အဲ ဒီ နေ့
@@@@
ဆီရာလီယွန်နိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ် ကင်းစင်ပြီ ။
ငါတို့ကောင်းကျိုးလုပ်ပေးရင် ငါတို့မိတ်ဆွေ
ငါတို့ချုပ်ကိုင်ထားတာတွေ ဘာလို့ဖြေလျှော့ရတာလဲ
ငါတို့အမိန့်တွေကို ဘာလို့ဆန့်ကျင်တာလဲ
ပြည်သူတွေဆီမှာ အာဏာရှိတယ်ဆိုတာ ငါတို့ မယုံဘူး ။
ငါတို့က ဘာလို့ ပွင့်ပွင့်လင်းလင်းပြောရမှာလဲ
ငါတို့က ဘာလို့ထင်သာမြင်သာနေရမှာလဲ
ငါတို့က ဘာအကြောင်းကိုသိရမှာလဲ
ငါတို့က ငါတို့အကျိုးကိုသိနေတာပဲ
ပြောင်းချိန်တန်ပြီ ပြောတဲ့လူတွေကို ငါတို့မုန်းတယ် ။
ငါတို့ပိုင်ဆိုင်တာတွေ ဘာလို့ပြရမှာလဲ
ငါတို့က ဘာလို့အခွန်ဆောင်ရမှာလဲ
ငါတို့ သိမ်းယူခဲ့တာတွေ ပြန်ပေးရပြီ
အဲဒီလိုလုပ်တဲ့ ဒီမိုကရေစီနဲ့ လူတွေကိုမုန်းတယ် ။
ငါတို့က အတိတ်ကံကြောင့် ကောင်းနေတာ
လူအများက အတိတ်ကံကြောင့် ဆင်းရဲနေတာ
ငါတို့ကြမ်းချင်တိုင်း ကြမ်းလို့မရတာ
ငါတို့လုပ်ချင်တိုင်း လုပ်လို့မရတာ
ငါတို့နေချင်တိုင်း နေလို့မရတာ
အဲဒါကြောင့် အဲဒီလူတွေကို ငါတို့မုန်းတယ် ။
အပြုတ်ထင်လို့ အထင်ပြုတ်ရင် အထုပ်ပြင်တော့ အပြင်ထုတ်မယ် ။
ထု ခံ မှ ခံ ထု
ပြည်သူလူထုက ပြောပါတယ်
ကဲ . . . သင်တို့ သွားသင့်ရာ သွားကြပေတော့
အာဏာရှင်တွေကို အလိုမရှိပြီ ... ။
ငြိမ်းစိုးဦး
( 11 ; 11 ; 2015 )