မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Monday, August 25, 2014
Facebook အသုံးပြုသူအချင်းချင်း Free Video Call ခေါ်နိုင်မယ့် - Seen v1.8 APK ♫
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ အသစ်တော့မဟုတ်ပါဘူး။ ထွက်ထားတာ အတော်လေး ကြာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းမှ Facebook ခေတ်စားတာတဲ့အတွက် Seen ဆိုတဲ့ Application လေးကိုပြန်တင်ပေးလိုက်တာပါ။ ဒီကောင်လေးက Facebook ထဲမှာ မိမိနဲ့ Friend ဖြစ်တဲ့သူအချင်းချင်း Free Video Call ခေါ်ဆိုပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။ ခေါ် ဆိုပုံလည်း လွယ်ကူတဲ့အတွက် ကျွန်တော်မရှင်းပြတော့ပါဘူးနော်။ Skype တို့ Tango တို့မှာအသုံးပြုရ တဲ့အတိုင်းပါပဲ။ Android OS 21. နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ
ဒီမှာ
ဒေါင်းလိုက်ပါ
ဒီမှာ
ဒေါင်းလိုက်ပါ
နန့်စီးအောင် သစ်ဆိပ်မှ လေလံအောင် အင်ကညင်သစ်လုံး တန် ၂၀၀ အား ကုမ္ပဏီမှ သယ်ယူခြင်း ဆောင်ရွက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် သစ်ဆိပ်မှ လေလံအောင်
အင်ကညင် သစ်လုံးတန် ၂၀၀ အား ကုမ္ပဏီမှ သယ်ယူခြင်းလုပ်ငန်းများ
ဆောင်ရွက်နေကြောင်း သြဂုတ် ၂၅ ရက်နေ့က သိရသည်။
အဆိုပါ သစ်ဆိပ်တွင် အင်ကညင် သစ်လုံး တန် ၆၀၀ ရှိသည့် အနက်မှ တန် ၂၀၀ အား
လေလံအောင်သဖြင့် နန့်စီးအောင် သစ်ဆိပ်မှ ကသာမြို့ အောင်ချမ်းသာ
သင်္ဘောဆိပ်သို့ သစ်တင်ကားများဖြင့် ကုမ္ပဏီမှ
သယ်ယူခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိကြောင်း၊ သစ်လုံးတင်ကားတစ်စီးလျှင်
အင်ကညင် သစ်လုံး ၈/၉ လုံးတင်နိုင်ကြောင်း၊ သစ်လုံးတင်ကား အစီးရေ ၁၂
စီးဖြင့် သယ်ယူနေခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အင်ကညင် သစ်လုံး တန်
၄၀၀ ကိုမူ မည်သည့် ကုမ္ပဏီမှ လေလံဆွဲ ဝယ်ယူခြင်းမရှိသေးကြောင်း၊ ယခင်
သစ်လုံးများ သယ်ယူခဲစဉ်က သစ်ထုတ်ရေးမျှောစာဖြင့် သယ်ယူခွင့်ပြုပြီး
ယခုအခါ သစ်လုံးများ သယ်ယူခွင့်ကို ကချင်ပြည်နယ် မိုးညှင့်မြို့နယ်
သစ်တော်မျှောစာ ရယူပြီးမှ သယ်ယူနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ
နိုင်ငံခြားသို့ သစ်များကို အလုံးလိုက် တင်ပို့ရောင်းချခြင်း
မပြုလုပ်တော့သဖြင့် နိုင်ငံအတွင်းတွင်သာ ခွဲစိတ်ပြီး သစ်ခွဲသားများကို
ရာင်းချမည်ဖြစ်ကြောင်း နန့်စီးအောင် သစ်ဆိပ် တာဝန်ခံထံမှ သိရသည်

Subscribe to:
Posts (Atom)