Friday, April 29, 2016

‪#‎မောရသုတ်‬




#‎မောရသုတ်‬
_/\_/\_/\_/\_
.
.
မောရသုတ်ရွတ်ဖတ်ရခြင်းအကျိုး
-----------------------------------------
.
ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတပါးတို့က မကောင်းမကြံနိုင်အောင်
ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် 
အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစုံတယောက်က မိမိနောက်သို့ 
လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတပါးက မိမိ၏ ရာထူးအခြေအနေ လျောကျအောင် 
ကြံစည်နေလျှင်လည်း အကာအကွယ် ကောင်းတစ်ခုဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု 
မခံရအောင်လည်း စွမ်းပေသေးသည်။

မောရသုတ်မြန်မာပြန်
-----------------------------
.
၁ - ၂၊ သဗ္ဗညုတ ဉာဏ်တော်၏ အခြေခံ အဆောက်အဦဖြစ်သော 
ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း 
ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် 
စီစဉ်ထားလေသည်။ မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာ
ကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်။ ဤမောရပရိတ်ကို မြတ်သောမန္တရား 
ဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ 
စုပေါင်းရွတ်ဆိုကြပါကုန်စို့။
.
.
၃/ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ 
အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ 
ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌
ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏
အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
.
.
၎/ မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကို
သိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း 
ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း 
ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ 
ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင်
ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။
.
.
၅/ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်းဖြစ်၏။ ရွှေ အဆင်းအရောင်လည်း
ရှိ၏။ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေ 
အဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု 
တညဥ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။
.
.
၆/ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား 
ဦးညွှတ်ရှိခိုးပါ၏ ။ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို
သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့အားလည်း အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ 
ဉာဏ်တော်အား၎င်း၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အား၎င်း၊ 
အရဟတ္တဖိုလ် တရားအား၎င်း ကျွန်ုပ် ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည် 
ဤပရိတ်အရံအတားကို ပြု၍ ညဥ့်အခါ၌ နေလေ၏။
.
.
.
.
.×××××××× မောရသုတ် အနက်ပြီး၏။ ။××××××××
.
.
._____ခဂ္ဂါ(ရု ပ္ကဆိုး)_____

‪#‎ခန္ဓသုတ်‬


ခန္ဓသုတ်ရွတ်ဖတ်ရခြင်းအကျိုး
------------------------------------
.
မြွေဘေးကင်းနိုင်သည်။ အခြားအဆိပ်ရှိသော သတ္တဝါတို့ ဘေးမှလည်း
လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသော အခါမျိုး၌လည်း 
အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်ပေသည်။
.
.
ခန္ဓသုတ်မြန်မာပြန်
------------------------.
.
၁/ ဤခန္ဓသုတ် ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် 
တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏။
.
.
၂/ အာဏာခေတ်ဟုခေါ်သော စကြဝဠာ ကုဋေတသိန်း အတွင်း၌ 
သတ္တဝါအများရှိကြ၏။ မြွေမှတပါး ကျန်သော 
သတ္တဝါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထိုပရိတ်တော်ကို 
ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
၃/ ဝိရူပက္ခ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ 
ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဧရာပထ နဂါးမင်းတို့နှင့် အတူတကွ 
ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဆဗျာပုတ္တ နဂါးမင်းတို့နှင့် 
အတတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ကဏှာဂေါတမ 
နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။
.
.
၎/ အခြေမဲ့သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ 
အခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါ၊
ဤသတ္တဝါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် 
အတူတကွ ဖြစ်ပါစေသတည်း။
.
.
၅/ အခြေမဲ့သော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ 
အခြေနှစ်ချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို 
မညှင်းဆဲစေသတည်း။ ခြေလေးချောင်းရှိသော သတ္တဝါဟူသမျှသည် 
ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေထောက်များစွာရှိသော 
သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။
.
.
၆/ အာရုံငါးပါးကို ခုံမင်တတ်သော သတ္တဝါအားလုံးတို့သည်၎င်း၊ 
အသက်ရှူရှိုက်တတ်သော သတ္တဝါ အားလုံးတို့သည်၎င်း၊ ကိုယ်ကာယ
အထင်အရှားဖြစ်သော သတ္တဝါအားလုံးတို့သည်၎င်း၊ သတ္တဝါတိုင်း 
သတ္တဝါတိုင်းသည် အကောင်း အမြတ်တို့ကိုသာ မြင်ကြပါစေ။
အနည်းငယ်မျှပင် မကောင်းမှုသို့ မရောက်ကြပါစေနှင့်။
.
.
၇/ (ကိလေသာသည် နှိုင်းယှဉ်စရာ 
အကြောင်းပမာဏဖြစ်၏။) မြတ်စွာဘုရားသည် ပမာဏပြုစရာ
ကိလေသာမရှိ။ တရားတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ 
သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ ကင်း၊ သန်း၊ မြွေ၊ 
ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊
ကြွက်စသော သတ္တဝါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။
.
.
၈/ ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ 
သတ္တဝါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွန်ုပ်သည် 
ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ဝိပဿီ စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏။
.
.
.
.
.
. ခန္ဓသုတ် အနက် ပြီး၏။ ။
.
___________ခဂ္ဂါ(ရု ပ္ကဆိုး)

‪#‎မေတ္တသုတ်‬


#‎မေတ္တသုတ်‬
_/\_/\_/\_/\_/\_
.
.
မေတ္တသုတ် ရွတ်ဖတ်ခြင်းအကျိုး
-------------------------------------
.
ချမ်းချမ်းသာသာ အိပ်ရနိုးရစေသည်။ အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်။ မျက်နှာ
ကြည်လင်၍ လူချစ်လူခင် များလိမ့်မည်။ အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ 
ဘီလူးစီးခြင်း၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း၊ 
အိပ်ရာနားရှိ တွေ့ကရာ ပစ္စည်းတို့ဖြင့် ယောင်ယမ်းပြီး ပစ်ပေါက်ခြင်း စသည်တို့ ကင်းသည်။ 
ထိုသို့ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကို ရွတ်သင့်ပေသည်။
.
.
မေတ္တသုတ် မြန်မာပြန်
--------------------------
.
၁/ မေတ္တသုတ်၏ အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးတို့သည် ကြောက်မက်ဖွယ်ကောင်းအောင်
ရုပ်အဆင်းကို ဖန်ဆင်း၍ လူတို့အား မပြဝံ့ကြကုန်။ မေတ္တသုတ်တော်ကို 
ညဥ့်အခါ၌၎င်း၊ နေ့အခါ၌၎င်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသောသူသည် -
.
.
၂/ အိပ်သောအခါ ချမ်းသာစွာ အိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိပ်မက်ဆိုးကို 
မမြင်မက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော မေတ္တသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ 
စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
၃/ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် 
သက်ဝင်ခြင်းကို ပြုရာသည်။ ပြုနိုင်စွမ်း ရှိသူလည်း ဖြစ်ရာ၏။ ကောင်းစွာဖြောင့်မတ်ရာ၏။
ပညာရှိတို့ ဆိုလွယ် ဆုံးမလွယ်သူလည်း ဖြစ်ရာ၏။ နူးညံ့ သိမ်မွေ့ရာ၏။ မာန်မာန မထားရာ။
.
.
၎/ ရောင့်ရဲလွယ်ရာ၏။ သူတပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုး ဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏။ 
အသက်မွေးမှု ပေါ့ပါးခြင်း ရှိရာ၏။ မျက်စိ စသော ဣနြေ္ဒ တည်ငြိမ်မှု ရှိရာ၏။ အမူအရာ 
မကြမ်းတမ်းစေရာ။ ဒါယကာများ ဆွေမျိုးများ၌ သံယောဇဉ် ညှိတွယ်လွန်းခြင်း မဖြစ်စေရာ။
.
.
၅/ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှု တစုံတခုကို အနည်းငယ်မျှပင် မပြုမကျင့်ရာ။ 
သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ။ ဘေးမရှိပါစေနှင့်။ ကိုယ်၏ချမ်းသာခြင်း၊ 
စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
.
.
၆/ အသက်ရှူရှိက်သော သတ္တဝါအားလုံး၊ ထိတ်လန့်လွယ်သော သတ္တဝါအားလုံး၊ 
တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သော သတ္တဝါအားလုံး ၊ ကြီးသော 
သတ္တဝါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တဝါ၊ ပုသော တိုသော 
သတ္တဝါ၊ ပိန်သော ကြုံသော သတ္တဝါ ၊ ဆူသော ဖြိုးသော သတ္တဝါ။
.
.
၇/ မျက်စိဖြင့်မြင်နိုင်သော သတ္တဝါ၊ မျက်စိဖြင့် မမြင်နိုင်သော သတ္တဝါ၊ အဝေးမှာရှိသော သတ္တဝါ၊ 
မနီးမဝေးမှာရှိသော သတ္တဝါ၊ ဖြစ်ပြီးသော သတ္တဝါ၊ နောင်ဖြစ်လတ္တံသော သတ္တဝါ၊ ဆိုခဲ့ပါ
သတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။
.
.
၈/ တယောက်နှင့် တယောက် အမျက်ဒေါသ မထွက်ရာ၊ အလုပ်ကိစ္စ တခုခုနှင့် စပ်လျဉ်း၍ 
တယောက်ယောက်ကို ချုပ်ချယ်သောစကား မပြောရာ၊ မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊ 
အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တယောက်နှင့်တယောက် ဆင်းရဲဒုက္ခကို 
အလို မရှိသင့်ပေ။
.
.
၉/ အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တဦးတည်းသောသားကို အသက်လောက် 
ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့် ရှောက်သည့်နည်းတူ သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းမသိ 
ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။
.
.
၁၀/ အထက်အောက် ဘေးဘီ အရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊ အတွင်းရန် 
အပြင်ရန်မရှိ၊ အတိုင်းမသိ မြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏။
.
.
၁၁/ အိပ်ငိုက်သောအခါမှတပါး မတ်တပ်ရပ်စဉ်ဖြစ်စေ၊ လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊ 
ထိုင်နေစဉ် ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ်သတိချပ်လျက် မေတ္တာပို့နေရာ၏။ 
ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို “မြတ်သောနေခြင်း”ဟူ၍ ဤဂေါတမဘုရား သာသနာတော်၌ ဆိုကြလေပြီ။
.
.
၁၂/ မှားသောအယူဝါဒကို လက်မခံဘဲ ကိုယ်ကျင့်သီလ ရှိစေရာ၏။ 
မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံစေရာ၏။ ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို 
ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေ မနေရတော့ပေ။ ဝဋ်ဘဝ 
ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ။
.
.
.
. မေတ္တသုတ် အနက်ပြီး၏။ ။
.
._______ခဂ္ဂါ(ရု ပ္ကဆိုး)___

‪#‎ရတနသုတ်‬

‪#‎ရတနသုတ်‬
_/\_/\_/\_/\_/\_
.




ရတနသုတ်ရွတ်ဖတ်ခြင်းအကျိုး
------------------------------------
.
• ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်။ 
• စုန်း၊ တစ္ဆေ၊ ကဝေ ပယောဂ ဟူသမျှကို နိုင်သည်။ 
• အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်ရသောအခါ၊ အချုပ်ထောင်၊ နှောင်အိမ် စသည်တို့၌ ကျရောက်သောအခါ အမြန် လွတ်မြောက်စေနိုင်သည်။ 
• နတ်ကောင်း နတ်မြတ်တို့၏ စောင်မ ကြည့်ရှုခြင်းကို ခံရမည် ဖြစ်ပေသည်။
.
.
ရတနသုတ်မြန်မာပြန်
-------------------------
.
၁/ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရားမင်း၏ခြေရင်းတော်၌ ဘုရားဆုကို တောင်းသည့်ကာလမှ အစပြု၍ 
.
• မြတ်စွာဘုရား ဖြည့်ဆည်းဖူးခဲ့သော ပါရမီ(၁ဝ) ပါး၊ ဥပ ပါရမီ(၁ဝ) ပါး၊ ပရမတ္တ ပါရမီ (၁ဝ)ပါး 
အားဖြင့် အမျှ(၃ဝ)သော ပါရမီတို့ကို၎င်း၊ 
• စွန့်ခြင်းကြီး ငါးပါးတို့ကို၎င်း၊ 
• လောက၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဘုရားဖြစ်ခြင်းအကျိုးငှာ ကျင့်ခြင်း ဟူသော စရိယသုံးပါးတို့ကို၎င်း၊ 
• နောက်ဆုံးဘဝ၌ အမိဝမ်းတွင်း၌ ပဋိသန္ဓေ ယူတော်မူခြင်း၊ ဖွားမြင်ခြင်း၊ မြတ်သော တောထွက်ခြင်း၊ ပြင်းစွာသောလုံ့လဖြင့် ကမ္မဌာန်းအကျင့်ကို 
ကျင့်ခြင်း၊ ဗောဓိပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူခြင်း၊ သဗ္ဗညုတညဏ်ကို ထိုးထွင်းသိမြင်
ရရှိခြင်း၊ ဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားခြင်းနှင့် ကိုးပါးသော လောကုတ္တရာ 
တရားတို့ကို၎င်း၊
.
ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော် အားလုံးတို့ကိုလည်း စိတ်ဖြင့်
ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း သုံးထပ်တို့၏ အကြားတို့၌ ညဥ့်သုံးယံ ကာလပတ်လုံး 
ပရိတ်ရွတ်ဖတ် အရံအတား ပြုခဲ့သော အရှင် အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့အပေါ်)
သနားကရုဏာ စိတ်ထားလျက် (ရတန သုတ်ပရိတ်တော်ကို ရွတ်ဖတ်ကြပါကုန်စို့။)
.
.
(၂ - ၃ )၊ ရတနသုတ် ပရိတ်တော်၏ အာဏာစက်ကို စကြစဠာ ကုဋေတသိန်း၌ ရှိကြကုန်သော
နတ်အပေါင်းတို့က ခံယူကြကုန်၏။ ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော 
အနာ ရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေး ဟူသော ဘေးအန္တရာယ်ကြီး 
သုံးမျိုးကို လျင်မြန်စွာ ကွယ်ပျောက်စေနိုင်ခဲ့၏။ ယခုအခါ၌ ဤရတနသုတ် ပရိတ်တော်ကို
ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
၎/ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတိံသာ
နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသောနတ်တို့သည်၎င်း
ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွှတ် ရောက်ရှိလာကြကုန်ပြီ။ နတ်ပရိသတ်အားလုံး 
ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်။ မြတ်စွာဘုရား ဟောတော်မူခဲ့သော ပရိတ် 
တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။
.
.
၅/ အို… နတ်အပေါင်းတို့။ ဤနေရာ၌ အညီအညွှတ် စည်းဝေးရောက်ရှိနေကြသော
သင်နတ်အများ နားဆင်ကြပါကုန်။ လူတို့သည် နေ့ညမဟူ ကြည်ဖြူလေးမြတ်စွာ 
အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား 
ချစ်ခင်ကြပါကုန်။ မမေ့မလျော့ စောင့်ရှောက် ကြပါကုန်။
.
.
၆/ လူ့ပြည်၌ ဖြစ်စေ၊ နဂါးပြည် ဂဠုန်ပြည်၌ ဖြစ်စေ၊ နတ်ပြည်၌ ဖြစ်စေ အမြင့်အမြတ် သတ်မှတ်
သုံးဆောင်ကြသော ဥစ္စာ ရတနာတို့သည် ရှိကြကုန်၏။ ထိုရတနာတို့အနက်
ဘုရားတည်ဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ။ မြတ်စွာဘုရားသည် အရဟံ
စသော ဂုဏ်တော် ကျေးဇူးတော်တို့နှင့်ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။
ဤသို့မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ပွားစီးတိုးတက်
ချမ်းသာကြပါစေသတည်း။
.
.
၇/ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော
သမာဓိစိတ် ရှိသည့် အတွက်ကြောင့် ကိလေသာတို့၏ ကုန်ရာကင်းရာ
မသေရာဖြစ်သော မြတ်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌)
ထိုနိဗ္ဗာန်ဓာတ်မြတ်နှင့် နှိုင်းတုစရာရတနာ တခုမျှမရှိပါချေ။ နိဗ္ဗာန်သည် ကိလောသာကုန်စင်ခြင်း
စသည့်ဂုဏ်ကြောင့် ရတနာမြတ် ဖြစ်ပါပေ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့်
သူတော်တကာ သတ္တဝါအများ ပွားစီးတိုးတက် ချမ်းသာကြပါစေသတည်း။
.
.
၈/ သောတာပတ္တိမဂ်ဖြင့်သိသော၊ အပိုင်းအခြားကို မလွန်ဘဲ သိတတ်သော၊ 
စင်လည်းစင်ကြယ်လှသော အရဟတ္တမဂ်နှင့် ယှဉ်သည့် သမာဓိကို မြတ်စွာဘုရား
ချီးမွမ်းတော်မူ၏။ မဂ်၏ အခြားမဲ့၌ အကျိုးပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ 
ထိုအရဟတ္တမဂ် သမာဓိနှင့် တူသော မည်သည့် သမာဓိမျိုးမှ မရှိချေ။ ထိုသမာဓိသည် 
စင်စစ်မြတ်လှ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ပွားစီးတိုးတက်
ချမ်းသာကြပါစေသတည်း။
.
.
၉/ အရိယာ ပုဂ္ဂိုလ် (၈)ယောက်တို့ကို ဘုရားအစရှိသော သူတော်ကောင်းအပေါင်းတို့က
ချီးမွမ်းကြကုန်၏။ တနည်းအားဖြင့် ပုဂ္ဂိုလ် (၁ဝ၈) ယောက်တို့သည် မြတ်စွာဘုရား 
ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြကုန်၏။ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက် (လေးစုံ) ဖြစ်ကြကုန်၏ ။
.
မြတ်စွာဘုရား၏ တပည့်သာဝကာ ဖြစ်ကြကုန်သော ထိုပုဂ္ဂိုလ်ရှစ်ယောက် (၁ဝ၈ ယောက်) 
တို့သည် မြတ်သော အလှူကို ခံယူထိုက်ကြကုန်၏။ ထိုပုဂ္ဂိုလ်မြတ် (၈)ဦးတို့အား ပေးလှူသော 
အလှူဝတ္ထုတို့သည် အကျိုးများစွာရှိကုန်၏။ ဘုရားရှင် ချီးမွမ်းတော်မူသော ထိုအရိယာ
သံဃာရတနာတို့သည်လည်း မြတ်လှပေ၏။ ဤသို့မှန်ကန်သော 
သစ္စာစကားကြောင့်
သတ္တဝါတို့အား ပွားစီးတိုးတက် ချမ်းသာပါစေသတည်း။
.
.
၁၀/ ရဟန္တာအရှင်သူမြတ်တို့သည် ဂေါတမ မြတ်စွာဘုရားရှင်၏ သာသနာတော်၌
ခိုင်မြဲပြင်းထန်သော စိတ်ဖြင့် ကောင်းစွာ အားထုတ်ကြ၍ ဝဋ်ဒုက္ခမှ
လွတ်မြောက်ကြရလေသည်။ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ဖြစ်၍ ကိလေသာတို့မှ
ကင်းကုန်လျက် နိဗ္ဗာန်ချမ်းသာကို စံစားကြရကုန်သည်။
အရဟတ္တဖိုလ်သို့ ရောက်ကြရကုန်သည်။ ရဟန္တာ အရိယာ သံဃာတောတည်းဟူသော
ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါတို့အား
တိုးတက် ချမ်းသာပါစေသတည်း။
.
.
၁၁/ မြေ၌ မြုပ်စိုက်ထားသော ကျောက်စာတိုင်သည် အရပ်လေးမျက်နှာမှ လေပြင်းမုန်တိုင်း
တိုက်ခတ်မှုဒဏ်ကြောင့် တုန်လှုပ်ခြင်း မရှိချေ။ အရိယာ သစ္စာလေးပါးကို သောတာပတ္တိ
မဂ်ညဏ်ဖြင့် သက်ဝင်၍ သိမြင်ပြီးသော သောတာပန် ပုဂ္ဂိုလ်ကို ထိုကျောက်စာတိုင်နှင့်တူ၏
ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူလေ၏။ ဤသို့လျှင် တုန်လှုပ်ခြင်း
ကင်းသော သောတာပန် အရိယာ သံဃာတော်တည်းဟူသော
ရတနာသည်လည်း မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တဝါတို့အား
စီးပွားချမ်းသာ ဖြစ်လာပါစေသတည်း။
.
.
၁၂/ နက်နဲသော ပညာရှိသော မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူထားသော
အရိယာသစ္စာတို့ကို သိမြင်ပြီးဖြစ်သည့် သတ္တက္ခတ္တု ပရမ သောတာပန်
(ခုနှစ်ဘဝကျန် သောတာပန်) တို့သည် တရားကို ပွားများ အားထုတ်ရန်
လွန်စွာ မေ့လျော့နေပါငြားသော်လည်း ရှစ်ဘဝမြောက်အထိ မဖြစ်တော့ချေ။ (ခုနှစ်ဘဝမှာပင်
သတိပြန်ရ တရားအားထုတ် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံဝင်လေသည်။) ဤသို့လျှင်
ရှစ်ကြိမ်မြောက်ဘဝကို ယူခြင်းမရှိသော သတ္တက္ခတ္တု ပရမ သောတာပန် တည်းဟူသော
ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်သော သစ္စာစကားကြောင့်
သတ္တဝါတို့အား ကောင်းသော အစီးအပွား ဖြစ်ထွန်းပါစေသတည်း။
.
.
၁၃/ အတ္တဟူသော မိမိကိုယ်ရှိ၏ ဟူ၍ခံယူခြင်း၊ ရှစ်ပါးသောဌာနတို့၌ ယုံမှားခြင်း၊ နွားလို၊ ခွေးလို
ကျင့်ခြင်းဖြင့် သံသရာမှ လွတ်မြောက်နိုင်သည်ဟု အထင်မှားခြင်း၊
ဤအမှားသုံးရပ်ကို သောတာပန် ပုဂ္ဂိုလ်သည် သောတာပန် ဖြစ်လျှင်ဖြစ်ခြင်း
ပယ်စွန့်ပြီး ဖြစ်လေ၏။ မည်သည့် မှားသောအယူကိုမဆို ပယ်စွန့်လေ၏။
.
.
၁၄/ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးပါးမှ လွတ်လေ၏။
လွန်ကဲသောအကြောင်း ခြောက်ရပ်တို့ကိုလည်း မပြုထိုက်တော့ပေ။ ဤသို့လျှင် ယုံမှား၊ ယူမှား
တရားသုံးပါးကို ပယ်နိုင်သော သောတာပန်အရိယာ သံဃာ ရတနာသည်လည်း မြတ်လှပေ၏။
ဤသစ္စာစကားကြောင့် သတ္တဝါတို့အား ကောင်းကျိုးချမ်းသာ ဖြစ်လာပါစေသတည်း။
.
.
၁၅/ သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ထဲကဖြစ်စေ
မကောင်းမှုတခုခုကို အကယ်၍ ပြုမိငြားအံ့၊ သူသည် ထိုမကောင်းမှုကို ဖုံးကွယ်ဖို့ရာ
မကြိုးစားတော့ချေ။ သောတာပန်သည် နိဗ္ဗာန်ကို မဂ်ညဏ်ဖြင့် မြင်ပြီးသူ ဖြစ်၍ မကောင်းမှုကို
သိုဝှက်ခြင်း မရှိတော့ကြောင်း ဟောကြားတော်မူခဲ့၏။ ဤသို့လျှင် ပြုမိသော မကောင်းမှုကို
ဖုံးကွယ်ခြင်း မရှိသော သောတာပန် သံဃာတည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။
ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါတို့အား ချမ်းသာသုခ ဖြစ်ပါစေသတည်း။
.
.
၁၆/ နွေဥတု လေးလတွင် အစဦးဖြစ်သော (တပေါင်းလပြည့်ကျော် တစ်ရက်မှ
တန်ခူးလပြည့်ကျော် အထိ) နွေလအတွင်း၌ ပင်တိုင်းပင်တိုင်း ပင်လုံးကျွတ်
ပွင့်လျက်ရှိသော တောအုပ်သည် အသရေ ရှိလှဘိသကဲ့သို့ ထိုတောအုပ်နည်းတူ
အသရေရှိလှသော နိဗ္ဗာန်သို့လည်း ရောက်စေတတ်သော
ပရိယတ္တိတရားတော်ကို မြတ်သော လောကုတ္တရာ
အကျိုးစီးပွားအတွက် မြတ်စွာဘုရား ဟောကြားတော်မူခဲ့လေပြီ။
ယင်းသို့ ဟောကြားတော်မူသော ဒေသနာတော်ရှင် ဘုရား ရတနာတော်သည်လည်း
မွန်မြတ်လှပေ၏။ ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါအပေါင်းအား ကောင်းသော

စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

   .
၁၇/ မိမိကိုယ်တိုင် မြင့်မြတ်တော်မူ၍ မြတ်သောတရားကိုလည်း
သိမြင်တော်မူသော လောကုတ္တရာ တရားမြတ်ကိုလည်း
သတ္တဝါတို့အား ပေးတော်မူတတ်သော၊ မြတ်သောအကျိုးစီးပွားကိုလည်း ဆောင်ကြဉ်းတော်မူတ
တ်သော၊ မိမိထက် သာလွန်သူမရှိသော ဘုရားမြတ်စွာသည် မြတ်သော
တရားကိုပင် ဟောကြားတော်မူလေသည်။ ဤသို့လျှင် သတ္တဝါတို့၏ ဣနြေ္ဒ အနုအရင့်ကို
သိရှိနားလည်လျက် တရားမြတ်ကို ဟောကြားတတ်သော “ဘုရား” တည်းဟူသော
ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့မှန်သော သစ္စာစကားကြောင့်
သတ္တဝါတိုင်း ကောင်းသော အကျိုးစီးပွား ဖြစ်ထွန်းပါစေသတည်း။
.
.
၁၈/ ရဟန္တာ အရှင်သူမြတ်တို့သည် တမလွန်ဘဝကိုလှမ်း၍ တပ်မက်ခြင်း စိတ်မရှိကုန်၊
ရဟန္တာတို့အား ရှေးရှေးသော ဘဝများစွာက ပြုလုပ်အားထုတ်ခဲ့ဖူးသည့်
ကံဟောင်းကံကြွင်းဟူသမျှ ကုန်လေပြီး ဘဝသစ်၌ ဖြစ်စရာကံလည်း မရှိချေ။ ကံတည်းဟူသော
မျိုးစေ့ကုန်လေပြီ။ ဘဝသစ် ဖြစ်လိုသည့် ဆန္ဒလည်း မရှိတော့ပေ။ ပညာညဏ်လည်း ရင့်သန်
ကြီးမားကြကုန်၏။ ထိုရဟန္တာ အရှင်သူမြတ်တို့သည် (သေသောအခါ)
ဤဆီမီးသည် ငြိမ်းလေသကဲ့သို့ ငြိမ်းတော်မူကြကုန်၏။ ဤသို့လျှင် ဘဝသစ် ပြန်ဖြစ်ခြင်း
မရှိသော ရဟန္တာ သံဃာတော်မြတ် ရတနာသည်လည်း မြတ်လှပေ၏။ ဤမှန်သော
သစ္စာစကားကြောင့် သတ္တဝါအပေါင်းအား ကောင်းသော အကျိုးစီးပွား ဖြစ်ထွန်းပါစေ သတည်း။
.
.
၁၉/ မြေနှင့်စပ်၍ တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာဝတိံသာ
နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်၎င်း၊
ဤအရပ် ဤဒေသ၌ ညီညွှတ် ပေါင်းဆုံမိကြကုန်၏။ ကျွန်ုပ်တို့နတ်အပေါင်းက ရှေးရှေးသော
ဘုရားရှင်များနည်းတူ ပွင့်တော်မူလာသော၊ နတ်လူအပေါင်းတို့က
ပူဇော်ထိုက်သော မြတ်စွာဘုရားကို ရှိခိုးကြပါကုန်၏။ သတ္တဝါအပေါင်းအား ကောင်းသော
အကျိုးစီးပွား ဖြစ်ပါစေသတည်း။
.
.
၂၀/ မြေနှင့်စပ်၍တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာဝတိံသာ
နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်၎င်း၊
ဤအရပ် ဤဒေသ၌ ညီညွှတ်ပေါင်းဆုံမိကြကုန်၏။ ကျွန်ုပ်တို့နတ်အပေါင်းက ရှေးရှေးသော
ဘုရားရှင်များ ဟောကြားသည့်နည်းတူ ဟောကြားခဲ့သော တရားတော်မြတ်ကို
ရှိခိုးဦးညွှတ်ကြပါကုန်၏။ သတ္တဝါအပေါင်းလည်း ချမ်းသာသုခ ရှိကြပါစေသတည်း။
.
.
၂၁/ မြေနှင့်စပ်၍တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာဝတိံသာ
နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်၎င်း၊
ဤအရပ် ဤဒေသ၌ ညီညွှတ်ပေါင်းဆုံမိကြကုန်၏။ ကျွန်ုပ်တို့နတ်အပေါင်းက ရှေးရှေးသော
ဘုရားရှင်များ ခေတ်မှာကဲ့သို့ ကောင်းစွာပေါ်ပေါက်လာသော၊ နတ်လူတို့က ပူဇော်ထိုက်သော
သံဃာတော်မြတ် ရတနာကိုလည်း ဦးညွှတ်ရှိခိုးကြပါကုန်၏။ သတ္တဝါတို့အား ကောင်းသော
အကျိုးစီးပွား ဖြစ်ထွန်းပါစေသတည်း ။
.
.
.
.
.
. ရတနသုတ် အနက်ပြီး၏။ ။
.
............................ခဂ္ဂါ(ရု ပ္ကဆိုး)...............       

မင်္ဂလသုတ် ရွတ်ဖတ်ခြင်းအကျိုး



မင်္ဂလသုတ် ရွတ်ဖတ်ခြင်းအကျိုး
-------------------------------------
မင်္ဂလသုတ်ကို မပြတ် ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် 
မည်သည့်နေရာမှာ နေသည်ဖြစ်စေ၊ ဘေးအန္တရာယ် ကင်းသည်။
ရန်သူတို့က မိမိအား မအောင်မြင်နိုင် ။ 
.
မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တနေ့ထက်တနေ့ တိုးတက် ချမ်းသာလာမည် ဖြစ်ပေသည်။
.
အချုပ်အားဖြင့် ရန်ကင်းသည်။ သူတစ်ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ 
ကြီးပွားတိုးတက်စေသည်။ မဂ်ညဏ် ဖိုလ်ညဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏
စိတ်သန္တာန်မှာ ပေါ်လာနိုင်ပေသည်။
.
.
မင်္ဂလသုတ်( မြန်မာပြန်)
------------------------------
.
၁/ “မည်သည့်တရားသည် မင်္ဂလာတရားနည်း” ဟူ၍ လူနှင့်နတ်တို့သည် (၁၂)နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ။ စီးပွားချမ်းသာခြင်း၏
အကြောင်းမှန်ဖြစ်သော မင်္ဂလာ တရားပေါင်း (၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ 
မသိမမြင်နိုင်ခဲ့ကြပေ။
.
.
၂/ လူတယောက်စီ တယောက်စီထက်၎င်း၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်၎င်း၊ 
နတ်တပါးစီ တပါးစီထက်၎င်း၊ နတ်အားလုံးထက်၎င်း 
သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရှုလျက် မင်္ဂလာတရား 
(၃၈)ပါးကို ထုတ်ဖော် ဟော်ကြားတော်မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက်တရားကို
ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်း အပေါင်းတို့နှင့်အတူ ကျွန်ုပ်တို့သည် 
မင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ် ပူဇော်ကြပါကုန်စို့။
.
.
၃/ ပထမ သံဂါယနာပွဲတော်ကြီး၏ သံဃဥက္ကဌ ဖြစ်တော်မူသော မဟာကဿ ပရှင်ဘုရား…… 
.
.
ဤ မင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော် မြတ်စွာဘုရားထံမှ တိုက်ရိုက် 
ဤသို့ ကြားနာလိုက်ရပါ၏။ မှတ်သားလိုက်ရပါ၏။ ဆောင်ထားလိုက်ရပါ၏။
.
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်၌ 
သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ် 
သူဌေးကြီး ဆောက်လုပ်လှူဒါန်းသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ကောင်းသော ကျောင်းတော်
ကြီး ဖြစ်ပါသည်။ 
.
တညသ၌ ညဥ့်ဦးယံလွန်၍ သန်းခေါင်ယံ အရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော 
နတ်သားတပါး ရောက်လာပါသည်။ သူသည် အလွန် နှစ်လိုဖွယ် 
ရုပ်အဆင်းရှိပါသည်။ ဇေတဝန်ကျောင်းတိုက် တခုလုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့် 
ထွန်းလင်းစေပါသည်။
.
ယင်းသို့ ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင် ရှိရာသို့ ချဉ်းကပ်လာပါသည်။ မြတ်စွာ 
ဘုရားကို အလွန် ရိုသေလေးမြတ်စွာ ရှိခိုးပါသည်။ ရှိခိုးပြီးနောက် 
တင့်အပ်လျောက်ပတ်သော နေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ 
ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်။
.
.
၎/ ဘုန်းတော်ကြီး မြတ်လှသော မြတ်စွာဘုရား။ နတ်အပေါင်းတို့သည်၎င်း၊ 
လူအပေါင်းတို့သည်၎င်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို 
လိုချင်ကြသည်။ တောင့်တကြသည် ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ 
အကြောင်းဖြစ်သော မင်္ဂလာတရားတော် ဖြစ်သလဲ ဟူ၍ (၁၂)နှစ်တိုင်တိုင် အချိန်ယူပြီး 
စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည် ဘုရား။ ယင်းသို့ ကြံစည် တွေးဆကြပါသော်လည်း 
မင်္ဂလာတရားမှန်ကို မည်သူမျှ တွေးကြံ၍ မသိနိုင်ကြပါသည် ဘုရား။ သို့အတွက်ကြောင့် 
မင်္ဂလာတရား ဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်
ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
.
.
၅/ အို.... နတ်သား။ သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊ 
ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရားသုံးပါးကို မင်္ဂလာ ဟူ၍ သင် မှတ်သားလော့။
.
.
၆/ အို.... နတ်သား။ တင့်အပ်လျောက်ပတ်သော
အရပ်ဒေသ၌ နေခြင်း၊ ရှေးဘဝက ပြုခဲ့ဖူးသောကောင်းမှု ရှိခြင်း၊ မိမိကိုယ်ကို ကောင်းစွာ
ထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် 
မှတ်ဦးလော့။
.
.
၇/ အို.. နတ်သား။ အကြားအမြင် ဗဟုသုတ ရှိခြင်း၊ စက်မှုလက်မှု စသော သိပံ္ပပညာ 
တတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် 
ဝိနည်းတရားကို ကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကို ပြောခြင်း၊ 
ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
၈/ အို.... နတ်သား။ အမိအဘကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားကို ထောက်ပံ့ပေးကမ်း 
ချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်ကိုလုပ်ခြင်း၊ 
ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
၉/ အို.... နတ်သား။ အလှူပေးခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း၊
အကုသိုလ်ကင်းသော အလုပ်ကိုလုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍
သင် မှတ်ဦးလော့။
.
.
၁၀/ အို.... နတ်သား။ မကောင်းမှု ဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း ၊ မကောင်းမှုကို မလုပ်ဖြစ်အောင်
မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို 
မသောက်မစား ဖြစ်အောင်ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့် ကောင်းမှုအလုပ်တို့ကို 
မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ 
ဟူ၍ သင် မှတ်ဦးလော့။
.
. ၁၁/ အို.... နတ်သား။ ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ်ချခြင်း၊
ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း၊ သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို
သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာ
ဟူ၍ သင် မှတ်ဦးလော့။
.
.
၁၂/ အို.... နတ်သား။ သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့် စကားကို
နာယူလွယ်ခြင်း၊ သူတော်ကောင်း ရဟန်းပုဏ္ဏားတို့အား ဖူးမျှော်ရခြင်း၊ အခါအခွင့်သင့်တိုင်း
တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင်
မှတ်ဦးလော။
.
.
၁၃/ အို.... နတ်သား။ ခြိုးခြံစွာ ကျင့်ခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ အရိယာသစ္စာ တရားကို
သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော
မင်္ဂလာ ဟူ၍ သင် မှတ်ဦးလော။
.
.
၁၄/ အို.... နတ်သား။ လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာ အရှင်သူမြတ်၏
စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏။
ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
.
.
၁၅/ အို....နတ်သား။ ဤကဲ့သို့သော (၃၈)ပါး မင်္ဂလာတရားကို လက်တွေ့
လိုက်နာကျင့်ကြံ ပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌နေနေ မိမိအား ရန်သူတို့က
မအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို (၃၈)ပါးသော
တရားသည်သာလျှင် လူတကာ၊ နတ်တကာတို့အတွက် မြတ်သောမင်္ဂလာ ဖြစ်ကြောင်း သင်
မှတ်သားလေလော့။
.
. မင်္ဂလသုတ် အနက်ပြီး၏။ ။
.
အားလုံး မင်္ဂလာတရားတော်နှင့် အညီ နေထိုင်နိုင်ကြပါစေသောဝ်....။
.
.
#....................ခဂ္ဂါ(ရု ပ္ကဆိုး)..

ပရိတ်ကြီး(၁၁)သုတ်နိဒါန်း အနက်


ပရိတ်ကြီး(၁၁)သုတ်နိဒါန်း အနက်
-------------------------------------
.
၁။ လူတို့ နေထိုင်လျက်ရှိသော ဤစကြဝဠာနှင့်အတူ တွဲဘက်တည်ရှိသော ပတ်ဝန်းကျင် 
စကြဝဠာ တသောင်းမှ သောင်းလောကဓါတ် နတ်မြတ်အပေါင်းတို့ - ရဟန်းတို့၏ 
မင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ နတ်ရွာနိဗ္ဗာန် ချမ်းသာမှန်ကို ပေးစွမ်းနိုင်သော
သူတော်ကောင်းတရား (ပရိတ်တရား)ကို နာကြားအံ့သောငှာ ဤနေရာ ဤဒေသသို့ 
လာရောက်ကြပါကုန်လော့။ လာရောက်၍ ရိုသေစွာ နာယူကြပါကုန်လော့ ။
.
.
၂။ အို…. သောင်းလောကဓာတ် နတ်မြတ်အပေါင်းတို့ ယခုအခါသည်ကား မြတ်စွာ
ဘုရား၏ တရားတော်ကို နာကြားရမည့် မင်္ဂလာ အခါတော် ဖြစ်လေသည်။
.
.
၃။ ကျွန်ုပ်တို့သည် ပစ္စည်းလေးပါးအလှူကို ခံယူတော်မူထိုက်သော လူသူလေးပါး 
မသိမမြင်နိုင်သည့် ဆိတ်ကွယ်ရာနေရာ၌ ဖြစ်စေကာမူ မကောင်းမှုဒုစရိုက်ကို
ပြုလုပ်ခြင်း အလျှင်းမရှိသော ကိလေသာတို့ကို အပြီးသတ် ဖယ်ရှင်းပြီး မိမိအလိုလို 
ကိုယ်တော်တိုင် သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်တော်မူပြီးသော 
ဘုန်းတော်အနန္တ၏အရှင် ဘုရားသခင်အား ဦးညွှတ် ရှိခိုးကြပါကုန်၏။
.
.
၎။ ဤစကြဝဠာ၌၎င်း၊ ပြင်ပ စကြဝဠာများ၌၎င်း နေထိုင်လျက်ရှိကြကုန်သော 
ကိုယ်ဣနြေ္ဒလည်း ငြိမ်သက်၊ စိတ်ဓါတ်လည်း ငြိမ်သက်လျက် ရှိကြကုန်သော 
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး လောကီကျေးဇူး လောကုတ္တရာ
ကျေးဇူးတို့ကို ရရှိနိုင်ရန် အမြဲတမ်း လုံ့လစိုက်လျက်ရှိကြသော ဘုမ္မစိုးနတ်
(မြေမှီနတ်)၊ အာကာသစိုးနတ် (ကောင်းကင်နေနတ်) အပေါင်းနှင့်တကွ
မြတ်သော ရွှေစိုင်အတိပြီးသော မြင်းမိုရ်တောင်မင်း၌ မှီတင်းနေထိုင်ကြသော 
နတ်သူတော်ကောင်း အပေါင်းတို့သည် သောကကင်းဝေး နေထိုင်ရေးအတွက်
ရောင့်ရဲလွယ်ခြင်း၏ အကြောင်းဖြစ်သော ဘုရားစကားတော် မြတ်ကို
နာယူပန်ဆင်ရန် အလို့ငှာ တညီတညွတ်တည်း စုဝေး ရောက်လာကြပါကုန်လော့။
.
.
၅။ - ၆။ စကြဝဠာ ဟူသမျှ၌ ဘီလူးများ၊ နတ်များနှင့် ဗြဟ္မာများ ရှိကြကုန်သည်ပင် ဖြစ်၏။ 
ကျွန်ုပ်တို့သည် စည်းစိမ်ချမ်းသာ ဟူသမျှကို ဖြစ်ပေါ်လာစေနိုင်သော ကောင်းမှု
ကုသိုလ်ကို ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ အသင် ဘီလူး၊ နတ်၊ ဗြဟ္မာတို့သည် 
ကျွန်ုပ်တို့ ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဝမ်းမြောက် ကြည်နူးကြပါ။ 
ကျွန်ုပ်တို့နှင့် တစိတ်တဝမ်းတည်းထားကာ မြတ်စွာဘုရား၏ အဆုံးအမ 
သာသနာတော်၌ မွေ့လျော် နှစ်ခြိုက်ကြပါ။ စောင့်ရှောက်ထိုက်သူများအား
စောင့်ရှောက် ကြည့်ရရသည့် သင်တို့၏ လုပ်ငန်းတို့ကို မမေ့မလျော့ အထူး
ဆောင်ရွက်တော်မူကြပါ။
.
.
၇။ မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်မြတ်ကြီးသည်၎င်း၊ လူတို့၏
ကမ္ဘာလောကြီးသည်၎င်း ထာဝရ တိုးတက် ကြီးမြင့်ပါစေ။ သာသနာတော်နှင့်
လူ့လောကကို နတ်အပေါင်းတို့က အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်ကြပါစေ။
.
.
၈။ မည်သူမဆို သူ၏ အသိုင်းအဝိုင်းနှင့်အတူတကွ ချမ်းသာကြပါစေ။
ဝမ်းမြောက်ရွှင်ပြုံး နှလုံး ချမ်းမြေ့ကြပါစေ။
.
.
၉။ မင်းဘေး၊ ခိုးသူဘေး၊ လူဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊
မြေဘုတ်ဘီလူးဘေး၊ သစ်ငုတ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသော
နက္ခတ်ဘေး၊ ဇနပုဒ် ရောဂါဘေး၊ မမှန်ကန်သော တရားဘေး၊ မှားသော 
အယူဝါဒဘေး၊ လူယုတ်မာတို့၏ဘေး၊ ဤကဲ့သို့ ဘေးဆိုး အန္တရာယ်ဆိုး
တို့မှ၎င်း၊ ဆင်ဆိုး၊ မြင်းဆိုး၊ သားကောင်ဆိုး၊ နွားဆိုး၊ ခွေးဆိုး၊ မြွေဆိုး၊ 
ကင်းဆိုး၊ မြွေစိမ်းဆိုး၊ သစ်ဆိုး (ကျားသစ်ဆိုး)၊ ဝံဆိုး၊ အောင်းဆိုး၊ 
ဝက်ဆိုး၊ ကျွဲဆိုး၊ ဘီလူးဆိုး၊ ရေစောင့် ဘီလူးဆိုး စသည်တို့ကြောင့်
ဖြစ်တတ်သည့် ဘေးအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဥပါဒ်အမျိုးမျိုးတို့မှ၎င်း 
လူတို့ ကင်းဝေးအောင် မမြင်ရအောင် နတ်အပေါင်းတို့က အစောင့်အရှောက်
တာဝန်ယူကြပါကုန်။
.
.
.
------------ ပရိတ်ကြီး(၁၁)သုတ် နိဒါန်း အနက်ပြီး၏။ ။----------
___________ခဂ္ဂါ(ရု ပ္ကဆိုး)__

Tuesday, April 26, 2016

မိုက်ပြီဟေ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို စာထွက်လိုက်ပြီတဲ့



ဒို့ဝန်ကြီးချုပ်  မော်လူး  လာလို့  ကတော့  ကြိုကို  ကြိုဆိုရမယ်ဗျာ

စာသာ  ဖတ်ကြည့်ပေတော့

fb  က  မ  လာတာလေ

ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်ရန် နိုင်ငံတော်သမ္မတရုံးညွှန်ကြား ဟုတ်ကော ဟုတ်ရဲ့လားဗျား



ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်ရန်
နိုင်ငံတော်သမ္မတရုံးညွှန်ကြား

ဆိုပြီး  ဖေ့ဘုတ်မှာ  တွေ့လို့  တင်ပေးလိုက်တယ်

ဟုတ် မဟုတ်  တော့  သိသေးဘူး  ရက်စွဲတော့  လွှဲနေသလိုဘဲ

မော်လူးဒေသ မှ ဆရာကြီး ဆရာမကြီး တို့ သင်တန်း မှာ အက သင်ယူ နေကြတဲ့ ဗီဒီယို ဖိုင်



ဆရာကြီး  ဦးသိန်းဆွေဝင်း  facebook  မှာ  ကြည့်ရလို့တင်ပေးလိုက်တယ်

အောက်က လင့်မှာ

နှိပ်ပြီးလည်းကြည့်လို့ရတယ်https://mobile.facebook.com/story.php?story_fbid=1602896336704043&id=100009510752172&_rdr

မိုးကြိုးပစ်လို့ နွား သေတာတဲ့



စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ တောင်ဖီလာကျေးရွာတွင်ဒုတိယအကြိမ်နွားလေးတွေမိုးကြိုးပစ်ခံလိုက်ရပြန်ပြီဗျာ ပြီးခဲ့တဲ့နှစ်ကတစ်ကြိမ် လူကိုထိသွားပြီးအသက်တစ်ချောင်းဆုံးရှုံးခဲ့ရပြီးပြီ တောသူတောင်သားတွေဆိုတာဒီနွားလေးတွေနဲ့အလုပ်လုပ်စားနေရတာဗျဒီနွားတွေသာမရှိရင်ဘာနဲ့လုပ်စားရမှာတုန်း မိုးရွာလာပြီဆိုရင်အပြင်တောင် မထွက်ရဲလောက်အောင်ကိုဖြစ်နေကြပြီဗျ

Monday, April 25, 2016

ကလေးချွဲစုပ်စက် မော်လူးဆေးရုံသို့ လှူဒါန်း




24-4-2016နေ့ မော်လူးတိုက်နယ်ဆေးရုံအတွက် ကလေးချွဲစုပ်စက်တန်ဖိုးအာဖြင့် (၁၆၅၀၀၀ ကျပ်)ကိုဦးချောမောင် ဒေါ်ရွေ မွေးမွေးကုန်စုံမိသားစုမှလှူဒါန်းတာတဲ့

အောက်ဆီဂျင် ပေးစက် မော်လူးဆေးရုံသို့ လှူဒါန်း





24-4-2016 နေ့ မော်လူးတိုက်နယ်ဆေးရုံအတွက်oxygen concentrater စက်တန်ဖိုးအားဖြင့် (၁၂သိန်း)ကိုဦးစိုးနိုင် ဒေါက်တာရီရီခိုင်  မြင့်မိုရ်ဦးဆေးဆိုင်မိသားစုမှလှူ ဒါန်းသွားတယ်တဲ့

Saturday, April 23, 2016

ဒို့ဝန်ကြီးချုပ် မော်လူးလာရင်တော့ ဟင်းပေါင်းနဲ့ မယ်ဇလီဟင်းကျွေးယုံဘဲ



ဒို့ဝန်ကြီးချုပ်  လုပ်ချပုံကတော့  အောက်မှာသာ  ဖတ်ကြည့်တော့

‪#‎ဒီနေ့စကား‬(၂)
တို့ပြည်သူတွေဆင်းရဲနေချိန်မှာ လူကြီဆိုသူတွေကို
ဧည့်ခံကြွေးမွေးတဲ့စားရိတ်တွေ၊ ဟင်းခွက်တွေအများကြီးနဲ့ ဧည့်ခံတာတွေမလုပ်ပါနဲ့... ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ...
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်
(၂၃.၄.၂၀၁၆ တလိုင်းရွာ)
Credit Than Htay
----------------------

ကဲ ရှင်းတယ်နော့  လူကြီးခရီးစဉ်ရှိတယ်ဆိုပြီး  တစ်ရက်ကြို  လာပြီး  ဝါးတီး  လာလုပ်ရင်  ကိုယ့်စရိတ်ကိုယ်သာ  ရှင်းသွားကြပေတော့ *****

Thursday, April 21, 2016

နှစ်သစ်မှာ လေးတန်ရိုးက လုပျိုကြီး ကဗျာတစ်ပုဒ် နဲ့ ဖေ့ဘုတ် မှတဆင့် ပေါက်ကွဲထားတယ်ဗျာ



အိပ်ရာက နိုး အိမ်ခေါင်မိုးက
စာလေးနှစ်ကောင် လှောင်ပြောင်ကြတယ်
ချစ်ချစ် ချစ်ချစ် နှစ်သစ်မှာ
အချစ်သစ် ရပြီလား....တဲ့..
စိတ်ညစ်ညစ်နဲ့ ရွာပြင်ထွက်
ဥသြ ငှက်က တွန်ပြန်တယ်လေ
ဖော်ဝေး ဖော်ဝေး 
အဆွေးသမားလေး သနားပါတယ် တဲ့
လယ်ပြင်ထဲက မိုးတောင်းတ တဲ့
ဖားကတစ်ခါ ဘွ ဘွ ဘွ ဘွ
ဘဝဆိုတာ ချိုတစ်လှည့် ခါးတစ်လှည့်.
ကျွဲတစ်သင်းနဲ့ တွေ့ပြန်တဲ့အခါ
ငှဲ့ ငှဲ့ ငှဲ့နေတာကိုး ကွ တဲ့လေ..
လေးတန်ကမ်း သဖန်းပင်က
ချိုးကလေးက တခူးကူး 
တခူးကူး တန်ခူး ကူးသွားပြန်ပြီကွာတဲ့လေ....
လေးတန်ချောင်းထဲ ဘဲတစ်အုပ်က
အော်စုတ်သွားတာ ရစရာမရှိအောင်
ဘတ် ဘတ် ဘတ်
ဘတ်ဂျက်မရှိရင် နင် ဒီတိုင်းပါပဲတဲ့..
ဘာဆက်လုပ်ရမှန်း မသိချိန်
ဗျိုင်းတစ်ကောင် ထအော်သည်က
အောက် အောက် အောက်
တစ်နှစ် အောက်သွားပြန်ပြီ 
Ko Mg ရေ..တဲ့လေ .....။

---------------------=======---------

ရဟန်းတော်များ ပရိတ်ရွတ်နေရင် လူဝတ်ပုဂ္ဂိုလ်များ လိုက်မရွတ်ဖို့ သိသလိုလို ရသလိုလိုနဲ့ သူများအတွက် မှတ်သားဖွယ်



ရဟန်းတော်များ ပရိတ်ရွတ်နေရင်
လူဝတ်ပုဂ္ဂိုလ်များ လိုက်မရွတ်ဖို့
**********************************
ဗဟုသုတလေးပါ
ပရိတ်က သူများအကျိုးရစေချင်ရင် ကိုယ်ကရွတ်ပေး။
ကိုယ်ကအကျိုးရချင်ရင် သူများရွတ်တာကိုနာယူရတယ်တဲ့။
ဘုရားရှင်ကိုယ်တော်တိုင် မကျန်းမာတဲ့အခါ
စုန္ဒမထေရ်ကို ဗောဇ္ဈင်္ဂသုတ် ရွတ်စေပြီး နာယူတော်မူတယ်တဲ့။
ရဟန်းတော်များဟာ လူဝတ်ကြောင်များနဲ့ ပါဋ္ဌိကို
ပုဒ်ပြိုင်မရွတ်ရလို့ ပညက်ချက်ရှိတယ်
ရဟန်းများအာပတ်သင့်တယ်။
အရင်ကမသိခဲ့မိလို့ လိုက်ဆိုခဲ့မိတယ်။ဒါကြောင့်
မသိတဲ့သူငယ်ချင်းတွေလည်း သိရအောင် တင်လိုက်တာပါ။
ကျန်းမာကြပါစေခင်ဗျာ။

ဥသျှစ်ကုန်းသားလေး fb မှာ ရင်ဖွင့်လာမှုလေးပါ






မော်လူးဒေသ အနောက်ခြမ်း
ဥသျှစ်ကုန်း ကျောက်မှော်မှာ
ဆိုင်းဘုတ်မတင်တဲ့ကုမ္ပဏီတွေ
အောက်ဖော်ပြပါပုံတွေအတိုင်းလုပ်နေတော့
နောက်(တစ်နှစ်တာ)ဆိုရင် ဒေသခံတွေ
ကံစမ်းဖို့မြေဟန်းတောင်ကျန်တော့မှာမဟုတ်ဘူး
တရုတ်တွေဘဲကံစမ်းခွင့်ရှိနေတာလား
ဗမာတွေပိုင်တဲ့မြန်မာပြည်မှာ
တရုတ်တွေဘဲကံစမ်းခွင့်ရှိနေတာလား


မော်လူးတွင် မေတ္တာအားမာန် လူမှုကူညီရေးအသင်း(နာရေး)ကိုဖွဲ့ စည်း တယ်တဲ့



မော်လူးတွင် မေတ္တာအားမာန်
လူမှုကူညီရေးအသင်း(နာရေး)ကိုဖွဲ့ စည်း
****************************
ဧပြီ ၂၀ရက်နံနက်၁၀နာရီအချိန်က
ကသာခရိုင် အင်းတော်မြို့ နယ်
မော်လူးအုပ်ချုပ်ရေးမှူးရုံးမှာ
မေတ္တာအားမာန်လူမှု ကူညီရေးအသင်း
( နာရေး)ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်းသိရပါတယ်
ယခုအဖွဲ့ အစည်းဟာ အဓိကအားဖြင့် မိမိတို့ ၏ နောက်ဆုံးနေဝင်ချိန် ဖြတ်သန်းရမည့်  ဘဝခရီးကို အခက်အခဲမရှိ အဆင်ပြေစေနိုင်ရန်ရည်ရွယ်လျက်
ကူညီဆောင်ရွက်ပေးနိုင်မည့် နာရေးကူညီမှု
လုပ်ငန်းများကိုအဓိကထား၍
လုပ်ဆောင်မည့်  အသင်းကိုဖွဲ့ စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း ဆင်းရဲနွမ်းပါးချို့ တဲ့သူများ ဒေသန္တရခရီးသွားများ အကြောင်းအမျိုးမျိုး ကြောင့်နာရေးအခက်အခဲနှင့်ကြုံတွေ့ ရာတွင်ကူညီနိုင်ပေးနိုင်ရန်နှင့် မော်လူးဒေသ(၁၀)အုပ်စု ကျေးရွာ(၄၃)ရွာ အတွင်း၌ အခက်အခဲရှိသူများကို ကူညီပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး မေတ္တာအားမာန်နာရေးကူညီမှု အသင်းကို စတင်ဖွဲ့ စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း
သိရပါတယ်
အဆိုပါအသင်းတွင်နာယကများအဖြစ် မော်လူးအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့် တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာဝတ်မှုံ ထွန်း ဦးဆောင်သောနာယကအဖွဲ့ ဝင်များ အသင်းခေါင်းဆောင် ဦးအောင်ရွှေ(ဆံရှည်) ဦးအောင်အောင် (ပညာရေး)နှင့်အဖွဲ့ တို့  ပါဝင်ကြောင်း အသင်းအဖွဲ့ အစည်းအတွက်လှူ ဒါန်းလိုပါက အဖွဲ့ ဝင်ဦးချိတ်
(ခိုင်ဝင်းလဲ့ ကွန်ပျူ တာ) ၀၇၅-၆၅၁၅၄ ၀၉-၉၆၂၀၀၀၈၅၄ နှင့် ဦးစိုးမြင့် (မော်လူးအုပ်စုအုပ်ချုပ်ရေးမှူး)
၀၉-၉၆၂၀၀၅၈၅၅ သို့ ဆက်သွယ်လှူ ဒါန်း
နိုင်ကြောင်းသိရသည်
Cyclone

Wednesday, April 20, 2016

ညောင်ပင်သာမှာ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်




၂၁.၄.၁၆.ရက်နေ့က။ညောင်ပင်သာ
ဘုန်တော်ကြီးကျောင်းမှာ။ ဒုတိယ
အကြိမ် သစ္စဝေဒဂူ ယဉ်ကျေးလိမ္မာ
ကလေးသင်တန်းဖွင့်ပွဲကျင်းပ..

အစိုးရ အသစ်က သင်ခန်းစာ ပေးပြန်ပြီဗျာ တို့မြို့နယ်က ကြီးကြီးမစတာတွေ သတိပဋ္ဌာန်တရား လက်ကိုင်ထားကြနော့



Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက အသိပေး ကြေညာချက် ထုတ်ပြန်

Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက ဧပြီ ၂၀ ရက်စွဲဖြင့် သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

“မီဒီယာကုမ္ပဏီကြီး တစ်ခုအား ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေး” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ အသိပေးကြေညာချက်တွင် အချက်သုံးချက် ဖော်ပြခဲ့ပါသည်။

ပထမ အချက်တွင် “အဂတိလိုက်စားမှု အလေ့အထ အချိန်တိုကာလအတွင်း လုံးဝ ပပျောက်သွားစေရန်အတွက် ထုတ်ပြန်ထားသည့် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” အားလိုက်နာခြင်း မရှိဘဲ ဆောင်ရွက်လာသည့် မီဒီယာကုမ္ပဏီကြီးတစ်ခုအား သမ္မရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဧပြီ ၂၀ ရက်နေ့ရက်စွဲဖြင့် ပညာပေး အသိပေးသည့် အကြောင်းကြားစာ ပေးပို့ခဲ့သည်” ဟု ဖော်ပြခဲ့ပါသည်။

ဒုတိယအချက်တွင် ပေးပို့ခဲ့သည့် အကြောင်းကြားစာပါ ဖော်ပြချက်များကို စာပိုဒ်ခွဲလေးခုဖြင့် ဖော်ပြခဲ့ပါသည်။

ထိုသို့ ဖော်ပြရာတွင် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် ၂၀၁၆ ခုနှစ်ဧပြီ ၁ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနအားလုံးသို့ ပေးပို့ထားပြီး အများပြည်သူ သိရှိရန်လည်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ကို ဆက်လက်ဖော်ပြရာတွင် “နေပြည်တော်တွင် မဟာသင်္ကြန်ကို သိုက်သိုက်မြိုက်မြိုက် ကျင်းပရာတွင် မီဒီယာကုမ္ပဏီကြီး အနေဖြင့်လည်း မဏ္ဍပ်တည်ဆောက်ကာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထိုသို့ပါဝင်ဆင်နွှဲရာတွင် အစိုးရအဖွဲ့ ၀န်ကြီးဌာနများမှ ပုဂ္ဂိုလ်တို့ကိုလည်း ဖိတ်ကြားကာ ဧည့်ခံမှုပြုလုပ်ခဲ့သည်။ ထိုသို့ ဖိတ်ကြားဧည့်ခံသူများအနက် အရေကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိလည်း ပါဝင်ပါသည်။ ထိုသို့ လာရောက်သူများကို နှစ်သစ်ကူး လက်ဆောင်ပေးရာ၌ ကိုယ်ရေးအရာရှိအား ငွေသားကျပ်သိန်း ၅၀ ပါအထုပ်ကို ပေးအပ်ရာတွင် သက်ဆိုင်ရာ အရာရှိမှ ငွေသားဟု မသိသဖြင့် ယူဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာတွင် ငွေများဖြစ်နေသဖြင့် လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း အထက်အကြီးအကဲထံ တင်ပြခဲ့ပါသည်။ အဂတိလိုက်စားမှုသည် ကနဦးအဆင့်တွင် လက်ဆောင်ပစ္စည်းပေးရာမှ စတင်နိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးအနေဖြင့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ပါသည်” ဟု ဖော်ပြခဲ့သည်။

ထို့နောက် “မီဒီယာကုမ္ပဏီကြီး အနေဖြင့် ပေးအပ်သည့် ငွေကြေးသည် စေတနာဖြင့် ပေးအပ်သည့်တိုင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ဘောင်ထက် များစွာကျော်လွန်ပါသည်။ ဤကိစ္စသည် ယခုအစိုးရလက်ထက်တွင် ပထမအကြိမ် ပေါ်ပေါက်သည့် ကိစ္စဖြစ်သဖြင့် ပညာပေးကာလဟု သတ်မှတ်ပြီး ယခုကိစ္စကို ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းပြုမည် မဟုတ်ပါ။ အဂတိ လိုက်စားမှုကို ပပျောက်အောင် ဆောင်ရွက်ရာတွင် အဓိက “မူ” မှာ “မပေးရန်”၊ “မယူရန်” ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် လက်ဆောင်ပစ္စည်း ပေးမှုများကို လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်စွာ ဆောင်ရွက်ခြင်း မပြုရန် သက်ဆိုင်ရာ ကုမ္ပဏီအား လေးနက်စွာ အကြောင်းကြားခဲ့ပါသည်” ဟု ဆက်လက်ဖော်ပြခဲ့သည်။

နောက်ဆုံးစာပိုဒ်ခွဲငယ်၌ လက်ဆောင်ပေးအပ်သည့် ငွေသားကျပ်သိန်း ၅၀ အား နွေရာသီတွင် ရေရှားပါးသဖြင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူမည်ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း၊ လက်ခံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများကပါ ၀ိုင်းဝန်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ အချိန်တိုကာလအတွင်း တိုက်ဖျက်ပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြခဲ့ပါသည်။

သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော မီဒီယာ ကုမ္ပဏီကြီး၏ အမည်၊ အရေးကြီးပုဂ္ဂိုလ်၏ အမည်၊ ကိုယ်ရေးအရာရှိတို့၏ အမည်များကို အများပြည်သူ သိရှိစေရန် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် မဏ္ဍပ်တည်ဆောက်ခဲ့သော မီဒီယာကုမ္ပဏီများထဲတွင် Sky Net တစ်ခုသာရှိပြီး အဆိုပါ Sky Net မဏ္ဍပ်ဖွင့်ပွဲနေ့သို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သင်္ကြန်အတက်နေ့တွင် Sky Net မဏ္ဍပ်သို့ သွားရောက်ခဲ့သည့် ဒေါက်တာ တင်မျိုးဝင်းတို့၏ ပုံရိပ်များမှာ Sky Net ရုပ်သံလိုင်း ကြည့်ရှုခဲ့သူများအကြား ရေပန်းစားခဲ့ပါသည်။

“နေပြည်တော်မှာ သင်္ကြန်မဏ္ဍပ်ဆောက်တဲ့ မီဒီယာ ဆိုလို့ Sky Net မဏ္ဍပ် တစ်ခုပဲ ရှိတာပါ။ ဒါကို ထုတ်ပြန်ချက်မှာ Sky Net လို့ တိုက်ရိုက် မပြောဘဲ မီဒီယာ ကုမ္ပဏီကြီး တစ်ခုလို့ ဖော်ပြတာဟာ မီဒီယာ အားလုံးကို ဂုဏ်သိက္ခာ ချသလို ဖြစ်နေတဲ့အတွက် ဒီလို အသုံးအနှုန်းကို ကန့်ကွက်ပါတယ်။ နံပါတ်နှစ် အချက်က အရင် အစိုးရ လက်ထက်မှာ သိန်းထောင်နဲ့ သောင်းနဲ့ချီပြီး ကမ်းလှမ်းတာတွေ၊ ပေးတာတွေ ရှိခဲ့ပေမယ့် အခု ပေးတဲ့ သိန်း ၅၀ ဆိုတာ နည်းတယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဒါဟာ အခုလက်ရှိ အစိုးရကို ဂုဏ်သိက္ခာချတာ ဖြစ်ပြီး အစိုးရအဖွဲ့ တစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ နံပါတ်သုံး အချက်က ၁၆ ရက်နေ့မှာ ဖြစ်ခဲ့တယ် ဆိုရင်တောင် ဘာကြောင့် ၂၀ ရက်နေ့ ရောက်မှ ထုတ်ပြန်ခဲ့တာပါလဲ။ နံပါတ်လေး အချက်က ဒီငွေတွေကို အလှူငွေအဖြစ် မသိမ်းသင့်ပါဘူး။ ဥပဒေကြောင်းအရ ဆိုရင် ဒီငွေသိန်း ၅၀ ဆိုတာ သက်သေခံပစ္စည်း ဖြစ်ပါတယ်။ ဒါကို စေတနာနဲ့ ပေးတယ်လို့လည်း မသုံးသင့်ပါဘူး။ ပြီးတော့ ဒီလို ငွေသိန်း ၅၀ ကို ကိုယ်ရေးအရာရှိ တစ်ယောက်တည်းကိုပဲ ပေးခဲ့တာလား။ ဖိတ်ကြား ဧည့်ခံခဲ့တဲ့ အစိုးရ ၀န်ကြီးဌာန ပုဂ္ဂိုလ်တိုင်းကို ပေးခဲ့တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီဖြစ်စဉ်ကို ဥပဒေကြောင်းအရ အရေး မယူဘူး ဆိုရင်တောင် ပေးတဲ့ မီဒီယာ ကုမ္ပဏီကြီးကို စံနမူနာပြအဖြစ် အမည်ပျက်စာရင်း သွင်းဖို့ လိုပါတယ်။ နောက်ဆုံး တစ်ချက် ပြောလိုတာက ပညာပေးကာလ ဆိုတာကို ဘယ်တုန်းက သတ်မှတ်လိုက်တာလဲ။ ဘယ်အချိန်ထိလဲ ဆိုတာပါ။ ဒါတွေကို ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောကြားခဲ့ပါသည်။

“လက်ဆောင်ပစ္စည်း လက်ခံခြင်း” နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသော ကြေညာချက်တွင် အစိုးရ အဖွဲ့ဝင်၊ အစိုးရမှ ဖွဲ့စည်းထားသော ကော်မရှင်/အဖွဲ့အစည်းဝင်၊ ပြည်သူ့ဝန်ထမ်းတို့သည် မိမိ၏ ရာထူးကြောင့် ပေးအပ်သည်ဟု ယူဆသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်ထံမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို လက်ခံခြင်း မပြုရန် ပိတ်ပင် တားမြစ်ထားပါသည်။

သို့သော် ခြွင်းချက် အနေဖြင့် လက်ဆောင်ပစ္စည်း တန်ဖိုး ကျပ်ငွေ ၂၅၀၀၀ မပိုသော (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ တန်ဖိုးထက် မပိုစေရ) လက်ဆောင်ပစ္စည်း၊ မိမိ၏ တရားဝင် ရာထူးကြောင့် မဟုတ်ဘဲ မိသားစု ဆက်ဆံရေး၊ ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ (တားမြစ်ချက်များနှင့် အကျုံးဝင်သော လက်ဆောင်ပစ္စည်း မဖြစ်စေရ) ပေးအပ်သော လက်ဆောင်ပစ္စည်း၊ အခါကြီး ရက်ကြီးများတွင် တစ်နှစ်တစ်ခါ ဂါဝရပြု ပေးအပ်သည့် (ဥပမာ - သီတင်းကျွတ် ကန်တော့သော ပစ္စည်း၊ ခရစ္စမတ် လက်ဆောင်) ကျပ်ငွေ ၁၀၀၀၀၀ ထက် မပိုသော လက်ဆောင် ပစ္စည်းများကို လက်ခံခွင့် ပြုထားသည်။

Website Link ----> http://news-eleven.com/local/17893
---------------------------******----------------------

ကဲရှင်းတယ်နယ် သက်ဆိုင်သူတွေ

ဒီတစ်ခါတော့  လူညီရင်  ဤဆိုတာ ကျွဲ ဖြစ်တယ်လေး  ဘာလေး  မော်လူးသားတွေကို  လာမလုပ်နဲ့တော့

Monday, April 18, 2016

တွေ့ ဆုံပွဲတဲ့ ဖိတ်စာရကြလား

ဖိတ်စာ  တစ်သောင်းဖိုးဆိုရင်  တစ်ရွာလုံးဖိတ်လို့ရတယ်

ဖိတ်စာနဲ့  ဆိုတော့  မဖိတ်ရင်  သွားလို့ကောင်းတော့ဘူး  တော်ကြာ  %@$#&*$  ခံရနိုင်တယ်


Saturday, April 16, 2016

26 ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ မော်လူးမှာကျင်းပ




ဒီနှစ် ၂၀၁၆သင်္ကြန်အတက်နေ့မှာဖြင့်အသက်၈၀ နှစ်နှင့်အထက်ဘိုးဘွား၇၈ ဦးးအားမော်လူးမြို့အုပ်ချုပ်ရေးမှူးးရုံးမှာအလှူ ရှင်များမှအလှူ ငွေနှင့်ပစ္စည်းများကိုဂါရဝပြုကန်တော့ခဲ့ကြပါသည်။ပစ္စည်းနှင့်တန်ဘိုးငွေ၃၅ သိန်းကျော်ဖြစ်ပါသည်
။ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။

Thursday, April 14, 2016

နှစ်ဆန်း ၂ ရက်နေ့ အောင်စာရင်းထွက်မည်တဲ့



အသိပေးအပ်ပါသည်။

  ၂၀၁၅/၁၆ပညာသင်နှစ်၊ကျောင်းတွင်းစစ်
စာမေးပွဲများအားလုံးနှင့်စတုတ္ထတန်းအဌမ
တန်းစာမေးပွဲအောင်စာရင်းများကိုသက်
ဆိုင်ရာကျောင်းအလိုက် မြန်မာနှစ်ဆန်း
(၂)ရက်နေ့၊(၁၈.၄.၁၆)ရက်နေ့တွင်ထုတ်
ပြန်ကြေငြာသွားမည်ဖြစ်ပါတယ်။
      အင်းတော်မြို့နယ်အတွင်းရှိကျောင်း
အုပ်ကြီးများသည်စတုတ္ထတန်းနှင့်အဌမတန်းအောင်စာရင်းများကိုမြန်မာနှစ်ဆန်း(၁)
ရက်နေ့(၁၇.၄.၁၆)ရက်နေ့တွင်မြို့နယ်ပညာရေးမှူးရုံး၌လာရောက်ထုတ်ယူရပါမည်။

fb  က မလာသည်။

Wednesday, April 13, 2016

မော်လူးဒေသက ရွေးချယ်တင်မြောက်ပေးလိုက် သော လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကူညီပေးနိုင်ရန် ရှယ်ပေးကြပါအုန်းဗျာ






အင်းတော်မြို့နယ် ၊ မော်လူး ဒေသ နန့်ကျဲချောင်း လယ်ရေပေးဝေသောဆည်(ခေါ်) ကျောက်ဆည်သည် ၂၄.၇.၂၀၁၅ရက်နေ့က
့ မော်လူးဒေသ ရုတ်တရက် ရေကြီးရေလျှံဖြစ်ခဲ့လို့ ဆည်များပေါက်ကျိုးလို့ ယနေ့အချိန်ထိ ပြင်ဆင်နိုင်ခြင်းမရှိသေးပါ လယ်သမားများ ရာသီချိန်ရောက်ခါနီးပြီမို့ လယ်စိုက်ချိန်မှာအခက်အခဲတွေ့နိုင်တာမို့ သက်ဆိုင် မှာ လာရောက်ကြညိ့ရှု ကူညီပေးစေချင်ပါတယ် လယ်သမားဆည်ရေအမြန်ရရှိနိုင်ရေးနဲ့ မော်လူးမြို့ပေါ်ရပ်ကွက်များသောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေနိုင်ရေး မှာ ကျောက်ဆည် မှရေသည်  အဓိဖြစ်နေတာမို့ အမြန်ဆုံးကျိုးပြတ်နေသော တာရိုးများ နံရံများ ပြင်ဆင်မှသာ ရေလုံလောက်စွာရရှိနိုင်စေမှာဖြစ်လို့  သက်ဆိုင်ရာမှအမြန်ဆုံးကွင်းဆင်း ကူညီပေးစေလိုပါတယ်

fb  က  မှ လာသည်

ကိုယ်စားလှယ်ကြီးတွေ  တရားစခန်းဝင်နေရင်လည်း  ထွက်လာရင်  ပြောပေးကြပါအုန်းဗျာ

Tuesday, April 12, 2016

ကြက်ဥစားရာဝယ် သတိထားကြမယ်




မိုးကောင်းမြို့တွင် တရုတ်ကြက်ဥစားပြီး လူငယ် (၈၀)ကျော်အစာ အဆိပ့်သင့်
``````````````````````````````````````````````````````````````````
11,April,2016
ယနေ့ (၁၁.၄.၂၀၁၆)ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊
မိုးကောင်းမြို့မဟောင် ရပ်ကွက်ရှိ စိန်ပီတာ ကက်သလစ် ခရစ်ယာန်ဘုရား
ကျောင်း ၏ နွေရာသီ လူငယ် သင်တန်း Music နှင့် Grammar သင်တန်း
တွင် တက်ရောက်နေသောသင်တန်းသား၊သင်တန်းသူ စုစုပေါင်း(၁၃၂)ဦး
အနက်မှ သင်တန်းသား၊သင်တန်းသူ(၈၀)ကျော်အစာအဆိပ်သင့်ခြင်းကြောင့်
မိုးကောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူ ခဲ့ရကြောင်းသိရှိရ
ပါသည်။
၁၁.၄.၂၀၁၆ ယနေ့ညနေ(၆)နာရီအချိန်ခန့် သင်တန်းမှ ညနေစာ စားသုံး
ရာတွင် ကြက်ဥ ဆီပြန်ဟင်းနှင့် မုန်လာထုပ်ဟင်းရည်စားသုံးပြီး သင်တန်း
သား/သူများ အစာအဆိပ်သင့်(မူးဝေခြင်း၊အန်ခြင်း၊လည်ချောင်းယားခြင်း
များဖြစ်)ခဲ့ရာ မိုးကောင်းဆေးရုံသို့ည(၁၉.၀၀)အချိန်ခန့်တွင်သင်တန်းသား၊သူ(၁၃၂)ဦးရှိသည့်အနက်(၈၀)ကျော်မှာအရေးပေါ်ဆေးကုသခံခဲ့ရကြောင်း
သိရှိရပါသည်။
မိုးကောင်းဆေးရုံ ဆရာဝန်ကြီး နှင့် ဝန်ထမ်းများ၏ ကြိုးစားမှုဖြင့် လက်ရှိ
ည ၉း၀၀ နာရီ အချိန်တွင် စိုးရိမ်စရာ အခြေနေ မရှိတော့ကြောင်း ။

အစာအဆိပ့်သင့် လူငယ်များ ဆေးကုသ ပြီး အခြေအနေ ကောင်းမွန်စွာ
ဘုရားကျောင်းထဲ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ပုံမှန် အနေအထား
မရောက် သေးသည့် (၁၀) ယောက်ခန့် သာဆေးရုံ မှာကျန်တော့
ကြောင်းသိရှိရပါသည်။
ထိုကြက်ဥများမှာ တရုတ်ပြည်မှလာသည့်ကြက်ဥဖြစ်ကာ ဆေးပါသည့်
အတွက် ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်ကြောင်း ဆရာဝန်များနှင့် ရဲများမှဆိုကြောင်းလည်း သိရသည်။

Monday, April 11, 2016

ကမ္ဘာအရှည်ဆုံး စပါးအုံးမြွေ



ကမ္ဘာအရှည်ဆုံး စပါးအုံးမြွေ
၂၆ပေ နီးပါး ရှည်တဲ့ စပါးအုံးမြွေကြီး တကောင်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မလေးရှား နိုင်ငံ ပီနန်ကျွန်းပေါ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လဲကျနေတဲ့ သစ်ပင်အောက်မှာ ဖမ်းဆီး ရခဲ့ပါတယ်။
အဲဒီမြွေကြီးဟာ ဥတွေ ဥပြီးတဲ့နောက် မနေ့က ၊ တနင်္ဂနွေနေ့က သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ စံချိန်တင်ထားတဲ့ စပါးအုံးမြွေက ၂၅ ပေဘဲ ရှိတာမို့ အခု တွေ့ရှိရတဲ့ မြွေကြီးဟာ ကမ္ဘာ့အရှည်ဆုံး စပါးအုံးမြွေ အဖြစ် စာရင်း ၀င်ကောင်း ၀င်သွားနိုင်တယ်လို့ အရာရှိတွေက ဆိုပါတယ်။

Wednesday, April 6, 2016

ဒို့ဝန်ကြီးချုပ်ကတော့ ပထမ ဆုံး သင်ခန်းစာ စပြီ



စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်လမ်းကြောင်း မီးပွိုင့်များ ကြိုတင်စိမ်းမထားရန် ညွှန်ကြားထားဟုဆို
---------------------------------------

မုံရွာ၊ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် ဧပြီလ ၁ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေပြီ ဖြစ်သော ဒေါက်တာမြင့်နိုင်က ဝန်ကြီးချုပ်လမ်းကြောင်းတွင် မီးပွိုင့်များ ကြိုတင်စိမ်းမထားဘဲ မီးနီပါက ယာဉ်တန်းအား ရပ်ရန်နှင့် ရှေ့ပြေးယာဉ်များကို ဖြည်းဖြည်းသာ မောင်းနှင်ရန် ညွှန်ကြားထားသည်ဟု အမှတ် (၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မုံရွာ) မှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှေ့ပြေး ယာဉ်တန်းကိုလည်း လိုအပ်မှ ခေါ်မယ်လို့ ပြောတယ်။ အများနည်းတူ မီးပွိုင့်တွေမှာ ရပ်စောင့်ဖို့နဲ့ ဖြည်းဖြည်းမောင်းဖို့ ယာဉ်ထိန်းတပ်ဖွဲ့ကို ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စများ၊ မူးယစ်ဆေးဝါးကိစ္စနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို အဓိက ကိုင်တွယ်မည်ဟုလည်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။

“အဲလိုကြားရတာ ဝမ်းသာတယ်။ ဖြစ်လည်းဖြစ်စေချင်ပါတယ်။ ရာထူးကြီးတဲ့သူကို VIP ဆိုပြီး လုပ်တာကတော့ တော်တော်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ မုန်းစရာကောင်းတာပေါ့နော်။ အာဏာပါဝါပြတာက လူထုကိုကြောက်အောင် လုပ်တာ။ အခုဟာကတော့ လူထုရဲ့မေတ္တာနဲ့ သွားရတဲ့ အုပ်ချုပ်ရေးပေါ့။ အဲဒီသတင်းစကားကို အတည်ဖြစ်စေချင်တယ်” ဟု မုံရွာမြို့ခံ ဘာသာပြန် စာရေးဆရာကြီး ဦးရဲခိုင်က မှတ်ချက်ပြုသည်။

ယခင်က အစိုးရအဖွဲ့ လမ်းကြောင်းများ ဖြတ်သန်းသွားပါက မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ လမ်းဘေးချရပ်ပေးရခြင်း၊ အရှိန်လျှော့ မောင်းနှင်ရခြင်းများ ရှိခဲ့သည့်အပြင် ဖွင့်ပွဲအခမ်းအနားများ အတွက် အများပြည်သူ သွားလာအသုံးပြုသောလမ်းများ မကြာခဏ ပိတ်ထားခဲ့ရသည်များ ရှိခဲ့ကြောင်း မုံရွာမြို့ခံများက ပြောဆိုသည်။

မော်လူးဒေသားများအတွက် ဝမ်းသာစရာ ကသာမှာ ပညာရေး ကောလိပ်ဖွင့်တော့မှာတဲ့



ကသာ ပညာရေးကောလိပ်အတွက်နည်းပြတွေခေါ်ပါပြီ
နောက်ဆိုအဝေးကြီး သင်တန်းတက်ရတော့ဘူး

Sunday, April 3, 2016

နောက်ကွတ် မှာလည်း ကွန်ကရစ်တံတား ဆောက်တာတဲ့



နှိုင်ငံတော်မှချပေးသောငွေဖြင့်ဆောက်လှပ်သည်စစ်ကိုင်းတိုင်းကသာခရှိင်အင်းတော်မြို့နယ်ကုန်ခါးအုပ်စုနောင်ကွတ်ကျေးရွာလှည်းကူးတံတားအောက်ချေခုန်ပြုလုပ်နေဆဲနောင်ကွတ်ကျေးရွာတံတား။။။။။yanwinaung