***ပဌာန်း ၂၄ ပစ္စည်း မေတ္တာပို့ အကျယ်ဖြစ်ပါတယ် ***
၁. ဟေတုပစ္စယော , မကောင်းဟိတ်ပယ် ကောင်းဟိတ်တွယ် ဆောင်သယ်နိုင်ပါစေ
၂. အာရမ္မဏပစ္စယော , အာရုံကောင်းဆောင် မကောင်းရှောင် ခုနောင်အေးပါစေ
၃. အဓိပတိပစ္စယော , အကြီးအကဲ အပြီးပဲ အမြဲဖြစ်ပါစေ
၎. အနန္တရပစ္စယော , မရှိအကြား အသိများ ထင်ရှားသိနိုင်စေ
၅. သမနန္တရပစ္စယော, ကောင်းစွာအကြား မရှိငြား တရားသိနိုင်စေ
၆. သဟဇာတပစ္စယော, အတူတကွ အယူမျှ ဖြူ ကြခင်ကြစေ
၇. အညမညပစ္စယော , အချင်းချင်းပင် အမွှန်းတင် အစဉ်ကောင်းပါစေ
၈. နိသယပစ္စယော , တစ်ဦးတစ်ဦး မေတ္တာကူး ကြည်နူးမှီနိုင်စေ
၉. ဥပနိသယပစ္စယော, အထူးသူငါ အားကြီးတာ များစွာမှီနိုင်စေ
၁၀. ပုရေဇာတပစ္စယော, ရှေ့ဦးသူငါ ကျေးဇူးသာ ထူးစွာပြုနိုင်စေ
၁၁. ပစ္ဆာဇာတပစ္စယော, နောက်မှအထူး မြတ်ကျေးဇူး ထူးစွာပြုနိုင်စေ
၁၂. အာသေ၀နပစ္စယော , အထပ်ထပ်ပဲ ကုသိုလ်လဲ အမြဲပြုနိုင်စေ
၁၃. ကမ္မပစ္စယော , မကောင်းကံရှောင် ကောင်းကံဆောင် ခုနောင်ပြုနိုင်စေ
၁၄. ၀ိပါကပစ္စယော , မကောင်းကျိုးလဲ အမှန်ပဲ အမြဲဝေးပါစေ
(ကောင်းကျိုးဧကန် အမြဲမှန် အမှန်ရပါစေ)
၁၅. အာဟာရပစ္စယော, ကောင်းစွာခိုင်ခံ့ ကောင်းစွာနှံ့ ထောက်ပံ့နိုင်ပါစေ
၁၆. က္ကုန္ဒြိယပစ္စယော, ကက္ကနြေ္ဒိများ သတိထား ကြိုးစားထိနိးနိုင်စေ
၁၇. ဈာနပစ္စယော , ကောင်းစွာစူးစိုက် ကောင်းနှစ်ခြိုက် သိုက်မြိုက်ရှုနိုင်စေ
၁၈. မဂ္ဂပစ္စယော, ကောင်းသောမဂ္ဂင် လမ်းကြောင်းထွင် အစဉ်သွားနိုင်စေ
၁၉. သမ္ပယုတ္တပစ္စယော , သူငါမကွဲ လောကထဲ ယဉ်တွဲနိုင်ပါစေ
၂၀. ၀ိပ္ပယုတ္တပစ္စယော , မယဉ်မတွဲ ကျေးဇူးလဲ အမြဲပြုနိုင်စေ
၂၁. အတ္ထိပစ္စယော, ထင်ထင်ရှားရှား ကျေးဇူးများ ပြုသွားနိုင်ပါစေ
၂၂. နတ္ထိပစ္စယော , မထင်မရှား ကေျးဇူးများ ပြုသွားနိုင်ပါစေ
၂၃. ၀ိဂတပစ္စယော , ကင်းကွာနေငြား ကျေးဇူးများ ပြုသွားနိုင်ပါစေ
၂၄. အ၀ိဂတပစ္စယော , မကင်းမကွာ ကျေးဇူးရှာ မကြာပြုနိုင်စေ။
Credit ..#chitkyimaung
#အထွေထွေဗဟုသုတ