မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Wednesday, August 28, 2013
မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
ဆားမှော်ရွာတွင် သောက်သုံးရေ လုံလောက်စွာ ရရှိရန်လိုအပ်
ဆားမှော်ရွာတွင် သောက်သုံးရေ လုံလောက်စွာ ရရှိရန်လိုအပ်
မော်လူး၊ သြဂုတ် ၂၈
@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဟောင်းတုန်းအုပ်စု၊ ဆားမှော်ကျေးရွာတွင် ဆောင်းရာသီနှောင်းပိုင်းနှင့် နွေရာသီတို့တွင် ရေရှားပါးပြီး သောက်သုံးရေအခက်အခဲရှိနေကြောင်း သိရသည်။
ဆားမှော်ကျေးရွာသည် မိုးရာသီနှင့် ဆောင်းရာသီအစောပိုင်းအထိသာ သောက်သုံးရေ ပြည့်ပြည့်၀၀ သုံးစွဲနိုင်ပြီး နွေရာသီသို့ ရောက်ခဲ့ပြီဆိုလျှင် နှစ်စဉ်နှစ်တိုင်း သောက်သုံးရေရှာပါးမှုကို ကြုံတွေ့နေရကြောင်း၊ ဆားမှော်ရွာရှိ အိမ်ခြေ ၇၀ ခန့်သည် ရွာ၏မြောက်ဘက် ပေ ၄၀၀၀ ခန့်ကွာဝေးသည့် အမြင့် ၅၅ ပေရှိ နန့်ခွန်းခမ်း စိမ့်စမ်းရေထွက်ရှိရာနေရာမှ ငွေကြေးမတတ်နိုင်သဖြင့် ၁ လက်မရေပိုက်လေးဖြင့်သာ သွယ်ယူ၍ သုံးစွဲနေရသည့်အတွက် သောက်သုံးရေ လုံလောက်မှုမရှိသဖြင့် သက်ဆိုင်သည့် ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးစေလိုကြောင်း ဆားမှော်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရွာသူ/သားများမှ ပြောကြားခဲ့ကြောင်း သိရသည်။
mawlu media
မော်လူးဒေသခံပြည်သူများအား တန်းဖိုးနည်း GSM ဖုန်းဆင်းမ်ကတ်များ မဲစနစ်ဖြင့် ရောင်းချပေး
မော်လူးဒေသခံပြည်သူများအား တန်းဖိုးနည်း GSM ဖုန်းဆင်းမ်ကတ်များ မဲစနစ်ဖြင့် ရောင်းချပေး
မော်လူး၊ သြဂုတ် ၂၈
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊ ဒဏ္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် ဓမ္မာရုံတွင် သြဂုတ် ၂၈ ရက်နေ့ နံနက်ကိုးနာရီက တန်းဖိုးနည်း ၁၅၀၀ ကျပ်တန် GSM ဖုန်းဆင်းမ်ကတ်များကို ဒုတိယအကြိမ် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအားရောင်းချပေးခဲ့ကြောင်း သိရသည်။
မော်လူးဒေသအတွက် ဒုတိယအကြိမ်အဖြစ် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် GSM ဖုန်းဆင်းမ်ကတ် ၃၀၀ ကို ခွဲတမ်းအဖြစ် ရရှိခဲ့သည်။ ၄င်းဖုန်းဆင်မ်းကတ် ၃၀၀ အနက်မှ ခရိုင်နှင့် မြို့နယ်ဝန်ထမ်းများအတွက် ၁၈ ကတ်၊ မော်လူးဒေသရှိ ဋ္ဌာနဆိုင်ရာများဖြစ်သည့် ပညာရေးဋ္ဌာနအတွက် ၄၂ ကတ်၊ကျေးရွာ အုပ်ချုပ်ရေးဋ္ဌာနအတွက် ၇ ကတ်၊ ကျန်းမာရေး ဋ္ဌာနအတွက် ၅ ကတ်၊ ဆက်သွယ်ရေးဋ္ဌာနအတွက် ၃ ကတ်၊ မြန်မာ့မီးရထားဋ္ဌာနအတွက် ၃ ကတ်၊ လျှပ်စစ်ဋ္ဌာနအတွက် ၃ ကတ်၊ ရဲတပ်ဖွဲ့အတွက် ၃ ကတ်၊ ရှေ့တန်းနယ်မြေခံတပ်ရင်းအတွက် ၂ ကတ်၊ မီးသတ်တပ်ဖွဲ့နှင့် မီဒီယာအဖွဲ့အတွက် ၂ ကတ်၊ သစ်တောဋ္ဌာနအတွက် ၁ ကတ်၊ သီးခြား ၁ ကတ်၊ သံဃာတော်များအတွက် ၁၀ ကတ် စုစုပေါင်း ၁၀၀ ကတ်အားခွဲဝေပေးပြီး ကျန်ရှိသည့် ၂၀၀ ကတ်အား ကျေးလက်နေ ပြည်သူများကို ကျေးရွာရပ်ကွက်အလိုက် ခွဲတမ်းချပြီး ဒုတိယအကြိမ်မြောက်အဖြစ် မဲဖောက်ရောင်းချပေးခဲ့ကြောင်း ၊ မော်လူးဒေသအတွက် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် GSM ဖုန်းဆင်းမ်ကတ်များကို သြဂုတ် ၁ ရက်နေ့က ပထမအကြိမ်အဖြစ် ၂၀၀ ကတ်ချပေးပြီး ၄င်းဆင်းမ်ကတ် ၂၀၀ အနက်မှ ကျေးလက်ပြည်သူများအား ၁၃၄ ကတ်၊ မော်လူးဒေသ ဋ္ဌာနဆိုင်ရာ ၀န်ထမ်းများ အတွက် ၆၆ ကတ် ခွဲဝေရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
mawlu media
Subscribe to:
Posts (Atom)