၁၉၇၃ ခုနှစ် လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် (RIT) က ကျောင်းသားတယောက်ဟာ ကျောင်း Project တခုအဖြစ် Hovercraft (လျှပ်ပြေးယာဉ်) ကိုတည်ဆောက်ပြခဲ့သတဲ့။ ဒါပေမယ့် အဲဒီအချိန်က အာဏာရှင်ကြီး ဦးနေ၀င်းက အဲဒီ Project ကို ဖျက်သိမ်းခိုင်းခဲ့သတဲ့ (ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်အတုအယောင်နဲ့ လာမငြင်းကြေးနော်)။ အဲဒီကျောင်းသားအမည်က မောင်ခင်မောင်ချိုလို့ခေါ်ပါသတဲ့။ အခုတော့ ဦးခင်မောင်ချိုပေါ့။ အဲဒီဦးခင်မောင်ချိုကတော့ အခု လာမယ့် ဧပြီ (၁) ရက်နေ့မှာ စတင်ဦးဆောင်တော့မယ့် အစိုးရသစ်လက်ထက်မှာ စက်မှုဝန်ကြီးအဖြစ် လူမှန် နေရာမှန် တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ အဲဒီလို တော်တဲ့ ထက်မြက်တဲ့ တီထွင်ဖန်တီးလိုစိတ်ရှိတဲ့ လူငယ်တွေက လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော် လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက အပြိုင်းအရိုင်း ပေါ်ထွန်းခဲ့ဖူးပါတယ်။ သို့ပေမယ့် ၁၉၆၂ ခုနှစ် အာဏာရှင်ကြီး ဦးနေ၀င်း အာဏာသိမ်းပြီးကည်းက ထူးချွန်ထက်မြက်သူတွေကို နှိပ်ကွပ်ခဲ့တာ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့က ၅၄ နှစ်ပြည့်ခဲ့ပါတယ်။ အခု စက်မှုဝန်ကြီးဖြစ်မယ့် ဦးခင်မောင်ချိုခေါ် မောင်ခင်မောင်ချိုလည်း အဲဒီကာလရဲ့ သားကောင်တဦးပေါ့။ ဒီနေ့ခေတ် ညီငယ် နှမငယ် သားငယ်သမီးငယ်တွေကို သိစေချင်လို့ပါ။ (မူရင်းဓာတ်ပုံတင်သူကို ခရက်ဒစ်ပေးပါတယ်)
မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Friday, March 25, 2016
ရေပေါ် ရှပ်ပြေးယာဉ်က မြန်မာက ၁၉၇၃ ထဲက ထွင်ခဲ့တဲ့သူက ခုစက်မှုဝန်ကြီးဖြစ်မှာတဲ့
၁၉၇၃ ခုနှစ် လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် (RIT) က ကျောင်းသားတယောက်ဟာ ကျောင်း Project တခုအဖြစ် Hovercraft (လျှပ်ပြေးယာဉ်) ကိုတည်ဆောက်ပြခဲ့သတဲ့။ ဒါပေမယ့် အဲဒီအချိန်က အာဏာရှင်ကြီး ဦးနေ၀င်းက အဲဒီ Project ကို ဖျက်သိမ်းခိုင်းခဲ့သတဲ့ (ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်အတုအယောင်နဲ့ လာမငြင်းကြေးနော်)။ အဲဒီကျောင်းသားအမည်က မောင်ခင်မောင်ချိုလို့ခေါ်ပါသတဲ့။ အခုတော့ ဦးခင်မောင်ချိုပေါ့။ အဲဒီဦးခင်မောင်ချိုကတော့ အခု လာမယ့် ဧပြီ (၁) ရက်နေ့မှာ စတင်ဦးဆောင်တော့မယ့် အစိုးရသစ်လက်ထက်မှာ စက်မှုဝန်ကြီးအဖြစ် လူမှန် နေရာမှန် တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ အဲဒီလို တော်တဲ့ ထက်မြက်တဲ့ တီထွင်ဖန်တီးလိုစိတ်ရှိတဲ့ လူငယ်တွေက လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော် လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက အပြိုင်းအရိုင်း ပေါ်ထွန်းခဲ့ဖူးပါတယ်။ သို့ပေမယ့် ၁၉၆၂ ခုနှစ် အာဏာရှင်ကြီး ဦးနေ၀င်း အာဏာသိမ်းပြီးကည်းက ထူးချွန်ထက်မြက်သူတွေကို နှိပ်ကွပ်ခဲ့တာ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့က ၅၄ နှစ်ပြည့်ခဲ့ပါတယ်။ အခု စက်မှုဝန်ကြီးဖြစ်မယ့် ဦးခင်မောင်ချိုခေါ် မောင်ခင်မောင်ချိုလည်း အဲဒီကာလရဲ့ သားကောင်တဦးပေါ့။ ဒီနေ့ခေတ် ညီငယ် နှမငယ် သားငယ်သမီးငယ်တွေကို သိစေချင်လို့ပါ။ (မူရင်းဓာတ်ပုံတင်သူကို ခရက်ဒစ်ပေးပါတယ်)
Thursday, March 24, 2016
Tuesday, March 22, 2016
ဧည့်စာရင်းတိုင်ကြားခြင်း ဥပဒေကို ပယ်ဖျက် ကဲဧည့်စာရင်း တိုင်စရာလိုတော့ဘူးတဲ့
ဧည့်စာရင်းတိုင်ကြားခြင်း ဥပဒေကို ပယ်ဖျက်
==========================
၂၁..၃..၁၆
-
ကဲ- အခုတော့ မြန်မာနိုင်ငံမှာ တမြို့နဲ့တမြို့ လွှတ်လပ်စွာသွားလာ
တည်းခိုနိုင်ပြီး ဧည်စရင်းတိုင်းစရာ မလိုတော့ပါကြောင်း
ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်
ဥပဒေဖြင့် ပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်း သိရပါတယ်
-
ကဲ ညကြီးအချိန်မတော် ဧည်စရင်းလာစစ်ရင်လဲ အိမ်ရှင်များ
တံခါးဖွင့် ပေးရန်မလိုတော့ကြောင်း အသိပေးအပ်ပါတယ်
=============
Okkar Min
ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
ရွှေတိဂုံစေတီတော် အောက်က လျို့ဝှက်ချက်၂-ခုကို အာမေးနီးယန်းလူမျိုး တယောက်က သိခဲ့သည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီ တော်ကြီးရဲ့အောက်မှာ ပင်လယ်ရေ အတက်အကျ အလိုက် ရေ အနိမ့်အမြင့် ဖြစ်ပေါ်စေတဲ့ (၁၀) ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီ ရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများ စီချယ်ထားတဲ့ ရွှေလှေတစီး ရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာ နိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေက ပြောကြားခဲ့တယ်လို့ (၁၃. ၃. ၆၈)နေ့ ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုး တင်ဝင်း(ပေါင်းတည်)ရဲ့ ပြန်လည် ဖော်ပြချက်အရ သိရှိရပါတယ်။
မစ္စတာ အပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံ မေးမြန်းရာမှာ ၁၉၀၄.ခု၊ သူ့ရဲ့အသက် (၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတပါးနဲ့ တွေ့လို့ ချဉ်းကပ် တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။
ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့ လမ်းတလျှောက်လုံးမှာ ယောဂီဝတ်နဲ့ နီဝါရောင်ဝတ် ပုဂ္ဂိုလ်(၇) ဦးကို (၈) ပေ၊ (၉) ပေစီ ခြားပြီး တွေ့ရတယ်လို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ပတ်ပတ်လည်ကို အုတ်များနဲ့ အခန်း(၃၆)ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင် မရှိဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိ တယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေ အနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေ ခွဲခန့် ရှိပြီး ကျောက်မျက် ရတနာများနဲ့ စီချယ် ထားတဲ့ ရွှေကရဝိတ် လှေတစင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့် လှုပ်ရှားနေတယ်။
ကရဝိတ် ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ ပုဝါ လွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ထူးခြားချက်မှာ တခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အမြဲတမ်း ထိုးစိုက် ကျရောက်နေ တယ်။ ထုထည် ကြီးမားလှတဲ့ စေတီ အဆောက်အအုံကြီးကို ပင်မ အလယ်တိုင် မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့သာ တည်ဆောက်ခဲ့တယ်။
ပင်လယ် ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့ အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။ ခမ်းနား ဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာ ဖြစ်လို့ နှောင်းလူတွေ သုတေသန ပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာ အပရမေ.ကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက် တည်နေရာကို လိုက်လံ ပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံ ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ် ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံ ပြင်ဆင်ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်း မရှိပဲ ဆုတောင်းပြည့်စေတီရဲ့လှိုဏ်ဂူ အောက်မှာသာ ရှိတယ်လို့ ခန့်မှန်း ညွှန်ပြသွားနိုင်တယ်လို့ သိရပါတယ်။ မစ္စတာ အပရမေ.ကို လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း ) အမှတ် (၂၅)မှာ ၁၈၉၅.ခုနှစ်က ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာ အက်စ်အပရမေနဲ့ မစ္စက် ရိုစ်လူကပ်စ်တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့ အိမ်ထောင်ကျပြီး သားသမီး ၅.ယောက် ထွန်းကားခဲ့ကာ သားသမီး မြေးများနဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာ အပရမေဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြ ထားပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အပေါင်း ယုံကြည်ကိုးကွယ် ဆည်းကပ်ပူဇော်ကြတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့အောက် ပေ(၆၀)ခန့် အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီး အကြောင်းကို နှောင်းလူများ သိရှိစေရန် ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။
မူရင်းတင်အား credit ပေးပါသည်။
Maung Tun Wai
22.3.2016
Sunday, March 20, 2016
ဟဲနုဘုရားကုန်း ၏ အရှေ့ဘက် ကုန်းမှာ အင်္ဂလိပ်တွေ ကျောက်စာတိုင်စိုက်တယ်တဲ့ သွားဖတ်လိုက်ကြအုန်း
77တပ်မဟာဗိုလ်မှူးချုပ် အစ်ကင်ခေါင်းဆောင်တဲ့ အဖွဲ့ဟာ မော်လူး ဟဲနုဘုရားတောင် ( 1944 ဒုတိယကမ္ဘာစစ် whitecity အမည်ပေးထားသည်) မြို့ဖြူတော် သို့17.3.2016 ရက်နေ့ မှာလာရောက်လည်ပတ်ခဲ့ကြပါတယ်
17.3.2016 ရက်နေ့ နံနက် မှာ ချင်း
ဒစ်ယာယီပြခန်းမှာ ဒုတိယကမ္ဘာစစ် စစ်လက်ကျန်ပစ္စည်းများနဲ့ မှတ်တမ်း
ဓာတ်ပုံများ ဒုတိယကမ္ဘာစစ် မော်လူး တိုက်ပွဲများ ဗီဒီယိုပြသပေးခဲ့ရာ နိုင်ငံခြားသားများ အထူး စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး နောက်ဟဲနုwhitecityနေရာကိုလိုက်လံကြည့်ရှု၍ဘုရားတောင် မျက်နှာချင်းဆိုင် No 5တောင်ကုန်းမှာ ဗိုလ်မှူးချုပ် အစ်ကင် ကိုယ်တိုင်
ချင်းဒစ်အမှတ်တရ ကျောက်စာတိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။
fb က မ လာသည်။
--------------------------------
1886 ကတော့ နယ်ချဲ့ အင်္ဂလိပ်တွေပေါ့
1940 ရောက်တော့ မဟာမိတ်တပ်က ကယ်တင်ရှင် အင်္ဂလိပ်တွေပေါ့
1948 မှာ တော့ ဘယ်လိုပြောရမလဲဗျာ ----
Saturday, March 19, 2016
Friday, March 18, 2016
ဗမာ့စပါးကြီးမြွေရဲ့ အချုပ်အောက် အီဂျစ်ကစားသမား အရှုံးပေးရ ထူထူးခြားခြား မြန်မာပြည်ဖွား
ဗမာ့စပါးကြီးမြွေရဲ့ အချုပ်အောက် အီဂျစ်ကစားသမား အရှုံးပေးရ
မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ MMA one championship ကိုယ်ခံပညာ ပေါင်းစုံ အတိုက် အခိုက် ပြိုင်ပွဲမှာ Burmese Python လို့ ခေါ်တဲ့ အောင်လ အန် ဆန် က ပြိုင်ဘက် အီဂျစ် နိုင်ငံသား မိုဟာမက် အလီကို ပထမ အချီမှာပဲ အနိုင် ရရှိခဲ့ပါတယ်။
ပွဲစပြီး ၂ မိနစ် ကျော် မှာ အောင်လ ရဲ့ ကန်ချက် ပြိုင်ဘက် ကစားသမား မိုဟာမက် အလီ ရဲ့ ဗိုက်ကို ထိပြီး၊ အဲဒီ့ ခြေ ထောက်ကို ချုပ်ကိုင် ဖို့ ကြိုးစားတဲ့ ပြိုင်ဘက် ရဲ့ လည်ပင်းကို အောင်လ က ပိုင်ပိုင် နိုင်နိုင် ချုပ် မိသွား လို့ မိုဟာမက် အလီ က အရှုံး ပေးကြောင်း အချက် ပြ ခဲ့ ရပါတယ်။
သုဝဏ္ဏ ကွင်း အားကစားရုံမှာ ကစားခဲ့တဲ့ အဲဒီ့ပွဲမှာ အီဂျစ် ကစားသမား ဟာ လူကောင်လည်းကြီး သလို ပွဲအစ မှာ ဇွတ် အတင်းဝင် ပြီး လက်သီးပြင်းပြင်း တွေ နဲ့ ဖိထိုး ခဲ့ ပါတယ်။
မိုဟာမက် အလီ ရဲ့ လက်သီး အား ပြင်းတယ် ဆိုတာ သိထားတဲ့ အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်မှု တွေ ပြုလုပ် ထားတယ် ဆိုပြီး ကချင် တိုင်းရင်းသား အောင်လ က ပွဲအပြီး မှာ ဘီဘီစီ ကို ပြောပါတယ်။
ပွဲ တိုင်းမှာ နိုင်ကို နိုင်ရမယ် ဆိုတဲ့ ဖိအားမျိုး ရှိ ပေမယ့် စိတ်ကို အေးဆေး တည်ငြိမ် စွာ ထားနိုင် ဖို့ က အရေးကြီးဆုံး ဖြစ်တယ်လို့ လည်း အမေရိကန် နိုင်ငံ မှာ ဗမာ့ စပါးကြီး ဆိုပြီး နာမည် တစ်လုံး ထူထောင် နိုင် ပြီ ဖြစ်တဲ့ အောင်လ က ဆိုပါတယ်။
သူ့ ရဲ့ အနိုင်ပွဲဟာ ပရိသတ်သား အားလုံး အတွက် ဖြစ်တယ် လို့ အောင်လ က ပြောပြီး သူ့ရဲ့ အနိုင်ငွေ ထဲက တချို့ကို ကချင် ပြည်နယ် ထဲက စစ်ဘေးရှောင် ဒုက္ခသည် တွေ အတွက် လှူဒါန်း သွားမယ်လို့ ဆိုပါတယ်။
Thursday, March 17, 2016
၁၀ မွှာပူး မွေးတယ်တဲ့ဗျာ ဝက် များ ဝင်စား လေရော့သလား?
ရိုးရိုးမွေးဖြင့် ကလေး ၁၁ ယောက်မွေးပြီး စံချိန်တင်တဲ့ အိန္ဒိယနိုင်ငံမှ အမျိုးသမီး
******************************************
အိန္ဒိယနိုင်ငံမှ အသက် ၄၂ နှစ်အရွယ်ရှိ Maria Hernandes သည် ရိုးရိုးမွေးဖြင့် ကလေး ၁၁ ယောက်မွေးပြီး အံသြဖွယ် ကမ္ဘာ့စံချိန်တင်လိုက်သည်။
ကိုယ်ဝန်ဆောင်ချိန် ၃၈ ပတ် ကြာမြင့်ခဲ့ပြီး မကြုံစဖူး ထူးခြားသော ဖြစ်ရပ်တခု ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန် ဒုက္ခများကြောင့် Hernandez နှင့် သူမ၏ အမျိုးသားတို့သည် ဖန်ပြွန်သန္ဓေသား မွေးဖွားရန်
ကြံစည်ခဲ့ကြသေးသော်လည်း နောက်ဆုံးတွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။
၆ ယောက်သည် ယောက်ျားလေးများ ဖြစ်ကြပြီး ကလေးများအားလုံးသည် ၁ ပေါင် နှင့် ၁.၅ ပေါင်ကြား အလေးချိန် ရှိကြသည်။
Riley ကလေးဆေးရုံ အထူးကြပ်မတ်ဆောင်၌ ကလေးများအားလုံးကို ပြုစုပေးလျှက်ရှိသည်။
ခွဲစိတ်စရာမလိုဘဲ ရိုးရိုးမွေးဖြင့် ကလေးများအားလုံးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သဖြင့် ဆရာဝန်များပင် အံ့အားသင့်ခဲ့ကြသည်။
"ကလေးတွေ တယောက်ပြီးတယောက် ထွက်လာလိုက်ကြတာဗျာ"
"ပထမဆုံးကလေး နဲ့ ၁၁ ယောက်မြောက် ကလေးက ၁၇ မိနစ်ပဲ ကွာတယ်ဗျ" ဟု ဒေါက်တာ William Roberts က ပြောသည်။
၂၀၁၅ ခုနှစ် ကမ္ဘာ့ဂင်းနစ်မှတ်တမ်း စာအုပ်ဝင်ရန် ကြိုးပမ်းသွားမည်ဟု ဆေးရုံဝန်ထမ်းများက ပြောပါသည်။
#Myanmar Online Fashion Consultant
အင်္ဂလိပ်စစ်တပ်က ကိုယ်စားလှယ်တွ မော်လူးကို လာတယ်တဲ့ သီဟတင်စိုးကို ဖုန်းဆက်ထားကြနော့
ုဗြိတိန်တပ်မတော်မှတပ်မဟာ(၇၇)ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဧည့်လမ်းညွှန်(၂)ဦးနိင်ငံခြားသား ကျား(၂၂)ဦး မ(၄)ဦးတို့သည်မော်လူးဒေသ White City Blackသို့သွားရောက်ရန်မြန်မာ့မီးရထားစင်းလုံးဌားရထားဖြင့်မော်လူးဘူတာသို့မတ်၁၇ရက်နံနက်၆နာရီ၅မိနစ်ရောက်ရှိကာ၇နာရီ၁၅မိနစ်အချိန်တွင်အထက်ပါနေရာသို့အင်းတော် မော်လူးမှတာဝန်ရှိသူများကလိုက်ပါပို့ဆောင်ပေးခဲ့ပြီးနေ့၂နာရီအချိန်တွင်ကချင်ပြည်နယ်နန်းခွင်ဘူတာသို့ဆက်လက်ထွက်ခွာမည်ဟုသိရသည်။
Monday, March 14, 2016
မော်လူးကို မေသက်ထားဆွေလာမည်ဆိုလား
ဒီနေ့ညနေမော်လူးအရှေ့ကျောင်းတိုက်မှာ
ရှင်ပြု့အလှူပွဲအပ် တယ်တဲ့
၂၉ ၃ ၂၀၁၆ညမှာ မေသက်ထားဆွေ
မိုးကျော်လှိုင် ဗညားဟန် နှင့်နာမည်ကြီးအငြိမ့်ကမယ်တဲ့
၃၀ ရက်နေ့ပွဲကြီးမှာတော့ ဇော်သူဟိန်းဆိုင်းနဲ့အဆိုတော်တွေ
ပြန်ဧည့်ခံမယ် ပွဲကြီးညမှာကတော့
ကျောက်ဆည်မိုးဇော်ဆင်အဖွဲ့
ဖျော်ဖြေမယ်တဲ့
မော်လူးသား သူတွေပွဲကြည့်ဖို့ပြင်ထားပေတော့
(အထွေထွေ ဗဟုသုတ လေ့လာလိုသူများအတွက်) တပ်မတော် အကြီးအကဲများ စာရင်း
(အထွေထွေ ဗဟုသုတ လေ့လာလိုသူများအတွက်)
တပ်မတော် အကြီးအကဲများ စာရင်း
*****************
၁။ တပ်မတော် တပ်ချုပ်ကြီး ဗိုလ်ချုပ်မှုး ကြီး မင်းအောင်လှိုင်
၂။ ဒု တပ်မတော်တပ်ချုပ်ကြီး ဒု ဗိုလ်ချုပ်မှုးကြီး စိုးဝင်း
၃။ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (ကြည်း၊ ရေ၊ လေ)
၎။ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ( ရေ တပ်ချုပ်)
၅။ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (လေ တပ်ချုပ်)
၆။ ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေ (နယ်စပ်ဝန်ကြီး/ ကစထ ၅/စစ်ဦးစီးချုပ် )
၇။ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း (ကာကွယ်ရေး ဝန်ကြီး/ လေကြောင်းရန်)
၈ ။ ဒု ဗိုလ်ချုပ်ကြီး ကိုကို ( ပြည်ထဲရေးဝန်ကြီး )
၉ ။ ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦး ( စရဖ၊ ကစထ ၆ )
၁၀။ ဒု ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (ကစထ ၁)
၁၁။ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ( ကစထ ၂ )
၁၂။ ဒု ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ကစထ ၃ )
၁၃။ ဒု ဗိုလ်ချုပ်ကြီး မင်းနောင် (ကစထ ၄)
၁၄။ ဒု ဗိုလ်ချုပ်ကြီး သိန်ဋ္ဌေး (ပစ္စည်းထုတ်/ ချုပ်)
၁၅။ ဒု ဗိုလ်ချုပ်ကြီး ညိုစော ( စစ်ထောက်ချုပ်၊ MEC )
၁၆။ ဒု ဗိုလ်ချုပ်ကြီး လူအေး (စစ်ရာထူးခန့်ချုပ်)
၁၇။ ဒု ဗိုလ်ချုပ်ကြီး ရဲအောင် (စစ်ဥပဒေချုပ်)
၁၈။ ဒု ဗိုလ်ချုပ်ကြီး ဆန်းဦး (စစ်ရေးချုပ် )
၁၉။ ဗိုလ်ချုပ် မိုးအောင် (ရေတပ်စစ်ဦးစီးအရာရှိချုပ်)
၂၀။ ဗိုလ်ချုပ် မောင်မောင်ကျော် (လေတပ် စစ်ဦးစီးအရာရှိချုပ်)
၂၅။ ဗိုလ်ချုပ် ထင်မော်ထွန်း ( ပြည်သူ့စစ်နှင့် နယ်ခြားစောင့် ညွှန်မှုး )
၂၆။ ဗိုလ်ချုပ် အောင်ရဲဝင်း ( ကက ပြည်)
၂၇။ ဒု ဗိုလ်ချုပ်ကြီး စိုးသိန်း ( စာရင်းစစ်ချုပ် )
၂၈။ ဗိုလ်ချုပ် တင်မောင်ဝင်း ( ဒု လေ့ကျင့်ရေးချုပ်)
၂၉။ ဗိုလ်ချုပ် ဆန်းမြင့် ( ကြည်း ရေ လေ ။ )
၃၀။ ဗိုလ်ချုပ် စိုးနိုင်ဦး ( စစ်မဟာ ဗျူ ဟာ )
၃၁။ ဗိုလ်ချုပ် နေလင်း (တွဲဖက် စစ်ရေး )
၃၂။ ဗိုလ်ချုပ် သန်းစိုး ( ။ ။ )
၃၃။ ဗိုလ်ချုပ် တင်ထွန်းအေး ( တွဲဖက် စစ်ထောက်)
၃၄။ ဗိုလ်ချုပ် မင်းနိုင် ( ။ ။ ။ )
၃၅။ ဗိုလ်ချုပ် သန်းထွန်းဦး (ကက စစ်)
၃၆။ ဗိုလ်ချုပ် လူအေး (ကက ထူး)
၃၇။ ဒု ဗိုလ်ချုပ်ကြီး မောင်မောင်အေး (လခက)
တိုင်းမှုးများ ဒုတိုင်းမှုးများ လည်း လေ့ကျက်ထားပြီး အဆင်သင့် ရှိနေသော အဖွဲ့အစည်းပါပေ ။
တိုင်းစစ်ဌာနချုပ် တိုင်းမှူးများ
================
(၁)ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်
မျိုးဇော်သိန်း။
(၂)တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်
ချုပ် အောင်ဇော်အေး။
(၃)နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မိုးမြင့်ထွန်း။
(၄)အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်။
(၅)အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း။
(၆)ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး။
(၇)အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်။
(၈)အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်။
(၉)တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်ကျော်။
(၁၀)မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်။
(၁၁)အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်။
(၁၂)အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း။
(၁၃)အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်လင်းဒွေး။
(၁၄)အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်း။
(ANW)
Sunday, March 13, 2016
Friday, March 11, 2016
ဟဲနုကျေးရွာမီးရထားသံလမ်းနှင့်နေအိမ်အနီး စစ်ကျန်ဗုံးသီးအဟောင်းများကိုမြေတူး စက်ဖြင့်တူးဖော်စဉ်တွေ့ရှိ
မော်လူးရဲစခန်းပိုင်နယ်မြေအတွင်း
ဟဲနုကျေးရွာမီးရထားသံလမ်းနှင့်နေအိမ်အနီး စစ်ကျန်ဗုံးသီးအဟောင်းများကိုမြေတူး စက်ဖြင့်တူးဖော်စဉ်တွေ့ရှိ
မော်လူး မတ် ၁၁
@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးရဲစခန်းပိုင်နယ်မြေအတွင်း မတ်၁၁ရက်နေ့လည် ၁၂နာရီအချိန်ခန့်က စစ်ကျန်ဗုံးသီးအဟောင်းများကိုတွေ့ရှိရကြောင်းသိရသည်
မော်လူးရဲစခန်းပိုင်နယ်မြေမှစခန်းမှူးရဲအုပ်မင်းနိုင်တာဝန်ထမ်းဆောင်နေစဉ် မတ်၁၁ရက်နေ့ ၁၁း၄၅နာရီအချိန်ခန့်က ရှေးဟောင်းအမွေ အနှစ် ထိန်းသိမ်းရေးအဖွဲ့အတွင်းရေးမှူးဦးဝင်းရွှေ(ကိုချိပ်)ဦးဆောင်သောအဖွဲ့မှမြေတူးစက် ဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များအသုံးပြုခဲ့သောအမြောက်ခုံအားရှေးဟောင်အမွေအနှစ်ပြခန်းတွင်ထုတ်ဖော်ပြသရန်အတွက်ရွှေဘို-မြစ်ကြီးနား မီးရထားသံလမ်း မိုင်တိုင်အမှတ် ၆၀၇/၁နှင့် ၆၀၆/၂၄ ကြား ဟဲနုကျေးရွာဒေါ်ခင်နုနေအိမ်နှင့် မီးရထား သံလမ်း ကြားတွင် တူးဖော်စဉ်အရှည်၁၄လက္မ လုံးပတ်၇လက္မရှိ စစ်ကျန်ဗုံးကျည်ဆန်(၁၉)လုံးကိုတွေ့ရှိသည်
အဆိုပါရှေးဟောင်းအမွေအနှစ်တူးဖော်ရာနေရာသို့ မော်လူးနယ်မြေရဲစခန်းမှစခန်းမှူး ရဲအုပ်မင်းနိုင် နယ်ထိန်းခေါင်းဆောင်တက သန့်ဇင်နှင့်တပ်ဖွဲ့ဝင်များ မော်လူးအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းစိန်နှင့်အထောက်အကူပြုကော်မတီအဖွဲ့ ရှေးဟောင်းအမွေအနှစ်ထိန်း သိမ်းရေးအဖွဲ့အတွင်းရေးမှူးဦးဝင်းရွှေ(ကိုချိပ်) ဦးတင်ငွေနှင့်အဖွဲ့ ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဟဲနုကျေးရွာရာအိမ်မှူးနှင့် ရပ်မိရပ်ဖများ ဒေသခံများက မလိုလားအပ်သောအန္တရာယ်မဖြစ်ပေါ်နိုင်စေရေးအတွက်ခေတ္တထိန်းသိမ်းစောက်ရှောက်လျက်ရှိကြောင်း ဆက်လက်ပြီး အမှတ် ၃၀၉တပ်ရင်းမှ တူးဖော်ကာစနစ်တကျ စစ်ဆေးပြီး ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်
Cyclone
Wednesday, March 9, 2016
အမျိုးသားလွှတ်တော်မှာ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ ကို NLD က ဒုတိယ သမ္မတလောင်း အဖြစ် တင်မြှောက်
အမျိုးသားလွှတ်တော်မှာ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ ကို NLD က ဒုတိယ သမ္မတလောင်း အဖြစ် တင်မြှောက်
အမျိုးသားလွှတ်တော်မှာလည်း ဒုတိယသမ္မတ တစ်ဦးကို အဆိုတင်သွင်းခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၃ မှ NLD ပါတီ ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူ ကို အဆိုတင်သွင်းလိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ်
Chin 3
အကြိမ် - ဒုတိယအကြိမ်
၁။ အမည် - ဦးဟင်နရီဗန်ထီးယူ
၂။ အခြားအမည်ရှိလျှင် - မရှိပါ
၃။ လူမျိုး/ဘာသာ - ချင်း/ခရစ်ယာန်
၎။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၃/ မမတ(နိုင်) ၀၂၈၁၁၈
၅။ မွေးသက္ကရာဇ် / အသက် - ၀၉-၀၈-၁၉၅၈ / (၅၈) နှစ်
၆။ မွေးဖွားရာဇာတိ - သီးကီးရ်ရွာ၊ ထန်တလန်မြို့နယ်
၇။ ပညာအရည်အချင်း - B.A (Dip in Law)
၈။ လက်ရှိအလုပ်အကိုင် - အငြိမ်းစား
၉။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးလျံတလုံး၊ (ကွယ်လွန်) HKA- 023899 တောင်သူ
၁၀။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ငွန်ပါရ်း၊ HKA –023900 တောင်သူ
၁၁။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါက်တာရွှေလွှမ်း၊ ၁၂/ ဗဟန (နိုင်) ၀၀၅၁၁၉၊ ကျောင်းသူ
၁၂။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် - ( ၁) မောင်ဂျက်ဆီဗန်ဘွေး၊ကျောင်းသား ( ၂ ) မကျယ်နီဖာရ်ငွန်ရွှေပါရ်းကျောင်းသူ ( ၃ ) မောင်ဂျိုးဇက်ဗန်ထီးယူ၊ကျောင်းသား
၁၃။ အမြဲတမ်း နေရပ်လိပ်စာ - (၂၀) ကိုယ့်မင်းကိုယ့်ချင်းရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း
၁၄။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၅။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)
ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့ထိ)
(က) ပညာသင်ကြားခဲ့ဖူးသော ကျောင်းများကိုဖော်ပြရန် -
အ.လ.ကသီးကီးရ်၊ အ.ထ.ကဟားခါး၊ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ် (မန္တလေး)၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်(ရန်ကုန်)။
(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့် နေရာဌာနများဖော်ပြရန် -
စစ်မှုထမ်းခြင်း၊ခ.လ.ရ (၄၆)ပူတာအို၊ ခ.လ.ရ (၄၀) ဟူပြင်၊ ခ.လ.ရ (၂၂၃) မိုးမိတ်၊ စဗဟ(၂)၊ ရတခ (ဘားအံ)၊ ရ.တ.ခ (မော်လမြိုင်)၊ခမရ(၅၀၃) သီပေါ၊ ခမရ(၄) အင်းမ၊ အရပ်ဖက်တာဝန်ထမ်းဆောင်ခြင်း- ဗာဂျီးနီးယားစက်ရုံမှူး (မန္တလေး)၊ ဒုအထွေထွေမန်နေဂျာ စီမံခန့်ခွဲရေးဌာန(စက်မှု-၁)၊ အရက်ချက်စက်ရုံမှူး (ဘီးလင်း)။
(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း - မရှိပါ
(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များဖော်ပြရန် - မရှိပါ
(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး - မရှိပါ
(စ) အခြားဖော်ပြရန်ရှိသည်များ - မရှိပါ
http://www.amyothahluttaw.gov.mm
ပြည်သူ့လွတ်တော်က တင်မြောက်သည့် သမ္မတလောင်းပါ
ဦးထင်ကျော်ကို NLD ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ က ဒုတိယ သမ္မတ အဖြစ်တင်မြှောက်လိုက်ပါတယ်။ပြည်သူ့ လွှတ်တော်ဟာ လူအများစုလွှတ်တော်ဖြစ်တဲ့ အတွက် ပြည်သူ့ လွှတ်တော်ကတင်မြှောက်တဲ့ ဒုတိယ သမ္မတ ဟာ သမ္မတဖြစ်လာဖို့ သေချာ သလောက်ပါပဲ။
လှယ် ဦးထင်ကျော်ဟာဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်
သားဖြစ်ပါတယ်
၁၉၄၆ ဇူလိုင် ၂၀ တွင်မွေးဖွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တ
နှစ် ငယ်သူဖြစ်ပြီးမက်ဒရစ်
ကျောင်း(အထက ၁ ဒဂုံ )တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကျောင်းတက်ခဲ့ကြပါတယ်
လက်ရှိမှာတော့ဒေါ်ခင်ကြည်ဖောင်ဒေး
ရှင်းတွင်တာဝန်ယူဆောင်ရွက်နေသူပါ
ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးရဆုံနှင့် စိတ်ချရ
သူတစ်ဦးလဲဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်၌ တက်ရောက်ခဲ့ပြီး
မဟာစီးပွားရေးဘွဲ့ကိုရရှိခဲ့သည်။ရန်ကုန် ကွန်ပြူတာဌာန၏
ပထမဦးဆုံး နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့
သွားရောက်ပညာဆည်းပူးခဲ့သည်။
၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောNLD ပါတီသို့
ဝင်ရောက်ခဲ့သည်။
ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြစ်
သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။
လက်ရှိသမ္မတ ဖြစ်နိုင်ချေအရှိဆုံးသူများထဲတွင် ဒေါ်အောင်
ဆန်းစုကြည်၏ စိတ်အချရဆုံးသူအဖြစ်လည်းကောင်း မိသား
စုမျိုးရိုးသမိုင်းကြောင့်လည်းကောင်း ရိုးသားဖြောင့်မတ်သော
စိတ်ထားရှိ၍လည်းကောင်း စသည့်အရည်အချင်းများကြောင့်
NLD ၏ သမ္မတလောင်းစာရင်းတွင် တစ်ပေးခြင်းခံထားရသူ
တစ်ဦးဖြစ်လာခဲ့သည်။
NLD နာမည်ကြီးခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သ
မီး ဒေါ်စုစုလွင်၏ ခင်ပွန်းလည်းဖြစ်သည်။
နမီးကျေးရွာမှာ တရားပွဲကျင်းပမည်
မလွန်ဆန်အလှူတော်ရေစက်ချတရားပွဲ
၁၃၇၇ ခုနှစ် တပေါင်းလဆန်း ၅ ၊ ၆ ရက်
13' 14 - 3 -2016 ရက်နေ့
စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့နယ်၊နမီးရွာ၊ နမီးဘုန်းတော်ကြီးကျောင်းတွင်( နှစ်ညတိုင်တိုင်)ကျင်းပပြုလုပ်ပါမည်။
နမီးကျေးရွာအုပ်စု ၊ကုန်းခါးကျေးရွာအုပ်စုအတွက်
နမီးဘုန်းတော်ကြီးကျောင်းတွင် နမီးကျောင်းဆရာတော်က ဦးစီးပြီး ကျင်းပပြုလုပ်ပါမည်။
ရပ်ဝေးရပ်နီး ဓမ္မမိတ်ဆွေများ အနေနဲ့ တရားတော်နာ
ကြွရောက်ကြဖို့ နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက်ရပါတယ် ။
မော်လူး တောင်ဘက် ရွှေဘို - မြစ်ကြီးနား ကားလမ်းပေါ်ရှိ နန့်ဒရန် တံတား ရှိ ဝါးလုံး မောင်းတံဂိတ် က ဘာဂိတ်လဲဗျာ
ဒီလိုဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်ကြီးများ နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး တို့အား မော်လူးဒေသ ရှိ ပြည်သူမှ အစဉ်အမြဲ မေတ္တာပို့သ နေမည်မှာ အမှန်ပါ။
ဒါပေမဲ့ ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့ မှ စ ပြီး
နန့်ဒရန့် ကွန်ကရစ်တံတားထိပ်တွင် ဥုံဖွ ဆိုပြီး အောက်လမ်းဆရာ တစ်ယောက်က မှန်းမှုတ် လိုက်သလို ဝါးလုံးတား ဂိတ်ပေါ်လာပြီး ကားတစ်စီး ၅၀၀ ကျပ် ကောက်ခံနေကြောင်း သိလိုက်ရပါတယ်။
မော်လူးဒေသ သားတွေဆိုတာလည်း ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူများဖြစ်သည်နဲ့ အညီ သဒ္ဓါတရာ ဘက်မှာတော့ ခပ်ညံ့ညံ့ မဟုတ်ကြပါ အိမ်ရှေ့ မှာ နေစဉ် လာတောင်းသူတောင် ၂၀၀ ကျပ် ဒါပါ့မဟုတ် ဆန်နို့ဆီဘူး တစ်ဝက်လောက် ပေးကမ်းစွန့်ကျဲ နေသူတွေပါ။
ယခု နန့်ဒရန့် တံတားဂိတ် ဆိုတာ နိုင်ငံတော်အစိုးရက တရားဝင် လေလံပေးသဖြင့် လေလံကြေးပေးကာ ကောက်ခံခဲ့ရင်တောင် ၅၀၀ ကျပ်ဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးမှာ ဂိတ်ကြေး အများဆုံး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။
သို့သော် ယခု လ ၆ ရက်နေ့မြန်မာ့အလင်း စာပါ မဲစနစ်နဲ့ လေလံပေးသော တံတားများ စာရင်း တွင် နန့်ဒရန့် တံတား မပါသဖြင့်
လွန်စွာပင် စိုးရိမ်မိပါသည်။
ဒီမိုကရေစီ နိုင်ငံတော်ကြီးမှာ နိုင်ငံသားသာတိုင်း မဖြစ်မနေ အခွန်ပေးဆောင်ရမည်ဆိုတာ သဒ္ဓါတရား ထက်သန်သော မော်လူးဒေသသားတွေ ဝန်ထုပ်ဝန်ဖိုး တစ်ခု မဟုတ်ဘူး ဆိုတာ မြို့နယ်က တာဝန်ရှိသူတွေ သိကြမှာပါ။
မော်လူးဒေသသားတွေရဲ့ ရိုးသားမှု ကို အသုံးချပြီး တပတ်ရိုက် လုပ်စားသွားရင်တော့ မော်လူးဒေသသားများ လက်ပိုက်ကြည့်နေမည် မဟုတ် ဆိုတာတော့ အမှန်ပါ။
ဒါကြောင့်မို့ နန့်ဒရန့် တံတား ဝါးလုံးတား ဂိတ်ဆိုတာ နိုင်ငံတော်က ချပေးတဲ့ ဂိတ်လား သို့မဟုတ် ဝါးတားတားစုပေါင်းဂိတ်လား?
ဆိုတာ မော်လူးဒေသ သားများ သံသယဖြစ်ဖွယ် ရှိနေပါတယ်။
ဧပြီလ အစိုးရသစ်လက်ထက် မှာ ဝါးတားတား လုပ်လို့ရမည်မထင်ပါ
အင်းတော်မြို့နယ် ကိုယ်စားပြု လွှတ်တော်အမတ်ကြီးများလည်း မော်လူးဒေသသားများ အမြင်ရှင်းရှင်း သံသယကင်းကင်း အခွန်ပေးဆောင် ချင်အောင် အသေးစိတ်အချက်အလက်များ ကို တာဝန်ရှိသူများမှ ချပြပေးအောင် ကူညီသင့်ပါကြောင်း
*****************
အမှားရင် ပြောပါ ချက်ချင်းပြန်ဖျက်ပါမည်။
Tuesday, March 8, 2016
Monday, March 7, 2016
Saturday, March 5, 2016
ငိုးမသားတွေ မြန်လှပါတယ် နန့်ဒရန့် တံတား ဖြတ်သန်းခ ကောက်နေပြီတဲ့
အင်းတော်မြို့နယ်မော်လူးဒေသစီးမော်ကျေးရွာအုပ်စုစီပိန်းကျေးရွာရွှေဘိုမြစ်ကြီးနားကားလမ်းပေါ်ရှိနန့်ဒရန့်တံတားံပေါ်ယာဉ်တစီးဖြတ်သန်းခ(၅၀၀)ကျပ်ကောက်ခံနေသည်ကိုမော်တော်ယာဉ်မောင်းသူမှပြောသည်တံတားဖြတ်သန်းခကိုအင်းတော်မြို့လမ်းတံတားဆောက်ရေးဌာနမှကောက်ခံသည်ကိုတံတားဖြတ်သန်းခကောက်ခံနေသူမှပြော၍သိရသည်။
------------------------------------------
ဘယ်လိုလုပ်ကြမလဲဗျာ----
ပြိုင်တူတွန်းရင် ရွေ့ နိုင်တယ်ဆို
Wednesday, March 2, 2016
နေကြပ်မည် တဲ့
>>မတ်လ (၉) ရက်နေ့ နေကြတ်မည်။<<<
လာမယ့် ၂၀၁၆ ခုနှစ် မတ်လ (၉) ရက် (တပို့တွဲ လကွယ်နေ)့ မှာတော့ နေအပြည့်အဝကြတ်ခြင်း ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမှာဖြစ်ပါတယ်။ နေကြတ်ခြင်းဟာ လကွယ်နေ့မှာ ဖြစ်ပေါ်တတ်ပြီး လကြတ်ခြင်းကတော့ လပြည့်နေ့မှာ ဖြစ်ပေါ်ပါတယ်..။
နေ ကြတ်တယ်ဆိုတာကတော့ နေ နဲ့ ကမ္ဘာကြားကို လ ကရောက်ရှိသွားပြီး လရဲ့အရိပ်ဟာ ကမ္ဘာပေါ်ကို ကျရောက်ခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်က ကြည့်လျှင်တော့ နေကို လက ဖုံးကွယ်သွားပြီး နေ့ဘက်မှာ ရုတ်တရက် မှောင်မိုက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ အများဆုံး ၅၄% နေကြတ်ခြင်းကိုသာ မြင်တွေ့ရပါမယ်။ ၁၀၀% ကို အင်ဒိုနီးရှားနိုင်ငံမှာ အများဆုံး မြင်တွေ့ရပါလိမ့်မယ်..။ (မြေပုံကိုကြည့်ပါ။)
မြင်ရမယ့်အချိန်ကတော့ နံနက်ခင်း နေထွက်ခါစ အချိန်ဖြစ်ပါတယ်။ တနင်္သာရီ ဒေသမှာ ပိုပြီး မြင်နိုင်ပါတယ်။ ရန်ကုန်မြို့မှ မြင်တွေ့ရမယ့် ခန့်မှန်းအချိန်ကိုတော့.. အောက်မှာ ဖော်ပြထားပါတယ်။ MMT = Myanmar Time
06:49 MMT – 26%
06:59 MMT – 31%
07:09 MMT – 30%
07:19 MMT – 25%
07:29 MMT – 17%
07:39 MMT – 9%
07:49 MMT – 2%
နေကြတ်ချိန်မှာ နေမင်း နဲ့ လမင်း တည်ရှိနေမယ့် ကြယ်တာရာကတော့ Aquarius လို့ခေါ်တဲ့ ကုမ်ရာသီ ကြယ်တာရာပဲ ဖြစ်ပါတယ်။
နေကြတ်ခြင်းကို မျက်စိဖြင့် တိုက်ရိုက်မကြည့်ရန် သတိပေးလိုပါတယ်။ ကြည့်မယ်ဆိုလျှင်တော့ မျက်စိကို နေကာကွယ်တဲ့ မျက်မှန်မျိုးဖြင့် သေချာစွာ ကာကွယ်ပြီးမှသာ ကြည့်သင့်ပါတယ်။ တယ်လီစကုတ်နှင့် သွယ်ဝိုက် ကြည့်ရှုနည်းကိုလည်း ဖော်ပြပေးသွားပါမယ်။
အနာဂတ်လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
Tuesday, March 1, 2016
ဦးကြီး သာအေး မော်လူး ဒေသသားများအတွက် မီးသတ်ကား လက်ဆောင်ပေးသွားတာ အခုရပြီတဲ့ဗျာ
မော်လူးသားတွေ အတွက်ကျေနပ်စရာပေါ့ဗျာ
ဒီနေ့ဘဲ မော်လူးဒေသအတွက် မီးသတ်ကားကို
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးတို့မှ
မော်လူကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မီးသတ်အဖွဲ့တို့အား
မော်လူးဒေသပြည်သူများကိုယ်စား လွှဲပြောင်းပေအပ်လိုက်ပါပြီ
ယခုလိုမီးသတ်ကား ရရှိရေးအတွက် ဆောင်ရွက်ပေးကြသူများအား မော်လူးဒေသပြည်သူများကိုယ်စား
ကျေးဇူးတင်ရှိပါသည်။
fb က မ လာသည်။
Sunday, February 28, 2016
မြေအောက်ရေ ရှာနည်း
ဒီနည်းလမ်းလေး တော်တော်ကောင်းတယ်ဗျာ
" မြေအောက်ရေရှာ ဖွေနည်း"
မြေအောက်ရေ လိုချင်ပြီး ဘယ်နေရာ တူးရင်
ရေတိမ်၂ပေါ၂ လိုချင်သူများ စိုက်ပျိုးရေးလုပ်
ချင်လို့ ရေဘယ်နေရာမှာ တူးရင် အဆင်ပြေမလည်း
သိချင်သူ မိတ်ဆွေ သူငယ်ချင်းများအတွက်
မြေအောက်ရေရှာ ဖွေနည်း
ပုံတွင်မြင်တွေ့နေရတဲ့ နံပါတ် ၄; ၆; ၈ ရရာ
ကြေးချောင်း၂ ချောင်းတွင် ၁ချောင်းလျှင်
၁၈လက္မခန့် လိုပါမယ်: ၅လက္မ ကျန် ၉၀°
ချိုးလိုက်ပါ ၄င်းကြေးချောင်း၂ချောင်းကို
လက်ဖြင့် ခပ်ဖွ၂လေးဆုပ်ကိုင်ပြီး မျက်နှာ
ရှေ့တည့်၂အပြိုင် ဖွ၂လေးဆုပ်ကိုင်လိုက်
ပါ ဆုပ်ကိုင်ပြီး ဖိနပ်ချွတ်လျက် လမ်းလျှောက်
ပါ လမ်းလျှောက်ရာတွင်ရှေ့ခြေဖနောင့်နှင့်
နောက်ခြေမ ထိအောင်လှမ်းပါ
(cat walk) လျှောက်သလိုရှေ့နောက်ထိအောင်လှမ်းပါ
ရေရှိသောနေရာရောက်လျှင် အပြိုင်ခပ်ဖွ၂
ဆုပ်ကိုင်ထားသောကြေးချောင်း ၂ချောင်းမှာ
အလို၂တွန်းကန်လာပါလိမ့်မည်
မြေအောက်ရေနည်းလျှင်နည်း၂ပဲ တွန်းကန်ပြီး
မြေအောက်ရေများရေကြောသန်လျှင်
များ၂တွန်းကန်ပြီး အတွင်းသို့ ပါးဘက်ဆီသို့
တွန်းကန်လာပါလိမ့်မည်
ဤနည်းကိုသုံး၍
မြေအောက်ရေအနည်းအများကို စမ်းသပ်ကြည့်နိုင်ပါပြီ
NB : ရွှေသာလျောင်းတောင်ခြေ
ကျောက်ဆည်မှာ စမ်းထားတာပါ
၂၀၀ နဲ့ ၃၀၀ကြား မှန်းထားပါတယ်
၀၉၂၆၅၃၇၀၁၁၃. ၀၉၂၆၅၆၃၆၈၉၇ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Wynn Thann Twara
https://www.facebook.com/WynnThann/posts/833841820047717?pnref=story
Thursday, February 25, 2016
နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သော မော်လူး မီးသတ်မျှော်စင်ကြီး ပင်စင်ယူပြီ
ဟောင်းနွမ်း ဆွေးမြေ့အန္တရာယ်ရှိသောမီးသတ်မျှော်စင်ကိုစစ်ဆေး အချိန်မီရှင်းလင်းဖယ်ရှားတော့မည်
မော်လူး ဖေဖော်ဝါရီ၂၅
@@@@@@@@@@@@@@@@@@@@@စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသအရံမီးသတ်မျှော်စင်သည် အောက်ခြေယက္မတန်းများဆွေးမြေ့ပြီး ကြံ့ခ်ုင်မှုအားနည်းကာအန္တရာယ်ရှိနိုင်သဖြင့် ဖေဖော်ဝါရီ၂၄ရက်နေ့ကတာဝန်ရှိသူများစစ်ဆေးခဲ့ပြီး အချိန်မီဖယ်ရှားရှင်းလင်းတော့မည်ဖြစ်ကြောင်းသိရသည်
အနစ်၃၀ကျော်သက်တမ်းရှိသောအဆိုပါ မီးသတ်မျှော်စင်သည်မော်လူးဒေသ(၉)တိုက်နယ် (၁၀)အုပ်စုကျေးရွာပေါင်း (၄၂)ရွာအတွက်မရှိမဖြစ်အရေးပါသောမျှော်စင်တစ်ခုဖြစ်သကဲ့သို့ ဟောင်းနွမ်းဆွေးမြေ့ကာကြံ့ခိုင်မှုမရှိသဖြင့်အချိန်မီဖယ်ရှားသင့်ကြောင်း အမြင့်ပေ(၆၀) အောက်ခြေအကျယ်၁၅ပေရှိပြီး အောက်ခြေယက္မတန်းများဆွေးကာခိုင်ခန့်မှုမရှိတော့သဖြင့်သဘာဝဘေးအန္တရာယ်ကြောင့်အချိန်မရွေးလှဲပြို နိုင်သည့်အတွက် ပြန်လည်ပြု ပြင်ခြင်းမပြုတော့ဘဲရှင်းလင်းဖယ်ရှားတော့မည်ဖြစ်ကြောင်း ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပြသည်
....အခုဆိုရင်ဒီမီးသတ်မျှော်စင်ဟာ အနှစ်၃၀ကျော်ခဲ့ပါပြီတိုင်အားလုံးကလည်းသစ်သားတိုင်ပါ ယက္မထောက်းတန်းတွေလည်းဆွေးနေပါပြီ ဒါကြောင့်အချိန်မီဖယ်ရှားဘို့လိုအပ်နေတဲ့အတွက်မော်လူးဒေသအရံမီးသတ်တပ်ခွဲမှူး ဦးခင်အောင်ဦးဆောင်တဲ့အဖွဲ့တွေနဲ့စစ်ဆေးနေတာပါ အန္တရာယ်ရှိတဲ့အတွက် ဖျက်မှာပါဟု မော်လူးအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းစိန်ကပြောပြသည် အဆိုပါမီးသတ်မျှော်စင်ကိုဖယ်ရှားရှင်းလင်းပြီးပါက ၄င်းနေရာတွင်အသစ်ထပ်မံရောက်ရှိလာတော့မည့်မီးသတ်ကားအသစ်တစ်စီးနှင့်အတူမီးသတ်ကားနှစ်စီးဝင်အဆောက်အဦးကိုဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်
Cyclone
Subscribe to:
Posts (Atom)

















































