Friday, May 29, 2015

ဘ၀ထဲမွာ သဲအရင္မျဖည့္ပါနဲ႔



ဘ၀ထဲမွာ သဲအရင္မျဖည့္ပါနဲ႔

ဒႆနိက ပါေမာကၡဆရာႀကီးဟာ စကၠဴေသတၱာႀကီးတစ္လံုးထမ္းၿပီး အတန္းထဲ၀င္လာတယ္။ သူက ဖန္ ေရကရားႀကီးတစ္လံုးကို ေသတၱာထဲက ထုတ္ၿပီး စားပြဲေပၚတင္လိုက္တယ္။ အဲဒီအခ်ိန္အထိ စကားတစ္ခြန္းမွ မေျပာေသးဘူး။ ၿပီးေတာ့ သူက ၾကက္ဥအရြယ္ ေက်ာက္ခဲလံုး ႀကီးႀကီးေတြကို ေရကရားႀကီးထဲ ထည့္လိုက္ တယ္။ ေရကရားႀကီး ထဲကို ေက်ာက္ခဲ ေတြျပည့္သြားေတာ့
"တပည့္တို႔ ထပ္ထည့္လို႔ ရဦးမလား" လို႔ေမးလိုက္တယ္။

တပည့္ေတြကလည္း "မရေတာ့ပါ ဆရာႀကီး" လို႔ ေျပာလိုက္တယ္။
ဆရာႀကီးက ေက်ာက္စရစ္ခဲေသးေသးေလးေတြ ထုတ္လိုက္ၿပီး ေရကရားထဲကို ေလာင္းထည့္ျပန္တယ္။ ေက်ာက္ခဲေတြၾကားထဲ ေက်ာက္စရစ္ခဲေလးေတြ က်သြားၿပီး ျပည့္သြားျပန္တယ္။ ထပ္ထည့္လို႔ မရေအာင္ လွ်ံ က်ေတာ့ ဆရာႀကီးက
"ျပည့္ၿပီလားေဟ့ .. ထပ္ထည့္လို႔ မရေတာ့ဘူးလား" လို႔ ထပ္ေမးတယ္။

ေက်ာင္းသားေတြကလည္း "ျပည့္သြားပါၿပီ မရေတာ့ပါဘူး ဆရာႀကီး" လို႔ေျဖၾကတယ္။ သူတို႔ ဆရာႀကီး ဘာလုပ္ေနတယ္ဆိုတာ သေဘာမေပါက္ေသးဘူး။ စိတ္၀င္စားလြန္းလို႔ မ်က္လံုးေလးေတြ ျပဴးေနၾကတယ္။

ဆရာႀကီးက ေနာက္ထပ္ သဲအိတ္တစ္အိတ္ထုတ္ၿပီး သဲေတြကို ကရားထဲ ေလာင္းထည့္ျပန္တယ္။ သဲေတြဆိုေတာ့ ေက်ာက္ခဲနဲ႔ ေက်ာက္စရစ္ေတြၾကား ထပ္ၿပီး၀င္သြားျပန္တယ္။ သဲေတြ လွ်ံက်လာေတာ့ ပါေမာကၡႀကီးက ထံုးစံအတိုင္း
"ထပ္ထည့္လို႔ ရဦးမလားေဟ့" လို႔ ေမးလိုက္ျပန္တယ္။ ေက်ာင္းသားေတြက "မရေတာ့ပါဘူး" လို႔ ထပ္ေျဖၾက တယ္။

ပါေမာကၡႀကီးက "မင္းတို႔ကို ငါဒီေန႔သင္မယ့္ သင္ခန္းစာၿပီးၿပီ" လို႔ ေျပာလိုက္တယ္။ တပည့္ေတြက နားမလည္စြာနဲ႔ တိတ္ဆိတ္ေနရာက
"ဆရာႀကီး အဲဒီလို လုပ္မသြားပါနဲ႔။ ကၽြန္ေတာ္တို႔ကို တစ္ခုခု ေျပာခဲ့ပါ" လို႔ ဆိုလိုက္မွ ပါေမာကၡႀကီးက

"ဘ၀ဆိုတာ အဲဒီေရကရားႀကီးတစ္လံုးလိုပဲကြ။ ေက်ာက္ခဲေတြဆိုတာ
ကေတာ့ ဘ၀အတြက္ အေရးပါတာေတြ ေပါ့ကြာ။ ဥပမာ မိသားစု၊ ပညာေရး၊ က်န္းမာေရးလို႔ သေဘာထားလိုက္။ ဘ၀ထဲမွာ အဲဒါေတြကို ပထမဆံုး ျဖည့္ဖို႔လိုတယ္ကြ။

ေက်ာက္စရစ္ခဲေလးေတြကေတာ့ မင္းတို႔ရဲ႕ အလုပ္အကိုင္၊ အိုးအိမ္၊
စည္းစိမ္၊ ကား၊ အိမ္ေထာင္ဖက္၊ သားသမီးစတာေတြလို႔ ေျပာႏိုင္တယ္။ အဲဒါေတြက ဒုတိယေပါ့ကြာ။

သဲဆိုတာကေတာ့ က်န္တဲ့ လိုအပ္ခ်က္ေတြ အားလံုးလို႔ေျပာရမယ္။ သိပ္အေရးမပါတာေတြေပါ့ကြာ။ ဘ၀မွာရွိလည္းျဖစ္၊ မရွိလည္းျဖစ္တဲ့
ဟာေတြ။ ကဲ … တပည့္တို႔ နားလည္ၾကၿပီလား" လို႔ ေမးလိုက္ေတာ့ တပည့္ေတြကလည္း သေဘာမေပါက္ေသးေၾကာင္း ျပန္ေျပာၾကတယ္။

ပါေမာကၡႀကီးက ဆက္ၿပီးေတာ့
"ဘ၀ထဲကို ဘာမွမျဖည့္ဘဲ သဲေတြခ်ည္း အရင္ျဖည့္လိုက္ရင္ ဘာျဖစ္သြားမလဲ။ ေက်ာက္စရစ္ေတြ၊ ခဲေတြထည့္ လို႔ မရေအာင္ ျဖစ္သြားမွာေပါ့။ သဲေတြက အျပည့္ေနရာယူလိုက္ရင္ မင္းတို႔ဘာမွထပ္ထည့္လို႔မရေတာ့ဘူး။

ဒါေၾကာင့္ တပည့္တို႔ ပညာတတ္ေအာင္သင္၊ မိသားစုနဲ႔ ေပ်ာ္ေပ်ာ္ေန၊ အိမ္ေထာင္ျပဳခ်င္လည္း ျပဳလိုက္ဦး၊ အလုပ္လည္းႀကိဳးစား၊ တိုက္ေဆာက္ကားစီးႏိုင္ရင္လည္း ပိုေကာင္းတာေပါ့"
"ငါ့ တပည့္ေတြကို တစ္ခုပဲ သတိေပးလိုက္မယ္။

မင္းတို႔ဘ၀ထဲမွာ အေရးမပါတဲ့ သဲေတြကို အရင္မျဖည့္မိေစနဲ႔" လို႔ေျပာၿပီး ပါေမာကၡႀကီးဟာ အျပင္ကို ငိုက္စိုက္ ငိုက္စိုက္နဲ႔ ထြက္သြားေတာ့တယ္။
(Life and Work)

Credit to Tin Nyunt
K.K(ကေနာင္

unicode version

ဘ၀ထဲမှာ သဲအရင်မဖြည့်ပါနဲ့

ဒဿနိက ပါမောက္ခဆရာကြီးဟာ စက္ကူသေတ္တာကြီးတစ်လံုးထမ်းပြီး အတန်းထဲ၀င်လာတယ်။ သူက ဖန် ရေကရားကြီးတစ်လံုးကို သေတ္တာထဲက ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ အဲဒီအချိန်အထိ စကားတစ်ခွန်းမှ မပြောသေးဘူး။ ပြီးတော့ သူက ကြက်ဥအရွယ် ကျောက်ခဲလံုး ကြီးကြီးတွေကို ရေကရားကြီးထဲ ထည့်လိုက် တယ်။ ရေကရားကြီး ထဲကို ကျောက်ခဲ တွေပြည့်သွားတော့
"တပည့်တို့ ထပ်ထည့်လို့ ရဦးမလား" လို့မေးလိုက်တယ်။

တပည့်တွေကလည်း "မရတော့ပါ ဆရာကြီး" လို့ ပြောလိုက်တယ်။
ဆရာကြီးက ကျောက်စရစ်ခဲသေးသေးလေးတွေ ထုတ်လိုက်ပြီး ရေကရားထဲကို လောင်းထည့်ပြန်တယ်။ ကျောက်ခဲတွေကြားထဲ ကျောက်စရစ်ခဲလေးတွေ ကျသွားပြီး ပြည့်သွားပြန်တယ်။ ထပ်ထည့်လို့ မရအောင် လှျံ ကျတော့ ဆရာကြီးက
"ပြည့်ပြီလားဟေ့ .. ထပ်ထည့်လို့ မရတော့ဘူးလား" လို့ ထပ်မေးတယ်။

ကျောင်းသားတွေကလည်း "ပြည့်သွားပါပြီ မရတော့ပါဘူး ဆရာကြီး" လို့ဖြေကြတယ်။ သူတို့ ဆရာကြီး ဘာလုပ်နေတယ်ဆိုတာ သဘောမပေါက်သေးဘူး။ စိတ်၀င်စားလွန်းလို့ မျက်လံုးလေးတွေ ပြူးနေကြတယ်။

ဆရာကြီးက နောက်ထပ် သဲအိတ်တစ်အိတ်ထုတ်ပြီး သဲတွေကို ကရားထဲ လောင်းထည့်ပြန်တယ်။ သဲတွေဆိုတော့ ကျောက်ခဲနဲ့ ကျောက်စရစ်တွေကြား ထပ်ပြီး၀င်သွားပြန်တယ်။ သဲတွေ လှျံကျလာတော့ ပါမောက္ခကြီးက ထံုးစံအတိုင်း
"ထပ်ထည့်လို့ ရဦးမလားဟေ့" လို့ မေးလိုက်ပြန်တယ်။ ကျောင်းသားတွေက "မရတော့ပါဘူး" လို့ ထပ်ဖြေကြ တယ်။

ပါမောက္ခကြီးက "မင်းတို့ကို ငါဒီနေ့သင်မယ့် သင်ခန်းစာပြီးပြီ" လို့ ပြောလိုက်တယ်။ တပည့်တွေက နားမလည်စွာနဲ့ တိတ်ဆိတ်နေရာက
"ဆရာကြီး အဲဒီလို လုပ်မသွားပါနဲ့။ ကျွန်တော်တို့ကို တစ်ခုခု ပြောခဲ့ပါ" လို့ ဆိုလိုက်မှ ပါမောက္ခကြီးက

"ဘ၀ဆိုတာ အဲဒီရေကရားကြီးတစ်လံုးလိုပဲကွ။ ကျောက်ခဲတွေဆိုတာ
ကတော့ ဘ၀အတွက် အရေးပါတာတွေ ပေါ့ကွာ။ ဥပမာ မိသားစု၊ ပညာရေး၊ ကျန်းမာရေးလို့ သဘောထားလိုက်။ ဘ၀ထဲမှာ အဲဒါတွေကို ပထမဆံုး ဖြည့်ဖို့လိုတယ်ကွ။

ကျောက်စရစ်ခဲလေးတွေကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိုးအိမ်၊
စည်းစိမ်၊ ကား၊ အိမ်ထောင်ဖက်၊ သားသမီးစတာတွေလို့ ပြောနိုင်တယ်။ အဲဒါတွေက ဒုတိယပေါ့ကွာ။

သဲဆိုတာကတော့ ကျန်တဲ့ လိုအပ်ချက်တွေ အားလံုးလို့ပြောရမယ်။ သိပ်အရေးမပါတာတွေပေါ့ကွာ။ ဘ၀မှာရှိလည်းဖြစ်၊ မရှိလည်းဖြစ်တဲ့
ဟာတွေ။ ကဲ … တပည့်တို့ နားလည်ကြပြီလား" လို့ မေးလိုက်တော့ တပည့်တွေကလည်း သဘောမပေါက်သေးကြောင်း ပြန်ပြောကြတယ်။

ပါမောက္ခကြီးက ဆက်ပြီးတော့
"ဘ၀ထဲကို ဘာမှမဖြည့်ဘဲ သဲတွေချည်း အရင်ဖြည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ ကျောက်စရစ်တွေ၊ ခဲတွေထည့် လို့ မရအောင် ဖြစ်သွားမှာပေါ့။ သဲတွေက အပြည့်နေရာယူလိုက်ရင် မင်းတို့ဘာမှထပ်ထည့်လို့မရတော့ဘူး။

ဒါကြောင့် တပည့်တို့ ပညာတတ်အောင်သင်၊ မိသားစုနဲ့ ပျော်ပျော်နေ၊ အိမ်ထောင်ပြုချင်လည်း ပြုလိုက်ဦး၊ အလုပ်လည်းကြိုးစား၊ တိုက်ဆောက်ကားစီးနိုင်ရင်လည်း ပိုကောင်းတာပေါ့"
"ငါ့ တပည့်တွေကို တစ်ခုပဲ သတိပေးလိုက်မယ်။

မင်းတို့ဘ၀ထဲမှာ အရေးမပါတဲ့ သဲတွေကို အရင်မဖြည့်မိစေနဲ့" လို့ပြောပြီး ပါမောက္ခကြီးဟာ အပြင်ကို ငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်သွားတော့တယ်။
(Life and Work)

Credit to Tin Nyunt
K.K(ကနောင်