Wednesday, August 26, 2015

ကဲ ဗုဒ္ဓဘာသာ မှန်ရင် ဖတ်ထား မှတ်သား လက်ကိုင်ထား လိုက်စမ်းပါ မော်လူးဒေသသားတွေ

အရှင်ဣဒ္ဓိဗလ ရမ္မာဝတီ
(သံဃာ့ညီလာခံအတွင်း သီတဂူဆရာတော်ကြီးပြောကြားသော မိန့်ခွန်းအပြည့်စုံ)
အမျိုးစောင့်ဥပဒေညီလာခံ၌ ဆရာတော်ကြီးများ သြ၀ါဒ အကျဉ်းချုပ်
၁။ မလုပ်နိုင်ပဲ တာဝန်မယူခြင်ဘူး၊ ဒါတပည့်တော် ၀ါဒပဲ။
၂။ ဗုဒ္ဓဘာသာအမျိုးသ္မီးများ အနှိပ်စက်ခံ အလှည့်စားခံဘ၀ ရောက်နေကြတယ်၊ ဒီဥပဒေကို မထောက်ခံခြင်တဲ့သူတွေဟာ ကိုယ်ချင်းစာတရား မရှိကြလို့ ဖြစ်မယ်(ဘာသာခြား)၊ ဒါမှမဟုတ် ထွက်ခြင်တိုင်းထွက် ၀င်ခြင်တိုင်းဝင်ခြင်လို့ဖြ စ်မယ်(ဘာသာတူ)။
၃။ ဘာသာ၎မျိုးလုံးနေကြတဲ့ မြန်မာနိုင်ငံဟာ အိမ်လေးအိမ်ရှိတဲ့ ရွာနဲ့တူတယ်၊ တခြား(ဘာသာ)အိမ်၃လုံးမှာတော့  (ဥပဒေ)ခြံခတ်ထားတယ်၊ (ဗုဒ္ဓဘာသာ) အိမ်တအိမ်ပဲ ခြံမခတ်ရသေးတာ၊ ဒီတော့ လုံခြုံမှုမရှိတော့ဘူး၊ အန္တရာယ်တွေ ၀င်လာပြီပေါ့။
၎။ မီးခဲသေးသေးလေးဖြစ်ပေမဲ့ လေနဲ့တွေ့ရင် အိမ်တွေ ရွာတွေ မြို့တွေ ပျက်စီးအောင် လောင်နိုင်တယ်၊ ထို့အတူ ကိစ္စသေးသေးလေးဖြစ်ပေမဲ့ မီဒီယာလေ နိုင်ငံရေးလေ အတိုက်ခံလိုက်ရရင် ရခိုင်လို မိတ္ထီလာလို အများစိတ်ထိခိုက်စရာ ဖြစ်သွားတတ်တယ်။
၅။ ဘယ်ကိစ္စမဆို အစွန်းမရောက်ပဲ အလယ်အလတ်လမ်းစဉ် လိုက်မှ အောင်မြင်မယ်၊ ဂျိုပေါက်တဲ့နွားလို အစွယ်ထက်တဲ့တောဝက်လို မာနခံနဲ့ မြင်မြင်သမျှ တိုက်ခိုက်နေရင်လဲ အများမုန်းပြီး မအောင်မြင်တတ်ဘူး၊ ခြေသုတ်ပုဆိုးလို အဆွယ်ကျိုးတဲ့မြွေလို သူများအောက်ကကြီးပဲနေပြီး ဇာတိမာန်စသည်ပျောက်ကာ သိုးငယ်လေးလို ကြောက်လန့်ထိပ်ရွံ့နေရင်လဲ လူမလေး ခွေးမခန့်ဖြစ်ပြီး အနင်းခံရတတ်တယ်၊ မအောင်မြင်နိုင်ဘူး၊ ဘယ်အရာမဆို မလျှော့မတင်း အလယ်အလတ်လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်တန်းတန်းကျင့် မှ အောင်မြင်ပြီး ကောင်းကျိုးအမျိုးမျိုးရမယ် ။
၆။ သာသနာမှာ ၂ပိုင်းခွဲထားရမယ်၊ ပရိယတ်ပဋိပတ်ကို စွမ်းစွမ်းတမံ လုပ်နေသူက တပိုင်း၊ သူတို့ဟာ ဘုရားတရားကိုကျင့်ကြံနေသူတွေဖြစ်လို့ ဘုရားနဲ့တူတယ်၊ သူတို့ကို လောကအကျိုးမလုပ်ဘူးလို့ အပြစ်မဆိုသာဘူး၊ နောက်တပိုင်းက ပရိယတ်ပဋိပတ်ကို ထင်သလိုမလုပ်နိုင်သူတွေအနေနဲ့ လောကအကျိုးကို ဓမ္မ၀ိနယနဲ့အညီ ကြိုးစားပြီးလုပ်ရမယ်၊ သာသနာဝန်ကို တနည်းနည်းနဲ့ ထမ်းရမယ်၊ သာသနာကို ခိုမစီးရဘူး။
၇။ သာသနာမှာ အတွင်းရန် အပြင်ရန် ၂မျိုးလုံးကို သတိထားရမယ်၊ အသားထဲကလောက်ထွက်သူတွေ နဲ့ အတုအယောင်တွေဟာ သာသနာတွင်းက ရန်သူတွေပဲ၊ ဖျက်လိုဖျက်စီးလုပ်နေကြတဲ့ ဘာသာခြားတွေ အယူဝါဒမတူတွေဟာ အပြင်ရန်ပဲ။ (ဟင်္သာတ မိုးကောင်းဆရာတော်)
၈။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် တာဝန်မကြေရာရောက်မယ်၊ မျက်ကွယ်ပြုရာ ရောက်မယ်။
၉။ ကိုယ့်ကျေးဇူးရှင်တွေအတွက် လောကီကိစ္စတွေမှာ ပါဝင်ပေးတာဟာ ဘုရားရှင်လမ်းစဉ်လိုက်တာပါ၊ ဘုရားရှင်ဟာ လောကအကျိုးကိစ္စ အမျိုးသားအကျိုးကိစ္စ အသိပေးရေးကိစ္စတွေလုပ်ခဲ့တယ် ၊၊ ရောဟဏီမြစ်ရေအတွက် တိုက်ပွဲငြိမ်းချမ်းရေးတရား ဟောပေးခဲ့တယ်၊ လောကငြိမ်းချမ်းရေးအတွက် မေတ္တာထားပုံနည်းလမ်း ဆင်းရဲသူနဲ့တွေ့ရင် သနားရမဲ့နည်းလမ်း ချမ်းသာသူနဲ့တွေ့ရင် ၀မ်းမြောက်ရမဲ့နည်းလမ်း အများနဲ့ဆက်ဆံတဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ဆက်ဆံပုံနည်းလမ်းတွေကို ချပြခဲ့တယ်၊ အိမ်တွင်းရေးမတည်ငြိမ်ကြတော့  လင့်ကျင့်ဝတ်မယားကျင့်ဝတ်တွေ ချပြခဲ့တယ်၊ အတွင်းကျကျပြောရရင် ကလေးမမွေးနိုင်ဖြစ်နေတော့ အင်္ဂုလိမာလသုတ်ရွက်ဖို့ မိန့်မှာခဲ့တယ်။
၁၀။ အဲဒီလို လောကကြောင်း ဓမ္မကြောင်းတင်မက သမိုင်းကြောင်းလဲရှိသေးတယ်၊ လက်ထပ်ခန်းနဲ့ပတ်သက်လို့ ရှေးခောတ်က ဓမ္မသတ်ကျမ်းတွေရေးတဲ့နေရာမှာ ဘုန်းဘကီးတွေက ခေါင်းဆောင်ခဲ့တယ်၊ ပုဂံခောတ်မှာ အရျင်သာရိပုတြာဆိုတဲ့ ဆရာတော်ခေါင်းဆောင်ပြီး ဓမ္မ၀ိလာသိနီဆိုတဲ့ ဓမ္မသတ်ကျမ်းကို ရေးပေးခဲ့တယ်။
၁၁။ ဘာသာအားလုံးနဲ့ကြည့်ရင် တခြားဘာသာတွေမှာလဲ လောကီကိစ္စတွေမှာ ဘာသာရေးခေါင်းဆောင်တွေပါဝင် လို့ ပိုအောင်မြင်နေတယ်။
၁၂။ ဥပဒေဘောင်ရှိမှ အန္တရာယ်ကင်းတယ်၊ စည်းတွင်းမှာနေမှ ရန်ကင်းတယ်၊ စည်းကမ်းကိုကျော်ရင်တော့ ၇န်များတယ်။
၁၃။ ကိုယ့်ဘာသာ ကိုယ်လူမျိုးကို သူများဘာသာ သူများလူမျိုးလောက်တောင် အဆင့်အတန်းမထားနိုင်တဲ့သူဟာ ကိုယ်ရဲ့ဘာသာနဲ့ လူမျိုးကို ပျက်စိးအောင် လုပ်နေတာပဲ။
၁၄။ လူတယောက် အဖွဲ့တဖွဲ့ နိုင်ငံတနိုင်ငံဟာ ပျက်စီးချိန်ရောက်ရင် လမ်းမှားကို လမ်းမှန်လို့ ထင်ပြီး လျှောက်တတ်ကြတယ်။ (အင်းစိန်ရွာမဆရာတော်)
၁၅။ လမ်းမှန်လျှောက်ရင် စခန်းမှန်ရောက်တယ်၊
၁၆။ ကားမောင်းရင် လမ်းသိရမယ်၊ မီးနီချိန် မီးဝါချိန် မီးစိမ်းချိန်ဆိုတဲ့ အချိန်သိရမယ်၊ စတီယာတိုင်ကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တ တ်ရတယ်၊ အလုပ်ဟာလဲ ထို့တူပဲ။ (ရွှေတောင်ကုန်းဆရာတော်)
၁၇။ဝိုင် အမ် ဘီ အေ အသင်ကြီးမှာ ဆရာတော်တွေဦးဆောင်ပြီး အမျိုး ဘာသာ သာသနာ ပညာ ကဏ္ဍကြီး၎ရပ်အတွက် လုပ်ခဲ့ကြတယ်၊ နိုင်ငံလွတ်လပ်ရေးရအောင် လုပ်ခဲ့ကြတယ်၊ အခုဟာလဲ ဒုတိယ YMBA အဖွဲ့ကြီးပဲ။
၁၈။ အောင်မြင်ခြင်ရင် ဦးတည်ချက်တခုထဲထား အောင်စိတ်မွေး။
၁၉။ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ မြန်မာသမိုင်းမှာ ကြည့်ရင် မွန်လူမျိုး ရှမ်းလူမျိုး ရခိုင်လူမျိုး ကရင်လူမျိုးတွေဟာ အမျိုးကိုထိမ်းနိုင်ကြလို့ ခုထိ ရှိပေမဲ့ ပေါ့ပေါ့ဆဆနေခဲ့ကြလို့ လျှမ်းလျှမ်းတောက်ထင်ရှားခဲ့ တဲ့ ပျူလူမျိုး ခု ရှာမရတော့ဘူး။
၂၀။ သင်ရုံလေးနဲ့ မပီးဘူး၊ သင်သာသင်ပြီး မစောင့်ရှောက်နိုင်ခဲ့ကြလို့  သံဃာ၁သောင်းကျော် ပညာသင်ကြားပေးတဲ့ နာလန္ဒာတက္ကသိုလ်ကြီး ပျက်စီးခဲ့ရဖူးတယ်။ (တိပိဋက ဦးသီလက္ခန္ဓာဘိဝံသ)
၂၁။ သီးခံခြင်း ခွင့်လွှတ်ခြင်းထားကြပါ၊ မထားနိုင်ရင် လမ်းဆုံးမရောက်နိုင်ဘူး၊ ကိုယ့်လုပ်ငန်းအနှောက်အယှက် ဖြစ်နိုင်တယ်။
၂၂။ သီးခံရမယ်ဆိုပေမဲ့လဲ ဒီနေရာမှာဖြစ်တဲ့ကိစ္စ ဒီနေရာမှာ ပြီးအောင်ရှင်း၊ ကဲ့ရဲ့လာရင် မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းရမယ်၊ မှန်နေရင်လဲ ၀န်ခံရဲရမယ်။
၂၃။ ဘုရားတောင်မှ ရာဇဂြိုဟ်မှာရော ကောသမ္ဘီမှာရော မကောင်းမြင်သူတွေရဲ့ အတိုက်ခိုက် ခံရဖူးတယ်၊ ရာဇဂြိုဟ်မှာတော့ ဘုရင်အကူအညီရတော့ ပြဿနာ အကြီးအကျယ် မဖြစ်ဘူး၊ ကောသမ္ဘီမှာတော့ ဘုရင်က မိန်းမဘက်ပါပြီး ဘုရားကို ဂရုမစိုက်တော့ အကြီးအကျယ် ဒုက္ခကြုံရတယ်။
၂၄။ ဧည့်သည်ကလဲ ကိစ္စသေးသေးလေးကို ရိုးမယ်ဖွဲ့ပြီး အိမ်ရှင်ရဲ့အိမ်ကို မဖျက်စီးရဘူး၊ အိမ်ရှင်ကလဲ တခုခုဖြစ်လာရင် မှန်မှန်ကန်ကန်ဖြေရှင်းတတ်ရ မယ်။
၂၅။ အင်အားသေးတယ်ဆိုပြီး အထင်မသေးနဲ့၊ ကိုယ့်ကို စိတ်ဆွနေ ၇န်စနေရင် တည်တည်ငြိမ်းငြိမ်နဲ့ တုန့်ပြန်ရမယ်၊ ဒေါသကိုလွှတ်ပြီး Overspeed နဲ့ တုန့်ပြန်ရင် အင်အားကြီးတယ်ဆိုပေမဲ့ ထောင်ချောက်ထဲဝင်ပြီး ဘ၀ပျက်တတ်တယ်။
၂၆။ ပြဿနာဖြစ်လာရင် အပေါ်ယံတင် မကြည့်ပဲ ပြဿနာရဲ့ ဇစ်မြစ်ထိ ကြည့်တတ်ရတယ်၊ နောက်ကွယ်က အကြောင်းအရာထိ မကြည့်နိုင်ရင် အဖြေမှန်မပေါ်ပဲ တလွဲဖြစ်သွားတတ်တယ်။
၂၇။ သံဃာတွေဟာ ဘယ်ကိစ္စနဲ့ကြုံကြုံ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေရမယ်၊ လူ့အသိုင်းအ၀ိုင်းက ဆူပူနေရင်လဲ ငြိမ်းချမ်းရေးကိုဖော်ဆောင် သူ Peacemaker ဖြစ်ရမယ်၊ ဆူပူအောင် မလုပ်ရဘူး။
သီတဂူဆရာတော်
ကိုထွန်းဝေ မှ မျှဝေသည်။
( Dhamma Web မှကူးယူဖေါ်ပြလိုက်ပါသည် )

မဲ ပေးနည်း လမ်းညွှန်တဲ့ ကြည့်ထားကြအုန်း ထည့်အလကား ဖြစ်သွားမယ်








Tuesday, August 25, 2015

telenor ဆင်းကဒ် သုံးရပြီ

မော်လူး သံလမ်း  အရှေ့ဘက်အခြမ်း  telenor  ဖုန်းလိုင်းရပြီ  3G  တော့  မရသေးပါ

Sunday, August 23, 2015

မော်လူး စီးမော် တံတား အသစ်ဆောက်တော့မယ်တဲ့

ရတနာပြည့်စုံ  ကုမ္ပဏီ တဲ့

နန့်ဒရန့်  တံတားဆောက်တဲ့ ကုမ္ပဏီ  ဆိုရင်တော့

မော်လူး ကလမ်းတော့  ပျက်ဖို့ရာများသွားပြီ


Friday, August 21, 2015

မော်လူးသားတွေ သတိပြုကြတဲ့ pk ဖမ်းလိမ့်မယ်တဲ့

မော်လူး နယ်သူ နယ်သား များ သတိရှိကြပါ ခရီးသွားလာရင်ပေါ့ မြစ်ကြီးနား အထိသွားခဲ့တာ ပါ ဆိုင်ကယ်က 1. လိုင်စင် မရှိ 2. ဆိုင်ကယ်အုပ်ထုပ် မပါ 3.ယာဉ်မောင်းလိုင်စင်တာပါသည် 4. နှစ်ယော်စီ၏ 5. အားလုံးဟာ မော်လူး မှာမွှေးသော မော်လူးသားများဖြစ်ကြပါသည် ဒါကို ထူးထူး ခြားခြား ဗျာ မြစ်ကြီးနား အထိသွားခဲ့တာဗျာ အပြန်ကို ကြတော့ အကို PK က မော်လူး ရွာအဝင်မှာ ခရာမုတ်၍ လှမ်းတာပါရေား သူ မေး၏ ဘယ်ကလဲ ကျနော်က ပြန်ဖြေပါ တယ် မော်လူးကပါ ဒါဆိုရင် မှတ်ပုံ တင်ပြဆိုတော့ ဗျာ ကျနော်ပြန်မေးလိုက်ပါတယ် အယ်စရင်စစ်တာလားဗျာ သူက တစ်ခါပြန်ပြောပါတယ် မှတ်ပုံတင် ပြဆိုတော့ {ကျနော်စဉ်းစားမိလိုက်ပါတယ် ငါယာဉ်မောင်းလိုင်စင် ရဖို့ မိတ္ထီလာ အထိသွားပြီသင်ခဲ့ရတာ ပေါ့ PK တွေက ဘာကို စစ်တာလဲပေါ့ } ဒါနဲ့ဘဲကျနော် မှတ်ပုံသင် ထုတ်ပေးလိုက်ပါတယ် သူက ကိုင်ကြည့်ပြီး တစ်ခုလှမ်းမေးတယ် ဗျ နာမည်ဘယ်လိုခေါ်လဲ ဆိုတော့ ကျနော်နည်းနည်း တွေးမိလိုက်ပါတယ် ငါ့မှတ်ပုံတင် မှာများ နာမည်းအင်္ဂလိပ် လိုရေးထာလိုများလားပေါ့ နောက်တော့သြော် ငါအတွေးလွန်တာပါလေဆိုပြီး သူမေးတာအကုံးဖြေခဲ့ပါတယ်...ဘာရယ်မှ မဟုတ်ပါဘူး ခရီးသွားလာရင် မထင်မှတ်ဘဲ ကျနော်တို့လိုဖြစ်မှာစိုးလို့ မှတ်ပုံတင်လေ ရောဆောင်ထာသင့်ပါတယ်လို့ .....

fb က  မ  လာတဲ့  ရင်ဖွင့်စကားလေးပါ

Wednesday, August 19, 2015

ယာဉ်မောင်း လိုင်စင် ကောက်ရထားသည်တဲ့ သိရင်အကြောင်းကြားပေးပါ

၁/မညန နိုင် ၀၂၀၅၀၁
ဦးကြည်လှိုင် ဆိုတဲ့
Licence ကောက်ရထားသည်
09780666932
သို့ ဆက်သွယ်ပါ


fb မှာ တက်အော်ထားသော ပေကုန်းဖုန်းအကြောင်း

အင်းတော်မြို့နယ်တွင်းပေကုန်း၊နန့်စီးအောင်အော်တိုတယ်လီဖုန်းကြိုးများပြတ်ကျနေဖုန်းပြောမရတာအတော်ကြာပြီလစဉ်ကြေးတလ၅၀၀ကျပ်သာပေးနေရအထက်မှတာ ဝန်ရှိသူများသိစေချင်

Sunday, August 16, 2015

ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း

ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း
---------------------------------------------------------------------

ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။

၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)

၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။

၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။

၎။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။

ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။ တစ်ပတ်ကို တစ်ကြိမ်သောက်ပေးနိုင်ပြီး ၃ ပတ်ခန့်ဆိုလျှင် သက်သာပျောက်ကင်းသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Saturday, August 15, 2015

မော်လူးသတင်း ခေတ်မီသွားအောင် တင်လိုက်ပါ၏

H.E. Thura U Shwe Mann
ပြည်သူလူထုထံသို့
--------------------

❖ စေတနာ၊ မေတ္တာ၊ စာနာမှုများဖြင့် မိမိအားမေးမြန်းကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါတယ်။

❖ ပြည်သူလူထု၏ မေတ္တာ၊ စေတနာကို အလေးထား လေးစားတန်ဖိုးထားပြီး၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်။

အများအကျိုးဆောင်ရွက်နိုင်ကြပါစေ..။

သူရဦးရွှေမန်း

--

ယနေ့ မော်လူး ဘုရားကြီးကျောင်းတရားပွဲ ဇလုံတောင်ဆရာတော်

ဒု. ဝါဆိုလကွယ်နေ့ . ဝါတွင်းတရားပွဲစဉ်
အမှတ်. ( ၄ )
ဓမ္မကထိကဆရာတော်. ဘဒ္ဒန္တ ဝိဇယ
ဇလုံတောင်သာသနာပြုဆရာတော်
ဓမ္မဒါနဦးဆောင်အလှူရှင်. ဦးတင်ရွှေ. ဒေါ်ခင်ပြုံး(စိုးမျိုးညီရွှေဆိုင်)မိသားစု


သမ္မတ၏ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် မေးမြန်းချက်

သမ္မတ၏ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် မေးမြန်းချက်
ဧရာဝတီ » ဧရာဝတီ / Hsu Wai Linn / 2 hours ago


သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော သူရ ဦးရွှေမန်းကို သြဂုတ်လ ၁၂ ရက် ညပိုင်းက ရာထူးမှဖြုတ်ချလိုက်ပြီး ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပါတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ကြံ့ခိုင်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအ၀င် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့လည်း ဖြုတ် ချ ခံခဲ့ရသည်။

ယင်းသို့ ကြံ့ခိုင်ရေး ပါတီတွင်း အပြောင်းအလဲ အခြေအနေများနှင့်ပတ်သက်ပြီး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်အား ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။  ။ သမ္မတ ဦးသိန်းစိန် က လက်ရှိမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ဥက္ကဋ္ဌ နေရာကို ပြန်ယူလိုက်တယ် ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင် သမ္မတ ဖြစ်သူက ပါတီမှာ ပါဝင်ပတ်သက်ခြင်းမရှိရဘူးလို့ သိရပါတယ်။ အခုလိုမျိုး ပါတီ မှာ တာဝန်ယူလိုက်တယ်ဆိုတော့ ဒါက ဥပဒေကို ချိုးဖောက်ရာ မရောက်ဘူးလား။

ဖြေ။  ။ ပထမဆုံးအချက်က သမ္မတကြီးက ဥက္ကဋ္ဌ ရာထူး နဲ့ ဆက်ရှိနေပေမယ့် ပါတီဥက္ကဋ္ဌ အလုပ်ကို မလုပ်ပါဘူး။ ကျနော်တို့ သိ သလောက်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ အခြေခံစည်းမျဉ်း ပုဒ်မ ၉၉ (ခ) မှာ ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိဘူးဆိုရင် ဒုတိယဥက္ကဋ္ဌ တဦးဦးကို ဥက္ကဋ္ဌ တာဝန်ပူးတွဲ ထမ်းဆောင်စေရမည်လို့ ပါ ပါတယ်။ အဲဒါကြောင့် သူက အရင်က ဦးရွှေမန်းကို ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ဖို့ပေးထားတဲ့ အမိန့်ကို ရုပ်သိမ်းပြီးတော့မှ ဦးဌေးဦး ကို သူ့ကိုယ်စား တာ ဝန် ပေးခဲ့တာ။ ဒါကိုပဲ သူ လုပ်ပါတယ်။ ကျန်တဲ့ဟာတွေ ပြင်ဆင်ဖွဲ့စည်းတာတွေလုပ်တာက ဦးဌေးဦးတို့ လုပ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာမရှိပါဘူး။

မေး။  ။ ပါတီဥက္ကဋ္ဌ တယောက်ဖြစ်နေတဲ့ သမ္မတဦးသိန်းစိန်အနေနဲ့ လက်ရှိမှာ ဦးရွှေမန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုံစံတွေနဲ့ ဆက် လက်လုပ်ဆောင်မလဲ သိချင်ပါတယ်။

ဖြေ။  ။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲထားကတည်းကိုက အရင်တုန်းက ဖဆပလ ခေတ်မှာဖြစ်သလို ပါတီတွင်းရဲ့ သဘော ထား ကွဲပြားမှုတွေက အစိုးရ၊ အုပ်ချုပ်ရေး အတွင်းရဲ့လုပ်ငန်းတွေကို မထိခိုက်အောင်လို့ ကျနော်တို့က မဏ္ဍိုင်တွေကို ခွဲခြားပြီး လုပ်ခဲ့တာလေ။ အဲဒါကြောင့်မို့လို့ ပြည်ခိုင်ဖြိုး ပါတီတွင်းမှာဖြစ်နေတဲ့ ပါတီတွင်းပြဿနာတွေဟာ အစိုးရအဖွဲ့အပေါ်မှာ လာပြီးတော့ သက်ရောက်မှု မရှိသလို သမ္မတကြီးအပါအဝင် ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေကလည်း ပြည်ခိုင်ဖြိုးပါတီကိစ္စတွေမှာ ဝင်ရောက်လွှမ်း မိုး တာ တို့ စွက်ဖက်တာတို့ ရှိမှာ မဟုတ်ပါဘူး။

မေး။  ။  ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ဖွံ့ပါတီ က ကိုယ်စားလှယ်လောင်း ခန့်အပ်တဲ့ အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ လာမယ့် သက်တမ်းမှာ သမ္မတတာဝန်ကို ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ အတိအကျပြောခဲ့တဲ့ ပါတီကိုယ်စားလှယ်လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ (သြဂုတ် ၁၄ ရက်) သတင်းတချို့မှာတော့ သမ္မတရုံးက ဒါကို ငြင်းထားပါတယ်။ အဲဒီအပေါ် ဘယ်လို မှတ်ချက်ပေး ပါမလဲ။

ဖြေ။   ။ သမ္မတကြီးက ရွေးကောက်ပွဲမှာမဝင်တာဘဲ ပြောတာပါ။ သမ္မတ လုပ်မယ်မလုပ်ဘူးဆိုတာကို သူပြောတာမဟုတ်ပါဘူး။ သူ့အနေနဲ့ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဘူး မှတ်ပုံမတင်ဘူးလို့ဘဲ ပြောတာပါ။

မေး။  ။  ဒီတခေါက်က အင်အားကြီးပါတီတခုရဲ့ ကိစ္စဖြစ်သလို ဦးရွှေမန်းဆိုတာကလည်း လက်ရှိ လွှတ်တော်ရဲ့ ဥက္ကဋ္ဌ တယောက်၊ နာယက တယောက်လည်းဖြစ်နေတယ်။ လူထုကတော့ ရွေးကောက်ပွဲလည်း နီးလာပြီ။ ဒါတွေဖြစ်လာတော့ နိုင်ငံရေးပိုင်း ဂယက် ရိုက် ပြီး ရွေးကောက်ပွဲရွေ့ဆိုင်းသွားမှာ စိုးရိမ်ကြတဲ့အပေါ် အစိုးရဘက်က ကတိတခုခုပေးနိုင်ပါမလား။

ဖြေ။  ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်ရင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်၊ နေရာတွေကို သတ်မှတ်ဆုံးဖြတ်တာက ပြည် ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်တာပါ။ ပြည်ထောင်စု အစိုးရအနေနဲ့ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက် ပွဲကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ အုပ်ချုပ်မှု ထောက်ပံ့မှု တရားဥပဒေစိုးမိုးမှု လုံခြုံရေးကိစ္စတွေကို အပြည့်အဝလုပ်ပေးမယ်။ လွှတ်တော်ကလုပ်ပေးတဲ့ တရားမျှတတဲ့ ဥပဒေတွေပြဋ္ဌာန်းမယ်။ ဒီလို သူ့အပိုင်းနဲ့သူလုပ်ဆောင်ဖို့ လုပ်သလို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကလည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာထားပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲကို သတ်မှတ်ရက် အတိုင်းပဲ လုပ်မယ်လို့ ကျနော်တော့ ယူဆပါတယ်။

မေး။  ။ ဦးရွှေမန်းကို တာဝန်လွှဲပေးတဲ့ကာလမှာ ပါတီစည်းရုံးမှု ပျက်ပြားအောင်လုပ်လို့ အခုလို ပြဿနာတွေ ပါတီတွင်းမှာ ဖြစ် တော့ အဲဒါက သမ္မတကိုယ်တိုင် ဆုံးဖြတ်တာလား ဘယ်သူတွေ ဝင်ရောက်အဆုံးအဖြတ် ပေးတာပါလဲ။

ဖြေ။  ။ ဒီလိုကိစ္စကို သမ္မတကြီး ဆီကတဆင့် သိသလောက်တော့ ပါတီက လူအချို့က သမ္မတကြီးဆီကို စာရေးပြီး တင်ပြကြတယ်။ ဒီလိုအခြေအနေကြောင့် ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ စည်းလုံးညီညွတ်မှု၊ ပါတီကို ထောက်ခံတဲ့သူတွေကြားမှာ အမျိုးမျိုးကွဲပြားနေတယ်။ ဒီအခြေအနေကို ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်တယ်လို့ စာနဲ့တင်ပြပါတယ်။ ဒီအပေါ်မူတည်ပြီး သုံးသပ်ပြီးတော့ ဥက္ကဋ္ဌ အဖြစ် ပူးတွဲတာဝန် ထမ်းဆောင်မယ့်သူ(ဦးဌေးဦး) ကို ပြောင်းလဲတာဝန် ပေးလိုက်တာ ဖြစ်ပါတယ်။

မေး။   ။ သမ္မတ က လာမယ့် သက်တမ်းအတွက် ရွေးကောက်ပွဲမဝင်ဘူး ဆိုပေမယ့် ပါတီမှာရော ဥက္ကဋ္ဌ အနေနဲ့ဆက်ရှိပြီး တာဝန် ယူ လုပ်ဆောင်မှုတွေ ရှိနေမှာပါလား။

ဖြေ။  ။ သမ္မတကြီးက ပါတီ ဥက္ကဋ္ဌ အနေနဲ့တော့ရှိနေတယ်။ ပါတီတာဝန်ကို လက်ရှိမှာ သူတာဝန်မထမ်းဆောင်ဘူး။ ဦးဌေးဦး တို့က တာဝန်ထမ်းဆောင်နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဘာဖြစ်မလဲဆိုတာတော့ ကျနော်ထင်တယ်လေ။ ပါတီက ဆုံးဖြတ်ကျမှာပေါ့။ အခုကတော့ ကျနော်ကိုယ်တိုင်လည်း ပါတီဝင်မဟုတ် ပါတီတာဝန်ထမ်းဆောင်နေသူလည်းမဟုတ်တော့ ဒါတွေကို တွက်ချက်ပြီးမခန့်မှန်းချင်ပါဘူး။

မေး။   ။ ကြံ့ခိုင်ရေး ပါတီ ရဲ့ ကိစ္စအားလုံးကို ဦးဌေးဦးကပဲ ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူလိုက်ပြီပေါ့။

ဖြေ။   ။ ပါတီဖွဲ့စည်းပုံအတိုင်း လုပ်မယ်လို့ ဘေးကလေ့လာသူ အမြင်ပဲရှိတယ်။

မေး ။   ။ ဖြည့်စွက်ပြောချင်တာ၊ မှတ်ချက်ပေးချင်တာများ ရှိပါသေးလား။

ဖြေ။    ။ ကျနော်တို့က အစိုးရအဖွဲ့ဆိုတော့ ပါတီရေးရာတွေနဲ့တော့ မဆိုင်ပါဘူး။ လူထုအနေနဲ့ ပါတီရဲ့အပြောင်းအလဲတွေက အစိုး ရ အဖွဲ့အပေါ်မှာ အကျိုးသက်ရောက်မလားလို့ မြင်နေတာကိုတော့ မြင်စရာမလိုဘူး၊ စိုးရိမ်စရာမလိုဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီလိုမဖြစ်အောင်ပေါ့၊ ရှင်းရှင်းလင်းလင်းပြောရရင် ၁၉၅၉ ခုနှစ် ဖဆပလ အကွဲအပြဲဖြစ်တာကို လွှတ်တော်တွင်း ယူလာပြီးတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိခိုက်တဲ့ သင်ခန်းစာကို ယူပြီး ဥပဒေ ရေးဆွဲထားတာကြောင့် ဘာမှထိခိုက်စရာ အကြောင်းမရှိဘူး။ ဒီဘက် ကလည်း ဘာမှသွားပြီးတော့ စွက်ဖက်စရာ အကြောင်းမရှိဘူး လို့ပဲ ပြောချင်ပါတယ်။   ။

Related Images:

[See image gallery at mobile.irrawaddy.org]
The post သမ္မတ၏ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် မေးမြန်းချက် appeared first on ဧရာဝတီ.

Visit website

Wednesday, August 12, 2015

အောင်ရတနာကား မီးလောင်တယ်တဲ့ မန်းလေး မြစ်ကြီးနားကား

Thein Swe Win added 2 new photos — feeling sad.
အဝေးပြေးကားမီးလောင်၊တို့ကျောင်းဝတ်စုံအကုန်ပြောင်။
အောင်ရတနာကားမီင်္းလောင်တာ၊ကျွန်
တော်တို့အင်းတော်မြို့နယ်ကမူလတန်း
ကလေးတွေပေးဖို့ကျောင်းဝတ်စုံတွေနဲ့
ဆရာ/မတွေကိုအခမဲ့ပေးမည့်Diaryစာ
အုပ်တွေမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါ
တယ်။
ဝတ်စုံတစ်စုံတန်ဖိုးကစစ်ကိုင်းအထည်ချုပ်စက်ရုံကမူရင်းစက်ရုံထုတ်ဈေးပါ။
ရေဘေးသင့်တုန်းကကျောင်းသား
တွေမနစ်နာ၊ခုကိုယ်မြို့နယ်ထဲမဖြစ်တဲ့
မီးဘေးကြမှမှူလတန်းကျောင်းသားတစ်
ယောက်ငွေကျပ် ၁၂၅၀ စီဆုံးရှုံးတယ်။
ဆရာ/မတွေကငွေကျပ်၅၀၀ လောက်ဆုံးရှုံတဲ့သဘောပေါ့။်

Friday, August 7, 2015

အဆိုးထဲက အကောင်း



အခုရက်ပိုင်းများတွင် သတင်းများ စာစောင်များထဲမှာ မြန်မာတစ်ပြည်လုံး ရေဘေးကြုံတွေ့နေကြရသည့် သတင်းများ ဖတ်မိပြီး စိတ်မကောင်းကြီးစွာ ဖြစ်မိ၏။ ထိုသို့ ရေဘေးကြုံတွေ့ခဲ့ကြရသည့် နိုင်ငံသားများထဲတွင် ကျနော်သည်လည်း တစ်ဦးအပါအဝင်ပင် မဟုတ်ပါလား။ ကျနော်တို့ဒေသတွင် နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင်အောင် မကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံခြင်းမျိုးကို ယခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် ကြုံတွေ့လိုက်ကြရချေပြီ …။ "တောထဲတွင် ကျားတွေ့ခဲ့သည်ကို အိမ်ရောက်သည့်အခါ ပြန်ပြောတော့ ပေါ့ပျက်ပျက်" ဆိုသည့်စကားလိုပင် … ထိုနေ့ နံနက် ၄ နာရီခန့်ကတည်းက ရွာသွန်းသည့် မိုးသည် နံနက် ၈ နာရီခန့်အထိ မစဲနိုင်သေး …. လမ်းမများပေါ်တွင် မိုးရေများဖြင့် ပြည့်လျှံနေတော့သည်။ ထိုမိုးရေများကို ထပ်မံအားဖြည့်လိုက်သည်ကား ကျနော်တို့ဒေသ၏ အရှေ့ဘက်ရှိ တောင်တန်းများမှ ချောင်းဖျားခံစီးဆင်းလာသည့် ချောင်းရေများပင် …။ ပိုမိုဆိုးရွားသွားစေသည်ကား ထိုချောင်းငယ်၏ စီးဆင်းရာလမ်းကြောင်းပေါ်ရှိ မော်တော်ကာလမ်းမှ ချောင်းကူးတံတား ပြိုပျက်ကာ မီးရထားလမ်းတံတားတွင် သွားငြိပြီး ချောင်းရေကို ကာဆီးထားသည့် ရေကာတာသဖွယ်ဖြစ်ပြီး ရေများသည်ကား ရွာအတွင်းသို့ တဟုန်ထိုး စီးဝင်ကုန်တော့သည်။ မည်သူကမျှ မည်သို့မျှ မျှော်လင့်မထားသည့် အရှိန်အဟုန်မျိုးဖြင့် စီးဝင်ကာ နစ်မြုပ်ကုန်တော့သည်။ မည်သူကမျှ မိမိတို့၏ ပစ္စည်းများကို သိမ်းဆည်းချိန် လုံလုံလောက်လောက်မရလိုက်ကြ …။ ဆေးရုံ ၊ ဘုန်းတော်ကြီးကျောင်းများ၏ တံတိုင်းများ ပြိုကျကုန်သည်…။ ချောင်းကမ်းဘေးရှိ နေအိမ်များ ရေစီးနှင့်အတူ မျှောပါကုန်ကြ၏။ ကုန်သည်များ၏ ပစ္စည်းများ ရေမျှောနစ်မြုပ်ကုန်ကြ၏။ စက်ပိုင်ရှင်များ၏ ဆန်အိတ်များ ရေနစ်ကုန်၏။ ဆုံးရှုံးမှုကား မနည်းလှချေ…..။ ဤသို့နှစ်ပေါင်းများစွာ မကြုံတွေ့ခဲ့ဘူးတဲ့ ရေကြီးရေလျှံမှုကား အဘယ်ကြောင့် ဖြစ်ရလေသနည်း။ ကျနော်တို့၏ လူမျိုးများ သုံးစွဲနေကြ စကားအတိုင်း "ဒါဟာ ကံတရားပါ။ ဝဋ်ကြွေးရှိလို့ ဖြစ်ရတာပါ" ဟု ဖြေတွေးတွေးပြီး ဖြေသိမ့်ကြရမည်လား….။ ဤသို့ဖြစ်ရခြင်းမှာ အဘယ်သို့သော အကြောင်းကြောင့်တွေနည်း။ ကျနော်တို့ လေ့လာဆန်းစစ် တွေးခေါ်မြော်မြင်မကြည့်သင့်ဘူးလား။ ရှည်ရှည်ဝေးဝေးတွေးစရာမလိုပါ။ ကျနော်တို့ဒေသမှာ လွန်ခဲ့သည့် နှစ်အများကြီး မဟုတ်ပါ။ ဆယ်စုနှစ် တစ်ခုကျော်က ရှိခဲ့သည့် သစ်တောသစ်ပင်များ မရှိတော့ခြင်းကြောင့်ပင် …။ အစိုးရက သစ်ထုတ်သည်။ ပေါင်းစားသူများက ခိုးထုတ်သည်။ ဒီလိုတွေနှင့် ရှိသမျှ ကျွန်း၊ တမလန်းပင်တွေက ကုန်သလောက်နီးပါး ဖြစ်သွားခဲ့ရသည် မဟုတ်လား။
ထိုသို့ သစ်တောများပြုန်းတီးခြင်းကြောင့် မိုးခေါင်ရမည့်အစား အဘယ်ကြောင့် မိုးကောင်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားရသနည်းဟု အမေးရှိလာငြားအံ့။ သစ်တောသစ်ပင်များ ပြုန်းတီးခြင်းကြောင့် ဖြစ်ပွားနိုင်သည်မှာ မိုးခေါင်ခြင်းတစ်ခုတည်း မဟုတ်ပါ။ ရာသီဥတုဖောက်ပြန်ခြင်းဆိုသည့် အချက်ပင်…။ အခြားတစ်ခုမှာ သစ်တောသစ်ပင်များရှိစဉ်က ကောင်းကင်မှ ရွာချလိုက်သည့် မိုးရေသည် သစ်ပင်များပေါ်သို့ အရင်ကျရောက်ပြီး ထိုမှတစ်ဆင့် မြေကြီးပေါ်သို့ ကျရောက်ပါသည်။ ထိုသို့ ကျရောက်လာသည့် မိုးရေကို သစ်ပင်၏ အမြစ်များမှ သူတို့တတ်နိုင်သလောက် စုပ်ယူထားလိုက်ကြပါသည်။ သစ်ပင်အမြစ်များ စုပ်ယူရာမှ ပိုလျှံလာသည့် ရေများသည်သာ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသွားကြပါသည်။ ထိုသို စီးဆင်းရာတွင်လည်း သစ်ပင်အမြစ်များက သူတို့အမြစ်အနီးအနားပတ်ဝန်းကျင်ရှိ မြေသားများကို တွယ်ချိတ်ကုတ်တွယ်ထားသဖြင့် မြေပြိုခြင်းများကိုလည်း မဖြစ်ပွားစေပါ။ ယခုတော့ ကောင်းကင်ပေါ်မှ ကျရောက်လာသည့် မိုးရေများသည် သစ်ပင်များမရှိတော့သဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်ပြီး ထိုမိုးရေများကို စုပ်ယူမည့် မြေဆီလွှာကို ထိန်းသိမ်းမည့် သစ်မြစ်များ မရှိတော့သဖြင့် အရှန်အဟုန်ဖြင့် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းကုန်ကြပါသည်။ ထိုပြင် ချောင်းကို ဖြတ်လျှက် တည်ဆောက်ထားကြသည့် ဆည်များကြောင့်လည်း ရေကြီးရေလျှံမှုကို ပိုမိုဖြစ်ပွားစေပါသည်။ ကျနော်ပြောလိုသည်မှာ စနစ်တကျ တည်ဆောက်ထားသည့် ဆည်များကို မဆိုလိုပါ။ အဖြစ်သာတည်ဆောက်ထားသည့် ဆည်များကိုသာ ဆိုလိုခြင်းဖြစ်၏။ ဥပမာ … ရေစီးဆင်းရာ လမ်းကြောင်းရှိ ပထမဆုံး ဆည်သည် ရေထု တစ်ပေကို ထိန်းထားလိုက်ပြီဆိုလျှင် ဒုတိယဆည်မှာ ရေထုနှစ်ပေကို ထိန်းထားရပေမည်။ ထို့အောက်မှ ဆည်များမှာ ထိုနည်းတူစွာ ဆတိုး ဆတိုး ရေကိုထိန်းထားကြပေလိမ့်မည်။ ပထမဆုံး ရေထုတစ်ပေခန့် ထိန်းထားသည့်ဆည်မှ ကျိုးပျက်သွားသောအခါ ဒုတိယဆည်တွင် ရေထုက သုံးပေဖြစ်သွားမည်။ ဒုတိယဆည်ကျိုးပေါက်သွားသောအခါ ရေထုက တတိယဆည်တွင် ၇ ပေဖြစ်သွားပေမည်။ ထိုသို့ ဆင့်ကဲဆင့်ကဲ ဆည်များကျိုးပျက်လေသောအခါ ရေသည်အလုံးအရင်းဖြင့် ကျဆင်းလာကာ ရေကြီးရေလျှံမှုများကို ဖြစ်ပွားစေတော့သည်။ ယခုအဖြစ်အပျက်မှာ ကျနော်တို့ ဒေသတွင် ဖြစ်ပွားသွားသည့် ရေကြီးရေလျှံမှုကို ဥာဏ်မီသလောက် လေ့လာဆန်းစစ် သုံးသပ်ဆင်ခြင်မိခြင်းသာ…။ ကျနော်တို့ဒေသအတွက် ခံသာသွားသည်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခြင်း မြန်ဆန်သလို ရေကျချိန်မှာလည်း မြန်ဆန်သွားခြင်းက အထိနာစေမှုကို သက်သာသွားစေသည့် အချက်ပင် ….။ မည်သို့ပင်ဆိုစေကာမူ ဆုံးရှုံးမှုကား ရှိသည်ဆိုသည့် အမှန်တရားကိုမူ မျက်ကွယ်ပြု၍ မရပေ….။ ဒေသခံတို့၏ ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုကြောင့် အခြားအကူအညီများ ကြီးကြီးမားမား မယူလိုက်ရပဲ …. ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကိုသာမက ရေကြီးရေလျှံမှုကြောင့် နေအိမ်ရေထဲသို့ မျှောပါသွားသူများအတွက်ပါ ပြန်လည် ထူထောင်နိုင်ရန် ကူညီဖေးမပေးနိုင်ခဲ့ကြသည်။ ထိုသို့ဖြစ်ပွားခဲ့သည့် ဆိုးကျိုးသည် ကျနော်တို့ ဒေသခံပြည်သူများအတွက် စည်းလုံးညီညွှတ်မှုကို ခိုင်မြဲစေပြီး ဖေးမကူညီမှု စာနာနားလည်မှုများကို ပေါက်ဖွားစေကာ သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးဒဏ်ကို တုန့်ပြန်တော်လှန်နိုင်ခဲ့ကြသည်မှာ အဆိုးထဲမှ အကောင်းတစ်ခုဟု သတ်မှတ်ရမည်သာ … ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာများသို့ ရေသန့်အလှူများ၊ ဝမ်းလျှော ဝမ်းပျက်ကာကွယ်ဆေးနှင့် ဓာတ်ဆားထုပ်များ၊ ရေသန့်ဆေးများ ရောက်ရှိအောင် ပရဟိတအဖွဲ့ငယ်များမှ ဆောင်ရွက်နိုင်ခဲ့သလို သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ကျရာနေရာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်းကြောင့် သာ မဟုတ်ပါလား။ ဤသို့သော စည်းလုံးညီညွှတ်မှု ဖေးမကူညီမှု စာနာနားလည်မှုများသည် ကျနော်တို့ဒေသတွင်သာတွင်မက ကျနော်တို့ နိုင်ငံတစ်ခုလုံး၏ နိုင်ငံသားတိုင်း၏ ရင်ထဲမှာ ကိန်းအောင်းတည်ရှိနေပြီးသား ဖြစ်ကြောင်း ရေဘေးကြုံတွေ့နေကြရသည့် ဒေသများသို့ သွားရောက်ကူညီဖေးမ လှူဒါန်းကြသည်ကို မြင်တွေ့နေကြရသည် မဟုတ်ပါလား။ ဒီစိတ်ဓာတ် ဒီစည်းလုံးမှုမျိုးရှိနေကြသည့် ကျနော်တို့နိုင်ငံ ကျနော်တို့လူမျိုးများအတွက် ပိုမိုကောင်းမွန်သော စနစ်နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံဆီသို့ ကျနော်တို့နိုင်ငံသားများ မလွဲမသွေ ချီတက်ရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်လျှက် ……
ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . .
k.t.w.l

Sunday, August 2, 2015

့မြို့နယ်စည်ပင်က တာဝန်ရှိသူတွေ သိစေဘို့ fb မှာ ရင်ဖွင့်ထားတဲ့ အကြောင်းပါ

ဟုတ်ပါသည်

စည်ပင်သာယာဆိုတာ  ပြည်သူတွေဆီက  ပိုက်ဆံတောင်းဖို့  ဖွဲ့ထားတဲ့  အဖွဲ့ အစည်းလား?

မြို့ရွာ  စည်ပင်သာယာဝပြောအောင်  ဖွဲ့စည်းထားတဲ့အဖွဲ့လား?

ဝေခွဲရခက်နေပါပြီ

တာဝန်ရှိသူတွေ  ပြန်ဖြေကြည့်ပါ

ပိုက်ဆံကောက်ချိန်  ရောက်လာပြီး
မော်လူးဒုက္ခ  ရောက်ချိန် လူ့အသိစိတ်ရှိရင်
လာရောက် ဖြေရှင်းကူညီသင့်ပါသည်။

ယခု အမှိုက်တွေ  ဘယ်နေရာ  ပစ်ရမှာလဲ?

လမ်းပေါ်က  အမိုက်တွေ  ဘယ်သူလာရှင်းမှာလဲ?

ထပ်မပြောလိုတော့ပါ




Friday, July 31, 2015

"မိမိကျင်ငယ်ရည်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက် (၄) ချက်"

"မိမိကျင်ငယ်ရည်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက် (၄) ချက်"
ကျင်ငယ်အရောင်အဆင်းက မိမိရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကို ဖော်ပြနေတယ်ဆိုတာ သိပါရဲ့လား။
ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်ဖြစ်ချင်ရင် ဒီအချက် (၄) ချက်ကို ဖတ်ရှုပါ။
၁။ လူ ၈၀% က တစ်နေ့ ၇ ကြိမ် ဆီးသွားကြပါတယ်။
၂။ ကျန်းမာရေး ကောင်းမွန်သူ တစ်ယောက်အနေနဲ့ ဆီးသွားချိန် ၇ စက္ကန့်ကြာသင့်တယ်။
၃။ အရွယ်ရောက်လူကြီးတစ်ဦးရဲ့ ဆီးအိမ်က ကျင်ငယ်ရည် 300- 500ml တောင့်ခံနိုင်တယ်။
၎။ ကျင်ငယ် အရောင်က မိမိကျန်းမာရေးကို အရမ်း စကားပြောပါတယ်။
ဝါဖျော့ဖျော့အရောင်။ ။ ရေများများသောက်တတ်တဲ့ အကျင့်လုပ်ပါ။
ကြည်လင်နေတဲ့အရောင်။ ။ ဒါ…သတင်းကောင်းပေါ့။ ခန္ဓာကိုယ်မှ ရေဓာတ်ကောင်းကောင်း ရနေတာပါ။ သို့ပေမယ့် မိမိရေသောက်နှုန်း ဒီ့ထက် ပိုမြင့်လို့ ရနိုင်တယ်။
အဝါရင့်ရောင်။ ။ အရောင်ရင့်နေပါက ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ပျားရည်ကဲ့သို့ အရောင်ဖြစ်လာရင် ရေများများသောက်ပေးဖို့ ခုပဲ စတင်လိုက်ပါ။
အညိုရောင်။ ။ ပြင်းထန်သော အသည်းရောဂါ ကူးစက်မှု အရမ်းများပါတယ်။ ဆီးထဲ သွေးရောပါနေတာ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။
အနီ သို့မဟုတ် ပန်းရောင်။ ။ ခန္ဓာကိုယ်တွင်း တစ်စုံတစ်ခု အပြင်းအထန် ဖြစ်နေပြီလို့ ဆိုနိုင်တာကြောင့် စိုးရိမ်ရမယ့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ကျောက်သယ်ခြင်း သို့မဟုတ် ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။
အပြာ၊ အစိမ်း၊ လိမ္မော်ရောင် သို့မဟုတ် တခြားအရောင်တစ်မျိုးမျိုး။ ။ ဒါ အရောင်ဆင်းရှိတဲ့ အစားအစာ တစ်ခုစားလို့ မဖြစ်နိုင်ပါဘူး။ စားသောက်ကုန်ဆိုးဆေးတွေရဲ့ အကျိုးဆက် ဖြစ်ပါလိမ့်မယ်။
Credit: TrendMyanmar
Posted by lutawlupyaw


Wednesday, July 29, 2015

ရေလွှမ်းမိုးခံခဲ့ရသည့် ဒေသများသို့ . . .

ရေကြီးရေလွှမ်းခဲ့သောမော်လူးဒေသခံများထံသို့ အလှူငွေနှင့်ဝမ်းလျှော
ဝမ်းပျက်ရောဂါကာကွယ်ခြင်း ကုသခြင်းဆိုင်ရာဆေးဝါးများလှူဒါန်းကာ
ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
မော်လူး ဇူလိုင်၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရေကြီးရေလျှံမှုများဖြစ်ပွါးခဲ့သောမော်လူးဒေသခံများထံသို့အလှူငွေနှင့်
ဝမ်းလျှော ၀မ်းပျက်ရောဂါကုသဆေးနှင့် ရေသန့်ဆေးထုပ်များပေး
အပ်လှူဒါန်းခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး
ရွှေယောမန်းမော်တော်ယာဉ်ကားဂိတ်တွင်
ဇူလိုင်၂၉ရက်နေ့နံနက်၁၁နာရ်ီအချိန်ကပြုလုပ်ခဲ့သည်။
အင်းတော်မြို့နယ်တွင်ဇူလိုင်လအတွင်းမိုးများအဆက်မပြတ်ရွာသွန်းလျှက်ရှိရာဇူလိုင်၂၄ရက်နေ့က
မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မော်လူးကျေးရွာအုပ်စု၊
သူရောင်းကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာအုပ်စု
များရှိရေကြီးရေလွှမ်းရာနေရာများတွင် ဖြစ်ပွါးနိုင်သော ၀မ်းလျှော
ဝမ်းပျက်ရောဂါများ  ကြိုတင်ကာကွယ်ခြင်းနှင့်
ကုသခြင်းဆိုင်ရာလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် PSI /Myanmar
နှင့်စေတနာအလှူရှင်များ လှူဒါန်းသည့် Orasel Kit and Zin Tab
အထုပ်(၁၀၀၀)ကို Health Service Supervisor ဦးဝင်းမင်းနိုင်မှ
ပေးအပ်လှူဒါန်းရာ သူရောင်းကျေးရွာအုပ်စုမှ ကျန်းမာရေးအရံသားဖွါးဆရာမ(Sun
Primary Health Providers)ဒေါ်ခင်မာရီနှင့် ဒေါ်ရီရီ၊
ဂွေ့ကြီးကျေးရွာအုပ်စု အရံသားဖွါးဆရာမဒေါ်ခင်မာကြူတို့ထံပေးအပ်ခဲ့ပြီး
အဆိုပါဝမ်းလျှော ၀မ်းပျက် ကျန်းမာရေးအထောက်အကူပြုဓါတ်ဆားထုပ်များနှင့် (P
& G)ရေသန့်ဆေးမှုန့်ထုပ်များကို လက်တွေ့သရုပ်ဖေါ်ပြသခဲ့ကြောင်း၊
သူရောင်းကျေးရွာအုပ်စုရေကြီးရေလွှမ်းရာသို့တာဝန်ခံအရံသားဖွါး ဆရာမထံ(P &
G)ဆေးမှုန်ထုပ်များနှင့် ဓါတ်ဆားထုပ်ဗူး(၂၀၀)၊
ဂွေ့ကြီးကျေးရွာအုပ်စုရေကြီးရေလွှမ်းရာသို့ တာဝန်ခံအရံသားဖွါးဆရာမထံ (P &
G)ဆေးမှုန့်ထုပ်နှင့် ဓါတ်ဆားဗူးအထုပ်(၄၀၀)၊
မော်လူးကျေးရွာအုပ်စုဟဲနုကျေးရွာသို့  (P & G)ဆေးမှုန့်ထုပ်နှင့်
ဓါတ်ဆားဗူးအထုပ်(၄၀၀)တို့ကိုပေးအပ်ခဲ့သည်။ ထို့နောက်
နေ့လည်(၁)နာရီအချိန်တွင် (HSS)ဦးဝင်းမင်းနိုင်နှင့်(SPH)ဆရာ၊ ဆရာမများ
(One Candle)လူငယ်ပရဟိတအဖွဲ့တို့ပူးပေါင်းကာ
ဟဲနုကျေးရွာရေကြီးရေလွှမ်းရာနေရာများသို့ အိမ်တိုင်ရာရောက်ကွင်းဆင်းကာ(P &
G)ရေသန့်ဆေးမှုန့် ထုပ်များနှင့် ဓါတ်ဆားဗူးအထုပ်(၄၀၀) တို့ကို
လက်တွေ့သရုပ်ဖေါ်ပြသခဲ့ပြီးဖြန့်ဝေပေးအပ်ခဲ့ပါသည်။
အဆိုပါ PSI/Myanmar မှ Dr.ရဲနိုင်ထွဋ်နှင့် Dr.ယုယုဝေတို့က
ဟဲနုကျေးရွာရေဘေးသင့်အိမ်ထောင်စု(၆)အိမ်
ကိုတစ်အိမ်ထောင်စုလျှင်ငွေကျပ်(၇၁၀၀၀)နှင့်
ညောင်ပင်သာရွာရေဘေးသင့်အိမ်ထောင်စု(၁)အိမ်ကို
ငွေကျပ်(၇၄၀၀၀)စုစုပေါင်းထောက်ပံငွေ(၅)သိန်းကို
ယင်းမိသားစုဝင်များအားစားဝတ်နေရေး ပြေလည်စေရန်ရည်ရွယ်ကာ
ဇူလိုင်၂၆ရက်နေ့ကပေးအပ်လှူခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါအင်းတော်မြို့နယ်
မော်လူးဒေသအတွင်းရေကြီးရေလွှမ်းရာဒေသများတွင် တံတားဆောက်ခြင်း၊
လမ်းပြင်ခြင်း၊ ကျန်းမာရေးအထောက်အကူပြုဆေးဝါးများပေးအပ်ခြင်း၊
အလှူငွေများထောက်ပံ့ပေးအပ်ခြင်း တို့ကိုဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူမှုကူညီရေးအသင်းအဖွဲ့အသီးသီးတို့က ရေဘေးကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို
အစဉ်တစိုက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်

မော်လူး အထကတွင် ဝါဆိုသင်္ကန်း ကပ်လှူ

မော်လူးအထကတွင် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
မော်လူး ဇူလိုင် ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူးးအခြေခံပညာအထက်တန်းကျောင်းသရဖီ ခန်းမဆောင်တွင်
ဇူလိုင်(၂၉)ရက်နေ့ညနေ၃နာရီအချိန်က၀ါဆိုသင်္ကန်းဆက်ကပ်လှူပွဲဒါန်းပွဲကို
ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင်
ဒက္ခိဏရာမကျောင်းတိုက်ဦးစီးပဒါနနာယကဆရာတော်ဘဒ္ဒ န္တ၀ါယာမ
ဦးစီးသောပင့်သံဃာ(၈)ပါးတို့ထံမှ
ကျောင်းအုပ်ဆရာမကြီးဒေါ်သောင်းတင့်နှင့်ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူ(၂၀၀၀)ကျော်တို့က ပရိတ်တရားတော်များကိုအတူတကွနာယူကြည်ညိုကြပြီး
ဝါဆိုသင်္ကန်းနှင့်
သံဃာတော်တစ်ပါးလျှင်ငွေကျပ်(၇၅၀၀၀)တို့ကိုကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ
ဆရာများက အသီးသီးဆက်ကပ်လှူဒါန်းကာ ရေစက်ချအမျှပေးဝေခဲ့ကြကြောင်းသိရသည်

Friday, July 17, 2015

၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲ


18.7.2015 ရက်နေ့အထိ ပေးပို့ထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာလေးတွေ နောက်ထပ်ပေးပို့လာတဲ့ ကဗျာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါကြောင်း . . .

( ၁၉ ) ဇူလိုင်သို့.............
*********
အာဇာနည် တဲ့ ဟုတ်လား.......
ဒီနာမည်တစ်လုံး အတွက် ခင်ဗျားတို့ အသက်တွေပေးခဲ့ရတယ်ပေါ့....
မတန်လိုက်တာဗျာ..............။
မျှော်လင့်ချက်ရောင်ခြည်တွေ ပျောက်ဆုံးလို့
ကျုပ်တို့နိုင်ငံ အမှောင်တွေဖုံးလွမ်းနေခဲ့တာ
ရာစုနှစ် တစ်ဝက် ကျော်နေပြီဗျ.........
ဒါတွေကိုတော့
့ခင်ဗျားကြီးတို့ သိမသွားခဲ့ဘူးပေါ့.....။
၁၉၄၇ ရဲ့ နံနက်ခင်းဟာ မိုးတွေမရွာပဲ
နေခြည်တွေပဲ ဖြာဆင်းနေခဲ့ရမှာပါဗျာ.......
ခုတော့ အဲ့အချိန်က နိမိတ်ဆိုးတွေက
ခုချိန်ထိတိမ်ပုတ်တွေ အုပ်ြ်ပီး
ခိုး ဆိုး ညစ်ပတ်နေကြတုန်းပဲလေ....။
ငစော တစ်ဘို့ထဲသမား
မင်းကမြန်မာပြည်မှာကို
လူဖြစ်မလာသင့်တဲ့ကောင်........။
မင်း ရဲ့ လုပ်ရပ်ဆိုးကြီးက မင့်ထက်ဆိုးတဲ့ကောင်တွေကို
မွေးထုတ်ပေးလိုက်သလိုပဲ.........့
တိုင်းပြည်ကတော့
ချောက်ထဲကကို မတက်တော့ဘူး....။
အမည်မသိ ဘီလျံနာတွေပဲ
တစ်ယောက်ပီးတစ်ယောက့် ထွက်လို့
သူတို့ပိုင်တဲ့ ပြည်ကြီးကိုဖြစ်နေရောပဲ.........။
ရုပ်ရှင်လို ပြန်ရိုက်လို့ရရင်
စိုးကြီး တို့အဖွဲ့ ငစော အိမ်ကတောင်ထွက်လိုက်ရမှာမဟုတ်ဘူး...။
အတန်တန် သတိပေးတဲ့ကြားက
ကိုယ့်အတွက် ကိုယ့်အသက်ကို
ထည့်မတွက်ခဲ့ကြတဲ့လူတွေ......။
ခုတော့ ဇူလိုင် ၁၉ တစ်ရက်ပဲ ခင်ဗျားတို့
အပိုင်ရခဲ့တော့တာပေါ့ဗျာ.........။
ဒါတောင် ဆယ်စုနှစ်ချီပီး
အမေ့လျော့ခံခဲ့ရသေးတယ်...........။
ဇူလိုင် ရာ မင့်ရဲ့ ပြက္ခဒိန်ပေါ်မှာ
အစကတည်းက ၁၉ ဆိုတဲ့နေ့ကို ဖျောက်ပစ်ခဲ့ရမှာကွ။
ခုတော့ ...အဲ့ဒီနေ့ဟာ
ရောင်နီမလာ နေခြည်မဖြာရပါပဲ
ုဟိုမသာ အကောင်စုတ်တွေနဲ့
ဖောင်လုပ်ပီး ကူးနေလိုက်ရတာ
ကမ်းကို မမြင်သေးဘူးးးးးးးးးး။
လူးငယ်
17.7.2015/8:30PM
@@@@@@@@@@@@@@@@@@@@@@@@@
19th in July
*********
The day which the clouds met,
The day which the weather was wet,
was Saterday 19th in July,1947.

The day which General Aung San and Heros falled,
was Saterday 19th in July,1947.
 The day which we can't forget is Saterday 19th in July.


long=တောင့်တသည် အောက်မေ့သည်
wet= ( adj)်
  Naychi Nway Nway
@@@@@@@@@@@@@@@@@@@@@@@@@@@

မမေ့နိုင်တဲ့နေ့
*********
* နိုင်ငံလူမျိုး လွတ်လပ်စေဖို့
အားစိုက်ကြိုးပမ်း
ရွက်သယ်ထမ်းပိုး
အမျိုးကောင်းသားတို့ . . .
ကျဆုံးခဲ့ရ . . . .
တစ် ကိုး လေး ခွန်(၇)
ဇူလိုင် ၁၉
ကြမ္မာဆိုးကို
ယနေ့တိုင်သာ မမေ့နိုင်ပါ။
* ရှေး ရှေး ယခင်
ထိုဖြစ်အင်ကို သတိရစေဖို့
၁၉ ဇူလိုင်
ရောက်လာလေတိုင်း
ဥသြသံညံ
ရောက်ရာမှာရပ်
အောက်မေ့သတိရ တမ်းတမှုကို
ငြိမ်သက်စွာနဲ့
ဖော်ပြခဲ့ကြ . . . .
* အခုများတော့လေ
လွမ်းစရာပေပ
ဥသြသံဆိတ်
အာဇာနည်နေ့ကို
မမှတ်မိအောင်
ဖျောက်ဖျက်ပစ်ကြ
လုပ်ရက်ကြပေ . . . .။
* ဘယ်လိုဖျက်ဖျက်
ဘယ်သို့ဖုံးဖုံး
ပြည်သူတွေရဲ့
နှလုံးသားထဲမှာ
ကမ္ဘာဆုံးတိုင်
စွဲမြဲနေမယ့်
နေ့တစ်နေ့ပေ . . .။
မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်သွားခဲ့ကြသည် အာဇာနည်သူရဲကောင်းများအား အစဉ်သတိရ အောက်မေ့တမ်းတခြင်းများစွာဖြင့် . . .
မော်ဂင်
mawlu news group မှ ပြုလုပ်မည့် ၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် ပေးပို့လာသည့် ဒုတိယမြောက် ကဗျာ
@@@@@@@@@@@@@@@@@@@@@@@@@@@@@



ဇူလိုင်ရေ . . .
*********
ဇူလိုင်ရဲ့ မိုးရေစက်တွေက
ငါ့ရင်ဘတ်ကို ဝမ်းနည်အောင်
လာရိုက်ခတ်နေကြပေါ့ . . . .
ဇူလိုင်ရေ . . . .
နင့်ကို ငါမုန်းလိုက်တာ
၁၉ ဇူလိုင်ဆိုတာ မရှိခဲ့ရင်
ငါတို့ ဝမ်းနည်းနေရမှာ
အားငယ်နေရမှာ
အဖိနှိပ်ခံနေရမှာ
ဆင်းရဲနေရမှာ . . . မဟုတ်ဘူး . . .
ဇူလိုင်ရေ . . . .
ဒီအတွက်
မင်းနောင်တရနေပြီ မဟုတ်လား
ဒီအတွက် မင်းငိုနေရပြီ မဟုတ်လား
မင်းသိပ်ရက်စက်တယ် ဇူလိုင်ရေ . . .
ခေါင်းဆောင်ကြီးတွေကျဆုံး
တစ်တိုင်ပြည်လုံး သွေးပျက်
အလင်းမဲ့နေ့ရက်တွေကိုရောက်အောင်
မင်းဆောင်ကြဉ်းခဲ့ပေါ့။
ဒီလိုနဲ့ . . .
ငါတို့ရင်ဘတ်တွေထဲကို
တစ်သက်စာ အလွမ်းတွေနဲ့
တသသဖြစ်နေအောင်
မင်းလုပ်ထားရက်တယ်
ဇူလိုင်ရေ . . .။
လဘ်ကောင်
အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် ပထမဆုံးပေးပို့လာသည့် ကဗျာဆရာ လာဘ်ကောင်ရဲ့ ''ဇူလိုင်ရေ . . . ''ဆိုတဲ့ ကဗျာလေးပါ။

အုန်းဒုတ်​ရွာ၌ကတ်​တရာလမ်းထပ်​ပိုးလွာခင်း​ဆောင်​ရွက်

အုန်းဒုတ်​ဇူလှိုင်​၎
မော်​လူး​ဒေသအုန်းဒုတ်​ရွာတွင်​ကိုယ့်​အားကိုယ်​ကိုးကတ်​တရာထပ်​ပိုးလွှာခင်းလမ်းအကျယ်​၁၂​ပေအမြင့်​၆လက်​မအရှည်​​ပေ၂၀၀၀ဖြစ်​သည်









မော်လူး ဒေသ မှာ တော့ မြင်ကြတဲ့ အတိုင်းပါဘဲ

ထီးချိုင်မြို့မှာ သံဃာတော် ဆွမ်းခံထွက်ရင် စက်ဘီး/ဆိုင်ကယ်များက အောက်ဆင်းတွန်းသွားတဲ့ ချစ်စရာ ဓလေ့



Wednesday, July 15, 2015

တူယှဉ်နွဲပျော် ကဗျာပြိုင်စို့ online ပေါ်

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ mawlu news group မှ ကဗျာပြပွဲကို ပြုလုပ်မည်ဖြစ်ပါသည်။ ယင်းကဗျာပြပွဲသို့ မိမိတို့ကိုယ်တိုင်ရေးစပ်သီကုံးထားသည့် ကဗျာများ ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ပါသည်။ မိမိကိုယ်တိုင် ရေးစပ်းထားကြောင်း ဝန်ခံကတိပါရှိရပါမည်။ ယင်းသို့ ပေးပို့လာသည့် ကဗျာများထဲမှ mawlu news group မှ Admin များ အနှစ်သက်ဆုံး ကဗျာ ငါးပုဒ်အားရွေးချယ်ပြီး ငါးထောင်တန် ငွေဖြည့်ကတ် တစ်ကတ်စီဆုချီးမြင့်မည် ဖြစ်ပါသည်။ သို့ပါ၍ ကဗျာနှင့်အတူ ကိုယ်တိုင်ရေးစပ်ကြောင်း ခံဝန်ကတိနှင့်အတူ မိမိတို့၏ ဖုန်းနံပါတ်များ ထည့်သွင်းပေးစေလိုပါသည်။ ကဗျာများကို mawluuvillagers@gmail.com သို့ လည်းကောင်း mawluu villagers facebook chatbox သို့လည်းကောင်း ပေးပို့နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပေးပို့လာသည့် ကဗျာအားလုံးကို မော်လူးသတင်းဆိုဒ်တွင် ဖော်ပြပေးမည်ဖြစ်ပါသည်။ မမေ့သင့် မမေ့အပ်သော နေ့တစ်နေ့အား မမေ့သောအားဖြင့် mawlu news group

Monday, July 13, 2015

Saturday, July 11, 2015

တစ်ခါတုန်းက ဘဝတွေ . . .

တစ်ခါတုန်းက ဘဝတွေ ၃
"ဟာ ….. ညတုန်းက အိမ်ကို သူခိုးဝင်သွားတာ ဆိုင်ကယ်တစ်စီးပါသွားတယ်…" အခုတစ်လော ကျနော်နေထိုင်ရာ ကျေးရွာလေးမှာ မကြာခဏဆိုသလို သူခိုးဝင်ခိုးတာတွေ ခံနေကြရတယ်….။ ဆိုင်ကယ်တွေအခိုးခံကြရ …. တယ်လီဖုန်း ဟန်းဆက်ဆိုင်တွေ အဖောက်ခံကြရနဲ့ … သူခိုးသောင်းကျန်းမှုဒဏ်ကို တော်တော်လေး ခံနေကြရပါတယ်။ သက်ဆိုင်ရာကလည်း အမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် ကြိုးစားနေကြပုံရပါတယ်…. အခုထိတော့ သူခိုးဖမ်းမိတယ်ဆိုတဲ့ သတင်း မကြားမိသေးပါဘူး။ ဒီလို သူခိုးသောင်းကျန်းနေတာကြားရ သိရတော့ ကျနော်တို့ ကျောင်းသားဘဝက သူခိုးဖမ်းပွဲလုပ်ခဲ့ကြတာလေး သတိရမိသားဗျ။
ကျနော်မြစ်ကြီးနားမှာ GTI တက်တုန်းကနေခဲ့တဲ့ အဆောင်က ပန်ဆွန်ဟိုတယ်ကြီးရဲ့နောက်ကျော လမ်းကြားလေးထဲမှာရှိတဲ့ နှစ်ထပ်အိမ်ကြီးပါ။ အပေါ်ထပ်တစ်ထပ်လုံးမှာ ကျနော်တို့ ကျောင်းသား ၁၅ ဦးလောက်ရှိမယ်ထင်ပါတယ်။ GTI နောက်ဆုံးနှစ်ကျောင်းသားတွေရယ်၊ MIT ကပထနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေရယ် ….နေကြတာပါ။ အခန်းတွေက နှစ်ယောက်ခန်း၊ လေးယောက်ခန်းတွေ…. အောက်ထပ်မှာတော့ အိမ်ရှင်တွေနေကြပါတယ်။ အိမ်ရှေ့မျက်နှာစာ မြောက်ဘက်နားမှာ ရေတွင်းတစ်တွင်းနဲ့ ရေလှောင်ကန်ရှိပြီး အဝတ်လှန်းဖို့ ကြိုးတန်းလည်းရှိပါတယ်။ ကျနော်တို့တွေ ရေချိုးအဝတ်လျှော်ပြီး အဝတ်အစားတွေကို လှမ်းတဲ့နေရာပါ။ အိမ်ဝင်းကိုတော့ အောက်ပိုင်းက အုတ်တံတိုင်း အပေါ်ပိုင်းက သံပန်းကာထားပါ။ ဝင်းတံခါးကတော့ သံတံခါးပါ။ အိမ်ရှေ့ဝင်ပေါက်မှာ အုတ်ခုံဝိုင်းလေးနဲ့ ရေတမာပင်ကြီးရှိနေပါတယ်။ လမ်းကြားဆိုတော့ ညဆိုမှောင်နေပါတယ်။ ကျနော်တို့နေစဉ်က မြစ်ကြီးနားမြို့ဟာ လျှပ်စစ်မီးမှန်မှန်မရပါဘူး။ ကျနော်တို့တွေက ရေချိုးအဝတ်အစားလျှော်လှန်းပြီး ညပိုင်းကို မသိမ်းမိပဲ လှမ်းထားတဲ့အတိုင်း ပစ်ထားမိတတ်ကြပါတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ မသိမ်းမိတဲ့ အဝတ်အစားတွေပျောက်ကုန်ပါတော့တယ်။ သူခိုးခိုးခံရတာပါ။ ခိုးတဲ့ သူခိုးကအလည်ဗျ….။ လှမ်းထားတဲ့ အဝတ်အစားတွေအားလုံးကိုယူ အဲ့ဒီအထဲကမှ တန်ဘိုးရှိတဲ့ အဝတ်အစားတွေကိုပဲ ရွေးယူပြီး တန်ဖိုးနည်းတဲ့ အဝတ်အစားတွေကိုတော့ လမ်ဘေးက မြောင်းထဲမှာ ပစ်ထားခဲ့ကြတာ….။ ကျောင်းသားတွေရဲ့ ဂျင်းဘောင်ဘီရှည်တွေအခိုးခံလိုက်ရတာပေါ့။ ဒါကို မကျေမနပ်ဖြစ်ကြတဲ့ ကျနော်သူငယ်ချင်းတွေက သူခိုးကို စောင့်ဖမ်းဖို့ အစီအစဉ်တစ်ရပ်ရေးဆွဲပါတယ်။ ကျနော်တို့နေတဲ့ အိမ်အပေါ်ထပ်ကနေက အိမ်ရှေ့မျက်နှာစာတစ်ခုလုံးကို မြင်နေရတာပါ။ သူခိုးဖမ်းဖို့ အစီအစဉ်အတွက် ညပိုင်းကို အဝတ်တွေမသိမ်းပဲ ပစ်ထားကြမယ်။ အဝတ်တွေက ညအမှောင်မှာ မြင်သာမယ့် အရောင်ဖြစ်တဲ့ အဖြူရောင် အင်္ကျီတွေကို ထားမယ်ဆိုတဲ့ အစီအစဉ်ပါ။ ညတိုင်း အဆောင်နေ ကျောင်းသားတွေထဲက နှစ်ယောက်ကျ အိမ်ခန်းထဲမှာ မအိပ်ပဲ အိမ့်အပေါ်ထပ် အပြင်မှာ သူခိုးစောင့်ကြတာပေါ့။ ကျနော်တို့ အိပ်ခန်းအပေါက်ဝတွေမှာ နှစ်တစ်လက်မ အသားချောင်းတွေ ထောင်ထားပေးပါတယ်။ သူခိုးလာရင် အဆင်သင့်ကိုင်ပြီး လိုက်ဖမ်းကြရအောင် ဆိုပါတော့။ သိပ်ကြာကြာ မစောင့်လိုက်ရဘူး…. တစ်ပတ်လောက်အကြာ ညဆယ်နှစ်နာရီကျော်မှ ကင်းစောင့်ကျတဲ့သူတွေက အိပ်ခန်းထဲမှာ အိပ်နေတဲ့ ကျောင်းသားတွေကို နှိုးပြီး အရင်ဆုံး ကင့်စောင့်ကျတဲ့သူနှစ်ယောက်က တုတ်ကိုယ်စီကိုင်ပြီး တိတ်တိတ်လေးအောက်ကိုဆင်း … ကျန်တဲ့ ကျောင်းသားတွေကလည်း နောက်တိတ်တိတ်လိုက်ဆင်းပေါ့။ သူခိုးတွေက အောက်ခြေက ကာထားတဲ့ အုတ်တံတိုင်းလေးပေါ်တက် သံပန်းကို လက်တစ်ဘက်ကကိုင် ကျန်တဲ့ လက်တစ်ဘက်က ချိတ်တပ်ထားတဲ့ဝါးလုံးလေးကိုကိုင်ပြီး ကြိုးတန်းမှာ လှန်းထားတဲ့ အဝတ်တွေကို ချိတ်ယူကြတာရယ်။ အောက်ကို အရင်ရောက်သွားတဲ့ ကျောင်းသားနှစ်ယောက်မှာ တစ်ယောက်က ဝင်းတံခါးကို ဆွဲဖွင့် ကျန်တစ်ယောက်က တုတ်ကိုင်ပြီး "ဟေ့ကောင် …. မပြေးနဲ့ …. သူခိုး …သူခိုး …" အော်ပြီး လိုက်တော့တာပေါ့။ ကျန်တဲ့ ကျောင်းသားတွေလည်း နောက်ကလိုက်ကြပါတယ်။ လမ်းကြားလေးထဲကနေ လမ်းမကြီးရောက်ခါနီး စွယ်တော်ပင်လေးနားမှာ သူခိုးနောက်က ကပ်လိုက်သွားတဲ့သူက နောက်ကနေ တုတ်နဲ့ လှမ်းရိုက်လိုက်တော့ ပြေးနေတဲ့ သူခိုး မှောက်ရက်လဲကျသွားပါတော့တယ်။ ကပ်ရပ်ပါလာတဲ့သူက ဆက်ရိုက်မလို့ကြည့်တော့ သူခိုးလေးက ၁၂ နှစ် ၁၃ နှစ်သားလေး ဖြစ်နေတာမို့ …. ကြောင်ပြီး ရပ်နေမိစဉ် …. " ဖုန်း … ခွပ် ..ခွပ်…. မင်းလားကွ … သူခိုး … ငါတို့ရပ်ကွက်ထဲကိုများ လာခိုးရဲသေးတယ်… ခွပ် ..ခွပ်…" ဆိုတဲ့ အသံတွေနဲ့ သူခိုးလေးပေါ်ကနေ ကားယားခွထိုင်ပြီး အားပါးတရတွယ်နေတဲ့ လူကို ကျနော်တို့ ကျောင်းသားတွေ အတင်းဆွဲဖယ်ပြီး "ဟေ့ …လူ … ခင်ဗျားက ဘယ်သူလဲ … ဘယ်ကလဲ"လို့မေးတော့ "ငါက ဒီရပ်ကွက်က ရပ်ကွက်မှူးကွ" လို့ပြန်ဖြေတော့ "ရပ်ကွက်မှူးဆိုလည်း ကလေးကို မရိုက်နဲ့တော့ဗျာ… သူခိုးဆိုပေမယ့် ကလေးပဲရှိသေးတာ …."လို့ပြောကြတော့မှ ရပ်ကွက်မှူး ငြိမ်သွားပါတယ်။ "ကျနော်တို့ သူ့ကို ရဲစခန်း ပို့လိုက်ပါ့မယ် "လို့ ပြောပြီး သူခိုးလေးကို အဆောင်ရှေ့ခေါ်လာခဲ့ကြပါတယ်။ အဆောင်ရှေ့ရောက်တော့ ရေတမာပင်ကြီးမှာ သူခိုးလေးကို ကြိုးနဲ့တုပ်လိုက်ပါတယ်။ ပြီးတော့ ကျောင်းသားတွေက တစ်ယောက်တစ်ခွန်း စစ်ဆေးကြတော့တာပေါ့။ တွေးကြည့်လေ … ကျောင်းသား ၁၅ ယောက်လောက်က ဝိုင်းပြီးမေးကြ စစ်ကြ ဖြေတာ မဟုတ်ဘူးထင်ရင် ကိုင်လိုက်ကြနဲ့ …. ကျနော့်မှာ သူခိုးလေးကို ကြည့်ပြီး တော်တော် သနားနေမိပါပြီ။ သူခိုးလေးက လာခိုးတာ သူတစ်ယောက်တည်း မဟုတ်ကြောင်း အဖော်နှစ်ယောက်ပါတဲ့အကြောင်း မြစ်ကြီးနားမြို့ အခွန်လွှတ်ဈေးထဲမှာ နေကြောင်းတွေပြောပြနေပါတယ်။ ကျောင်းသားတစ်ယောက်ကတော့ ကတ်ကြေးကိုင်ပြီး သူခိုးလေးဆံပင်တွေကို ညှပ်ပါတော့တယ်။ နောက်ဆုံး သူခိုးလေးက "ကြောက်ပါပြီဗျာ… ကျနော့်ကို ရဲစခန်းပို့ကြပါတော့ဗျာ" လို့တောင်းပန်ရတဲ့အထိ လက်စွမ်းပြလိုက်ကြတာ …. ၁၂ နာရီကျော်လောက်ကနေ တစ်ယောက်တစ်ပေါက်စစ်ကြ မေးကြ ရိုက်လိုက်ကြတာ နှစ်နာရီ ထိုးခါးနီးမှ ကျနော်တို့တွေ သူခိုးလေးကို မြစ်ကြီးနား ခေမာသီရိရပ်ကွက်က အမှတ် ၁ ရဲစခန်းကို သွားအပ်ကြပါတယ်။ သူခိုးလေးကို ကြိုးချည်ပြီး တစ်လမ်းလုံးလည်း တစ်ယောက်တစ်ပေါက် မေးလိုက်ရိုက်လိုက်ပါပဲ။ ကျနော်ကတော့ သူခိုးဟာ မထင်မှတ်ပဲ ၁၂ နှစ် ၁၃နှစ်သားလေး ဖြစ်နေတာကို တွေ့ရပြီးကတည်း စိတ်မကောင်းဖြစ်မိပြီး မေးလည်းမမေးမိ ရိုက်လည်း မရိုက်ရက်တော့ပါဘူး။ သူငယ်ချင်းတွေ လုပ်နေကြတာကိုလည်း မလုပ်ကြပါနဲ့ကွာလို့လည်း မတားမြစ်ဖြစ်ပါဘူး။ ဒါကတော့ ကျနော်တို့ GTI နောက်ဆုံးနှစ်မှာ တွေ့ကြုံခဲ့ရတဲ့ သူခိုးဖမ်းပွဲလေးပါ…..။ ကျနော်တို့ တစ်ဆောင်လုံး မမေ့နိုင်တဲ့ အဖြစ်အပျက်လေး တစ်ခုဆိုလည်း မမှားပါဘူး။ ဒီစာလေးကို ရေးရင်း သူခိုးဖမ်းတုန်း သူခိုးလေးကို နောက်ကနေရိုက်လိုက်ပြီး လဲကျသွားလို့ ကြည့်မိတော့ ကလေးဖြစ်နေလို့ ဆက်မရိုက်ဖြစ်တော့တဲ့ MIT ဒုတိယ နှစ်က ဗန်းမော်သား ကိုသန်းနိုင်၊ သူခိုးလေးကို ကပ်ကြေးနဲ့ ဆံပင်တွေညှပ်တဲ့ GTI နောက်ဆုံးနှစ် Civil က မန္တလေးသား လမင်းထွန်း၊ သူများတွေ စစ်မေးကြရိုက်ကြတုန်းမှာ ဘာမှမပြောပဲ ရဲစခန်းရောက်ခါနီးမှာ "မင်း ..အဲ့အိမ်မှာ ငါတို့ကျောင်းသားတွေနေတာ မသိဘူးလား"လို့ မေးပြီး သူခိုးလေးက "သိပါတယ်" လို့ဖြေတော့ "သိရက်သားနဲ့ မင်းကခိုးရဲတယ်ပေါ့လေ"ဆိုပြီး နောက်ကနေ ခြေစွမ်းပြလိုက်တဲ့ GTI နောက်ဆုံးနှစ် MT က King နန့်မွန်းသား ယုမောင်တို့နဲ့အတူ တစ်ခါတုန်းက ဘဝတွေ ၁ ကိုရေးတာ ဖတ်မိပြီး သူခိုးဖမ်းပွဲလေးအကြောင်း ရေးပါဦးလို့ Comment ပေးတောင်းဆိုလာတဲ့ MIT ပထမနှစ်က သက်ထွန်းအောင်နဲ့အတူ အဆောင်အတူတူနေခဲ့ရတဲ့ သူငယ်ချင်းတွေကို အားလုံးကို လွမ်းနေမိတာပါပဲ ………

ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . . .
k.t.w.l

Thursday, July 9, 2015

နည်းနည်းပြောမယ် (၃) . . .

နည်းနည်း ပြောမယ် (၃)
@@@@@@@@@@@@@@@@@@@@@
နည်းနည်းပြောမယ် ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ လွန်ခဲ့တဲ့ လေးနှစ်လောက်က စာလေးနှစ်ပုဒ်ရေးဖြစ်ခဲ့ပြီး နှစ်ပုဒ်လုံးကို မြန်မာ မာတီပလိုင်း သုံးစွဲသူများအဖွဲ့က ထုတ်ဝေတဲ့ မဂ္ဂဇင်းလေးမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ကျနော့်ရဲ့ ပထမဆုံး ပုံနှိပ်စာမူအဖြစ် ဖော်ပြခြင်းခံခဲ့ရတဲ့ စာတွေမို့ အမှတ်တရပါပဲ။ အခုလည်း အမှတ်တရလေးတစ်ခုအဖြစ် ရေးမှာမို့လို့ ဒီခေါင်းစဉ်လေးကိုပဲ ယူပြီး နောက်ကနေ (၃) ဆိုတာလေး ထည့်ထားတာပါ။ ယခုရေးမဲ့စာလေးဟာ ကျနော်တင်ပြလိုတဲ့ အကြောင်းအရာလေးကို ရေးမှာမို့ သဘောထား မတိုက်ဆိုင်တဲ့ လူများ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ ဒီစာလေးကို ရေးတာဟာ ဆရာကြီးလုပ်ပြီး ငါအသိ ငါအတတ်ရေးတာမဟုတ်ပဲ ကျနော်တွေးမိသမျှကို ပြန်လည်မျှဝေ ပြောပြခြင်းသာ ဖြစ်ပါတယ်လို့ ပထမဦးစွာ ပြောလိုပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ၂၀၁၀ ခုနှစ်က တစ်ပြည်လုံး ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ပြောင်းလဲခဲ့တာ အားလုံးအသိပါ။ ဒီမိုကရေစီနိုင်ငံဆိုသည်မှာ ပြည်သူများက ရွေးချယ်တင်မြောက်လိုက်တဲ့ ပြည်သူ့အစိုးရအုပ်ချုပ်တဲ့ စနစ် ပြည်သူဆန္ဒကို အလေးထားတဲ့ စနစ်ပေါ့။ ဒီလို ဒီမိုကရေစီနိုင်ငံကြီးကို တည်ထောင်လာတဲ့ သက်တမ်းက ငါးနှစ်စေ့ပြီး နောက်ထပ် အစိုးရသစ်တစ်ရပ်ကို မကြာခင် ကျနော်တို့ ပြည်သူတွေ ရွေးချယ်ကြရတော့မှာပါ။ ကျနော်ပြောချင်တာက ဒီနေရာကစပါပြီ။ နိုင်ငံတစ်နိုင်ငံလုံးစာအတွက် မပြောပဲ ကျနော်တို့ ဒေသတစ်ခုစာအတွက်ကိုပဲ ခြုံပြီး ပြောကြည့်ပါမယ်။ ၂၀၁၅ ခုနှစ် ၁၁ လပိုင်း ၈ ရက်နေ့မှာ ကျနော်တို့ဒေသကို ဦးဆောင်မဲ့ ခေါင်းဆောင်တစ်ဦး(ဝါ) လွှတ်တော်အမတ်လောင်းကို ကျနော်တို့တွေ ဆန္ဒမဲပေးပြီး ရွေးချယ်ကြရတော့မှာပါ။ ဒီတော့ ကျနော်တို့ ဘယ်လိုခေါင်းဆောင်(ဝါ)ဘယ်လို အမတ်လောင်းမျိုးကို ရွေးချယ်မဲပေးကြမလဲဆိုတာကို ပြောချင်ရေးချင်တာပါ။ ဒီနေရာမှာ ကျနော် ပါတီစွဲ ပုဂ္ဂိုလ်စွဲကင်းစွာ ခေါင်းဆောင်အဖြစ် ဘယ်လိုလူမျိုးကို ရွေးချယ်ကြမလဲ။ ကျနော်တို့ဟာ ကျနော်တို့ဒေသရဲ့တိုးတက်ရာ တိုးတက်ကြောင်းတွေကို ကျနော်တို့ကိုယ်စားဆောင်ရွက်ပေးနိုင်မဲ့ ခေါင်းဆောင်ကို ကျနော်တို့ ဆန္ဒမဲတွေနဲ့ ကျနော်တို့ကိုယ်တိုင် ရွေးချယ်ကြရမှာလေ…။ ပထမဆုံး ပြောလိုတာက နိုင်ငံရေးဆိုတာ ငါတို့နဲ့ မဆိုင်ဘူး။ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ငါတို့ပြည်သူတွေက လုပ်စားရမှာ လုပ်စားရမှာပဲဆိုတဲ့ အတွေးမျိုးတွေကို အရင်ဆုံးဖျောက်ပစ်ကြဖို့လိုပါတယ်။ ငါတို့ဒေသတိုးတက်ရေးအတွက် ငါတို့ဒေသကောင်းစားရေးအတွက် ငါတို့ရွေးချယ်မဲ့ ခေါင်းဆောင်ဟာ ဆောင်ရွက်နိုင်ရမယ်။ ဒီလိုဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်မျိုးကိုမှ ငါတို့ ဆန္ဒမဲပေးမယ်ဆိုတဲ့ အတွေးမျိုးကို တွေးထားသင့်ပါတယ်။ နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင် … ဘယ်သူအုပ်ချုပ်အုပ်ချုပ်ဆိုရင်တော့ .. ဒီမိုကရေစီခေတ်ကြီးမှာ ကျနော်တို့ဒေသဟာ နောက်ကျကျန်နေခဲ့မှာပါ။ ဘာတွေနောက်ကျကျန်နေခဲ့မှာလဲဆိုတော့ .. ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က နိမ့်ကျကျန်နေခဲ့မှာပါ။ ဒီလိုနိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးမျိုး မရှိပေမဲ့ ခေါင်းဆောင်ကောင်းကို မရွေးချယ်နိုင်ဘူးဆိုရင်လည်း ငယ်ငယ်က သင်ခဲ့ရတဲ့ လှည်းကုန်သည်ငါးရာလို ဘီလူးစားခံရပါလိမ့်မယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးမှာ ကျနော်တို့ဒေသအတွက် တိုင်းဒေသကြီးလွှတ်တော်အမတ် တစ်နေရာစာကိုတော့ ရရှိမှာပါ။ ဘာလို့လည်းဆိုတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ဒေသက တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်နေရာ ရရှိခဲ့တာပဲ မဟုတ်လား။ ဟုတ်ပါပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ရွေးချယ်လိုက်တဲ့ အမတ်လောင်းဟာ ကျနော်တို့ ဒေသအတွက် ဘာတွေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ပါသလဲ။ ကျနော်တို့ စဉ်းစားရမဲ့အချက်ပါ။ ဒီလိုပဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးမှာ ပါတီအသီးသီးက အမတ်လောင်းတွေဟာ ရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံကြပါလိမ့်မယ်။ အရွေးချယ်ခံကြမဲ့ အမတ်လောင်းတွေကရော ကျနော်တို့ဒေသတိုးတက်ရေးအတွက် ဘယ်လိုတွေ ဆောင်ရွက်ပေးနိုင်မလဲပေါ့။ ကျနော်တို့ လက်ထဲမှာရှိတဲ့ ဆန္ဒမဲလက်မှတ်လေးတစ်ခုဟာ စဉ်းစားတွေးတောခြင်း မရှိပဲ ထည့်လိုက်မိ ရွေးချယ်မိလိုက်တာနဲ့ ကျနော်တို့ဒေသရဲ့ တိုးတက်မှုကို ဆုတ်ယုတ်သွားစေမယ် ရပ်တန့်သွားစေမယ်ဆိုရင် ဘယ်လောက်ရင်နာစရာ ဝမ်းနည်းစရာကောင်းလိုက်မလဲ။ ထိုနည်းတူစွာ ကျနော်တို့ရဲ့ မဲပေးပိုင်ခွင့် ဆန္ဒမဲလေးဟာ ဒေသတိုးတက်ရေးအတွက် အမှန်တကယ် စေတနာထားဆောင်ရွက်ပေးမဲ့ အမတ်လောင်းကို ပေးလိုက်မိလို့ ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေမယ်ဆိုရင် ဘယ်လောက်ဝမ်းသာစရာ ပျော်ရွှင်စရာကောင်းလိမ့်မလဲ တွေးကြည့်ကြပါ။
ဒေသတစ်ခုကအစ နိုင်ငံကြီးတစ်ခုလုံးအဆုံး တိုးတက်လာဖို့ဆိုတာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ စေတနာအရင်းခံနဲ့ နိုင်ငံ၊ ဒေသကောင်းကျိုးတွေအတွက် ဆောင်ရွက်နိုင်တဲ့ လူမျိုးတွေဖြစ်ရမှာပါ။ ကျနော်တို့ရွေးချယ်တင်မြောက်လိုက်တဲ့ ခေါင်းဆောင်ဟာ လွှတ်တော်ထဲရောက်သွား နိုင်ငံတော်ကပေးတဲ့လစာကိုစားပြီး အိပ်ငိုက်နေမဲ့လူမျိုး၊ ဒေသကောင်းစားရေးမဟုတ်ပဲ မိမိနဲ့ မိမိဆွေမျိုးများကောင်းစားရေးကိုသာ လုပ်ဆောင်မယ့်လူမျိုးဖြစ်နေခဲ့ရင် ကျနော်တို့ ဒေသတစ်ခုလုံးအတွက် နစ်နာဆုံးရှုံးရပါလိမ့်မယ်။ ဒီလိုပဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံကြမဲ့ လွှတ်တော်အမတ်လောင်းတွေဘက်ကလည်း ပြည်သူတွေဘက်ကို တစ်ချက်ငဲ့ပြီး စဉ်းစားပေးသင့်ပါတယ်။ သူများလွှတ်တော်အမတ်ဖြစ်လို့ ငါလည်းလွှတ်တော်အမတ်ဖြစ်အောင် လုပ်လိုက်ဦးမဟဲ့ … ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့တော့ ရွေးကောက်ပွဲကို ဝင်မပြိုင်စေလိုပါ…။ မိမိက ဒေသတစ်ခုလုံးရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်ပါ့မလား …. လွှတ်တော်ထဲရောက်သွားရင် အခြားဒေသက လွှတ်တော်အမတ်တွေနည်းတူ ပြောနိုင်ဆိုနိုင် ပြောရဲဆိုရဲတဲ့သူ ဖြစ်ပါ့မလား။ တခြားလွှတ်တော်အမတ်တွေရဲ့ အရည်အချင်းကို လိုက်မှီပါ့မလားဆိုတာလေးတော့ တွေးတော စဉ်းစားပေးကြပါ။ ကျနော်တို့ဒေသ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမှန်တကယ်လိုအပ်နေတာကတော့ စေတနာအရင်းခံပြီး ပြည်သူတွေအကျိုးကို အမှန်တကယ်ဆောင်ရွက်ပေးမဲ့ ခေါင်းဆောင်ကောင်းမျိုး လိုအပ်နေတာပါ။ ကျနော်ရေးတဲ့ စာလေးကိုဖတ်ပြီး ကျနော်တို့ဒေသအတွက် ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်ကြပါစေလို့ ဆုတောင်းရင်း အဆုံးသတ်လိုက်ပါတယ်…….
ပျော်ရွှင် ချမ်းမြေ့ကြပါစေ …
K.T.W.L

Monday, July 6, 2015

မေးလ်းကနေ ပို့လာတဲ့ စာဘဲ မော်လူး ဆေးရုံ အကြောင်းပါ

ကျွန်တော်တို့နေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသတွင် နိုင်ငံတော်မှ ချမှတ်ပေးသည့် ဘဏ္ဍာငွေ သိန်း ၅၀၀၀ ဖြင့် တိုက်နယ်ဆေးရုံအသစ်ကြီးကို I Green ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခဲ့သည်မှာ တနှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ထိုသို့တာဝန်ယူတည်ဆောက်နေရာတွင် လက်ရှိမြင်တွေ့နေရသည့် မြင်ကွင်းများမှာ ဒေသခံပြည်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ရာနှင့် နိုင်ငံတော်မှ ဘဏ္ဍာငွေများ အလဟဿဖြုန်းတီးနေသည်ဟု ထင်မြင်ယူဆမိပါတော့သည်။ အကြောင်းမှာ ယင်းတိုက်နယ်ပြည်သူဆေးရုံသစ်ကြီး၏ ဖောင်ဒေးရှင်းအတွင်းဘက်ထဲသို့ သဲနုန်းမြေများဖြင့် ဖြည့်တင်းနေခြင်းကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ဒေသခံများ သိရှိနားလည်ထားသည်မှာ သာမန်နေအိမ်အဆောက်အဦး၏ အတွင်းဘက်ဖောင်ဒေးရှင်း ဝမ်းစာအဖြစ် အောက်ခံကျောက်ကြီးများကို ဦးစွာဖြည့်တင်းကြပါသည်။ ယင်းနောက်မှ သံကျောက်များကို ထပ်မံဖြည့်တင်းကြသည်ကို မြင်တွေ့ရ သိရှိရပါသည်။ ယခုမူ ဆေးရုံအဆောက်အဦး၏ ဖောင်ဒေးရှင်းအတွင်းဘက် ဝမ်းစာအဖြစ် မည်သည့် ကျောက်ကြီးများ၊ သဲကျောက်များနှင့် ဖြည့်တင်းခြင်းမရှိပဲ နုန်းပါဝင်မှုများပြားသော သဲနုန်းမြေများဖြင့် ဖြည့်တင်းနေသည်မှာ အဆောက်အဦးတစ်ခု၏ ခိုင်ခံ့မှု စံချိန်စံညွှန်းနှင့် ညီညွှတ်မှုရှိမရှိကို တာဝန်ယူတည်ဆောက်နေသော ကုမ္ပဏီမှ အင်ဂျင်နီယာများ သိရှိလိမ့်မည်ထင်ပါသည်။ ထို့ပြင် ထိုနုန်းပါဝင်မှုများသော သဲများဖြင့်ပင် အဆောက်အဦးနံရံများ အချောကိုင်ခြင်းကိုလည်း ဆောင်ရွက်မည်ဟု ကြားသိရပြန်ရာ ကုမ္ပဏီမှ ကျွန်တော်တို့ မော်လူးဒေသတစ်ခုလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အားကိုးအားထားရာ တိုက်နယ်ဆေးရုံသစ်အဆောက်အဦးကြီးအပေါ် စေတနာထားရှိပုံမှာ အံ့မခန်းပင် ဖြစ်ရပါသည်။ သတ်မှတ်ချိန်အတွင်း ဆောက်လုပ်မှုပြီးစီးရန်နှင့် ကုမ္ပဏီအတွက်အကျိုးအမြတ်များစွာကျန်စေရန်သာ ရည်ရွယ်ထားပုံရပါသည်။ ထိုသို့မဟုတ်ပဲ "တောသား လူအ လူန တွေပါကွာ…  ငါတို့ လုပ်ချင်သလို လုပ်လို့ရပါတယ်" ဟု သတ်မှတ်ပြီး လုပ်ဆောင်နေသည်ဆိုလျှင်………… ကျွန်တော်တို့ မော်လူးဒေသခံပြည်သူတို့၏ သမိုင်းရိုင်းရာကျပေလိမ့်မည်။

မော်လူးဒေသ တိုက်နယ်ဆေးရုံသစ်ကြီး ဖြစ်မြောက်ရေး အကျိုးတော်ဆောင်များ အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်လူကြီးမင်းများ မည်သို့ ခံစားရပါမည်နည်း။
ဤဆေးရုံသစ်ကြီး အရည်အသွေးမှီမှီ ခိုင်ခိုင်ခံခံဖြင့် ပြီးစီးသွားလျှင် လူကြီးမင်းများ၏ သမိုင်းသည် မော်လူးသူမော်လူးသားများအတွက် ဂုဏ်ယူပြောဆိုဖွယ်ရာအဖြစ် မှတ်တမ်းကောင်း ကျန်ရှိနေပါမည်။ ထိုသို့မဟုတ်ပဲ လက်ပိုက်ကြည့်နေခဲ့ကြမည်ဆိုလျှင် လူကြီးမင်းတို့၏ သမိုင်းမှာလည်း ဆေးရုံသစ်ကြီး သတ်မှတ်ချိန်မတိုင်မှီ ပျက်စီးသွားသော်လည်း လူကြီးမင်းတို့အပေါ် ဒေသခံပြည်သူတို့ ပြောစမှတ်မှာ ပျက်စီးသွားမည် မဟုတ်ပဲ … သားစဉ်မြေးဆက် "ဘယ်သူ့ အဖေ၊ ဘယ်သူ့ အဘိုးလက်ထက်ကပေါ့ကွာ ဆေးရုံသစ်ကြီးဆောက်တာ စီစစ်ရေး ဖြစ်မြောက်ရေးထဲပါပါလျှက် သေချာမစီစစ် မကြပ်မတ်လို့(သို့) ငို့ဘပဲလုပ်လိုက်ကြလို့ ဆေးရုံကြီး အချိန်မတိုင်မီ ပျက်စီးယိုယွင်းသွားရတာ" ဟု ပြောဆိုနေကြမည်သာ…..
သို့ပါ၍ ဒေသခံပြည်သူများမှ ယုံကြည်ကိုးစား၍ ဖြစ်မြောက်ရေး စီစစ်ရေး ကြီးကြပ်ရေးတာဝန်ယူထားသူများ အချိန်မှီ လက်တွေ့ကွင်းဆင်းပြီး စေတနာမမှန်ပဲ အကျိုးအမြတ်များများကျန်ရှိရေးကို ဦးစားပေးကာ အရည်အသွေးညံ့ဖျင်းစွာ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော I GREEN အားကုမ္ပဏီအား စစ်ဆေးပေးကြစေလိုပါသည်။

မော်လူးတိုက်နယ် ဆေးရုံသစ်ကြီးအတွက် ရတက်မအေးဖြစ်နေကြသည့်

မော်လူးသားများ





မေးလ်က နေ ပို့တဲ့စာ မော်လူးမြောင်း ရေလျှံတာ ရေပိုက်လိုင်းတွေ မြောင်းပေါ် ဖြတ်သွယ်လို့တဲ့

မော်​လူးလမ်းဆုံလမ်းခွများ၌ယာဉ်​ရပ်​နားခြင်းပစ်​စည်းအတင်​အချပြုလုပ်ုခြင်းေုကြာင့်​က​လေးသူငယ်​များ​ကျောင်းသား​ကျောင်းသူများသက်​ကြီးရွယ်​အိုများ​နေ့စဉ်ုဖြတ်​သန်းသွားလာ​နေ​သည့်​အတွက်​များစွာအသက်​အမ်​ဒရာယ်​ရှိတာတမျိုးရပ်​ကွက်​တွင်းသို့​ရေပိုက်​လိုင်းသွယ်​တန်းတပ်​ဆင်​မှု့​ကြောင့်​​ရေပိုက်​များမြှပ်​ရန်​​မြေမတူးဘဲေုမြ​ပေါ်တွင်​သာတ်​ထားမှု့​ကြောင့်​​ရေ​မြောင်းပိတ်​ဆို့ကာ​အမှိုက်​သရိုက်ေုကြာင့်​ရပ်​ကွက်​တွင်းရှိ​နေအိမ်​များမိုးနည်းနည်းရွာပါက​ရေကြီးေ​ရလျှံမှု့ဖြစ်​ပွားခဲ့ရသည်​။တာဝန်​ရှိသက်​ဆိုင်​သူများမျက်​စိနားပိတ်​မထားကြပါနဲ့၊သတင်းထဲပါမှလုပ်​ရတာမျိုး​တော့မဖြစ်​ပါ​စေနဲ့၊ရပ်​ထဲမှာမြင်​မြင်​သမျှကြားသမျှအနံ့ခံကြည့်​လုပ်​ကြပါအုန်း​၊တာဝန်​ရှိသက်​ဆိုင်​သူများသို့ထံသတင်း​ကောင်းပါးလိုက်​ရပါသည်​။
အမြင်​မ​တော်​သူနဲ့အမ်​ဒရာယ်​ကိုကြိုမြင်




မော်လူး ဒေသမှာ မှတ်တမ်းတစ်ခု ပုံပြင်မဟုတ်ဘူး ဒါမျိုးတွေ တကယ်ဖမ်းမိတာ အင်တာနက်ကလို မြွေအတုမဟုတ်ဘူး စုံစမ်းကြည့်လိုက်

တကယ် ဖမ်းမိတာ

မော်လူးသားများ နီးလျက်နဲ့ ဝေးနေသောကြောင့် မော်လူးအနီးက ဘုရား တင်ပေးလိုက်တယ် ဖူးလိုက်ကြအုန်း

တရက်အတွင်း ဘယ်ကဘုရားဆိုသိရင်  အကြောင်းကြားလိုက် လက်ဆောင်ရမည်

Sunday, July 5, 2015

ဖားကန့်မှာ ရေကြီးတယ်တဲ့



နားခွင်ကျင် ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း တည်ဆောက်မှု စပြီတဲ့

မော်လူးအုပ်စု နားခွင်းရွာဦး သာသနာ့ပါလကျောင်းတိုက်အတွင်း၌ ၁၃၇၇ခုနှစ် ပထမ၀ါဆိုလပြည့်ကျော်(၃)ရက်နေ့မှစတင်၍ ကျောင်းတံတိုင်းများ ပြုလုပ်နေပါသည် ကုသိုလ်သဒ္ဓါများပွာနိင်ကြပါစေ

Saturday, July 4, 2015

အင်းတော်မြို့နယ် မဲစာရင်း အမှားကွက်လပ်များ ပြန်လည်ဖြည့်သွင်းမယ်တဲ့ ကူညီလိုသူများ လာရောက်နိုင်သည်တဲ့


မနက်ဖြန်ကစလို့ မဲစာရင်းများ၏ အမှားများကွက်လပ်များပြန်လည်ဖြည့်သွင်းသွားမှာဖြစ်ပါတယ် အင်တော်မြို့နယ်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီများ လူမှုအဖွဲ့အစည်းများမှလည်းမဲစာရင်းမှန်ကန်မှုပြည့်စုံမှုရှိအောင်ဝိုင်းဝန်းဆောင်ရွက်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်. .
အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ ကွန်ပျုတာကျွမ်းကျင်
သောဝန်ထမ်းများ ပြင်ပကွန်ပျုတာဆိုင်မှကျွမ်းကျင်ကွန်ပျုတာသမားများ
လာရောက်ကူညီပေးမယ်ဆိုရင် ကြိုဆိုပါတယ် လာရောက်လေ့လာမယ်ဆိုလဲ ကြိုဆိုပါတယ် . .


Friday, July 3, 2015

ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် ဆက်ကပ်ခြင်းအကျိုး

ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် ဆက်ကပ်ခြင်းအကျိုး
****************************** ၀ါဆိုသင်္ကန်းကပ်ခြင်းဆိုတဲ့အလှူဒါနသည် ၀ိသာခါကျောင်းအမကြီး ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့တာဖြစ်သည်။ ထိုအလှူကို လှူသူတိုင်းက ၀ိသာခါ ကျောင်းအမကြီးကို အားကျ အမှတ်ရကြပါလိမ့်မည်။ ၀ိသာခါကျောင်းအမကြီးသည် ထုံစံအတိုင်း သူဆောက်လုပ် လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းကို တစ်နေ့နှစ်ကြိမ် အနည်းဆုံး ရောက်သည်။ ကျောင်းသွားရင်လည်း လက်ဗလာချည်း သွားလေ့သွားထ မရှိ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများဘုန်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက်အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲဘာပါလဲဆိုတာ ကြည့်ကြသတဲ့။ ထိုအဖြစ်ကိုသိသော အနာထပိဏ်၊ ၀ိသာခါတို့သည် ကျောင်းသွားတိုင်း လက်ဗလာ မသွားဟု ဆိုသည်။ ယခု အကြိမ် ၀ိသာခါကျောင်းသွားတဲ့အချိန်က ၀ါဆိုလဖြစ်သည်။ ကျောင်းရောက်တော့ဘုရားနဲ့တွေ့ တရားစကားများ နာယူပြီး နောက်နေ့မနက်အတွက် ဘုရားအမှူးရှိသံဃာများ အိမ်ကို ဆွမ်းစားကြွဖို့ ပင့်ဖိတ်ခဲ့သည်။ နောက်တစ်နေ့မနက် မိုးလင်းချိန် ကျွန်းကြီးလေးကျွန်းလုံး မိုးအကြီးအကျယ် ရွာသွန်းချလေတော့သည်။ဘုရားခွင့်ပြုချက်အရ ရဟန်းတော်တွေ သင်္ကန်း(ရေစနုပ်)မပါဘဲ ရေချိုးနေချိန်ဝိသာခါ၏ တပည့်မ တစ်ယောက် ဆွမ်းစားချိန်ရောက်၍ ကျောင်းကို ရဟန်းတွေလာပင့်တော့ "ရဟန်းတစ်ပါးမှ မတွေ့ဘူး အ၀တ်မပါ တက္ကဒွန်းတွေပဲ တွေ့ခဲ့တယ်"ဆိုပြီး ပြန်လာလေ၏။ ၀ိသာခါသည် အသိလိမ္မာရှိသူဖြစ်သည်ဖြစ်ရာကား မိုးရွာတုန်း အ၀တ်မပါဘဲ ရေချိုးနေကြသော ရဟန်းတွေပဲဖြစ်မည်ဟု သိသဖြင့် နောက်တစ်ကြိမ် ကျောင်းသို့ သွားပင့်ခိုင်းပြန်သည်။ ထိုအချိန်မှာတော့ ရဟန်းတော်များ သင်္ကန်းများယူဆောင်ပြီး မိမိတို့အသကအသက နေရာမှာ သွားပြီး ရေချိုးပြီး စိုရွှဲနေသော ခန္ဓာကို ခြောက်သွေ့အောင်လုပ်နေရသည်။ ကျောင်းမှာ ဘယ်ရဟန်းကိုမှ မတွေ့ရဘဲ ပြန်သွားပြန်သည်။ ၀ိသာခါသည် ဒီအခြင်းအရာကိုလည်း သိသည်။ နောက်တစ်ကြိမ်ကျောင်းသို့လွှတ်ပြန်သည်။ ထိုအချိန်မှာတော့ ဆွမ်းစားကြွချိန်တန်ပြီးဖြစ်၍ မြတ်စွာဘုရားက ရဟန်းတော်အားလုံးသင်္ကန်းများ ပြင်ဆင်ပြီး စုရုံးခိုင်းသည်။ ဘုရားရှင်၏ တန်ခိုးဖြင့် ၀ိသာခါအိမ်ပေါက် ရောက်သွားသည့် အခါဝိသာခါ အံ့ကြရပြန်သည်။ စောစောလေးကမှ မိုးအကြီးအကျယ် ရွာထားသဖြင့် လမ်းတစ်လျှောက်လုံးသည် ခါးလောက် မြုပ်နိုင်လောက် အောင် ရေတွေဖြင့် လွှမ်းနေသည်။ သို့သော်လည်း ဘုရားရှင်နှင့် ရဟန်းသံဃာအားလုံး သင်္ကန်းများ ရေမစိုသည့်အပြင် ခြေမျက်စိလေးကိုတောင်မှ ရေစိုထားတာ မတွေ့ရချေ။ ဘုရားနှင့်ရဟန်းသံဃာများ ဆွမ်းကပ်ပြီး ကျောင်းအမကြီးသည် အရှင်ဘုရားအား တပည့်တော် ဆုလာဘ် ၈ မျိုး သနားချီးမြောက်တော် မူပါဘုရားဟု လျှောက်ထားလေသည်။ အပ်စပ်သောဆုဆိုတောင်းစေ ဟု ဘုရားခွင့်ပြုတော်မူသောကြောင့် အောက်ပါဆို ဆု ၈ မျိုးကိုတောင်းသည်။ ဘုရားလည်း ခွင့်ပြုသည်။ (၁)အသက်ထက်ဆုံး ရဟန်းတော်များအား ၀ါဆိုသင်္ကန်းလှူခွင့်ပြုရန် (၂)ကျောင်းသို့ ရောက်လာကြသော အာဂန္တု ဧည့်သည်ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန် (၃)ခရီးသွား ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန် (၄)မနာမကျန်းဖြစ်နေသော ရဟန်းကို ပြုစုလုပ်ကျွေးနေသော ပုဂ္ဂိုလ်အား ဆွမ်းဟင်းများ လှူခွင့်ပြုရန် (၅)မနာမကျန်းသော ရဟန်းအား ဆွမ်းဟင်းများ လှူရန် (၆)မနာမကျန်းဖြစ်သော ရဟန်းအား ဆေးပစ္စည်းများ လှူရန် (၇)အမြဲမပြတ် ဆန်ပြုတ် (ယာဂု)ဆွမ်းလှူရန် (၈)ရဟန်းမ (ဘိက္ခုနီမ)တို့အား ရေသနုပ်လှူရန် တို့ဖြစ်သည်။ သင်္ကန်းလှူရခြင်းကြောင့် သေချာတဲ့ အကျိုးကတော့ ရဟန်းတော်များ သင်္ကန်းအတွက် မပူရ မပင်ပန်းရခြင်းဖြစ်သည့်အတွက် ရဟန်းအလုပ် ချမ်းချမ်းသာသာ လုပ်နိုင်သည်။ ထိုသင်္ကန်းက ထိုအသုံးပြုသော ရဟန်းအား အရှက်ကိုလည်း ကာကွယ်မည်။ အချမ်း အပူလေ နေစတဲ့ ရာသီဥတုဒဏ်ကိုလည်း ဆောင့်ရှောက်မည်။ မှည့်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်မှလည်း ကာကွယ်စောင့်ရှောက်သဖြင့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်ခွင့်ရမည်။ လှူတဲ့သူမှာ တန်ပြန်အနေနဲ့ ထိုအကျိုးများရရှိမည်။ သင်္ကန်းလှူခြင်းကြောင့် အသားရေလှပခြင်း၊ ကျန်းမာခြင်း စတဲ့ကုသိုလ်၏ အကျိုးများအပြင် အချိန်အခါအလျောက် လှူခွင့်ရသည့်အတွက် ကာလဒါနဖြစ်သည်၊ ထိုအကျိုးကတော့ လိုတရ ပဲဖြစ်သည်။ အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် ၀ိသာခါကျောင်းအမကြီး ပိုင်ဆိုင်သည့် စိန်ရွှေရတနာပေါင်းစုံစီခြယ်ထားသည့် ကိုးကုဋေတန် မဟာလတာ မြတ်တံဆာကြီးကိုလဲ ပိုင်ဆိုင်ဦးမည်။ နောက်ဆုံး အာသဝေါကင်းကွာ ရဟန္တာမကြီးဖြစ်မည်။ အမျိုးသားများအတွက်တော့ ဧဟိဘိက္ခုနဲ့ ရဟန္တာ ဖြစ်ခွင့်ရမည်။ ဘုရားလက်ထက်က ပဉ္စ၀ဂ္ဂီတို့ ယသအမျိုးကောင်းသားတို့သည် ရှေးက သင်္ကန်းပရိက္ခရာလှူဒါန်းခဲ့ခြင်းကြောင့် ဘုရားနဲ့တွေ့တော့ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဘုရားကဧဟိ ဘိက္ခ ငါ့ရှင် ရဟန်း လာခဲ့ လို့ ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့ သပ္ပါယ်တင့်တယ်စွာ ဖူးမျှော်ရသည်။ ဘာဟိယဒါရုစိယ အမျိုးသားသည် ဘုရားနဲ့တွေ့လို့ တရားနာလိုက် ရခြင်းကြောင့် ရဟန္တာဖြစ်သွားပါလျက် သင်္ကန်းပရိက္ခရာ မရှိလို့ ရဟန်းမဖြစ်လိုက်ရ။ ဘုရားကလဲ သူ့ရဲ့အတိတ်က သင်္ကန်းလှူခဲ့တဲ့ ဒါန မရှိခဲ့တော့ ဧဟိ ဘိက္ခုခေါ်ခွင့်မရ၍ လမ်းမှာပဲ နွားမခွေ့သတ်လို့သေရသည်။ ရဟန္တာဖြစ်လျှင် လူဝတ်ကြောင်ဘ၀နဲ့ ရပ်တည်ခွင့်မရ၊ ရဟန်းပြုရင် ပြု မပြုလျှင်တော့ ပရိနိဗ္ဗာန်ပြုရသည်။ ဘာဟိယဒါရုစိယ အမျိုးသားကတော့ ရှေးက၀ဋ်ကြွေးကြောင့် ထိုနေရာမှာပဲ ဘီလူးမ ဟန်ဆောင်သော နွားမခွေ့အသတ်ခံရသည်။ သင်္ကန်းမလှူခဲ့ခြင်းကြောင့် အလွယ်တကူ ရဟန်းဖြစ်ခွင့်မရလိုက်။ ဤသို့အားဖြင့် အလွယ်တကူ ရဟန်းဖြစ်ခွင့် ရဟန္တာဖြစ်ခွင့်များ ရလိုပါလျှင် သင်္ကန်းလှူကြပါလေ--
(သီတဂူစတား )
မေတ္တာဖြင့်မျှဝေသူ
ရွှေညာသား(နတ်စဉ်ကန်)

သေခြင်း လေးမျိုးအကြောင်း သိကောင်းစရာ

သေခြင်း လေးမျိုးအကြောင်း သိကောင်းစရာ
********************************
သုံးဆယ့်တစ်ဘုံအတွင်းရှိ သတ္တ၀ါဟူသမျှတို့သည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊ ချစ်သောသားမယား၊ သားသမီး၊ ဆွေမျိုးမိတ်ဆွေများ၊ ရရှိထားသော ရာထူးဂုဏ်သိမ်များကို စွန့်ခွာကာ သေမင်းခေါ်ရာသို့ မသေချင်ဘဲလည်းသေမြဲဓမ္မတာအရ သေပွဲဝင်ကြရမည် ဖြစ်ပါသည်။
ထိုသို့ သတ္တ၀ါအားလုံး သေဆုံးကြရာဝယ် အောက်ပါ သေခြင်းလေးမျိုး တစ်မျိုးမျိုးဖြင့် သေပွဲဝင်ကြရသည်မှာလည်း ဓမ္မတာသဘောပင် ဖြစ်ပါသည်။
သေခြင်းလေးမျိုးဟူသည်....
အသက်တမ်းကုန်၍ သေရခြင်း၊
ကံအစွမ်းကုန်၍ သေရခြင်း၊
အသက်တမ်း၊ ကံအစွမ်း နှစ်ပါးစလုံးကုန်၍ သေရခြင်း၊
ဥပစ္ဆေဒကခေါ် ကြားကံတစ်ပါးပါးက သတ်ဖြတ်၍ သေရခြင်းတို့ဖြစ်ပါသည်။
ယင်းသေခြင်းလေးမျိုးကို ဥပမာအားဖြင့်နှိုင်းစာဆိုရသည်ဆိုသော်.....
ဆီမီးငြိမ်းရာ၌....
ဆီကုန်ခန်းခြင်း၊
မီးစာကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ နှစ်မျိုးကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ ရှိပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း (သို့မဟုတ်) တမင်ငြှိမ်းသတ်ခြင်း
ဟူသောအကြောင်းလေးမျိုးရှိသကဲ့သို့ပင် ဖြစ်ပါသည်။
၁။ အသက်တမ်းကုန်၍ သေရခြင်း
ထိုထို ဘုံဘ၀တို့၌ သတ်မှတ်ထားအပ်သော အသက်တမ်းများရှိကြပါသည်။ ဤလူ့ဘ၀၀ယ်တက်ကပ်ကာလ၌ တဖြည်းဖြည်းတက်၍ အသေင်္ချေယျတိုင်အောင် အသက်တမ်းရှိ၍ ဆုတ်ကပ်ကာလ၀ယ် တဖြည်းဖြည်း ဆုတ်ကာ (၁၀) နှစ် သက်တမ်းတိုင်အောင် သက်တမ်းရှိလေသည်။
ဂေါတမဘုရားရှင်ပွင့်သောအခါ၌ သက်တမ်းသည် (၁၀၀) ရှိသည်။ယခုကာလ၀ယ် (၇၅) နှစ်သာ ရှိသည်ဟု ဆိုပါသည်။ သင့်လျော်၍ ကံပါလာကြသူတို့သည် သတ်မှတ်ထားအပ်သော အသက်တမ်းကို မလွန်ကြပါ။
ယင်းသတ်မှတ်ထားသော သကတမ်းကာလ၌ သေဆုံးခြင်းကို အသက်တမ်းကုန်၍ သေခြင်းဟု ခေါ်ပါသည်။
မီးစာ ရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းသည်နှင့် ဥပမာတူပါသည်။
၂။ ကံအစွမ်းကုန်၍ သေရခြင်း
ဘ၀တစ်ခုကို စီမံလိုက်သောကံသည် ပဋိသန္ဓေတည်ပြုသည့်အချိန်မှစ၍ မိမိ၏သတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင်၊ မသေအောင် အစဉ်တစိုက်အမြဲဖန်တီးလျက်ရှိပါသည်။ ထိုမူလစီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများကလည်း ရှိနေသေးပါသည်။ ထိုမူလစီမံလိုက်သော ကံနှင့်အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိကုန်လျှင် အသက်တမ်း မကုန်သေးသော်လည်း ဧကန်မုချ သေရတော့မည်။
ဥပမာ- သက်တမ်းက (၇၅) နှစ်သက်တမ်းရှိသော်လည်း ထိုဘ၀၌ နေရမည့်ကံက (၅၀)သာပါလျှင် အသက် (၅၀)၌ သေရမည်ဖြစ်သည်။
ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန်မီးငြိမ်းရသကဲ့သို့ ဖြစ်ပါသည်။
၃။ အသက်တမ်း၊ ကံအစွမ်းနှစ်မျိုးကုန်၍ သေရခြင်း
အချို့သော သတ္တ၀ါတို့အား အသက်တမ်းလည်းကုန်၊ ကံ၏အစွမ်းလည်းကုန်၍ သေကြရသည်။ ဥပမာ - အသက်တမ်း (၇၅) နှစ်ရှိသော အမျိုး၌ ဖြစ်နေသောသူသည် ကံကလည်း (၇၅) နှစ်နေရမည့် အစွမ်းပါလာသော် (၇၅) နှစ်တွင် သေရမည်။
ဆီလည်းကုန်၊ မီးစာလည်းကုန်သောကြောင့် မီးငြိမ်းနေသည့်သဘောနှင့် တူပါသည်။
ဤဆိုအပ်ခဲ့သော သေခြင်းအကြောင်း သုံးပါးတွင် တစ်ပါးပါးကြောင့် သေခြင်းကို သေချိန်ကျ၍ သေရခြင်း (ကာလမရဏ) ဟုခေါ်သည်။
၎။ ဥပစ္ဆေဒကခေါ်ကပ်၍ သတ်ဖြတ်တတ်သောကံကြောင့် သေရခြင်း
အချို့ သတ္တ၀ါတို့အား အသက်တမ်းလည်းရှိ၊ ကံအစွမ်းလည်း ရှိနေပါလျက် ရှေးရှေးဘ၀တို့၌ ပြုအပ်သော ကပ်၍သတ်ဖြတ်တတ်သော ဥပစ္ဆေဒကံကြောင့်လည်းကောင်း အနာရောဂါဆိုးတို့နှင့် တွေ့ကြုံသေရခြင်း၊
မြေပြို၍ သေရခြင်း၊ မိုးကြိုးကျ၍ သေရခြင်း၊
သေနတ်ဗုံးဆန်မှန်၍ သေရခြင်း၊
သူတစ်ပါးက ဓား လှံ လက်နက်ဖြင့် ထိုးသတ်၍ သေရခြင်း၊
ရေနစ်သေရခြင်း စသည်များလည်း ကံတစ်ပါးက သတ်မှတ်၍ သေရခြင်းမည်ပါသည်။
မီးစာဆီ နှစ်မျိုး မကုန်သေးသော်လည်း လေပြင်းတိုက်ခတ်မှု၊ တမင်ငြှိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းမျိုးနှင့်တူပါသည်။
ဤဥပစ္ဆေဒကကံတစ်ခုခုကြောင့်သေရခြင်းကိုအချိန်
မကျသေးဘဲ သေရခြင်း (အကာလမရဏ) ဟုခေါ်ပါသည်။
သေချိန်မကျဘဲ သေရသူများ
သတ္တ၀ါတို့၏သန္တာန်ဝယ် ရှေးရှေးက ပြုခဲ့သော မကောင်းမှုလေးများ ကိုယ်စိကိုယ်ငှ အများအပြား ပါရှိတတ်ပါသည်။
ထိုကံများသည် မိမိ တို့ချည်းသက်သက် သေကြေအောင် မတတ်နိုင်သော်လည်း အဆင်ခြင် အမြော်အမြင်မရှိ၍ အစားမတတ်၊ အသွားမတတ်၊ အနေမတတ်သူများကို ဘေးဥပါဒ်ရောက်အောင် ထိုဘေးဖြင့် သေကြေပျက်စီးအောင်ကား တတ်နိုင်ကြပါသည်။
ရှေးရှေးက သူတစ်ပါးကို အငတ်ထားခဲ့ဖူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်သတ်ခြင်း၊ တုတ်,ဓား စသည်ဖြင့်ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့သော သူသည် ထိုကံများ အခွင့်ရသော ဘ၀ဝယ် ထမင်းငတ်၍ သေတတ်၊ ရေငတ်၍ သေတတ်၊ မြွေကိုက်၍သေတတ်၊ အဆိပ်မိ၍ သေတတ်၊ လက်နက်ဖြင့်သေတတ်၊ ရေနစ်၍ သေတတ်၊ မီးလောင်၍ သေတတ်ကြလေသည်။
သူတစ်ပါးကို တစ်နည်းနည်းဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသူသည် ယခုဘ၀၌ လေနာခြင်း၊သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရီခြင်း၊ မကျန်းမမာရှိခြင်း စသည်ဖြင့် ညှိုးနွမ်းပင်ပန်းစွာ အသက်ရှည်နေရသည့်ပြင် ထိုရောဂါများဖြင့်ပင် သေရတတ်သည်။
ဤသို့ စသည်ဖြင့် ရှေးကံကလေးများသည် ဆင်ခြင်စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့်မရသော်လည်း မစဉ်းစား မဆင်မခြင် ရှိသူတို့ကား မကျမ်းမာအောင် သေကြေအောင်နှိပ်စက်တတ်လေသည်။
ထို့ကြောင့်....
အသက်ဥာဏ်စောင့်၊ ဥစ္စာကံစောင့်။
အသွားမတော် တစ်မုဟုတ်၊
အစားမတော် တစ်လုတ်။
ကျားရဲရာ ကြမ္မာမရိုးသာ။
ကံယုံပြီး ဆူးပုံ မနင်းရာ။
ဟူ၍ ရှေးလူကြီးသူမများက ဆိုဆုံးမထားခဲ့ခြင်း ဖြစ်ပါသည်။
ထိုစကားများ၏ ဆိုလိုရင်းသည် လူတိုင်းမှာပင် မကောင်းကျိုးပေးရန် အကုသိုလ်များ ရှေးဘ၀များစွာက တစ်မျိုးနှစ်မျိုး စသည် ပြုမိခဲ့ကြသဖြင့် ကိုယ်စီကိုယ်ငှ ရှိကြသည်။
ထိုကံများသည် အလွန်သတ္တိမထက်လျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။အစဉ်းစား အဆင်ခြင် မရှိသူများ၌သာ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မတတ်သည့်အတွက် ထိုကံများ အကျိုးပေးခွင့်ရကြပါသည်။
သို့ဖြစ်၍ အသက်ရှည်စွာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒကကံ အခွင့်သာ၍ သက်တမ်းမစေ့ခင်က ကံအစွမ်း မကုန်သေးခင်သေရမည်မှာ မုချဖြစ်ပါသည်။
(အရှင်ဃောသိတ၏ ဗုဒ္ဓအလိုကျသေနည်းမှတဆင့်တင်ပြသည်)
(credit to ကိုယ့်စိတ်ကိုယ်စစ် ဝိပဿ နာရိပ်သာ)
မှတဆင့်တင်ပြပါသည်ခင်ဗျာ

Tuesday, June 30, 2015

ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း

ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း
========================================
အိမ်ထောင်စု တော်တော် များက ကတော့ ဂွမ်းစောင်ကို နေပူလှန်း လိုက်တာနဲ့ စိတ်ရှုတ်စရာ ဒီအကောင်တွေ သေဆုံးသွား မှာပဲလို့ ထင်နေကြတယ်။
-
ဒါပေမဲ့ နေပူထဲ လှန်းရုံနဲ့ ဒီပိုးမွှားတွေကို အမြစ်ဖြုတ် အသေ မသတ်နိုင်ပါဘူး။
မှန်ဘီလူးနဲ့ အကျယ်ချဲ့  ကြည့်လိုက်ရင် နေပူကျဲကျဲမှာ လှန်းထားတဲ့
ဂွမ်းစောင် ထဲမှာ ဒီ ပိုးမွှားတွေကို တွေ့နေ ရအုံးမှာပဲ။
-
နေလှန်းချင်တဲ့ ဂွမ်းစောင်၊ အင်္ကျီ ၊ အရုပ်၊ ကောဇော စသဖြင့် ကို အမဲရောင် ကျွတ်ကျွတ်အိတ်နဲ့ (အမဲရောင်နော်) အသေအချာ ထုတ်ပိုးပြီးထားပါ။
-
နေရောင် ပြင်းပြင်း အောက်မှာ 1-2 နာရီ ထားပါ ။
အမဲရောင်က အပူကို ပိုစုပ် ယူတဲ့ အတွက် အိတ်ထဲက ပစ္စည်းများကို အပူချိန် ပိုမြင့်စေပါတယ်။ ပိုးမွှားတွေဟာ အပူချိန် 50 ဒီဂရီ ရောက်ရင် သေဆုံး ကုန်ပါတယ်။
-
ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ ၊ မှန်ဘီလူးနဲ့ နောက်ထပ်တခါ
အကျယ်ချဲ့  ကြည့်လိုက်ရင်တော့ ဒီပိုးမွှားတွေ သေဆုံးကုန်တာကို တွေ့ပါလိမ့်မယ် ။
တကယ်ကောင်းတဲ့ နည်းပါ ။
===========
CHO PHYU PHYU MYINT

Saturday, June 27, 2015

မိဘတွေ သားသား တွေကို သတိပေးလိုက်ကြအုန်း

ကြက်ဆူစေ့စားမိ၍ မြိတ်တွင် ကျောင်းသား ၅၀ ကျော် ဆေးရုံရောက်

မြိတ်၊ ဇွန် ၁၄

မြိတ်ခရိုင် ပုလောမြို့နယ် ပလတိုက်နယ် အထက်တန်းကျောင်းတွင် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျောင်းတွင် စိုက်ထားသည့် ကြက်ဆူပင်များ၏ အစေ့ကို စားမိရာမှ ကျောင်းသူကျောင်းသား ၅၀ ကျော် မူးဝေအော့အန်သဖြင့် ဆေးရုံတင်လိုက်ရကြောင်း ယင်းတိုက်နယ် ဒေသခံများထံမှ သိရသည်။

ကျောင်းပတ်လည်တွင် စိုက်ထားပြီး လူတစ်ရပ်အမြင့် ရှိနေပြီ ဖြစ်သည့် ကြက်ဆူပင်၏ အသီးမှအစေ့ကို ထုခွဲစားရာမှ သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသူကျောင်းသား ၅၀ ကျော်မှာ မူးဝေအော့အန်လာသဖြင့် ယင်းသို့ ဆေးရုံတင်ပို့ခဲ့ရခြင်း ဖြစ်ကြောင်း ပလဒေသခံ ဦးစိုးဝင်းက ပြောကြားသည်။

“စဖြစ်ချိန်မှာ ကလေး ၃၈ ဦး ကျောင်းခန်းထဲမှာ မူးဝေအော့အန်ပြီး လဲကုန်တယ်။ ဖြစ်ဖြစ်ချင်းတော့ ဒီကလူတွေ အကူအညီတောင်းပြီး ကလေးတွေကို ပလဆေးရုံကို ချက်ချင်းတင်လိုက်ရတယ် ပြောတယ်” ဟု ပလဒေသခံ ဦးကျော်မင်းက ပြောပြသည်။

ပထမတွင် ကလေး ၃၈ ဦးကို ဆေးရုံတင်ရပြီး နောက်ထပ် ၁၉ ဦး ထပ်မံတင်ပို့ရကာ စုစုပေါင်း ၅၇ ဦး ဆေးရုံရောက်ခဲ့သည်ဟု သိသည်။

ဆေးရုံတက်ရသည့် ကလေးများအားလုံး ပြန်လည်သက်သာသွားပြီ ဖြစ်သဖြင့် ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်က ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း ပလဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးထံမှ သိရသည်။

(Dawei Watch)
Visit website

Thursday, June 25, 2015

မော်လူးသားများ telenor ဆင်းကဒ် အသုံးပြု နိုင်မည် တာဝါတိုင် စတင်တည်ဆောက်

မော်လူး  မှာ  တော့  တာဝါ တိုင်  မစိုက်သေးပါ
ဖားပန်  ရွာလေးမှာ  စတင်တာပါ
ဖားပန်  ဆိုတော့ မော်လူးရမည် ထင်ပါသည်

လောလောဆယ်တော့  မော်လူး မစိုက်ထူသေးပါကြောင်း  သိရပါတယ်။

Monday, June 22, 2015

ဝါဆိုလ၀ယ် သိမှတ်ဖွယ် • သန္ဓေ • တောထွက် • ဓမ္မစက်၊ မိန့်မြွတ်သံချို လ၀ါဆို။ ******..

ဝါဆိုလ၀ယ် သိမှတ်ဖွယ်

• သန္ဓေ • တောထွက် • ဓမ္မစက်၊ မိန့်မြွတ်သံချို လ၀ါဆို။
*************************
• သန္ဓေတော်ယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
• တောထွက်တော်မူသောနေ့ = မဟာသက္ကရာဇ် ၉၇၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။
• ဓမ္မစကြာဟောတော်မူသောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်၊ စနေနေ့။
*************************
သန္ဓေတော်ယူသောနေ့
*************************
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ --- ကိန်းပါကို.....။
တောထွက်တော်မူသောနေ့
*************************
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် --- ခန်းမှာကို.....။
ဓမ္မစကြာ ဟောတော်မူသောနေ့
*************************
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် --- ရွမ်းတယ်ကို.....။

Credit to ဓမ္မဗျူဟာ



Tuesday, June 16, 2015

လူကြီးတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ

လူကြီးတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ

( အသက်ကြီးတဲ.သူတွေအတွက် မှတ်သားသင်.တဲ.အရာမို. ပြန်လည်ဝေငှ လိုက်ပါသည် )

>>> ၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွား တာကိုကြုံခဲ့ရတယ်..။
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး..။

ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “သောမတ်စ် ဗီးလ်” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။
သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့် ဦးနှောက်သွေးကြော ပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..။

မလေ့လာရင်သာနေမယ်.. လေ့လာရင် အရာရာ သိလာရတာပါပဲ..။ ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း.....။

တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..။
သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။

“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ် သေဆုံးသူ အများစုဟာ အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်လို့ တွေ့ရမှာပါ.။ ဒီလိုပါပဲ... သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်..။ ”

သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..။ သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး အိမ်သာတတ်သူဟာ ဒူးက ၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..။

ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာ.. ရုတ်တရက်သွေးကြောကို ဖွင့်ပေးလိုက်သလို ဖြစ်ပြီး ဦးနှောက်သွေးကြောကိုဆောင့်တိုး စေတယ်..။
လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အား ကျနေပြီလေ.။
ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့... သူတင်ပြတယ်..။

ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..။ ထိုင်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ အံ့သြစရာကောင်းပါတယ်..။

၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..။
ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန် နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက် သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..။
အင်္ဂလန်အပါအ၀င် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ချနိုင်ခဲ့တယ်..။
ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်.. ။
အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..။

Credit:Mr-Daung Char Sai



မော်လူး ဓမ္မစကူးလ် သင်တန်းသို့ ပစ္ဓည်းများ လှူဒါန်း

မော်လူးအမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်းအား ဓမ္မစကူးလ် သင်ထောက်ကူပစ္စည်းအဖြစ် မန္တလေးမြို့မှ မသိမ်ဂီအောင်မှ ကွန်ပျူတာတစ်စုံ ပလတ်စတ်လောင်းစက် epsonကာလာပလင်တာတစ်ခု စုစုပေါင်းတန်ဖိုး (၈၃၀၀၀၀) ကျပ်ကို လှူဒါန်းခဲ့ပြီး မော်လူးဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးဝါယာမအားနဝကမ္မ အလှူတော်ငွေတို့ကို လှူဒါန်းသွားပါကြောင်း

Monday, June 15, 2015

ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့အသုံးဝင်ပုံ လျှို့ဝှက်ချက် (၇) ချက်

ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့အသုံးဝင်ပုံ လျှို့ဝှက်ချက် (၇) ချက်
================================================

မိမိတို့ နေ့စဉ်ဟင်းလျှာမှာခပ်ပြီး အိမ်မှာအသုံးပြုနေတဲ့ ဆားဟာ ဘယ်လောက်ထိအသုံးဝင်သလဲဆိုရင် မိမိနေထိုင်နေတဲ့ အိမ်တစ်အိမ်လုံးကို သန့်ရှင်းတောက်ပြောင်သွားတဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို စာနဲ့ပုံအတူတွဲပြီးပြောပြချင်ပါတယ်။

(၁). မီးပူမျက်နှာပြင်ကိုပြန်လည်ပြန်လည် ချောမောသန့်ရှင်းစင်ကြယ်စေသောနည်း
အကယ်၍သင်အသုံးပြုနေတဲ့ မီးပူရဲ့မျက်နှာပြင်ဟာ စေးကပ်ကပ်ဖြစ်ပြီး မီးပူတိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ စက္ကူ သို့မဟုတ် သတင်းစာရွက် တစ်ရွက်ကိုရှာပြီး စာရွက်ပေါ်ကို ဆားလောင်းပြီးဖြူးထားလိုက်ပါ။ ထို့နှောက် မီးပူကို အပူရှိန်အကုန်ရှိတဲ့ ခလုပ်နေရာကိုနိုပ်ထားလိုက်ပါ။ ပြီးနောက် စက္ကူပေါ်ဆားဖြန့်ထားတဲ့နေရာကို မီးပူဖြင့် ၁ မိနစ်လောက်တိုက်ပေးလိုက်ပါ။ မီးပူပေါ်မှာရှိနေတဲ့ စေးကပ်ကပ်နဲ့အညစ်အကြေးများဟာ ဆားပေါ်ကိုသွားရောက်ကပ်ကုန်မှာဖြစ်ပြီး သင့်ရဲ့မီးပူမျက်နှာပြင်ဟာပြန်လည်ချောညှက်သန့်ရှင်းတောက်ပြောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

(၂). ကွဲသွားတဲ့ကြက်ဥမှ ဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကို ပြန်လည်သန့်ရှင်းအောင်လုပ်နည်း
အခန့်မသင့်လို့ ကြက်ဥကွဲသွားတယ်ဆိုရင် ကြက်ဥအရည်များညစ်ပတ်ပေကျန်လို့ သန့်ရှင်းရေးလုပ်တဲ့အခါ အကုန်မသိမ်းနိုင်ဘူးဆိုရင် ကွဲသွားတဲ့ ကြက်ဥအရည်ပေါ်သို့ ဆားဖြူးလိုက်ပါ အချိန်အနည်းငယ်ကြာသောအခါ ဓါတ်ပြုပြီး အစိုင်အခဲ ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ် အဲဒီအခါကျမှ ကြက်ဥအခဲတုံးလေးကို အလွယ်တကူကောက်သိမ်းနိုင်တဲ့အတွက် သင့်ကြမ်းပြင်ကို တစ်ဖန်ပြန်လည်သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။

(၃). မီးတောက်မီးလျှံတွေကို ချုပ်ငြိမ်းစေသောနည်း
မီးဖိုပေါ်ဒယ်အိုးတင်လိုက်လို့ ဒယ်အိုးထဲမီးထတောက်တဲ့ အခါ ကြောက်လှန့်လို့ ဒယ်အိုးပစ်မချလိုက်ပါနဲ့ ဒယ်အိုးထဲသို့ဆားကိုဖြူးလိုက်ပါ။ အဲဒီအချိန်မှာပဲ အောက်ဆီဂျင်များနေတဲ့ ဒယ်အိုးမှာဆားနဲ့ဓါတ်ပြုသွားသောအခါ မီးပြန်လည်ငြိမ်းသွားမှာဖြစ်ပြီး ပုံမှန်အတိုင်း ချက်ပြုတ်ကြော်လှော်လို့ရနိုင်မှာပဲဖြစ်ပါတယ်။

(၄). ဂျိုးကပ်နေတဲ့ ဒယ်အိုး၊ဒန်အိုးများကို ဂျိုးကွာကျစေသောနည်း။
ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ဟင်းတူးသွားလို့ပဲဖြစ်ဖြစ် ဂျိုးဖြစ်ပြီးကပ်နေကာခွာလို့ခက်ခဲနေမယ်ဆိုရင် ဒယ်အိုးတူးနေတဲ့နေရာ ဂျိုးကပ်နေတဲ့နေရာကို ဆားဖြူးကာရေနဲနဲလောက်ဖြန်းပြီး ၁၀ မိနစ် သို့မဟုတ် တူးတဲ့အရောင်ကွာကျလာတဲ့အချိန်ဖြစ်ဖြစ်ခဏထားပြီး ပုံမှန်ဆပ်ပြာဆေးရည်ဖြင့်ပွတ်တိုက်ကာဆေးကြောပေးရုံဖြင့် သင့်ရဲ့ ဒယ်အိုး၊ဒန်ခွက်များအသစ်ပြန်လည်၍တဖန်သစ်လွင်တောက်ပြောင်လာစေမှာပဲဖြစ်ပါတယ်။

(၅). အိုးတိုက်ရေမြုပ်ဖော့တုံးကို အသစ်ပြန်လည်ဖြစ်လာစေသောနည်း
ထမင်းပန်ကန်၊ဟင်းအိုး။ဒယ်အိုး စတာတွေကိုတိုက်လိုက်တဲ့အခါ အညစ်အကြေး အချွဲအပြစ် အစီးအကပ်များကို အရည်ပျော်ကွာကျသွားစေချင်ရင်တော့ အိုးခွက်ပန်းကန်တိုက်တဲ့ ရေမြုပ်ဖော့တုံးကို ဆားရေ ၁/၄ ဆဖြင့် ရေထဲသို့ဆားပျော်ဝင်သွားတဲ့အထိ မွေလိုက်ပါ။ထို့နောက် အိုးတိုက်ရေမြုပ်ဖော့တုံးကို ဆားပျော်ရည်ထဲသို့ တစ်ညလောက် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းတဲ့အခါ ရေသန့်ဖြင့်ဆေးကြောလိုက်သောအခါ အသစ်ကဲ့သို့ ပြန်လည်တောက်ပြောင်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။

(၆). ရေချိုးရေစိမ်တဲ့ကန်ကို အသစ်တဖန်ပြန်လည်တောက်ပြောင်အောင်လုပ်နည်း
မိမိရေချိုးတဲ့ ရေစိမ်ကန်ဟာ ရေ၀င်ချိုး ၀င်စိမ်ချင်စိတ်မရှိလောက်အောင် ညစ်ပတ်လို့ နေတယ်ဆိုရင် ဆားကို ရေပမာဏနဲ့ အချိုးအစားတူရောပြီးမွေလိုက်ပါ။ ထို့နောက်ရေစိမ်ကန်တိုက်မယ့် အ၀တ်သို့မဟုတ်ရေမြုပ်ဖော့တုံးပေါ်သို့ တင်လိုက်ပြီး ရေစိမ်ကန်ကို တိုက်လိုက်ပါ ချက်ချင်းဆိုသလို သိသိသာသာ အရောင်တောက်ပြောင်သန့်ရှင်းလာတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

(၇). ရေဘေစင်ပိုက်လမ်းကြောင်း အညစ်အကြေးကြောင့်ပိတ်စို့နေသောပြဿနာကိုဖြေရှင်းသောနည်း
အကယ်၍များ ဒီချိန်မှာ သင့်အိမ်မှရေဘေစင် ပိတ်နေတယ်ဆိုပါစို့ အဲဒီပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင်တော့ ပိတ်နေတဲ့ရေဘေစင်ပိုက်လမ်းကြောင်းမှ အမှိုက်သရိုက်များကို အတတ်နိုင်ဆုံးဆွဲထုတ်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ဆော်ဒါကိုဆားနဲ့ ၁/၄ ပုံရောစပ်လိုက်ပြီး ရေပိုက်လမ်းကြောင်းထဲသို့လောင်းထည့်လိုက်ပါ။ပြီးတဲ့အခါမှာ ရှာလကာရည် တစ်ပန်းကန်းလုံးစာလောက်ထပ်ပြီးလောင်းထည့်ကာ ၁၅ မိနစ်လောက်ထား၍ ရေအပေါ်ရောက်လာစေအောင်ထားရတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ရေနွေးဆူဆူဖြင့် ပိုက်လမ်းကြောင်းကိုထပ်လောင်းလိုက်ပါ။ ဒီနည်းဖြင့် သင့်ရေဘေစင်ပိုက်လမ်းကြောင်းပိတ်စို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဒီနည်းအားလုံးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေ....

Credit to: J Jin Tai