Saturday, June 25, 2016

စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြောပွဲ မော်လူးမှာ လုပ်တယ်ဆိုဘဲ



စားသုံးသူအကာအကွယ်ပေးရေးအသိ ပညာပေးဟောပြော
ပွဲကိုဇွန်လ ၂၅ ရက်နေ့ ၁၀ နာရီအချိန်ကမော်လူး အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပပြုလုပ်ရာ ဦးကြည်နိုင်ဦး၊စားသုံးသူရေးရာဦးစီးဌာန၊ဦးသာဆန်း စိုက်ပျိုးရေးဌာန၊ဦးလှမျိုးလွင်၊မီးသတ်ဦးစီးဌာန ဒေါက်တာဝတ်မှုံထွန်း၊ကျန်းမာရေးဌာနတို့ကအသီးသီးဟောပြောကြသည်။

Yezin Agricultural University . ရေဆင်းးစိုက်ပျိုးရေးး တက္ကသိုလ် ... ဝင်ခွင့်

စိုက်ပျိုးရေး တက္ကသိုလ် ဝင်ခွင့် ခေါ်ပြီ


အင်းတော်မှာရော အဲ့ဒါလိုမျိုးရှိလေသလား အင်းတော်က က ဘဘ တို့ သားတို့ မော်လူးမှာတော့ ရှိဘူး



ဒီညနေ
တိုင်းရုံးကို ပင်နီဝတ်
လူတစ်ယောက် ရောက်လာတယ်။
ရုံးခန်းဝမှာ ဒီဌာနက
အကြီးဆုံး နဲ့ တွေ့ချင်တယ် တဲ့။
ရုံးက ဌာနခွဲစာရေးက
ဘာကိစ္စလဲ ဆိုတော့ ငါ လွှတ်တော်ကိုယ်စားလှယ်
မင်းတို့ လူကြီးအကြီးဆုံးနဲ့ တွေ့ချင်တယ်။ ဘာကိစ္စလဲ
မေးစရာ မလိုဘူး ။ တွေ့ဖို့ လုပ်ပေးလို့ဘဲ နင်းကန်ဟောက်နေတော့။
တပည့်ကျော်က
ဆရာ အခန်းထဲကို
ထည့်ပေးလာတော့ လက်ခံတွေ့ဆုံဖြစ်တယ်။
ပြီးတော့ တောင်မေး
မြောက်မေးနဲ့ ခင်ဗျားတို့ဌာနက
ဘာတွေလုပ်တာလဲ? လုပ်ငန်းစဉ်က ဘာလဲ? တဲ့။
ဌာနလုပ်ငန်းစဉ်တွေ
ပြောပြတော့ အဲဒါဆို
ကျွန်တော် သိချင်တာ ဒါမဟုတ်ဘူး
ဆောက်လုပ်ရေး ကဘယ်မှာလဲ? လုပ်ပြန်တယ်။
လွှတ်တော် ကိုယ်စားလှယ်လို့
ပြောတယ်။ပြည်သူ့လွှတ်တော်လား?
အမျိုးသား လွှတ်တော်လား? တိုင်းဒေသကြီးလား?
ကွဲကွဲပြားပြား မပြော ပြန်မေးရင် မကြိုက်ချင်ဘူး။ ။
လွှတ်တော်ကိုယ်စားလှယ်လို့
ပြောတယ်။ လုပ်ထုံးလုပ်နည်း နားမလည်ဘူး။
အစိုးရဌာနတွေက သူတို့လက်အောက်က ကျနေတာဘဲ။
မေးချင်တာ သိချင်တာ ရှိရင် သက်ဆိုင်ရာလွှတ်တော်က တစ်ဆင့်
သက်ဆိုင်ရာ အစိုးရကို မေးခွန်းမေးမြန်းပြီး သက်ဆိုင်ရာအစိုးရက ဝန်ကြီးကတစ်ဆင့်
ပြန်ဖြေပေးရတာ လုပ်ထုံးလုပ်နည်းအစစ်။ KTV မာဆတ် စစ်သလို ဘာမပြော ညာမပြော
ဌာနတစ်ခု ကို ဝင်မေးမြန်းတာ တရားမဝင်ဘူး။ ဗဟုသုတ အဖြစ် သိချင်ရင် စုံစမ်းသလို ရိုးသားစွာ
မေးမြန်းသင့်တယ်။ အစိုးရဌာနတွေက လွှတ်တော်ကိုယ်စားလှယ်လက်အောက်မှာ မရှိတာကို မသိတာလား?
သိသိနဲ့ လူစွာလုပ်တာလား ? ကတော့ ကာယကံရှင်ဘဲ သိလိမ့်မယ်။ နောက်ပြီး မေးချင်တာ မေးပြီး ကျွန်တော်သိချင်တာ
ဒါ မဟုတ်ဘူး ဆိုတော့ ဌာနတံဆိပ်နဲ့စာသားတောင် မဖတ်ဘဲ ဝင်လာတဲ့ ကိုယ်စားလှယ်တော်ကြီးကို အံ့သြမိပါရဲ့။ မစဉ်းစား မဆင်ချင်တာကိုပါ။
တပည့်တွေကို
နောင် ဘယ်သူဘာကိစ္စ လာလာ
ကိစ္စအရင်မေး ပြီးမှ အခန်းထဲသွင်းပေး ဆိုတော့
နင်းကန်ဟောက်နေတော့ ကျွန်တော်တို့လည်း ပင်နီဝတ်ဆို
ကြောက်တယ် ဆရာရဲ့ တဲ့။ ကြောက်လည်း ကြောက်စရာပါ။
ကျွန်တော့ကိုတောင် ဟောက်သွားချင်သေးတာ တိုင်းရုံး အားနာလို့ ထင်ပါရဲ့။
ဘုရား ဘုရား
နေ့ဓဒူဝ ဟောက်လိုက်
ဖြဲလိုက်နဲ့ နီနီမြင် လန့်နေရပါရော။

Facebook  မှ ကူးယူသည်။

Wednesday, June 22, 2016

နမီးရွာ မှာ နမီးချောင်းကူးတံတားသစ် ဖွင့်ပြီတဲ့




နမီးရွာက နမီးချောင်းကူးတံတား ဖွင့်ပွဲပုံများ
တံတား နာမည်ကတော့  မင်းရဲကျော်စွာ  တဲ့

မော်လူး ၃၃ခွဲရုံမှ ၂နာရီ၈မိနစ်မှာမီးစတင်ပေးပါပြီ

မော်လူး ဒေသ သုံး  ၃၃ ခွဲ  ရုံ  ကနေ  မီးအား စမ်းသပ် လွတ်ပေးနေပြီ

မီအားတွေ ကောင်းလာပြီ

Monday, June 20, 2016

မော်လူးကိုယ်စားပြု မော်လူးဒေသအမျိုး သမီး ဘောလုံးအသင်း ဂိုးပြတ်နိုင်တယ်ဆိုဘဲ



မော်လူးကိုယ်စားပြု မော်လူးဒေသအမျိုးသမီးအသင်းနှင့်နတ်မဟုတ်ကလေးအသင်းဒီနေ့အင်းတော်အင်းတော်မှာကန်ကြတယ်လေမော်လူးကနတ်မဟုတ်ကလေးကို 15ဂိုး:0ဂိုးနှင့်အနိုင်ရခဲ့ပါတယ်(20-6-2016)တနလာင်္

မလူးရွာ သုသာန် မှာ မကျွတ်မလွတ်သေးသော သူများကို နယုန် လပြည့်ကျော် ၂ ရက်ည အစာကျွေးမှာ တဲ့ သွားလေ့လာလိုက်ကြအုန်း ပျော်စရာကြီး




ဘဝအဆက်ဆက်က တော်စပ်ကြကုန်သော မကျွတ်မလွတ်သောပုဂ္ဂိုလ်တို့အား ကျွေးမွေးကြမည့် အကျွတ်အလွတ်ပွဲစတော့မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူများကြွရောက်နိုင်ကြပါသည်
နေရာကတော့မလူးရွာသုသာန် မှာ ဖြစ်ပါတယ်တဲ့

fb  မှာတွေ့လို့

သွားဖြစ်ရင် ဖုန်းနဲ့ဓာတ်ပုံ ရိုက်ခဲ့ကြဖို့ မမေ့နဲ့  အပြင်မှာ  မမြင်ရပေမဲ့ တစ်ခါတလေ  ဖုန်းထဲမှာ ပေါ်တတ်တယ်  ပေါ်ရင်လည်း သတင်းပို့ခဲ့အုန်း

၆ ဘာသာဂုဏ်ထူးရှင် ကို မော်လူးသား တွေ သိပ်မသိကြပေမဲ့ မော်လူးကွက်သစ် က ကလေး ကိုတော့သိကြမှာ သူလည်း ဒီနှစ် ၁၀ တန်းအောင်တယ်တဲ့



ဂုဏ်ယူမိပါတယ် မော်လူးသားလေးရယ် မသန်သော်လည်း  စွမ်းတယ်ဆိုတာ ပြလိုက်ပြီ
စင်ပေါ်ကသူကိုသာ  ချီးမြှောက်ခြင်းကို  လျော့ချကြပါစို့


%%%%%%%%%%%%%%%
အရှင်ကေ သဝ  fb  မှ   မ လာသည်
-
-
ကြိုးစားလိုက်ကြပါ
==========================
သူ့နာမည်က မောင်ပြည့်ဖြိုးဇော် အသက်က ၂၀ အရပ်က ၃ ပေ မိဘ တွေက ဦးဥာဏ်ထွန်း+ဒေါ်ခင်မြနွယ် နေရပ်လိပ်စာက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး စံပြကျေးရွာ ကွက်သစ်ရပ် ။ ၂၀၁၅ -၂၀၁၆ တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ထားတယ်လို့သိရပါတယ်။ဘဝကံအကျိုးပေးမလှပေမယ့်ပညာကံအကျိုးပေးတော့မဆိုးပါဘူး။ကြိုးစားရင်ကြိုးစားသလိုအောင်မြင်တယ်ဆိုတာမောင်ပြည့်ဖြိုးဇော်ကသင်္ခန်းစာပေးနေပြီနော။စာမေးပွဲကျလို့စိတ်ပျက်အားငယ်နေကြတဲ့တူ တူမလေးတွေအတွက်အားကျအတုယူစရာလေးတွေပေါ့နော။ ဝိရိယမတောတိကိံကမ္မံနသိဇ္ဇတိ =မလျော့သောဇွဲလုံ့လဝိရိယဖြင့်ကြိုးစားလျှင်မပြီးမြောက်သောအလုပ်ကိစ္စဆိုတာမရှိဘူးတဲ့ကဲဒါကြောင့်ဒီနှစ်မအောင်မြင်တဲ့သားငယ် သမီးငယ်များ ညီ ညီမလေးများ တူ တူမလေးများရှေ့ဆက်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါတယ်။

Sunday, June 19, 2016

တို့ဒေသ ကလွှတ်တော်အမှတ်တွေ ဒီတစ်ခါတော့ လက်တွေ့ ကွင်းဆင်း စစ်ဆေးပြီဗျာ ကျွန်တော်တို့ဒေသကို မကြခဏ စစ်ဆေးနိုင်ပေစေလို့ ဆုတောင်းလိုက်တယ်ဗျာ




အင်းတော်မြို့နယ် မော်လူးဒေသ မံဟဲကျေးရွာအုပ်စု ပေကုန်း-မြေပလ္လင် ကျေးရွာချင်းဆက်လမ်း ရေတိုက်စားပျက်ဆီးနေမှုကို တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးဘိုသန်းညွန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းဝင်း မြို့နယ်စီခန့် ဥက္ကဌ ဦးတင်မြင့် နှင့် မြို့နယ်စီခန့်အဖွဲ့ဝင်များ
ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများတို့နှင့် ကွင်းဆင်းစစ်ဆေးကြည့်ရူ
စစ်ဆေးပြီး မည်သို့ရှေ့ဆက်လက်လုပ်ဆောင်သွားရေးကို ဆွေးနွေး
ကာ ကျေးရွာနေလူထုနှင့် ပေကုန်းအုပ်ချုပ်ရေးမှူးရုံတွင်တွေ့ဆုံခဲ့
တယ်တဲ့

Friday, June 17, 2016

ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ 


ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ 
===============================
ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီပုထိုး၊ ဘုရားဆင်းထုတော်၊ သံဃာတော်များ၊ မိဘဆရာ၊ သက်ကြီးဝါကြီး များကို ရှိခိုးကန်တော့ခြင်းသည် ဓလေ့ထုံးစံတစ်ခုကဲ့သို့ ပြုလုပ်ရခြင်းထက် ပိုပါသည်။
လုပ်ဆောင်အပ်သော ဝတ္တရား၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး၊ ဂုဏ်ယူဖွယ် လူမှုစရိုက်၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု အဖြစ် ထိန်းသိမ်းထားရှိရခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းဧ။် အဓိက
ထမ်းဆောင်ရမည့် အထူးတာဝန်ကြီးတစ်ရပ်ပင် ဖြစ်သည်။

မွေးဖွားလာပြီး မည်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲဆိုသည်ကို သတိမမူလိုက်မိဘဲ ဖြစ်တတ်ကြသည်၊ မိဘကဗုဒ္ဓဘာသာဝင်ဖြစ်လို့ လိုက်၍ဖြစ်သွားသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ
များမည်ထင်သည်။ ဆင်းထုတော်ကို, စေတီပုထိုးများကို ရှိခိုးဦးချလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်ဖြစ်သွားသည်ဟု ထင်ခဲ့မည်ဆိုလျှင် မမှန်ပါ။

ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးဧ။် လေးနက်တဲ့ အဓိပ္ပာယ်၊ မွန်မြတ်တဲ့ သိက္ခာ၊ ကြည်ညိုဖွယ် ဂုဏ်အရည်အချင်းများကို မှန်မှန်ကန်ကန် သိရှိနားလည်ရပါသည်၊ ယင်းသို့ သေသေချာချာ
တိတိကျကျ သဘောပေါက်နားလည်သဖြင့် အမှန်တကယ် အားကိုးယုံကြည်ပြီး ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟူ၍ ဆုံးဖြတ်နိုင်သည်။

ရတနာသုံးပါးကို အစစ်အမှန် ကိုးကွယ်လဲလျောင်းရာ အဖြစ် ခံယူခြင်းကို " သရဏ " ဟူ၍ခေါ်ဆိုရသည်။
ဆန္ဒအမှန်ဖြင့် ယုံကြည်ကိုးကွယ် သဖြင့် ဆည်းကပ်ပူဇော်ခြင်းကို (သရဏ ဂမန) " သရဏဂုံ " ဟူ၍ခေါ်ဆိုရသည်။
ထိုသို့ အသေအချာ သိရှိနားလည်၍ ယုံကြည်ကိုးကွယ်ပြီး ဆည်းကပ်ပူဇော်သူကို " သရဏဂုံ တည်သူ " ဟူ၍ခေါ်ဆိုရသည်။

ဤသို့ " သရဏဂုံ တည်သူ " ကိုသာလျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည်။

မိမိတွင် အကျိုးကျေးဇူး ရရှိနိုင်သည်ဟူသော အထင်ဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အယူဝါဒ တစ်ခုခုကို သော်လည်းကောင်း၊ အခြားဘာသာ တစ်ခုခုကို သော်လည်းကောင်း၊
စွဲစွဲမြဲမြဲ ကိုးကွယ်ဆည်းကပ်ခဲ့လျှင် ထိုသူမှာ " သရဏဂုံ " ပျက်ပြယ်သွားပြီဟု သတ်မှတ်ရသည်။ ( စကားချပ် -- ပုဂ္ဂိုလ်စွဲ ယုံကြည်မှု လွန်ကဲခြင်းမဖြစ်ရန် သတိထားရမည်။)

ရတနာသုံးပါးကို မေ့လျော့နေလျှင် ကိုးကွယ်ဆည်းကပ်မှုဖြင့် ဝေးကွာနေသောကြောင့် " သရဏဂုံ " မှေးမှိန်နေသည်၊ ညှိုးနွမ်းနေသည်ဟု သတ်မှတ်ရသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးကို မေ့မေ့လျော့လျော့မနေဘဲ၊ အစဉ်သဖြင့် သတိတရ ကိုးကွယ်ဆည်းကပ်နေရန် အလွန်လိုအပ်လှပေသည်။
ကိုးကွယ်ဆည်းကပ်နေရမည် ဆိုသည်မှာ ဆွမ်းကပ်လှူခြင်း၊ ပန်း ဆီမီးတို့ဖြင့် ပူဇော်ခြင်း၊ ဝတ္တု ပစ္စည်းများဖြင့် လှူဒါန်းခြင်း၊ စသည်တို့ကို အမြဲပြုလုပ်နေရမည်ဟု မဆိုလိုပါ၊
ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးတော်များကို စိတ်ထဲမှာ မမေ့မလျော့ အောင်းမေ့သတိရနေခြင်းသည်သာ အရေးကြီးဆုံးဖြစ်သည်။

သို့အတွက် ရတနာသုံးပါးကို အမြဲနှလုံးသွင်းနိုင်ရန် မည်သည့်နေရာမှာဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ မည်သည့် ပုဂ္ဂိုလ်၊ စေတီ၊ ဆင်းတုတော် ကိုဖြစ်စေ၊ ရှိခိုးဝတ်ပြုပြီဆိုလျှင်
ရတနာသုံးပါးကို ရည်စူးမှန်းဆပြီး သုံးကြိမ် ဦးချရမည်ဖြစ်သည်။

ဆရာတော်ကြီးများ အမိန့်ရှိသလို " မင်းတို့ဦးချတာက ပုဆိန်ပေါက်နေသလို၊ ဖားဖမ်းနေသလို ပါပဲလား " လို့ မဖြစ်ရလေအောင် ပထမတစ်ကြိမ် ဦးချစဉ်တွင် " မြတ်စွာဘုရားဧ။် ဂုဏ်တော် " တို့ကို
နှလုံးသွင်း အာရုံပြု၍ ဖြေးဖြေးမှန်မှန် ဦးနှိမ်ပြီး ဝတ်ချရသည်။ ဒုတိယတစ်ကြိမ်တွင် " တရားတော်ဧ။် ဂုဏ်တော် " များ၊ တတိယတစ်ကြိမ်တွင် " သံဃာတော်ဧ။် ဂုဏ်တော် " များကို နှလုံးသွင်းကာ
အာရုံပြုလျက် ညင်သာဖြေးညှင်းစွာ ဦးနှိမ်ချ၍ ရှိခိုးရသည်။

ထိုသို့နှလုံးသွင်း အာရုံပြုနိုင်ရန် မြတ်စွာဘုရားဧ။် ဂုဏ်တော်များ၊ တရားတော်ဧ။် ဂုဏ်တော်များ၊ သံဃာတော်ဧ။် ဂုဏ်တော်များ ကို သေသေချာချာ လေ့လာမှတ်သားပြီး အိပ်ရာဝင်, အိပ်ရာထတိုင်း
အမြဲမပြတ် ပွားများကြံစည် နေအပ်ပေသည်။

ဗုဒ္ဓကျမ်းဂန်တို့တွင် " သရဏဂုံ " အမြဲတည်နေသောသူသည် သက်တမ်းကုန်ဆုံး၍သော်လည်းကောင်း၊ နာတာရှည်ရောဂါတို့ဖြင့်သော်လည်းကောင်း၊ ရုတ်တရက် မတော်တဆ အနေဖြင့်သော်လည်းကောင်း၊
တမလွန်သို့ ဘဝကူးပြောင်းသွားခဲ့သော် အောက်ဘုံများသို့ မဆင်းဘဲ၊ အထက်ဘုံများသို့သာ လားရောက်ရသည်ဟု အတိအလင်း ပြဆိုထားလေသည်။ ။

***ဗုဒ္ဓဘာသာဝင်တိုင်း " သရဏဂုံ " အမြဲတည်တံ့နေရန် အားထုတ်သင့်လှပေသည်။***
Credit to ဦးလွမ်းမိုးအောင်

Thursday, June 16, 2016

သက်ရင်းတာ ရွာမှာ မူလတန်းကျောင်းဖွင့်ပြီဆိုဘဲ



မော်လူးဒေသ သက်ရင်းသာရွာ ယနေ့၁၇.၆.၂၀၁၆နံနက်၆း၀၀နာရီ အချိန်မူလတန်းကျောင်းအဆင့်
တိုးမြှင့်ခြင်းနှင့်ကျောင်းဆောင်သစ်ပေးအပ်ပွဲ အခမ်းအနား မစတင်မီ ၌ 
ကျောင်းသား/သူများ အန္တရာယ်ကင်း စွာ ပညာသင်ကြားနိုင်စေကြစေရန် ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်နေကြစဉ်

မော်လူးဒေသသားတွေ ရောက်ဖြစ်ရင် အားပေးလိုက်ကြအုန်း အဲ့ဒါ မော်လူး ဇာတ်



နယုန်လဆန်း၁၄ရက်၁၅ရက်၂ညတစ်နေ့  ကြည်ရွာဘုရားပွဲကမည်။
ဘယ်နားမှာလဲတော့မသိဘူး

Wednesday, June 15, 2016

test 3

for link

သားသားကြီးရင် စစ်ဗိုလ်ကြီးလုပ်မယ် ဆိုသူတွေအတွက် လျှောက်လွှာ ခေါ်ပါပြီခင်ဗျာ





ဒီနှစ်ဆယ်တန်းအောင်တဲ့ ကလေးတွေအတွက် မင်္ဂလာသတင်းဟေ့။၁၅.၆.၂၀၁၆နေ့ ကြေးမုံသတင်းစာမှာ
ပါလာပြီနော်။DSA,DSTA,DSMAဗိုလ်လောင်းသင်တန်း
တွေခေါ်နေပြီနော်။နယ်က သတင်းစာမရောက်တဲ့ ရွာက
ကလေးများ သိကြပါစေ။လစာ+ရိက္ခာ+နေစရာရေမီး
အပြည့်အစုံ ဘဝအာမခံချက်လည်းရှိပါတယ်။အထူး သဖြင့်
ဝေးလံတဲ့ နယ်ရွာဘက်က ကလေးတွေကိုရစေချင်ပါတယ်။
သိပြီးလျှောက်ကြပါစေ...လျှောက်တိုင်းလည်း အောင်မြင်
ကြပါစေ....။

သူနာပြု့/သားဖွားလျှောက်ချင်တဲ့ သူတွေခေါ်နေပြီနော်။

သူနာပြု့/သားဖွားလျှောက်ချင်တဲ့
သူတွေခေါ်နေပြီနော်။

Sunday, June 12, 2016

EURO 2016 ဘောလုံးပွဲစဉ်များကို PSI S2 HD မှာ   3 SD /3 HD/3 Family ရုပ်သံလိုင်းများမှ တိုက်ရိုက် 



EURO 2016 ဘောလုံးပွဲစဉ်များကို PSI S2 HD မှာ 
 3 SD /3 HD/3 Family ရုပ်သံလိုင်းများမှ တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ် လိုင်းတော့ပြန်ထည့်ရမှာတဲ့

စလောင်းဆင်တဲ့ ဆရာတွေကိုသာ  ထည့်ခိုင်းပေတော့

psi စလောင်းဖမ်းစက် မြန်မာလိုင်း dvb လိုင်း ပျောက်သူတွေ မော်လူးက စက်အရောင်းဆိုင်တွေမှာ လိုင်းပြန်ထည့်လို့ရပြီဆိုလား


psi  စလောင်းဖမ်းစက်  မြန်မာလိုင်း  dvb  လိုင်း ပျောက်သူတွေ  မော်လူးက  စက်အရောင်းဆိုင်တွေမှာ  လိုင်းပြန်ထည့်လို့ရပြီဆိုလား

fb  မှာတွေ့လို့  ၃၀၀၀  ကျပ်ဆိုလား  စုံစမ်းပြီးထည့်လိုက်ကြဗျာ
======
စက်အသစ်တော့ဝယ်စရာလိုဘူး

ပိုက်ပိုက်ပေါရင်တော့ ဝယ်ကြ

Saturday, June 11, 2016

ဦးကြီး ဒေါက်တာမြင့်နိုင် ကိုတွေ့ရင် ပြောပေးကြပါအုန်းခင်ဗျာ "မော်လူးဒေသသားတွေကို ကူညီပါအုန်းလို့"


ဘလော့ မှာ ကြည့်မရရင်
အောက်က  link  ကို ရွေးပြီ  you tube  က ကြည့်လိုက်ပါ


10-6-2016  ရက်နေ့  ပြည်သူ့လွှတ်တော်  မှာ အင်းတော်မြို့နယ်  လွှတ်တော်အမတ်  ဒေါက်တာပြုံး  တင်ပြသော
မော်လူး  ကျောက်ဆည်  ပြုပြင်ရေးကိစ္စ  ကို  စိုက်ပျိုးရေး  မွေးမြူရေး နှင့်  ဆည်မြောင်း  ပြည်ထောင်စု ဒုဝန်ကြီး(ထင်တာဘဲ)က တိုင်းဒေသကြီးအစိုးရ
ဒေါက်တာ မြင့်နိုင် အပေါ် ပုံချလိုက်သော  ဖြေရှင်းချက်
ဗွီဒီယိုဖိုင်
ကြည့်ဖြစ်အောင် ကြည့်လိုက်ပါအုန်း

@@@######@@@@@@

ကျွန်တော်တို့ ဒေသရဲ့ လွှတ်တော်အမတ်ကြီး ဒေါက်တာပြုံးခင်ဗျာ
ကျွန်တော်တို့ ဒေသ က လူတွေရဲ့  တင်ပြချက်တွေကို  အယုံမလွယ်  အလွယ်မယုံ ဘဲနဲ့ စိစစ်ပေးပါ
ယခုတင်ပြချက်မှာ  ကွဲလွှဲချက်လေးတွေရှိနေပါတယ် သေချာကွင်းဆင်း စစ်ဆေး  တိုင်ပင်ပြီးမှ  တင်ပြပေးသင့်ပါကြောင်း အကြံကောင်း ပေးလိုက်ပါသည် ခင်ဗျာ----

တစ်ပါတ်အတွင်း မော်သတင်း ဘလော့ သို့ ဝင်ရောက် ဖတ်ရှုနေ နိုင်ငံ များနှင့် ကြည့်ရှု သောအကြိမ်များ



မော်လူး  ဒေသ  မှ  ရေခြားမြေခြား  နိုင်ငံတကာသို့  ရောက်ရှိ ပြီး  မော်လူးသတင်းဘလော့သို့ ဝင်ရောက်ကြည့်ရှုသူများနှင့်
နိုင်ငံ အတွင်း  မှ ဝင်ရောက် ကြည့်ရှုကြသော  မော်လူးဒေသသားများကို
အထူကျေးဇူးတင်ရှိပါကြောင်း

mawlu news  Admin group

အသစ်ပြန်လည် တည်ဆောက်ထားသော မြိုင်သာယာ နှင့် ပင်လုံ လမ်း လေးတန်ချောင်းကူး တံတားဖွင့်တာတဲ့





ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ၊ ပင်လုံအုပ်စု ပင်လုံရွာ ရွှေလေးတန်တံတားဖွင့်ပွဲ ယနေ့ ၁၁.၆.၂၀၁၆ရက် နံနက် ၉နာရီအချိန် မိုးညှင်းမြို့ အမှတ်(၁)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး ၊ ကျေးလက်ဦးစီးအရာရှိ ဦးအေးမင်းနိုင်၊ မြိုင်သယာဆရာတော် ဦးဥာဏိက တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တံတားမှာ ကွန်ကရစ်အာစီအုတ်တိုင် ဖြစိပြီး သစ်သားကြမ်းခင်း အမြင့် ၁၅ပေ တံတား အရှည် ၂၃၄ပေ ယာဉ်သွားလမ်းအကျယ် ၁၂ပေ ဖြစ်ကြောင်းသိရှိရပါတယ်

Friday, June 10, 2016

၂၀၁၆ မော်လူး ၁၀ တန်း အောင်စာရင်း











အောင်စာရင်း  နည်းနည်းတော့မွဲသွားတယ်  ဖုန်း ကင်မရာ  မကောင်းလို့  

နံနက် ၆ နာရီ မော်လူးသတင်းမှာ တင်ပါမည် အောင်စာရင်များကို

လော လော  ဆယ်သိချင်သူများ  ကွန်မင့်က  မေးခဲ့

ရော့ကွာ အရင်းဆုံး တစ်ရွက်ရလို့ all D အရွက်


စမလ၇၃မကြည်မွေ့အိမ်All D တဲ့ fb မှာတွေ့ လို့

စမလ၇၃မကြည်မွေ့အိမ်All D

စမလ၇၃မကြည်မွေ့အိမ်All D

စမလ၇၃မကြည်မွေ့အိမ်All D

စမလ၇၃မကြည်မွေ့အိမ်All D

စမလ၇၃မကြည်မွေ့အိမ်All D

မော်လူးက သက်ဆိုင်သူများခင်ဗျာ facebook မှာ လာပြီး ဆုတောင်းထားတာတွေ့လို့ ကူညီပါအုန်းတဲ့




ဒီပြဿနာတွေရော ရက် (100)စီမံကိန်းထဲမပါဘူးလားကွယ်။အရမ်းအန္တရာယ်များပါတယ်။ကူညီလို့ရရင်ကူညီကြပါဦး။

Thursday, June 9, 2016

မနက်ဖြန် အင်းတော်မြို့နယ်အတွက် ၁၀ တန်းအောင်စာရင်းကို အင်တာနက်ကနေ ကြည့်လို့ရမည့် facebook page



မနက်ဖြန် 11-6-2016  ရက်နေ့  အင်းတော်မြို့နယ်  အတွက်  အောင်စာရင်းကို
အချိန်နဲ့  တပြေးညီ  သိလိုသူများအတွက်
ပညာရေးဝန်ကြီးဌာနမှ  facebook  page  လေးပါ
*****-*-*********
ကြည့်လိုသူများ  အောက်က  လင့်လေးကို  နှိပ်ပြီး  Like  ထားကြနော့


https://m.facebook.com/moe.gov.mm/photos/?tab=album&album_id=1003977009709362

ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရူ့နိုင်သည် ယူရို 2016 ပွဲစဉ် နဲ့ အချိန်ဇယား



ယူရို 2016 ပွဲစဉ် နဲ့ အချိန်ဇယား
**********************
ယူရို 20016 ပွဲစဉ်အားလုံးကို ပြသပေးပါမည်

website>>  www.mmfootballmobile.comhttp://www.mmfootballmobile.com/?m=1

ဟောင်းတုန်းကျေးရွာသားများ စုပေါင်း လမ်းပြင်ကြတာတဲ့





ဟောင်းတုန်းကျေးရွာ အုပ်စု ဟောင်းတုန်းကျေးရွာ ရွာသူ/သားများမှ ဆားမှော် နားမကြိုင်း နားဖာ စသည့် စသည့် ရွာဖက်သို့ သွားရာ လမ်းများမှာဆိုးဝါးနေ၍ လူအင်အား ကားအင်အားများဖြင့် ပြုပြင်နေလျှက်ပါဗျ။
(8/6/2016)ကဆုန်လ္ဆုပ်(၃)ရက်နေ့

အင်းတော်မြို့နယ်က ကျောင်းဆရာ ဆရာမ တွေ ကျောင်းမှာ ကွမ်းစားရတော့ဘူးတဲ့

ကျောင်းဆရာတွေတော့ ပြစ်ဒဏ်ခံရတော့မှာလေ ဘာပြစ်ဒဏ်များပါလိမ့်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆောင်ရွက်တဲ့

မော်လူးမှာ  သတင်းထောက်ခေါ်ပြီး  သရုပ်ဆောင်တဲ့ ရုပ်ပြ  အလုပ်တွေလျှော့ပြီး
အမှန်တကယ်  လုပ်ပြ  ဖို့  ကူညီကြပါစို့





မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစုပေါင်းဆောင်ရွက်
မော်လူး ဇွန်၉
@@@@@@@@@@@@@@@@@@@
မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစီမံချက်လုပ်ငန်းများကိုစစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင် ဇွန်၈ရက်နေ့နံနက်၈နာရီမှ နေ့လည်၁၂ နာရီအထိ မော်လူးမြို့ပေါ်ရပ်ကွက်ပေါင်း (၆)ရပ်ကွက်သို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မော်လူးတိုက်နယ် ဆရာဝန်ကြီးဒေါက်တာဝတ်မှုံထွန်း
ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ
ကျန်းမာရေးကြီးကြပ်(၁)ဦးကြည်ကိုကိုနှင့်
ကျန်းမာရေးဝန်ထမ်းများ မော်လူးကျေးရွာ
အုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုန်း သွန် လဲ စစ် လုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်
Cyclone

Wednesday, June 8, 2016

ရဟန်းသာမဏေများလူထွက်ရခြင်းအကြောင်းရင်း



👏တိပိဋကယောဆရာတော်ကြီး၏သြဝါဒ👏
(ရဟန်းသာမဏေများလူထွက်ရခြင်းအကြောင်းရင်း)

💌 နွေရာသီရောက်လာပြီဆိုရင် မြစ်ထဲချောင်းထဲကငါးတွေဟာ ရေကနည်းလာ, ပူလာတော့ နေရထိုင်ရတာဒုက္ခရောက်လာကြတယ်။
💌 ဒီကြားထဲ တံငါသည်ကလည်း ပိုက်ကွန်တကားကားနဲ့ဖမ်းဖို့လုပ်နေသလို, ဗျိုင်း,ဗျိုင်းအောက်,တင်ကျီးစတဲ့ငှက်တွေကလည်း ဖမ်းသုတ်ဖို့ချောင်းနေကြတယ်။ နောက်ဆုံးတော့ ငါးတွေခမျာဒုက္ခရောက်ကြရရှာတယ်။

💬 ဒီအတူပဲ သာသနာမှာ ရေနဲ့တူတဲ့သဒ္ဓါတရားအားနည်းလာပြီဆိုရင် ရဟန်းသာမဏေတွေနေရတာ မပျော်ကြတော့ဘူး။
💬 အဲဒီအခါမှာ တံငါသည်နဲ့တူတဲ့ ငါးဖြာအာရုံကာမဂုဏ်တွေကလည်း ဖမ်းဖို့တကားကား လုပ်နေကြသလို၊ ဗျိုင်း,ဗျိုင်းအောက်,တင်ကျီးနဲ့တူတဲ့  ကိလေသာတွေကလည်း ဖမ်းဖို့ချောင်းနေကြတယ်။
နောက်ဆုံးတော့ သဒ္ဓါတရားအားနည်းတော့လူထွက်ကုန်ကြတယ်။ 
 💬  သဒ္ဓါတရားအားကောင်းလို့ကတော့ဗျာ ရိုက်ထွက်ခိုင်းတောင်မထွက်ပါဘူး၊ အဓိကတော့ သာသနာမှာမြဲတယ်, မမြဲဘူးဆိုတာ သဒ္ဓါတရားအားကောင်းတာနဲ့ အားနည်းတာနဲ့ပဲဆိုင်ပါတယ်။ ဒါကြောင့် ကိုရင်လေးတို့သဒ္ဓါတရားအားကောင်းအောင်လုပ်ကြ၊ လူမထွက်ကြနဲ့၊ သာသနာနဲ့မတွေ့တဲ့ လူတစ်ယောက်ရဲ့အနှစ်တရာအသက်ရှင်ခြင်းထက် သာသနာနဲ့တွေ့တဲ့လူတစ်ယောက်ရဲ့ တစ်ရက်အသက်ရှင်ခြင်းကပိုမြတ်တယ်၊ ဘာကြောင့်လဲဆိုတော့ မဂ်ဖိုလ်နိဗ္ဗာန် လမ်းကြောင်းကြီးကဖြောင့်တန်းနေလို့ပါပဲ။
(သာသနာမှာပျော်နိုင်ကြပါစေ)  

(တနေ့ကစာရေးဆရာတစ်ယောက်က ဖေ့ဘုတ်သုံးလို့ရဟန်းသာမဏေတွေလူထွက်ကုန်ကြတာလို့ပြောထားတာတွေ့လို့ တင်လိုက်တာပါ၊ အကြောင်းရင်းမှန်ကိုသိမြင်နိုင်ကြပါစေ)

Tuesday, June 7, 2016

သူရဿတီ ဘယ်က လာသလဲ

y
သူရဿတီ ဘယ်က လာသလဲ
*********************

ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကို
လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး
အမျိုးကို စုံနေတယ်။

ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်
ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာ
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊
မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--

သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့
နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။
ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း
နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ်
အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊
အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။

အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့
သူရဿတီ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။
အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။
အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။
အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့
အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်ကြီးက ဘယ်နားရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တန်းမှာလည်း မရှိဘူး။
ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား မြောက်ဖက်နား
ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။
အဲဒီက လူတွေကို အာရီယန်လို့ ခေါ်တာ။

Sunday, June 5, 2016

မော်လူးက သတင်းထောက်တွေက ခါးတယ်ကွာ ကသာ သတင်းထောက်က မော်လူးသတင်းကို ပဟေဠိ လုပ်သွားပြီ



မော်လူး  မှာ  မျိုးစောင့်ဥပဒေ  နဲ့  ကိုင်ထည့်လိုက်ပြီတဲ့

==================
Mawluမှအိမ်ထောင်ရှင်အမျိုးသား/အမျိုးသမီးတို့
ဒီနေ့ကြားခဲ့သတင်းတစ်ပုဒ်နော်းးးးး
mawluမှာပုဒ်မ-13ကိုကွင်းဖွင့်လိုက်ပြီတဲ့
တစ်ဥိးတစ်ယောက်ထက်မကချစ်တာကို
မျိုးစောင့်ဥပဒေကမနေဘူးထင်တယ်
ဘယ်သူလဲဆိုတာကိုတော့မိမိဖာသာစုံစမ်း
ကြည့်ပေါ့
------=====-----
fb  မှာ  တခြားမြို့  က သတင်းထောက်တင်ထားတာတွေ့လို့  မ  လာတာ

သိရင်လည်း  မင့်န်  ခဲ့ကြပါအုန်းခင်ဗျာ

ဓမ္မစကူးလ် စာသင်ကျောင်းဆောင် ဆောက်လုပ်နေပြီတဲ့




မော်လူးအုပ်စု ပါမေက္ခာရာမပဲခူးကျောင်း၌ဓမ္မစကူးလ်ကျောင်းဆောင်သစ် ၉×၃ ခန်း ကျောင်းဆောင်ကြီး
ဆောက်လုပ်နေပြီ