မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Sunday, October 5, 2014
ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်များ
ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်များ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်မင်္ဂလာအခါတော်နေ...
ငြိမ်းလဲ့'s Facebook Wall / ငြိမ်းလဲ့
**********************
ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်များ
နှစ်ဆန်းတစ်ရက်နေ့
နှစ်သစ်မင်္ဂလာအခါတော်နေ့
ကဆုန်လပြည့်နေ့
ဗုဒ္ဓအခါတော်နေ့
နယုန်လပြည့်နေ့
မဟာသမယအခါတော်နေ့
ဝါဆိုလပြည့်နေ့
ဓမ္မစကြာအခါတော်နေ့
ဝါဆိုလပြည့်ကျော်(၅)ရက်နေ့
အနတ္တလက္ခဏအခါတော်နေ့
ဝါခေါင်လပြည့်နေ့
မေတ္တာအခါတော်နေ့
နိုင်ငံတော်ဘာသာနေ့
တော်သလင်းလပြည့်နေ့
ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လပြည့်နေ့
အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလအခါတော်နေ့
နတ်တော်လပြည့်နေ့
ဓမ္မစာဆိုတော်များနေ့
ပြာသိုလပြည့်နေ့
ရှင်တစ်ထောင်အခါတော်နေ့
(အမေ နေ့)
တပို့တွဲလပြည့်နေ့
သြဝါဒပါတိမောက်အခါတော်နေ့
တပေါင်းလပြည့်နေ့
မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
(အဖေ နေ့
ပျိုပျိုအိုအို အမျိုးသမီးများ သွားသတိ လာ သတိ တရားမှတ်ခြင်းမဟုတ် တဲ့ အသက်အန္တရာယ်သတိ
ကသာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်မွှန်းပြီး ကြိုးတုပ်ကာ အဓမ္မပြုကျင့်သူ အမျိုးသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထား
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာ မြို့နယ်တွင် အသက် ၃၃ နှစ်အရွယ် ရှိ အမျိုးသမီး တစ်ဦးကို ဓားဖြင့်မွှန်း ကာ ကြိုးတုပ်ပြီး အဓမ္မပြုကျင့်သူ အမျိုးသားကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်အ ရေးယူ ထားကြောင်း အောက်တိုဘာ လ ၁ ရက်က ကသာမြို့မရဲစခန်းမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၃ နာရီခန့်က စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မလွဲ ရွာတွင်နေထိုင်သူ အသက် ၃၃ နှစ် အရွယ် ရှိ အမျိုးသမီးတစ်ဦးသည် ကသာမြို့ပေါ်ရှိ ဘဏ်သို့လာရောက် ကာ ကျောက်ဆည်မြို့နယ်တွင်နေ ထိုင်သော မောင်ဖြစ်သူထံ ငွေ လွှဲပြီး နောက် နေအိမ်အပြန် ကသာမြို့နယ်၊ ဟဲနားရွာအနီး တောလမ်းခရီးတွင် အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက နောက်မှလိုက်လာကာ ထိုးကြိတ် ရိုက်နှက်ပြီး နွယ်ကြိုးများ ဖြင့် သစ်ပင်တွင်ချည်နှောင်ကာ အဓမ္မပြုကျင့်ခဲ့သည် ဆို၏။
ထိုသို့ အဓမ္မပြုကျင့်ခံရသော အ မျိုးသမီးမှာ တစ်ညလုံး တစ်ဦးတည်း ကျန်ခဲ့ပြီး သတိပြန်လည်လာချိန် အော်ဟစ်အကူအညီတောင်းခဲ့သော ကြောင့် စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၅ နာရီခန့်တွင် ဟဲနားကျေး ရွာမှ ထင်းခုတ် သမားများနှင့်တွေ့ရှိ ခဲ့ပြီး ၎င်းကိုကယ်ဆယ်ကာ ရဲတပ်ဖွဲ့ ကို သတင်းပေး ခဲ့ကြောင်း၊ ယင်း နောက် အဓမ္မပြုကျင့်ခဲ့သူ၏ ပုံပန်း သဏ္ဍာန်ကို ၎င်းအမျိုးသမီး ကိုမေး မြန်းရာ စက်တင်ဘာလ ၂၉ ရက်၊ ညနေ ၃ နာရီတွင် ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဟဲနားကျေးရွာတွင် သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုအခင်းနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအမျိုးသားကို ပြစ်မှုဆိုင်ရာ မှုခင်းအမှတ်(ပ)၂၀၀/၂၀၁၄၊ ပုဒ်မ ၃၄၂/၃၂၆၊ ၃၇၆ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူခင်းသတင်း - ရာစုသစ်
Subscribe to:
Posts (Atom)