မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Wednesday, November 20, 2013
နန့်ဒရန့် တံတား ကို ဒါမျိုး လုပ်ထားတာ
မြန်မာပြည်က တံတားပြင်နည်း
၁၉.၁၁.၂၀၁၃ ရက်နေ့ကုကျိုးကျသွားသော မော်လူးအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ
နန့်ဒရန့် ချောင်းကူတံတား ကားမကျိုးကျမီ ရက်ပိုင်အလိုက
ကားသမား တစ်ယောက် ရိုက်ကူးထားသော တံတားပြုပြင်သူတွေ
ပြင်ထားပုံက အောက်က ဓာတ်ပုံတွေကို
ကြည့်လိုက်ကြပါ
နိုင်ငံတကာ က ဆောက်လုပ်ရေးအင်ဂျင်နီယာတွေ ထိုင်ငိုသွားမယ်နော်
ပြုပြင်ထားတဲ့သူကို မအံ့သြဘူးဗျာ
ဖြတ်မောင်းတဲ့ ကားသမားတွေကို တော့ ချီးကျူးပါတယ်...
နန့်ဒရန့် ချောင်းတံတားကျိုးပြီ
စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီးမော်အုပ်စု
၊ စီပိန်းကျေးရွာအနီးရှိ
နန့်ဒရန့် တံတားပေါ်သို အထူးအဖွဲ့ (၁) ဆောက်လုပ်ရေး (၁၀)ဘီးကား ပေါ်
ယာဉ်တစ်စီးတင်ဆောင်ပြီး
ဖြတ်သန်းစဉ် နိုဝင်ဘာ (၁၉)ရက် နေ့ည (၁၁း၃၀)အချိန်ခန့်တွင် တံတားကျိုးကျ ခဲ့သည်
ဖြစ်စဉ်မှာ အထူးအဖွဲ့ (၁)မှ ယာဉ်တစ်စီးတင်ဆောင်ထားသော ဆောက်လုပ်ရေး (၁၀)ဘီးကား
နံပါတ် ၆ခ/၈၄၉၃ ယာဉ်မောင်း ဦးမင်းနိုင် အဆင့်(၅) မောင်းနင်လာသည့် ယာဉ်သည်
ပေ ၂၄၀ အရှည် တံတားအမှတ် ၂/၂၆၀ နန့်ဒရန်ချောင်း တံတာပေါ်တွင် ကျိုးကျရာ
သံဘောင် တံတားပါ တိုင်စဉ် အခင်းပြား (၄၀)ပေခန့် ပျက်စီး ခဲ့သည်။
တံတားဖြတ်ကူးမရတော့သဖြင့် ခရီးသွား
ယာဉ်များ ဖြတ်သန်းသွားလာနေသော ဒေသခံ အခက်အခဲကြုံတွေ့နေရသဖြင့် လမ်းနှင့် တံတားများ
ကိုေ ဆာင်ရွက်ပေးစေလိုကြောင်း ခရီးသည်များ ၏
ပြောဆိုနေကြောင်း သိရပါသည်။
Subscribe to:
Posts (Atom)