Showing posts with label မော်လူး သတင်း. Show all posts
Showing posts with label မော်လူး သတင်း. Show all posts

Tuesday, January 24, 2017

မော်လူး ဘုရားကြီးကျောင်းမှာ ဓမ္မစကူးလ်ကျောင်းဆောက်ပြီ

တောင်ကြီးမြို့ .နန်းထိုက်ရွှေစင် ဆောက်လုပ်ရေးကုမ္ပဏီ.အင်ဂျင်နီယာအဖွဲ့ မှမေတ္တာဖြင့် ကူညီပုံထုတ်
ပေးခဲ့သည့် ..,
အသစ်တည်ဆောက်မည့် အပါတ်စဉ်
မော်လူးဓမ္မစကူးလ်ကျောင်းဆောင်
သစ်ကြီးပုံ..,,
22.1.17.ရက်နေ့က ပန္နက်တင်မင်္ဂလာပြုလုပ်ပြီးစီးခဲ့ပါပြီ။

Monday, July 18, 2016

၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကဗျာစာအုပ် အခမဲ့ဝေနေပြီ


ယနေ့ ကောဇာသက္ကရာဇ် ၁၃၇၈ ခုနှစ် ဝါဆိုလပြည့်နေ့( ဓမ္မစင်္ကြာအခါတော်နေ့) ခရစ်သက္ကရာဇ် 2016 ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် Mawluuvillagers Group မှ စီစဉ်သည့် အာဇာနည်နေ့ ဂုဏ်ပြု ကဗျာစာအုပ်ကို မော်လူး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် အခမဲ့ ပေးဝေနေပါပြီ။ ကဲ . . . အဖွဲ့ချုပ်ရုံးမှာ ကြာဇံဟင်းခါးလေးသောက်ပြီး ကဗျာစာအုပ်လေးတွေ သွားယူလိုက်ကြပါဦး ။ အရေအတွက် ကန့်သတ်ထားတာမို့ နောက်ကျရင် မရပဲနေမယ်နော်။

ချစ်ခင်လေးစားစွာဖြင့် . . .
Mawluuvillagers Group

Monday, July 4, 2016

မော်လူးဒေသက ညောင်ကုန်းရွာလေးမှ စိမ်းစမ်းရေရပြီ

မော်လူးဒေသသားများ မသိသူမရှိသလာက်ဖြစ်တဲ့
ရေရှားပါးပါတယ်ဆိုသော ညောင်ကုန်းကျေးရွာ
ရှားရှားပါးပါး မော်လူးဒေသက ကဒူးရွာလေး
စိမ့်းစမ်းရေရပြီ
 

Saturday, June 25, 2016

စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြောပွဲ မော်လူးမှာ လုပ်တယ်ဆိုဘဲ



စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြော
ပွဲကိုဇွန်လ ၂၅ ရက်နေ့ ၁၀ နာရီအချိန်ကမော်လူး အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပပြုလုပ်ရာ ဦးကြည်နိုင်ဦး၊စားသုံးသူရေးရာဦးစီးဌာန၊ဦးသာဆန်း စိုက်ပျိုးရေးဌာန၊ဦးလှမျိုးလွင်၊မီးသတ်ဦးစီးဌာန ဒေါက်တာဝတ်မှုံထွန်း၊ကျန်းမာရေးဌာနတို့ကအသီးသီးဟောပြောကြသည်။

Monday, February 22, 2016

မြို့နယ်​ ​မော်​လူးတွင်​​ဖေ​ဖော်​ဝါရီ၂၁ရက်​​နေ့​နေ့လည်​၁၂နာရီအချိန်

 ဒုတိယအကြိမ်​​မြောက်​အင်း​တော်​မြို့နယ်​သတင်း​ထောက်​များအသင်းအစည်းအ​ဝေးပွဲကျင်းပပြုလုပ်
မော်​လူး ​ဖေ​ဖော်​​ဝါရီ ၂၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဒုတိယအကြိမ်​​မြောက်​ အင်း​တော်​မြို့နယ်​သတင်း​ထောက်​များအသင်းအစည်းအ​ဝေးကို
ကသာခရိုင်​အင်း​တော်​မြို့နယ်
မော်​လူးတွင်​​ဖေ​ဖော်​ဝါရီ၂၁ရက်​​နေ့​နေ့လည်​၁၂နာရီအချိန်​ကကျင်းပပြုလုပ်​သည်​။
မော်​လူး ရပ်​ကွက်​(၂)မြို့နယ်​သတင်း​ထောက်​တွဲဖက်​အတွင်း​ရေးမှူးဦးခင်​​မောင်​​ဆွေ၏​နေအိမ်​တွင်​အသင်းသူအသင်းသားစုစု​ပေါင်း(၁၅)​ယောက်​တက်​​ရောက်​ကြပြီး
အစီအစဉ်​အရ နာယက
ညိုမင်းထက်​ကသတင်း​ထောက်​များရှိသင့်​ရှိထိုက်​​သောအရည်​အချင်းများအ​ကြောင်းနှင့်
့​ပြည်​​သူအတွက်​​ခေါင်​စဉ်​ဖြင့်​၎င်း
မြို့နယ်​သတင်း​ထောက်​ဥက္ကဋ္ဌ္ကဒုံးကျည်​(နဘား)က
စာနယ်ဇင်းအဖွဲ့ဝင်များကအင်း​တော်​မြို့နယ်​၏ဂုဏ်​ကိုမြင့်​တင်​​ပေးနိုင်​သဖြင့်​ဝမ်းသာမိပါ​ကြောင်း
သတင်းရယူခြင်းနှင့်​ပါတ်​သက်​ပြီး
သိ​ကောင်းစရာများအများပြည်​သူအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်​​ရေး
သတင်း​ရေးသားရာတွင်​တာဝန်​ယူမှု တာဝန်​ခံမှုနှင့်
သတင်းမီဒီယာများဆောင်​ရန်​​ရှောင်​ရန်
သိ​ကောင်းစရာများအ​ကြောင်းကို၎င်း
ဒုတိယဥက္ကဌ​လေ​ပွေနီကမြို့နယ်​သတင်း​ထောက်​များဖွဲ့စည်းပုံနှင့်​ပါတ်​သက်​ပြီး

မိမိတို့အဖွဲ့အစည်း​ရေရှည်​တည်​တန့်​ခိုင်​မြဲနိုင်​​ရေး
သက်​ကြီးမီဒီယာများအား ကူညီ​ထောက်ပံ့​ပေးနိုင်​​ရေး
တို့ကိုရှင်းလင်း​ပြောကြားပြီးတက်​​ရောက်​လာကြသူများကအင်း​တော်​မြို့နယ်
သတင်း​ထောက်​များအသင်း​ရေရှည်​တည်​တန့်​ခိုင်​မြဲ​ရေးအတွက်​ဝိုင်းဝန်းအကြံပြုကြ​ကြောင်းနှင့်
မြို့နယ်​သတင်း​ထောက်​ဥက္ကဌနှင့်​ အဖွဲ့ဝင်​များက
(၁၀၅)ကြိမ်​​မြောက်​​မော်​လူး​ဒေသ
သမိုင်းဝင်​ဒီပင်္ကရာပွဲ​တော်​သို့သွား​ရောက်​ကာ
သတင်းမှတ်​တမ်းဓာတ်​ပုံများရယူခဲ့​ကြောင်းသိရသည်

Wednesday, February 10, 2016

အင်းတော်မြို့နယ်သတင်း သမားတွေ ကြည့်လည်းလုပ်ကြအုန်း အမှားတွေကြီးထဲ လုပ်နေတယ်



မော်လူး  ဒီပင်္ကရာပွဲ  ကျင်းပမည်ဆိုပြီး  သတင်းစာတွေ မှာ ပါပါနေတာ  တစ်စောင်မှားရင်လက်ခံနိုင်တယ်  ခုဟာက  ဟိုသတင်းစာ ဒီသတင်းစာဖတ်ဖတ်  ဖတ်လိုက်လည်း  ၅  ရက်တိုင်တိုင်  ၁၈  ရက်ကနေ  ၂၂  ရက်ထိဘဲ  ရေးနေကြတယ်

ကိုယ်ရေးတဲ့  ရက်  မှန်လား  မှားလား  ပြက္ခဒိန်  လည်းလှန်ကြည့်ကြအုန်း  မော်လူးဒေသ  က သတင်းသမားတွေက  လည်း  ခက်တယ်
ကိုယ့်ပေါင်ကိုယ်ပြန်မထောင်းချင်ပါဘူး

သတင်းသမား တွေ ပြောပြမယ်  မသေမချင်း မှတ်သားထား

မော်လူး  ဒီပင်္ကရာ  ဘုရားပွဲဆိုတာ

နှစ်စဉ်  တပို့တွဲ လဆန်း  ၁၀ ရက်နေ့  မှ  တပို့တွဲလဆန်း  ၁၅ ရက် လပြည့်နေ့ ထိ  ၆  ရက်  တိုင်တိုင် ကျင်းပတာ
ပွဲက တာက  ည  ၆  ချီ  နေ့  ၄ ချီ   ပေါင်း  ၁၀ချီ

အင်္ဂလိပ်ရက်က  တော့  နှစ်စဉ် သိနိုင်အောင်  မြန်မာရက်ပါတဲ့  ပြက္ခဒိန်  တော့  နှစ်စဉ် ဝယ်ထားကြ

ဒီနှစ်ကတော့ 18-2-16  မှ 23-2-16  ထိ

Monday, January 11, 2016

၁၃.၁.၂၀၁၆ ရက်နေ့တွင် ကျင်းပမည့် စာပေဟောပြောပွဲ



Credit to Htain Haw

ဖိတ်ကြားခြင်း

မော်လူးဒေသ၊စာပေမြတ်နိုးသူများ အဖွဲ့မှ ကျင်းပသော စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကို
(၁၃.၁.၂၀၁၆၊ဗုဒ္ဓဟူးနေ့)၊
စီးမော်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဟောပြောမည့်အချိန်က-ည(၇)နာရီ မှ ည(၁၁)နာရီအထိဖြစ်ပါတယ်။
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
ဟောပြောမည့် စာရေးဆရာများက- ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင် ဆရာ-မေတ္တာ၊ဆရာ-ရန်ငြိမ်းသူ(ပရဟိတ)၊ဆရာ-ဇော်ခိုင်ဦး(မန္တလေး)တို့ဖြစ်ပါတယ်။
💬💬💬💬💬💬💬💬💬💬💬💬
မော်လူးဒေသ စာပေမြတ်နိုးသူများ၊စာပေ ဗဟုသုတများ၊စာပေ စကားသံများကို (၁၃.၁.၂၀၁၆)ရက်နေ့ ၊ည -(၇)နာရီအချိန် စီးမော်ဘုန်းတော်ကြီးကျောင်းသို့ လာရောက်နားထောင်လှည့်ကြပါ၊မှတ်သားနာယူလှည့်ကြပါလို့ ကျနော်တို့ မော်လူးပုံရိပ် မှ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ ခင်ဗျာ။
🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊
"ဆရာမေတ္တာ၏ ကိုယ်ရေးအတ္ထုပတ္တိ"
💢အမည်ရင်းမှာ ခင်မောင်မြင့်ဖြစ်သည်။
💢အဘအမည် ဦးသွင်၊အမိအမည်မှာ ဒေါ်သောင်းတင် ဖြစ်သည်။
💢ဇာတိမှာ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်တွင် မွေးဖွား၍ ရန်ကုန်-စမ်းချောင်းချက်မြုပ်ဖြစ်သည်။
💢မိဘမျိုးရိုးမှာ ကရင်ပြည်နယ်၊မွန်ပြည်နယ်မှ ဆင်းသက်ပါသည်။
💢ငယ်စဉ်ကပညာရေးနယ်ပယ်တွင် (၅)တန်းမှ(၇)တန်းအထိ (၂)နှစ်-တစ်တန်းနှုန်းဖြင့် အခြေခိုင်ခိုင် တက်ခဲ့သည်။
💢ဆယ်တန်းပညာကို(၂)ခါဖြေ (၂)ခါ(B)ပါ၍ နောက်ဆုံးတစ်ခါတွင် ခုံအမှတ်-စခ၂၉၅၆၄ဖြင့် ဂုဏ်ထူးတစ်ဘာသာပါပြီး ခြေချော်လက်ချော်နဲ့ အောင်မြင်ခဲ့ပါသည်။
💢ယခုအခါတွင် ဇနီး-လွင်မီမီကို၊သား-မေတ္တာမြင့်မြတ်ဟိန်း၊သမီး-မသက်လျာလွင်(TTC) တို့နှင့် အမှတ်-(၁၅၃)ဘီ-ပထမထပ် ၊ကျွန်းတော်လမ်းနှင့်ဇေယျသုခလမ်းထိပ်တွင်၊ပျော်ရွှင်စွာနေထိုင်လျှက်ရှိသည်။
💦💦💦💦💦💦💦💦💦💦💦💦
"ဆရာရန်ငြိမ်းသူ၏ ကိုယ်ရေးအတ္ထုပတ္တိ"
🌟အမည်အရင်း-ဥာဏ်လှိုင်
ကလောင်အမည်-ရန်ငြိမ်းသူ(ပရဟိတ)
အဖအမည်-ဦးလှတင်
အမိအမည်-ဒေါ်ရင်လှ
🌟မွေးချင်း(၇)ယောက်အနက်(၆)ယောက်မြောက်သားဖြစ်သည်။
🌟ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊အနောက်ကြို့ကုန်းရပ်ကွက်တွင် (၁၉၇၄)ခုနှစ် ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် မွေးဖွားခဲ့ပါသည်။
🌟(၂၀၀၁)မှ (၂၀၁၃)ခုနှစ်အထိ "ဂရုဏာပရဟိတ" ပညာရေး၊ကျန်းမာရေးဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီး သွေးအခမဲ့ လှူဒါန်းခြင်း၊အသက်ကယ်အောက်ဆီဂျင်များအခမဲ့လှူဒါန်းခြင်း၊ဆင်းရဲနွမ်းပါးသော ကျောင်းသူ/သားကလေးများကိုလည်း ကျောင်းသုံးပစ္စည်များလှူဒါန်းခြင်း၊ငွေကြေးထောက်ပံခြင်းများကို ပညာဒါနကုသိုလ် ပြုပေးခဲ့ပါသည်။
🌟(၂၀၀၃)ခုနှစ်မှစ၍ ရနံ့သစ်မဂ္ဂဇင်းတွင် စာပေများရေးသားလျှက်ရှိပြီး ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်လျှက် ရှိပါသည်။
💧💧💧💧💧💧💧💧💧💧💧💧
"ဆရာဇော်ခိုင်ဦး(မန္တလေး)၏ ကိုယ်ရေးအတ္ထုပတ္တိ"
💥ပြင်ဦးလွင်မြို့မှာ (၁၉၇၀)ခုနှစ်၊အဖဦးကြွယ်၊အမိဒေါ်ခင်အုန်းမြင့်တိုမှ မွေးဖွားခဲ့ပါတယ်။
💥မူလတန်းနေ့ရက်များကို ပြင်ဦးလွင်မြို့တွင်ကုန်ဆုံးစေခဲ့ပြီး အလယ်တန်း၊အထက်တန်း၊သက္ကသိုလ်တန်းများကို မန္တလေးမြို့မှာ ဖြတ်သန်းခဲ့ပါတယ်။
💥မန္တလေးတက္ကသိုလ်တွင် မြန်မာစာအထူးပြုတက်ရောက်ခဲ့ပြီးနောက် ပြင်ပစာလေ့လာဖို့အတွက် ဒေါင်းအိုးဝေစာပေ ၊သုခမိန်စာပေ၊ဒုတိယချစ်သူ အစရှိတဲ့ လမ်းဘေးတက္ကသိုလ်များမှာ ပညာကိုဆက်လက်ဆည်းပူးခဲ့ရပါတယ်။
💥(၁၉၇၇)ခုနှစ်တွင် စာပေလောကသို့ "ဒဂုန်တာရာနှင့်လမ်းမခွဲပါ" စာမူဖြင့်စတင်ဝင်ရောက်ခဲ့ပါသည်။
💥(၂၀၀၀)ပြည့်နှစ်နောက်ပိုင်းတွင် ရနံ့သစ်မဂ္ဂဇင်း၊ချယ်ရီမဂ္ဂဇင်း၊ရုပ်ရှင်တေးမဂ္ဂဇင်း၊ရွှေအမြူတေမဂ္ဂဇင်း၊ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊မန္တလေးအိုင်ကွန်မဂ္ဂဇင်း၊အတွေးအမြင်၊အလင်းတန်းဂျာနယ်၊ပေါ်ပြူလာဂျာနယ်တို့တွင် ဆောင်းပါးရုပ်ပုံလွှာ၊ဘဝဖြတ်သန်းမှု၊ဝတ္ထုတိုတစ်ချို့နှင့် စာအုပ်အညွှန်းများ ရေးဖြစ်ခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်ဇန်နဝါရီလ၊"ဧရာဝတီရေဆန်" အနုပညာပွဲတော်တွင် "အမှာမုခ်ဦးများ" စာတမ်းငယ် ဖတ်ကြားတင်ဆက်ဖြစ်ခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်၊မေလ (၂၈)ရက်၊ ပထမအကြိမ် ရွှေအမြူတေစာပေဆုပေးပွဲတွင် ရွှေအမြူတေစာပေဆု (ဆောင်းပါးဆု)ကို"အမှာမုခ်ဦးများ"နှင့်ရရှိခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်ဇူလိုင်လတွင် HIV ကူးစက်ခံ မိဘမဲ့ကလေးများအတွက် "အဖြူရောင်တံ" အနုပညာလှုပ်ရှားမှုတွင် ပါဝင်တင်ဆက်ခဲ့ပါသည်။

Friday, January 8, 2016

Tuesday, January 5, 2016

မော်လူးဒေသ မှ တောင်သူလယ်သမားများ ကျွဲ နွား များ သတိထားကြဖို့ လယ်သမားတစ်ဦး သတင်းလာပေးပါတယ်




ဆိုင်ကယ်ခိုး  စပါးခိုး   နွားခိုး  ကျွဲခိုး  ကြတော့မယ်
----------------------------------------------------

ဒီနေ့ ညနေမှာ ကျွန်တော့ကျွဲတွေကို ကျွန်တော့မရီး သွားမောင်းပါတယ် အဲ့ဒီမှာ ကျွဲတွေကို ခြုံထဲမှာချည်ထားတာကိုတွေရပါသတဲ့ခင်ဗျာ
ကျွန်တော့မရီးကလဲ မိန်းမသား ဆိုတော့ ကြောက်ကြောက်နဲ့ အကူရှာပါတယ် အဖော်ဆိုတော့ သားလေးတယောက်ပါပါတယ် ဒီလိုနဲ့ ကျွဲမောင်းလာတဲ့ရွာကကောင်လေးတွေ့လို့ကျွဲတွေကို လွှတ်ပေးခိုင်းလိုက်ပါတယ် ပြီးတော့ မရီးလဲမြန်မြန်ပဲ ကျွဲတွေမောင်းပြန်ခဲ့ပါတယ်။
ကျွန်တော် ပို့ချင်တဲ့သတင်းပါ
ကျွဲ နွားမွေးမြူထားတဲ့ တောင်သူတွေကို သတိပေးချင်ပါတယ်။ကျွဲနွားများကို ဂရုတစိုက်ထိမ်းသိမ်းဖို့ပါ
ကျွဲ နွားသူခိုးများ ကျွန်တော်တို့ နယ်မှာရောက်ရှိနေပြီဆိုတာ အသိပေးချင်ပါတယ်

Thursday, December 31, 2015

မော်လူး ဥက္ကဋ္ဌ အသစ် ရွေးချယ်ပြီး

မော်လူးကျေးရွာ အုပ်စု

ဥက္ကဋ္ဌ  အသစ်  အဖြစ်  ရွေးချယ်  ခံထားရသူကတော့

မော်လူး  ရုံးလမ်းနေ   ဦးစိုးမြင့်  ဖြစ်သည်ဟု  သိရပါသည်။


မအေးချမ်းပိုင် ဆေးကုရန် မန္တလေးမြို့သို့ သွားပြီ




မအေးချမ်းပိုင် ဆေးဝါးကုသခံယူရန် မန္တလေးမြို့သို့ အထူးအမြန်ဖြင့် စတင် ခရီးထွက်ပါပြီမိဘ နှစ်ယောက်လုံးလိုက်ပါသွားပါသည်။
အဝတ် အစားနှင့် စားသောက်စရာများလည်း ရထားတက်ခါနီးအထိ လာရောက်လှူဒါန်း ကူညီနေကြပါတယ်
မန္တလေးမြို့ one to one ပြည်သူ ကူညီရေး အသင်း မှ တာဝန်ယူ ကုသပေးမည် ဖြစိကြောင်းနှင့် မန္တလေး အဖွဲ့သို့ မော်လူးအေးချမ်းပိုင် ကျန်းမာရေး အထောက်အကူပြု အဖွဲ့ ဝင်များဖြစ်သော ဦးမြင့်ဦး ၊ ဦးအောင်စိုးမြင့် ၊ ဦးမျိုးမင်းလတ် တို့မှ စနစ်တကျ အပ်နှံပေးပါမည်။
လိုကိပို့ဆောင်ပေးသူများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်

**************
fb  မှ  သတင်း

Sunday, December 20, 2015

အသက် ၁၁ နှစ်အရွယ် ကလေးငယ် ကျန်းမာရေးအကူအညီ လိုအပ်လျှက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူး ရပ်ကွက်(၆) နေ အသက် ၁၁ နှစ် အရွယ်ရှိ မမေဆန်းပိုင် ခံစားနေရသည့် ဝေဒနာအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း khin swe facebook မှ တဆင့် သိရှိရပါသည်။ အကူအညီ ပေးလိုသူများ 09-400436252, 09792734131 သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
ထပ်မံ စုံစမ်းရရှိသည့် သတင်း

ကလေးမလေး သုံးလသားအရွယ်မှာ ကချင်ပြည်နယ် မိုးညှင်းဆေးရုံကြီးမှာ သွားပြတော့ ဆရာဝန်က အရေပြားရောဂါလို့ ပြောလိုက်ပါတယ်တဲ့ . . . အဲ့ဒီကပြန်လာပီးတဲ့နောက်မှာတော့ ဆေးမြီးတိုနဲ့ ကုသနေတာ ယနေ့အထိပါတဲ့ ခမျ . . . အရင်ကတော့ နွေ နဲ့ မိုး ရာသီတွေမှာ ပျောက်သွားတတ်ပါတယ်တဲ့ . . .ယခုဆိုလျှင် အဖုလေးတွေက မျက်နှာတွေပေါ်ပါ ရောက်လာတော့မဲ့ အခြေအနေလို့ သိရပါတယ် . . . မိဘတွေကတော့ ကူညီပေးမဲ့သူရှိရင် သူတို့သမီးလေးကို ပျောက်ကင်းအောင် ဆေးကုလိုပါသတဲ့ ခမျာ . . .