Friday, April 18, 2014

ဖေ့ဘုတ်ပေါ်မှ ထူးဆန်းသော မော်လူးသတင်းလေး တိုက်ဆိုင်မှုဘဲ လို့ဃူဆမိပါ၏

မော်လူး သုသာန် တွင် ယနေ့ (၁၈.၄.၂၀၁၄) ရက်ညနေပိုင်းက ပြုလုပ်သော
အကျွတ်အလွတ် ပွဲတွင် ရိုက်ခဲ့သော ဓာတ်ပုံတစ်ပုံ မှာ
ထူးခြားမှုဖြစ်ပေါ်နေသည်။
ဘုရားရှစ်ခိုးနေသော အဖိုးကြီး ပုံ ပေါ်နေခြင်းဖြစ်ပါသည်
ဝိညာဉ်လား ၊ သစ်ကိုင်းခြောက်လား၊ တိုက်ဆိုင်မှု ရှိလို့လား
ဆိုတာ တော့ မသိပါ၊
ဝိညာဉ်ဆိုရင်တော့မယုံပါ။
တိုက်ဆိုင်မှုဘဲ ဖြစ်နိုင်ပါသည်။

သေချာတာကတော့
အဖိုး တစ်ယောက် ပုံကိုတော့ မြင်တွေ့ရတာပါဘဲ
ဓာတ်ပုံ အလင်းအမှောင် ချိန်ကြည့်ရာမှ ထင်ရှားစွာ ပေါ်လာလို့
facebook မှာ ကြိုးစားပြီးတင်လိုက်ပါတယ်
ယုံကြည်ရင် share လိုက်ပါအုန်း

မယုံတဲ့သူ မနက်ဖြန် သုသာန်သွားပြီး ပုံထဲကဗျူးအတိုင်း ဓာတ်ပုံသွားရိုက်ကြည့်
ရင်အဖြေပေါ်ပါလိမ့်မည်။
လောလောဆယ်တော့ ဓာတ်ပုံတွေကို စစ်ဆေး သုံးသပ်ကြည့်ကြပါ။







မော်ကျေးရွာ မှ ထူးထူးခြားခြားပွဲ

၂၀၁၄ခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်
တံခူးလဆုတ် ၄ ရက် (နှစ်ဆန်း၂ရက်)နေ့
မော်လူးမြို့ သုဿာန်၌ ပထမအကြိမ်အဖြစ်
ကျင်းပပြုလုပ်ကြသော တမလွန်ရောက်
မိဘဘိုးဘွား ညီအကို မောင်နှမ ဆွေမျိုးတို့အား
အမျှအတန်းပေးဝေ၍ အကျွတ်အလွတ်ပွဲတွင်
ဘုရားကြီးကျောင်းဆရာတော် ဟောကြားတော်မူသည့်
ဗလိငါးမျိုး တရားလင်္ကာ......
၁။ဆွေမျိုးမိဘ၊စွမ်းသမျှ၊စောင်မကြည့်ရှုပူဇော်မည်။
၂။ဧည့်အာဂန္တု၊မြတ်ကောင်းမှူ၊ပြုစုလုပ်ကျွေးပူဇော်မည်။
၃။တမလွန်ဘ၀၊ကူးပြောင်းကြ၊မိဘဆွေမျိုးပူဇော်မည်။
၎။ရေမြေပိုင်သ၊မင်းစိုးရ၊ဆုံးမလမ်းညွန်၊လိုက်နာမည်။
၅။ရေမြေပိုင်သ၊မင်းစိုးရ၊ခွန်ခတန်ဘိုးပေးဆောင်မည်။
၆။လောကပါလ၊နတ်ဒေ၀၊ပုညကုသိုလ်မျှဝေမည်။
၇။ဗလိငါးဖြာ၊ရိုသေစွာ၊လိုက်နာကျင့်သုံးပူဇော်မည်။
၈။ကောင်းခြင်းမင်္ဂလာ၊အဖြာဖြာ၊မြန်စွာတိုးတက်မည်။
၉။အင်္ဂတ္ထရု၊ကျမ်းဓမ္မ၊ဗုဒ္ဓမြတ်စွာဟောခဲ့သည်။


Thursday, April 17, 2014

မော်လူး အ ထ က အောင်စာရင်း ထုတ်ပြန်

 ၂၀၁၃-၁၄ ပညာသင်နှစ်
အထက မော်လူး ၏
အောင်စာရင်းကို
ယနေ့ ထုတ်ပြန်


နှစ်သစ်မှာ apk အသစ်နဲ့ လန်းကြမယ်

Phone Screen ကို Cover အုပ်လိုက်တာနဲ့ Screen Lock ကျသွားမှာဖြစ်ပါတယ်။ Cover လေးပြန်ဖွင့်လိုက်တာနဲ့ Screen On လာမှာပါ။ လန်းတယ်နော်။ Cover နဲ့တင်မဟုတ်ပါဘူး။ လက်နဲ့လည်း ဖုန်းရဲ့ Sensor နေရာလေးကို ကာလိုက်တာနဲ့ Screen On/Off လုပ်ပေးမှာပါ။ ဒါ့အပြင် ဖုန်းဝင်လာရင်လည်း Shake လုပ်လိုက်တာနဲ့ ဖုန်းကိုင်ပြီးသားဖြစ် မှာပါ။ သူ့မှာလည်း Feature တွေအစုံအလင်ပါဝင်ပါသေးတယ်။ Feature တစ်ခုချင်းစီကိုအသုံးပြုချင် တယ်ဆိုရင်တော့ Device Administrator မှာ သက်ဆိုင်ရာ Option ကို On ပေးရမှာပါနော်။   ဒီထက်ပိုပြီးသိချင် တယ်ဆိုရင်တော့ အောက် မှာအသေးစိတ်ရေးပေးထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်

ကဲ  ဖုန်းကလိချင်သူ မော်လူးသားများ

ဒီမှာ


လက်နဲ့ တို့ပြီး  ဒေါင်း နိုင်ပါ၏

ကွန်နက်ရှင် ကောင်းတဲ့အချိန် ဒေါင်းနော့

****-***-****-
အသုံးပြုနည်းတော့

ဒီမှာ


သွားကြည့် နိုင်ပါတယ်

****************




Wednesday, April 16, 2014

မော်လူး ဘုရားကြီးကျောင်းဆရာတော်၏ ၁၃၇၆ ခုအတွက် ဖေ့ဘုတ်ပေါ်က ဆုတောင်းလေးပါ

(ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာရှိပါစေ)
ဗုဒ္ဓ ဗုဒ္ဓ ဗုဒ္ဓဂုဏ်တော်,မှန်းဆ မှန်းဆ.မှန်းဆ
ရည်ရော်.ဘေးမခအေးမြကြစေသော်..,,

နှစ်ဟောင်းကုန်ပျောက်.နှစ်သစ်ရောက်.ထွန်း
တောက်မင်္ဂလာရှိပါစေသော....ရှိစေသော်


24 ကြိမ်မြောက် မော်လူး သက်ကြီးပူဇော်ပွဲ

ယနေ့ မဟာသင်္ကြန်အတက်နေ့မှာ သက်ကြီးပူဇော်ပွဲအတွက် မော်လူးမြို့သူ/သားများ စုပေါင်းလှူဒါန်းသော အလှူငွေ ( 29 ) သ်န်းကျော်ကို အဘိုး/ဘွား ( 69 )ဦးအားလှူဒါန်းကန်တော့ခဲ့ကြပါတယ်။
မော်လူးမြို့သူ/သားများရဲ့ အလှူကို သာဓု ခေါ်နိုင်ကြ
ပါကြောင်း



Tuesday, April 15, 2014

ထူးထူးခြားခြား ဖုန်းဆော့ဝဲ ပါ ဖုန်းတိုင်းမှာရှိထားသင့်တယ်

သင်္ကြန်နှစ်သစ်ကူးလက်ဆောင်အဖြစ် APK တစ်ခုရေးပေးလိုက်ပါတယ်…
မိမိဆီဖုန်းလာတဲ့အခါ စက္ကန့် ၃၀ ကြာသည်ထိ မကိုင်ပါက အလိုလို answer လုပ်ပေးပြီး တစ်ဘက်မှပြော စကားများကို recording လုပ်ပေးထားပါလိမ့်မယ်…Notication bar မှာလည်း ဘယ်ဖုန်းနံပါတ်က လာတယ်၊ ဘယ်ဖိုင်မှာသိမ်းထားတယ် ဆိုတာတွေ့ရပါမယ်…အဲဒီဖိုင်ကိုဖွင့်ပြီး တစ်ဘက်ကမှာထားသမျှပြန် ဖွင့်ပြီး နားထောင်နိုင်ပါတယ်…APK ၂ခု install လုပ်ရပါမယ်။ CallRecorder.apk နဲ့ AnswerCall.apk ဖြစ်ပါတယ်…
CallRecorder.apk က အခြားသူရေးထားတဲ့ APK ဖြစ်ပါတယ်…AnswerCall.apk နဲ့တွဲသုံးရမှာဖြစ်ပါတယ်…
အားသားချက်ကတော့ MPT ကို Voice mail အသုံးပြုခလစဉ်ကြေးပေးစရာမလိုပါ…  အားနည်းချက်ကတော့ ဖုန်းလာတာကိုမသိလိုက်ဘဲ စက္ကန့် ၃၀ ကြာတဲ့အခါ အလိုလိုဖြေကြားပေးမှာဖြစ်တဲ့အတွက် မိမိဒီဘက်မှာ (မသိဘဲအမှုမဲ့အမှတ်မဲ့) ပြောဆိုနေမိသမျှ တစ်ဘက်ဖုန်းခေါ်သူကကြားသွားမှာဖြစ်ပါတယ်…
ချင့်ချိန်ပြီးသုံးကြပါ

မူရင်းတင်ထားသူရဲ့ဆိုဒ်ကို

ဒီမှာ


လက်နဲ့ တို့ပြီး  သွားဒေါင်းနိုင်ပါတယ်








မော်လူး မှာ ဒုတိယအကြိမ် စာပေဟောပြောပွဲ ကျင်းပမည်

မော်လူးသူ/သားများခင်ဗျာ...မော်လူးတွင် ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် မော်လူးဒေသမှ စာပေချစ်မြတ်နိုးသူများ ပူးပေါင်းပြီး ဒုတိယအကြိမ် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဟောပြောကြမည့် စာရေးဆရာများမှာ ဆရာ ဦးတင်မြင့် (ပန်းဒကာ)၊ဆရာမ မိချမ်းဝေ၊ ဆရာမ ရာသက်ပန် (တောင်ငူဆောင်)၊ ဆရာ ကိုရွှေအောင်သင်း၊ ဆရာ တိုးကျော်လှိုင်တို့ ဖြစ်ပါသည်။ စာပေဟောပြောပွဲ ကြော်ငြာအတွက် စာရေးဆရာ/မတို့၏ ပုံများကို အင်တာနက်တွင် ရှာဖွေရာ လောလောဆယ်ဆယ် ဆရာမ မိချမ်းဝေ၊ ဆရာမ ရာသက်ပန်၊ ဆရာ ကိုရွှေအောင်သင်းတို့၏ ဓာတ်ပုံများကိုသာ ရရှိပါသေးသည်။ သို့ပါ၍ ကျန်ရှိသော စာရေးဆရာတို့၏ ဓာတ်ပုံများ မိမိတို့ထံတွင် ဖြစ်စေ အင်တာနက်တွင် ရှာဖွေ၍ ဖြစ်စေ တွေ့ရှိပါက (သို့) မိမိတို့ထံတွင် ရှိနေပါက မော်လူးဂရုတွင် တင်ပေးစေလိုပါသည်။ (မှတ်ချက်။ မော်လူးသား/သူ မဟုတ်ပဲ တခြားသူများမှ ဤစာကို ဖတ်မိပြီး ဆရာများ၏ ဓာတ်ပုံများ ရှိနေလျှင်လည်း ကူညီပေးစေလိုပါသည်။)
လေးစားစွာဖြင့်.....
မော်လူးဒေသမှ စာပေချစ်မြတ်နိုးသူများ



Sunday, April 13, 2014

မော်လူး သင်္ကြန် မဏ္ဍပ် ၂ ခု အပြိုင် အဆိုင် ကကြပြီ

မော်လူး လျှပ်စစ်ရုံးဝင်းနားက ESE ဗဟိုသင်္ကြန်မဏ္ဍပ်နှင့်

အုန်းဒုတ်ရွာ ပန်းဘုရင် သင်္ကြန် မဏ္ဍပ်များတွင်

ဧပြီ ၁၃ ရက်နေ့ ညနေ ၆ နာရီမှ စတင်ပြီး ဖျော်

ဖြေတင်ဆက်နေကြပြီ ဖြစ်ပါသည်။




Saturday, April 12, 2014

မေိာ်လူ နှင့် နန့်စီးအောင်ကြား ၁၂ ဘီးကား တံတားလမ်းလျှော်

၁၂ ဘီးကား တံတားပေါ်ဖြတ်သန်းစဉ် လမ်းချော်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ ဟွေမွန်းတံတားပေါ် မော်တော်ကားဖြတ်သန်းစဉ် လမ်းချော်ပြီး တံတားလက်ရန်းတိုင်များကို ဝင်တိုက်ကာ မော်တော်ကားယာရှေ့ပိုင်းသည် တံတားအပြင်ဘက်သို့ ကျွံထွက်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇/၁ တွင် တည်ရှိသော တံတားပေါ်တွင် ဘက်ဟိုးယာဉ်ပစ္စည်းများ တင်ဆောင်လာသော ရွှေဘိုဘက်မှ ယာဉ်မောင်း ကိုလေးနှင့် ယာဉ်နောက်လိုက် ကိုဖြိုးတို့ လိုက်ပါ မောင်းနှင်လာသည့် ယာဉ်အမှတ် ၈ဇ/၆၃၄၇ ဆယ်နှစ့်ဘီးကားသည် ဧပြီ ၁၂ ရက်၊ နံနက် ၃နာရီ ၃၀ မိနစ်အချိန်တွင် လမ်းချော်ကာ တံတားလက်ရန်းတိုင်များကို ဝင်တိုက်ပြီး မော်တော်ကား ယာဘက်အရှေ့ခြမ်း တံတားအပြင်ဘက်သို့ ကျွံထွက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ရာနေရာသို့ နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၊ နန့်စီးအောင် ရဲစခန်းမှ စခန်းမှူး ရဲအုပ် လှကြည်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်မတော်သားများ၊ မြေပလ္လင်ကျေးရွာ ဒေသအရံ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ပြီး စစ်ဆေးကြည့်ရှု့ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း၊ အဆိုပါ မော်တော်ကား လမ်းချော်မှုကြောင့် ခရီးသွား ယာဉ်များ လမ်းကြောပိတ်ဆို့မှုနှင့် ကြုံတွေ့ကြရကြောင်း သတင်းရရှိသည်။


သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုသာ သီးသန့်ရရှိမည်

သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုသာ သီးသန့်ရရှိမည်


သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုသာ သီးသန့်ရရှိမည်




သင်္ကြန်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးမှ အပိုထပ်ဆောင်းပေးသည့်ငွေသည် ပြည်တွင်းဖုန်းခေါ်ဆိုမှု အတွက်သာ သီးသန့်ရရှိမည်ဖြစ်ပြီး အင်တာနက်အသုံးပြုမှုနှင့် မက်ဆေ့ဂ်ျဝန်ဆောင်မှုအတွက် မိမိဖုန်းဘေဖြင့် ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဧပြီ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဖုန်းငွေဖြည့်ကတ် ထည့်သွင်းသူများအား ၂၀ ရာခိုင်နှုန်း အပိုငွေ ထည့်သွင်းပေးကာ ယင်းအပိုငွေကို သတ်မှတ်ရက်အတွင်းသာ အသုံးပြုခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ဧပြီ ၁၂ ရက်နေ့မှာ ငွေဖြည့်တယ်။ ငွေစစ်ကြည့်တော့ ၅၀၀၀ + အပို ၁၀၀၀ ဆိုပြီး မက်ဆေ့ဂ်ျပြန်တယ်။ အင်တာနက်သုံးပြီး ငွေစစ်ကြည့်တော့ ကိုယ်ထည့်ထားတဲ့ ဖုန်းဘေကပဲ ဖြတ်တယ်။ ဘောနပ်စ်ငွေက မဖြတ်ဘူး” ဟု ဧပြီ ၁၂ ရက်နေ့တွင် ငွေဖြည့်ကတ် ၅၀၀၀ ဖြည့်သွင်းသည့် မစန္ဒာမင်းက ဆိုသည်။

အဆိုပါ အပိုငွေထည့်သွင်းပေးခြင်းအား မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသည့် GSM, WCDMA များအပြင် တန်ဖိုးနည်း ဖုန်းများတွင်လည်း ရရှိမည်ဖြစ်သည်။





Friday, April 11, 2014

အင်းတော် ဆန္ဒပြပွဲ မော်လူးသားတွေပါပြီ

ယနေ့ (၁၁.၄.၂၀၁၄) ယနေ့ အင်းတော်မှာ ဆန္ဒပြပြီ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်
ဆန္ဒပြခြင်း ဖြစ်သည်ဟု သိရပါတယ်...

မော်လူးသား တွေလည်း ပါဝင်တယ် လို့
ပြော
မော်လူးမှာလည်း ပြုလုပ်နိုင်ရန်ကြိုးစားနေတယ်လို့
ပြောခဲ့တယ်လို့

ကိုယ်တိုင်တွေ့ခဲ့သူ တစ်ယောက်က

အီးမေးမှ တဆင့် ပေးပို့ခဲ့သဖြင့် ဖော်ပြလိုက်ပါ၏

-----------------------------------------------------










အံသြလွန်းလို့ သေတော့မယ်.....

ဂျာနယ်ထဲမှာ ပါလာတဲ့ သတင်းလေးဖတ်ပြီးတော့ ပြည်သူ့ခေတ်ဂျာနယ်မှာ ပါတဲ့ ဆရာကောင်းဆက်နိုင်ရေးတဲ့ ဆောင်းပါးခေါင်းစဉ်လေးကို သွားသတိရမိတာပါပဲဗျာ.... တရားမဝင်ကျွန်းခွဲသားတွေ တင်လာတဲ့ သုံးဘီးဆိုင်ကယ်ကို ရဲကဖမ်းတယ်ဆိုပဲ.....
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး တွေးမိတာက.....သုံးဘီးဆိုင်ကယ်လေးနဲ့ တင်တာမို့ နေမှာပါလေ..............

Wednesday, April 9, 2014

စည်းမော်ရွာ မှ ဌာပနာ ပိတ်ပွဲ



စစ်ကိုင်းတိုင်း ကသာခရိုင်အင်းတော်မြို့
နယ် မော်လူးဒေသ စည်းမော်ရွာ
ဇမ္ဗူရောင်ခြည် ဓာတ်ပေါင်းစုအောင်
တော်မူအေးစေတီတော် စုပေါင်းဋ္ဌာပနာ
ပိတ်ပွဲ အောင်မြင်ပြီးစီးသွားပါပြီ
---------------------



သင်္ကြန် သမိုင်းတဲ့ ဖေ့ဘုတ်မှာတွေ့လို့ ဖေါ်ပြလိုက်ပါတယ်


သင်္ကြန်သမိုင်းအကြောင်း အီးမေးလ်ကရတဲ့သင်္ကြန်သမိုင်းလေးတင်ပေးလိုက်ပါတယ် ယခုလိုနှစ်သစ်ကူးတဲ့အချိန်အခါသမယမှာမြန်မာတွေအနေနဲ့မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ရဲ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအစကိုသိထားဖို့လိုပါတယ် မူလကသင်္ကြန်ပွဲတော်ဟာဗုဒ္ဓဘာသာဝင်တွေကျင်းပခဲ့ခြင်းမရှိပါဘူး ဒါဟာဟိန္ဒူဘာသာဝင်တွေရဲ့ဘာသာရေးပွဲတော်တစ်ခုဖြစ်ပါတယ် သိကြားမင်း ဗြဟ္မမင်း တစ်ခါက ဗရာမာ လို့ခေါ်တဲ့ဗြဟ္မမင်း အာစိဟာဒေဝနတ်အပေါင်းတို့ရဲ့ဘုရင်သိကြားမင်းကိုစစ်ရှုံးခဲ့ပါတယ် အဲဒီအချိန်မှာသိကြားမင်းဟာစစ်ရှုံးခဲ့တဲ့ဗြဟ္မမင်းအာစိရဲ့ဦးခေါင်းကိုဖြတ်ပြီးဆင်တစ်ကောင်ရဲ့ဦးခေါင်းကိုဗြဟ္မမင်းရဲ့ခန္ဓာကိုယ်မှာတပ်ပေးဖို့သိကြားမင်းရဲ့ညှိနိုင်းမှုကိုစစ်ရှုံးတဲ့ဗြဟ္မမင်းကသဘောတူခဲ့ရပါတယ် ဂနေဆာ ဒါပေမယ့်ဗြဟ္မမင်းဟာအလွန်အင်မတန်တန်ခိုးကြီးတဲ့အတွက်ပြတ်သွားတဲ့သူ့ခေါင်းကိုပင်လယ်ထဲမျောမိရင်ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ် ပထဝီမြေကြီးပေါ်တင်မယ်ဆိုရင်လည်းမြေကြီးဟာအပိုင်းပိုင်းကွဲအက်ကြေမွှသွားနိုင်ပါတယ်တကယ်လို့များမိုးကောင်းကင်ထဲကိုပစ်လိုက်မယ်ဆိုရင်လည်းမိုးကောင်းကင်တစ်ခုလုံးမီးတောက်လောင်ကျွမ်းသွားနိုင်ပါတယ် ဒါကိုသိတဲ့သိကြားမင်းကအဲဒီဗြဟ္မာကြီးရဲ့ဦးခေါင်းကိုအဲဒီလိုမဖြစ်စေဖို့အတွက်နတ်သမီးတစ်ပါးစီကိုတစ်နှစ်တစ်ခါအလှည့်ကျစီကိုင်ထားရမယ်ဆိုပြီးမိန့်တော်မူပါတယ် တစ်နှစ်ကုန်လို့နောက်တစ်နှစ်ကိုကူးတဲ့အခါကျရင်အလှည့်ပြောင်းတဲ့အချိန်ကိုသင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ် သင်္ကြန်ပွဲတော်ကိုတစ်ချိန်ကဟိန္ဒူယဉ်ကျေးမှုလွမ်းမိုးခံခဲ့ရတဲ့အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာနှစ်သစ်ကူးပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်ယခုအချိန်မှာမြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ လောနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေ့ရပါတယ် ပုဂံခေတ် မြန်မာသင်္ကြန် အကြိုနေ့ အကြိုနေ့နဲ့ပါတ်သက်ပြီးပထမဆုံးတွေ့ရှိချက်ကဥပေါသဓမင်းကြီးရဲ့ခေါင်းဆေးမင်္ဂလာပြုရာကစတယ်လို့ဆိုပါတယ် အဲဒီအချိန်ကဘုရင်များဟာတစ်နှစ်မှာတစ်ခါဦးခေါင်းတော်ဆေးတဲ့မင်္ဂလာကိုကျင်းပလေ့ရှိပါတယ် မြန်မာမင်းများစွာကလည်းအဲဒီအချိန်ကိုရောက်ရင်ယခုမော်လမြိုင်မှာရှိတဲ့မုတ္တမကွေ့ကခေါင်းဆေးကျွန်းမှာခေါင်းဆေးမင်္ဂလာပြုပါတယ် အကျနေ့ ဒီနေ့မှာတော့သိကြားမင်းဟာနတ်ပြည်ကနေလူ့ပြည်ကိုဆင်းလာပါတယ်ဒီလိုဆင်းလာတဲ့အချိန်ကိုသိစေဖို့ သင်္ကြန်အမြောက်ကိုဖောက်ပါတယ် အဲဒီအခါလူတွေဟာအတာအိုးထဲရေထည့်ကာသပြေခက်နဲ့မြေကြီးကိုရေဖြန်းလို့ရှိခိုးပူဇော်ကြပါတယ်ဒီအခါမှာဘုရင့်ဆရာများဖြစ်တဲ့အိန္ဒိယကဇတ်မြင့်မျိုးနွယ် ဗရာမန် ဇတ်ဝင်ပုဏ္ဏားကနှောင်လာမယ့်နှစ်အတွက်ဟောကိန်းဖြစ်တဲ့သင်္ကြန်စာကိုရွတ်ဖတ်ကြေငြာပါတော့တယ် ဒီဟောကိန်းကိုတော့သိကြားမင်းဘာတိရိစ္ဆာန်ကိုစီးပြီးဘာကိုင်လာသလဲဆိုတာကိုအခြေခံပြီးဟောတာဖြစ်ပါတယ် ခလေးတွေကိုဒီအချိန်မှာလူကြီးတွေပြောလေ့ရှိတာကကောင်းတာလုပ်တဲ့သူတွေရဲ့ပအမည်စာရင်းကိုသိကြားမင်းကရွှေပုရပိုက်မှာရေးမှတ်ပြီးဆိုးသွမ်းသူတွေရဲ့နံမယ်ကိုခွေးသားရေပရပိုက်မှာရေးမှတ်တယ်လို့ပြောလေ့ရှိပါတယ် တကယ်တော့သင်္ကြန်ဟာဟိန္ဒူဝါဒယုံကြည်မှုထုံးတမ်းစဉ်လာတစ်ရပ်ကဆင်းသက်လာခဲ့တာပါ ဒါပေမယ့်ရှေးပညာရှင်ကဝိများကဒါကိုထေရဝါဒဗုဒ္ဓဘာသာရဲ့အဆုံးအမများနဲ့ပြုပြင်ယူခဲ့ကြပြီးနှစ်သစ်ကူးကစလို့ရှင်ပြုခြင်းဓလေ့ဘုရားကျောင်းကန်များမှာဥပုသ်သီလစောင့်ခြင်းဓလေ့လူကြီးသူမတွေကိုခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်းသတ္တဝါတွေကိုဘေးမဲ့လွတ်ပေးခြင်းဓလေ့တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ် မြန်မာ့သင်္ကြန်ဟာယဉ်ကျေးမှုများပေါင်းစုံခြင်းရဲ့အမှတ်သညာတစ်ခုပါ နိုင်ငံတကာရဲ့အာရုံကိုစွဲဆောင်နိုင်တဲ့ပွဲတော်ဆိုလည်းမမှားပါဘူးဒီလိုထူးခြားတဲ့အနှစ်သာရတွေနဲ့ထုံမွှမ်းနေတဲ့အချိန်အခါမှာမြန်မာတွေမေတ္တာတရားပွားများနိုင်ကြပြီးလူလူခြင်းနိုငထက်စီးနင်းပြုခြင်းဘေးအန္တရယ်မှနောင်နှစ်များမှာကင်းဝေးနိုင်ကြပါစေသတ္တဝါအပေါင်းကျန်းမာကြပါစေချမ်းသာကြပါစေဘေးကင်းရန်ကွာကြပါစေရန်သူမျိုးငါးပါးရန်မှကင်းဝေးကြပါစေနှလံးစိတ်ဝမ်းအေးချမ်းကြပါစေလို့နှစ်သစ်မှာဆန္ဒပြုလိုက်ပါတယ်

*****************************



Tuesday, April 8, 2014

မော်လူး ဘုရားကြီးကျောင်းမှာကျင်းပပြုလုပ် မယ် တရားနာကြွကြပါရန်ဖိတ်ကြားလွှာ

စစ်ကိုင်း,မင်းကွန်း,မင်းဝံ,တောင်ရိုးကြီးသုံး
ထပ်ရှိရဟန်းသာမဏေ သူတော် သီလရှင်များ နှင့် မန္တလေးလေးပြင်ေ လးရပ်
ရဟန်း သာမဏေ များကိုပူဇော်လှူဒါန်းမည့်
မော်လူးဒေသကျေးရွာအသီးသီးမှလှူဒါန်းအပ်
သော မလွန်ဆွမ်းဆန်တော်ရေစက်ချတရားပွဲ
ကို ၁၃၇၅.ခုနှောင်းတံခူးဆန်း ၁၁ ရက်
(၁၀.၄.၁၄)နေ့ည (၇)နာအချိန် မော်လူးမြို့ဘုရားကြီးကျောင်းတိုက်မှာကျင်းပ
ပြုလုပ်မည်ဖြစ်ပါသည် ဆွမ်းဆန်အလှူရှင်များ
ကြွရောက်၍တရားတော်နာယူမှတ်သားကုသိုလ်ပွားကြရန်ရိုသေစွာဖိတ်ကြားအပ်ပါသည်..,,    
       (မော်လူးဒေသမလွန်းဆွမ်းဆန်အသင်းထောက်အဖွဲ့)




Monday, April 7, 2014

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေအတွက်

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေ ၊
Viber code တောင်းရတာအဆင်မပြေသူတွေ၊
အရင်သုံးလက်စ Viber message တွေ ၊sticker တွေကို
ဖုန်းထဲမှာအသစ်ပြန်သွင်းထားတဲ့ Viber ထဲမှာပြန်ထည့်ချင်သူတွေအတွက်ရည်ရွယ်ရေးသားပါတယ်
------------------------------------------------------------
ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။
Viber သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware ပြန်တင်လိုက်ရတဲ့အခါ Viber သုံးနေကျသူဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊ အင်တာနက်ရှိပေမယ့် Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက် အလုပ်ရှုပ်တာပေါ့ဗျာ။
အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ ပုံမှန်သုံးစွဲနေစဉ်ကတည်းက
အတွင်း data ကို copy/backup ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊
ပြီးတာနဲ့ iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့ Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder ကိုပြန်ကူးထည့်ပေးလိုက်ရင် ။
Firmware မကျခင်တုန်းက activate လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate လုပ်ပြီးအခြေအနေ ၊
အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။

Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး
ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီးသိမ်းထားလိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ
root access တော့ရှိဖို့လိုပါလိမ့်မယ်အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊
Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။







အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်

မော်လူးဒေသ လေးတန်ချောင်းရိုးနှင့် နမီးချောင်းရိုးရှိ ကျေးရွာများမှ ကျွဲနွားများအား ကာကွယ်ဆေးထိုြး


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
လေးတန်းချောင်းရိုးနှင့် နမီးချောင်းရိုးရှိ ကျေးရွာများမှ
ဒေသခံတောင်သူများ၏ ကျွဲနွားများအား ကာကွယ်ဆေးထိုးနှံခြင်းကို
အင်းတော်မြို့နယ်မှ မွေးမြူရေးနှင့် ကုသရေး ဦးစီးဋ္ဌာနမှ တိ/ကု
ဆရာဝန်များနှင့် ဒေသခံ ကျေးလက်လူငယ် သင်တန်းသားများ ပူးပေါင်းပါဝင်ပြီး
ဧပြီ ၂ ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လေးတန်ချောင်းဘေးရှိ ခိုးကောင်ကျေးရွာမှ မတ်လအတွင်း ဖြစ်ပွားခဲ့သည့်
ပေါင်ပုတ်လက်ပုတ် ရောဂါကြောင့် ကျွဲနွားများ
သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး၏
ပြန်ကြားချက်၊ အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး၏
ဦးစီးဆောင်ရွက်မှုဖြင့် ဒုဦးစီးမှူးများဖြစ်ကြသော ဒေါက်တာ
ဝေဝေအောင်မင်း၊ ဒေါက်တာမြင့်သူတို့သည် ကျေးလက်လူငယ်သင်တန်းသားများ
ပူးပေါင်းပါဝင်လျှက် မော်လူးဒေသ အုပ်စု(၉)အုပ်စုမှ ကျေးရွာများရှိ ကျွဲ၊
နွားများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း






လေးတန်ချောင်း ကို ကယ်တင်ကြပါစို့

လေးတန်းချောင်းရေ သဘာဝရေအတိုင်း ပြန်လည် စီးဆင်းစေရန် ဒေသခံများ လိုလားနေ


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
လေးတန်းချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာသူ/သားများမှ
လေးတန်ချောင်းဖျားရှိ ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့်
ချောင်းရေနောက်ကျိနေခြင်းအား သက်ဆိုင်ရာမှ တားဆီးပေးပြီး သဘာဝရေအတိုင်း
ပြန်လည် စီးဆင်းစေရန် လိုလားနေကြကြောင်း၊ လေးတန်ချောင်းသည်
ကချင်ပြည်နယ်မှ ချောင်းဖျားခံစီးဆင်းလာသည့် ချောင်းတစ်ချောင်းဖြစ်ပြီး
ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် ချောင်းရေမှာ တစ်နှစ်ပတ်လုံး
နောက်ကျိနေပြီး သုံးမရဖြစ်နေသည်မှာ သုံးနှစ်ကျော်
လေးနှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒေသခံတွေက ဒီလေးတန်ချောင်းရေကို  သဘာဝရေအတိုင်း
ပြန်လည်စီးဆင်းနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်ကနေတစ်ဆင့် လွှတ်တော်မှာ
တင်ပြခဲ့ပေမယ့်  နယ်မြေငြိမ်းချမ်းမှုမရှိတာကို အကြောင်းပြပြီး ဘာမှ
မလုပ်ပေးခဲ့ပါဘူး။ ဒေသခံတွေ လက်မှတ်များရေးထိုးပြီး အထက်ကို တင်ပြတာလည်း
တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိပါဘူး။  ချောင်းရေက  သုံးမရလောက်အောင်
တစ်နှစ်ပတ်လုံးနောက်ကျိနေတော့  ရွာတွေကနေတော်တော်ဝေးလံသောနေရာက ရေကို
ငွေကြေးအမြောက်အများ အကုန်အကျခံပြီး ပိုက်တွေနဲ့ သွယ်ယူသုံးစွဲနေကြရသလို
သွယ်ယူသုံးစွဲဖို့ လုပ်နေတဲ့ ရွာတွေလည်း ရှိနေတာပါ။ ငွေကြေးမတတ်နိုင်တဲ့
တချို့ကျေးရွာများမှာ အဝီစိတွင်းများတူးဖော်ပြီး သောက်သုံးနေကြရတာပါ။
ချောင်းကြီးတစ်ချောင်းလုံး ရွာတွေဘေးက ဖြတ်ပြီး စီးနေပါလျှက် သုံးမရအောင်
ဖြစ်နေတာကြောင့် ကျွန်တော်တို့ ဒေသခံတွေမှာ ဖောင်စီးရင်း ရေငတ်ဆိုသလို
ဖြစ်နေရတာပါ။ ကျွန်တော်တို့ ဒေသခံတောင်သူတွေရဲ့ ကျွဲ၊ နွားတွေကလည်း
နောက်ကျိနေတဲ့ ချောင်းရေကိုသာသောက်သုံးနေရတာမို့ မလိုလားအပ်တဲ့ ရောဂါများ
ဖြစ်ပွားမှာကို  စိုးရိမ်နေကြရပါတယ်"ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။





Saturday, April 5, 2014

အတိုင်းအထွာယူနစ်တန်ဖိုး တွေကို အန်းဒရွိက်ဖုန်းပေါ်မှာအလွယ်ကြည့်ဖို့ APK

မော်လူးသားများ အသုံးဝင်မယ် ထင်လို့
ဖေါ်ပြလိုက်ရပါတယ်

ဒေါင်းမရင်  ဖုန်းဆိုင်မှာ  သာ  သွားထည့်ခိုင်းလိုက်ပါ
--------------=====================-------



စင်တင်မီတာ၊မီတာ ၊ကိုက်၊ပေ စတဲ့ အတိုင်းအထွာတွေအပြင် မိုင်၊ကီလိုမီတာ။ဖာလုံ စတဲ့ ခရီးအကွာအဝေး တို့ရဲ့ တစ်ခုတစ်ခု ဘယ်လောက်ရှိမလဲဆိုတာချိတ်ဆက်ကြည့်နိုင်ပါတယ်။ အောက်မှာ ဆိုရင် 1 cubit တစ်တောင်နဲ့ ကျန်တဲ့ယူနစ်တွေမှာဘယ်လောက်ရှိလဲဆိုတာကိုကြည့်ထားပါတယ်။အဲဒီ Unit selection နေရာမှာ ကိုသိလိုတဲ့ယူနစ်ကိုရွေးပေးလိုက်ရင် အောက်မှာ ကိုသိချင်တဲ့ ယူနစ်ကိုပြန်ကြည့်နိုင်ပါတယ် value နေရာကနေ တစ်တောင်ဆို တစ်တောင် နှစ်တောင်ဆို 2 စသဖြင့်ရွေးပေးရတာပါ။အသုံးဝင်မယ့်ကောင်လေးဖြစ်လို့တင်ပေးလိုက်ပါတယ်ဗျာ

။အောက်မှာဒေါင်းလုပ်ဆွဲလိုက်ပါ။ပါဝင်တဲ့ယူနစ်တွေကတော့အပေါ်မှာ ကြည့်နိုင်ပါတယ် ခင်ဗျာ.


ဒီမှာ           နှိပ်ပြီး  down  နိုင်ပါတယ်


Friday, April 4, 2014

တိုင်းမှူး မော်လူးသို့ ရောက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်အောင်လင်းထွေး

3-4-2014  နေ့က မော်လူးသို့ရောက်
ရပ်မိရပ်ဖများ နှင့် တွေ့

အဆင့်မြင့် မြဝတီ ရုပ်သံလွှင့်စက်  တပ်ဆင်ပေးမည် ပြောသွား


Thursday, April 3, 2014

ဖုန်းငွေဖြည့်ကဒ်ကို အပိုထပ်ပေးမယ်တဲ့ MPT က လုပ်ပြန်ပြီ

ပထမဆုံးအကြိမ် ဖုန်းပြောဆိုခ အပို ထပ်ပေးမည်

Thursday, April 03, 2014



လာမယ့် ဧပြီ ၁၂ ရက်နေ့ကနေ ၂၁ ရက် သင်္ကြန်ကာလ အတွင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်တဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ကျပ် ၁ သောင်းတန် ၀ယ်ယူသူတွေဟာ အပိုအဖြစ် နောက်ထပ် ငွေကျပ် ၂၀၀၀ ဖိုး ပြောဆိုနိုင်မယ်လို့ ဆက်သွယ်ရေးမိုဘိုင်းဌာန အင်ဂျင်နီယာ တ ယောက်က ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းချခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်အတွင်း ခုလို အပိုဆောင် ၀န်ဆောင်မှုပေးတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း သတ်မှတ်ကာလကျော်လွန်သည်အထိ ထပ်ဆောင်ငွေကို ကုန်အောင် မသုံးနိုင်ရင် အဲဒီငွေ အလိုအလျောက် ကုန်ဆုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အသေးစိတ် အစီအစဉ်တွေကိုတော့ ဧပြီ ၄ ရက်နေ့ နောက်ပိုင်းမှ တရားဝင် ထုတ်ပြန်ကြေညာမယ်လို့ သူက ပြောပြပါတယ်။

DVB Burmese




ညောင်ပင်သာကျေးရွာတွင် တရားစခန်းဖွင့်

မော်လူးညောင်ပင်သာကျောင်းမှာ

၁.၄.၁၄.နေ့ည(၇)နာရီအချိန် သတ္တမအကြိမ်

မြောက်(၇)ရက်တရားစခန်းဖွင့်ပွဲအခမ်းနားတွင်

ညောင်ပင်သာကျောင်းဆရာတော်ကအဖွင့်


သြဝါဒမိန့်ကြားတော်မူသည်...,,,


Tuesday, April 1, 2014

မော်လူး အရှေ့ တောင်တန်းပေါ်မှ အသံများ မြည်ဟီး

မော်လူး အရှေ့ တောင်တန်း ပေါ်မှ ၁.၄.၂၀၁၄ ရက်နေ့ နံနက် ပိုင်း တွင်

ဗျောက်အိုး ဖောက်သံများ ကဲ့သို့ အသံများ အတွဲလိုက် မြည်ဟီး

နံနက်ပိုင်း ဖြစ်သောကြောင့် တောထဲ သို့ သွားရောက်သော သူများကြားသဖြင့်

ပြန်ပြောပြခဲ့ကြောင်း

နာရီဝက်ခန့်ကြာကြောင်း

အရှေ့တောင်တန်း တောထဲတွင် ဗျောက်အိုး တော့ မည်သူမျှ သွားဖောက်လိမ့်

မထင်ကြောင်း

ဒါကြောင့် သေနတ်သံဖြစ်နိုင်ကြောင့် တောထဲ သို့ သွားရောက်စဉ်

ကိုယ်တိုင် အသံကြားခဲ့သူမှ ပြောပြခဲ့သဖြင့်

မော်လူးသားများ သိနိုင်ရန်... တင်ပြရပါကြောင်း





Monday, March 31, 2014

ကုလားပြည်ရောက် မော်လူးဒေသသား ဦးပစင်းရဲ့ ဘလော့မှစာစုလေးပါ

အရှင်ဇနက (မော်လူး)
အားလုံးကိုကြိုဆိုပါတယ်
Saturday, October 29, 2011

ဗန်းမော်ဆရာတော်ကြီးရဲ့စကား၊ကုလားပြည်မှာမှားခဲ့ပြီ

ပြူတင်းပေါက်တံခါးကိုဖွင့်လိုက်သည်။AdmissionOfficeနှင့်

SilbharaAramaHostelအကြားမြက်ခင်းပြင်တွင်ကုလားမကြီးသုံးလေး

ယောက်နှင့်မူလတန်းအရွယ်၊ရှစ်နှစ်၊ကိုးနှစ်ခန့်ကလေးမလေး

လေးယောက်တို့နွားစာအတွက်မြက်ရိတ်နေကြသည်။

သူတို့၏တံဇဉ်မှာဗမာတံဇဉ်လိုမဟုတ်၊လက်ကိုင်အောက်တွင်

တလက်မခန့်နိမ်ပြီးပြုလုပ်ထားကြသဖြင့်၊မြက်ရိပ်လျှင်မြေကြီး

အထိကပ်၍ရိတ်နိုင်သည်။ရိတ်သူလက်ကိုမထိခိုက်၊မရှနိုင်။

ကုလားပြည်တွင်အလကားလွင့်ပစ်လိုက်ရသည့်အရာကမရှိ

သလောက်ရှားသည်။နွေရာသီတွင်ပူပြင်းခြောက်သွေ့လွန်း

သဖြင့်သစ်ရွက်ခြောက်များကြွေချိန်တွင်၊ဗမာပြည်ကဲ့သို့

သန့်ရှင်းရေးအလုပ်သမားများ၊စည်ပင်သာယာဝန်ထမ်းများ

အထူးမလိုအပ်ပါ၊ကြွေနေသောသစ်ရွက်များ၊သစ်ကိုင်းခြောက်များ

ကိုလောင်စာအတွက်အားလုံးပြောင်သလင်းခါသွားအောင်၊

ကုလားမကြီးငယ်တို့ကသိမ်းဆည်းသွားကြသည်သာ။

ဌာနကတရားဝင်ခန့်ထားသောဝန်ထမ်းများကအနည်းငယ်

ကြည့်ကောင်းအောင်လုပ်လိုက်ရုံသာ။နွားစာအတွက်မြက်ရိတ်

နေသူများကိုနေရာအတော်များများတွင်တွေ့နိုင်သည်။

စပါးခင်း၊ပြောင်းခင်းနှင့်ဂျုံခင်းများကိုရိတ်သိမ်းကြ

လျင်လည်းဗမာပြည်ကဲ့သို့ရိုးပြတ်တောသည်ကျန်သည်မရှိ။

 မြေကြီးမှကပ်၍ရိတ်သိမ်းကြသည်။ကောက်ရိုး၊ပြောင်းရိုး၊

ဂျုံရိုးတို့ကိုဖြတ်တောက်လှီးဖြတ်ခုတ်စဉ်း၍၊ဖွဲနုတို့ဖြင့်

ရောသမမွှေကာနွားစာ၊မြင်းစာအဖြစ်အသုံးပြုကြသည်။

အိန္ဒိယတွင်နွားများကိုတယုတယမွေးမြူကြသည်။

လယ်ယာလုပ်ငန်းနှင့်ဝန်တင်ဆောင်ရန်အတွက်၊

အဓိကထားခြင်းတော့မဟုတ်။နွားနို့အတွက်အဓိကထားမွေး

မြူကြသည်ကများသည်။နွားမွေးခြင်းသည်အိန္ဒိယ၏

လူမှုရေးဇာတ်စနစ်နှင့်လည်းဆက်နွယ်နေပါသေးသည်။

အိန္ဒိယ၏များပြားလှသောဇာတ်စနစ်ထဲတွင်နာမည်၏နောက်၌

(ပရာဆတ်၊ယာတော်)စသည်ဖြင့်မှည့်ခေါ်ထား

သောဇာတ်တစ်ခုရှိသည်။ထိုအနွယ်ဝင်လူတို့သည်

နိုင်ငံတော်သမတကြီး၊ဝန်ကြီးချုပ်ကြီးပင်ဖြစ်လင့်ကစား။

 အနည်းဆုံးနွား တစ်ကောင်တော့မွေးထားကြရသည်ဟုကြားဖူးသည်။

အိန္ဒိယနိုင်ငံသည်အလွန်ကြီးမားကျယ်ဝန်းပြီး၊လူဦးရေထူထပ်များ

ပြားသည်။သူတို့ကိုယ်သူတို့ဘာရတ(မဟာဘာရတ်)

နိုင်ငံသားများအဖြစ်ဂုဏ်ယူတတ်ကြသည်။

ဒီမိုကရေစနစ်အပြည့်အဝအထွန်းကားဆုံးနိုင်ငံဖြစ်သည်။

လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ၊ကိုးကွယ်မှုပေါင်းစုံနှင့်

ဇာတ်စနစ်ပေါင်းစုံနေထိုင်လျက်ရှိသည်။မြို့ပြနှင့်

ကျေးလက်သည်ကွာဟမှုကြီးကြီးမားမားမတွေ့ရတတ်ပေ။

ပြည်တွင်းလေကြောင်းလိုင်းများ၊ဟိုက်ဝေးလမ်းမ


ကြီးများ၊မီးရထားများဖြင့်မိမိသွားလိုရာတနိုင်ငံလုံးရှိမြို့ရွာကျေး

လက်ဇနပုဒ်အထိလွယ်ကူစွာသွားလာနိုင်သည်။ဆက်သွယ်ရေး

စနစ်ကောင်းမွန်သဖြင့်တယ်လီဖုန်းများ၊မိုဘိုင်းများ၊အင်တာနက်စနစ်

များ၊ကေဗယ်စနစ်များ၊ဝါယာလက်စနစ်များကိုလှည်းနေ၊

လှေအောင်းမြင်းဇောင်းမကျန်လူတိုင်းထိတွေ့သိရှိနိုင်

ပြုလုပ်ထားသည်မှာအံ့ဘွယ်ပါပေ။နေရာတိုင်းသောက်ရေသုံးရေ၊

စိုက်ပျိုးရေများရရှိအောင်အစိုးရကပြုလုပ်ပေးထားသဖြင့်၊

ဆယ့်နှစ်ရာသီ၊ရာသီပေါ်သီးနှံများစိုက်ပျိုးနိုင်ကြသည်။

လယ်မြေကွက်များသည်အမြဲတမ်းစိမ်းလန်းလျက်၊သီးနှံစိုက်ခင်း

များအဖြစ်တွေ့မြင်ရသည်။မိုးရာသီမှစတင်၍စပါး၊စပါးပြီးလျင်ဂျုံ၊

ဂျုံပြီးလျင်အာလူး..ကုလားပဲ၊ခရမ်းချဉ်.မုံလာဥစသည်စသည်ဖြင့်

တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည်။စိုက်ပျိုးသလောက်လဲအထွက်နှုန်း

တွေတိုးကြသည်။ခေတ်မှီနည်းပညာများ၊ဓါတ်မြေသြဇာများ၊

သဘာဝဓါတ်မြေသြဇာ(လူချီး)များ၏အထောက်အကူကြောင့်

လဲဖြစ်မည်ထင်သည်။ကျေးရွာများရှိလယ်ယာအခင်း၊ကံသင်း၊

လမ်းမများသည်သူတို့၏အပေါ့အလေး၊အခင်းကြီးအခင်းလေး၊

နောက်ဖေးရှေးဖေး၊သွားရာနေရာများဖြစ်၍ဗမာပြည်လိုတောထိုင်

 ခြင်းမဟုတ်၊လူမြင်ကွင်းတွင်ထိုင်ကြသောကြောင့်ကွင်းထိုင်

ဟုပင်ဝေါဟာရကိုပြောင်းရမလိုဖြစ်နေသည်။

"ရှက်ခြင်းသည်မျက်နှာကရှက်သည်။ဖင်ကမရှက်"ဟုရှေးအင်းဝခေတ်က

အရွဲ့တိုက်တတ်သောဗန်းမော်ဆရာတော်ကြီး၊ငယ်စဉ်ကိုရင်ဘဝက

ဆွမ်းခံသွားရင်းကုဋီတက်ချင်လာသဖြင့်၊လမ်းဘေးသပိတ်ခေါင်းစွပ်ပြီး

 ကုဋီတက်ရင်းအော်ပြောလိုက်သောစကားသည်မမှန်တော့။

"ကုလားပြည်တွင်မှားခဲ့ပြီကောဆရာတော်"..လို့သာလျှောက်ထားလိုက်

ချင်သည်။ယိုသူမရှက်မြင်သူရှက်ဆိုသောမြန်မာစကားပုံတော့

ကုလားတို့တိုင်းပြည်တွင်ယနေ့အထိသွေးထွက်အောင်မှန်ကန်

နေဆဲပါပဲလေ။နောင်လဲဆက်လက်မှန်ကန်နေဦးမည်ထင်ရဲ့။

ဤလက်နက်သည်ကားကုလားတို့၏လက်လွပ်ရေးတိုက်ပွဲတွင်၊

အစွမ်းထက်လှသောလက်နက်ဆန်းကြီးတစ်ခုအဖြစ်ပါဝင်ခဲ့သည်

ဟုဆိုသည်မဟုတ်လား။
ဇနကမော်လူး............ at 6:33 AM


Friday, March 28, 2014

မိုးညှင်း မှာ ဆန္ဒ ထုတ်ဖေါ် ကြသတဲ့



ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ မိုးညှင်းမြိုခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အပြင် မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းဖို့ကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မိုးညှင်းခရိုင် NLD ပါတီက ကိုမင်းဆွေနိုင်က ပြောပါတယ်။

"မနေ့က ကျနော်တို့ မြစ်ဆုံစီမံကိန်း အပြီးအတိုင် ဖျက်သိမ်းရေးရယ်၊ ငြိမ်းချမ်းရေး အနိုင်ရရှိရေးရယ်၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးရယ်၊ ပုဒ်မ ၅၉(စ) ဖျက်သိမ်းဖို့ အဲဒါဦးစားပေးလုပ်တာပါ၊ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ချင်တဲ့အင်အားစုက နည်းတဲ့အတွက်ကြောင့်မို့ လူထုကနေ စတင်ဖော်ထုတ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့စတာပါ"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲကို ကချင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ခွင့်ပြုမိန့်နဲ့ တရားဝင်ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို နမ္မား၊ ဟိုပင်၊ မိုးကောင်း၊ ဖားကန့် စတဲ့ မြို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေအပါအ၀င် ဒေသခံပြည်သူ နှစ်ရာ နီးပါးပါဝင်ခဲ့ပါတယ်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာလည်း ဒီနေ့ကျင်းပခဲ့ပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ သိမ်းဆည်းခံထားရတဲ့ မြေတွေပြန်ပေးဖို့အတွက် ထောင်ဂဏန်းလောက်ရှိမယ့် ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြတောင်းဆိုတာဟာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေထဲက စစ်တပ်အသုံးမပြုဘဲ ပိုနေတဲ့ မြေတွေကို ပြန်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေသခံလယ်သမား ကိုအောင်မျိုးခန့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က မိုးဗြဲမြို့နယ်မှာ လယ်မြေဧက ၇၀၀ ကျော်ကို ဒေသအခြေစိုက် ခမရ ၄၂၂ က နယ်မြေလုံခြုံရေး နဲ့ တပ်စခန်းလုံခြုံရေးအကြောင်းပြပြီး သိမ်းဆည်းခဲ့တာလို့သိရပါတယ်။ အဲဒီ လယ်မြေဧက ၇၀၀ ကျော်ကို မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်က ဒေသခံတွေ ပိုင်ဆိုတာလို့ သိရပါတယ်။ ခမရ ၄၂၂ က လယ်မြေ အားလုံးကို အသုံးမပြုပဲ ပြည်သူ့စစ်နဲ့ အစိုးရဌာနဆိုင်ရာတွေကို ပြန်လည် အငှားချထားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အဲ့ဒီလယ်ယာမြေတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် နိုင်ငံတော်သမ္မတရုံးအထိ စာရေးသားတင်ပြခဲ့ပေမဲ့ ဖြေရှင်းပေးတာ မရှိသေးဘူးလို့
ဆိုပါတယ်။

RFA Burmese










အာဖဂန်နစ္စတန်တွင် ဗုဒ္စသာသနာ ကွယ်ပျောက်သွားရခြင်းအကြောင်း



အစ္စလာမ်ဝါဒမထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာ မှာ
ဗုဒ္စဘာသာဖြစ်သည် ။

အာဖဂန် နိုင်ငံ     ဟင် ဒုကတ် ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင်
ဗုဒ္စဘာသာ သည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည် ။

ကမ္ဘာ. ပထမဆုံးသော ဗုဒ္ဓရုပ်ပွားတော်မြတ် ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင်
 ဂန်ဒါရာတွင် တည်ထားခဲ.ကြသည်။

ယခုအခါ ထိုဒေသကို ကန်ဒါဟာ
ဟုခေါ်ကြသည်။ သမိုင်းဆိုင်ရာသက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင်
အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရာဇ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု) ကပင်
ဗုဒ္စဘာသာ အခြေတည်ခဲ.ကြောင်း သုတေသီတို.ကသုံးသပ်ကြသည် ။

ထိုသို. စောစီးစွာ အခြေတည်ခဲ.သော ဗုဒ္စသာသနာမှာ အေဒီ (၇) ရာစုတွင်
စတင်မှေးမှိန်လာခဲ.ပြီး ၊
အေဒီ (၁၁) ရာစုတွင် လုံးဝကွယ်ပျောက် ချုပ်ငြိမ်းသွားခဲ.လေသည် ။

ဤဒေသမှာ တရုတ်တို.၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ
်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည် ။ ဂရေကိုဘက်တားရီးယန်း မင်းဆက်မှ
ဘုရင်တစ်ပါးဖြစ်သော မိန္ဒာ ဘုရင်ကြီးလက်ထက်တွင် ထေရ၀ါဒ ဗုဒ္စဘာသာ သည်
အာဖဂန်နစ္စတန်တွင် ထွန်းကားခဲ.ပါသည်။

မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ.ရှိချက် များအရ အာဖဂန်နစ္စတန်နိုင်ငံ
လော်ဂျာပြည်နယ်
(ကဘူးမြို.တောင်ဘက်)
တွင် ဗုဒ္စ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ.ရှိခဲ.ပါသည် ။

ဗုဒ္စ သာသနိက အဆောက်အအုံများကို
လည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ.ရှိခဲ.ပါသည် ။
လော်ဂျာပြည်နယ် ၌ ရှာဖွေတွေ.ရှိခဲ.သမျှ ပစ္စည်းများထဲတွင်
ရှေးဟောင်းစေတီတော် နှစ်ဆူ ၊ ဗုဒ္စ ရုပ်ပွားဆင်းတုတော်များ ၊ နံရံ
ပန်းချီများ ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများ ၊ ရှေးဟောင်း ပုတီးများပါဝင်ပါသည် ။

ဘက်တားရီးယန်း စာပေပညာရှင်နှင်.စစ်သည်တော် ( မိလိန္ဒပဥှာ ကျမ်းအရ
မိလိန္ဒမင်းကြီး ) တစ်ဦးသည် အိန္ဒိယ မှ ရောက်လာသော နာဂသေနဟု အမည်ရသောမထေရ်
တစ်ပါးနှင့်တွေ.ပြီး ဗုဒ္စဘာသာဝင်အဖြစ်ကူးပြောင်း
ရောက် ရှိခဲကြောင်းသိရပါသည်။

မြတ်ဗုဒ္စ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော
တဖုဿနှင်.ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို.၏ ဇာတိမြို့ ဖြစ်သော
ဘာသ်မြို့ တွင် ဘုန်းတော်ကြီးကျောင်း
တစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ.ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံး
တည်ထားကိုးကွယ်သော ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်လာပါသည်။

( ရွှေတိဂုံ စေတီတော်မြတ် ရာဇဝင်လာ နာမည်များနှင့် ဆင် တူနေသည်မှာ
စဉ်းစားဖွယ်ရာ ပင်။
ဘာသာပြန်သူ၏ စကားချပ် )

ဘာမီယန်တောင်တန်းသည် လိုဏ်ဂူ
များပေါများလှသောတောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး
၎င်းတောင်များအတွင်းရှိလိုဏ်ဂူများတွင်
သီတင်းသုံးကြသော ဗုဒ္စဘာသာ ရဟန်းတော်များသည် ဗုဒ္စ၀င်
နိပါတ်တော်များ ကိုကျောက်ဂူနံရံ
များတွင် နံရံပန်းချီများအဖြစ်ရေးချယ်ခဲ.ကြပါသည်။

ဘာမီယန်တောင်ကြားဒေသရှိကျောက် ဂူနံရံများတွင်ထွင်းထုထားသော
ဗုဒ္စရုပ်ပွားတော်များကို ဘာမီယန် ဗုဒ္စရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး
သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍မရအောင် အလွန်ရှားပါးအဖိုးတန်လှပေသည်။

ထိုဗုဒ္စရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင်.
အရွယ်အစားအကြီးဆုံးမှာ ညဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ
ကိုယ်တော်ကြီးဖြစ်သည် ။

ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ.သော ၁၁ နှစ် (၂၀၀၁ ခုနှစ်) က
တာလီဘန်သူပုန်များက ဒိုင်းနမိုက်ဖြင်.ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ.သည် ။

မူဆလင်များသည် ရုပ်တုကိုးကွယ်မှုမပြုရဟု အယူရှိသောကြောင်.
တာလီဘန်တို.သည် ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ
ဖြစ်ခဲ.ပုံရသည် ။

ထိုလုပ်ရပ်ကိုတားဆီးရန် ထိုစဉ်က
ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ ဖြစ်ခဲ.ပုံရသည် ။
ထိုလုပ်ရပ်ကိုတားဆီးရန်
ထိုစဉ်ကပါကစ္စတန်နိုင်ငံတွင်ရောက်ရှိနေသော ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် က

“ တာလီဘန်တို.သည် ကိုယ်.ကိုယ်ကိုသာမက အစ္စလမ်ဝါဒအတွက်ပါ အကျိုးမဲ.စေသော
လုပ်ရပ်ကိုလုပ်ခဲ. လေပြီ “ ဟု ပြောကြားခဲ.ပါသည် ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တားဆီးနေသည်.ကြားမှ ၂၀၀၁ ခု
မတ်လ(၁၁)ရက်တနင်္ဂနွေနေ.တွင်ရုပ်ပွားတော်ကြီး နှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ.စင့်
 နောက်စင့် ဒိုင်းနမိုက်ဖြင်.ဖြိုခွဲဖျက်ဆီးခဲ.သည်

ထိုကိစ္စနှင်.ပါတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ ၊ ဂျပန် တို.မှ
ကိုယ်စားလှယ်အဖွဲ.များလွှတ်ကာ ထိုသို.မလုပ်ဖို.
စေ.စပ်ဆွေးနွေးခဲ.သော်လည်းမအောင်မြင်ခဲ.ပေ။ ဒါတွေဟာ
အစ္စလာမ်တရားတော်နဲ.မညီလို. ဖယ်ရှားရတာပါဟု တာလီဘန်တို.က အကြောင်းပြခဲ.သည် ။
UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ “အစ္စလာမ်နာမည်ကိုခုတုန်းလုပ်ပြီး
ဘယ်သူ.ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ.အလုပ်ကို သူတို. လုပ်နေကြတယ် ။
ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ် “
 ဟု ပြောခဲ.သည် ။

အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ.အမွေအနှစ်များ အာဖဂန် သမိုင်းတွင် ပြန်
အဖတ်ဆယ်၍မရအောင်
ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင်သူတို.နှမျော
ကောင်းနှမျော တသနေပါလိမ်.မည်။

ကမ္ဘာ.ဗုဒ္စဘာသာနိုင်ငံများသည် ကုလသမဂ္ဂ ၊ ယူနက်စကို တို.နှင်.ပူးပေါင်း၍
ထိုစဉ်ပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.ပါမူ ထိုအဖြစ်ဆိုးမ
ှရှောင်လွဲကောင်းရှောင်လွဲနိုင်ပါလိမ်.မည် ။
တာလီဘန်တို.သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီး များကိုသုံး၍
၂၀၀၁ ခုမတ်လတွင် ဗုဒ္စရုပ်ပွားတော်များကိုဖျက်ဆီးခဲ.ပါသည်
ထိုဖျက်ဆီးခံရသော ဘာမီးယန်းဗုဒ္စရုပ်ပွားတော်နှင်.တစ်ပုံစံထဲတူသော(
ညာဏ်တော်ပို၍မြင်.သော) ပုံစံတူ သြကာန ရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင်
 တည်ထားကိုးကွယ်ခဲ.ကြပါသည် ။

ရှေးအခါကလည်းအာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများ ရှိခဲ.ကြ
၊ကိုးကွယ်ခဲ.ကြဖူးပါသည်။
သို.သော် ဘာသာတစ်ခုကအခြားဘာသာများကိုလေးစားခဲ.ကြသည် ။

ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster ( အီရန်နိုင်ငံတွင်စတင်ခဲ.သော
ဘုရားသခင် ဘက်တော်သားများသည် မိစ္ဆာဝါဒီများကို အဆက်မပြတ်
တိုက်ခိုက်သုတ်သင်ရေးဝါဒ) ၏ မူလ
ဘူတစတင်မွေးဖွားရာနေရာဖြစ်နေသည်

နောင်သောအခါဤ၀ါဒမှာ အီရန်သို.ရောက်ရှိပျံ.ပွားသွားပြီး
မကောင်းသူပါယ်ကောင်းသူကယ်ဝါဒ Zoroastrianism. ဟု ထင်ရှားခဲ.သည် ။
ဂရေ.(စ်)ကို ဘက်ထရီယန် လက်ထက်တွင် ဗုဒ္စဘာသာ နှင်.ဇောရိုးဝါဒ မှာ
ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ.ကြသည် ။

တမန်တော်မိုဟာမက်ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ ( အေဒီ ၆၀၀ )
အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီး နောက်ဘက်တားရီးယားဒေသ
ကိုဆက်လက်တိုက်ခိုက်ပြီး ဗုဒ္စဘာသာထွန်းကားရာ ဘော်လ်ကာဒေသ ( Balka )သို.ပါ
ရောက်ရှိလာခဲ.သည် ။

၎င်းတို.အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္စဘာသာဝင်များကို
လူခွန်စတင်ကောက်ခံခဲ.သည် ။ ဘုရားကျောင်းကန်စေတီ
ပုထိုးများသို.သွားရောက်ဖူးမျှော်ပူဇော်ကန်တော.သူများကိုလည်းဘုရားဖူးခွန်များ
ကောက်ခံခဲ.သည်


ကဘူးရှိဘုန်းကြီးကျောင်းများကို ၀င်ရောက်လုယက်ဖျက်ဆီးကြပြီး
ဗုဒ္စရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။
နာကျည်းဖွယ်အနိုင်ကျင်.ခံရမှု့သည် ဤမှာပင် စသည် ။

ကဘူးတွင် ဗုဒ္စဘာသာသည် တဖြည်းဖြည်းအားးနည်းလာပြီး
နောက်ဆုံးတွင်အာဖဂန်နစ္စတန်မှ လုံးဝ ပျောက်ကွယ်သွားရတော.သည် ။
အေဒီ (၇) ရာစုတွင် အာဖဂန်သို. မူဆလင်များစတင်ရောက်ရှိလာပြီး
(၁၀)ရာစုသို.ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလမ်ဘာသာ
သို.ရောက်ရှိခဲ.သည် ။

၁၁ ရာစု တွင်ကား ဗုဒ္စဘာသာသည် အာဖဂန်နစ္စတန်မှ လုံးဝ
ချုပ်ငြိမ်းထွက်ခွာခဲ.ရသည် ။
(မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို. ဗုဒ္စဘာသာရောက်လာချိန်မှာ အာဖဂန်တွင်
ဗုဒ္စဘာသာ ချုပ်ငြိမ်းချိန်ဖြစ်နေပေသည် ။
စကားချပ် )

အာရပ် တို.အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို
သယ်ဆောင်လာဖို. စစ်ရေးဖြင်.ကျူးကျော်ဝင်ရောက်လာသောအခါ
အာ ဖဂန်ဒေသခံတောင်ပေါ်သားတို.သည် ၎င်းတို.၏ ပိုင်နက်နယ်မြေကို
လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ.ကြပေသည် ။

ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္စဘာသာ ၊ ဟန္ဒူဘာသာ၊ ဇောရိုးဝါဒ ၊ ဂျူးဘာသာ
များကို မိမိ ယုံကြည်ရာကိုးကွယ်ခဲ.ကြ ပေသည် ။

အာရပ်များသည် ဒေသခံများကို
အစ္စလာမ်ကိုးကွယ်သူများဖြစ်စေရန်အတင်းအကြပ်ဘာသာပြောင်းစေရန် ကြံဆောင်မှု မှာ
 ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ်အပြင်းအထန် ခုခံ
တော်လှန်မှုကြောင်.မအောင်မြင်ခဲ.ပေ။

အေဒီ (၈၇၀)တွင်မူ ယနေ.ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာ
တော်တော်များများကို ရာကွတ် ဘင်လာသီ ဆာဖာ ဆိုသူက
တိုက်ခိုက်အောင်မြင်ခဲ.ပြီး အစ္စလမ်ဝါဒ ကို စစ်ရေးဖြင်.တိုးချဲ.နိုင်ခဲ.သည်

။အတင်းအကျပ်ဘာသာပြောင်းခံရသ
ူများသည် အခွင်.သာသည်နှင်.သူပုန်ထကြပြီး သူတို.၏ မူလ ဘာသာ ကို
ပြန်လည်ဆည်းကပ်ကြသည် လည်းရှိခဲ.သည် ။

အေဒီ (၈) ရာစုနှင်.(၉) ရာစုကြားကာလများတွင် ယနေ.ခေတ် အာဖဂန်နစ္စတန်
၊ပါကစ္စတန် နှင်. အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများမှဒေသခံများမှာ ဆွန်နီ
အစ္စလာမ် ဘာသာသို. သွတ်သွင်းခြင်းခံကြရသည်

အေဒီ (၉၉၈ နှင်. ၁၀၃၀ ) ကြားတွင်အုပ်ချုပ်ခဲ.သော
တူရကီမင်းဆက်စူလတန်မိုဟာမက်သည် အိန္ဒိယနိုင်ငံ ကို ၁၇ ကြိမ်ခန်.
ဝင်ရောက်တိုက်ခိုက်ခဲ.ပြီး အိန္ဒိယ နှင်. အာဖဂန်နစ္စတန်တွင်
လူအစုလိုက်အပြုံလိုက် အစ္စလမ်ဘာသာသို. အတင်း
အဓမ္မပြောင်းလဲဝင်ရောက်စေခဲ.သည် ။

တောင်ကုန်.တောင်တန်းများပေါ်တွင်နေထိုင်ကြသော ဒေသခံ အာဖဂန်များကတော.
အစ္စလမ်ဘာသာသို.မ၀င်ပဲ နေခဲ.ကြသည် ။

ထိုဒေသတွင်တော. အုပ်ချုပ်သူ ပြည်နယ် ဘုရင်ခံများသည် ဂျာလာလာဘတ်
အနီးရွာများတွင် ဟိန္ဒို ၊ မူဆလင် ၊ အာဖဂန် မိန်းမများစွာ ကို ယူကာ
အစ္စလာမ်ဘာသာ တိုးတက်အောင်လုပ်ခဲ.ကြသည် ဟု အေဒီ ၉၈၂ တွင် ရေးသားသော
ဟူဒတ်အယ်အလမ်(Hudud-al-Alam ) ဆိုသော စာအုပ်တွင် ဖော်ပြခဲ.သည် ။

လုပ်သက် ၃၄ နှစ်ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှုး ဖြစ်သူ အိုမာခန်
မက်ဆိုဒီ က အာဖဂန်၏ ခေတ်အဆက်ဆက်မှအလွန်လက် ရာမြောက်သော ဗုဒ္စရုပ်တုများကို
သူတို. လျှို.၀ှက်စုဆောင်းနိုင်ခဲ.သောကြောင်.အလွန်ဂုဏ်ယူကြောင်း။

သူတို.သည် ဗုဒ္စရုပ်ပွားတော်
အဆူ၃၀၀ ခန်.ကို ပြတိုက်အနီးမြေအောက်ခန်းထဲတွင် လျှို.၀ှက်သိမ်းဆည်းထားပြီး
ပြတိုက်ဝန်ထမ်းများကကာကွယ်စောင်.ရှောက်ထားကြောင်း ပြောကြားခဲ.သည် ။
ဘာမီယန် ဗုဒ္စရုပ်ပွားတော်ကြီး
ဖျက်ဆီးခံရမှု့ကို သူတို.အလွန်စိတ်မကောင်းဖြစ်မိကြောင်း ၊
အဘယ်ကြောင်.ဆိုသော် ဤ ရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏
သမိုင်းကြောင်းဖြစ်နေသောကြောင်.ဖြစ်သည် ဟုလည်းပြောကြားခဲ.ပါသည်။

ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင် မတည်ထားခင်ကအထိ ဗုဒ္စ ဘာသာ
ပေါ်ထွန်းစ ကာလများတွင် မည်သူမျှ ဗုဒ္စ ကို ရုပ်တု ၊ ရုပ်ပွားလုပ်၍
မကိုးကွယ်ခဲ.ကြပါ ။

ကနဦးတွင် လူ.ပုံသဏ္ဍန်ကို ရှောင်ရှားပြီး အခြား သင်္ကေတများကိုသုံး၍
ကိုးကွယ်ပူဇော်ခဲ.ကြသည် ။လူတို.သည် ရှေးဦးစွာ ဗုဒ္စဘုရားရှင်၏ ခြေတော်ရာ
(စက်တော်ရာ ) ကို ပုံတူပြု၍ ကိုးကွယ်ခဲ.ကြသည်။

ခြေတော်ရာပုံထဲတွင် မဟာယာနဗုဒ္စဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင်.ဆင်
တူသော အင်းများကို ကို ထည်.သွင်းရေးဆွဲခဲ.ကြသည်

။ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာတွင်
သင်္ကေတများထည်.သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ
ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာ သင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို.
အဓိပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာသုတေသနလုပ်ခဲ့သည့် 
ဒေါက်တာ ၀ဲဓမ္မဆေလာ ကပြောပါသည်
ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရေးခဲ.သော ဂေါသ ကျမ်း၌ လည်း ဗုဒ္စဘုရားရှင်သည် သူ၏
လက်ဝဲဘက်ခြေတော်ရာကို သမ္မန်နိုလာ(သီရိလကာင်္) အရပ် တွင်ချတော်မူပြီး၊
လက်ယာဘက်ခြေတော်ရာကို ယိုနာကာပူရ် ( ဆော်ဒီအာရေဗျ ) နိုင်ငံ မက္ကာမာ ( မက္ကာ )
 တွင်ချတော်မူသည်ဟုအထူးအလေးထားဖော်ပြထားပါသည် ။

ဤအချက်သည် မူဆလင်တို.က ကဘာ ဟုခေါ် သော မက္ကာရှိခြေရာတစ်ခု ကိုရည်ညွှန်းပုံ
ရသည် ။ မူဆလင် ၊ ခရာဇ်ယန်နှင်. ဂျူး ဘာသာဝင်တို.ကအလေးအမြတ်ထားကြသော
အေဘရာဟမ် ဆိုသည်. ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌သူ၏ခြေရာကို တစ်ချိန်က
ချထားခဲ.သည် ဆို၏ ။

ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည်ရှိနှင်.နေပြီးဖြစ်ရာ အေဘရာဟမ်သည်
ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ.ပြီး ကျောက်တုံးတစ်ခုနှင်.
ဖုံးအုပ်ထားခဲ.ပြီး ခြေရာအမည်ကို ကဘာ ဟုအမည်ပေးခဲ.သည်ဟုဆို၏။

ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြင်ဆင်မှုများ
ပြုလုပ်ခဲ.ကြသည် ။ ထိုနေရာကိုမြင်.မြတ်သောနေရာအဖြစ်သတ်မှတ်ပြီး
မူဆလင်များသာ ၀တ်ပြုပူဇော်ရန်ဝင်ခွင်.ပြုသည် ။

ဗုဒ္စဘာသာဝင်များကတော. ထိုနေရာသို. မြတ်စွာဘုရားခြေတော်ရာ ဖူးမျှော်
ရန်ဘယ်တုန်းကမှ မသွားခဲ.ကြပါ။

သို.သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံး
ပြုကိုးကားနေကြရဆဲဖြစ်သည် ။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါအကြောင်းများကိုတော.
မည်သူမှ မှားသည် မှန်သည် မဆန်းစစ်နိုင်ခဲ.ပါ။

သင်္ဂါယနာတင်ရာတွင် ထည်.သွင်းမဖော်ပြခဲ.သော်လည်း မဟာဝံသ ကျမ်းများအလိုအရ
ဗုဒ္စဘုရားသခင်သည်
သီရိလင်္ကာ ( သီဟိုကျွန်း) သို. သုံးကြိမ်ခန်. ကြွရောက်ခဲ.သည်ဟုမှတ်တမ်း
တင်ထားပါသည် ။

ဤကိစ္စသည် အသေးစိတ်ဆက်လက် လေ.လာသုတေသနပြုသင်.သော ကွင်းဆက်တစ်ခုဖြစ်ပါသည် ။
အာဖဂန်နစ္စတန်ကဲ.သို.ပင် ဗုဒ္စ သာသနာ စည်ပင် ထွန်းကားပြီးမှ
ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာအိန္ဒယနိုင် ငံ
တောင်ပိုင်းဖြစ်ပါသည်။

ပါရဂူဘွဲ.အတွက်ကျမ်းပြုရန်
ကွင်းဆင်းလေ.လာခဲ. သော ဒေါက်တာ ဟီကိုဆာကီ ၏ အဆိုအရ
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင်. ထေရ၀ါဒ
ရဟန်းတော်များသီတင်းသုံးခဲ.သည်. ဘုန်းတော်ကြီးကျောင်းပေါင်းများစွာကို
တွေ.ခဲ.ရသည်ဟုပြောပါသည်။

ယခုအခါ ဗုဒ္စဘာသာနှင်. ဟိန္ဒူဘာသာမှာ အိန္ဒိယမှာရော ၊ သီရိလင်္ကာ မှာပါ
ရောထွေးနေပေသည်

ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္စ ရုပ်ပွားတော်တွေ.ရမည်ဖြစ်ပြီး ၊
ဗုဒ္စဘာသာ ဘုရားပုထိုးများမှာ
လည်းဟိန္ဒူ နတ်ရုပ်များ ရှိလေသည်

ဗုဒ္စဘာသာ ကိုရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ.သော အာဖဂန်နစ္စတန်နှင်.ယှဉ်၍
သုံးသပ်ကြည်.စေလိုပါသည် ။

ဗုဒ္စဘာသာ သာသနာပြု မင်းကြီး ဖြစ်သော သီရိဓမ္မာသောကမင်းကြီး ၏ စကားကို ယူ၍
သုံး ရလျှင် “ အကြင်သူသည် မိမိကိုးကွယ်ရာဘာသာကိုသာချီးမြှင်.မြှောက်စားလျက်
 အခြားဘာသာများကို ကဲ.ရဲ. မရှုတ်ချထိုက် ၊ အခြားဘာသာအယူဝါဒများကိုလည်း
သူတို.ကိုးကွယ် ယုံကြည်မှုနှင်.အညီ လေးစား အသိအမှတ်ပြုရမည်။

ဤသို.ပြုခြင်းဖြင်. ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။
မိမိအယူဝါဒနှင်.မတူသူများကို ပြစ်တင်ရှုတ်ချခြင်းမလုပ်ရာ။

မိမိဘာသာ အယူဝါဒကိုသာချီးမြှောက်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒ ကို
ပိတ်ပင် နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက
ကိုယ့် အယူဝါဒကိုပင် နိမ်.ကျပျက်ဆီးစေ၍ ရှောင် ကျဉ် ရ ပေမည်။

စာရေးသူ....……………………
သရဝဏ်- ပြည်"


 တွေ့ဆုံရာ ကမ္ဘာ မျှ ကူးယူမျှဝေသည်

Thursday, March 27, 2014

'ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း

မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။
၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။
ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။

၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။
ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။
ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။
ဂင်းနစ်ဘီယာကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။

ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။

 ၎င်းအငြင်းအခုံမှာမည်သည့်ငှက်သည်အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။

ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။

 စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။

၎င်းတို့သည်သတင်းထောက်များ၊ဂျာနယ်တိုက်များမှအချက်အလက်များကိုရယူပြီးစာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။
 ပြီးနောက်ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။

စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။

ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။

 တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။

 ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။

ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ဂင်းနစ်စာအုပ်သည်တစ်ကမ္ဘာလုံးမှစံချိန်များကိုမှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ
 ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။

အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။

 ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။

 ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။

ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။

မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါ သည်။

 ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။

သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။

တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။

 ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင်ပညာဉာဏ်ကြီးမားလွန်းလှပါသည်။

 ရေးဖြေ ဖြေဆိုရာ၌လည်း




သီလက္ခန္ခ၀ဂ် - ၉၃-မှတ်မဟာဝဂ် - ၉၇-မှတ်ပါတိက၀ဂ် - ၉၇-မှတ်ပါရာဇိကဏ် - ၈၉-မှတ်ပါစိတ်ပါဠိတော် - ၉၉-မှတ်မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်စူဠ၀ဂ္ဂပါဠိတော် - ၉၈-မှတ်ပရိဝါပါဠိတော် - ၁၀၀-မှတ်

စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။

ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။

၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။

၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။

ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။

 ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။

ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။

 ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။

သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီးဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


Wednesday, March 26, 2014

(၆၉)နှစ်မြှောက်တပ်မတော်နေ့ကိုဂုဏ်ပြုပါတယ်

ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်သည့်နေ့





ဧရာဝတီ အွန်လိုင်းသတင်းတွင် ဖော်ပြထားသည့် မော်လူးသတင်း


နန့်စီးအောင် ဘူတာတွင် မန္တလာရထား ရပ်နားသည့် ဖွင့်ပွဲကျင်းပ


မော်လူး ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် စကိုင်းနက်ရုပ်သံဖမ်းစက်တပ်ဆင်


စုဖုရားလတ်အကြောင်း သိမှတ်စရာလေးပါ

စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..

လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...
ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။ ♦

ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...

♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...

♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...

♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...

♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...

♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...

♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...

♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...

ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ???

တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ???

ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...

ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...


၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။

ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်...
အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။

အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...

သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့်

နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့..... လေးစားတယ်ဗျာ...။

နေ၀န်းနီ (မန္တလေး)


Monday, March 24, 2014

မော်လူး သူတစ်ဦး ရဲ့ ရင်ထဲက စကားလေးပါ

facebook  မှ ကူးယူ  တင်ပြသည်

ဂုဏ်ယူကြပါစို့

ကျွန်မအပျိုစင်ဘဝတုန်းကစိတ်ကူးဆန္ဒတစ်ခုရှိခဲ့ပါတယ်

အိမ်ထောင်ကျလို့ သားယောက်ျားလေးထွန်း

ကားလို့အရွယ်ရောက်ရင် ရှင်ပြုမယ် ဆံချတဲ့

အချိန်လေးမှာသားလေးရဲ့ဆံပင်များမြေပေါ်မ

ကျအောင်ပုဝါဖြူလေးကို.

ကိုကိုနှင့်တယောက်တစ်ဖက်ကိုင်ပြီးဆံပင်များခံယူဖို့စိတ်

ကူးဆန္ဒရှိခဲ့ဘူးပါသတဲ့...,,

..ဒါက.အမျိုးစောင့်တဲ့ဗုဒ္ဓဘာသာမြန်မာအမျိုး

သမီးကောင်းလေးတစ်ယောက်ရဲ့မွန်မြတ်တဲ့

ဆန္ဒလေးပါ...,,မြန်မာအမျိုးကောင်းသမီးလေးများ

 သူမကဲ့သို့စိတ်ဆန္ဒ

ကောင်းများရှိလာစေရန်ရည်ရွယ်၍ FB.မှာ

တင်လိုက်တာပါ....,,