မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Tuesday, October 1, 2013
မော်လူး ပညာ့အလင်း ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီးးးးပြန်ဖွင့်ပြီကွ.......
မော်လူး ပညာ့အလင်း ခေတ်မီ စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်ပြီ
မော်လူး ၊ အောက်တိုဘာ ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ ပညာ့အလင်း ခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီးကို ခရိုင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန၏ လမ်းညွှန်မှုဖြင့် မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ ဦးဆောင်ပြီး အောက်တိုဘာ ၁ ရက်နေ့ ညနေ လေးနာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးနှင့် ဒေသခံစာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဒေသခံ စာပေချစ်မြတ်နိုးသူများသည် ပညာ့အလင်း ခေတ်မီစာကြည့်တိုက်တွင် ရာသက်ပန် အသင်းဝင်ဖြစ်လိုပါ အသင်းဝင်ကြေး ၁၀၀၀ ကျပ်၊ နှစ်စဉ်ကြေး ၅၀၀ ကျပ် ပေးဆောင်ပြီးလျှင်၊ အခမဲ့ ၅ ရက် စာအုပ်စာစောင်များ ငှားခွင့်ပြုမည်ဖြစ်ကြောင်း၊ ရက်လွန်ခဲ့ပါက ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အသင်းဝင်ကတ်များ၊ စားအုပ်ငှားရမ်းခွင့်ကတ်များကို ထုတ်ဝေပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကြီးတွင် သုတ ရသ အစရှိသည့် စာအုပ်စာစောင် ၄၀၀၀ ခန့်ရှိကြောင်း၊ စာအုပ်စာစောင်များကို လှူဒါန်းလိုသူများလည်း လာရောက်လှူဒါန်းနိုင်ကြောင်း၊ စာကြည့်တိုက်ကြီးကို တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ ၄ နာရီမှ ညနေ ၇ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စာပေမြတ်နိုးသူများ စာအုပ်စာပေများကို လာရောက်ဖတ်ရှု့လေ့လာနိုင်သကဲ့သို့ စာအုပ်များကိုလည်း လာရောက်ငှားရမ်းနိုင်ကြောင်းများကို စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူထားသည့် ဦးအာကာမြင့်မှ ပြောကြားသည်။
K.M.S
မော်လူးတွင် ၄၉ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု
မော်လူးတွင် ၄၉ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဃာတော်များအား ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
မော်လူး၊ အောက်တိုဘာ ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးနယ်မြေ ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင်မိသားစုများမှ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် ၄၉နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လူးအရှေ့ကျောင်းတိုက်တွင် သံဃာတော်များအား ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မော်လူးနယ်မြေရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများက မော်လူး အရှေ့ကျောင်းတိုက် ဆရာတော်၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် ဆရာတော်၊ ဟဲနုကျောင်းတိုက် ဆရာတော်၊ ဝေဘူဝေဘာတောရကျောင်းတိုက် ဆရာတော်အပါအဝင် သံဃာတော် ၅ ပါးတို့အား ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များနှင့်အတူ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဝါယမထံမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို နာယူမှတ်သားပြီး အလှူဒါန အစုစုတို့ကို ရေစက်ချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။
CYCLONE
Subscribe to:
Posts (Atom)