ဗုဒ္ဓဘာသာဝင်တိုင်း အလေးအနက်ထားရွတ်ဆိုလေ့ရှိတဲ့ မေတ္တာသုတ်ကို ဝါတွင်းကာလ ကမ္မဋ္ဌာန်းတရားထုတ်နေတဲ့ ရဟန်းငါးရာအား မြတ်စွာဘုရားဟောကြားတော်မူခဲ့တာကိုအစွဲပြုပြီး ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ထားကြပါတယ်။ နတ်တွေကနှောက့်ယှက်လို့ တရားအားမထုတ်နိုင်တဲ့ ရဟန်းငါးရာကို ဘုရားရှင်က မေတ္တာသုတ် သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်တာကြောင့် ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။ ဒီလိုအနက်အဓိပ္ပါယ်နဲ့ပြည့်စုံတဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ မေတ္တာသုတ်ကိုရွတ်ဆိုပွားများခြင်း၊ အနက်အဓိပ္ပါယ်ကိုလေ့လာပွားများခြင်း၊ ဘုရားကျောင်းကန်များသို့သွားရောက်၍ ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာပွားများခြင်း အစရှိတဲ့ကုသိုလ်ကောင်းမှုတွေ့ကို မမေ့မလျှော့ပြုလုပ်ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Thursday, August 18, 2016
မေတ္တာအခါတော်နေ့မှာ ooredoo က နှိုးဆော်ထားတယ်
ဗုဒ္ဓဘာသာဝင်တိုင်း အလေးအနက်ထားရွတ်ဆိုလေ့ရှိတဲ့ မေတ္တာသုတ်ကို ဝါတွင်းကာလ ကမ္မဋ္ဌာန်းတရားထုတ်နေတဲ့ ရဟန်းငါးရာအား မြတ်စွာဘုရားဟောကြားတော်မူခဲ့တာကိုအစွဲပြုပြီး ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ထားကြပါတယ်။ နတ်တွေကနှောက့်ယှက်လို့ တရားအားမထုတ်နိုင်တဲ့ ရဟန်းငါးရာကို ဘုရားရှင်က မေတ္တာသုတ် သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်တာကြောင့် ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။ ဒီလိုအနက်အဓိပ္ပါယ်နဲ့ပြည့်စုံတဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ မေတ္တာသုတ်ကိုရွတ်ဆိုပွားများခြင်း၊ အနက်အဓိပ္ပါယ်ကိုလေ့လာပွားများခြင်း၊ ဘုရားကျောင်းကန်များသို့သွားရောက်၍ ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာပွားများခြင်း အစရှိတဲ့ကုသိုလ်ကောင်းမှုတွေ့ကို မမေ့မလျှော့ပြုလုပ်ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
No comments:
Post a Comment