Tuesday, October 25, 2016

ဖုန်းဘေလွဲနည်း mpt telenor ooredoo

သိသလိုလိုနဲ့  မေ့တတ်ကြလွန်းလို့
မှတ်ထားကြပါအုန်း




Friday, October 14, 2016

မိုးညှင်းမြို့ အကြောင်းတစေ့တစောင်း





မိုးညှင်း

မိုညှင်းမြို့ကို သက္ကရာဇ် ၃၀၂(ခရစ် ၉၀၄) ခန့်ကတည်သည်ဆို၏။ တည်သူမှာ ဥတည်ဘွားနှင့် ကိန္နရာဒေ၀ီတို့၏ မျက်မမြင်သမီးတော်စာလှမှဖွားမြင့်သော တတိယသားဖြစ်သည်။ သမီးတော် အရွယ်ရောက်ခါစတွင် ဖောင်နှင့် မျှောလိုက်ရာ ရှေးကခင်ပွန်းဖြစ်ခဲ့သော ကျားတစ်ကောင်နှင့် တွေ့ရှိသည်တွင် ကျားနှင့်သင်၍ သား ၄ ယောက်ဖွားမြင့်၏။ သားတော်များ အရွယ်ရောက်သောအခါ အဖိုးဖြစ်သူ ဥတည်ဘွားထံ စေလွှတ်၏။ ဘိုးတော်က မြေးတော်အကြီးဆုံးအား မောင်း တစ်လုံး၊ ဒုတိယမြေးတော်အား ဓားမြှောင်၊ တတိယမြေးတော်အား ဗျိုင်းတစ်ကောင်ပေ၍ တိုင်ပြည်တည်ထောင်ရန်မှာကြား၏။ မြေးတော် အငယ်ဆုံးကိုမူ အဖကျားထံသို့ပြန်စေ၏။
တတိယမြေးတော် မင်းသားသည် ဘိုးတော် မှာသည့်အတိုင်း တိုင်းပြည်ထူထောင် မင်းပြုလုပ်ရန်လာသည်တွင် ယခု မိုးညှင်းမြို့တည်ရာဒေသသို့ ရောက်ရှိသောအခါ ဗျိုင်းသည် ကျယ်လောင်စွာအော်၏။ ယင်းဒေသတွင်မြို့တည်ထောင်၍ မိုင်းယန်းဟု အမည်ပေးသည်။ ဥဗျိုင်းမြို့ဟု အဓိပ္ပါယ်ရ၏။ နောင်သော် မိုင်းယန်းမှ မိုးညှင်းဖြစ်လာသည်ဟုဆိုလေသည်။
မိုးညှင်းမြို့သည် ယခုအခါ ခရိုင်မြို့ဖြစ်သော်လည်း ရှေးအခါက ရှမ်းစော်ဘွားများတန်ခိုးထွားစဉ်က မိုးကောင်မြို့နှင့် တလှည်စီဆိုသလို ရှမ်းမြို့တော်ဖြစ်ခဲ့သည်။ မိုးညှင်းတရား၊ မိုးညှင်းစလုံတို့၏ နယ်မြေဒေသဖြစ်သည့်အလျောက် သမိုင်းဝင်မြို့ဖြစ်ပေသည်။
မိုးညှင်းမြို့သည် ယခင်က မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းနယ်တွင်ပါဝင်၍ မြို့ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က တိုက်နယ်ဖြစ်ခဲ့၍ ၁၉၅၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေတွင် မိုးညှင်းမြို့နယ် ဖွဲ့စည်းသည်တွင် မြို့နယ်၏ရုံးစိုက်မြို့ဖြစ်လာသည်။ ၂၀၀၄ ခုနှစ်တွင် သီးခြားခရိုင်ဖြစ်လာခဲ့ပြီး မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်ဟူ၍ မြို့နယ် ၃ ခုနှင့် ကာမိုင်းမြို့နယ်ခွဲ၊ ဟိုပင်မြို့နယ်ခွဲ ဟူ၍ မြို့နယ်ခွဲ ၂ ခုပါရှိသည်။

credit – my.wikipedia.org
photo credit – original uploader

Thursday, October 13, 2016

အသက် (၅ဝ) မှာ အကောင်းဆုံး ရပ်တည်နေနိုင်ဖို့ အခုလုပ်သင့်သော အရာများ




အသက် (၅ဝ) အရွယ် ရောက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်မြင်ချင်ပါသလဲ။ သင့်အသက် (၅ဝ)မှာ သင်ကိုယ်တိုင် မျှော်လင့်မထားတဲ့ ပုံစံမျိုးနဲ့ သင့်ကိုယ်သင်ပြန်မြင်ရဖို့ အောက်ဖော်ပြပါ အမူအကျင့်လေးတွေ ရှိနေရင် ခုပဲ ပြုပြင်လိုက်ပါ။

၁။ ဒီနေ့လုပ်ရမယ့် အရာတွေကို မနက်ဖြန် မရွှေ့ဆိုင်းပါနဲ့။

၂။ ကျန်းမာရေးကို ဘာမှမဖြစ်ခင် ကြိုတင်ဂရုစိုက်ပါ။

၃။ ကိုယ်ရှာ နိုင်တာထက် ဘယ်တော့မှ ပိုမသုံးပါနဲ့။


၎။ ဆင်ခြေပေးတတ်တဲ့ အကျင့်တွေကို ဖျောက်ပါ။

၅။ ကိုယ်နဲ့ အဆင်မပြေတဲ့ Relationshipထဲမှာ ပိတ်မနေပါနဲ့။

၆။ အမှတ်တရ ဖြစ်ရပ်လေးတွေကို တန်ဖိုးထားတတ်ပါ။

၇။ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ ရပ်လိုက်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ လူတိုင်းရဲ့ ဆန္ဒတွေကို လိုက်ဖြည့်ဆည်းပေးချင်လို့ မရဘူးဆိုတာ သိထားပါ။

၉။ အချိန်တွေကို အကျိုးမရှိဘဲ အသုံးချနေတာတွေ ရပ်လိုက်ပါ။

၁၀။ ပြုခဲ့ဖူးတဲ့ ကျေးဇူးတရားကို မမေ့ပါနဲ့။

၁၁။ အခြားသူတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်နေတာတွေ ရပ်လိုက်ပါ။

၁၂။ ပျော်ရွှင်မှုကို ဝယ်ယူဖို့မကြိုးစားပါနဲ့။ ငွေနဲ့ဝယ်ယူလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ကိုယ်ကိုတိုင် ဖန်တီးပါ။

၁၃။ တစ်ခုခုဆို တစ်ချိန်လုံး ဝမ်းနည်းပူဆွေးမနေပါနဲ့။

၁၄။ အခြားသူတွေကို ပဲ ထိုင်အားကျမနေပါနဲ့။

၁၅။ အလွယ်လမ်းပဲ လိုက်ဖို့ မကြိုးစားပါနဲ့။

၁၆။ အခြားသူတွေကို တစ်ချိန်လုံး အပြစ်တင်နေတာမျိုး မလုပ်ပါနဲ့။

၁၇။ ပြဿ     နာဖြစ်လာရင် ခေါင်းရှောင်ဖို့ မကြိုးစားပါနဲ့။

၁၈။ ကိုယ့်ပျော်ရွှင်မှုက အခြားသူတွေအပေါ် မှီခိုနေတာမျိုး မဖြစ်ပါစေနဲ့။

၁၉။ ဘာမှ အကျိုးထူးမလာစေမယ့် အတွေးတွေကို ရပ်တန့်လိုက်ပါ။

Friday, October 7, 2016

မော်လူး ဒေသသားတွေ သမ္မတရုံးက ဝန်ထမ်းခေါ်နေပြီ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
■ အလုပ်လျှောက်လွှာခေါ်ယူခြင်း ■ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အလုပ်လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်(  ၁ / ၂၀၁၆ )

၁။ နိုင်ငံတော်သမ္မတရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး (လစာနှုန်း ကျပ်၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀)(၂၀)နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်။

၂။ အငယ်တန်းစာရေးရာထူးနေရာများ အတွက်အောက်ပါသတ်မှတ် ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းများ ပူးတွဲ၍  နိုင်ငံတော်သမ္မတရုံး၊  ရုံးအမှတ်-၁၈(နေပြည်တော်)သို့  ၁၆- ၁၁ -  ၂၀၁၆ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ၊  စာတိုက်မှဖြစ်စေ လျှောက်ထား နိုင်ပါ သည်-

 (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

 ( ခ ) တက္ကသိုလ်တစ်ခုခုမှ အင်္ဂလိပ်စာ (သို့မဟုတ်) နိုင်ငံတကာ ဆက်ဆံရေး (သို့မဟုတ်)ကွန်ပျူတာ အထူးပြုဘာသာဖြင့် ဘွဲ့ရရှိထားသူဖြစ်ရပါမည်။

 ( ဂ ) အထူးပြုဘာသာရပ်ဆိုင်ရာ ရိုးရိုးဘွဲ့ရပြီးသူ  ၃၁- ၁၀- ၂၀၁၆ ရက်တွင် အသက်( ၂၅ )နှစ်ထက် မကျော်လွန်စေရ။ 

 (ဃ) အထူးပြုဘာသာရပ်ဆိုင်ရာ မဟာဘွဲ့ရရှိပြီးပါက ၃၁-၁၀-၂၀၁၆ ရက်တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်စေရ။

 ( င ) (၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ၊ ဘွဲ့လက်မှတ်မိတ္တူ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ အခြားတတ်ကျွမ်းသော ဘာသာရပ်များအတွက် အောင်လက်မှတ် မိတ္တူနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ။

 ( စ ) (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေး ကောင်း မွန်ကြောင်း ဆေး ထောက်ခံစာ၊ အကျင့်စာရိတ္တကောင်း မွန်ကြောင်း ကျေးရွာ/ ရပ်ကွက် ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ။

 (ဆ) (၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမားများမှတ်ပုံတင်မိတ္တူ။

 ( ဇ ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုကြောင်း  ထောက်ခံစာ( မူရင်း၊ မိတ္တူ )

၃။ အဆိုပါအငယ်တန်းစာရေးရာထူး(၂၀)နေရာအတွက် အရည်အချင်းစစ် ရေးဖြေ စာမေးပွဲတွင် မြန်မာစာ၊အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတတို့ကို စစ်ဆေးမည်ဖြစ်ပြီး ၂၇-၁၁-၂၀၁၆ရက်(တနင်္ဂနွေနေ့)   နံနက် ၁၀ နာရီ မှ  မွန်းလွှဲ ၁ နာရီအထိ  နေပြည်တော် ၌ ဖြေဆိုရ မည်ဖြစ်ပါသည်။

၎။ စာမေးပွဲဖြေဆိုခွင့်ခုံအမှတ်များကို ၂၅-၁၁-၂၀၁၆ရက် (သောကြာနေ့)တွင် နိုင်ငံတော်သမ္မတရုံး၊ ရုံးအမှတ် (၁၈)၊ နေပြည်တော်၌ ရုံးချိန်အတွင်းထုတ်ပေးသွား မည်ဖြစ်ပါသည်။

၅။ ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ နိုင်ငံသား စိစစ်ရေးကတ်၊ တက္ကသိုလ် ဝင်တန်း အောင်လက်မှတ်နှင့် အခြားအောင်လက်မှတ်များ၊   အလုပ်သမား မှတ်ပုံတင် စသည်တို့ကို   မူရင်းတင်ပြနိုင် ရပါမည်။   အသေးစိတ် သိရှိလိုပါက  နိုင်ငံတော်သမ္မတရုံး၊ ရုံးအမှတ်-၁၈ (နေပြည်တော်) 
 ဖုန်း- ၀၆၇- ၄၀၉၁၁၆၊ ၄၀၉၁၂၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Credit: Myanmar president office

Thursday, October 6, 2016

ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ် အသစ် ရွေးချယ်လိုက်ပြီ တဲ့ ပေါ်တူဂီသားတဲ့



ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ် အသစ် ရွေးချယ်လိုက်ပြီ 
=====================================

ယခင် ပေါ်တူဂီ ၀န်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ် (António Manuel de Oliveira Guterres) အား ကိုးကြိမ်မြောက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အသစ် အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး မှ ယနေ့ တညီတညွတ်တည်း အတည်ပြူလိုက်ပြီ ဖြစ်ပါတယ်။

နောက်အပါတ်အတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ အဆိုပါ အမည် စာရင်းတင်သွင်းမှုကို အတည်ပြုဖို့ ရှိနေပါတယ်။

"ကမ္ဘာနဲ့ တ၀ှမ်း ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုများ၊ ဆင်းရဲတွင်း နက်နေရမှု များနဲ့ မတရားမှု မှန်သမျှ တို့ တွင် ထိခိုက်နစ်နာ ခဲ့ရသူ များအတွက် အမှုတော် ထမ်းရွက် သွားမည်" ဟု မြို့တော် လစ်စဘွန်းမှ ဂူတာရက်စ်က ကြေငြာချက် ထုတ်လိုက်ပါတယ်။

ဘန်ကီမွန်းမှ အဆိုပါ ရွေးချယ်မှုအား superb choice ဟု ဆိုကာ ကြိုဆိုလိုက်ပြီး ကမ္ဘာနိုင်ငံရေးတွင် သြဇာတက္ကိမ ကြီးထွားလျက်ရှိသော ကိုဖီအာနန် ဦးဆောင်သည့် The Elders အဖွဲ့ကလည်း အလားတူ ကြိုဆိုလိုက်ပါတယ်။

ယခုလို မျှော်မှန်းထားတာထက် စောစီးစွာ ရွေးချယ်ခဲ့မှုသည် ကုလသမဂ္ဂနှင့် ပါတ်သင်ပြီး ဖွဲ့စည်းထားသော နိုင်ငံတရာ မြို့ပြဆိုင်ရာ အဖွဲ့အစည်း တခု ဖြစ်သော 1 for 7 Billion movement ရဲ့ ဖိအားပေးမှုကြောင့် လို့ ယူဆနေကြပါတယ်။

ဂုတာရက်စ် သည် ယခုအခါ အသက် ၆၇ နှစ် ရှိပြီ ဖြစ်ပါတယ်။ နိုင်ငံရေး နယ်ပါယ်ထဲ မ၀င်ရောက်မှီ ဆရာအတတ်သင် သိပ္ပံတွင် လက်ထောက် ပရော်ဖက်ဆာ တဦး အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

၁၉၇၄ တွင် ပေါ်တူဂီ ၏ ဆိုရှယ်လစ်ပါတီ သို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၂ တွင် ပါတီ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်လာခဲ့ပါတယ်။ ယင်းနောက် ၁၉၉၅ တွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၀၁ တွင် ရွေးကောက်ပွဲ ရှုံးနိမ်ခဲ့ရတဲံ အတွက် ရာထူးမှ နှုတ်ထွက်ပေးခဲ့ပါတယ်။

ပေါ်တူဂီ နိုင်ငံရေး လောက မှ အနားယူခဲ့ပြီးနောက် ဆိုရှယ်လစ် အင်တာနေရှင်နယ် တွင် ဥက္ကဌ အဖြစ် ထမ်းရွက်ခဲ့ပါတယ်။

၂၀၀၅ တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အဖြစ် ခန့်အပ်ခံခဲ့ရပြီး သက်တမ်း အရှည်ကြာဆုံး ထမ်းရွက်နိုင်ခဲ့သူ ဖြစ်လာပြီး နိုင်ငံပေါင်း ၁၂၆ နိုင်ငံရှိ ဒုက္ခသည်များ အဖြစ် သတ်မှတ်ခံရသူ သန်း ၆၀ အတွက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

၁၉၉၈ တွင် ကင်ဆာရောဂါ ဖြင့် ဇနီးသည် ကွယ်လွန်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ကလေးတယောက် မိခင် တဦးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ပထမ အိမ်ထောင်မှ သားသမီး ၂ ဦး ထွန်းကားခဲ့ပါတယ်။

ပေါ်တူဂီ ဘာသာ အပြင် အင်္ဂလိပ်၊ စပိန် နဲ့ ပြင်သစ် ဘာသာ စကားများကို ကောင်းစွာ ပြောနိုင်သူ လည်း ဖြစ်ပါတယ်။

ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး အဖြစ် ဆောင်ရွက်ခဲ့တဲ့ အတွက် ဒုက္ခသည်များ အရေး ဦးစားပေး ဆောင်ရွက် သွားဖို့ ရှိနေတယ်လို့ ယူဆရပါတယ်။

HSW

Wednesday, October 5, 2016

ဒီနှစ်သီတင်းကျွတ်မှာ ရွားတွင်းဖြစ်ကို အားပေးရင်း ဗျောက်ဖေါက်ခြင်းရောင်းခြင်းကို တားဆီးသတင်းပေးကြပါစို့

မော်လူးမှတိမ်မြုပ်ပျောက်ကွယ်လုနီးပါး
ရောင်စုံမီးပုံးလုပ်ငန်းလုပ်ကိုင်နေသော
ရွှေလဝင်းမိသားစု





Tuesday, October 4, 2016

မော်လူး အထက မှာ ကျင်းပတဲ့ ပထမ အကြိမ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာကန်တော့ပွဲ



ယနေ့ညနေ  ၃နာရီခွဲအချိန်တွင်မော်လူးအထက သရဖီခန်းမထဲမှာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပွဲတွင် စိတ်ပါဝင်စားသူကျောင်းသူကျောင်းသားဟောင်းများနှင့် အထကပညာရေးမိသားစုတို့က  ဂါရဝပြု ခဲ့ကြပါသည်။

Monday, October 3, 2016

လာပြန်ပြီတစ်မျိုး အထက်တန်းပြ ဆရာ၊ ဆရာမဦးရေ နှစ်ထောင်ကျော် ကန်ထရိုက်စနစ်ဖြင့် ခန့်အပ်မည်



နေပြည်တော်(အောက်တိုဘာ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လက်ရှိပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ် အဆင့်မြှင့်တင်ခဲ့သော စာသင်ကျောင်းပေါင်း ၃၁၉ကျောင်းအတွက် ဆရာ၊ ဆရာမဦးရေ နှစ်ထောင်ကျော်ကို ယခုလအတွင်း ကန်ထရိုက်စနစ်ဖြင့် ဖြည့်ဆည်းသွားမည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုလိုက်သည်။

“တနိုင်ငံလုံးမှာရှိတဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်မှာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးတဲ့ ၃၁၉ ကျောင်းအတွက် အောက်တိုဘာမှာ တစ်ကျောင်းကို ၇ ဦးနှုန်းနဲ့ ခန့်ထားပေးဖို့အတွက် လိုအပ်တဲ့ဆရာ၊ ဆရာမ ၂၂၃၃ ဦးကိုတော့ ဘွဲ့ရထားသူတွေကို ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာ၊ ဆရာမအဖြစ်နဲ့ ဖြည့်ဆည်းပေးဖို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများခန့်ထားနိုင်ရန်အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း အမရပူရမြို့နယ်အမတ် ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့်က အောက်တိုဘာ ၃ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုအပေါ် ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိပညာသင်နှစ်တွင် ကျောင်းသား၊ ဆရာ အချိုးသည် ၂၃:၁ ရှိပြီး ကျောင်းများတွင် သိပ္ပံခန်းများအတွက် လိုအပ်သော အခြားကာယနှင့်ပတ်သက်သည့် အထက်တန်းပြဆရာ/မများ၊ ကွန်ပျူတာနှင့်ပတ်သက်ပြီး ဆရာ/မများ ဖြည့်ဆည်းခန့်ထားပေးရန် နောင်လာမည့် ပညာသင်နှစ်များတွင် ဆက်လက် စီစဉ်ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွားသည်။

Telenor Sim Card မှတ်ပုံတင်ခြင်း ပြုလုပ်ပုံ အဆင့်ဆင့်

Telenor Sim Card မှတ်ပုံတင်ခြင်း ပြုလုပ်ပုံ အဆင့်ဆင့်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
■ ပထမဆုံး ဒီလင့်ကနေ ၀င်ရောက်ပါ 
👉  https://ecaf.telenor.com.mm

■ သတိ 👉 မှတ်ပုံတင် ရှေ့နောက် ဓါတ်ပုံရိုက်ထားပါ။

■ အောက်ပါအဆင့်အတိုင်း တစ်ဆင့်ခြင်းပြုလုပ်သွားပါ။











Sunday, October 2, 2016

မိုးကြိုးပစ်ပြန်ပြီ



မော်လူးဒေသတွင် မိုးကြိုးပစ်၍ ကျွဲ(၃)ကောင်သေဆုံး
@@@@@@@@@@@@@@@@@@@@@@@@@@ oct 2

၂.၁၀.၂၀၁၆ရက်နေ့ နေ့လည် (၁၀)ချိန်တွင် မိုးကြိုးပစ်ခတ်မှု့ကြောင့် ပုန်းဟုန်ကျေးရွာအုပ်စု ပုန်းဟုန်ကျေးရွာ၏ အရှေ့တောင်ဘက် ၂မိုင်ခန့်တွင် ကျွဲသုံးကောင် မိုးကြိုးပစ်ခတ်သေဆုံး

အခင်းဖြစ်နေရာသို့ ပုန်းဟုန်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၊ ထွေအုပ်စာရေး ဦးသန်းစိုးငြိမ်း၊ တိကု ဒုဦးစီးမှူး ဒေါက်တာ အောင်ဇော်သိန်း တို့မှ လာရောက်စစ်ဆေးဆောင်ရွက်ကြကြောင်း သိရှိရ

Soe Nyein

Saturday, October 1, 2016

လွိုင်မောက်တောင် ပဋ္ဌာန်းကျောင်းဆောင်အတွက် လှူဒါန်းနိုင်တယ်တဲ့



လွိုင်မောက်တောင်စိန္တာမုနိစေတီဝတ္တမြေအတွင်းတည်ဆောက်လျက်ရှိသည့် သံဃာတော်များသီတင်းသုံးရန် မဟာပဋ္ဌာန်းကျောင်းဆောင်တော်ကြီးပါ
ကျောင်းခန်း နှင့်ကျောင်းတိုင်များကို ဒါယကာအမည်ပေါက်လှူဒါန်း နိုင်
ကြောင်းလည်း ဂေါပကအဖွဲ့မှနှိုးဆော်ထားကြောင်းသိရှိရပါသည်..,,

Thursday, September 29, 2016

လွိုင်မောက်တောင် အရှင်ကြီးက မော်လူးသားတွေအတွက် ပေးစာဆိုပါလား အိမ်မက်အရ ၀င်ပူးပြီး ပြောသွားတယ် ထင်ရတာဘဲ ကသာမှ ဖြစ်သွားတာနေမှာ






အဖ လွိုင်မုတ် မှ မော်လူးသားများသို့ပေးစာ
******************************
စစ်ကိုင်းဒေသ နဲ့ ကချင်ပြည် ဟိုဘက်ကမော်ဟန်တောင်သခင်
ဒီဘက်က ငါလွိုင်မုတ် ဟိုး ယခင် မော်ဟန်တောင်သခင်က ငါ့ကိုသွေးတိုးစမ်းပြီး ဘတ်ခွနဲ့ပစ်လို့ ယနေ့တိုင် ငါ့တောင်ပေါ်မှာ ကျောက်ခဲလုံးလေးတွေကျန်နေသလို ဒင်းရဲ့မော်ဟန်တောင်ကိုလည်း ငါက ဒါး နဲ့လှမ်းပစ်ကာလက်စွမ်းပြလိုက်လို့ တောင်နှစ်ခြမ်းကွဲသွားတာကြည့်ပါလား ခုထိရှိသေး...
မော်လူးမှာ ခလေးငယ်ကို ကားကြီးတိုက် မတန်မရာဖြစ်သွားတာ လမ်းကလည်းကျဉ်း လူတွေကလည်းအမြင်သိပ်မကျယ်ချင် စိတ်ထိခိုက်စရာတွေ ထပ်မဖြစ်အောင် ရတနာသုံးပါး ဆည်းကပ်ကြ...
စည်ပိန်းကပဲကြည့်ကြည့် လေးတံရိုးတစ်လျှောက်ကပဲကြည်ကြည့်
မြင်နေရတဲ့ တင့်တယ်လှတဲ့ ငါလွိုင်မုတ်...
ဝါကျွတ်ရင် ဖယောင်းတိုင်တွေ အလှူခံပီး တောင်ပေါ်ဘုရားမှာ နှစ်စဉ်မပြတ် မီးလာပူးဇော်တဲ့ ရဲတင့် ကလည်း ငါ့သားပဲ
အဖတောင်ပေါ်လာပီး နှစ်စဉ်မီးပူဇော်နိုင်ပါစေ...
လွိုင်မုတ်တောင်ကို လူတွေ များများသိအောင် ဓါတ်ပုံရိုက်ပီး လိုင်းပေါ်တင်ပေးတဲ့ ခိုင်ဝင်းလဲ့ ကွန်ပြူတာဆိုင်က စိမ်းလန့် ယောက်ျား ငချိတ် ကလည်း ငါ့စောင့်ရှောက်ထားတဲ့ သားတွေထဲက သားတစ်ယောက်ပဲ အဲဒါမျိုးလေးတွေ များများလုပ်ပေးကွာ ဒါမှ သာသနာထွန်းကားလာနေပြီဆို သိကြမှာ သူတို့လာလှူတော့ အဲဒီကုသိုလ် မင်းလည်း ရတာပေါ့ လူလေးရာ...
လွယ်အိတ်တစ်လုံးအမြဲလွယ်တဲ့ အုန်းဒုတ်က မောင်တင်ငွေ ကွာ သူကိုယ့်သူ ညိုမင်းထက် လို့ ကလောင်နာမည်ပေးထားတာလေ မျက်မှန်တကားကားနဲ့ကွာ သူတောင် ငါနဲ့ အမျိုးသိပ်မကင်းဘူး ငါနေတဲ့လွိုင်မုတ်ကို စာအုပ်ထုတ်စမ်းပါကွာ ငချိတ်ရေ သူ့ကိုတွေ့တိုင်းနိုးစော်စမ်း မင်းပြောရရင် ရပါတယ်...
ရှေ့ဆောင်က ချိုလင်း ဆိုရင် ငါတို့တောင်ပေါ် အကြောင်းဆို တွေ့တဲ့သူတွေကို ခဏခဏပြောတာ သူလည်းငါစောင့်ရှောက်ထားတာ သမီးရေ တောင်ပေါ်တိုးတက်အောင် မောင်ဝင်းထွန်းပြောပီး တောင်ပေါ်မှာ ဘုရားတည်နေတာကို ၇ ရက်သားသမီးသိအောင် ပန်းဖလက်လေးတွေ ဝေစမ်းကွာ...
တို့ခေတ်တုံးက ပလိပ် ပေါ့ အခုက ရဲ ပေါ့ကွာ အောင်အောင်သန်း ဆိုရင် မောင်သံချောင်းနဲ့ပေါင်းပြီး ၇ ရက်သားသမီးတွေ စုလို့တောင်ပေါ်မှာ ငါနေမယ့် အုတ်တိုက်နန်းဆောက်ပေးခဲ့တာ ဘုရားအကြောင်းပြပြီး ရွှေ့မယ်မကြံလေနဲ့ ငါနဲ့မတွေ့ခင် ဦးအာဒိစ္စနဲ့တွေ့လိမ့်မယ် တောင်ပေါ်မှာ သာသနာပွင့်လန်းလာဖို့ အဲဒီကစခဲ့တာလေ အောင်အောင်သန်း နဲ့သံချောင်းတို့က ငါ့ရင်ငွေ့ခိုလှုံနေသူလေ...
မြမာလာက ရဲဘိုးအေ မြင့်ဦး(cadet 17) ဆိုရင် ဒီကောင် မော်လူးသားမဟုတ်ဘူး
ငါ့သဘောကျလို့ ငါ့နယ်မှာ နေခိုင်းထားတာ တောင်ပေါ်အတွက်လုပ်စမ်းပါသားရယ် မင်းမှာ အရည်အချင်းရှိပါတယ်...
ရှိသေးတယ် မြမာလာက မစန်းမြင့် ယောက်ျား ဝင်းတင့် မင်းထွန်း မချိုဦး တို့လည်း ငါ့နန်းတည်တုံးက သစ်တွေတောင်ပေးကြသေး ဒီကောင်တွေသစ်မှုနဲ့ခဏခဏ ကွိုင်တာပဲ ငါခံနေလို့ အထဲမှာ ကြာကြာမနေရတာ ဒီကောင်တွေ ငါ့တပည်တွေဟ နောက် ချစ်သဲ ဆိုရင် ငါ့နန်းအတွက်သုံးဘီးနဲ့ သစ်တိုက်ပေးခဲ့တာ ခုဆိုရင် လိုက်ထရပ်နဲ့တောင်ဖြစ်နေပြီလေ လှူရေးတန်းရေး ဘာမှမသိတတ်တဲ့ သန်းကိုဝင်း ကတော့ ခလေးသုံးယောက်နဲ့ လင်မယားကွဲနေပီ သူ့မိန်းမက မိုးတားလေးဆင်းသွားပြီလေ အဆင်ချောအောင်သာနေကြပါကွာ...
ဆရာမယောက်ျား ရခိုင်သားချေ မောင်ရဲဝင်း ရို့ဟရေ
ဒီပင်ကရာဘုရားတောင်မသွားနိုင်အားတဲ့ လပြည့်ဖြိုးက မောင်ဘုတ်ဘွ တို့ တောင်ပေါ်ရောက်တက်ခဲ့ကြစမ်း ထူးခြားတာလေးတွေပြချင်လို့...
"အရှေ့မှာရွှေပေါ်ရင် ချက်နေတဲ့ ထမင်းအိုးဆူအောင်မစောင့်နဲ့ ထားသာခဲ့ အဲဒီနေရာကိုရောက်အောင်အမြန်သွား" ဆိုတဲ့အတိတ်တဘောင်ရှိတယ်လို့ပြောတဲ့ ကိုပေါက်အပါအဝင်ဟဲနုရွာသားတွေ သူပုန်တွေပြန်ပေးဆွဲခံရမှ ကရင်ရွာထိပ်ကယာယီငါ့နန်းရှေ့လာပြီးအော်ငိုကြတယ် နားကိုပူလို့ပါကွာ ဟဲနုသားတွေ အရှေ့မှာရွှေပေါ်တာစောင့်မနေကြနဲ့ တောင်ပေါ်မှာသာသနာထွန်းလင်း အောင်သာ လုပ်ကြစမ်းပါကွာ...
အေး...မှာချင်တာတော့
ခုအချိန်မှာ ငါ့တပည့် ဖိုးတက်ကြွ မောင်စိုးမြင့် အုပ်ချုပ်ရေးမှူးလုပ်နေတဲ့အချိန်မှာ ဇလုံတောင်လို ကျောက်မဲတောင်လို
လွိုင်မုတ်တောင်ကိုလည်း သာသနာထွန်းကားအောင်လုပ်ကြပါလေ...
အဖလွိုင်မုတ်
#Written by Aung Aung Than

အိမ်တစ်လုံးရဲ့ မြန်မာအခေါ်များ ရပ်ထဲရွာထဲမှာနေတော့လည်း သိထားသင့်တယ်




အိမ်တစ်လုံးရဲ့ မြန်မာအခေါ်များ

     civil engineering တက်နေတဲ့ ကျောင်းသားများနဲ့ ကျောင်းဆင်းကာစ အင်ဂျင်နီယာငယ်များအတွက် site ထဲကိုစဆင်းတဲ့အခါ အဆောက်အဦရဲ့ အခေါ်အဝေါ်များပဲဖြစ်တယ်။ ကျောင်းက သင်ပေးလိုက်တာက အင်္ဂလိပ်အခေါ်များဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ ပန်းရံ၊ လက်သမားများက မြန်မာအခေါ်ကို သုံးကြတဲ့အခါ ကိုယ်တတ်ထားတဲ့အခေါ်နဲ့မြန်မာအခေါ်တွေကို ရောထွေးကုန်ပါတယ်။ ဒီကိစ္စကိုဖြေရှင်းတဲ့အနေနဲ့ မြန်မာအခေါ်တချို့ကို အင်္ဂလိပ်လို ရှင်းပြလိုက်တယ်။
     အဆောက်အဦတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ဆိုတာဟာ ဒိုင်းများရဲ့အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ ခေါင်တန်းနဲ့အပြိုင်ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျောက်ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုး ၄"×၂" ၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။
     မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကိုတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။ မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။
     မြန်မာအခေါ်`ထုပ်´ဆိုတာက ၂ ဘက်ချဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း ဖြစ်တယ်။ အင်္ဂလိပ်လို tie beam သို့မဟုတ် roof tie လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုးသစ် ၄"×၂"၊ ၅"×၂" တို့ကိုသုံးလေ့ရှိတယ်။ အင်ဂျင်နီယာကျောင်းသားများ အများဆုံးမှားတတ်တယ်။
     လျောက်ဆိုတာကတော့ ထုပ်နဲ့ ကန့်လန်ဖြတ်အနေအထားအတိုင်းရှိတဲ့သစ်သားကိုခေါ်တယ်။ လျောက်တန်းကို အများအားဖြင့် ထုပ်အပေါ်မှာ ထားလေ့ရှိတယ်။ ဒိုင်းများနားခိုနိုင်အောင် ထားတဲ့ရေပြင်ညီတန်းဖြစ်တယ်။ သူ့ကိုလည်း များသောအားဖြင့် ၅"×၂" နဲ့ ပြုလုပ်လေ့ရှိတယ်။ အင်္ဂလိပ်လိုတော့ wall plate လို့ခေါ်တယ်။ သူ့အောက်မှာ နံရံရှိလို့ဖြစ်တယ်။
     ပျဉ်ထောင်အိမ်များမှာ သစ်သားကြမ်းခင်းခင်းဖို့ ဆင့်မတင်မီ အရင်ဆုံးတင်ရတဲ့ သစ်သားက ရက်မဖြစ်တယ်။ ကြမ်းခင်းကိုတောင့်စေဖို့ ရက်မကို ၅"×၂" နဲ့တင်လေ့ရှိတယ်။ အင်္ဂလိပ်လို ရက်မကို beam လို့ခေါ်တယ်။အိမ်တစ်အိမ်မှာ ကြမ်းခင်းတောင့်တင်းဖို့အတွက် ရက်မကို ၅ ပေထက်ပို မဝေးရဘူး။
ရက်မရဲ့အပေါ်မှာ ပျဉ်းကတိုး ၄"×၂"နဲ့ ဆင့်ကိုတင်လေ့ရှိတယ်။ ဆင့်ကို အင်္ဂလိပ်လို joist လို့ခေါ်တယ်။ ကြမ်းခင်းမညွှတ်ဖို့အတွက် ဆင့်များကိုလည်း ၁၀ လက်မခြားထားလေ့ရှိတယ်။
     ကြမ်းခင်းဆင့်များကို ပိတ်တဲ့ ပျဉ်ပြားကို ခါးပန်းလို့ခေါ်တယ်။ ၁လက်မထုရှိတဲ့ ပျဉ်ပြားဗျက်ကတော့ အမျိုးမျိုးရှိတယ်။ ၆လက်မကနေ ၁၂ လက်မအထိ ရှိတတ်တယ်။ ဒါကို အင်္ဂလိပ်လို facia board လို့ခေါ်တယ်။ ပန်းဆွဲကိုလည်း facia, fascia နဲ့ eaves board လို့လည်းခေါ်တယ်။
     ဒိုင်းများရဲ့အပေါ်မှာ မြားတန်းများတင်ရတယ်။ ဒိုင်းရဲ့အစိုင်းကြောင့် မြားတန်းလဲမကျအောင် ဖားများ(cleats)ခံပေးရပါသေးတယ်။ အဲဒီမြားကို purlin လို့ခေါ်တယ်။ ပျဉ်းကတိုး ၃"×၂"နဲ့ ၄"×၂" တို့ကို ၃ ပေခွဲထက်မဝေးအောင် တင်ပေးရတယ်။
     တချို့ မြားတန်းပေါ်မှာ အုတ်ကြွတ်မိုးဖို့အတွက် ၂"×၁" သစ်သားနဲ့ အခြင်တန်းတင်ရတယ်။ အဲဒီအခြင်တန်းကို batten လို့ခေါ်တယ်။ batten အစိတ်အကြဲကို အုတ်ကြွတ်အမိုးပြားရဲ့ချိတ်အပေါ်မူတည်
ပြီးထည့်ရတယ်။
     တချို့ ဒိုင်းများကို ထောက်ပေးတဲ့ တိုင်ကို မြာတိုင်လို့ခေါ်တယ်။ ဒါကိုအင်္ဂလိပ်လို king post လို့ခေါ်တယ်။အများအားဖြင့် ၄"×၄" တိုင်များနဲ့ပြုလုပ်လေ့ရှိတယ်။
     အဆောက်အဦတစ်လုံးဆောက်လို့ နံရံများမတက်မီ အဖြူထည်ကို အင်္ဂလိပ်လို framework လို့ခေါ်တယ်။

Wednesday, September 28, 2016

မော်လူးဒေသသားများအတွက်ဝမ်းမြောက်ဖွယ် အထူးသတင်း

မော်လူးအရှေ့ ဘက်  လွိုင်မောက်တောင် စေတီတော်ကြီး  ၂၄ နာရီ  မီးလင်းပါတော့နည်

စည်းမော်ရွာစေတီတော် နဲ့ အာရုံခံ

မော်လူး ♕ စည်းမော်ရွာ❆
ဇမ္ဗူရောင်ခြည်ဆုတောင်းပြည့်အေးစေတီတော်။

Tuesday, September 27, 2016

မော်လူးဒေသက ဝန်ထမ်းလုပ်လိုသူများ အလုပ်ခေါ်ပြန်ပီ













လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေး
ဝန်ကြီးဌာနက လစ်လပ်နေရာ၁၆၈နေရာ အတွက်အလုပ်
ခေါ်နေပါတယ်။ရာထူးနဲ့နေရာ အမျိုးမျိုးခေါ်တာဆိုတော့
လစာကလည်း မတူဘူး။ဘွဲ့ရ ၃၅နှစ်အောက်ထိပါတယ်
နော်။အဆင်ပြေကြပါစေ။

Monday, September 26, 2016

• Dead Sea •  ပင်လယ်သေမှာ ဘာကြောင့် လူကို ရေမနစ်နိုင်သလဲ = ဆန်းတော့အဆန်းသား လူတွေရေမနစ်နိုင်ဘူးတဲ့




• Dead Sea • 
ပင်လယ်သေမှာ ဘာကြောင့် လူကို ရေမနစ်နိုင်သလဲ

ပင်လယ်သေဒေသဟာ ပူပြင်းလွန်းတယ် (တစ်နှစ် ရဲ့ ပျှမ်းမျှ အပူချိန် က ၂၅ ဒီဂရီ စင်တီဂရိတ်မှာ ရှိတယ်)။ ရေငွေ့ပျံနှုန်း များတယ်။ ရေထဲမှာပါဝင်တဲ့ ဆားဓာတ် က ၂၅%-၃ဝ% ရှိ တယ်။ ဆားဓာတ် ပါဝင်မှုမြင့် လို့ ပိုးမွှား တချို့ကလွဲပြီး တခြား ရေသတ္တဝါ တွေ ဟာ ပင်လယ်သေ မှာ မရှင်သန်နိုင်ကြဘူး။

ပင်လယ်သေက ပေါင်းအိုးတစ်လုံးနဲ့တူတယ်။

ရေငွေ့တွေ အဆက်မပြတ်ပျံပြီး ဆားတွေကိုသာ ရေကန်ထဲ ကျန်စေခဲ့လို့ အခုအချိန် တချို့နေရာ မှာ ရေထဲ ဆားဓာတ် ပါဝင်မှု က ပိုများလာပြီး သာမန် ပင်လယ်ရေထက် ဆားဓာတ် ပါဝင်နှုန်း ၈.၆ဆရှိခဲ့တယ်။

ဆားဓာတ် ပါဝင်နှုန်းများလို့ ဆက်စပ် သိပ်သည်းမှုလည်း များ ခဲ့တယ်။

ရေသိပ်သည်းမှု၁.၂ ခန့်က သာမန်လူတစ်ယောက်ရဲ့ ၁.၁
လောက်သာရှိတဲ့ သိပ်သည်းမှုထက် ပိုများနေခဲ့လို့ လူတွေဟာ ရေထဲနစ်မြှုပ်မသွားဘဲ ရေပေါ်ဘောလော ပေါ်နေတာဖြစ်တယ်။

ရေမကူးတတ်လည်း ပင်လယ်သေထဲမှာ သင်ဟာ ကုတင် ပေါ်လဲ နေသလို စာဖတ်၊ အပန်းဖြေနိုင်ပါတယ်။

ပင်လယ်သေဟာ ဂျော်ဒန်နိုင်ငံအရှေ့ဘက်၊ ပါလက်စတိုင်း အနောက်ဘက်ကမ်းနဲ့ အစ္စရေးနိုင်ငံကြားမှာ တည်ရှိတယ်။ 

ပင်လယ်သေထဲ အဓိကစီးဝင်တဲ့မြစ်က ဂျော်ဒန်မြစ်ဖြစ်တယ်။

Sunday, September 25, 2016

မြန်မာ မှာပဲရှိပါတယ် -- မှတ်သားသင့်ပါတယ်



မြန်မာ မှာပဲရှိပါတယ်
---

မနေ့က မြန်မာဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အပြာကားအကြည့်ဆုံးမှာ
ဒုတိယလိုက်တဲ့အကြောင်းလေးရှဲမိပါတယ်။ ဒီမနက်မှာအဆဲခံရတဲ့ message တွေ
ဖတ်ရတယ်။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး မြန်မာဟာ တခြားဟာတွေမှာလဲအံ့ချီးစရာများရှိကြောင်း စွမ်းတဲ့အကြောင်းရေးပေအံ့။

ကမ္ဘာ ပေါ်မှာ မတ်ထရစ် စနစ်ကိုမသုံးတဲ့ နိုင်ငံသုံးနိုင်ငံပဲရှိတာမှာမြန်မာက
တစ်နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပါတယ်။

ကမ္ဘာ ပေါ်မှာ Surname ဆိုတဲ့ မျိုးရိုးနာမည်ကို အသုံးပြုခြင်းမရှိတဲ့နိုင်ငံ အနဲငယ်သာရှိရာမှာလဲ မြန်မာဟာပါဝင်နေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး စာအုပ် ကြီးကလဲ မြန်မာပြည် မှာသာရှိပါတယ်တဲ့
ကုသိုလ်တော်ဘုရားက စာမျက်နှာ ၁၄၆၀ ရှိတဲ့ ကျောက်စာချပ်များဖြစ်ပါတယ်။

ကမ္ဘာ ပေါ်မှာ အသက်အငယ်ဆုံး သူပုန်ခေါင်းဆောင်အဖြစ် မှတ်တမ်းတင်ခဲ့ရတဲ့ လူသာထူး နဲ့ ဂျော်နီထူး ဟာ ဆေးပြင်းလိပ်ကြီးခဲပြီး
သူတို့တပ်ကို ဗိုလ်လုပ် အုပ်ချုပ်ချိန်မှာ အသက် ဆယ်နှစ်စီ သာရှိသေးပါသတဲ့။

ကမ္ဘာ ပေါ်မှာ အလှုအတန်း ရက်ရောမှုနဲ့ စေတနာထားမှုမှာ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ပူးတွဲ ပထမ ဆွတ်ခူးခဲ့ပါတယ်။

ကမ္ဘာ ပေါ်မှာ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလက်ယူမှုအများဆုံးနိုင်ငံများမှာလဲ
မြန်မာကအဆင့်ကောင်းကောင်းနဲ့ပါဝင်နေဆဲဖြစ်ပါတယ်။

ကမ္ဘာ ပေါ်မှာ လူဦးရေနဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု သတ်ဝင်ယုံကြည်မှု အချိုးမှာထိပ်သီးနိုင်ငံဖြစ်တဲ့အပြင်
ဘုန်းကြီး မယ်သီလရှင် အပေါဆုံးဟာလဲမြန်မာနိုင်ငံအဖြစ်မှတ်တမ်းဝင်ပါတယ်။

ကမ္ဘာ ပေါ်မှာ ကိုယ့်အဖေအရင်း ကိုယ့်အကို အရင်းကိုသတ်ပြီး ထီးနန်းသိမ်းပိုက်မှုမှာလဲ မြန်မာဟာ ထိပ်သီးနိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။