တက္ကသိုလ်ပြောင်းရွှေ့ခြင်း
၂၀၁၆ တက္ကသိုလ်ဝင်ခွင့်ရှိထားသူများ
အမှတ်မီလျှင်
တက္ကသိုလ်ပြောင်းရွေ့၍ရပါသည်။
ဥပမာ
မန္တလေးနည်းပညာ COE မှ ဆေးတက္ကသိုလ်
ဆေးတက္ကသိုလ် မှ မန္တလေးနည်းပညာ
ရတနာပုံဆိုင်ဘာစီးတီး မှ အခြေခံကျန်းမာရေး
တိုင်းရင်းဆေး မှ နည်းပညာ
နည်းပညာ မှ ကွန်ပျုတာ
ကွန်ပျုတာမှ နည်းပညာ
ဘာသာရပ်ထူးချွန်မှ ဆေး
နိုင်ငံခြားဘာသာမှ ထူးချွန်
အစရှိသဖြင့် အမှတ်မီလျှင် တက္ကသိုလ်တခု မှ
အခြား တက္ကသိုလ်တခု သို့ အပြန်အလှန်ပြောင်းရွှေ့
ခွင့်ပေးပါသည်။
ဤကဲသို့ ပြောင်းရန်အတွက် မိမိ ဝင်ခွင့်ရရှိသည့်
တက္ကသိုလ်မှ
ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း
ထောက်ခံစာသွားရောက်ယူဆောင်ပြီး
ထောက်ခံစာနင့်အတူ
အမှတ်စာရင်းမိတ္တူ
အောင်လက်မှတ်မိတ္တူ
မှတ်ပုံတင် မိတ္တူ တို့ယူဆောင်၍
တက္ကသိုလ်ဝင်စိစစ်ရွေးချယ်ရေးအဖွဲ
အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ )
သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင်
အပြောင်အရွေ့ပြုလုပ်ရပါသည် ။
ကျောင်ဖွင်ပြိး တစ်လအတွင်းသာပြောင်း၍
ရပါသည် ။
………………………………………………………………
မှတ်ချက်
နည်းပညာတက္ကသိုလ်အချင်းချင်း
ပြောင်ရွှေ့ခွင့်မပြုပါ ။
ဆေးတက္ကသိုယ် တခုမှတခု ပြောင်ရွှေ့ခွင့်မပြုပါ ။
14.11.2016
စူပါမွန်း ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေးများအား သတိပြုရန် လိုအပ်ဟု နက္ခတ် သိပ္ပံ ပညာရှင် ပြော
၂၀၁၅ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သည့် စူပါမွန်း ဖြစ်စဉ် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)
လမျက်နှာပြင်အား ကမ္ဘာမှ အနီးဆုံး မြင်တွေ့ ရမည့် စူပါမွန်း(Supermoon) ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေး များအား သတိပြုရန် လိုအပ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်း လပြည့်နေ့ )တွင် ပြောကြားခဲ့သည်။
“လ ရဲ့ ဆွဲအားက နှစ်ပေါင်း ၆၉ နှစ်အတွင်းမှာ အနီးဆုံး နေရာကို ရောက်တယ်။လရဲ့ ဆွဲငင်အားကြောင့်ပဲ ငလျင်တို့ ၊ ရေကြီးရေလျှံတို့ ၊ ထူးကဲ ဒီရေ တက်တာတွေ ဖြစ်နိုင်တယ် ဆိုတော့ ဒါတွေကိုတော့ ဂရုစိုက် ရမှာပေါ့။စူပါမွန်း ဖြစ်ပြီး ၃ ရက်အတွင်းတော့ အကျိုး သက်ရောက်မှု ရှိမယ်။”ဟု နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ပြောသည်။
လသည် ကမ္ဘာနှင့် အနီးအဝေး ၊ အကွာအဝေးများကြောင့် လ၏ ဆွဲအားသည် ကမ္ဘာပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိကြောင်း ၊ လသည် ကမ္ဘာနှင့် နီးကပ်လာချိန်တွင် သဘာဝဘေး ဖြစ်ရန် ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်း အထက်တွင် ရှိကြောင်း ၊ စူပါမွန်း ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း အရှေ့ တောင်အာရှ နှင့် အာရှတို့ တွင် အင်အားပြင်း ငလျင်လှုပ်ခတ်နိုင်ခြေ ရှိသော်လည်း ရာခိုင်နှုန်းပြည့် ပြော၍ မရနိုင်ကြောင်း ၄င်းက သုံးသပ် ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဖြစ်ပေါ်သည့် စူပါမွန်း ဖြစ်စဉ်သည် နှစ်စဉ် ဖြစ်ပေါ်နေသည့် စူပါမွန်း ဖြစ်စဉ်များထက် ပို၍ အရွယ်အစား ကြီးမားစွာ မြင်တွေ့ ခွင့် ရှိမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် စူပါမွန်း ဖြစ်စဉ် ဖြစ်ပြီးနောက် လူအသေအပျောက်များသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ခြင်းများ ရှိကြောင်း ၊ စူပါမွန်း ဖြစ်စဉ်ကြောင့် အင်အားပြင်း ငလျင်များ လှုပ်ခတ်နိုင်ခြေ ရှိကြောင်း နက္ခတ်ပညာရှင် အချို့ မှ သုံးသပ် ခန့် မှန်းခြင်းများ ရှိသော်လည်း စူပါမွန်း ဖြစ်စဉ်သည် တစ်နှစ်လျှင် တစ်ကြိမ် ဖြစ်ပေါ်သည့် အတွက် စူပါမွန်း ဖြစ်တိုင်း အင်အားပြင်း ငလျင် လှုပ်ခတ်ခြင်း မရှိသည်တို့ ကို ကြုံခဲ့ရခြင်းများ ရှိကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ အတူ တန်ဆောင်မုန်းလပြည့်ရက်သည် မြန်မာတို့၏ ဆေးပေါင်းခသောညအဖြစ် သတ်မှတ်ကြသော်လည်း ယခု၂၀၁၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ည နက္ခတ်လပြည့်ချိန်သည် သတ်မှတ်ရာသီခွင်များ မကိုက်ညီမှု ကြောင့် ဆေးပေါင်း မခဘဲ လာမည့် နတ်တော်လဆန်း ၁၃ ရက် ၊ (ဒီဇင်ဘာလ ၁၂ ရက်) ည ၁၀ နာရီ ၄၅ မိနစ်တွင် ဆေးပေါင်းခ လိမ့်မည် ဖြစ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဖြစ်ပေါ်သည့် စူပါမွန်း ဖြစ်စဉ်သည် နှစ်ပေါင်း ၆၉ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာမှ အနီးကပ်ဆုံး လမျက်နှာပြင်ကို မြင်တွေ့ရမည် ဖြစ်ပြီး ယခုကဲ့သို့ စူပါမွန်း ဖြစ်စဉ်အား ၂၀၃၄ခုနှစ် မတိုင်ခင်အထိ ထပ်မံမြင်တွေ့ရတော့မည် မဟုတ်ကြောင်း နာဆာ (NASA) ၏ပြောကြားချက်အရ သိရသည်။
စူပါမွန်းဖြစ်ပေါ်လာပါက ပုံမှန် လပြည့်နေ့ထက် ၁၄ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းထိ ပိုမို တောက်ပလာကြောင်း သိရသည်။
လသည် ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးသို့ရောက်ရှိလာသည့်အခါ ၎င်းအား ယခင်ထက် ပိုမို ကြီးမားစွာ နှင့် တောက်ပစွာ မြင်တွေ့ရကြောင်း နှင့် ယင်း ဖြစ်စဉ်အား စူပါမွန်း ဟုခေါ်ကြောင်း သိရသည်။