အသက် ၄၀ကျော်လာပြီဆိုရင်
တစ်ဦးတစ်ယောက်အတွက်
အချိနိတိုင်း လွမ်းဆွတ်တသနေရမဲ့
အရွယ်မဟုတ်တော့ဘူး
ပြန်မရနိုင်တော့တဲ့အရာတွေ
တမ်းတရင်း ၀မ်းနည်းနေရမဲ့
အရွယ်မဟုတ်တော့ဘူး
တစ်စုံတယောက်ကို နာကျည်းပြီး
မုန်းတီးနေရမဲ့ အရွယ်မဟုတ်တော့ဘူး
အရွယ်လေးရလာတော့
တွေးတွေးဆဆနဲ့ပေါ့
ချစ်တာတွေ မုန်းတာတွေဘေးဖယ်
အလိုက်သင့်နေရမဲ့အရွယ်
ဖြစ်နေပြီ
အဆင်ပြေတာမပြေတာအပထား
ရင်ဘတ်ကြီးနဲ့လိုက်မခံစားပဲ
ဘ၀ကိုပေါ့ပေါ့ပါးပါး
ဖြတ်သန်းရမဲ့အရွယ်
ဒီလူက ကိုယ့်ကိုမချစ်ဘူး
မခင်တွယ်ဘူးမဟုတ်လား
ထားခဲ့လိုက်တော့
ဒီလူက ကိုယ့်ကိုသံယောဇဉ်
မရှိဘူးမဟုတ်လား သူ့အတွက်
အချိန်တွေအကုန်ခံမနေပါနဲ့
ကိုယ့်အပေါ်မှာ
နားမလည်နိုင်တဲ့လူ
ကိုယ်ချင်းစာမပေးနိုင်တဲ့လူ
မခင်တွယ်နိုင်တဲ့သူ
မကြင်နာနိုင်တဲ့သူ
သတိမရတဲ့သူ
သူ့အကြောင်းတွေမတွေးနဲ့တော့
လွှတ်ချထားခဲ့
ဘာလို့လည်းသိလား
အချိနိတွေသိပ်မရှိတော့ဘူး
အရွယ်တွေရလာပြီ
အရည်မရ အဖတ်မရနဲ့
အလကားနေရင်း တခြားလူကို
တဘက်သတ်တွေ လိုက်ပြီးတွယ်ကပ်
နေရင် စိတ်တိုင်းမကျတော့
အရွယ်မြန်မြန်ကျတယ်
ဒီအသက်အရွယ်ထိ
အသည်းတွေကွဲနေရတုန်းဆို
သိပ်အဆင်မပြေဘူး
အလုပ်ကအဆင်မပြေ
ဝင်ငွေကလျော့တိလျော့ရဲ
လုပ်ရတာကတစ်ရက် ၂၄နာရီ
နားရက်ကမရှိ
သောကတွေကရင်ဘတ်ထဲ
ဘယ်သူကမှ
ကိုယ်ချင်းမစာတော့ဘာဖြစ်လည်း
အချိန်တန်တော့
ကိုယ့်ထမင်းကိုယ်ပဲရှာစားနေရတာ
မဟုတ်လား
ကိုယ့်ကိုစကားပြောချင်တဲ့သူ
လိုလားတဲ့သူ ချစ်တဲ့သူတွေမှန်ရင်
ကိုယ့်အနားရောက်လာလိမ့်မယ်
အဲ့ခါကျရင်လည်း Free style,ပေါ့
လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး
သွားမယ်လာမယ်စားမယ်သောက်မယ်
ပျောက်သွားရင်တော့
လိုက်မရှာနဲ့တော့
ဒိအရွယ်က
အချစ်ပျောက်ကိုလိုက်ရှာရမဲ့အရွယ်
မဟုတ်တော့ဘူး
..အထီးကျန်တိုင်းအဖော်မက်ရမဲ့.
အရွယ်မဟုတ်တော့ဘူး
အရွယ်မကျအောင်
စိတ်ဓာတ်မကျအောင်
စိတ်ပျော်ရွှင်မူ့နဲ့ စိတ်ချမ်းသာမု့နဲ့
ထိန်းရမဲ့အရွယ်
ငယ်ငယ်တုန်းကလို
ငယ်ဂုဏ်နဲ့ပစ်စလက်ခတ်နေလို့မရတော့ဘူး
လှလှပပ သပ်သပ်ရပ်ရပ်နဲ့
ကျော့ကျော့ရှင်းရှင်း
ဝတ်စားဆင်ယင်မှ
အမြင်တင့်တည်တဲ့အရွယ်
ရောက်လာတဲ့အချစ်ကို
ကြိုဆိုရမဲ့အရွယ်လေ
ခံစားချကိတွေဘေးဖယ်
ပျော်အောင်နေတတ်ရမဲအရွယ်
ကိုယ့်အပေါ်ချစ်သောခင်သောသူ
များနဲ့ဘ၀ကို ပျော်ရွှင်စွာဖြတ့်သန်းနိုင်မှ
စိတ်ကျန်းမာမဲ့အရွယ်
စိတ်ကျန်းမာရေးကို ဂရုစိုက်ရမဲ့အရွယ်
ဖြတိသန်းရတဲဘ၀ကကြမ်းရတဲ့အထဲ
အဆင်မပြေရတဲ့ကြားထဲ
ကိုယ့်အပေါ်မချစ်မနှစ်သက်တဲ့သူတွေ
အကြောင်းရင်ဘတိထဲသိမ်းထားပြီး
ခေါင်းထဲပြန်ထည့် သွားလေရာသယိဆောင်
သွားရမဲ့အရွယ်မဟုတ်တော့ဘူး
အချစ်နံ့ပတ်သက်လာရင်
နားလိုကနား သွားလိုကသွား
သစ်တပင်လို အဖြစ်မျိုးနဲ့
ရပ်တည်ရမဲ့အရွယ်
အသက်တွေကြီးလာပြီမို့
အချိနိတွေမဖြုန်းနဲ့တော့
ငိုဖို့ထက် ရယ်နိုင်အောင်ကြိုးစား
အချိန်တွေက ငယ်ရွယ်သူတွေလို
မပိုလျံတော့ဘူးမို့
သက်တမ်းအရကိုယ်ကအရင်
သွားကြရမှာမို့
တပါးသူကိုချစ်ဖို့ထက်
ကိုယ့်ကိုယ်ကိုချစ်ရမဲ့အရွယ်ပါလို့
ပြောပြချင်တာပါ
Mya Nan Thida Nwe
#မေသတင်းရပ်ကွက်လေး