![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh45NyBfcJrfcnNRzdyIMx7bRhLhZkm5jag-DALnTAGdCDCddR4CqNDco9UNwRtIK0FQ6FZzxGFPCIs8oqepTopyhUTo4l9MuJLoLyFk2nnbWzENpL0HBzsp0RuxU7amT82VUxjq3Q5KIw/s320/Screenshot_2014-10-27-11-00-24_edit0.png)
မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Sunday, October 26, 2014
ဂယက်ထနေတဲ့ ထိုင်းဇာတ်ကားပုံတူကူးချတဲ့ကိစ္စနဲ့ နေထူးနိုင် (ထူးထူးခြားခြားဘဲ)
ဂယက်ထနေတဲ့ ထိုင်းဇာတ်ကားပုံတူကူးချတဲ့ကိစ္စနဲ့ နေထူးနိုင်
Byဟန်သူOn Mon, 2014-10-27 06:09Location ရန်ကုန်Issue No.No.544 Monday, October 27, 2014
ဖေ့စ်ဘွတ်ခ် လူမှုကွန် ရက်တွင် ပျံ့နှံ့နေသည့် ထိုင်းဗီဒီ ယိုဇာတ်ကားကို ပိုစတာမှအစ ပုံစံတူကူးချထားသည့်အတွက် ထိုင်းရုပ်ရှင်ထုတ်လုပ်ရေးက အာရှရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြား ထားပြီး ဘတ်ငွေသန်း ၃၀ လျော်ကြေးတောင်းထားသည့် အကြောင်းကို မသိရှိကြောင်း သရုပ်ဆောင် နေထူးနိုင်ကပြောသည်။
‘‘ကျွန်တော် ဒီသတင်းကို မသိပါဘူး။ ကျွန်တော်အခုနယ် မှာ ဇာတ်ကားရိုက်နေတာပါ။ ဒါပေမဲ့ ဒီလိုသတင်းတွေ ထွက် ပေါ်လာတာကတော့ ဒီမြန်မာ နိုင်ငံမှာ ကျွန်တော်တစ်ယောက် တည်း သူများနိုင်ငံက ဇာတ်ကား တွေကို ကူးချရိုက်နေတာ မဟုတ် ဘူး။ ရိုက်နေတဲ့ လူတွေအများ ကြီးပါ။ ကျွန်တော်တစ်ခုတော့ ပြောချင်ပါတယ်။ တကယ်လို့ တရားစွဲမယ်ဆိုရင် IP Law (မူပိုင် ခွင့်ဥပဒေ) က အတည်ဖြစ်ပြီးလား ဆိုတာပဲ မေးချင်ပါတယ်’’ဟု ဆိုသည်။
အဆိုပါ ဇာတ်ကားကို ရိုက်ကူးထားသည်မှာ ခုနစ်နှစ်၊ရှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး မည်သည့်ထုတ်လုပ်ရေးနှင့် ရိုက်ကူးခဲ့သည်ကိုပင် မမှတ်မိတော့ကြောင်း အကယ်၍ တရားစွဲဆိုခဲ့ပါကလည်း ထိုင်းနိုင်ငံမှ တရားဝင်အကြောင်းကြား လာလျှင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ပြီး ပြည်သူများကို အသိပေးမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျံ့နှံ့သည့် သတင်းမှာ မနာလိုသူများ၏လုပ်ကြံမှုတစ်ရပ်သာ ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနှင့်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိကြောင်း ဆိုသည်။
ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် အကြောင်းအရာမှာ
ထိုင်းနိုင်ငံ ချူလာထိုင်းရုပ်ရှင်ကုမ္ပဏီမှ သန်းတစ်ထောင်ကျော်ကုန်ကျခံ ရိုက်ကူးထားသော အက်ရှင်ဇာတ်ကားတစ်ကားကို မြန်မာနိုင်ငံမှ ပိုစတာပုံစံတူ ဇာတ်လမ်းဇာတ်ညွှန်းတစ်ပုံစံတည်း ရိုက်ကူးထားသည့် ‘‘မီးကျည်မင်းခေါင်’’အမည်ဖြင့် ရိုက်ခဲ့သဖြင့် မြန်မာနိုင်ငံမှ လျော်ကြေးငွေ အဖြစ် ဘတ်သန်း ၃၀ ကျော်ရရှိလိုကြောင်း တရားစွဲထားပြီး အာဆီယံရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြားထားသည် ဟူ၍ဖြစ်သည်။
သို့သော်အချို့က ထို အကြောင်းအရာမှာ ယုတ္တိမရှိ သဖြင့် အတုအယောင်သတင်းမျှသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mark သရဲဟာသဇာတ်ကားကိုလည်း ပုံတူကူးချကာ ရိုက်ကူးခဲ့ကြ ဖူးသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh45NyBfcJrfcnNRzdyIMx7bRhLhZkm5jag-DALnTAGdCDCddR4CqNDco9UNwRtIK0FQ6FZzxGFPCIs8oqepTopyhUTo4l9MuJLoLyFk2nnbWzENpL0HBzsp0RuxU7amT82VUxjq3Q5KIw/s320/Screenshot_2014-10-27-11-00-24_edit0.png)
မော်လူး ဒေသ မှာ တောင်သူတွေ စပါးပိုးကျလို့ ဒုက္ခ ရောက် ငိုသူငိုနေကြပြီ
မော်လူးဒေသ တောင်သူများ စပါးပိုးကျသဖြင့် ရိတ်သိမ်းမှုကို လူအင်အားသုံးကာ အလျင်အမြန်လုပ်ကိုင်နေရ
သက်ဆိုင်ရာ မှသိလျင် ဖုန်းဖြင့်ဆက်သွယ်ကာ ဟိုဓာတ်ပုံတောင်း
ဒီဓာတ်ပုံတောင်း ကျေးရွာလူကြီးများ အလုပ်ရှုပ်တော့မည် ဖြစ်ကြောင်း
မော်လူးဒေသတွင် ယခုကဲ့သို့ ပိုးကျခြင်းမျိုး
တစ်ကြိမ်တစ်ခါမှ မဖြစ်ဘူးကြောင်း တောင်သူတစ်ဦးမှ
မော်လူးသတင်း သို့ ပြောကြားသွားပါကြောင်း
ဓာတ်ပုံတောင်းခြင်း လာရောက်စစ်ဆေးခြင်း ကင်းဝေးနိုင်ပါစေ---
Subscribe to:
Posts (Atom)