မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Sunday, April 26, 2015
သိမ်ကျောင်းရေစက်ချနှင့်ရဟန်းခံအလှူပွဲနောင်ကွတ်ကျေးရွာတွင်ကျင်းပ
★ စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊
မော်လူးဒေသ၊ကုန်းခါးအုပ်စု၊နောင်ကွတ်ကျေးရွာတွင်အလှူဒါယကာဦးသိန်းမင်းဌေး&အလှူဒါယကာမဒေါ်ဖြူမာနွယ်တို့၏သိမ်ရေစက်ချနှင့်ရဟန်းခံအလှူကိုစည်ကားသိုက်မြိုက်စ္စာကျင်းပလျက်ရှိသည်။
နောင်ကွတ်ကျေးရွာ၏သိမ်ရေစက်ချနှင့်ရဟန်းခံအလှူပွဲကို၁၃၇၆ခုနှစ်တန်ခူးလပြည့်ကျော်(၅)ရက်.8.4.2015(ဗုဒ္ဓဟူးနေ့)၁၂း၀၀တွင်ကျင်းပပြီးစီခဲ့ပါသည်။
အလှူဒါယကာ+အလှူဒါယကာမတို့မှာ
♕ ကောင်းမှုပြုရာ အခွင့်သာ အဲဒါဂုဏ်တစ်မျိုး။
ရဟန်းဖြစ်ရာ သိမ်ရှိတာ အဲဒါဂုဏ်တစ်မျိုး။
သာသနာသုံးဖြာထွန်းလင်းတာအဲဒါဂုဏ်တစ်မျိုး၊
နိဗ္ဗာန်ချမ်းသာ ပေးနိုင်တာ အဲဒါဂုဏ်တစ်မျိုး။
ချမ်းသာများစ္စာပေးနိုင်တာ အဲဒါဂုဏ်တစ်မျိုး။
ဆောင်ပုဒ်နှင့်အညီအလှူရေစက်လက်နှင့်မကွာလှူတန်နေပါသည်။
ထိုပြင်ရပ်သူရွာသားများကလည်းတက်အားသမျှလုပ်အားဒါနများပေး၍ဝိုင်းဝန်ကူညီဆောင်ရွက်နေသည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
တိမ်လွှာ(နောင်ကွတ်)

မော်လူးဒေသသား ရထားစီးခရီးသည်များ အတွက် အထူးသတိပြုရန်

မြေပလ္လင် ရွာ သံလမ်းကျော်အနီး ရထားသံလမ်းအဆက်းတွင်ပုံပါအတိုင်း
သံလမ်းပြတ်နေပါသည်။ သံလမ်းကို ကုပ်ထားကလစ်များလည်း
ပြုတ်နေပါသည်။
သက်ဆိုင်ရာတာဝန်ရှိသူများကို အကြောင်းကြားထားသော်လည်း
ယနေ့ထိတိုင် ပြုပြင် ခြင်းမရှိသေးကြောင်း သတင်းပေးလာသဖြင့်
သက်ဆိုင်သူများနှင့် ခရီးသွားပြည်သူများအား သတိပေးအပ်ပါသည်။
၎င်း၆

Subscribe to:
Posts (Atom)