Sunday, December 13, 2015

တစ်ခါက ညများ

တစ်ခါက ညများ
@@@@@@@@
"ညတွေ အိပ်မရတာ များနေပြီ. . ."
ဒီစာကြောင်းလေးကို ဖတ်မိပြီး ခင်ဗျားတို့တွေ ဘယ်လိုတွေးမိသလဲ ?
ဘာတွေတွေးမိသလဲ ? တစ်ချို့ကပြောမယ် .... ကြမ်းပိုးကိုက်လို့ ဖြစ်မှာပေါ့
. . . တစ်ချို့ကျတော့ "ဟေ့ ကောင် . . . မင်း . . ကြောင်နေပြီလို့လည်း
ဆိုချင် ဆိုကြလိမ့်မပေါ့ . . . ''

ဒီလိုထင်မြင်ယူဆချက်တွေဟာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ..... ညတွေရဲ့
တိတ်ဆိတ်မှုတွေတိုင်း ... ညတွေရဲ့ မှောင်မိုက်မှုတွေတိုင်း .....
အိပ်စက်လိုခြင်းတွေက ပျောက်ပျောက်သွားနေကြတာပါ . . .။

တကယ်တော့ အဲ့ဒီတိတ်ဆိတ်မှုတွေ အဲ့ဒီမှောင်မိုက်မှုတွေနဲ့ တန်ဆာဆင်ထားတဲ့
ညတွေထဲမှာ ကျနော့် အတွေးတွေဖြန့်ကျက်နေခဲ့တာ ... ကျနော့်အတွေးတွေ
ပြေးလွှားနေခဲ့တာ . . . ကျနော့်ရဲ့ည ဟင်းလင်ပြင်ကြီးမှာ
စိတ်ကူးကြယ်ပွင့်တွေ တလက်လက်တောက်ပလို့ပေါ့ . . . ကျနော် ဘယ်လို
အိပ်စက်ရပါ့မလဲ . . . .။

''မျက်စိမှတ်ပြီး အိပ်စက်ပစ်ဖို့ ကြိုးစားမိတယ် . . . ကျနော့်နားထဲမှ
အသံတွေကြားနေရတယ် . . . အဲ့ဒီအသံတွေရဲ့ နောက်ကိုလိုက်ရင်း ကျနော်
အိပ်စက်ပစ်ဖို့ မေ့မေ့နေခဲ့တာ ရက်ပေါင်း မနည်းတော့ဘူး . . . ။
အိပ်စက်ရမှာ ကြောက်လာတယ် . . . ဒါဘာဖြစ်တာပါလိမ့်လို့
မတွေးမိနိုင်လောက်အောင် ကျနော် အံ့သြနေမိတာ . . . ဒီခံစားမှုတွေကို
တောင်စဉ်ရေမရ အတွေးတွေကြောင့် "မင်းရူးနေပြီလို့ .....လာမစွပ်စွဲကြပါနဲ့
. . . " ကျနော့် ညတွေတိုင်း ကမ္ဘာကြီး ကို သိမ်းပိုက်ဖို့ ကြံစည်နေမိတာ .
. . .

"ဟော . . . ဒီညတော့ ထူးထူးဆန်းဆန်း ကျနော်အသံတွေကြားနေရပြန်ပေါ့ . . .
ကျနော့်စိတ်ကူး အတွေး အကြံအစည်တွေကို ဖျက်လို ဖျက်ဆီးလုပ်မဲ့
တစ်စုံတစ်ယောက်သောသူရဲ့ အသံတွေ . . . စိတ္တဇဆန်နေလိုက်ပုံများ . . . ညဟာ
ဖရိုဖရဲတွေ ဖြစ်လို့ . . . . ညရဲ့ကြမ်းပြင်မှာ ကြားနေရတဲ့
ခြေသံတစ်ရှပ်ရှပ်ဟာ ကျနော့်ကို အတားအဆီးတွေရဲ့ အလယ်က နံရံတွေဆီကို
တဖြည်းဖြည်းချင်း တွန်းပို့နေကြတယ် . . . .

"ညရဲ့ အသံတွေ ကျနော့်နားထဲမှာ ပဲ့တင်ထပ်နေတယ် . . . ကျနော်ဒီလောကကြီးထဲက
ထွက်ခွာသွားရလိမ့်မယ် . . . ကျနော်ဟာ တန်ဖိုးမဲ့ လူသားတစ်ယောက် . . ."
ကြားနေရတဲ့ ညရဲ့အသံဟာ အစစ်အမှန် မဟုတ်ဘူးဆိုတာ သက်သေပြဖို့လိုတယ် . . .
ဒါဟာ ညရဲ့ လှည့်ဖျားမှုသက်သက် ... ဒါဟာ ညရဲ့ မာယာ . . . မင့်ငါ့ကို
မလှည်းစားနဲ့ ညရေ . . . .

ဟော . . . ညရဲ့ နှုတ်ခမ်းကွေးကွေးလေးက ပြုံးပြနေတယ် . . . ဒါဟာ
လှောင်ပြုံးတစ်ခု . . . ဘာလို့ အမှောင်ဆုံးညတွေက အိပ်စက်ခြင်းကို
မဆောင်ကြဉ်းပေးတာပါလိမ့် . . . . ကျနော့်ဟာ အိပ်စက်ခြင်းနဲ့
တစ်ဖြည်းဖြည်းဝေးကွာ . . .

ဒီအမှောင်ညတွေကို ကျနော်တွန်းလှန်ဖို့ ကြိုးစားကြည့်တယ် . . . ဟော . . .
နားထဲက အသံတွေက . . . ဒီတစ်ခါတော့ ချစ်ခြင်းတရားထုံမွန်းနေတဲ့
ကလူကျီစယ်သံတွေ . . . ချစ်စရာအပြုံးတွေနဲ့ အပြစ်ကင်းစင်တဲ့
မျက်နှာလေးတစ်ခုပါ တွဲရက်ပါလာသေးရဲ့ . . . ကျနော် ချစ်လိုက်တာ . . .
ခံစားချက်တွေက မွန်းကြပ်ကြပ် . . . .

ကျနော် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်း .... နှုတ်ဖျားကလည်း တဖွဖွရေရွတ်
. . . "ဒါမဖြစ်သင့်ဘူး . . . ဒါဟာ စိတ်အလိုလိုက်မှု တစ်ခု . . .
ဒါအချစ်ဆိုရင် . . . ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျှောလိမ့်မယ်
. . . " ကျနော့်ရဲ့ညတွေထဲကို ကျနော့်ကိုယ်ကျင့်တရားတွေ
ရောင်းမစားဘူးဆိုတာ အသေအချာ . . .

အိပ်မရတဲ့ ည . . . တန်ဖိုးထားတဲ့ ကိုယ်ကျင့်တရား . . .  ရင်ထဲက
ချစ်ခြင်းတရားတစ်ခု . . . .
အသံတွေ ကျနော့်နားထဲမှာ တဝဲလည်လည် ပဲ့တင်ထစ်ချုန်း ခေါင်းတွေ
မကြည်လင်တော့ဘူး . . . .
ညတွေကို ကျနော်ကြောက်လာပြီ . . . ညရယ် မှောင်မိုက်မှုတွေကို
သယ်မလာခဲ့နဲ့တော့ .... ညရယ် ကျနော့်နားထဲကို အသံတွေကို သယ်မလာခဲ့ပါနဲ့ .
. . .
မဟုတ်ဘူး . . . ဒါဟာ ညရဲ့ ပြုစားမှု သက်သက် မဟုတ်ဘူး . . . ကျနော့်ရဲ့
အထီးကျန်ဆန်မှုအတွက် ဖြေသိမ့်ရာ . . . ကျနော့်ကို အကြောက်တရားတွေမပေးလာနဲ့
. . . အပြစ်ကင်းစင်တဲ့ သူမရဲ့ အပြုံး .... တီတီတာတာ သူမရဲ့ စကားသံ . . .
ကြွကြွရွရွ သူမရဲ့ ခြေလှမ်း . . . ကျနော့်ဘဝရဲ့ မျှော်လင့်ခြင်း . . . .
ကျနော် သူမကို ချစ်တယ် . . .။

ကျနော်ရဲ့ ညတွေတိုင်း သူမနဲ့အတူ ရင်ဆိုင်ဖြတ်သန်းဖို့အတွက်
အစီအစဉ်တွေချမှတ်နေခဲ့တာ။ ကျနော်ဘယ်သူ့ကိုမှ ဖွင့်မပြောမိဘူး။
လူတွေဆိုတာက ယုံကြည်ရတာမှ မဟုတ်တာပဲ။ ဟော . . . ညရဲ့ မျက်နှာပြင်မှာ
ခုနှစ်စင်ကြယ်လေးတွေ ပြုံးပြနေကြပါလား။

သူမရဲ့ အမည်နာမကို အဖျားဆွတ် တဖွဖွ ရေရွတ်မိရင်း . . . ချစ်ခြင်းဖွဲ့
အလင်္ကာတွေ စာမျက်နှာတွေပေါ်မှာချရေး . . . ဟော . . . ဒီလိုကျပြန်တော့လည်း
ညတွေဟာ လှတပတ ရှိနေလေရဲ့ . . . ကျနော့်ရဲ့ ညမှတ်တမ်းတွေဟာ ရဲရဲရင့်ရင့်
ချီတက်လို့နေပြန်ရော . . . ကျနော့် ရင်ဘတ်ကြီးကလည်း တလှပ်လှပ်တုန် . . .
ပျော်ဝင်သွားစေမဲ့ ချစ်ခြင်းဖွဲ့ စကားလုံးတွေက ဖွေးဖွေးလှုပ်လို့ . . . .။

ညရဲ့ ကိုယ်သင်းနံ့တွေကို ရှူရှိုက်ရင်း . . . ရင်ရဲ့ ဘယ်ဘက်က
တဒုတ်ဒုတ်ပုံမှန်ခုန်နေတဲ့ နှလုံးသားက ချစ်ခြင်းဖွဲ့ အလင်းတွေအကြောင်း
ကောင်းကင်ကို မော့မော့ကြည့်ရင်း ရှင်းပြနေမိတာလည်း အမော . . .

တစ်ခါတစ်လေ ညရဲ့ လေညှင်းမှာ နစ်မျှောပြီး . . . အသည်းကွဲ သီချင်း
တစ်ပိုင်းတစ်စကို တိုးတိုးလေး ငြီးမိပြီးမှ . . . ကိုယ်နဲ့
မသက်ဆိုင်မှန်း သိမိတဲ့ အဖြစ်မျိုးတွေနဲ့ ကုန်ဆုံးခဲ့ရတဲ့ ညတွေလည်း
နည်းမှ မနည်းပဲလေ . . . .

ညတွေရဲ့ အသံတွေက အိပ်စက်ခြင်းကို ယူဆောင်သွားသလို . . . အခုဆို
နေ့ခင်းအိပ်မက်တွေကိုပါ အသံတွေက စိုးမိုး . . . ဘယ်မှာလဲ
မျှော်လင့်ခြင်းတွေ . . . ကြောက်တတ်ခြင်းတွေက ပိုလာတယ် . . .
အစိုးရိမ်ကြီးမိတာပါလို့ . . . ဖြေသိမ့်ရင်း . . . ငြိမ်းချမ်းမှုမဲ့
နေ့တွေ ညတွေ . . . ကျနော် သေဆုံးပစ်လိုက်ချင်တယ် . . . .

ကျနော်သတ်ပစ်ဖို့ ကြိုးစားနေမိတဲ့ ညတွေအကြောင်း အသံတွေအကြောင်း ......
ကျနော်ပျော်ဝင်ခဲ့တဲ့ သူမရဲ့ အပြစ်ကင်းစင်မှုတွေအကြောင်း . . .
ကျနော် . . . . . ရှင်သန်မှုနေ့ရက်တွေအကြောင်း . . . .
ကျနော့် . . . . . မကျေမနပ်ဖြစ်ခဲ့ရတဲ့ နေ့ရက်တွေ . . . ကျနော်
နာကျည်းခဲ့ရတဲ့ မျက်နှာတွေ
ကျနော့်ရဲ့ မာနတရားတွေ . . . . .  အမှန်တရားဆိုတာကြီးက တစ်ခါတစ်လေတော့
ခါးသီးလွန်းတယ် . . .
တကယ်တော့ ကျနော်ဟာ ဒီလောကကြီးမှာ မရှိသင့်တော့တဲ့ လူတစ်ယောက် . . .
ဖျက်လိုဖျက်ဆီးနိုင်လှတဲ့ ပတ်ဝန်းကျင်ကို ကျနော် အနိုင်ယူဖို့
ကြိုးစားတယ် . . .

ကျနော်ဖတ်ထားဘူးတဲ့ ဆော့ခရိတ္တိအကြောင်း ခေါင်းထဲရောက်လာတယ် . . . .
သူရဲကောင်းဆန်စွာ မိမိကိုယ်ကို စွန့်ခွာရမယ် . . . .
ဆော့ခရိတ္တိက အဆိပ်ခွက်ကို ကိုင်မြောက် . . . .
. . . . . . . . . . . . . . . . . . .
အိပ်မပျော်တဲ့ ညတွေကို လွန်မြောက်စေဖို့ အတွက်
ကျနော့်လက်ထဲမှာတော့ . . . . .
....................................................................................
k.t.w.l

Saturday, December 12, 2015

အဌမတန်း ကျောင်းသား သူ မိဘများ သိစေဖို့

2015-2016  ပညာသင်နှစ်  အဌမတန်းစာမေးပွဲ  သည်

မိမိသားသမီး များ အတွက်  အရေးကြီးသည့်  စာမေးပွဲ တစ်ခု ဖြစ်နေပါသော ကြောင့်

သတိပြုနိုင်ရန်  အသိပေးလိုက်ပါတယ်။



အင်းတော် စည်ပင်သယာ နယ်မြေမှာ စည်ပင်သာယာက ယာဉ်မျိုးစုံဖြင် အမှိုက်များ နေ့စဉ်သိမ်းဆည်း



အင်းတော်မြို့သန့်ရှင်းသာယာလှပစေရေးတွက်စည်ပင်သာယာရေးဌာနကအမှိုက်သိမ်းယာဉ်ရေသယ်ယာဉ်များဖြင့်နေ့စဉ်ဆောင်ရွက်နေ

မော်လူးရွာသားများ  သိစေဘို့  fb  က  မ  လာသည်။

Friday, December 11, 2015

" သပိတ်အကြောင်း သိကောင်းစရာ"



ဓမ္မရတနာ
" သပိတ်အကြောင်း သိကောင်းစရာ"
++++++++++++++++

အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ်ကို အမဲရောင်အဖြစ် ဘယ်သူသတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော်သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။
မောင်ပြည့်စုံအောင်။ ရုရှား

အဖြေ။ ။ သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ ဘုရားအလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာလှူဒါန်းပါတယ်။ ဒီပရိက္ခရာထဲမှာ သပိတ်လည်း ပါပါတယ်။ ဗြဟ္မာလှူတဲ့သပိတ်ဟာ ဘာနဲ့လုပ်ထားတယ်ဆိုတာ တိတိကျကျ မဖေါ်ပေမဲ့ သုဇာတာသဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းတဲ့ကာလမှာ (ဃဋိကာရမဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပတ္တော) ဗြဟ္မာကြီးလှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ်(မြေသပိတ်)လို့ ဆိုပါတယ်။ ဘုရားလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့် ကျင့်နေတဲ့ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာသူဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းဖို့ လာတဲ့အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက်သွားခဲ့တယ်။ ဘုရားလောင်းတော်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။

အဲဒီကနေ သတ္တာသတ္တဟစံတော်မူကာ နောက်ဆုံး ရာဇာယတနသတ္တာဟ စံနေတော်မူတဲ့အချိန်မှာ နတ်မင်းကြီးလေးပါးက (ဣန္ဒနီလမဏိမယေ ပတ္တေ) မြဖြင့်ပြီးတဲ့ သိပတ်(မြသပိတ်)ကို ကပ်လှူကြပါတယ်။ ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တစ်ဖန် ပဲနောက်အဆင်းရှိတဲ့ ကျောက်နဲ့လုပ်ထားတဲ့ သပိတ်လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော်မူပါတယ်။ ဘုရားရှင်က ထိုပဲနောက်အဆင်းရှိတဲ့ သပိတ်လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ်လေးလုံးကနေ အနားရစ်လေးရစ်ပါတဲ့သပိတ်တစ်လုံးတည်း မြင်တွေ့ရပါတယ်။ ဒါကြောင့် ဘုရားရဲ့သပိတ်တော် အရောင်ဟာ ပဲနောက်အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။

တစ်ဖန် ပါတိမောက်ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီး မြေသပိတ် သံပိတ် နှစ်မျိုးသာ အပ်ပါတယ်လို့ဆိုပါတယ်။ ဒီနှစ်မျိုးမှာ မြေသပိတ်ကို (၂)ကြိမ်မီးဖုတ်ပြီး သံသပိတ်ကို (၅)ကြိမ် မီးဖုတ်ရမယ်လို့ အဋ္ဌကထာက ဆိုထားပါတယ်။ ဒီလို မီးဖုတ်ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းရှိစေလိုရင်းဖြစ်တယ်။ သပိတ်အမဲရောင်ဖြစ်အောင် ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ (သမဏသာရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သောအားဖြင့်၊ ပက္ကံ-ကျက်ပြီးသော)ဟုဆိုထားတဲ့အတွက် သမဏသာရုပ္ပဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ ဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူတာက မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ဖြစ်ပြီး၊ သတ္တာသတ္တာဟ (၄၉)ရက်အကြာ ၀ါဆိုလဆန်း(၄)ရက်နေ့ ခန့်မှာ နတ်မင်းကြီးလေးဦး၏ ပဲနောက်အဆင်းရှိ သပိတ်ကို အလှူခံယူတော်မူတဲ့အတွက် သပိတ်သတ်မှာရာကာလကို မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါတယ်။ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာကိုပြောရမယ်ဆိုရင် ဘုရား ဖြစ်တော်မူပြီး (၄၉)ရက်ခန့်အကြာမှာ နတ်မင်းကြီးလေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ်လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရားရုပ်ပွားတော်မြတ်အား မြသပိတ်လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ခေါ်ကြတဲ့ ဖန်သပိတ်တွေပါ။ အဲဒီသပိတ်တွေလည်း ဘုရာအား လှူဒါန်းဖို့ရာ မသင့်တော်ဘူးလို့ ထင်ပါတယ်။

ဦးကောဝိဒ(မြိတ်)မှတစ်ဆင့်မျှဝေသည်။

မေတ္တာဖြင့်မျှဝေသူ

ကိုညာကြီး

ကြွက်နို့ အတွက်သဘာဝနည်းလမ်း ကောင်းများ


ကျန်းမာရေးအတွက်ဆေးတစ်ခွက်
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
ကြွက်နို့ အတွက်သဘာဝနည်းလမ်း ကောင်းများ
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂

အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။

ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ

လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။

Wednesday, December 9, 2015

အင်းတော် မှာ ဆိုင်ကယ်အသစ်တွေ လိုင်စင် လုပ်ပေးနေတယ်




အင်းတော်  ပြီးရင်  ကသာ  မှာ  ဆက်လုပ်ပေးမှာ

လိုင်စင်လုပ်ထားကြပါအုန်း  မော်လူး ဒေသသားတွေ

နောက်  လိုင်စင်ဖမ်းမှ  အရင်လို  လူငှားပြီး  အင်းတော်တရားရုံး  နဲ့  ပေါင်ကြံလို့  ရတောဘူး

အခု  လွှတ်တော်မှာလည်း  တရားသူကြီးတွေကို ကစ်နေတာနဲ့  ဆိုတော့

ဖြစ်လာ  မှ  နောင်တ ရနေမှာ  စိုးလို့  သတိပေးလိုက်တာ

သစ်တောဥပဒေလောက်တော့ ရီတာပေါ့ ရီတာပေါ့(သို့မဟုတ်) သူ့ထက်သူ လူစွမ်းကောင်းများ (ဟာဂျူလီ-ကသာ) ရော် ဥပဒေ အထက်မှာ ကျောက်စိမ်းလုပ်ကွက် ရှိတယ်လေ




သစ်တောဥပဒေလောက်တော့ ရီတာပေါ့ ရီတာပေါ့(သို့မဟုတ်) သူ့ထက်သူ လူစွမ်းကောင်းများ (ဟာဂျူလီ-ကသာ)
****************
ကသာခရိုင် မော်လူးကျေးရွာအနောက်ခြမ်း သူရောင်းမှော်ထုံးတောင်မှော် မှ ကျောက်စိမ်းရိုင်း သတ္တု စမ်းသပ်ဖော်ထုတ်သည့်ကုမ္ပဏီ၎ခုမှ စမ်းသပ်ဖော်ထုတ်လျှက်ရှိပါသည်၊ စမ်းသပ်ဖော်ထုတ်သည်ဟု ဆိုသော်လည်း စက်ယန္ဒယားများဖြင့်တူးဖော်နေမှုကြောင့်
သဘာဝပါတ်ဝန်ကျင်ပျက်စီးမှုမှာ လျင်မြန်လှပါသည်၊ဧရာမတွင်းကြီးများနှင့် တောင်ပုံရာပုံမြေစာပုံကြီးမှာ ဖန်ဆင်းရှင်များ နာရီပိုင်းအတွင်း ဖန်ဆင်းလိုက်ဘိသကဲ့ဖြစ်နေပါသည်၊ ထိုသို့ သဘာဝပါတ်ဝန်းကျင်ကိုထိပါးနေသော
ထိုလုပ်ကွက်များသည် သစ်တောကြိုးဝိုင်းထဲပါနေသဖြင့် အင်းတော်မြို့နယ် သစ်တောဌာနမှ
အင်းတော်မြို့နယ် တရားရုံးတွင် သစ်တောပိုင်မြေအား ကျူးကျော်ဝင်ရောက်လုပ်ကိုင်နေမှုကို
တရားစွဲဆိုခဲ့ပါသည်၊ ပုံမှန်အားဖြင့် ထိုသို့ တရားစွဲပါက လုပ်ငန်းများကို ရပ်နားထားရမည်ဖြစ်သော်လည်း ကုမ္ပဏီများမှာ ရပ်နားထားခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ဟာဂျူလီမီဒီယာမှ သတင်းရရှိခဲ့ပါသည်၊ ထိုသတင်းရရှိမှုကို
အခြေခံ၍ ကသာခရိုင်သစ်တောဌာနမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းခဲ့ရာ
၎င်းတို့အနေဖြင့်လည်း ဆက်လက်လုပ်ကိုင်နေသည့် သတင်းကိုရရှိထားပါကြောင်း၊
မကြာခင်သွားရောက်စစ်ဆေးပြီး ဆက်လက်လုပ်ကိုင်နေသည်ဆိုပါက ပိုမိုထိရောက်သည့်
သစ်တောဥပဒေများဖြင့် တရားစွဲသွားမည်ဖြစ်ကြောင်း ပြန်လှယ်ဖြေဆိုသွားခဲ့ပါသည်။
(ဟာဂျူလီ-ကသာ)
ဓာတ်ပုံ-သီဟဆွေ-ကသာ

fb  မှ  ကူးယူ ထားသည်။ ယောင်း  ဖြစ်နေလို့  ရောင်း ပြင်ထားပြီး  ထုံတောင်  မှော်  ပြန်ထည့်ထားသည်။

ဗေဒင်နှင့် ကျနော် . . .



ဗေဒင်နှင့် ကျနော်
@@@@@@@@

ဆောင်းနံနက်ခင်းသည် နှင်းမှုန်တို့ဖြင့် ဝေဝါးလျှက် .....
ချမ်းအေးသည့်ဒဏ်ကို အံတုရင်ဆိုင်ကာ စားဝတ်နေရေးအတွက်
ရုန်းကန်လှုပ်ရှားသူများဖြင့် နံနက်မလင်းမီကတည်းက သက်ဝင်လှုပ်ရှားနေသည့်
နေရာလေးတစ်ခု .... မေးသံ ဖြေသံ ကြွက်ကြွက်ညံနေသည့် နေရာလေး ....
ရောင်းချသူ ဝယ်ယူသူများဖြင့် စည်ကားနေသည့် နေရာလေး ...
အချို့နေရာများတွင်းကား မိုးမလင်းဈေးဟု ခေါ်ဆိုကြ ...
အချို့နေရာများတွင်ကား မီးခွက်ဟု အမည်တပ်ကြ ... ဒီဒေသမှ ဈေးလေးကတော့
မိုးမလင်းဈေး မီးခွက်ဈေးထက် ကျော်လွန်ကာ နံနက်ခင်းဈေးဟု
ခေါ်ဆိုရလေမည်လား မပြောတတ်ချေ။ ဒေသထွက်ကုန်များ၊ အထည်အလိပ်များ၊ အသီးအရွက်
အသားငါး အစုံအလင် ရောင်းချကြ ဝယ်ယူကြနှင့် ..... နံနက်ခင်းတိုင်း
စည်စည်ကားကားနှင့် သက်ဝင်လှုပ်ရှားနေကျ ဈေးကလေး ........
ဈေးကလေး၏ နံနက်ခင်းတစ်ခုမှာတော့ " သင်္ကြန်စာတွေ ရမယ် .... သင်္ကြန်စာတွေ
.... တစ်စောင်မှ သုံးရာ .... ဆင်းရဲသားတွေ ချမ်းသာမယ် .....
သိကြားမင်းကြီးက ....စီးပြီး ဆင်းမယ် ....." အသံဝါကြီးဖြင့်
အော်ရောင်းနေသည့် ဈေးသည်တစ်ဦး၏ အသံ .........
ကျနော်တို့လူမျိုးတွေ သင်္ကြန်စာဟု ခေါ်ဝေါ်ကြသည့် တစ်နိုင်ငံလုံးအတွက်
တစ်နှစ်စာ ဟောစာတမ်းကြီးကား မြန်မာနှစ်သစ်ကူးရန်
လပေါင်းများစွာအလိုတွင်ပင် ပေါ်ထွက်လာပေပြီ .... တော်လိုက်တဲ့ ပညာရှင်များ
တတ်လိုက်တဲ့ ပညာရှင်များ .... ဘယ်လမှာ ဘယ်နက္ခတ်ကြီးစိုးတယ်...
ဘာကအားကောင်းတာမို့ ... ရာသီဥတုက ဘာဖြစ်မယ် .... အစုံမှ အစုံပဲမဟုတ်လား
.... သိကြားမင်းကိုပင် ဘာကောင်စီး လက်တစ်ဘက်က ဘာကိုကိုင်ဆိုပြီး
လူ့ပြည်ကို ဆင်းခိုင်းလိုက်သေး၏။ သိကြားမင်းသည်လည်း တစ်နှစ်တစ်ခါ
လူ့ပြည်ကို ဆင်းဆင်းလာရသည်မှာ မောနေရှာပေတော့မည်။ ကျနော်တို့လူမျိုးတွေက
ခက်တော့လည်း ခက်သား ... ဆရာနေဝင်းမြင့် ဟောပြောပွဲတစ်ခုတွင်
ပြောဘူးတာလေးကို အမှတ်ရချေသေးတော့သည် ... "ဗုဒ္ဓဘာသာဆိုပေမဲ့ မိရိုးဖလာ
နတ်လေးကိုလည်း ကိုးကွယ်ချင် ပူဇော်ချင်ကြသေးတာ"ဟူသည့် စကားလေးပင် ......
နတ်ဆိုလည်း ပူဇော်လိုက် ပသလိုက်တာပဲ .... ယတြာဆိုလည်း ချေလိုက်တာပဲ .....
ဟော ... ဗေဒင်ဆိုလည်း မေးကြမြန်းကြပြန်ရော ..... ဟုတ်သည် .... ယခု
ကျနော်ပြောချင်သည့် ရေးပြချင်သည့် အကြောင်းအရာကား ဗေဒင်အကြောင်း ....
ကျနော်ဖြတ်သန်းခဲ့ဘူးရာ ကာလတစ်လျှောက် ကြုံ့တွေ့ခဲ့ရသည့် ဗေဒင်နှင့်
ပတ်သက်သည့် အကြောင်းလေးတွေကို ရေးပြချင်လို့ မရောက်ရောက်အောင်
နိဒါန်းပျိုးနေတာပါ ...။

ဖြစ်စဉ် (၁)
" အိပ်မက်တထ္တုံ ၊ ဗေဒင်ယုံ ၊ လူနုံ ဒုမိစ္ဆာ " ကျနော် ငယ်ငယ်က
အိမ်နံရံမှာ အဖေရေးပြီး ကပ်ထားသည့် စာလေး .... ငယ်စဉ်က အဓိပ္ပါယ်ကို
မသိပေမဲ့ ရွတ်ကောင်းသည်မို့ ရွတ်ရင်း အမှတ်ရနေသည့် စကားစုလေး .....
ထိုဗေဒင်နှင့် ကျနော် ထိပ်တိုက်တွေ့စေသည်ကား သက္ကရာဇ် ၂၀၀၈ ၏ ဆောင်းညတစ်ည
မြို့လေးတစ်မြို့ရဲ့ ပန်းခြံလေးတစ်ခုကို ကျနော်တို့ သူငယ်ချင်းတစ်စု
အလည်သွားရာက စလေသည်ပေါ့။ ထိုမြို့လေး၏ ပန်းခြံသည် ညကိုးနာရီထိုးလျှင်
ပိတ်၏။ ထိုပန်းခြံလေးထဲသို့ ကျနော်တို့ သူငယ်ချင်း တစ်စု
အပန်းဖြေရန်သွားကြခြင်း မဟုတ် ... ပန်းခြံလေးထဲတွင်
လေသေနတ်ပစ်ကွင်းရှိသည့်အတွက် လေသေနတ်သွားပစ်ကြခြင်း ....ဤကား
ဆင်ခြေဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ (အမှန်ကား ပန်းခြံထဲ အတွဲချောင်းရန်
သွားခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သေးသည်။) လေသေနတ်ပစ်ကွင်းတွင်
မိမိမျက်နှာမူရာနှင့် ပေနှစ်ဆယ်ခန့်အကွာ တန်းတစ်ခုပေါ်တွင်
နို့ဆီဗူးများကို တန်းစီထားပြီး အစောင့်ထံမှ လေသေနတ်ငှား
ခဲကျည်ဆံလေးများကို ဝယ်ယူပြီး စိတ်ကြိုက်ချိန် စိတ်ကြိုက်ပစ်ကြရခြင်း
ဖြစ်သည်။ နိုဆီဗူးကို ခဲကျည်ဆံလေး ထိမှန်သွားပြီး တန်းပေါ်မှ
လွှင့်ထွက်သွား/လွှင့်ကျသွားသည့် အခါ ခံစားရသည့် အရသာ .... ခံစားချက် ...
သို့တည်းမဟုတ် ချုပ်တည်းထားရသည့် မကျေနပ်မှုများကို ဖောက်ထုတ်လိုက်ရသလို
ခံစားမှုမျိုး ....... ထိုနေ့ညက ကျနော်တို့ သူငယ်ချင်းတစ်စု
လေသေနတ်ပစ်ကွင်းမှ ထွက်လာတော့ ညကိုးနာရီ ထိုးလုပြီ ...
ပန်းခြံပိတ်တော့မည်ဟု အချက်ပေးနေချေပြီ။ ပန်းခြံမှ ထွက်ခွာရန်
အုတ်လမ်းလေးအတိုင်း လျှောက်အလာ မျောက်လှောင့်အိမ်အနီးတွင်
မီးလုံးလေးတစ်လုံးထွန်းထားပြီး စာအုပ်သုံးလေးအုပ်တင်ထားသည့်
စားပွဲလေးတစ်ခုနှင့် လူတစ်ယောက် ရေးထားသည့် ဆိုင်းဘုတ်လေးက "ဗေဒင်
ဟောသည်။ တစ်ခါကြည့် ၁၀၀ ကျပ်" ပန်းခြံပိတ်တော့မည်မို့
ဗေဒင်ဆရာကြီးမှာလည်း သူ့ပစ္စည်းများကို သူ့လွယ်အိတ်ကြီးအတွင်းသို့
သိမ်းဆည်းနေလေပြီ။ ကျနော်တို့အဖွဲ့မှ သူငယ်ချင်းတစ်ယောက်က "ဦးလေး
ကျနော်တို့ ဗေဒင်ကြည့်ချင်လို့ပါ..."ဟု ပြောလိုက်တော့ ထိုင်လျှက်သား
ပစ္စည်များ သိမ်းဆည်းနေသည့် ဗေဒင်ဆရာမှ ကျနော်တို့အဖွဲ့ကို မော်ကြည့်ကာ
.... "အချိန်မရတော့ဘူး ... ပန်းခြံ ပိတ်တော့မယ် .." ဟု ပြန်ဖြေသည်။
ဒါကိုပင် သကောင့်သားက " ဦးလေး ဆရာရယ် ... လုပ်ပါဗျာ .... အခုမှ
ပထမအချက်ပေး ကလိုင်ပဲရှိပါသေးတယ် ..." စောဒက တက်လိုက်ပြန်သည်။ ဗေဒင်ဆရာက
"တစ်ခါကြည့် တစ်ရာနော့" ....... "ဟုတ်ပါပြီ ... ဆရာရယ် ....
ကျနော်တို့အဖွဲ့က ငါးယောက်ဆိုတော့ တစ်ယောက်တစ်ရာတော့ မလုပ်နဲ့
တစ်ယောက်ကို ငါးဆယ်နဲ့ ထားလိုက်ဗျာ..." ဗေဒင်ဆရာက မရကြောင်းပြော ...
သကောင့်သားက ဈေးဆစ် ... အဆုံးမတော့ ... ငါးယောက်စာကို သုံးရာကျပ်နှင့်
ဈေးတည့်သွားတော့သည်။ ပထမဆုံးစတင်မေးသည်ကား ဈေးဆစ်သည့် သကောင့်သား ...
သူ့ကို ဗေဒင်ဆရာက မွေးရက် မွေးလ မွေးနှစ်နှင့် ဘာနေ့သားလဲဟု မေးကာ သူ၏
မှတ်စုစာအုပ်ကို လှန်ကာ တစ်ချက်ချင်း ဟောတော့သည်။ သူပြီးတော့
နောက်တစ်ယောက် ထိုနည်းတူစွာ မှတ်စုစာအုပ်ထဲမှပင် ကြည့်ပြီး ဟောပြန်သည်။
နောက်တစ်ယောက် ထိုနည်း၎င်း .... လေးယောက်မြောက်တွင် ကျနော့်သူငယ်ချင်း
သကောင့်သားက ဇာတ်လမ်းစချေပြီ။ "နေဦး ဗေဒင်ဆရာရဲ့ ...
ခင်ဗျားဗေဒင်ဟောတာကလည်း ကျနော်တို့ သုံးယောက်လုံး အကြောင်းအရာ
အတူတူကြီးပဲ ... ဒါတော့ မဟုတ်သေးဘူးနော့ .... ခင်ဗျားက
စာအုပ်ထဲကအတိုင်းပဲ ဖတ်ပြနေတာ ..... ကျနော်တို့က ဗေဒင်ဟောခ
မပေးနိုင်ဘူး... ဘယ်နှယ်ဗျာ .... သုံးယောက်လုံး အတူတူဆိုတော့ . . . ."
ဗေဒင်ဆရာမှာ နည်းနည်းတော့ ကျွဲမြီးတိုသွားပုံရတာမို့ ... ကျနော်တို့
လေးယောက်ကလည်း "ဟုတ်တယ် .... ခင်ဗျားဟာက သုံးယောက်လုံး အကြောင်းအရာ အတူတူ
ဟောနေပြောနေတာတော့ မဟုတ်သေးဘူး ......"ဟု စောဒကတက်လိုက်ကြတာမို့
...ဗေဒင်ဆရာမှာ ဘာပြောရမှန်း မသိ .... ထိုစဉ် ပန်းခြံအတွင်းမှ
ထွက်ခွာကြရန် နောက်ဆုံး အချက်ပေးသံကလည်း မြည်လာသည်မို့ ကျနော်တို့
သူငယ်ချင်းတစ်သိုက် တစ်နှစ်သုံးဟု သံပြိုင်ရေရွတ်ပြီး ....
ပန်းခြံထွက်ပေါက်သို့ သုတ်ခြေတင် ..... နောက်နားမှ ဗေဒင်ဆရာ၏
မေတ္တာပို့သသံကား
"သေနာလေးတွေ သူတို့ပဲ မွေးရက်မွေးလမွေးနှစ်နဲ့ နေ့သားတစ်ခုတည်းပြောပြီး "

ဖြစ်စဉ် (၂)
သက္ကရာဇ် ၁၉၉၉ ၏ ကုန်ဆုံးကာနီးနေ့ရက်များတွင် ကျနော်တို့
သူငယ်ချင်းတစ်သိုက် ပြင်ဦးလွင်မြို့ အနီးစခန်း သံမဏိစက်ရုံသို့
လက်တွေ့လုပ်ငန်းခွင် သုံးလဝင်ရောက်ရန် ရောက်ရှိနေကြသည်။
စနေတနင်္ဂနွေရက်များတွင် ရုံးပိတ်ရက်မို့ ပြင်ဦးလွင်သို့ သွားလျှင်သွား
သို့မဟုတ် မန္တလေးဘက်သို့ ဆင်းလျှင်ဆင်း ...... တစ်ခုသော ရုံးပိတ်ရက်
စနေနေ့တွင် ကျနော်တို့ သူငယ်ချင်းတစ်စု မန္တလေးဘက်သို့ ဆင်းလာခဲ့ကြသည်။
မန္တလေးရောက်တော့ ဈေးချို ဘုရားကြီး၊ မန္တလေးတောင် တိရိစ္ဆာန်ဥယျာဉ်ဟု
အော်ခေါ်နေသော လိုင်းကားဖြင့် မြွေကြီးနှစ်ကောင်ရှိရာ မန္တလေးတောင်ပေါ်သို့
ရောက်သွားကြတော့သည်။ ဇာတ်လမ်းက မန္တလေးတောင်ပေါ်တွင် စပါပြီ..... "ဓာတ်ပုံ
ရိုက်မလား ညီလေးတို့ . . . တစ်ပုံမှ ၁၅၀ တည်း .... အမှတ်တရပေါ့ ...
ရိုက်သွားပါ ... အခုရိုက် အခုရတယ် ...." ရောက်တုန်းရောက်ခိုက်
အမှတ်တရရိုက်ကြတာပေါ့ဟူသည့်အတွေးဖြင့် ရိုက်ဖြစ်ကြသည်။ များများတော့
မရိုက်ပါ တစ်ယောက်ကို သုံးပုံစီနှင့် အဖွဲ့လိုက်ပုံကနှစ်ပုံ ....
ဓာတ်ပုံတွေ ထွက်လာတော့ ..... တစ်ပုံကို သုံးမျိုးလောက်ထွက်လာသည်။
တစ်ယောက်ချင်းရိုက်ထားသည့် ပုံတစ်ပုံကို အသည်းပုံလေးဖော်ပြီးတစ်မျိုး ...
နှစ်ကိုယ်ခွဲပြီး တစ်ဖုံဆိုတော့ .... ကျနော်တို့
အနှိပ်ကွပ်ခံလိုက်ရတော့သည်။ စိတ်ထဲကမကျေမနပ်နှင့် ပြောကြသော်လည်း
ထူးမခြားနား ..... ထိုနေရာမှ မကျေမနပ်ဖြင့် ထွက်လာခဲ့ကြပြီးနောက် ....
တွေ့ပြန်ချေပြီ ... ဗေဒင်ဟောခန်းများ ..... ကျနော့်တို့ သူငယ်ချင်းထဲမှ
တစ်ယောက်က ဗေဒင်ကြည့်မည်ဟု ဆိုလာပြန်ရာ .... စောစောကမှ
အနှိပ်ကွပ်ခံထားရသည့်မို့ ကျနော်နှင့် ကျန်သူများက မကြည့်ရန်ပြောသည်။
ထိုသကောင့်သားက မရ .... ပုဏ္ဏားဝတ်စုံနှင့် ဗေဒင်ဆရာထံ
ဗေဒင်လက္ခဏာကြည့်တော့သည်။ ဗေဒင်ဟောခက ၅၀၀ ကျပ် ..... ဟောရင်းပြောရင်းဖြင့်
အဆုံးသတ်ကား ယတြာချေရမည်ဆိုသည့်နှင့် အဆုံးသတ်တော့သည်။ သကောင့်သားကား
"ယတြာဖိုးက ဘယ်လောက်ကျမှာလဲ ..."ဟု မေးသည်ရှိသော် ... ဗေဒင်ဆရာကား
"မင့်စိတ်ထဲမှာ ကိုးကွယ်ရာလို့ ယုံကြည်ထားတာ ဘာတွေရှိသလဲ"
မေးခွန်းပြန်ထုတ် ... သကောင့်သားကလည်း "မြတ်စွာဘုရားရှင်သည်သာ ကိုးကွယ်
ယုံကြည်ရာ"ဟုဖြေ ... ဗေဒင်ဆရာက အလိုမကျ "ရတနာသုံးပါးလောက်တော့
လုပ်ကွာ"ဆိုပြီး ပြေလည်သွားကာ ..... သုံးထောင်ကျပ်တိတိဖြင့်
ယတြာချေခွင့်ရလိုက်လေသည်။ ထိုယတြာ၏ အစွမ်းကြောင့် ကျနော့သူငယ်ချင်း
သကောင့်သား ယခု အသက်လေးဆယ်ပြည့်ခါနီးအထိ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်
ရှိနေပါသေးသည်။

ဤသည်ကား ဆောင်းနံနက်ခင်း နှင်းမှုန်တွေကြား ဈေးကလေးအတွင်းမှ
"သင်္ကြန်စာတွေရမယ် .... သင်္ကြန်စာတွေ .... တစ်စောင်မှ သုံးရာ .....
ဆင်းရဲသားတွေ ချမ်းသာမယ်တဲ့ .... သင်္ကြန်စာတွေ .... သင်္ကြန်စာ ......"
ထိုအော်သံကြားရာမှ ...လွင့်မျှောသွားသည့် အတိတ်ဆီသို့
တမ်းတမိသွားခြင်းမျှသာ ........

ပျော်ရွှင် ချမ်းမြေ့ကြပါစေ . .
k.t.w.l

မော်လူး ဒေသ မှာလည်း သတိပြုသင့်ပြီ



ဟုတ်မဟုတ်  ကာတွန်းကို  သာ  ကြည့်ပေတော့

Tuesday, December 8, 2015

ကဲ ကျောင်းသွားဘို့ သုံးရက်ကြိုတန်းစီ လို့ လက်မှတ်မရင် တာဝန်ရှိသူ နာမည် မှတ်ြပီး အကူအညီတောင်းပေတော့


facebook မှာ ရင်ဖွင့်တဲ့ မော်လူးဒေသသားရဲ့ ကဗျာလေး ပါ

Ko Mg  fb  မှ



မူးရစ်တဝေဝေ မော်လူးမြေမှ
ရွှေလေးတန်သား သူငယ်ချင်းများရယ်
အလင်းရောင်မှာ ပုလင်းထောင်တာ မတွေ့ရတော့ပါလားကွာ
အမှောင်ထုမှာ လူစုပြီး တီးတိုးစကားပြော
အမှောင်တောမှာပဲ ပျော်နေတော့မှာလား
ဟိုအရင်ကဆို ဝိုင်ချိုချိုမှာအတူသောက်
စ,နှောက်ခြင်းတွေ ဗွေမယူတန်းပေါ့
ခုတော့ လမ်းမှာတွေ့ မေ့သလိုလို
ဘယ်လဲမေးတော့ ဟိုလိုလို
ဆိုင်းပုဒ်ကလေး ရေးလိုက်မယ်
မီးသတိ ပြုပါ ကိုကို ။ ။

အမျိုးသားနေ့

(အမျိုးသားနေ့)
၁၂၈၂ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊
၁၉၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ၊ (၅)ရက်၊
၁၃၇၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ (တနင်္ဂနွေ)
ယနေ့သည်ကား မြန်မာနိုင်ငံသားတို့၏ အမျိုးသားနေ့ ဖြစ်ပေသည်။ ဗြိတိသျှတို့၏နယ်ချဲ့စနစ်ထဲ ပညာရေးဖြင့်နယ်ချဲ့တာက အကောင်းဆုံးဟုယူဆ မြန်မာလူမျိုး မြန်မာစာ မြန်မာစကားတို့ကို နောက်ကောက်ချပြီး မြန်မာပြည်မှာ တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ ထိုတက္ကသိုလ်အောက်မှာ ကောလိပ်တစ်ခုသာ ရှိရမည်။ ကျောင်းအိပ်ကျောင်းစား နေနိုင်သူများသာ ကောလိပ် တက်ခွင့်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲဟူ၍ မထားတော့ပဲ ဟိုက်စကူးလ်ဖိုင်နယ်ကျောင်းမှ ဆယ်တန်းကို အင်္ဂလိပ်စာထူးချွန်စွာနှင့် အခြားဘာသာထူးချွန်စွာ အောင်မြင်ပါမှ တက္ကသိုလ်တက်ခွင့်ရမည် စသည်ဖြင့် ဥပဒေ(၆)ရပ် ပြဋ္ဌာန်းသတ်မှတ်ကြလေသည်။
လူမျိုးတစ်ခုလုံးကို ဝါးမည့်အကြံ ပညာရေးစနစ်ကိုပြောင်းမည့်မာန်ပြင်း ထိုအခြင်းအရာ အထာကို မကျေနပ်ခြင်းများစွာ အမျိုးကိုချစ်တတ်ကြပါကုန်သော ကျောင်းသားမဟာများ တူညီစွာတွဲလက်ထား၍ အဆိုပါဥပဒေများမတရားမှု မီးမောင်းပြုကာ ဆန္ဒသဘင် ဝံသာနုဆင်ယင် အကြီးကျယ်ဆုံးတော်လှန်သောနေ့အဖြစ် ထင်ထင်ဖြစ်ခဲ့လေသည်။ဗြိတိသျှလက်အောက်ကျရောက်တော့ လွတ်လပ်ဖို့အရေးတောက်လျှောက်ပြုမူ လက်နက်ကိုင်ကာဆန့်ကျင်တစ်မူ စည်းဝေးပွဲများကျင်းပထူ စသည်များစွာ နယ်ချဲ့ကိုဆန့်ကျင်ခဲ့ကြသော်ငြား တစ်နိုင်ငံလုံးအုံကြွကာ ဆန့်ကျင်ခဲ့သော နေ့မြတ်ကား ဤနေ့ပင် ဖြစ်ချေပြီ။ မြန်မာအမျိုးသားတစ်ခုလုံး လူညွှန့်တုံးစေမည့်ဥပဒေများအပေါ် ဟစ်တိုင်အဖော်အဖြစ်ပါ တူညီစွာဆန္ဒအလွှာခံယူဖို့အရေး ဖေးမပေးသည့်သတင်းစာ “သူရိယ"အမည်သာသော သတင်းစာသည်ကား မျိုးချစ်စိတ်များ ရှင်သန်ထွားအောင် ခိုင်မာညီညွတ်အောင် ရှေ့ဆောင်လမ်းပြ၍ ခေါ်ဆောင်ကာမီးမောင်းပြ ဝံသာနုအလှဖြစ်ခဲ့လေသည်။
ဤနေ့မဟာ နယ်ချဲ့ကိုတွန်းလှန်ကာဆန္ဒပြ သပိတ်အလှကြောင့် ၁၂၈၃ခုနှစ်မှာဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေကျင်ကျောင်းတိုက်ကြီးမှာ “ အမျိုးသားကောလိပ်” ဖွင့်လှစ်နိုင်ခဲ့လေသည်။ထိုမျှမက “အမျိုးသားပညာရေးကောင်စီ"ဟုပေါ်လာပြီး ပြည်မြန်မာအနှံ့အပြား “ အမျိုးသားရေးကျောင်း" များ အများအပြားပေါ်ထွန်းခဲ့လေသည်။
ဪ.. ဝံသာနုစိတ်ဓာတ် အမျိုးကိုချစ်တတ်သည်မှ အမျိုးသားတို့စာ အမျိုးသားတို့စကား အမျိုးသားတို့ယဉ်ကျေးမှုများ စသည်များစွာ မတိမ်ကော မပျောက်ပျက်စေဖို့အဖြာဖြာမှသည် သွေးစည်းသောညီညွတ်မှုကိုပြ နယ်ချဲ့ကို ကြီးကျယ်စွာတော်လှန်ခဲ့သောနေ့အခါသမယ ဤတန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့အမြတ်ပါ့။
မြန်မာတစ်မျိုးသားလုံး သူ့ကျွန့်ဘ၀ ကျရောက်ခဲ့ရချိန်မှာ မြန်မာစာပေသမားများကား နယ်ချဲ့မိစ္ဆာကို ကလောင်လက်နက်စွဲ တိုက်ပွဲဝင်ခဲ့ကြ စာပေတာဝန် ကျေပွန်ခဲ့ပုံများကို ကျေးဇူးတင်သောမျက်စိဖြင့်ကြည့်လျှင် တွေ့မြင်ရပေမည်။။ အခြားတစ်ဖက်မှာတော့ အကောင်းမှာအဆိုးရော လူ့သဘောယုတ်မာ အမျိုးကိုမချစ်တတ်အလွှာ တိုင်းတပါးကို အားကျကြသူအပေါင်းကဖြင့် မြန်မာစာ၊ မြန်မာစကား သုံးရ ရေးရ ပြောရ သည်ကိုပင် လူရာမ၀င်ဟု ထင်နေကြပြန်သည်။
နယ်ချဲ့မိစ္ဆာလက်အောက်မှာ သူများနောက်က အောက်ကျနောက်ကျ နေခဲ့ရပါသော်လည်း မြန်မာစာပေတန်ဖိုးကျမသွားပဲ တိုးမြဲတိုးလျက်ရှိအောင် “၀ိုင်၊ အမ်၊ ဘီ၊ အေ ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး”က စွမ်းဆောင်ခဲ့ကြ စာပေတာဝန် ကျေပွန်ခဲ့ကြပေသည်။ထိုအသင်းကြီးမှ
၁၂၇၃ခုနှစ်။ (၁၉၁၁) ခုနှစ်၊ ဇူလိုင်လ၊( ၄ )ရက်နေ့ ညနေတွင် သူရိယသတင်းစာကို ပြည်သူလူထု၏ဟစ်တိုင် ကြွေးကြော်သံအဖြစ် စာပေတန်ခိုးထွားအောင် စတင် ဆောင်ကြဉ်းပေးနိုင်ခဲ့ပေသည်။
ထိုခေတ်အချိန်ကား တော တောင် မယ် မောင် ဘုန်းတော်ဘွဲ့များအသာထား ဇာတိသွေးဇာတိမာန် ထက်သန်စေသော စာပေတို့ကိုသာအလေးထား ရေးသားခဲ့ကြပေသည်။ ထိုအထဲမှ အများကြားဖူးသည့်အမည်နာမ သခင်ကိုယ်တော်မှိုင်းအလှကို အနည်းငယ်မျှ ထုတ်ပြရသော်--
သခင်ကိုယ်တော်မှိုင်းသမိုင်းဆီ ပြန်ကြည့်မိသော် ကျွန်စိတ်ဝင်နေသောမြန်မာများအပေါ် များစွာမြင်ပြင်းကတ်သည့်စိတ်ပေါ်လှသမို့ မိမိတို့ကိုယ်ကိုပညာတတ်ဟု စိတ်ကြီးဝင်ခုနေပြီးလျှင် နာမည်ရှေ့မှာ `မစ္စတာ´ တပ်ကာတပ်ကာခေါ်သည့်စနစ်ဆိုးအား စိတ်နာများသဖြင့် ထိုခေတ်က `ချည်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထု´ ထဲမှ လူမုန်းများသော လူလိမ်၊ လူပွေ၊ လူရှုပ်၊ လူယုတ်မာ ဇာတ်ကောင် `မောင်မှိုင်း´ အမည်ကို `မစ္စတာ´ ဘွဲ့ တပ်ပေးလိုက်ကာ `မစ္စတာမှိုင်း´ ဟူသော ကလောင်အမည်ယူ ကျွန်စိတ်ပျောက်ဖို့အလင်းထူပေး နှိပ်ကွပ်ဖေးမ သမိုင်းလှခဲ့လေသည်။
နောက်တစ်ဦးအများကြားဖူးသည့်အမည် ဦးဖိုးကျားအကြောင်း အနည်းငယ်မျှ တင်ပြရသော်-
ဦးဖိုးကျားဟာဖြင့် ဗြိတိသျှပညာရေးနှင့်စင်ပြိုင် အမျိုးသားပညာရေးခိုင်မာစွာတည်ထောင်ရာတွင် ပါဝင်ခဲ့ပေသည်။ ကျောင်းသားသပိတ်ကြီးဖြစ်ပေါ်လာ အခါ၌မူကား မျိုးချစ်စိတ်ရင့်သန်ရင်းရှိ လက်ပိုက်လျစ်လျူရှုကြည့်၍မနေနိုင် ပါဝင်ဆင်နွှဲအလှခိုင်ခဲ့လေသည်။ အမျိုးသားကျောင်းများ ပေါ်ထွန်းပွားသည်နှင့်တပြိုင်နက် အစိုးရရာထူးကိုမမက် အမျိုးသားပညာဝန်အဖြစ်နက်နဲစွာ ဆောင်ရွက်ဖြာခဲ့လေသည်။ ပညာဝန်အဖြစ် ထမ်းရွက်ရင်း ကျမ်းအမျိုးမျိုးပြုစုကာအလင်းပြခဲ့ရုံမျှမက တိမ်မြုပ်ပျောက်ကွယ်နေသမျှတို့ကိုလည်း တည်းဖြတ်ပုံနှိပ် ထုတ်ဝေ ဖြန့်ဖြူးခဲ့ပေသည်။
တစ်ဖက်မှာတော့ သခင်လူငယ်များ ၁၉၃၀ခုနှစ်သားမှာ “တို့ဗမာ အစည်းအရုံးကြီး ” ဖွဲ့စည်းတည်ထောင်ရင်း ကမ္ဘာ့စာပေနှင့် ရင်ဘောင်တင်းတင်းတန်းနိုင်စေရန် မြန်မာ့စာပေ မြှင့်တင်ရေးအတွက်အားမာန်ပြ သခင်ဘသောင်း,သခင်သိန်းမောင် အစရှိသော တို့ဗမာအစည်းအရုံး ခေါင်းဆောင်များက ဘာသာပြန်ကဏ္ဍ အလေးပေးဆောင်ရွက်လာကြ ဘာသာပြန်ရွှေခေတ်ဟုပင် ဆိုနိုင်ခဲ့ရ ဆိုခဲ့ရပေသည်။
အခြားတစ်ဖက်မှာကား“ မြန်မာနိုင်ငံသုတေသနအသင်းကြီး” မှ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဦးဖေမောင်တင်၊ ဦးမေအောင်၊ မစ္စတာဖာနီဗယ် အစရှိ ပညာရှင်ပညာရှိ များစွာမှ ကမ္ဘာ့စာပေများကို မြန်မာမှုပြုနေချိန်နှင့်အံဝင်ဂွင်ကျ ပျောက်ကွယ်လုနီးပါးရှိ တိမ်ကောသွားသလိုရှိ ရှေးမြန်မာပညာရှိများပြုစုထည့်ခဲ့ပါသော စာဟောင်းပေဟောင်း စာပေများကိုလည်း မနားမနေ ပြုစုထုတ်ဝေလျက် ရှိပေသည်။
မြန်မာပြည် မြန်မာလူမျိုး မြန်မာစာ မြန်မာစကား မျိုးမတုံးသွားစေရန် သခင်များက
မြန်မာပြည်သည် တို့ပြည်
မြန်မာစာသည် တို့စာ
မြန်မာစကားသည် တို့စကား
တို့ပြည်ကို ချစ်ပါ
တို့စာကို ချစ်ပါ
တို့စကားကို လေးစားပါ ဟု ကြွေးကြော်ခဲ့ကြလေသည်။
တို့သခင်များ ကြွေးကြော်ခဲ့သလို တို့များလည်း ကြွေးကြော်သံဖြာ အမျိုးသား စာ စကားများ မပျောက်ပျက်အောင် ထိန်းသိမ်းများကြပါစို့ဟူ၍ အမျိုးသားနေ့မှာ တိုက်တွန်းလွှာဖြင့်...နားပါရစေ။
အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာပြည့်စုံကြပါစေ မေတ္တာဝေ။
(မြန်မာ့စွယ်စုံကျမ်းမှ ထုတ်ယူ၍ ရေးသားထားပါသည်။)



Monday, December 7, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ် A.G.T.I ပထမနှစ် တက်ရောက်လိုသူများအတွက်

AGTI  မရလို့  စိတ်ညစ်  နေသော  ညီလေးများ

ကန့်ဘလူ  မှာ  လျှောက်လို့  ရသေးတယ်

ဘယ်မှာတက်တက်  နောက်ဆုံးတော့  အားလုံး  ဘွဲ့ကတော့

အတူတူပါ။




မော်လူး အရှေ့ကျောင်းတိုက် တရားပွဲ

15/16/12/2015
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ မော်လူးမြို့ အရှေ့ကျောင်းတိုက်တွင်
ရွှေစင် တိပိဋက ဓရ ဓမ္မ သဘင် ကျင်းပမည် တရားတော် နာယူ ကြွရောက်ကြပါရန်
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။


မော်လူးဒေသ သားများ သွားသတိ လာသတိ ဆိုင်ကယ်စီးရင် ရဲ သတိ ဖမ်းနေတယ်တဲ့

အင်းတော်မြို့နယ်မော်လူးမြို့အထွက်ဟဲနုရွာတပ်ဦးစေတီဘုရားအနီး၌ဒီဇင်ဘာ၇ရက်နံနက်၁၀အချိန်ခန့်ကမော်လူးအရန်မီးသတ် ဟဲနုရွာအုပ်ချုပ်ရေးမှူး ယာဉ်ထိန်းရဲ မော်လူးနယ်မြေခံရဲပူးပေါင်းအဖွဲ့သည်ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်ဆိုင်ကယ်ဦးထုပ်မဆောင်းသူများစစ်ဆေးအရေးယူဆောင်ရွက်မှု့များပြုလုပ်နေပြီးယာဉ်စည်းကမ်း လမ်းစည်းကမ်းစာစောင်များကိုလက်ကမ်းဖြန့်ဝေလျက်ရှိသည်။


မော်လူး ဘလော့ လင့်ချိတိဆက်ခြင်း စမ်းသပ်

စမ်းသပ်  နေပါသည်


မော်လူးဒေသ သားများ သွားသတိ လာသတိ ဆိုင်ကယ်စီးရင် ရဲ သတိ ဖမ်းနေတယ်တဲ့

 အင်းတော်မြို့နယ်မော်လူးမြို့အထွက်ဟဲနုရွာတပ်ဦးစေတီဘုရားအနီး၌ဒီဇင်ဘာ၇ရက်နံနက်၁၀အချိန်ခန့်ကမော်လူးအရန်မီးသတ် ဟဲနုရွာအုပ်ချုပ်ရေးမှူး ယာဉ်ထိန်းရဲ မော်လူးနယ်မြေခံရဲပူးပေါင်းအဖွဲ့သည်ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်ဆိုင်ကယ်ဦးထုပ်မဆောင်းသူများစစ်ဆေးအရေးယူဆောင်ရွက်မှု့များပြုလုပ်နေပြီးယာဉ်စည်းကမ်း လမ်းစည်းကမ်းစာစောင်များကိုလက်ကမ်းဖြန့်ဝေလျက်ရှိသည်။




ကိုယ်ပိုင် blog ကနေ facebook page ကို အော်တို link ချိတ်ဆက်နည်းလေးပါ ကောင်းလွန်းလို့ရှယ်လိုက်တယ်



facebook မှာ  mawlu news  page  လေး

မော်လူးသတင်း  သိဖို့ လိုက်ထားကြပါအုန်း


How to Post Blogger Automatically to Facebook - Blogger Tips Pro

Saturday, December 5, 2015

ကျောင်းဆရာ မလုပ်လိုသူများအတွက် ကျန်းမာရေး ကြီးကြပ် ၂ ခေါ်နေပြီ

အသေးစိတ်  ဖတ်လိုက်တော့

မော်လူး မူလတောရကျောင်းမှာ ဓမ္မ ဗိမ္မာန် တော်ကြီး တည်ဆောက်မည်

5.12.2015.နေ့ က. မော်လူးမြို့ . မူလတောရကျောင်းတိုက်
တွင်. ယောဂီများ ဝိပဿနာတရား ရှုမှတ်ပွားများ နာကြားနိုင်
ရန် (အန ဂ္ဃသာရ မဉ္ဇရီ )ဓမ္မဗိမာန်တော်ကြီးတည်ဆောက်
ရန်. မ.,တည်အလှူတော်ငွေ ကျပ်သိန်းငါးဆယ် (၅၀ိ)ကို အလှူရှင်. မင်းသာကျေးရွာ. မိဘများဖြစ်ကြသည့်. ဆရာကြီး
ဦးပေါက်စ. ဒေါ်မြရီတို့ ကိုရည်စူး၍. သမီး ဒေါ်ခင်နှင်းဝေ. မိသားစုတို့ ကရေစက်ချလှူဒါန်းခဲ့ကြသည်။

fb မှ


Friday, December 4, 2015

စာသင်ကျောင်းတွေ မှာ ဖေါက်ထွင်းမှု တွေ ဖြစ်နေတယ်တဲ့

အင်းတော်မြို့နယ်တွင်းကျောင်းတွေဖောက်ထွင်းခံရတာများပြီ။။။။
၂၀၁၅/၁၆ပညာသင်နှစ်အတွင်း
လ(ခွဲ)တောင်ဖီလာ၊လ(ခွဲ)နတ်မဟုတ်
ကလေး၊မူလွန်အောင်မေတ္တာ၊မနေ့ည
(၃.၁၂.၁၅)ရက်နေ့ညမှာလည်းမူလွန်
နန့်သဲ၊ကျောင်းတွေဖောက်ထွင်းခံရပြီး
မိဘပြည်သူများ၊စေတနာရှင်ပြည်သူ
များကပညာရေးတိုးတက်ဖွံ့ဖြိုးရေး၊
ကျောင်းသား/သူများရဲ့သင်ကြားတတ်မြောက်မှုတိုး
တက်ရေးအတွက်လှူဒါန်းထောက်ပံ့ထားသောပစ္စည်းများဖောက်ထွင်းခိုးယူခြင်းခံခဲ့
ရပါသည်။တစထက်တစအတင်းရဲလာတာဘာကြောင့်ပါလဲ။ကျောင်းပိုင်ပစ္စည်းဆိုတာကလေးတွေအားလုံးနဲ့သက်ဆိုင်ပါသည်။တရားခံများအမြန်ဆုံးဖမ်းဆီး
ရမိရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့အား
ကူညီဆောင်ရွက်ပေးပါရန်မေတ္တာရပ်ခံ
အပ်ပါကြောင်း။။။။။
ကျန်တဲ့ကျောင်းများလည်းစိုရိမ်စရာရှိ
နေပါတယ်။


fb  မှ  

ဆီကားမီးလောင် တာတဲ့

အင်းတော်မြို့နယ်မော်လူးပင်ဝဲကြားကားလမ်းမိုင်တိုင်အမှတ်၁၄၄/၁၄၅ရွှေဘိုမြစ်ုကြီိးနားကားလမ်းမပေါ်ဒီဇင်ဘာ၎ရက်ညနေ၅နာရီအချိန်ခန့်ကမြစ်ကြီးန ဘက်သို့မောင်းနှင်လာသောလောင်စာဆီတင်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့သည်။ယင်းမီးလောင်ရာသို့ကသာမှမီးသတ်ကား၂စီး အင်းတော်မှ၂စီး မော်လူးမှ၂စီးတို့ရောက်ရှိကာမီးငြိမ်းသတ်ခဲ့သည်။၎င်းမီးလောင်ရာသိုမြို့နယ်စီမံခန့်ခွဲမှု့ကော်မတီဥက္ကဌဦးတင်မြင့်နင့်တာဝန်ရှိသူများလာရောက်ခဲု့ကြသည်။




Wednesday, December 2, 2015

လွမ်းမိတဲ့ . . . . ဆောင်း

လွမ်းမိတဲ့ . . . . ဆောင်း
@@@@@@@@@@@

စက်တင်ဘာလကုန်ရက်၏ နံနက်ခင်းသည် နှင်းမှုန်များဖြင့် မှုန်မှိုင်းနေလေသည်။ မိုးကုန်ခြင်း၏ အရိပ်လက္ခဏာပေလော ….။ မိမိနေထိုင်ရာနေရာမှ အရှေ့ဘက်သို့ မျှော်ကြည့်လေသောအခါ ကုက္ကိုပင်အိုခြောက်ကြီး၏ ပတ်လည်တွင် နှင်းမှုန်ဆိုင်းကာ အုံ့ဆိုင်းနေတော့သည်။ မြောက်ဘက်အရပ်ရှိ သမဝါယမဆန်စက်ကြီး၏ မီးခိုးခေါင်းတိုင်တစ်ဝိုက်တွင်လည်း နှင်းမှုန်များ ဝန်ရံလျှက်ရှိနေ၏။ အတွေးထဲမှ "သြော် … တစ်ဆောင်းသစ်ပြန်ရောမယ် ….." ဟု ရေရွတ်နေမိသည်။
ဆောင်းရာသီ၏ ဇာတ်လိုက်ကျော် နှင်းမှုန်များအား ငေးကြည့်ရင်း အတွေးစိတ်တို့ကား အဝေးတစ်နေရာသို့ တလွင့်လွင့်သာ မျှောပါကုန်ကြလေတော့သည်။ အရင်က ဒီလိုဆောင်းရာသီရက် ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမှုန်များ သိုင်းခြုံလျှက်ရှိသည့် ကာလမျိုးများတွင် ကျနော်ကျင်လည်ခဲ့ရသည့် ဘဝနေ့ရက်များကား လွမ်းစရာ သတိရစရာ တမ်းတစရာအများပင် …. ကျနော် ခဏခဏရေးဘူးသကဲ့သို့ လူဆိုသည်မှာ မှတ်မိချင်စရာ သတိရချင်စရာကောင်းသည့် ဘဝအစိတ်အပိုင်းများကိုသာ ပြန်လည်သတိရတမ်းတတတ်ကြသည် မဟုတ်ပါလား။ ဒီလို ဆောင်းရာသီ နှင်းမှုန်ခြုံသိုင်းသည့် နံနက်ခင်းများတွင် အိမ်ဘေး မီးဖိုအနီးတွင် မောင်နှမတစ်တွေ ဝိုင်းဖွဲ့ထိုင်ကြရင်း အိမ်တွင်းဖြစ် ကောက်ညှင်းဖြင့် ပြုလုပ်ထားသည့် ခေါပုတ်ပြားများကို တံစို့ကိုယ်စီဖြင့် မီးဖိုတွင် ကင်ကြ … အပူဓာတ်ရလာပြီး ဖောင်းကြွလာသည့် ခေါပုတ်လေးများကို တံစို့မှ ဖြုတ်ကာ ခရမ်းချဉ်သီးပန်ထွေ ( ခရမ်းချဉ်သီးကို မီးဖုတ်ပြီး အခွံနွှာ၊ ကြက်သွန်နီပါးပါးလှီး၊ ငါးပိဖုတ်၊ ငရုတ်သီးမှည့်များ ရောသမမွှေထားသည့်) တို့စားရသည့် အရသာကို လွမ်းမိပါသည်။ ငယ်စဉ်က တစ်စုတစ်စည်းတည်းရှိခဲ့ကြသည့် မောင်နှမတစ်တွေ အခုတော့ တစ်နယ်စီ တစ်နယ်စီမှာ သူ့ဝမ်းရေး ကိုယ့်ဝမ်းရေး ကိုယ်စီ ကိုယ်စီ ရုန်းကန်လှုပ်ရှားနေကြရလေပြီ။ ငယ်ငယ်က ကျနော်ကား အစ်မများနှင့်လည်း မတည့် ညီမနှင့်လည်း ရန်ဖြစ်ဆိုတော့ အမေ ဆုံးမသည့် စကားလေးက " ငါ့သား မောင်နှမတွေဆိုတာ ငယ်တုန်းမို့ အတူနေကြရတာ ကြီးလာရင် သူလမ်းကိုယ့်လမ်း သွားကြရမှာ … အတူတူနေရတုန်းကို ချစ်ချစ်ခင်ခင် နေပါကွယ် …" ဟု ပြောလေ့ရှိသည်။ ဟုတ်ပေသားပဲ … … အခုအချိန်တွေးကြည့်မိတော့ အစ်မများ ညီမများအပေါ် တော်တော်ဆိုးခဲ့သည့် ကိုယ့်ကိုကိုယ် နောင်တရမိချေ၏။
အမှတ်ရစရာကောင်းသည့် ဆောင်းနံနက်ခင်းတွေထဲက တစ်ခုကတော့ ဆောင်းရာသီ စပါးသိမ်းချိန်များပင် …. ။ယခင်က ယခုလို စပါးခြွေလှေ့စက်တွေ မပေါ်သေးတာမို့ စပါးရိတ် ကောက်လှိုင်းတွေစည်း၊ တလင်းတွေထွင်၊ တလင်းအုံတွေဆောက် …. ပြီးလျှင် ကောက်လှိုင်းတွေကို တလင်းထဲမှာ စုပုံ (ကောက်ဆိုင်ဆိုင်သည်) …. ပြီးတော့ ကောက်လှိုင်းတွေကို အစီအရီအဝိုင်းပုံကြီးဖြစ်အောင် စီမံ (သီးထောင်ပြန့်၊ ရိုးရိုး)ပြီး နွားများဖြင့် ပတ်ချာလှည့် မောင်းကြ ၊ ကောက်ဆွများဖြင့် အထက်အောက် လှန်ပေးကြ( ကောက်ဆွဆွ) …. ဒီလို စပါးနင်းရသည့် ဆောင်းနံနက်ခင်းတွင် တစ်ညလုံးကျထားသည့် နှင်းတွေက ကောက်ပြန့်ပေါ်မှာ စိုစွတ် …. လယ်ကွင်းထဲမှာဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံးလည်း နှင်းမှုန်များ အုံ့ဆိုင်း အအေးဓာတ်ကို အံတုရန်ကား နွားလှည့်ရင်း ကောက်ပြန့်ပေါ်မှာ ခုန်ဆွ ခုန်ဆွဖြင့် တောင်မရောက် မြောက်မရောက်သည့် အသံဗြဲကြီးဖြင့် "စာဥရေ …. ငါအရောက်ပြန်ခဲ့မှာက အစ …. တို့ကတော့ … တို့ကတော့ … တို့ကတော့ ဘုရားကျောင်းထဲ ပြန်ရောက်တဲ့အချိန်" အဆုံး ပါးစပ်ထဲတွေ့ရာ အော်ဆိုရင်း စပါးနယ်ခဲ့ရတဲ့ အချိန်တွေ လွမ်းမိသား …….
နောက်တစ်ခု ဆောင်းရာသီအလွမ်းကား ကျောင်းသားဘဝက အလွမ်း …………
ဆောင်းရာသီရဲ့ လတစ်လဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ည ဆေးပေါင်းခတဲ့ည …… မှတ်မှတ်ရရပြောရလျှင် ၁၉၉၉ ခုနှစ်၏ တန်ဆောင်မုန်းလပြည့်ည ကျနော်တို့ငှားနေသည့် အဆောင်မှ သူငယ်ချင်းများ မြစ်ကြီးနားမြို့ထဲလှည့်ပြီး သွားကြ …. အေးသည်ဟု အကြောင်းပြ ပျော်ပျော်ပါးပါး သောက်ပွဲကျင်းကြ …. ဒီလိုနှင့် ညကား တဖြည်းဖြည်းနက်လာ …. ကောင်းကင်ယံမှ လပြည့်ဝန်းကြီးကလည်း ဝိုင်းဝိုင်းစက်စက်ပေါ်ထွက်လာ …… ညာဉ့်နက်လာပေမဲ့ အဆောင်သို့ မပြန်ဖြစ်ကြသေး …… သူငယ်ချင်းများထဲမှ နမ္မတီးသား သူငယ်ချင်းက ဆေးပေါင်းခတဲ့ညကို တစ်ညလုံး မအိပ်ပဲ လျှောက်လည်ကြမည်ဟု အကြံပြုသလို … နန့်မွန်းသား သူငယ်ချင်းကတော့ မြစ်ကြီးနားမြို့ကနေ နမ္မတီးအထိ စက်ဘီးနင်းကြမည်ဟု ဆိုလေပြန်ရာ … အားလုံး ရေချိန်ကိုက်နေကြပြီ …. မြစ်ကြီးနား မြို့လယ်မှ မြို့အထွက်ဘက်သို့ စက်ဘီးကိုယ်စီဖြင့် စတင်ထွက်ခွာလာကြသည်။ သီချင်းတွေကလည်း သူ့တစ်မျိုး ကိုယ်တစ်မျိုးဆီ သီဆိုကြရင်းပေါ့။ မြစ်ကြီးနားအထွက် ပပ္မတီးအကျော် မပခ(မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်)နားရောက်တော့ မိုးညှင်းသား သူငယ်ချင်းက နမ္မတီးအထိ စက်ဘီးဖြင့် သွားကြရန်မှာ မဖြစ်နိုင်ကြောင်း သူကတော့ မလိုက်နိုင်ကြောင်း … ပြန်တော့မည်ဖြစ်ကြောင်း ပြောပြီး ပြန်လှည့်ပြေးသည်မို့ ကျနော်တို့တစ်တွေလည်း စက်ဘီးတွေပြန်လှည့်ကာ အဆောင်ရှိရာသို့ ချီတက်လာကြတော့သည်။ အချိန်ကား ညနှစ်နာရီခန့်ရှိပေတော့မည်။ အဆောင်ရှေ့ရောက်တော့ အဆောင်ခြံတံခါးမကြီးကား သော့ခလောက်ကြီးဖြင့် ပိတ်လျှက်ဆီးကြိုနေတော့၏။ အဆောင်ရှင်ကိုလည်း နှိုးရန်မဖြစ်သည်မို့ ရေတမာပင်ကြီးကို ပတ်လည်ဝိုင်းထားသည် အုတ်ခုံဝိုင်းလေးမှာ ကျနော်တို့ သူငယ်ချင်းတစ်စု ကုပ်ကုပ်လေးတွေနဲ့ မိုးလင်းအောင်စောင့်နေကြရတော့သည်။ ဆေးပေါင်းခသည့် ည၏ အအေးကပိုသလို … အနွေးဓာတ်ရစေရန် ခြုံထားသည့် ယမကာအနွေးထည်ကလည်း ကွာကျချိန်မို့ သူငယ်ချင်းတစ်စု ပူးပူးကပ်ကပ်လေးတွေထိုင်ရင်း မေးခိုက်ခိုက်တုန်ခဲ့ရသည့် နှင်းမှုန်ခြုံသိုင်းသည့် ဆောင်းတစ်ည ….. လွမ်းရပါသည်ကော …….
ဟော ….. အခုတော့ …. နမ္မတီးသား သူငယ်ချင်းက ဆီစက်ပိုင်ကြီးဖြစ် …. နန့်မွန်းသား သူငယ်ချင်းက ကျောက်လောပန်းကြီးဖြစ် …. မိုးညှင်းသား သူငယ်ချင်းကတော့ စင်ကာပူနိုင်ငံမှာ ဟန်ကျပန်ကျ အလုပ်နှင့် …… ကျနော်သာ ……..လျှင် ……. သြော် ….. အလွမ်းတွေနဲ့ ဆောင်း …………………………………………………………………… ။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ . . .
k.t.w.l

အိမ်ရှင် ကသာ ကို ၃ : ၁ ဖြစ်ကာ ဒုတိယဆု ဖြင့် ကျေနပ်လိုက်ရသော မော်လူးဒေသ အမျိုးသမီးဘောလုံးသင်း

Tunmyo Thant
facebook  မှ  ကူးယူသည်။


၂၀၁၅ ခုနှစ် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဌဖလား မြို့နယ်အလိုက် အမျိုးသမီးဘော့လုံးပြိုင်ပွဲ
တွင်အကောင်းဆုံးကြိုးစားပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သော
အင်းတော်မြို့နယ် ကိုယ်စားပြု မော်လူးအမျိုးသမီး
အားကစားသမားများနှင့် အစစအရာရာအတွက် တာဝန်ယူ ၀ိုင်းဝန်းထောက်ပံ့ပေးကြသော တာဝန်ရှိလူကြီးများ အသင်းအောင်နိုင်ရေးအဖွဲ့ တွင် အတူတကွ ပါဝင်ကူညီပေးကြသူများ အားပေးကြသောပရိတ်သတ် အပေါင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Thursday, November 26, 2015

ဆေးပေါင်းခည နှင့် "မဲဇလီဖူးသုပ်" အကြောင်း

ဆးပေါင်းခည နှင့် "မဲဇလီဖူးသုပ်"
====================

တန်ဆောင်မုန်းလပြည့်နေ့ ညအခါသမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆- ပါးသော ရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကိုရှည်စေပါတယ်လို့ သာရကောမုနိဆေးကျမ်းက ဆိုထားပါတယ်။

တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တချိန်တည်းမှာ တညီတညွတ်တညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်ညဟာ ကြယ်တာရာနက္ခတ်အစုံ ထွက်ပေါ်ချိန် လရိပ်သည် ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန် ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အ၀ပြတယ်လို့လဲ ဆိုကြပါတယ်။

ညသန်းခေါင် မွန်းတည့်ချိန်ရောက်သောအချိန်မှာ ရရာသစ်မြစ်ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ဤကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တို့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

မဲဇလီဖူးသုပ် စားခြင်းကို ဆေးပညာရှုထောင့်က ကြည့်မည်ဆိုလျှင် မဲဇလီဖူးမှာ
ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊
ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့
အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။
မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။
အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေ ပါတယ်
မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။
အ ကြောင်းကတော့ အန်သရာကွီနုန်းပမာ ဏ များစွာ ပါဝင်ပြီး ဝမ်းချုပ်တာ၊
သွေး ထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူတာတို့လို အစာခြေ
အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိက အသုံးဝင်ပါတယ်။
ဝမ်းမှန်မှန်သွားစေပါတယ်
မဲဇလီဖူးဟာ အူတွေကို သန့်စင် စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို
ကောင်းမွန်စေတာကြောင့် ဝမ်းပျော့ပျော့သွား စေတဲ့ အာနိသင်ရှိပါတယ်။
ဒါ့အပြင် အူ လမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။
ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်
မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါ တယ်။
ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်
မဲဇလီဖူးကို စားတာကြောင့် သရက် ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ်
အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်အစွမ်း ရှိတာပါ။
ရောဂါကို တွန်လန်နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေ
ဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ
ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။
ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်
မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော
ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု
မဖြစ် အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း
ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင်
ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့
လိုအပ်နေပါသေးတယ်။
ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်
လေ့လာမှုတွေ အရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas
aeruginosa နဲ့ Proteus. vulgaris စတဲ့ ပိုးတွေကို တွန်းလှန်ပေး နိုင်တဲ့
အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဖန်းဂပ်စ် မှိုတွေ ကိုတော့ တွန်းလှန်
နိုင်တယ်လို့ မပြသထားပါဘူး။
အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်
မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင်
ကာကွယ်ပေးတဲ့ ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့
အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်ဆိုတာကို သုတအလို့ငှာ တင်ပြလိုက်ပါရစေ...။

fbမှ


Wednesday, November 25, 2015

မော်လူး မှာ အိမ်မီးလောင်တာ တဲ့

ယနေ့နိဝင်ဘာ၂၆နံနက်၆နာရီ၂၄မိနစ်မော်လူးမြမာရပ်နေအိမ်တလံုးမီးလောင်မှု့ဖြစ်ပွားမီးငြိမ်းသတ်ရန်မီးသတ်ကား၆နာရီခွဲရောက်ရှိမီးငြိမ်းမှုမှာ၆နာရီ၄၀ခန့်မှာပြီးစီးလူတဦးတယာက်မှထိခိုက်ဒဏ်ရာရရှိမှု့မရှိ



Tuesday, November 24, 2015

မော်လူး ဘုရားကြီးကျောင်း သို့ လိုင်စင်ပါ ကားလှူ တဲ့ ဂုဏ်ယူဖွယ်မိသားစု

မော်တော်ယာဉ်ဆက်စပ်ပစ္စည်း နှင့် စာရွက်စာတမ်းများကို
အလှူရှင်မိသားစုများက အပ်နှံလှူဒါန်း


Sunday, November 22, 2015

တန်ဆောင်တိုင်ပွဲ . . .

" တန်ဆောင်တိုင် . . . "
@@@@@@@@@@@@@@@@@@@@@@@
ကထိန်ရာသီရောက်လာသည်နှင့်အမျှ ဟိုရွာကထိန်ပွဲ ဒီရွာကထိန်ပွဲတို့ဖြင့်
သက်ဝင်လှုပ်ရှားလျှက်ရှိပေသည်။ ကထိန်ဆိုသည့် ဝေါဟာရသည် ကထိနဆိုသည်မှ
ဆင်းသက်လာသည်။ အဘယ်ကြောင့် ကထိန်ပွဲကို ကျင်းပကြရသည်များကို ရေးပြရန်
အစချီနေခြင်းမျိုး မဟုတ်ရပါ။ ကထိန်ပွဲနှင့် ပတ်သက်ပြီး
ငယ်ငယ်ကတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံလေး တစ်ခုကို ပြောပြလိုခြင်းမျှသာ
ဖြစ်ပေသည်။ ငယ်ငယ်က တန်ဆောင်တိုင်ပွဲ (တန်ဆောင်မုန်းလပြည့်)
ရောက်ပြီဆိုလျှင် သူငယ်ချင်းတစ်သိုက် စုဝေးမိကြချေပြီ။
အဘယ်ကြောင့်နည်းဟုဆိုသော် ရွာအတွင်းသို့ အိုးစည် ဒိုးပတ်ဖြင့်
တီးမှုတ်ကခုန်ကြပြီး တစ်အိမ်ပြီး တစ်အိမ် သွားရောက်ကြကာ အိမ်ရှေ့မှ
သံပြိုင် "တန်ဆောင်တိုင်အတွက် အလှူခံပါတယ်ဗျို့" ဟုအော်ပြီး …
ဒိုးပတ်တီးသူက "ပတ် … ပုံပုံ … ပုံ …"ဟု အစပျိုးလိုက်ပြီး အိုးစည်သမားက
"ပုံပုံ .."ဟု လိုက်ကာ လင်းကွင်း၊ ဝါးလက်ခုပ် သမားတို့က သံပြိုင်တီး …
ဦးရွှေရိုးအဖြစ် အိမ်မှ အညာစောင်ကြမ်းကိုပတ် တိုက်ပုံအင်္ကျီ၊
ခေါင်းပေါင်း၊ နှုတ်ခမ်းမွှေးကားကားနှင့် ဦးရွှေရိုးက ကပါတော့သည်….။
အတီးရပ်တော့မည်ဆိုလျှင် … အဖွဲ့သားအားလုံးက "
ဟေးးးးလားးးးးမောင်….ရို့….ဝါးးးး" ဟုတိုက်ပင်ကိုက်ကာ ရပ်လိုက်ကြပါသည်။
အိမ်ရှင်က ပိုက်ဆံ သို့ ဆန် လာထည့်ပေးလျှင် …. "ကျန်းမာပါစေ ….
ချမ်းသာပါစေ … သိန်းဆုကြီးလည်း ပေါက်ပါစေ… " ဟု ဆုတောင်းပေးကာ
နောက်တစ်အိမ်သို့ ထပ်ကူးကြပါတော့သည်။ ထိုသို့ တန်ဆောင်တိုင်ညတွင်
အလှူခံထွက်နိုင်ရန် ရွာတွင်းမှာ ရှိသည့် အိုးစည်ဒိုးပတ်ကို ငှား၍ရအောင်
ကြိုတင်ပြောထားကြရပါသည်။ ဗုံစာအဖြစ် အသုံးပြုရန် ထမင်းနှင့်ပြာကို
ညက်အောင်ထောင်းရတာလည်း အမော … ဗုံသားရေလျှော့နေလျှင်
ဗုံကြိုးတင်းရသေးသည်။ ကျနော်တို့ ငယ်ငယ်က ယခုခေတ်လို လူကြီး လူငယ် အစုံ
ငွေဖလားကိုင် ဒစ္စကိုတေးသွား(သို့) ဘာမှမပါပဲ ဖလားကိုင်ကာ
"တန်ဆောင်တိုင်အတွက် အလှူခံပါတယ်ဆိုပြီး မလုပ်ကြသေး … တန်ဆောင်တိုင်ည
အလှူခံသည် ကျနော်တို့လို ကလေးများအတွက်သာ …. ယခုအချိန်မှာတော့
လူကြီးများကသာ နေရာယူပြီး .. တန်ဆောင်တိုင်ရက်မတိုင်မှီကပင်
ငွေဖလားကိုင်ပြီး တစ်အိမ်တက်ဆင်း အလှူခံ …. တန်ဆောင်တိုင်ညမှာ
သောက်ကြစားကြပေါ့ …. ကလေးများမှာလည်း ကျနော်တို့ ငယ်ငယ်ကလို
အိုးစည်ဒိုးပတ်နှင့် တန်ဆောင်တိုင် အလှူခံတာမျိုး
မရှိသလောက်ရှားသွားပေပြီ …. ယခင်ကဆိုလျှင် သီးတင်းကျွတ်ပြီးသည်နှင့်
ကျေးရွာများမှ အိုးစည်ဒိုးပတ်သံများကို ကြားနေရချေပြီ…..။
တန်ဆောင်တိုင်အလှူခံခြင်းကို ည ၈ နာရီအထိလောက်သာ ပြုလုပ်ကြပြီး …..
အလှူခံရသည့် ငွေများ ဆန်များကို ခွဲဝေယူကြ … ထို့နောက်တွင်တော့ ဗီဒီယို
အလကားပြသည့် ဘုန်းတော်ကြီးကျောင်းသို့ သုတ်ခြေတင် … မုန့်ဈေးတန်းတွင်
မုန့်ဝယ်စား …. အလကားပြသည့် ဗီဒီယိုကို ငေးမော …. ကျနော်တို့ ငယ်ငယ်က
ခေတ်စားသည့် ဗီဒီယိုကားများမှာ ခေတ်ကားဆိုလျှင် မင်းသား ရဲမင်းပိုင်၊
ရဲကိုကို၊ ရာဇဝင်ကားဆိုလျှက် မင်းသား ထွန်းလုံရှိန်၊ ဘိုမြင့်ရှိန်တို့
ခေတ်စားချိန် … မိုးလင်းသည်အထိ ဗီဒီယိုကို နှစ်ကားတွဲ သုံးကားအထိ
အလကားပြပေးသည်မို့ လူစည်လိုက်သည့် ဖြစ်ခြင်း… ထိုအချိန်က ယခုခေတ်လို
အိမ်တိုင်းတွင် တီဗီ အောက်စက် စလောင်း မရှိသေး … ဗီဒီယိုကြည့်လိုလျှင်
ရွာထိပ်က ဗီဒီယိုရုံကိုပြေး …. လာထားးး လူကြီး ၁၀ ၊ ကလေး ၅ ကျပ်ပဲ ……
ထိုသို့ တန်ဆောင်တိုင် အလှူခံသည့် ဖြစ်စဉ်ကို မည်သူက
စတင်ထီထွင်လိုက်မှန်း မသိသော်လည်း တန်ဆောင်တိုင်ရောက်ပြီဆိုလျှင်
ကျနော်တို့ ကလေးတွေ ပျော်ကြပါသည်။ ထိုသို့ တန်ဆောင်တိုင် အလှူခံခြင်းကို
ကျနော်တို့အဖွဲ့ ငါးတန်းကျောင်းသားဘဝလောက်ကပင် အိုးစည်ဒိုးပတ်ဝိုင်းဖြင့်
အဆင်ပြေပြေ ပြုလုပ်တတ်နေကြပေပြီ။ တန်ဆောင်တိုင်ရက် မတိုင်မှီကတည်းက
ဒိုးပတ်တီးသူ အိုးစည် တီးသူ လင်းကွင်းတီးသူ ဝါးလက်ခုပ်တီးသူ
ဦးရွှေရိုးကမည့်သူများ စုဝေးတိုင်ပင်ကြပြီ … အိုးစည် ဒိုးပတ်ကို
ဘယ်သူ့ဆီက ဘယ်လောက်နှင့် ငှားမည်။ ဗုံစာအတွက် ဘယ်သူက တာဝန်ယူ …
ဦးရွှေရိုး ပုဆိုးအတွက် ဘယ်သူ့အိမ်က အညာစောင်ကြမ်းကို ယူခဲ့ဟု
အစီအစဉ်တွေချမှတ် … ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို ကျနော်တို့ ကျောင်းက
ကထိန်အလှူလှည့်ရာမှာ အိုးစည်ဒိုးပတ်လိုက်တီးကြနှင့်ပေါ့ ….. ဒီလိုနှင့်
တစ်ခုသော တန်ဆောင်တိုင်ညတစ်ညမှာ ကျနော်တို့အဖွဲ့ အိုးစည်ဒိုးပတ်တို့ဖြင့်
တန်ဆောင်တိုင်အတွက် အလှူခံပါတယ် ဟု အော်ရင်း တစ်အိမ်ပြီး တစ်အိမ်
ချီတက်လာခဲ့ရာ … တစ်ခုသော လက်ဘက်ရည်ဆိုင်ရှေ့သို့ ရောက်လာကြပေသည်။
ထိုစဉ်က ကျနော်နေထိုင်ရာဒေသတွင် နာမည်ကြီး လက်ဘက်ရည်ဆိုင်ပေါ့။ အချိန်က
ရှစ်နာရီထိုးလုချေပြီ ….. ဆိုင်ရှေ့အရောက်တွင် လက်ဘက်ရည်ဆိုင်မှ
ထွက်လာသည့် လူရွယ်တစ်ဦးက ကျနော်တို့ အဖွဲ့ကို "ကောင်လေးတွေ မင်းတို့တွေက
တီးကွာ … ငါက ကပေးမယ်" ဟု ပြောလာသဖြင့် ကျနော်တို့ သူငယ်ချင်း တစ်သိုက်
စတင် တီးပါတော့သည်။ တီးကောင်းနေသည့် အချိန်တွင် ဆိုင်ထဲမှ
လက်ဘက်ရည်အကြမ်းသောက်ပန်းကန်လုံး လွင့်စင်လာပြီး ကနေသူ၏
ရင်ဘက်တည့်တည့်သို့ ထိမှန် ထိုမှ ပန်းကန်လုံး အောက်မှ တံမံသလင်းနှင့်ထိကာ
"ခွမ်း "ဆိုသည့် အသံနှင့် က နေသူမှာလည်း မှင်တက် … ကျနော်တို့
တီးနေကြသူများမှာလည်း အံ့အားသင့်ကာ ရပ်တန့် ….
လက်ဖက်ရည်အကြမ်းပန်းကန်လာရာ လမ်းကြောင်းကို ကြည့်လိုက်တော့ ကျနော်သိသည့်
လူကြီးတစ်ဦး ………. ပြဿနာတွေ ရှုပ်ထွေးလာမည်ကို သိသည့် ကျနော်တို့
ကလေးတစ်သိုက် ထိုနေရာမှ အသာလေး လစ်ထွက်လာခဲ့ကြပါတော့သည်။ သို့သော်
ဆိုင်အတွင်းမှ မည်သည့်အကြောင်းကြောင့် မသိ လက်ဘက်ရည် ပန်းကန်ဖြင့်
ကောက်ပေါက်လိုက်သည့် လူကြီး၏ မျက်နှာကား မြင်ယောင်နေမိဆဲ …….။ ထိုနှစ်မှ
စတင်ပြီး ကျနော်တို့ သူငယ်ချင်း တစ်သိုက် တန်ဆောင်တိုင်ဆိုလျှင် အိုးစည်
ဒိုးပတ်တို့ဖြင့် တန်ဆောင်တိုင် အလှူခံခြင်းကို မပြုလုပ်မိကြတော့ချေ။
သို့သော် . . . . တန်ဆောင်တိုင်ရောက်လေတိုင်း ကျနော်တို့အဖွဲ့အား
ဆိုင်အတွင်းမှ လက်ဘက်ရည်အကြမ်းပန်းကန်ဖြင့် ပစ်ပေါက်ခဲ့သော လူကြီးအား
အဘယ်ကြောင့် ဤသို့လုပ်လေသနည်းဟူသော မေးခွန်းကို မေးလိုလှပါသည်။ အကယ်၍များ. . .

ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . .
k.t.w.l

နတ်ပြည် ၆ ထပ်ရှိ နတ်တို့၏ နတ်သက်တမ်းများ။

နတ်ပြည် ၆ ထပ်ရှိ နတ်တို့၏ နတ်သက်တမ်းများ။
====================
၁။ စာတုမဟာရာဇ်နတ် = နတ်သက် နှစ် ၅၀၀၊လူ့တွက်ကိန်းအသက် နှစ် ၉,၀၀၀,၀၀၀။
၂။ တာဝတိံသာ နတ် = နတ်သက် နှစ် ၁၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၃၆,၀၀၀,၀၀၀။
၃။ ယာမာနတ် = နတ်သက် နှစ် ၂၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၁၄၄,၀၀၀,၀၀၀။
၎။ တုသိတာနတ် = နတ်သက် နှစ် ၄၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၅၇၆,၀၀၀,၀၀၀။
၅။ နိမ္မာနရတိနတ် = နတ်သက် နှစ် ၈၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၂၃၀၄,၀၀၀,၀၀၀။
၆။ ပရနိမ္မိတ၀သ၀တ္ထိ = နတ်သက် နှစ် ၁၆၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၉၂၁၆,၀၀၀,၀၀၀။
တို့ ဖြစ်ကြပါတယ်။ ။
{သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်
နုတ်ရေးသားပူဇော်ပါတယ်။}

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။



Saturday, November 21, 2015

" နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေး၍သင်၏ ဆိုးနေတဲ့ကံကို ပြုပြင်နည်း "



" နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေး၍သင်၏ ဆိုးနေတဲ့ကံကို ပြုပြင်နည်း "
-----------

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့...

၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ

တို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၉-၁။ ဒါန
-------------
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၉-၂။ သီလ
------------------
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၉-၃။ ဂုဏ်တော်
---------------
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊
လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၉-၄။ မေတ္တာ
-------------------
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၉-၅။ ၀ိပဿနာ
------------------
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

(မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁၀-၁။ အိပ်ရာထ
----------------------
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၁၀-၂။ နေ့လည်
---------------
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။

၁၀-၃။ ညပိုင်း
-----------------
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

၁၁။ နေ့စဉ်ပြုအပ်သည်
------------------------
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
-------------------------------------------------
ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံရင် သစ္စာဆို။
-----------------------------
ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
-------------------------------------
ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

(နှင်းဆီဖူးလေးများ)

Monday, November 16, 2015

အင်းတော်မှာတော့ ဖမ်းနေပြီ မော်လူးလာတော့မယ်ထင်တယ်

အင်းတော်မြို့တွင်း၌နိုဝင်ဘာ၁၇ရက်နေ့၁၀နာရီအချိန်ကဆိုင်ကယ်လိုင်စင် ယာဉ်မောင်းလိုင်စင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများ အိတ်ဇောအပွင့် တို့ကိုယာဉ်ထိန်းရဲ မစက မီးသတ်အဖွဲ့အစည်းတို့ဖမ်းဆီးအရေးယူပြီးတရားရုံး၌ဒဏ်ငွေပေးဆောင်ရသညိနာရီဝက်အတွင်းဦးထုပ်မဆောင်းသူဆိုင်ကယ်၁၂စီးအားဖမ်းစီးအရေးယူခဲ့သည်။


Sunday, November 15, 2015

မော်လူးဒေသ အနောက်ခြမ်း ကျိန်စာ တိုက်ခံရတော့မည်တဲ့

သယံဇာတ ကြိမ်စာ တိုက်တော့မည့် ဘက်ဟိုးကားနဲ့ မြေသယ်ယာဉ် ကားတွေကတော့ မော်လူး အနောက်ခြမ်း ဂွေ့ကြီးအုပ်စု မြောက်လေးတန် သစ်တောကြိုးဝိုင်းကြီး အတွင်း ထုံးတောင် ပေါ်မှာ အဆင်သင့် နေရာ ယူနေကြပါပြီ။

fb  က  မ   လာတာ



Saturday, November 14, 2015

FACEBOOK ပေါ်မှ ပေါက်ကွဲသံ . . .


သို့ . . . မြန်မာ့ မီးရထား တာဝန်ရှိသူများးး

Fwd: မြန်မာ့မီးရထားမှဆိုင်ရာလူကြီးမင်းခင်ဗျာမော်လူး နန့်စီးအောင်မီးရထားလမ်းအဆက်တွေမူလီနတ်တိုင်တွေမရှိတော့ပါကြောင်းခရီးတွေရဲ့ကိုယ်စားတင်ပြအပ်ပါသည်။

Thursday, November 12, 2015

ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ ဖတ်ထားကြပါအုန်း မော်လူးဒေသသားတွေ

ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ
မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ
--------------------------------------------
ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။ အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။
ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း
---------------------------------------------
သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။
ဟင်းအိုး ဆားငံသွားလျှင်
-----------------------------
မီးသွေးခဲ ရဲရဲတစ်ခဲအား ဆားငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။
ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း
-------------------------------------------------
ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။
ဘောလ်ပင် မှင်မလိုက်လျှင်
-------------------------------
အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။
ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန်
---------------------------------------------------------
ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ အရင်ထည့်ထားပြီးမှ ရေနွေးကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။
ရေခဲတုံး တာရှည်ခံအောင်ထားနည်း
------------------------------------------
သီတင်းစာ စက္ကူ (သို့) တစ်ရှူးစက္ကူ ဖြင့် ရေခဲတုံးကို လုံခြုံစွာပတ်ထားပါ။
ဆံပင်များ မကျွတ်စေရန်
-----------------------------
ကန့် (သို့)လက်ချားကို ရေနွေးပူပူတွင် ဖျော်၍ အေးသွားမှ ဆံပင်ကို လိမ်းပေးပါ။
သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။
ဖန်ထည်ပစ္စည်းများ အရောင်တင်နည်း
--------------------------------------------
ဆားရေ ပူပူဖြင့်ပြုတ်၍ ဆေးပေးပါ။
ငွေထည်ပစ္စည်းများ အရောင်တင်နည်း
--------------------------------------------
အာလူးပြုတ်ရည်တွင် စိမ်၍ပွတ်တိုက်ပေးပါ။
ရွှေထည်များ အရောင်တင်ရန်
-----------------------------------
ဇဝက်သာ တစ်ဇွန်းကို ရေအေးဖြင့်ရော၍ ရွှေထည်များကို ပွတ်တိုက်ပေးပါ။
မှန်များ ကြည်လင်ပြီး ဝင်းပလာအောင် အရောင်တင်နည်း
---------------------------------------------------------------------
အဝတ်သန့်သန့်ကို အရက်ပျံဆွတ်၍ (သို့) သီတင်းစာစက္ကူကို ရေဆွတ်၍ မှန်ကို ပွတ်တိုက်ပေးပါ။
အဝတ်အထည်များ ပိုမိုဖြူစင်တောက်သွား စေရန်
----------------------------------------------------------
သံပုရာရည် ၄/၅ စက်ခန့်ထည့်ပြုတ်ပြီးမှ လျှော်ပါ။
သံပုရာသီး အရည်ပိုထွက်စေရန်
----------------------------------------
မီးနွေးနွေးဖြင့်ကင်ပြီး / မာသောအပြား တစ်ခုခုဖြင့် အနည်းငယ်ဖိ လှိမ့်ပြီးမှ အရည်ညှစ်ပါ။
နှင်းခူ အစို/အခြောက် ပျောက်လိုသော်
-----------------------------------------------
ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။
သန်းများ သေစေသောနည်း
---------------------------------
ရှာလကာရည်(1/2)အောင်စ နှင့် နနွင်း(1/4)အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်း ပေးပါ။
ခြေဖနောင့်ကွဲသော် ပျောက်စေသောနည်း
----------------------------------------------------
ဆန်ဆေးရေဖြင့် ၁၅မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။
အဝတ်များ ဖားဥစွဲသော် ပျောက်စေရန်
---------------------------------------------
ဖားဥစွဲသော အဝတ်ပေါ်တွင် ပိတ်စအဖြူတင်၍ ရေဖြန်းပြီး မီးပူဖြင့် ဖိတိုက်ပေးပါ။
ရှောက်သီးများ တာရှည်ခံအောင်ထားနည်း
----------------------------------------------------
ရှောက်သီးများကို ထင်းရှူးသေတ္တာထဲ ထည့်ပြီး လွှစာဖုံး၍ထားပါ။
ကြွက်များ မလာစေရန်
----------------------------
ရှိန်းခိုကို အရည်ဖျော်၍ ပတ်ဖြန်းပေးပါ။
ပုရွက်ဆိတ်များ မလာစေရန်
*******************
သခွားသီးအခွံများ ချထားလိုက်ပါ။
ပိုးဟပ်များ မလာစေရန်
----------------------------
လေးညှင်းပွင့်ကိုထောင်း၍ ဖြူးပေးထားပါ။
မြွေများ မလာစေရန်
------------------------
ဆေးဒါန်းအား ရေဖျော်၍ ပတ်ဖြန်းပေးပါ။
ကြက်သားအရိုးပျောက်ချက်နည်း
--------------------------------------
ထန်ရည်တစ်ပုလင်းကို ၃ရက်ခန့် နေပူလှန်းပြီး အဝတ်ပါးပါးဖြင့်စစ်၍ ကြက်သားကိုနယ်ပီး ချက်ပါ။
ငါးသလောက် အမြန်နူးစေသောနည်း
-------------------------------------------
ကြွေဇွန်း / ကြွေပုဂံကွဲထည့်၍ ချက်ပေးပါ။
ထမင်းအိုး တူးသွားလျှင် အနံပျောက်စေရန်
---------------------------------------------------
တူးနေသောထမင်းအိုးထဲသို့ ငရုပ်သီး အတောင့်၂၀ခန့် ထိုးစိုက်ပြီး နာရီဝက်ခန့် အဖုံး ဖုံးထားပါ။
မျက်နှာ အဆီမပြန်လိုပါက
----------------------------------
မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ခန့် ထည့်ပြီးသစ်ပါ။
ကြိမ်ကုလားထိုင်မှ ကြိမ်များလျှော့နေသော်
--------------------------------------------------
ရေနွေးပူပူထဲသို့ ဆိုဒါမှုန့်ရော၍ ကြိမ်များကို ပတ်ဖြန်းပြီး နေပူလှန်းထားပါ။
ကွမ်းတံတွေးစွန်းပေလျှင် ပျောက်စေရန်
-----------------------------------------------
စွန်းပေနေသော နေရာသို့ ခရမ်းချဉ်သီးဖြင့် ပွတ်တိုက်ပေးပါ။
ညှောင့် / ဆူးစူးလျှင်
-----------------------
ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့်တေ့ပြီး ဖိထားပါ။
ကြွက်နို့ ပျောက်စေသောနည်း
-----------------------------------
ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။
ဂျင်းကိုလှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို ၁နာရီတစ်ကြိမ်ခန့် ပွတ်ပေးပါ။
ဝက်ခြံပျောက်စေသောနည်း
---------------------------------
ကြက်ဟင်းခါးသီးအစေ့ / သနပ်ခါးကို ဆားဖြင့်ရော၍ သွေးလိမ်းပါ။
နွားနို့ မချဉ်အောင်ထားနည်း
---------------------------------
ငရုပ်သီးစိမ်း ၁၀တောင့်ခန့်ကို အညှာဖြုတ်၍ထည့်ပေးထားပါ။
မျက်နှာပေါင်းတင်နည်း
-----------------------------
ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့်ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။
အပူလောင်သော်
---------------------
၁။သွားတိုက်ဆေး နိုင်နိုင်လိမ်းပေးပါ
၂။ကွမ်းရွက်ကို သကြားဖြင့်ရောထောင်းပြီး ဒါဏ်ရာပေါ်သို့ အုံပေးထားပါ
credit to အဘ
K..K(ကနောင်)

Wednesday, November 11, 2015

လမ်းခင်းတဲ့ ပရဟိ မော်လူး မှာ ပြုလုပ်

ဦးသိန်းအောင် ဒေါ်မြင့်မြင့်စိန် မိသားစုမှမော်လူးစည်ပင်သာယာရေးဈေးဘက်သွားတံတားနှင့်လမ်းကိုဈေးသူဈေးသားကား ဆိုင်ကယ် စက်ဘီးများသွားလာမှု့အဆင်ပြေစေရေးတွက်ငွေလေးသိန်းခန့်ကုန်ကျခံလမ်းခင်းအလှူဒါနပြုလုပ်ခဲ့သည်။


ခိုးကောင်ရွာ က ရေလှောင်ကန် ပြိုသွားပြီတဲ့

ကျေးလက်ဦးစီးဌာနမှ ကန်ထရိုက်ပေးတည်ဆောက်ပေးခဲ.သောမော်လူးဒေသခိုးကောင်ရွာမှ စိမ်.စမ်းရေလှောင်ကန် ကွဲသွားပါပြီ


မော်လူး ပေကုန်း ကြား ကားလမ်း တံတာများ ဖျက်ထားသဖြင့် ကားများခဏခဏ လမ်းပိတ်မိ

မော်လူးနှင့် နန့်စီးအောင်ကြား လမ်းပိုင်းပြဿနာ တက်နေပါတယ် သက်ဆိုင်ရာ ဝန်ထမ်းများ လာရောက်ဖြေရှင်းပေးပါ ခင်ဗျာ