို
ပြောကြားခဲ့ကြောင်း၊အခြေခံ မီးသတ်သင်တန်းသို့ မော်လူး၊ အုန်းဒုတ်၊
မင်းသာ၊ ဟဲနုစသည့် ကျေးရွာများမှ အခြေခံမီးသတ်သင်တန်း မတက်ရောက်ရသေးသည့်
မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခြင်း ဖြစ်ပြီး မော်လူးနယ်မြေ
ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်အေးမင်းသိန်းနှင့်
ရဲတပ်ဖွဲ့ဝင်များအနီးကပ်ကြီးကြပ်သင်ကြားပို့ချလျှက်ရှိကြောင်း၊
သင်တန်းသား ၃၅ ဦးရှိပြီး သင်တန်းကာလ ရက်သတ္တလေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment