Monday, August 31, 2015

ဖုန်းအားသွင်းတဲ့အခါ အားမြန်မြန်ပြည့်အောင် ဆောင်သင့်၊ ရှောင်သင့်သော အချက်များ

ဖုန်းအားသွင်းတဲ့အခါ အားမြန်မြန်ပြည့်အောင် ဆောင်သင့်၊ ရှောင်သင့်သော အချက်များ

အခုဆိုရင် မြန်မာနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းသော လူတိုင်းရဲ့ လက်ထဲမှ Smart ဖုန်းကိုယ်စီရှိနေကြမှာပါ။ မိမိရဲ့ ဖုန်းကို ဂရုစိုက်ကြတဲ့ လူတွေရှိသလို အလုပ်များလို့ ဂရုမစိုက်နိုင်တဲ့ လူတွေလည်း ရှိကြပါတယ်။  ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရံဖန်ရံခါမှာတော့ မိမိဖုန်းကို အားသွင်းဖို့ မေ့တာတို့ ၊ ဖုန်းအရမ်းသုံးရင်းနဲ့ အားကုန်သွားတာတို့ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဖုန်းအားသွင်းတာကို မြန်မြန်ပြည့်စေချင်တဲ့ ဆန္ဒတွေအရမ်းထက်သန်နေပါလိမ့်မယ်။ အရာရာတိုင်းဟာ မိမိရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အခုဆောင်းပါးမှာတော့ ဖုန်းအားသွင်းခြင်းနဲ့ ပတ်သက်ပြီး မိမိရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း မကျပေမဲ့ မိမိရဲ့ ဆန္ဒစောနေတဲ့ အချက်လေးကိုတော့ အနည်းငယ် သက်သာစေမဲ့ နည်းလမ်းအချို့ကို ရေးသားဖော်ပြလိုက်ပါတယ်။

ဖုန်းအားသွင်းတဲ့အခါ ကွန်ပျူတာမှာပါဝင်တဲ့ USB အပေါက်တွေနဲ့ အားသွင်းခြင်းကို ရှောင်ကြဉ်ပါ
————————————————————————————
ဖုန်းအားသွင်းတဲ့အခါ အချို့ကွန်ပျူတာရှိသည့် သူများမှ ကွန်ပျူတာတွင် ပါဝင်သည့် USB အပေါက်များတွင် ကွန်ပျူတာ သုံးရင်းဖြင့် ဖုန်းအားသွင်းကြလေ့ရှိပါတယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရင်း ဖုန်းအားသွင်းတော့ အလုပ်လည်းပြီးဖုန်းလည်းအားမြန်မြန်အားပြည့်တယ်ဆိုပြီး ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဖုန်းအားသွင်းခြင်းအတွက်ကတော့ အလျင်အမြန်အားပြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမန် USB 1.0 နဲ့ 2.0 တို့ရဲ့ လျပ်စစ်စီးနှုန်းဟာ 0.5 A (A=Ampere) ပဲရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အခု ခေတ်စားနေတဲ့ USB 3.0 မှာတော့ လျပ်စစ်စီးနှုန်းဟာ 0.9 A (A=Ampere) ထိရှိလာပါတယ်။ ထိုသို့ ကွန်ပျူတာတွင် ပါဝင်သည့် USB အပေါက်များတွင် ဖုန်းအားသွင်းခြင်းထက် ဖုန်းအားသွင်းသည့် Charger နှင့် အားသွင်းခြင်းသည် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်ပါတယ်။ Charger ဖြင့် အားသွင်းသည့်အခါ လျပ်စစ်စီးနှုန်းက 1.5 A (A=Ampere) အထိရှိတဲ့အတွက်ကြောင့်  ဖြစ်ပါတယ်။

လျပ်စစ်စီးနှုန်း ပိုမိုမြန်သည့် Charger များကို အသုံးပြုပါ
————————————————–
မိမိရဲ့ Charger ထက် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်သည့် Charger များကိုအသုံးပြုခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ iPhone 6 မှာ ပါဝင်တဲ့ Charger ဟာ 1A (5W) သာလျပ်စစ်စီးနှုန်းရှိပါတယ်။ ဒါပေမဲ့ iPad မှာပါဝင်တဲ့ Charger ခေါင်းကတော့ 2.1A (12W) လျပ်စစ်စီးနှုန်းရှိပါတယ်။ ထို့အတွက်ကြောင့် iPhone 6 ကိုအားမြန်မြန်ပြည့်ချင်တဲ့အတွက် iPad Charger ခေါင်းနဲ့ အားသွင်းမည်ဆိုပါက သာမန်ထက် လျပ်စစ်စီးနှုန်းမြန်ဆန်ပြီး ဘက်ထရီအားပိုမိုမြန်ဆန်စွာ ပြည့်လာမှာဖြစ်ပါတယ်။
သို့သော်လည်း Charger တိုင်းကို မဆိုလိုပါဘူး။ မိမိပစ္စည်းရဲ့ Brand နဲ့ ကိုက်ညီမှုရှိတဲ့ Charger တွေသာ အဆင်ပြေပါလိမ့်မယ်။ ဥပမာ iPhone Charger နဲ့ iPad Charger လိုပေါ့။

ကောင်းမွန်တဲ့ USB ကြိုးတွေကို အသုံးပြုပါ
———————————————-
ကျွန်တော်တို့ဟာ ဖုန်းဝယ်တဲ့အခါပါဝင်တဲ့ Original USB ကြိုးနဲ့အားသွင်းတဲ့အခါ ပုံမှန် ကြာသင့်တဲ့ အချိန်ပမာဏ အတိုင်းကြာကြတယ်။ ဒါပေမဲ့ Original USB ကြိုးပျောက်သွားခြင်းဖြစ်စေ ၊ ပျက်စီးသွား၍ ဖြစ်စေ ဈေးနှုန်းသက်သာတဲ့ USB ကြိုးတွေဝယ်ပြီး အစားထိုးတတ်ကြပါတယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ ပုံမှန်ထက် အားသွင်းနှုန်း ပိုကြာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ USB ကြိုး ၊ မိမိ device နဲ့ ကိုက်ညီမှုရှိတဲ့ USB ကြိုးတို့ကိုသာ အသုံးပြုသင့်ပါတယ်။

ဖုန်းအားသွင်းတဲ့အခါ ချထားပါ
———————————-
အခုဆိုရင် COC ကစားတဲ့လူတွေများပြားလာတော့ ဒီအချက်ကို ထည့်သွင်းပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဖုန်းနဲ့ Game ကစားနေရင်း ဖုန်းအားနည်းသွားတဲ့အတွက်ကြောင့် Game ကစားရင်းနဲ့ အားသွင်းတတ်ကြပါတယ်။ ဒါဟာ ဖုန်းအားသွင်းမြန်ဆန်ခြင်းကို အနှောက်အယှက် ဖြစ်စေတဲ့အချက်ပဲဖြစ်ပါတယ်။ အချို့ Blog တွေမှာ ဖော်ပြချက်အရတော့ ဖုန်းအားသွင်းတဲ့အခါ ဖုန်းကို Airplane Mode အဖြစ်သို့ ဖြစ်စေ ၊ ပါဝါပိတ်ထားခြင်းအဖြစ်သို့ ဖြစ်စေ ပြုလုပ်ထားသင့်တယ်လို့ရေးသားဖော်ပြကြပါတယ်။ ဒါဟာ တကယ်လိုက်နာသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒီလို မလိုက်နာနိုင်ဘူးဆိုရင်တောင် မိမိဖုန်းအားသွင်းတဲ့အခါ ဖုန်းနဲ့ ဘာအလုပ်မှမလုပ်ပါနဲ့။ ဒါဆိုရင်တော့  သင့်ဖုန်းအားသွင်းခြင်း မြန်ဆန်လာမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါအချက်တွေကတော့ ဖုန်းအားသွင်းတဲ့အခါ မြန်ဆန်စေမဲ့ တကယ်အသုံးဝင်တဲ့ နည်းလမ်းတွေကို ရှာဖွေကာ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
Ref : Geek
credit - Aung Ko Htet (MMAS



မော်လူးအုပ်စုက တာဝန်ရှိသူများ ပရဟိတ များ #$% အဖွဲ့အစည်းများ အခွင့်အရေး လက်လွတ်မခံနဲ့ နန်းခွင်ကျင်တံတားတဲ့

နန်ခွင်းကျင်ရွာတံတားသွားရလာရတာတော်၂စိတ်ပျက်
ဘို့ကောင်းဆိုင်ကယ်လည်းတွန်းပြီးသွားရတယ်
သက်ဆိုင်သူများဒီအတိုင်းကြည့်နေတော့မှာလား

fb  မှာတွေ့လို့


Sunday, August 30, 2015

မေတ္တာအခါတော်နေ့ အကြောင်း

•••••••••••••••••••••••••••••••••••••••••••••••
ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ-
“မေတ္တသုတ် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း”
နှင့် ဆက်စပ်၍ ကျင်းပခြင်း ဖြစ်ပါတယ်။

❖(၁)။မေတ္တာသည် ပါဠိဝေါဟာရဖြစ်၍ မြန်မာလို
ချစ်ခြင်းဟု အဓိပ္ပါယ်ရ၏။

❖(၂)။မေတ္တာဓာတ်သည် ကြည်လင်အေးမြ၍ ငြိမ်းချမ်းသော
သဘောကို ဆောင်၏။တဏှာကဲ့သို့ နောက်ကျူ
ပူလောင်သော သဘောမျိုး မဟုတ်ချေ။

❖(၃)။မေတ္တာသည် ဗြဟ္မဝိဟာရ တရားလေးပါးတွင်
တစ်ပါး အပါအဝင်ဖြစ်၏။

❖(၄)။မေတ္တာသည် အတိုင်းမသိသော သတ္တဝါတို့
အပေါ်တွင် အာရုံရောက်၍ “အပ္ပမညာတရား”ဟုတွင်၏။

❖(၅)။မေတ္တာသည် ဈာန်ကို ရနိုင်စေသော
“ဗြဟ္မဝိဟာရတရားထူး” ဖြစ်၏။

❖(၆)။မေတ္တာဗြဟ္မစိုရ်ကို ပွါးများနေလျှင် ကမ္ဘာလောကကြီး
ထာဝရ ငြိမ်းချမ်းနိုင်၏။

❖(၇)။မေတ္တာအကျိုး ၁၁မျိုးကို အဂုင်္တ္တရပါဠိတွင်
မြတ်စွာဘုရား ဟောကြားထားပါသည်။

❖(၈)။မေတ္တာပွါးနည်း ၁၁နည်းကို မေတ္တာသုတ်၌
မြတ်စွာဘုရား ဟောကြား ထားပါသည်။

❖(၉)။မေတ္တသုတ်မှာ ခုဒ္ဒကပါဌနှင့် သုတ္တနိပါတပါဠိတွင်
လာရှိပါသည်။

❖(၁၀)။ငါးရာ့နှစ်ဆယ်ရှစ်သွယ် မေတ္တာပွါးနည်းများကို
ပဋိသမ္ဘိဒါမဂ်တွင် ပြည့်စုံစွာ ဟောကြားထားပါသည်။

❖(၁၁)။မေတ္တာကို အဒေါသ၏ပရိယာယ်အဖြစ်
ပဋိကတ်ကျမ်းဂန်တို့၌ ဟောကြားထားပါသည်။

❖(၁၂)။မေတ္တာ၏ အဝေးရန်သူမှာ ဒေါသဖြစ်၍၊
အနီးရန်သူကား တဏှာလောဘ ဖြစ်လေသည်။

❖(၁၃)။တဏှာရာဂသည် မေတ္တာအယောင်ဆောင်၍
သတ္တဝါကို လှည့်စားတတ်လေသည်။

❖(၁၄)။မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၍၊
ဒေါသဖက်သူက ကြမ်းတမ်းသလောက်၊
မေတ္တာဖက်သူက ယဉ်ကျေးသိမ်မွေ့လေသည်။

❖(၁၅)။မေတ္တာဓာတ်သည် သီတာရေ နှင့်
လရောင်တမျှ အေးမြပြီး၊ဒေါသမှာမူ နေနှင့်မီးပမာ
အပူဓာတ်ကိုသာ ပေးမြဲဖြစ်လေသည်။

❖(၁၆)။ရေမြေခြား၍ ဝေးကွာနေသော်လည်း
“မေတ္တာ”ဖြင့် ဆက်သွယ်လျှင် အနီးကလေးဟု
ဆိုရ၏။

❖(၁၇)။မေတ္တာကို အလျားအနံ မရှိသော်လည်း၊
အသွားအပြန် ရှိသောတရား ဟုဆိုကြ၏။

❖(၁၈)။စောင်ခြုံ၍ မလုံနိုင်၊မေတ္တာခြုံမှ လုံနိုင်၏။

❖(၁၉)။ငွေဖြင့် ဆက်ဆံရုံနှင့် မမြဲ၊
မေတ္တာဖြင့် ဆက်ဆံမှ တစ်သက်ပန် မြဲနိုင်၏။

❖(၂၀)။စက်၊ဗုံး၊အမြောက်မက ထက်မြက်ထိရောက်ပြီး၊
တစ်သက်လုံး အောက်ကျနိုင်သော လက်နက်မှာ
“သည်းခံခြင်း” ဆိုသော မေတ္တာလက်နက်ပင်ဖြစ်လေသည်။

❖(၂၁)။မေတ္တာစွမ်းရည်ကြောင့် ဆန့်ကျင်ဘက်ပြုသူတို့အပေါ်
အနိုင်ရရှိပုံကို “သာမာဝတီမိဖုရား၊ဥတ္တရာ အမျိုးသမီးနှင့်
မာဃလုလင်” တို့ကို သာဓက အဖြစ် ကြည့်သင့်၏။

❖(၂၂)။အိုးအလုံး ၁၀၀ဖြင့် တစ်နေ့လျှင်သုံးကြိမ်ချက်၍
လှူဒါန်းသော ဒါနထက် နို့တစ်ညှစ်စာ တစ်ခဏတာမျှ
ပွါးများသော မေတ္တာဘာဝနာက ပို၍အကျိုး
ကြီးမားကြောင်းမြတ်စွာဘုရားက
ဟောကြားထားလေသည်။

“မေတ္တာသုတ်အမွှန်း ဧကပိုဒ်ရတု”
•••••••••••••••••••••••••••••••••••••••••••••••
သုံးလူ့ထွတ်တင်၊မြတ်ရှင်ပင်၏၊
သွန်သင်ဟောကြား၊မြတ်တရားကို၊
နာကြားပြီးကာ၊ထေရ်ငါးရာတို့၊
မဟာမြိုင်တွင်း၊ဝင်ကာချဉ်းလျက်၊မယွင်းနေ့ည၊
မြတ်ဓမ္မကို ကျနသေချာ၊အားထုတ်ကာဖြင့်၊
သီလတန်ခိုး၊အရှိန်မိုး၍၊ရုက္ခစိုးနတ်၊ဗိမာန်ရပ်မှ၊
မပြတ်စွန့်ခွါ၊မခံသာကား၊ကြံရာမရ၊ခြောက်လှန့်ကြသော်၊
သပ္ပါယကင်း၊ထိုဝါတွင်းဝယ်၊ရှင်ရင်းထံပါး၊
ဝင်ခစားစဉ်၊ဘုရားမြတ်စွာ၊တို့ဆရာက၊
မေတ္တာမည်ခေါ်၊ပရိတ်တော်ကို၊အဖော်ပြုကာ၊
တောဝနာသို့၊ဆောစွာမသွေ၊သွားရောက်စေလျှင်၊
ထွေထွေဘယာ၊ကင်းစင်ကွာလျက်၊
ဒေဝါအများ၊ မေတ္တာထား၍၊မအားနေ့ည၊
အားထုတ်ကြသဖြင့်၊အာသဝကုန်ခန်း၊
ရဟန္တာစစ်၊အမှန်ဖြစ်သည့်၊မေတ္တသုတ္တန်၊
ဓမ္မက္ခန်ကို၊သံပြိုင်ကြေညာ၊ရွတ်ချိန်သာပြီ၊
သေချာမောင်တို့ ရွတ်ပါစို့။
(သေချာမယ်တို့ ရွတ်ပါစို့။)
[အထူးပရိတ်ကြီးမှ ဖော်ပြပါသည်။]
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】


Friday, August 28, 2015

ဒီနှစ် ဒီပင်္ကရာ ဇာတ်ပွဲ တဲ့


fb  မှာ ကတော့   ပွဲဦးမှားမင်းစားတဲ့  ပွဲဦးမင်း  ဆိုပြီး  ပြောနေတယ်

ကောင်းလားညံ့လားဆိုတာ  တပို့တွဲလဆန်း ၁၀ ရက်နေ့မှာ  အကဲဖြတ်သံ  နားထောင်ကြပါစို့


အိမ်မှာ ကိုယ်တိုင် ကွန်ကရစ် လောင်းလိုသူများအတွက် ဘိလပ်မြေသဲကျောက် အချိုးအစား တွက်နည်း



အိမ်ခြံမြေ လမ်းဆုံ
“ဘိလပ်မြေနှင့် သံချောင်း တွက်နည်း”

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ
မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။

မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့  ပြောကြပါတယ်။
ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

"ကုဗကျင်း"
======

- ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

- ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့ 
ကွန်ကရစ်လောင်းခြင်းတို့ 
မြေကြီးတူးခြင်းတို့ မှာ အများဆုံးသုံးပါတယ်။

- ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင်
ကုဗကျင်းထွက်လာပါပြီ။

- မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

- 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် 
သဲကျင်းဝက် ကျောက် ၁ ကျင်း

- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် 
သဲကျင်းဝက် ကျောက် ၁ ကျင်း

- 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် 
သဲကျင်းဝက် ကျောက်၁ ကျင်း

- အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊
ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။

- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

"စကွဲယားကျင်း"
=========

- စကွဲယားကျင်း အလျားနဲ့  အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။

- ၄လက်မခွဲ အုတ်စီခြင်း
ဆေးသုတ်ခြင်းတို့ 
အမိုးမိုးခြင်းတို့ 
ကြွေပြားကပ်ခြင်းတို့ မှာ သုံးပါတယ်။

- နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ
အုတ် ၅၅၀ လုံး

- 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း

"သံချောင်း"
======

- သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက
ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။
သို့ ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့  မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေက

- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။

"ဘိလပ်မြေ"
=======

- ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး
အိတ်၂၀ ဟာ ၁ တန်ပါ။

- သံချောင်းတွေဆက်ဖို့ လိုရင် တိုင်တွေမှာ
အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။

- ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ
သုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။

အခုနောက်ပိုင်း မီတာနဲ့ သုံးလာပါတယ်။
ဆက်သွယ်ချက်က
၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့အခေါ်ပါ။

1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား

ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft

အိမ်ဂရန် လုပ်ရတော့မှာ ဆိုတော့ မော်လူးသားတွေ အိမ်ဂရန်အကြောင်း ဖတ်ထားကြပါစို့

Okkala Channel
ဂရန်ဆိုသည်မှာ

ဂရန်မြေဆိုတာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ၊ နည်းဥပဒေတွေ ရှိပြီးသားပါ။ လိုက်နာဖို့၊ ဘယ်လိုလိုက်နာရတယ်ဆိုတာ သိဖို့ပဲ လိုပါတယ်။

•ဂရန်

၁။ မြို့မြေများမှာ လူနေထိုင်ရန်(Residential Purposes)အတွက်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံးပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန်(Lease)လို့ ခေါ်ပါတယ်။ အပိုင်သဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ပဲ ခေါ်ကြပါတယ်။

•ဂရန်လျှောက်ထားခြင်း-

၂။ အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဋ္ဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ်နှင့် မြေရာဇဝင်ကို စိစစ် မှတ်ချက်ပြု ပြန်ကြားပေးရန်လွှဲပြောင်းပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနက မိမိဋ္ဌာနမှာရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း(1-A Register)တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖော်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်-မဟုတ်နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်-မဟုတ် မှတ်ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ-မရှိနဲ့ အစိုးရအဆောက်အဦးနှင့် အခြားကိစ္စများ အသုံးပြုရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ-မရှိတို့ကို စိစစ်ပေးခြင်း၊ မြေတန်ဖိုးနဲ့ မြေငှားခများ တွက်ချက်ပေးခြင်း စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။

ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး၊ မြေကို စိစစ်ပေးတာက မြေစာရင်းဋ္ဌာန ဖြစ်ပါတယ်။
ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး မြေစာရင်းဋ္ဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေယာဇဝင်(မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေအနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပေမယ့် မြေဆိုရင် မြေစာရင်းက လုပ်တာပဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စနဲ့ တိုင်ကြပြီဆိုရင် မြေစာရင်းဋ္ဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရားဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည် မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများဥပဒေတို့က ပြဋ္ဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဋ္ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘောမပေါက်ကြပါဘူး။ ဒါ့ကြောင့် ဂရန်ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။

•ဂရန်လုပ်ငန်း၌ ကြေး/မြေ၏ အခန်းကဏ္ဍ

၃။ အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမယ့် ဂရန်လျှောက်မယ့်မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇဝင် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေးနိုင်တဲ့မြေ ဟုတ်-မဟုတ်ကို ဋ္ဌာနရှိ မြေပုံ၊ မြေရာဇဝင်၊ မှတ်တမ်း၊ အထောက်အထားများနဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာက မြေစာရင်းဋ္ဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဖို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဋ္ဌာနအနေနဲ့ ထောက်ပြရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် ပေါင်းစားရင် အရိုးတောင်နူးတယ်ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွားတယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တစ်သွေး တစ်သံ တစ်မိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှုကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမောဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာက စာအုပ်ကြီးတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဋ္ဌာနတိုင်းလိုလိုဖြစ်တော့ကာ ထွေ/အုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲ ရောယောင်ပါသွားတာ မဆန်းပါ

•အခုခေတ် ဂရန်တချို့ ဥပဒေနဲ့ ညီရဲ့လား

၎။ လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲတွေ မြေစာရင်းဋ္ဌာနကို ပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စိစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိလာရပါတယ်။ မြေစာရင်းဋ္ဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလည်း ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက်လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ(ဥပမာ- သစ်တောကြိုးဝိုင်းမြေ၊ မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရဋ္ဌာန/ပုဂ္ဂလိကသို့ ချထားပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့်မြေ Land at the disposal by Government လို့ မှားယွင်းမှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန် ထောက်ခံခြင်း စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက် ချထားမပေးသင့်တဲ့ အစိုးရဋ္ဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထားတဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။ မြေစာရင်းဋ္ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ ဂရန်ချထား မပေးနိုင်တဲ့မြေများကို မြေငှားဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာဖြစ်ပွားရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်းဖြစ်ရတာတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့တနေ့ကအထိ ဋ္ဌာနမှာ ဂရန်မြေအရှုပ်အရှင်းအတွက် အရေးယူခဲ့ရသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ကြေး/မြေဋ္ဌာနဝန်ထမ်းတွေကို မြေရာဇဝင်မှတ်တမ်း မှားယွင်းထုတ်ပေးမှုအတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆံ့အောင် ကြားဖူးကြမှာပါ။ ကျွန်တော်တို့ချည်းပဲတော့ မဟုတ်ဖူးပေါ့။ G.A နဲ့ အခြားဋ္ဌာနက ဆရာတွေလည်း ထိတာပါပဲ။ စစ်ကိုင်တိုင်းက ဂရန်မှားပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှားချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန်ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဘက်ခေတ်မှာ တန်ဖိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ ဋ္ဌာနက လူငယ်သွေးသစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ပတ်သတ်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံးလုပ်နည်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။

•မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ

၅။ ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သောမြေဆိုတာ ဘာလဲ ဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှသာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT )
အစိုးရမှ စီမံချထားပိုင်ခွင့်ရှိသောမြေ( Land at the disposal of Government )ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ခေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ ပုဒ်မ(၂)၊ ပုဒ်မ(၃)၊ ပုဒ်မ(၄)တို့မှာ ဖော်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက် လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း အသုံးပြုခွင့်ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံအလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း၊ တံတား စတဲ့ အစိုးရဋ္ဌာနများမှ အသုံးပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီးသော မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှားဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှားဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်သောမြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို ( Land at the disposal of Government )အစိုးရမှချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက်တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍ မရပါဘူး။ ချထားလိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက်တစ်ယောက်ကို ချထားနိုင်ပါတယ်)။ သက်တမ်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖောက်ဖျက်ရာ ကျပါတယ်။

မြေတစ်ကွက်ကို ဂရန်ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်-မဟုတ်အတွက် မြေယာမှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဋ္ဌာနရဲ့ မှတ်ချက်ဟာ အလွန်အရေးပါတယ်ဆိုတာ သတိပြုရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက်မှာ တိတိကျကျဖော်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရဋ္ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရားဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေမဟုတ်တဲ့ လ/န(၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဆိုပြီး မြေစာရင်းဋ္ဌာန တာဝန်ရှိသူများအနေနဲ့ လုံးဝ မှတ်ချက်မပြုဖို့ သတိချပ်စေလိုပါတယ်။

•မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land )

မြို့များအတွင်းမှာရှိတဲ့ မြေတွေကို အစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း ၂၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့် ရှိပါတယ်။
ပုဒ်မ ၇။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြား မည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ။

(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှားဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitation Act)အရ ပိုင်ဆိုင်သော အခွင့်အရေး၊
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ်ဖော်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူ ခံစားခွင့်၊

ပုဒ်မ ၈။ စာရင်းဝင်မြို့များ(Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထားသော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder's right)မြေရှင်ဆိုင်ရာအခွင့်အရေးကို ရရှိစေရမည်။
(က) မြို့နှင့်ကျေးရွာမြေများ ပြဋ္ဌာန်းအတည်မပြုမီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသော ကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလ ပြည့်အောင် မြေကို လက်ရှိထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ Public demands ကို ထမ်းဆောင်လာသူ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်--
(က) စစ်တွေမြေများအတွက် ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင် ၁၈၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမယ့် အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။

•မြို့မြေအတွင်း မြေချထားပေးမှု အမျိုးအစားများ

၆။ မြို့မြေလို့ သတ်မှတ်ထားတဲ့ မြေတွေကို အစိုးရက ကော်လိပ်တော်မှတဆင့် အများပြည်သူသို့ မြေအသုံးချလိုတဲ့ ဋ္ဌာန/အဖွဲ့အစည်းများကို ချထားတဲ့အခါ အသုံးချမှုကိုမူတည်ပြီး အမျိုးအစား ခွဲခြားချထားပါတယ်။ လူနေထိုင်ရန်၊ အဆောက်အဦး ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်၊ သူဿန်မြေအဖြစ် အသုံးပြုရန်၊ သာသနာမြေ အသုံးပြုရန်၊ အများပြည်သူအကျိုးအတွက် ပန်းခြံ၊ အားကစားကွင်း၊ ဆေးရုံ၊ ကျောင်း၊ ကူးတို့ဆိပ်၊ ဈေး၊ တပ်မြို့ဆောင်ရွက်ရန် စသည်ဖြင့် ချထားပေးနိုင်ပါတယ်။ အရင်ကတော့ မြို့မြေအတွင်း လယ်ယာစိုက်ပျိုးရန်အတွက်ပါ ချထားပေးခဲ့ပေမယ့် နောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုက်စင်/ဂရန် မချပေးတော့ပါဘူး။ မြေကို ဘယ်လိုပုံစံနဲ့ ချထားသလဲဆိုတော့ အငှားပတ္တာ၊ ဂရန်၊ လိုင်စင် စတဲ့ နည်းလမ်းတွေနဲ့ ချထားပါတယ်။
Section 16: Land at the disposal of Government may be disposed of -
(a) By grant or lease, conferring such interests there in and on such condition as the Governor may be by rule prescribe;
(b) By license of the Revenue-officer.
(က) အပိုင်ဂရန် (Revenue free Grant)
အပိုင်ဂရန်ရဲ့ ခေါင်းစည်းကိုက Instrument of Grant for Religious/Public Purposes ဆိုတော့ သာသနာရေးကိစ္စတွေ၊ အများပြည်သူအကျိုးငှာ ဆောင်ရွက်မယ့်ကိစ္စတွေအတွက် ချထားပေးရမယ့် ဂရန်အမျိုးအစားဆိုတာ ရှင်းပြဖို့ မလိုတော့ပါဘူး။ လျှောက်ထားချပေးတဲ့ ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့ ဂရန့် ဖြစ်ပါတယ်။ သက်တမ်း မရှိပါဘူး။ ဒါပေမယ့် ချထားပေးတဲ့ မြေတစ်ကွက်လုံး ဖြစ်စေ၊ မြေကွက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ ချထားပေးတဲ့ လုပ်ငန်းရပ်ကို အသုံးမပြုဘဲ အခြားကိစ္စရပ် ပြောင်းလဲ အသုံးချထားခဲ့ရင်တော့ တစ်ကွက်လုံးကို မြေခွန်ထိုက်သင့်စေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မူရင်း ခွင့်ပြုထားတဲ့ ကိစ္စရပ်အတိုင်း မသုံးဘဲ အခြားကိစ္စကို ပြောင်းလဲ အသုံးပြုရင်ဖြစ်ဖြစ်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေပေါ်က အဆောက်အဦ ကျောင်း ကန် ဇရပ်တွေက အသုံးမပြုနိုင်တော့လောက်အောင်ကို ပျက်စီးယိုယွင်းနေပြီး ပြင်ဆင်မှုမရှိ၊ လူသူကင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတဲ့ အခြေအနေတိုင် ရောက်နေပြီဆိုရင်တော့ မြေပေါ်က အဆောက်အဦတွေရော၊ မြေကိုပါ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။
ဂရန်ချထားတဲ့ ပုံစံက Land Revenue II / Grant ပုံစံ ဖြစ်ပါတယ်။

(ခ) နှစ်ရှည်အငှားဂရန် (Long Term Lease)

လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခံ့တဲ့ တိုက်တာ၊ အိမ်၊ အဆောက်အဦများ အခိုင်အမာ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် နှစ်ရှည်ဂရန် ချထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တမ်းကုန်ရင် အသစ်လဲလှယ်ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ပေးခွင့် မရှိတဲ့ ဂရန်အတွက် ပုံစံ ခွဲခြားပေးရပါတယ်။ ဂရန်သက်တမ်းက သာမန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ်(၃၀)အထိ ဖြစ်ပါတယ်။ နှစ်(၃၀) ဂရန်ကို အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတိုင်း အသစ်လဲလှယ်ပိုင်ခွင့်ရှိသော (With the power of Renewal up to Ninety Years)ဂရန်နဲ့၊ အနှစ်(၃၀)ပြည့်တာနဲ့ သက်တမ်းထပ်မံ၍ လဲလှယ်ခွင့်မရှိဘဲ သက်တမ်းကုန်ဆုံးသော (Without the power of Renewal)အသစ်လဲလှယ်ပိုင်ခွင့်မရှိသော ဂရန် ဆိုပြီး (၂)မျိုး ခွဲခြားပါတယ်။

အနှစ်(၃၀)သက်တမ်းကုန်ဆုံးတိုင်း (With the power of Renewal up to Ninety Years)အသစ်လဲလှယ်ပိုင်ခွင့်ရှိသော ဂရန် ဖြစ်ရင်တော့ အနှစ်(၉၀)တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ်ပိုင်ခွင့် ရှိပါတယ်။ ယင်းဂရန်မျိုးဟာ နှစ်(၉၀)အထိ ပေးတယ်ဆိုပေမယ့်လည်း တောက်လျှောက်ပေးခြင်း မဟုတ်ဘဲ နှစ်(၃၀)စီ လီ၍ ပေးခြင်းသာ ဖြစ်ပါတယ်။ နှစ်(၃၀)သက်တမ်း ကုန်ဆုံးပါက အသစ်ထပ်မံ လျှောက်ထားရန်မလိုဘဲ တစ်ကြိမ်လျှင် နောက်ထပ် နှစ်(၃၀)စီ သက်တမ်းတိုးခွင့်ကိုသာ လျှောက်ရပါတယ်။
သက်တမ်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချထားပေးတဲ့ ပုံစံက Land Revenue II / Lease I & I (a), Form of Lease of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။
အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံ လဲလှယ်ခွင့်မရှိဘဲ ကုန်ဆုံးသွားတဲ့ (Without the Power of Renewal)အသစ်လဲလှယ်ပိုင်ခွင့် မရှိသော ဂရန် ဖြစ်ရင်တော့ သက်တမ်းကုန်ဆုံးတဲ့ နှစ်(၃၀)ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဂရန်သက်တမ်းအသစ် လျှောက်ထားမှုကို မြေအငှားချပိုင်ခွင့်ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ်ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန် ဖြစ်ပါတယ်။ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၇ အရ)

(ဂ) နှစ်တိုအငှားဂရန် (Lease of Short Term)

မြေပေါ်မှာ အတော်အသင့် တောင့်တက်းခိုင်မာမှုရှိပြီး သင့်လျော်တဲ့ သက်တမ်းပမာဏ နေထိုင် အသုံးပြုနိုင်မယ့် အဆောပ်အဦ ဆောက်လုပ်ထားခြင်း (သို့မဟုတ်) ယင်းမြေကွက်ဟာ ယခင်က လိုင်စင် (သို့မဟုတ်) ကျူးကျော်အဆင့်သာ သတ်မှတ်ထားခဲ့ရာက ယခုမှ ဂရန်စတင်ပေးရန် ကြံရွယ်ခြင်းဖြစ်ပါက နှစ်တိုဂရန်ပဲ ချထားပေးရန် ဖြစ်ပါတယ်။ ခွင့်ပြုကာလ (၁၀)နှစ်မှ (၁၅)နှစ်အတွက် ကာလတို ချထားနိုင်ပါတယ်။ ယင်းအငှားဂရန်မှာလည်း ဂရန်သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန် (Without power of Renewal)ဂရန် အမျိုးအစား ဖြစ်ပါတယ်။ သက်တမ်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမ မခံပါဘူး။ အသုံးပြုရတဲ့ ပုံစံမှာ Land Revenue II / L.B Lease I & I (a); Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။

(အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၈ နှင့် ၂၉ အရ)

(ဃ) လိုင်စင် ( License )

မြို့မြေ တိုးချဲ့အကွက်အသစ်များအတွက် လည်းကောင်း၊ မြို့ရွာများ စစ်ဘေး၊ မီးဘေး၊ လေဘေး ဒဏ်သင့်လို့ ပျက်စီးရာက ပြန်လည်ထူထောင်ရေးကာလမှာ လည်းကောင်း၊ တည်ငြိမ်တဲ့ နေထိုင်မှု မရှိသေးတဲ့အပေါ် မူတည်ပြီး သက်တမ်းတို နေခွင့်ပြုထားတဲ့ မြို့မြေနေထိုင်ခွင့် ဖြစ်ပါတယ်။ မြို့ပြရပ်ကွက် တည်ငြိမ်မှုမရှိသေးတဲ့ နေရာတွေမှာ ယာယီအားဖြင့် မြေခေတ္တအသုံးပြုနိုင်ရန်အတွက် လိုင်စင်ချထားခြင်း ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် (၃)နှစ်ထက်ပိုပြီး ခွင့်မပြုနိုင်ပါဘူး။ အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ ၅၁(က)(၁) (၂)နှင့် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ (၇)၊ နည်းဥပဒေ (၈)တို့မှာ ဖော်ပြထားတဲ့ နှစ်ရှည်/နှစ်တို ဂရန်ချထားပေးသင့်တဲ့ မြေများမှ အပဖြစ်သော စနစ်တကျ မြို့ကွက်မရိုက်ရသေးတဲ့ နေရာတွေမှာ နှစ်ရှည် (သို့မဟုတ်) နှစ်တိုဂရန်များ ထုတ်မပေးရဘဲ {အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ အပိုဒ် (၃၀)နှင့် (၃၄)အရ} ယာယီပါမစ်နဲ့ လိုင်စင်ကိုသာ ထုတ်ပေးရလေ့ ရှိပါတယ်။ လိုင်စင်ချထားပေးတဲ့ အခွန်ပုံစံကတော့ Land Revenue II / L.B License 2 ဖြစ်ပါတယ်။
လိုင်စင်မှာ ထူးခြားတာက ဂရန်ချထားပေးသလောက် စိစစ်မှု မရှိတာ၊ တင်းကျပ်တဲ့စည်းကမ်း မထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၆ (က)မှာ ဂရန်တွေ၊ အငှားဂရန်တွေကို အစိုးရ(Governor) ဒါမှမဟုတ် အစိုးရကိုယ်စား ကော်လိပ်တော်အရာရှိ(အရေးပိုင်)က ချထားရန်နဲ့ လိုင်စင်ကိုတော့ ပုဒ်မ ၁၆ (ခ)မှာ Notification B အရ တာဝန်ပေးထားတဲ့ အခွန်အရာရှိက ပေးရန် လို့ ခွဲထားခြင်းကြောင့် ဖြစ်ပါတယ်။ ဘာကွာသလဲ မမေးပါနဲ့။ ကွာပါ့ ဗျား။ ပုဒ်မ ၁၆ (ခ)အရ လိုင်စင်ပေးနိုင်တဲ့ အခွန်အရာရှိဆိုတာ နယ်ပိုင်၊ မြို့ပိုင်ကနေ သူကြီးအထိတောင် အခွင့်အာဏာ အပ်ထားလို့ ဖြစ်ပါတယ်။ ဒီလို အလွယ်ချပေးနိုင်အောင် စီစဉ်ပေးသလို အချိန်တိုအတွင်း အလွယ်တကူ ပြန်သိမ်းနိုင်အောင် လုပ်ထားတဲ့ မြေပေါ့ဗျာ။ လိုင်စင်ပေးထားဆဲမှာကို (၃)လ အတွင်း မြေမှ ထွက်ခွာရန် နို့တစ်စာ ချပြီး အချိန်မရွေး နှင်ထုတ်နိုင်ပါတယ်။

(င) ပါမစ် ( Permit )

အစိုးရမီ ချထားပေးပိုင်ခွင်ရှိသော Disposal Land ကို အသုံးပြုနိုင်မည့် အခွင့်အရေး Right in land မှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄ (၇)၊ ပုဒ်မ-၇ (က)နဲ့ ပုဒ်မ ၁၆ (က)၊ (ခ)တို့အရ Grant, Lease, License (၃)မျိုးဖြင့်သာ သုံးစွဲခွင့်ရရှိနိုင်ပါသည်။ ဒါပေမယ့် မြို့သစ်တွေ အကွက်ရိုက်တဲ့အခါ ချထားချထားပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေးတယ်။ ပါမစ်မြေကို သိနားလည်ဖို့ ခုခေတ်မှာ အရေးပါလာပါတယ်။ န.ဝ.တ တက်လာပြီး မြို့နယ်တိုင်းလိုလိုမှာ မြို့သစ် ရွာသစ်တွေ တည်ထောင်ကြတဲ့အခါ အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြတဲ့အတွက် မြို့သစ်မြေချပါမစ် Permit တွေ တစ်ပြည်လုံး ပလူပျံလာပါတယ်။ ပါမစ်ဆိုတာဟာ မြေနေရာ ချထားသည့်အမိန့်သာ ဖြစ်ပြီး မြေအသုံးပြုခွင့် အမိန့်၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၁၆ တို့အရ သတ်မှတ်ထားရာမှာ ပါမစ်ကို ဖော်ပြထားတာ မတွေ့ပါဘူး။ အစိုးရမြေကို အသုံးပြုနိုင်ဖို့က သတ်မှတ်ကာလ တစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့်ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆို ငှားရမ်းရပါတယ်။




credit to Okkala Channel

Wednesday, August 26, 2015

ကဲ ဗုဒ္ဓဘာသာ မှန်ရင် ဖတ်ထား မှတ်သား လက်ကိုင်ထား လိုက်စမ်းပါ မော်လူးဒေသသားတွေ

အရှင်ဣဒ္ဓိဗလ ရမ္မာဝတီ
(သံဃာ့ညီလာခံအတွင်း သီတဂူဆရာတော်ကြီးပြောကြားသော မိန့်ခွန်းအပြည့်စုံ)
အမျိုးစောင့်ဥပဒေညီလာခံ၌ ဆရာတော်ကြီးများ သြ၀ါဒ အကျဉ်းချုပ်
၁။ မလုပ်နိုင်ပဲ တာဝန်မယူခြင်ဘူး၊ ဒါတပည့်တော် ၀ါဒပဲ။
၂။ ဗုဒ္ဓဘာသာအမျိုးသ္မီးများ အနှိပ်စက်ခံ အလှည့်စားခံဘ၀ ရောက်နေကြတယ်၊ ဒီဥပဒေကို မထောက်ခံခြင်တဲ့သူတွေဟာ ကိုယ်ချင်းစာတရား မရှိကြလို့ ဖြစ်မယ်(ဘာသာခြား)၊ ဒါမှမဟုတ် ထွက်ခြင်တိုင်းထွက် ၀င်ခြင်တိုင်းဝင်ခြင်လို့ဖြ စ်မယ်(ဘာသာတူ)။
၃။ ဘာသာ၎မျိုးလုံးနေကြတဲ့ မြန်မာနိုင်ငံဟာ အိမ်လေးအိမ်ရှိတဲ့ ရွာနဲ့တူတယ်၊ တခြား(ဘာသာ)အိမ်၃လုံးမှာတော့  (ဥပဒေ)ခြံခတ်ထားတယ်၊ (ဗုဒ္ဓဘာသာ) အိမ်တအိမ်ပဲ ခြံမခတ်ရသေးတာ၊ ဒီတော့ လုံခြုံမှုမရှိတော့ဘူး၊ အန္တရာယ်တွေ ၀င်လာပြီပေါ့။
၎။ မီးခဲသေးသေးလေးဖြစ်ပေမဲ့ လေနဲ့တွေ့ရင် အိမ်တွေ ရွာတွေ မြို့တွေ ပျက်စီးအောင် လောင်နိုင်တယ်၊ ထို့အတူ ကိစ္စသေးသေးလေးဖြစ်ပေမဲ့ မီဒီယာလေ နိုင်ငံရေးလေ အတိုက်ခံလိုက်ရရင် ရခိုင်လို မိတ္ထီလာလို အများစိတ်ထိခိုက်စရာ ဖြစ်သွားတတ်တယ်။
၅။ ဘယ်ကိစ္စမဆို အစွန်းမရောက်ပဲ အလယ်အလတ်လမ်းစဉ် လိုက်မှ အောင်မြင်မယ်၊ ဂျိုပေါက်တဲ့နွားလို အစွယ်ထက်တဲ့တောဝက်လို မာနခံနဲ့ မြင်မြင်သမျှ တိုက်ခိုက်နေရင်လဲ အများမုန်းပြီး မအောင်မြင်တတ်ဘူး၊ ခြေသုတ်ပုဆိုးလို အဆွယ်ကျိုးတဲ့မြွေလို သူများအောက်ကကြီးပဲနေပြီး ဇာတိမာန်စသည်ပျောက်ကာ သိုးငယ်လေးလို ကြောက်လန့်ထိပ်ရွံ့နေရင်လဲ လူမလေး ခွေးမခန့်ဖြစ်ပြီး အနင်းခံရတတ်တယ်၊ မအောင်မြင်နိုင်ဘူး၊ ဘယ်အရာမဆို မလျှော့မတင်း အလယ်အလတ်လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်တန်းတန်းကျင့် မှ အောင်မြင်ပြီး ကောင်းကျိုးအမျိုးမျိုးရမယ် ။
၆။ သာသနာမှာ ၂ပိုင်းခွဲထားရမယ်၊ ပရိယတ်ပဋိပတ်ကို စွမ်းစွမ်းတမံ လုပ်နေသူက တပိုင်း၊ သူတို့ဟာ ဘုရားတရားကိုကျင့်ကြံနေသူတွေဖြစ်လို့ ဘုရားနဲ့တူတယ်၊ သူတို့ကို လောကအကျိုးမလုပ်ဘူးလို့ အပြစ်မဆိုသာဘူး၊ နောက်တပိုင်းက ပရိယတ်ပဋိပတ်ကို ထင်သလိုမလုပ်နိုင်သူတွေအနေနဲ့ လောကအကျိုးကို ဓမ္မ၀ိနယနဲ့အညီ ကြိုးစားပြီးလုပ်ရမယ်၊ သာသနာဝန်ကို တနည်းနည်းနဲ့ ထမ်းရမယ်၊ သာသနာကို ခိုမစီးရဘူး။
၇။ သာသနာမှာ အတွင်းရန် အပြင်ရန် ၂မျိုးလုံးကို သတိထားရမယ်၊ အသားထဲကလောက်ထွက်သူတွေ နဲ့ အတုအယောင်တွေဟာ သာသနာတွင်းက ရန်သူတွေပဲ၊ ဖျက်လိုဖျက်စီးလုပ်နေကြတဲ့ ဘာသာခြားတွေ အယူဝါဒမတူတွေဟာ အပြင်ရန်ပဲ။ (ဟင်္သာတ မိုးကောင်းဆရာတော်)
၈။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရင် တာဝန်မကြေရာရောက်မယ်၊ မျက်ကွယ်ပြုရာ ရောက်မယ်။
၉။ ကိုယ့်ကျေးဇူးရှင်တွေအတွက် လောကီကိစ္စတွေမှာ ပါဝင်ပေးတာဟာ ဘုရားရှင်လမ်းစဉ်လိုက်တာပါ၊ ဘုရားရှင်ဟာ လောကအကျိုးကိစ္စ အမျိုးသားအကျိုးကိစ္စ အသိပေးရေးကိစ္စတွေလုပ်ခဲ့တယ် ၊၊ ရောဟဏီမြစ်ရေအတွက် တိုက်ပွဲငြိမ်းချမ်းရေးတရား ဟောပေးခဲ့တယ်၊ လောကငြိမ်းချမ်းရေးအတွက် မေတ္တာထားပုံနည်းလမ်း ဆင်းရဲသူနဲ့တွေ့ရင် သနားရမဲ့နည်းလမ်း ချမ်းသာသူနဲ့တွေ့ရင် ၀မ်းမြောက်ရမဲ့နည်းလမ်း အများနဲ့ဆက်ဆံတဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ဆက်ဆံပုံနည်းလမ်းတွေကို ချပြခဲ့တယ်၊ အိမ်တွင်းရေးမတည်ငြိမ်ကြတော့  လင့်ကျင့်ဝတ်မယားကျင့်ဝတ်တွေ ချပြခဲ့တယ်၊ အတွင်းကျကျပြောရရင် ကလေးမမွေးနိုင်ဖြစ်နေတော့ အင်္ဂုလိမာလသုတ်ရွက်ဖို့ မိန့်မှာခဲ့တယ်။
၁၀။ အဲဒီလို လောကကြောင်း ဓမ္မကြောင်းတင်မက သမိုင်းကြောင်းလဲရှိသေးတယ်၊ လက်ထပ်ခန်းနဲ့ပတ်သက်လို့ ရှေးခောတ်က ဓမ္မသတ်ကျမ်းတွေရေးတဲ့နေရာမှာ ဘုန်းဘကီးတွေက ခေါင်းဆောင်ခဲ့တယ်၊ ပုဂံခောတ်မှာ အရျင်သာရိပုတြာဆိုတဲ့ ဆရာတော်ခေါင်းဆောင်ပြီး ဓမ္မ၀ိလာသိနီဆိုတဲ့ ဓမ္မသတ်ကျမ်းကို ရေးပေးခဲ့တယ်။
၁၁။ ဘာသာအားလုံးနဲ့ကြည့်ရင် တခြားဘာသာတွေမှာလဲ လောကီကိစ္စတွေမှာ ဘာသာရေးခေါင်းဆောင်တွေပါဝင် လို့ ပိုအောင်မြင်နေတယ်။
၁၂။ ဥပဒေဘောင်ရှိမှ အန္တရာယ်ကင်းတယ်၊ စည်းတွင်းမှာနေမှ ရန်ကင်းတယ်၊ စည်းကမ်းကိုကျော်ရင်တော့ ၇န်များတယ်။
၁၃။ ကိုယ့်ဘာသာ ကိုယ်လူမျိုးကို သူများဘာသာ သူများလူမျိုးလောက်တောင် အဆင့်အတန်းမထားနိုင်တဲ့သူဟာ ကိုယ်ရဲ့ဘာသာနဲ့ လူမျိုးကို ပျက်စိးအောင် လုပ်နေတာပဲ။
၁၄။ လူတယောက် အဖွဲ့တဖွဲ့ နိုင်ငံတနိုင်ငံဟာ ပျက်စီးချိန်ရောက်ရင် လမ်းမှားကို လမ်းမှန်လို့ ထင်ပြီး လျှောက်တတ်ကြတယ်။ (အင်းစိန်ရွာမဆရာတော်)
၁၅။ လမ်းမှန်လျှောက်ရင် စခန်းမှန်ရောက်တယ်၊
၁၆။ ကားမောင်းရင် လမ်းသိရမယ်၊ မီးနီချိန် မီးဝါချိန် မီးစိမ်းချိန်ဆိုတဲ့ အချိန်သိရမယ်၊ စတီယာတိုင်ကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တ တ်ရတယ်၊ အလုပ်ဟာလဲ ထို့တူပဲ။ (ရွှေတောင်ကုန်းဆရာတော်)
၁၇။ဝိုင် အမ် ဘီ အေ အသင်ကြီးမှာ ဆရာတော်တွေဦးဆောင်ပြီး အမျိုး ဘာသာ သာသနာ ပညာ ကဏ္ဍကြီး၎ရပ်အတွက် လုပ်ခဲ့ကြတယ်၊ နိုင်ငံလွတ်လပ်ရေးရအောင် လုပ်ခဲ့ကြတယ်၊ အခုဟာလဲ ဒုတိယ YMBA အဖွဲ့ကြီးပဲ။
၁၈။ အောင်မြင်ခြင်ရင် ဦးတည်ချက်တခုထဲထား အောင်စိတ်မွေး။
၁၉။ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ မြန်မာသမိုင်းမှာ ကြည့်ရင် မွန်လူမျိုး ရှမ်းလူမျိုး ရခိုင်လူမျိုး ကရင်လူမျိုးတွေဟာ အမျိုးကိုထိမ်းနိုင်ကြလို့ ခုထိ ရှိပေမဲ့ ပေါ့ပေါ့ဆဆနေခဲ့ကြလို့ လျှမ်းလျှမ်းတောက်ထင်ရှားခဲ့ တဲ့ ပျူလူမျိုး ခု ရှာမရတော့ဘူး။
၂၀။ သင်ရုံလေးနဲ့ မပီးဘူး၊ သင်သာသင်ပြီး မစောင့်ရှောက်နိုင်ခဲ့ကြလို့  သံဃာ၁သောင်းကျော် ပညာသင်ကြားပေးတဲ့ နာလန္ဒာတက္ကသိုလ်ကြီး ပျက်စီးခဲ့ရဖူးတယ်။ (တိပိဋက ဦးသီလက္ခန္ဓာဘိဝံသ)
၂၁။ သီးခံခြင်း ခွင့်လွှတ်ခြင်းထားကြပါ၊ မထားနိုင်ရင် လမ်းဆုံးမရောက်နိုင်ဘူး၊ ကိုယ့်လုပ်ငန်းအနှောက်အယှက် ဖြစ်နိုင်တယ်။
၂၂။ သီးခံရမယ်ဆိုပေမဲ့လဲ ဒီနေရာမှာဖြစ်တဲ့ကိစ္စ ဒီနေရာမှာ ပြီးအောင်ရှင်း၊ ကဲ့ရဲ့လာရင် မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းရမယ်၊ မှန်နေရင်လဲ ၀န်ခံရဲရမယ်။
၂၃။ ဘုရားတောင်မှ ရာဇဂြိုဟ်မှာရော ကောသမ္ဘီမှာရော မကောင်းမြင်သူတွေရဲ့ အတိုက်ခိုက် ခံရဖူးတယ်၊ ရာဇဂြိုဟ်မှာတော့ ဘုရင်အကူအညီရတော့ ပြဿနာ အကြီးအကျယ် မဖြစ်ဘူး၊ ကောသမ္ဘီမှာတော့ ဘုရင်က မိန်းမဘက်ပါပြီး ဘုရားကို ဂရုမစိုက်တော့ အကြီးအကျယ် ဒုက္ခကြုံရတယ်။
၂၄။ ဧည့်သည်ကလဲ ကိစ္စသေးသေးလေးကို ရိုးမယ်ဖွဲ့ပြီး အိမ်ရှင်ရဲ့အိမ်ကို မဖျက်စီးရဘူး၊ အိမ်ရှင်ကလဲ တခုခုဖြစ်လာရင် မှန်မှန်ကန်ကန်ဖြေရှင်းတတ်ရ မယ်။
၂၅။ အင်အားသေးတယ်ဆိုပြီး အထင်မသေးနဲ့၊ ကိုယ့်ကို စိတ်ဆွနေ ၇န်စနေရင် တည်တည်ငြိမ်းငြိမ်နဲ့ တုန့်ပြန်ရမယ်၊ ဒေါသကိုလွှတ်ပြီး Overspeed နဲ့ တုန့်ပြန်ရင် အင်အားကြီးတယ်ဆိုပေမဲ့ ထောင်ချောက်ထဲဝင်ပြီး ဘ၀ပျက်တတ်တယ်။
၂၆။ ပြဿနာဖြစ်လာရင် အပေါ်ယံတင် မကြည့်ပဲ ပြဿနာရဲ့ ဇစ်မြစ်ထိ ကြည့်တတ်ရတယ်၊ နောက်ကွယ်က အကြောင်းအရာထိ မကြည့်နိုင်ရင် အဖြေမှန်မပေါ်ပဲ တလွဲဖြစ်သွားတတ်တယ်။
၂၇။ သံဃာတွေဟာ ဘယ်ကိစ္စနဲ့ကြုံကြုံ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေရမယ်၊ လူ့အသိုင်းအ၀ိုင်းက ဆူပူနေရင်လဲ ငြိမ်းချမ်းရေးကိုဖော်ဆောင် သူ Peacemaker ဖြစ်ရမယ်၊ ဆူပူအောင် မလုပ်ရဘူး။
သီတဂူဆရာတော်
ကိုထွန်းဝေ မှ မျှဝေသည်။
( Dhamma Web မှကူးယူဖေါ်ပြလိုက်ပါသည် )

မဲ ပေးနည်း လမ်းညွှန်တဲ့ ကြည့်ထားကြအုန်း ထည့်အလကား ဖြစ်သွားမယ်








Tuesday, August 25, 2015

telenor ဆင်းကဒ် သုံးရပြီ

မော်လူး သံလမ်း  အရှေ့ဘက်အခြမ်း  telenor  ဖုန်းလိုင်းရပြီ  3G  တော့  မရသေးပါ

Sunday, August 23, 2015

မော်လူး စီးမော် တံတား အသစ်ဆောက်တော့မယ်တဲ့

ရတနာပြည့်စုံ  ကုမ္ပဏီ တဲ့

နန့်ဒရန့်  တံတားဆောက်တဲ့ ကုမ္ပဏီ  ဆိုရင်တော့

မော်လူး ကလမ်းတော့  ပျက်ဖို့ရာများသွားပြီ


Friday, August 21, 2015

မော်လူးသားတွေ သတိပြုကြတဲ့ pk ဖမ်းလိမ့်မယ်တဲ့

မော်လူး နယ်သူ နယ်သား များ သတိရှိကြပါ ခရီးသွားလာရင်ပေါ့ မြစ်ကြီးနား အထိသွားခဲ့တာ ပါ ဆိုင်ကယ်က 1. လိုင်စင် မရှိ 2. ဆိုင်ကယ်အုပ်ထုပ် မပါ 3.ယာဉ်မောင်းလိုင်စင်တာပါသည် 4. နှစ်ယော်စီ၏ 5. အားလုံးဟာ မော်လူး မှာမွှေးသော မော်လူးသားများဖြစ်ကြပါသည် ဒါကို ထူးထူး ခြားခြား ဗျာ မြစ်ကြီးနား အထိသွားခဲ့တာဗျာ အပြန်ကို ကြတော့ အကို PK က မော်လူး ရွာအဝင်မှာ ခရာမုတ်၍ လှမ်းတာပါရေား သူ မေး၏ ဘယ်ကလဲ ကျနော်က ပြန်ဖြေပါ တယ် မော်လူးကပါ ဒါဆိုရင် မှတ်ပုံ တင်ပြဆိုတော့ ဗျာ ကျနော်ပြန်မေးလိုက်ပါတယ် အယ်စရင်စစ်တာလားဗျာ သူက တစ်ခါပြန်ပြောပါတယ် မှတ်ပုံတင် ပြဆိုတော့ {ကျနော်စဉ်းစားမိလိုက်ပါတယ် ငါယာဉ်မောင်းလိုင်စင် ရဖို့ မိတ္ထီလာ အထိသွားပြီသင်ခဲ့ရတာ ပေါ့ PK တွေက ဘာကို စစ်တာလဲပေါ့ } ဒါနဲ့ဘဲကျနော် မှတ်ပုံသင် ထုတ်ပေးလိုက်ပါတယ် သူက ကိုင်ကြည့်ပြီး တစ်ခုလှမ်းမေးတယ် ဗျ နာမည်ဘယ်လိုခေါ်လဲ ဆိုတော့ ကျနော်နည်းနည်း တွေးမိလိုက်ပါတယ် ငါ့မှတ်ပုံတင် မှာများ နာမည်းအင်္ဂလိပ် လိုရေးထာလိုများလားပေါ့ နောက်တော့သြော် ငါအတွေးလွန်တာပါလေဆိုပြီး သူမေးတာအကုံးဖြေခဲ့ပါတယ်...ဘာရယ်မှ မဟုတ်ပါဘူး ခရီးသွားလာရင် မထင်မှတ်ဘဲ ကျနော်တို့လိုဖြစ်မှာစိုးလို့ မှတ်ပုံတင်လေ ရောဆောင်ထာသင့်ပါတယ်လို့ .....

fb က  မ  လာတဲ့  ရင်ဖွင့်စကားလေးပါ

Wednesday, August 19, 2015

ယာဉ်မောင်း လိုင်စင် ကောက်ရထားသည်တဲ့ သိရင်အကြောင်းကြားပေးပါ

၁/မညန နိုင် ၀၂၀၅၀၁
ဦးကြည်လှိုင် ဆိုတဲ့
Licence ကောက်ရထားသည်
09780666932
သို့ ဆက်သွယ်ပါ


fb မှာ တက်အော်ထားသော ပေကုန်းဖုန်းအကြောင်း

အင်းတော်မြို့နယ်တွင်းပေကုန်း၊နန့်စီးအောင်အော်တိုတယ်လီဖုန်းကြိုးများပြတ်ကျနေဖုန်းပြောမရတာအတော်ကြာပြီလစဉ်ကြေးတလ၅၀၀ကျပ်သာပေးနေရအထက်မှတာ ဝန်ရှိသူများသိစေချင်

Sunday, August 16, 2015

ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း

ကျောက်တည်သူများ ကျောက်ကြေစေမည့် သဘာဝဆေးနည်း
---------------------------------------------------------------------

ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ ကျောက်ကပ်တို့မှာ ကျောက်တည်နေလျှင် သဘာဝနည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။

၁။ အုန်းသီးနုနု တစ်လုံးကို ခူးလိုက်ပါ။ (အောက်ကို ပြုတ်မကျစေရပါ)

၂။ အုန်းသီးထိပ်ပိုင်းလေးကို ဖြတ်ပြီး လှော်ထားသည့် ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။

၃။ တစ်နာရီခန့် စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။

၎။ မနက်အိပ်ယာထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။

ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မည်။ တစ်ပတ်ကို တစ်ကြိမ်သောက်ပေးနိုင်ပြီး ၃ ပတ်ခန့်ဆိုလျှင် သက်သာပျောက်ကင်းသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ
www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

Saturday, August 15, 2015

မော်လူးသတင်း ခေတ်မီသွားအောင် တင်လိုက်ပါ၏

H.E. Thura U Shwe Mann
ပြည်သူလူထုထံသို့
--------------------

❖ စေတနာ၊ မေတ္တာ၊ စာနာမှုများဖြင့် မိမိအားမေးမြန်းကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါတယ်။

❖ ပြည်သူလူထု၏ မေတ္တာ၊ စေတနာကို အလေးထား လေးစားတန်ဖိုးထားပြီး၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမယ်။

အများအကျိုးဆောင်ရွက်နိုင်ကြပါစေ..။

သူရဦးရွှေမန်း

--

ယနေ့ မော်လူး ဘုရားကြီးကျောင်းတရားပွဲ ဇလုံတောင်ဆရာတော်

ဒု. ဝါဆိုလကွယ်နေ့ . ဝါတွင်းတရားပွဲစဉ်
အမှတ်. ( ၄ )
ဓမ္မကထိကဆရာတော်. ဘဒ္ဒန္တ ဝိဇယ
ဇလုံတောင်သာသနာပြုဆရာတော်
ဓမ္မဒါနဦးဆောင်အလှူရှင်. ဦးတင်ရွှေ. ဒေါ်ခင်ပြုံး(စိုးမျိုးညီရွှေဆိုင်)မိသားစု


သမ္မတ၏ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် မေးမြန်းချက်

သမ္မတ၏ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် မေးမြန်းချက်
ဧရာဝတီ » ဧရာဝတီ / Hsu Wai Linn / 2 hours ago


သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော သူရ ဦးရွှေမန်းကို သြဂုတ်လ ၁၂ ရက် ညပိုင်းက ရာထူးမှဖြုတ်ချလိုက်ပြီး ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပါတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ကြံ့ခိုင်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအ၀င် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့လည်း ဖြုတ် ချ ခံခဲ့ရသည်။

ယင်းသို့ ကြံ့ခိုင်ရေး ပါတီတွင်း အပြောင်းအလဲ အခြေအနေများနှင့်ပတ်သက်ပြီး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်အား ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။  ။ သမ္မတ ဦးသိန်းစိန် က လက်ရှိမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ဥက္ကဋ္ဌ နေရာကို ပြန်ယူလိုက်တယ် ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင် သမ္မတ ဖြစ်သူက ပါတီမှာ ပါဝင်ပတ်သက်ခြင်းမရှိရဘူးလို့ သိရပါတယ်။ အခုလိုမျိုး ပါတီ မှာ တာဝန်ယူလိုက်တယ်ဆိုတော့ ဒါက ဥပဒေကို ချိုးဖောက်ရာ မရောက်ဘူးလား။

ဖြေ။  ။ ပထမဆုံးအချက်က သမ္မတကြီးက ဥက္ကဋ္ဌ ရာထူး နဲ့ ဆက်ရှိနေပေမယ့် ပါတီဥက္ကဋ္ဌ အလုပ်ကို မလုပ်ပါဘူး။ ကျနော်တို့ သိ သလောက်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ အခြေခံစည်းမျဉ်း ပုဒ်မ ၉၉ (ခ) မှာ ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိဘူးဆိုရင် ဒုတိယဥက္ကဋ္ဌ တဦးဦးကို ဥက္ကဋ္ဌ တာဝန်ပူးတွဲ ထမ်းဆောင်စေရမည်လို့ ပါ ပါတယ်။ အဲဒါကြောင့် သူက အရင်က ဦးရွှေမန်းကို ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ဖို့ပေးထားတဲ့ အမိန့်ကို ရုပ်သိမ်းပြီးတော့မှ ဦးဌေးဦး ကို သူ့ကိုယ်စား တာ ဝန် ပေးခဲ့တာ။ ဒါကိုပဲ သူ လုပ်ပါတယ်။ ကျန်တဲ့ဟာတွေ ပြင်ဆင်ဖွဲ့စည်းတာတွေလုပ်တာက ဦးဌေးဦးတို့ လုပ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာမရှိပါဘူး။

မေး။  ။ ပါတီဥက္ကဋ္ဌ တယောက်ဖြစ်နေတဲ့ သမ္မတဦးသိန်းစိန်အနေနဲ့ လက်ရှိမှာ ဦးရွှေမန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုံစံတွေနဲ့ ဆက် လက်လုပ်ဆောင်မလဲ သိချင်ပါတယ်။

ဖြေ။  ။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲထားကတည်းကိုက အရင်တုန်းက ဖဆပလ ခေတ်မှာဖြစ်သလို ပါတီတွင်းရဲ့ သဘော ထား ကွဲပြားမှုတွေက အစိုးရ၊ အုပ်ချုပ်ရေး အတွင်းရဲ့လုပ်ငန်းတွေကို မထိခိုက်အောင်လို့ ကျနော်တို့က မဏ္ဍိုင်တွေကို ခွဲခြားပြီး လုပ်ခဲ့တာလေ။ အဲဒါကြောင့်မို့လို့ ပြည်ခိုင်ဖြိုး ပါတီတွင်းမှာဖြစ်နေတဲ့ ပါတီတွင်းပြဿနာတွေဟာ အစိုးရအဖွဲ့အပေါ်မှာ လာပြီးတော့ သက်ရောက်မှု မရှိသလို သမ္မတကြီးအပါအဝင် ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေကလည်း ပြည်ခိုင်ဖြိုးပါတီကိစ္စတွေမှာ ဝင်ရောက်လွှမ်း မိုး တာ တို့ စွက်ဖက်တာတို့ ရှိမှာ မဟုတ်ပါဘူး။

မေး။  ။  ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ဖွံ့ပါတီ က ကိုယ်စားလှယ်လောင်း ခန့်အပ်တဲ့ အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ လာမယ့် သက်တမ်းမှာ သမ္မတတာဝန်ကို ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ အတိအကျပြောခဲ့တဲ့ ပါတီကိုယ်စားလှယ်လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ (သြဂုတ် ၁၄ ရက်) သတင်းတချို့မှာတော့ သမ္မတရုံးက ဒါကို ငြင်းထားပါတယ်။ အဲဒီအပေါ် ဘယ်လို မှတ်ချက်ပေး ပါမလဲ။

ဖြေ။   ။ သမ္မတကြီးက ရွေးကောက်ပွဲမှာမဝင်တာဘဲ ပြောတာပါ။ သမ္မတ လုပ်မယ်မလုပ်ဘူးဆိုတာကို သူပြောတာမဟုတ်ပါဘူး။ သူ့အနေနဲ့ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုဘူး မှတ်ပုံမတင်ဘူးလို့ဘဲ ပြောတာပါ။

မေး။  ။  ဒီတခေါက်က အင်အားကြီးပါတီတခုရဲ့ ကိစ္စဖြစ်သလို ဦးရွှေမန်းဆိုတာကလည်း လက်ရှိ လွှတ်တော်ရဲ့ ဥက္ကဋ္ဌ တယောက်၊ နာယက တယောက်လည်းဖြစ်နေတယ်။ လူထုကတော့ ရွေးကောက်ပွဲလည်း နီးလာပြီ။ ဒါတွေဖြစ်လာတော့ နိုင်ငံရေးပိုင်း ဂယက် ရိုက် ပြီး ရွေးကောက်ပွဲရွေ့ဆိုင်းသွားမှာ စိုးရိမ်ကြတဲ့အပေါ် အစိုးရဘက်က ကတိတခုခုပေးနိုင်ပါမလား။

ဖြေ။  ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်ရင် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်၊ နေရာတွေကို သတ်မှတ်ဆုံးဖြတ်တာက ပြည် ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်တာပါ။ ပြည်ထောင်စု အစိုးရအနေနဲ့ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက် ပွဲကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ အုပ်ချုပ်မှု ထောက်ပံ့မှု တရားဥပဒေစိုးမိုးမှု လုံခြုံရေးကိစ္စတွေကို အပြည့်အဝလုပ်ပေးမယ်။ လွှတ်တော်ကလုပ်ပေးတဲ့ တရားမျှတတဲ့ ဥပဒေတွေပြဋ္ဌာန်းမယ်။ ဒီလို သူ့အပိုင်းနဲ့သူလုပ်ဆောင်ဖို့ လုပ်သလို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကလည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာထားပြီးဖြစ်တာကြောင့် ရွေးကောက်ပွဲကို သတ်မှတ်ရက် အတိုင်းပဲ လုပ်မယ်လို့ ကျနော်တော့ ယူဆပါတယ်။

မေး။  ။ ဦးရွှေမန်းကို တာဝန်လွှဲပေးတဲ့ကာလမှာ ပါတီစည်းရုံးမှု ပျက်ပြားအောင်လုပ်လို့ အခုလို ပြဿနာတွေ ပါတီတွင်းမှာ ဖြစ် တော့ အဲဒါက သမ္မတကိုယ်တိုင် ဆုံးဖြတ်တာလား ဘယ်သူတွေ ဝင်ရောက်အဆုံးအဖြတ် ပေးတာပါလဲ။

ဖြေ။  ။ ဒီလိုကိစ္စကို သမ္မတကြီး ဆီကတဆင့် သိသလောက်တော့ ပါတီက လူအချို့က သမ္မတကြီးဆီကို စာရေးပြီး တင်ပြကြတယ်။ ဒီလိုအခြေအနေကြောင့် ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ စည်းလုံးညီညွတ်မှု၊ ပါတီကို ထောက်ခံတဲ့သူတွေကြားမှာ အမျိုးမျိုးကွဲပြားနေတယ်။ ဒီအခြေအနေကို ပြန်လည်ပြုပြင်ပေးဖို့ လိုအပ်တယ်လို့ စာနဲ့တင်ပြပါတယ်။ ဒီအပေါ်မူတည်ပြီး သုံးသပ်ပြီးတော့ ဥက္ကဋ္ဌ အဖြစ် ပူးတွဲတာဝန် ထမ်းဆောင်မယ့်သူ(ဦးဌေးဦး) ကို ပြောင်းလဲတာဝန် ပေးလိုက်တာ ဖြစ်ပါတယ်။

မေး။   ။ သမ္မတ က လာမယ့် သက်တမ်းအတွက် ရွေးကောက်ပွဲမဝင်ဘူး ဆိုပေမယ့် ပါတီမှာရော ဥက္ကဋ္ဌ အနေနဲ့ဆက်ရှိပြီး တာဝန် ယူ လုပ်ဆောင်မှုတွေ ရှိနေမှာပါလား။

ဖြေ။  ။ သမ္မတကြီးက ပါတီ ဥက္ကဋ္ဌ အနေနဲ့တော့ရှိနေတယ်။ ပါတီတာဝန်ကို လက်ရှိမှာ သူတာဝန်မထမ်းဆောင်ဘူး။ ဦးဌေးဦး တို့က တာဝန်ထမ်းဆောင်နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဘာဖြစ်မလဲဆိုတာတော့ ကျနော်ထင်တယ်လေ။ ပါတီက ဆုံးဖြတ်ကျမှာပေါ့။ အခုကတော့ ကျနော်ကိုယ်တိုင်လည်း ပါတီဝင်မဟုတ် ပါတီတာဝန်ထမ်းဆောင်နေသူလည်းမဟုတ်တော့ ဒါတွေကို တွက်ချက်ပြီးမခန့်မှန်းချင်ပါဘူး။

မေး။   ။ ကြံ့ခိုင်ရေး ပါတီ ရဲ့ ကိစ္စအားလုံးကို ဦးဌေးဦးကပဲ ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ယူလိုက်ပြီပေါ့။

ဖြေ။   ။ ပါတီဖွဲ့စည်းပုံအတိုင်း လုပ်မယ်လို့ ဘေးကလေ့လာသူ အမြင်ပဲရှိတယ်။

မေး ။   ။ ဖြည့်စွက်ပြောချင်တာ၊ မှတ်ချက်ပေးချင်တာများ ရှိပါသေးလား။

ဖြေ။    ။ ကျနော်တို့က အစိုးရအဖွဲ့ဆိုတော့ ပါတီရေးရာတွေနဲ့တော့ မဆိုင်ပါဘူး။ လူထုအနေနဲ့ ပါတီရဲ့အပြောင်းအလဲတွေက အစိုး ရ အဖွဲ့အပေါ်မှာ အကျိုးသက်ရောက်မလားလို့ မြင်နေတာကိုတော့ မြင်စရာမလိုဘူး၊ စိုးရိမ်စရာမလိုဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီလိုမဖြစ်အောင်ပေါ့၊ ရှင်းရှင်းလင်းလင်းပြောရရင် ၁၉၅၉ ခုနှစ် ဖဆပလ အကွဲအပြဲဖြစ်တာကို လွှတ်တော်တွင်း ယူလာပြီးတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ထိခိုက်တဲ့ သင်ခန်းစာကို ယူပြီး ဥပဒေ ရေးဆွဲထားတာကြောင့် ဘာမှထိခိုက်စရာ အကြောင်းမရှိဘူး။ ဒီဘက် ကလည်း ဘာမှသွားပြီးတော့ စွက်ဖက်စရာ အကြောင်းမရှိဘူး လို့ပဲ ပြောချင်ပါတယ်။   ။

Related Images:

[See image gallery at mobile.irrawaddy.org]
The post သမ္မတ၏ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် မေးမြန်းချက် appeared first on ဧရာဝတီ.

Visit website

Wednesday, August 12, 2015

အောင်ရတနာကား မီးလောင်တယ်တဲ့ မန်းလေး မြစ်ကြီးနားကား

Thein Swe Win added 2 new photos — feeling sad.
အဝေးပြေးကားမီးလောင်၊တို့ကျောင်းဝတ်စုံအကုန်ပြောင်။
အောင်ရတနာကားမီင်္းလောင်တာ၊ကျွန်
တော်တို့အင်းတော်မြို့နယ်ကမူလတန်း
ကလေးတွေပေးဖို့ကျောင်းဝတ်စုံတွေနဲ့
ဆရာ/မတွေကိုအခမဲ့ပေးမည့်Diaryစာ
အုပ်တွေမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါ
တယ်။
ဝတ်စုံတစ်စုံတန်ဖိုးကစစ်ကိုင်းအထည်ချုပ်စက်ရုံကမူရင်းစက်ရုံထုတ်ဈေးပါ။
ရေဘေးသင့်တုန်းကကျောင်းသား
တွေမနစ်နာ၊ခုကိုယ်မြို့နယ်ထဲမဖြစ်တဲ့
မီးဘေးကြမှမှူလတန်းကျောင်းသားတစ်
ယောက်ငွေကျပ် ၁၂၅၀ စီဆုံးရှုံးတယ်။
ဆရာ/မတွေကငွေကျပ်၅၀၀ လောက်ဆုံးရှုံတဲ့သဘောပေါ့။်

Friday, August 7, 2015

အဆိုးထဲက အကောင်း



အခုရက်ပိုင်းများတွင် သတင်းများ စာစောင်များထဲမှာ မြန်မာတစ်ပြည်လုံး ရေဘေးကြုံတွေ့နေကြရသည့် သတင်းများ ဖတ်မိပြီး စိတ်မကောင်းကြီးစွာ ဖြစ်မိ၏။ ထိုသို့ ရေဘေးကြုံတွေ့ခဲ့ကြရသည့် နိုင်ငံသားများထဲတွင် ကျနော်သည်လည်း တစ်ဦးအပါအဝင်ပင် မဟုတ်ပါလား။ ကျနော်တို့ဒေသတွင် နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင်အောင် မကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံခြင်းမျိုးကို ယခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် ကြုံတွေ့လိုက်ကြရချေပြီ …။ "တောထဲတွင် ကျားတွေ့ခဲ့သည်ကို အိမ်ရောက်သည့်အခါ ပြန်ပြောတော့ ပေါ့ပျက်ပျက်" ဆိုသည့်စကားလိုပင် … ထိုနေ့ နံနက် ၄ နာရီခန့်ကတည်းက ရွာသွန်းသည့် မိုးသည် နံနက် ၈ နာရီခန့်အထိ မစဲနိုင်သေး …. လမ်းမများပေါ်တွင် မိုးရေများဖြင့် ပြည့်လျှံနေတော့သည်။ ထိုမိုးရေများကို ထပ်မံအားဖြည့်လိုက်သည်ကား ကျနော်တို့ဒေသ၏ အရှေ့ဘက်ရှိ တောင်တန်းများမှ ချောင်းဖျားခံစီးဆင်းလာသည့် ချောင်းရေများပင် …။ ပိုမိုဆိုးရွားသွားစေသည်ကား ထိုချောင်းငယ်၏ စီးဆင်းရာလမ်းကြောင်းပေါ်ရှိ မော်တော်ကာလမ်းမှ ချောင်းကူးတံတား ပြိုပျက်ကာ မီးရထားလမ်းတံတားတွင် သွားငြိပြီး ချောင်းရေကို ကာဆီးထားသည့် ရေကာတာသဖွယ်ဖြစ်ပြီး ရေများသည်ကား ရွာအတွင်းသို့ တဟုန်ထိုး စီးဝင်ကုန်တော့သည်။ မည်သူကမျှ မည်သို့မျှ မျှော်လင့်မထားသည့် အရှိန်အဟုန်မျိုးဖြင့် စီးဝင်ကာ နစ်မြုပ်ကုန်တော့သည်။ မည်သူကမျှ မိမိတို့၏ ပစ္စည်းများကို သိမ်းဆည်းချိန် လုံလုံလောက်လောက်မရလိုက်ကြ …။ ဆေးရုံ ၊ ဘုန်းတော်ကြီးကျောင်းများ၏ တံတိုင်းများ ပြိုကျကုန်သည်…။ ချောင်းကမ်းဘေးရှိ နေအိမ်များ ရေစီးနှင့်အတူ မျှောပါကုန်ကြ၏။ ကုန်သည်များ၏ ပစ္စည်းများ ရေမျှောနစ်မြုပ်ကုန်ကြ၏။ စက်ပိုင်ရှင်များ၏ ဆန်အိတ်များ ရေနစ်ကုန်၏။ ဆုံးရှုံးမှုကား မနည်းလှချေ…..။ ဤသို့နှစ်ပေါင်းများစွာ မကြုံတွေ့ခဲ့ဘူးတဲ့ ရေကြီးရေလျှံမှုကား အဘယ်ကြောင့် ဖြစ်ရလေသနည်း။ ကျနော်တို့၏ လူမျိုးများ သုံးစွဲနေကြ စကားအတိုင်း "ဒါဟာ ကံတရားပါ။ ဝဋ်ကြွေးရှိလို့ ဖြစ်ရတာပါ" ဟု ဖြေတွေးတွေးပြီး ဖြေသိမ့်ကြရမည်လား….။ ဤသို့ဖြစ်ရခြင်းမှာ အဘယ်သို့သော အကြောင်းကြောင့်တွေနည်း။ ကျနော်တို့ လေ့လာဆန်းစစ် တွေးခေါ်မြော်မြင်မကြည့်သင့်ဘူးလား။ ရှည်ရှည်ဝေးဝေးတွေးစရာမလိုပါ။ ကျနော်တို့ဒေသမှာ လွန်ခဲ့သည့် နှစ်အများကြီး မဟုတ်ပါ။ ဆယ်စုနှစ် တစ်ခုကျော်က ရှိခဲ့သည့် သစ်တောသစ်ပင်များ မရှိတော့ခြင်းကြောင့်ပင် …။ အစိုးရက သစ်ထုတ်သည်။ ပေါင်းစားသူများက ခိုးထုတ်သည်။ ဒီလိုတွေနှင့် ရှိသမျှ ကျွန်း၊ တမလန်းပင်တွေက ကုန်သလောက်နီးပါး ဖြစ်သွားခဲ့ရသည် မဟုတ်လား။
ထိုသို့ သစ်တောများပြုန်းတီးခြင်းကြောင့် မိုးခေါင်ရမည့်အစား အဘယ်ကြောင့် မိုးကောင်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားရသနည်းဟု အမေးရှိလာငြားအံ့။ သစ်တောသစ်ပင်များ ပြုန်းတီးခြင်းကြောင့် ဖြစ်ပွားနိုင်သည်မှာ မိုးခေါင်ခြင်းတစ်ခုတည်း မဟုတ်ပါ။ ရာသီဥတုဖောက်ပြန်ခြင်းဆိုသည့် အချက်ပင်…။ အခြားတစ်ခုမှာ သစ်တောသစ်ပင်များရှိစဉ်က ကောင်းကင်မှ ရွာချလိုက်သည့် မိုးရေသည် သစ်ပင်များပေါ်သို့ အရင်ကျရောက်ပြီး ထိုမှတစ်ဆင့် မြေကြီးပေါ်သို့ ကျရောက်ပါသည်။ ထိုသို့ ကျရောက်လာသည့် မိုးရေကို သစ်ပင်၏ အမြစ်များမှ သူတို့တတ်နိုင်သလောက် စုပ်ယူထားလိုက်ကြပါသည်။ သစ်ပင်အမြစ်များ စုပ်ယူရာမှ ပိုလျှံလာသည့် ရေများသည်သာ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသွားကြပါသည်။ ထိုသို စီးဆင်းရာတွင်လည်း သစ်ပင်အမြစ်များက သူတို့အမြစ်အနီးအနားပတ်ဝန်းကျင်ရှိ မြေသားများကို တွယ်ချိတ်ကုတ်တွယ်ထားသဖြင့် မြေပြိုခြင်းများကိုလည်း မဖြစ်ပွားစေပါ။ ယခုတော့ ကောင်းကင်ပေါ်မှ ကျရောက်လာသည့် မိုးရေများသည် သစ်ပင်များမရှိတော့သဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်ပြီး ထိုမိုးရေများကို စုပ်ယူမည့် မြေဆီလွှာကို ထိန်းသိမ်းမည့် သစ်မြစ်များ မရှိတော့သဖြင့် အရှန်အဟုန်ဖြင့် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းကုန်ကြပါသည်။ ထိုပြင် ချောင်းကို ဖြတ်လျှက် တည်ဆောက်ထားကြသည့် ဆည်များကြောင့်လည်း ရေကြီးရေလျှံမှုကို ပိုမိုဖြစ်ပွားစေပါသည်။ ကျနော်ပြောလိုသည်မှာ စနစ်တကျ တည်ဆောက်ထားသည့် ဆည်များကို မဆိုလိုပါ။ အဖြစ်သာတည်ဆောက်ထားသည့် ဆည်များကိုသာ ဆိုလိုခြင်းဖြစ်၏။ ဥပမာ … ရေစီးဆင်းရာ လမ်းကြောင်းရှိ ပထမဆုံး ဆည်သည် ရေထု တစ်ပေကို ထိန်းထားလိုက်ပြီဆိုလျှင် ဒုတိယဆည်မှာ ရေထုနှစ်ပေကို ထိန်းထားရပေမည်။ ထို့အောက်မှ ဆည်များမှာ ထိုနည်းတူစွာ ဆတိုး ဆတိုး ရေကိုထိန်းထားကြပေလိမ့်မည်။ ပထမဆုံး ရေထုတစ်ပေခန့် ထိန်းထားသည့်ဆည်မှ ကျိုးပျက်သွားသောအခါ ဒုတိယဆည်တွင် ရေထုက သုံးပေဖြစ်သွားမည်။ ဒုတိယဆည်ကျိုးပေါက်သွားသောအခါ ရေထုက တတိယဆည်တွင် ၇ ပေဖြစ်သွားပေမည်။ ထိုသို့ ဆင့်ကဲဆင့်ကဲ ဆည်များကျိုးပျက်လေသောအခါ ရေသည်အလုံးအရင်းဖြင့် ကျဆင်းလာကာ ရေကြီးရေလျှံမှုများကို ဖြစ်ပွားစေတော့သည်။ ယခုအဖြစ်အပျက်မှာ ကျနော်တို့ ဒေသတွင် ဖြစ်ပွားသွားသည့် ရေကြီးရေလျှံမှုကို ဥာဏ်မီသလောက် လေ့လာဆန်းစစ် သုံးသပ်ဆင်ခြင်မိခြင်းသာ…။ ကျနော်တို့ဒေသအတွက် ခံသာသွားသည်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခြင်း မြန်ဆန်သလို ရေကျချိန်မှာလည်း မြန်ဆန်သွားခြင်းက အထိနာစေမှုကို သက်သာသွားစေသည့် အချက်ပင် ….။ မည်သို့ပင်ဆိုစေကာမူ ဆုံးရှုံးမှုကား ရှိသည်ဆိုသည့် အမှန်တရားကိုမူ မျက်ကွယ်ပြု၍ မရပေ….။ ဒေသခံတို့၏ ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုကြောင့် အခြားအကူအညီများ ကြီးကြီးမားမား မယူလိုက်ရပဲ …. ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကိုသာမက ရေကြီးရေလျှံမှုကြောင့် နေအိမ်ရေထဲသို့ မျှောပါသွားသူများအတွက်ပါ ပြန်လည် ထူထောင်နိုင်ရန် ကူညီဖေးမပေးနိုင်ခဲ့ကြသည်။ ထိုသို့ဖြစ်ပွားခဲ့သည့် ဆိုးကျိုးသည် ကျနော်တို့ ဒေသခံပြည်သူများအတွက် စည်းလုံးညီညွှတ်မှုကို ခိုင်မြဲစေပြီး ဖေးမကူညီမှု စာနာနားလည်မှုများကို ပေါက်ဖွားစေကာ သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးဒဏ်ကို တုန့်ပြန်တော်လှန်နိုင်ခဲ့ကြသည်မှာ အဆိုးထဲမှ အကောင်းတစ်ခုဟု သတ်မှတ်ရမည်သာ … ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာများသို့ ရေသန့်အလှူများ၊ ဝမ်းလျှော ဝမ်းပျက်ကာကွယ်ဆေးနှင့် ဓာတ်ဆားထုပ်များ၊ ရေသန့်ဆေးများ ရောက်ရှိအောင် ပရဟိတအဖွဲ့ငယ်များမှ ဆောင်ရွက်နိုင်ခဲ့သလို သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ကျရာနေရာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်းကြောင့် သာ မဟုတ်ပါလား။ ဤသို့သော စည်းလုံးညီညွှတ်မှု ဖေးမကူညီမှု စာနာနားလည်မှုများသည် ကျနော်တို့ဒေသတွင်သာတွင်မက ကျနော်တို့ နိုင်ငံတစ်ခုလုံး၏ နိုင်ငံသားတိုင်း၏ ရင်ထဲမှာ ကိန်းအောင်းတည်ရှိနေပြီးသား ဖြစ်ကြောင်း ရေဘေးကြုံတွေ့နေကြရသည့် ဒေသများသို့ သွားရောက်ကူညီဖေးမ လှူဒါန်းကြသည်ကို မြင်တွေ့နေကြရသည် မဟုတ်ပါလား။ ဒီစိတ်ဓာတ် ဒီစည်းလုံးမှုမျိုးရှိနေကြသည့် ကျနော်တို့နိုင်ငံ ကျနော်တို့လူမျိုးများအတွက် ပိုမိုကောင်းမွန်သော စနစ်နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံဆီသို့ ကျနော်တို့နိုင်ငံသားများ မလွဲမသွေ ချီတက်ရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်လျှက် ……
ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . .
k.t.w.l

Sunday, August 2, 2015

့မြို့နယ်စည်ပင်က တာဝန်ရှိသူတွေ သိစေဘို့ fb မှာ ရင်ဖွင့်ထားတဲ့ အကြောင်းပါ

ဟုတ်ပါသည်

စည်ပင်သာယာဆိုတာ  ပြည်သူတွေဆီက  ပိုက်ဆံတောင်းဖို့  ဖွဲ့ထားတဲ့  အဖွဲ့ အစည်းလား?

မြို့ရွာ  စည်ပင်သာယာဝပြောအောင်  ဖွဲ့စည်းထားတဲ့အဖွဲ့လား?

ဝေခွဲရခက်နေပါပြီ

တာဝန်ရှိသူတွေ  ပြန်ဖြေကြည့်ပါ

ပိုက်ဆံကောက်ချိန်  ရောက်လာပြီး
မော်လူးဒုက္ခ  ရောက်ချိန် လူ့အသိစိတ်ရှိရင်
လာရောက် ဖြေရှင်းကူညီသင့်ပါသည်။

ယခု အမှိုက်တွေ  ဘယ်နေရာ  ပစ်ရမှာလဲ?

လမ်းပေါ်က  အမိုက်တွေ  ဘယ်သူလာရှင်းမှာလဲ?

ထပ်မပြောလိုတော့ပါ




Friday, July 31, 2015

"မိမိကျင်ငယ်ရည်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက် (၄) ချက်"

"မိမိကျင်ငယ်ရည်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက် (၄) ချက်"
ကျင်ငယ်အရောင်အဆင်းက မိမိရဲ့ လတ်တလော ကျန်းမာရေးအခြေအနေကို ဖော်ပြနေတယ်ဆိုတာ သိပါရဲ့လား။
ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်ဖြစ်ချင်ရင် ဒီအချက် (၄) ချက်ကို ဖတ်ရှုပါ။
၁။ လူ ၈၀% က တစ်နေ့ ၇ ကြိမ် ဆီးသွားကြပါတယ်။
၂။ ကျန်းမာရေး ကောင်းမွန်သူ တစ်ယောက်အနေနဲ့ ဆီးသွားချိန် ၇ စက္ကန့်ကြာသင့်တယ်။
၃။ အရွယ်ရောက်လူကြီးတစ်ဦးရဲ့ ဆီးအိမ်က ကျင်ငယ်ရည် 300- 500ml တောင့်ခံနိုင်တယ်။
၎။ ကျင်ငယ် အရောင်က မိမိကျန်းမာရေးကို အရမ်း စကားပြောပါတယ်။
ဝါဖျော့ဖျော့အရောင်။ ။ ရေများများသောက်တတ်တဲ့ အကျင့်လုပ်ပါ။
ကြည်လင်နေတဲ့အရောင်။ ။ ဒါ…သတင်းကောင်းပေါ့။ ခန္ဓာကိုယ်မှ ရေဓာတ်ကောင်းကောင်း ရနေတာပါ။ သို့ပေမယ့် မိမိရေသောက်နှုန်း ဒီ့ထက် ပိုမြင့်လို့ ရနိုင်တယ်။
အဝါရင့်ရောင်။ ။ အရောင်ရင့်နေပါက ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ပျားရည်ကဲ့သို့ အရောင်ဖြစ်လာရင် ရေများများသောက်ပေးဖို့ ခုပဲ စတင်လိုက်ပါ။
အညိုရောင်။ ။ ပြင်းထန်သော အသည်းရောဂါ ကူးစက်မှု အရမ်းများပါတယ်။ ဆီးထဲ သွေးရောပါနေတာ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။
အနီ သို့မဟုတ် ပန်းရောင်။ ။ ခန္ဓာကိုယ်တွင်း တစ်စုံတစ်ခု အပြင်းအထန် ဖြစ်နေပြီလို့ ဆိုနိုင်တာကြောင့် စိုးရိမ်ရမယ့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်ကျောက်သယ်ခြင်း သို့မဟုတ် ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။
အပြာ၊ အစိမ်း၊ လိမ္မော်ရောင် သို့မဟုတ် တခြားအရောင်တစ်မျိုးမျိုး။ ။ ဒါ အရောင်ဆင်းရှိတဲ့ အစားအစာ တစ်ခုစားလို့ မဖြစ်နိုင်ပါဘူး။ စားသောက်ကုန်ဆိုးဆေးတွေရဲ့ အကျိုးဆက် ဖြစ်ပါလိမ့်မယ်။
Credit: TrendMyanmar
Posted by lutawlupyaw


Wednesday, July 29, 2015

ရေလွှမ်းမိုးခံခဲ့ရသည့် ဒေသများသို့ . . .

ရေကြီးရေလွှမ်းခဲ့သောမော်လူးဒေသခံများထံသို့ အလှူငွေနှင့်ဝမ်းလျှော
ဝမ်းပျက်ရောဂါကာကွယ်ခြင်း ကုသခြင်းဆိုင်ရာဆေးဝါးများလှူဒါန်းကာ
ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
မော်လူး ဇူလိုင်၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရေကြီးရေလျှံမှုများဖြစ်ပွါးခဲ့သောမော်လူးဒေသခံများထံသို့အလှူငွေနှင့်
ဝမ်းလျှော ၀မ်းပျက်ရောဂါကုသဆေးနှင့် ရေသန့်ဆေးထုပ်များပေး
အပ်လှူဒါန်းခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး
ရွှေယောမန်းမော်တော်ယာဉ်ကားဂိတ်တွင်
ဇူလိုင်၂၉ရက်နေ့နံနက်၁၁နာရ်ီအချိန်ကပြုလုပ်ခဲ့သည်။
အင်းတော်မြို့နယ်တွင်ဇူလိုင်လအတွင်းမိုးများအဆက်မပြတ်ရွာသွန်းလျှက်ရှိရာဇူလိုင်၂၄ရက်နေ့က
မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မော်လူးကျေးရွာအုပ်စု၊
သူရောင်းကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာအုပ်စု
များရှိရေကြီးရေလွှမ်းရာနေရာများတွင် ဖြစ်ပွါးနိုင်သော ၀မ်းလျှော
ဝမ်းပျက်ရောဂါများ  ကြိုတင်ကာကွယ်ခြင်းနှင့်
ကုသခြင်းဆိုင်ရာလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် PSI /Myanmar
နှင့်စေတနာအလှူရှင်များ လှူဒါန်းသည့် Orasel Kit and Zin Tab
အထုပ်(၁၀၀၀)ကို Health Service Supervisor ဦးဝင်းမင်းနိုင်မှ
ပေးအပ်လှူဒါန်းရာ သူရောင်းကျေးရွာအုပ်စုမှ ကျန်းမာရေးအရံသားဖွါးဆရာမ(Sun
Primary Health Providers)ဒေါ်ခင်မာရီနှင့် ဒေါ်ရီရီ၊
ဂွေ့ကြီးကျေးရွာအုပ်စု အရံသားဖွါးဆရာမဒေါ်ခင်မာကြူတို့ထံပေးအပ်ခဲ့ပြီး
အဆိုပါဝမ်းလျှော ၀မ်းပျက် ကျန်းမာရေးအထောက်အကူပြုဓါတ်ဆားထုပ်များနှင့် (P
& G)ရေသန့်ဆေးမှုန့်ထုပ်များကို လက်တွေ့သရုပ်ဖေါ်ပြသခဲ့ကြောင်း၊
သူရောင်းကျေးရွာအုပ်စုရေကြီးရေလွှမ်းရာသို့တာဝန်ခံအရံသားဖွါး ဆရာမထံ(P &
G)ဆေးမှုန်ထုပ်များနှင့် ဓါတ်ဆားထုပ်ဗူး(၂၀၀)၊
ဂွေ့ကြီးကျေးရွာအုပ်စုရေကြီးရေလွှမ်းရာသို့ တာဝန်ခံအရံသားဖွါးဆရာမထံ (P &
G)ဆေးမှုန့်ထုပ်နှင့် ဓါတ်ဆားဗူးအထုပ်(၄၀၀)၊
မော်လူးကျေးရွာအုပ်စုဟဲနုကျေးရွာသို့  (P & G)ဆေးမှုန့်ထုပ်နှင့်
ဓါတ်ဆားဗူးအထုပ်(၄၀၀)တို့ကိုပေးအပ်ခဲ့သည်။ ထို့နောက်
နေ့လည်(၁)နာရီအချိန်တွင် (HSS)ဦးဝင်းမင်းနိုင်နှင့်(SPH)ဆရာ၊ ဆရာမများ
(One Candle)လူငယ်ပရဟိတအဖွဲ့တို့ပူးပေါင်းကာ
ဟဲနုကျေးရွာရေကြီးရေလွှမ်းရာနေရာများသို့ အိမ်တိုင်ရာရောက်ကွင်းဆင်းကာ(P &
G)ရေသန့်ဆေးမှုန့် ထုပ်များနှင့် ဓါတ်ဆားဗူးအထုပ်(၄၀၀) တို့ကို
လက်တွေ့သရုပ်ဖေါ်ပြသခဲ့ပြီးဖြန့်ဝေပေးအပ်ခဲ့ပါသည်။
အဆိုပါ PSI/Myanmar မှ Dr.ရဲနိုင်ထွဋ်နှင့် Dr.ယုယုဝေတို့က
ဟဲနုကျေးရွာရေဘေးသင့်အိမ်ထောင်စု(၆)အိမ်
ကိုတစ်အိမ်ထောင်စုလျှင်ငွေကျပ်(၇၁၀၀၀)နှင့်
ညောင်ပင်သာရွာရေဘေးသင့်အိမ်ထောင်စု(၁)အိမ်ကို
ငွေကျပ်(၇၄၀၀၀)စုစုပေါင်းထောက်ပံငွေ(၅)သိန်းကို
ယင်းမိသားစုဝင်များအားစားဝတ်နေရေး ပြေလည်စေရန်ရည်ရွယ်ကာ
ဇူလိုင်၂၆ရက်နေ့ကပေးအပ်လှူခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါအင်းတော်မြို့နယ်
မော်လူးဒေသအတွင်းရေကြီးရေလွှမ်းရာဒေသများတွင် တံတားဆောက်ခြင်း၊
လမ်းပြင်ခြင်း၊ ကျန်းမာရေးအထောက်အကူပြုဆေးဝါးများပေးအပ်ခြင်း၊
အလှူငွေများထောက်ပံ့ပေးအပ်ခြင်း တို့ကိုဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူမှုကူညီရေးအသင်းအဖွဲ့အသီးသီးတို့က ရေဘေးကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို
အစဉ်တစိုက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်

မော်လူး အထကတွင် ဝါဆိုသင်္ကန်း ကပ်လှူ

မော်လူးအထကတွင် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
မော်လူး ဇူလိုင် ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူးးအခြေခံပညာအထက်တန်းကျောင်းသရဖီ ခန်းမဆောင်တွင်
ဇူလိုင်(၂၉)ရက်နေ့ညနေ၃နာရီအချိန်က၀ါဆိုသင်္ကန်းဆက်ကပ်လှူပွဲဒါန်းပွဲကို
ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင်
ဒက္ခိဏရာမကျောင်းတိုက်ဦးစီးပဒါနနာယကဆရာတော်ဘဒ္ဒ န္တ၀ါယာမ
ဦးစီးသောပင့်သံဃာ(၈)ပါးတို့ထံမှ
ကျောင်းအုပ်ဆရာမကြီးဒေါ်သောင်းတင့်နှင့်ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူ(၂၀၀၀)ကျော်တို့က ပရိတ်တရားတော်များကိုအတူတကွနာယူကြည်ညိုကြပြီး
ဝါဆိုသင်္ကန်းနှင့်
သံဃာတော်တစ်ပါးလျှင်ငွေကျပ်(၇၅၀၀၀)တို့ကိုကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ
ဆရာများက အသီးသီးဆက်ကပ်လှူဒါန်းကာ ရေစက်ချအမျှပေးဝေခဲ့ကြကြောင်းသိရသည်

Friday, July 17, 2015

၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲ


18.7.2015 ရက်နေ့အထိ ပေးပို့ထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာလေးတွေ နောက်ထပ်ပေးပို့လာတဲ့ ကဗျာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါကြောင်း . . .

( ၁၉ ) ဇူလိုင်သို့.............
*********
အာဇာနည် တဲ့ ဟုတ်လား.......
ဒီနာမည်တစ်လုံး အတွက် ခင်ဗျားတို့ အသက်တွေပေးခဲ့ရတယ်ပေါ့....
မတန်လိုက်တာဗျာ..............။
မျှော်လင့်ချက်ရောင်ခြည်တွေ ပျောက်ဆုံးလို့
ကျုပ်တို့နိုင်ငံ အမှောင်တွေဖုံးလွမ်းနေခဲ့တာ
ရာစုနှစ် တစ်ဝက် ကျော်နေပြီဗျ.........
ဒါတွေကိုတော့
့ခင်ဗျားကြီးတို့ သိမသွားခဲ့ဘူးပေါ့.....။
၁၉၄၇ ရဲ့ နံနက်ခင်းဟာ မိုးတွေမရွာပဲ
နေခြည်တွေပဲ ဖြာဆင်းနေခဲ့ရမှာပါဗျာ.......
ခုတော့ အဲ့အချိန်က နိမိတ်ဆိုးတွေက
ခုချိန်ထိတိမ်ပုတ်တွေ အုပ်ြ်ပီး
ခိုး ဆိုး ညစ်ပတ်နေကြတုန်းပဲလေ....။
ငစော တစ်ဘို့ထဲသမား
မင်းကမြန်မာပြည်မှာကို
လူဖြစ်မလာသင့်တဲ့ကောင်........။
မင်း ရဲ့ လုပ်ရပ်ဆိုးကြီးက မင့်ထက်ဆိုးတဲ့ကောင်တွေကို
မွေးထုတ်ပေးလိုက်သလိုပဲ.........့
တိုင်းပြည်ကတော့
ချောက်ထဲကကို မတက်တော့ဘူး....။
အမည်မသိ ဘီလျံနာတွေပဲ
တစ်ယောက်ပီးတစ်ယောက့် ထွက်လို့
သူတို့ပိုင်တဲ့ ပြည်ကြီးကိုဖြစ်နေရောပဲ.........။
ရုပ်ရှင်လို ပြန်ရိုက်လို့ရရင်
စိုးကြီး တို့အဖွဲ့ ငစော အိမ်ကတောင်ထွက်လိုက်ရမှာမဟုတ်ဘူး...။
အတန်တန် သတိပေးတဲ့ကြားက
ကိုယ့်အတွက် ကိုယ့်အသက်ကို
ထည့်မတွက်ခဲ့ကြတဲ့လူတွေ......။
ခုတော့ ဇူလိုင် ၁၉ တစ်ရက်ပဲ ခင်ဗျားတို့
အပိုင်ရခဲ့တော့တာပေါ့ဗျာ.........။
ဒါတောင် ဆယ်စုနှစ်ချီပီး
အမေ့လျော့ခံခဲ့ရသေးတယ်...........။
ဇူလိုင် ရာ မင့်ရဲ့ ပြက္ခဒိန်ပေါ်မှာ
အစကတည်းက ၁၉ ဆိုတဲ့နေ့ကို ဖျောက်ပစ်ခဲ့ရမှာကွ။
ခုတော့ ...အဲ့ဒီနေ့ဟာ
ရောင်နီမလာ နေခြည်မဖြာရပါပဲ
ုဟိုမသာ အကောင်စုတ်တွေနဲ့
ဖောင်လုပ်ပီး ကူးနေလိုက်ရတာ
ကမ်းကို မမြင်သေးဘူးးးးးးးးးး။
လူးငယ်
17.7.2015/8:30PM
@@@@@@@@@@@@@@@@@@@@@@@@@
19th in July
*********
The day which the clouds met,
The day which the weather was wet,
was Saterday 19th in July,1947.

The day which General Aung San and Heros falled,
was Saterday 19th in July,1947.
 The day which we can't forget is Saterday 19th in July.


long=တောင့်တသည် အောက်မေ့သည်
wet= ( adj)်
  Naychi Nway Nway
@@@@@@@@@@@@@@@@@@@@@@@@@@@

မမေ့နိုင်တဲ့နေ့
*********
* နိုင်ငံလူမျိုး လွတ်လပ်စေဖို့
အားစိုက်ကြိုးပမ်း
ရွက်သယ်ထမ်းပိုး
အမျိုးကောင်းသားတို့ . . .
ကျဆုံးခဲ့ရ . . . .
တစ် ကိုး လေး ခွန်(၇)
ဇူလိုင် ၁၉
ကြမ္မာဆိုးကို
ယနေ့တိုင်သာ မမေ့နိုင်ပါ။
* ရှေး ရှေး ယခင်
ထိုဖြစ်အင်ကို သတိရစေဖို့
၁၉ ဇူလိုင်
ရောက်လာလေတိုင်း
ဥသြသံညံ
ရောက်ရာမှာရပ်
အောက်မေ့သတိရ တမ်းတမှုကို
ငြိမ်သက်စွာနဲ့
ဖော်ပြခဲ့ကြ . . . .
* အခုများတော့လေ
လွမ်းစရာပေပ
ဥသြသံဆိတ်
အာဇာနည်နေ့ကို
မမှတ်မိအောင်
ဖျောက်ဖျက်ပစ်ကြ
လုပ်ရက်ကြပေ . . . .။
* ဘယ်လိုဖျက်ဖျက်
ဘယ်သို့ဖုံးဖုံး
ပြည်သူတွေရဲ့
နှလုံးသားထဲမှာ
ကမ္ဘာဆုံးတိုင်
စွဲမြဲနေမယ့်
နေ့တစ်နေ့ပေ . . .။
မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်သွားခဲ့ကြသည် အာဇာနည်သူရဲကောင်းများအား အစဉ်သတိရ အောက်မေ့တမ်းတခြင်းများစွာဖြင့် . . .
မော်ဂင်
mawlu news group မှ ပြုလုပ်မည့် ၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် ပေးပို့လာသည့် ဒုတိယမြောက် ကဗျာ
@@@@@@@@@@@@@@@@@@@@@@@@@@@@@



ဇူလိုင်ရေ . . .
*********
ဇူလိုင်ရဲ့ မိုးရေစက်တွေက
ငါ့ရင်ဘတ်ကို ဝမ်းနည်အောင်
လာရိုက်ခတ်နေကြပေါ့ . . . .
ဇူလိုင်ရေ . . . .
နင့်ကို ငါမုန်းလိုက်တာ
၁၉ ဇူလိုင်ဆိုတာ မရှိခဲ့ရင်
ငါတို့ ဝမ်းနည်းနေရမှာ
အားငယ်နေရမှာ
အဖိနှိပ်ခံနေရမှာ
ဆင်းရဲနေရမှာ . . . မဟုတ်ဘူး . . .
ဇူလိုင်ရေ . . . .
ဒီအတွက်
မင်းနောင်တရနေပြီ မဟုတ်လား
ဒီအတွက် မင်းငိုနေရပြီ မဟုတ်လား
မင်းသိပ်ရက်စက်တယ် ဇူလိုင်ရေ . . .
ခေါင်းဆောင်ကြီးတွေကျဆုံး
တစ်တိုင်ပြည်လုံး သွေးပျက်
အလင်းမဲ့နေ့ရက်တွေကိုရောက်အောင်
မင်းဆောင်ကြဉ်းခဲ့ပေါ့။
ဒီလိုနဲ့ . . .
ငါတို့ရင်ဘတ်တွေထဲကို
တစ်သက်စာ အလွမ်းတွေနဲ့
တသသဖြစ်နေအောင်
မင်းလုပ်ထားရက်တယ်
ဇူလိုင်ရေ . . .။
လဘ်ကောင်
အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် ပထမဆုံးပေးပို့လာသည့် ကဗျာဆရာ လာဘ်ကောင်ရဲ့ ''ဇူလိုင်ရေ . . . ''ဆိုတဲ့ ကဗျာလေးပါ။

အုန်းဒုတ်​ရွာ၌ကတ်​တရာလမ်းထပ်​ပိုးလွာခင်း​ဆောင်​ရွက်

အုန်းဒုတ်​ဇူလှိုင်​၎
မော်​လူး​ဒေသအုန်းဒုတ်​ရွာတွင်​ကိုယ့်​အားကိုယ်​ကိုးကတ်​တရာထပ်​ပိုးလွှာခင်းလမ်းအကျယ်​၁၂​ပေအမြင့်​၆လက်​မအရှည်​​ပေ၂၀၀၀ဖြစ်​သည်









မော်လူး ဒေသ မှာ တော့ မြင်ကြတဲ့ အတိုင်းပါဘဲ

ထီးချိုင်မြို့မှာ သံဃာတော် ဆွမ်းခံထွက်ရင် စက်ဘီး/ဆိုင်ကယ်များက အောက်ဆင်းတွန်းသွားတဲ့ ချစ်စရာ ဓလေ့



Wednesday, July 15, 2015

တူယှဉ်နွဲပျော် ကဗျာပြိုင်စို့ online ပေါ်

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ mawlu news group မှ ကဗျာပြပွဲကို ပြုလုပ်မည်ဖြစ်ပါသည်။ ယင်းကဗျာပြပွဲသို့ မိမိတို့ကိုယ်တိုင်ရေးစပ်သီကုံးထားသည့် ကဗျာများ ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ပါသည်။ မိမိကိုယ်တိုင် ရေးစပ်းထားကြောင်း ဝန်ခံကတိပါရှိရပါမည်။ ယင်းသို့ ပေးပို့လာသည့် ကဗျာများထဲမှ mawlu news group မှ Admin များ အနှစ်သက်ဆုံး ကဗျာ ငါးပုဒ်အားရွေးချယ်ပြီး ငါးထောင်တန် ငွေဖြည့်ကတ် တစ်ကတ်စီဆုချီးမြင့်မည် ဖြစ်ပါသည်။ သို့ပါ၍ ကဗျာနှင့်အတူ ကိုယ်တိုင်ရေးစပ်ကြောင်း ခံဝန်ကတိနှင့်အတူ မိမိတို့၏ ဖုန်းနံပါတ်များ ထည့်သွင်းပေးစေလိုပါသည်။ ကဗျာများကို mawluuvillagers@gmail.com သို့ လည်းကောင်း mawluu villagers facebook chatbox သို့လည်းကောင်း ပေးပို့နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပေးပို့လာသည့် ကဗျာအားလုံးကို မော်လူးသတင်းဆိုဒ်တွင် ဖော်ပြပေးမည်ဖြစ်ပါသည်။ မမေ့သင့် မမေ့အပ်သော နေ့တစ်နေ့အား မမေ့သောအားဖြင့် mawlu news group

Monday, July 13, 2015

Saturday, July 11, 2015

တစ်ခါတုန်းက ဘဝတွေ . . .

တစ်ခါတုန်းက ဘဝတွေ ၃
"ဟာ ….. ညတုန်းက အိမ်ကို သူခိုးဝင်သွားတာ ဆိုင်ကယ်တစ်စီးပါသွားတယ်…" အခုတစ်လော ကျနော်နေထိုင်ရာ ကျေးရွာလေးမှာ မကြာခဏဆိုသလို သူခိုးဝင်ခိုးတာတွေ ခံနေကြရတယ်….။ ဆိုင်ကယ်တွေအခိုးခံကြရ …. တယ်လီဖုန်း ဟန်းဆက်ဆိုင်တွေ အဖောက်ခံကြရနဲ့ … သူခိုးသောင်းကျန်းမှုဒဏ်ကို တော်တော်လေး ခံနေကြရပါတယ်။ သက်ဆိုင်ရာကလည်း အမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် ကြိုးစားနေကြပုံရပါတယ်…. အခုထိတော့ သူခိုးဖမ်းမိတယ်ဆိုတဲ့ သတင်း မကြားမိသေးပါဘူး။ ဒီလို သူခိုးသောင်းကျန်းနေတာကြားရ သိရတော့ ကျနော်တို့ ကျောင်းသားဘဝက သူခိုးဖမ်းပွဲလုပ်ခဲ့ကြတာလေး သတိရမိသားဗျ။
ကျနော်မြစ်ကြီးနားမှာ GTI တက်တုန်းကနေခဲ့တဲ့ အဆောင်က ပန်ဆွန်ဟိုတယ်ကြီးရဲ့နောက်ကျော လမ်းကြားလေးထဲမှာရှိတဲ့ နှစ်ထပ်အိမ်ကြီးပါ။ အပေါ်ထပ်တစ်ထပ်လုံးမှာ ကျနော်တို့ ကျောင်းသား ၁၅ ဦးလောက်ရှိမယ်ထင်ပါတယ်။ GTI နောက်ဆုံးနှစ်ကျောင်းသားတွေရယ်၊ MIT ကပထနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေရယ် ….နေကြတာပါ။ အခန်းတွေက နှစ်ယောက်ခန်း၊ လေးယောက်ခန်းတွေ…. အောက်ထပ်မှာတော့ အိမ်ရှင်တွေနေကြပါတယ်။ အိမ်ရှေ့မျက်နှာစာ မြောက်ဘက်နားမှာ ရေတွင်းတစ်တွင်းနဲ့ ရေလှောင်ကန်ရှိပြီး အဝတ်လှန်းဖို့ ကြိုးတန်းလည်းရှိပါတယ်။ ကျနော်တို့တွေ ရေချိုးအဝတ်လျှော်ပြီး အဝတ်အစားတွေကို လှမ်းတဲ့နေရာပါ။ အိမ်ဝင်းကိုတော့ အောက်ပိုင်းက အုတ်တံတိုင်း အပေါ်ပိုင်းက သံပန်းကာထားပါ။ ဝင်းတံခါးကတော့ သံတံခါးပါ။ အိမ်ရှေ့ဝင်ပေါက်မှာ အုတ်ခုံဝိုင်းလေးနဲ့ ရေတမာပင်ကြီးရှိနေပါတယ်။ လမ်းကြားဆိုတော့ ညဆိုမှောင်နေပါတယ်။ ကျနော်တို့နေစဉ်က မြစ်ကြီးနားမြို့ဟာ လျှပ်စစ်မီးမှန်မှန်မရပါဘူး။ ကျနော်တို့တွေက ရေချိုးအဝတ်အစားလျှော်လှန်းပြီး ညပိုင်းကို မသိမ်းမိပဲ လှမ်းထားတဲ့အတိုင်း ပစ်ထားမိတတ်ကြပါတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ မသိမ်းမိတဲ့ အဝတ်အစားတွေပျောက်ကုန်ပါတော့တယ်။ သူခိုးခိုးခံရတာပါ။ ခိုးတဲ့ သူခိုးကအလည်ဗျ….။ လှမ်းထားတဲ့ အဝတ်အစားတွေအားလုံးကိုယူ အဲ့ဒီအထဲကမှ တန်ဘိုးရှိတဲ့ အဝတ်အစားတွေကိုပဲ ရွေးယူပြီး တန်ဖိုးနည်းတဲ့ အဝတ်အစားတွေကိုတော့ လမ်ဘေးက မြောင်းထဲမှာ ပစ်ထားခဲ့ကြတာ….။ ကျောင်းသားတွေရဲ့ ဂျင်းဘောင်ဘီရှည်တွေအခိုးခံလိုက်ရတာပေါ့။ ဒါကို မကျေမနပ်ဖြစ်ကြတဲ့ ကျနော်သူငယ်ချင်းတွေက သူခိုးကို စောင့်ဖမ်းဖို့ အစီအစဉ်တစ်ရပ်ရေးဆွဲပါတယ်။ ကျနော်တို့နေတဲ့ အိမ်အပေါ်ထပ်ကနေက အိမ်ရှေ့မျက်နှာစာတစ်ခုလုံးကို မြင်နေရတာပါ။ သူခိုးဖမ်းဖို့ အစီအစဉ်အတွက် ညပိုင်းကို အဝတ်တွေမသိမ်းပဲ ပစ်ထားကြမယ်။ အဝတ်တွေက ညအမှောင်မှာ မြင်သာမယ့် အရောင်ဖြစ်တဲ့ အဖြူရောင် အင်္ကျီတွေကို ထားမယ်ဆိုတဲ့ အစီအစဉ်ပါ။ ညတိုင်း အဆောင်နေ ကျောင်းသားတွေထဲက နှစ်ယောက်ကျ အိမ်ခန်းထဲမှာ မအိပ်ပဲ အိမ့်အပေါ်ထပ် အပြင်မှာ သူခိုးစောင့်ကြတာပေါ့။ ကျနော်တို့ အိပ်ခန်းအပေါက်ဝတွေမှာ နှစ်တစ်လက်မ အသားချောင်းတွေ ထောင်ထားပေးပါတယ်။ သူခိုးလာရင် အဆင်သင့်ကိုင်ပြီး လိုက်ဖမ်းကြရအောင် ဆိုပါတော့။ သိပ်ကြာကြာ မစောင့်လိုက်ရဘူး…. တစ်ပတ်လောက်အကြာ ညဆယ်နှစ်နာရီကျော်မှ ကင်းစောင့်ကျတဲ့သူတွေက အိပ်ခန်းထဲမှာ အိပ်နေတဲ့ ကျောင်းသားတွေကို နှိုးပြီး အရင်ဆုံး ကင့်စောင့်ကျတဲ့သူနှစ်ယောက်က တုတ်ကိုယ်စီကိုင်ပြီး တိတ်တိတ်လေးအောက်ကိုဆင်း … ကျန်တဲ့ ကျောင်းသားတွေကလည်း နောက်တိတ်တိတ်လိုက်ဆင်းပေါ့။ သူခိုးတွေက အောက်ခြေက ကာထားတဲ့ အုတ်တံတိုင်းလေးပေါ်တက် သံပန်းကို လက်တစ်ဘက်ကကိုင် ကျန်တဲ့ လက်တစ်ဘက်က ချိတ်တပ်ထားတဲ့ဝါးလုံးလေးကိုကိုင်ပြီး ကြိုးတန်းမှာ လှန်းထားတဲ့ အဝတ်တွေကို ချိတ်ယူကြတာရယ်။ အောက်ကို အရင်ရောက်သွားတဲ့ ကျောင်းသားနှစ်ယောက်မှာ တစ်ယောက်က ဝင်းတံခါးကို ဆွဲဖွင့် ကျန်တစ်ယောက်က တုတ်ကိုင်ပြီး "ဟေ့ကောင် …. မပြေးနဲ့ …. သူခိုး …သူခိုး …" အော်ပြီး လိုက်တော့တာပေါ့။ ကျန်တဲ့ ကျောင်းသားတွေလည်း နောက်ကလိုက်ကြပါတယ်။ လမ်းကြားလေးထဲကနေ လမ်းမကြီးရောက်ခါနီး စွယ်တော်ပင်လေးနားမှာ သူခိုးနောက်က ကပ်လိုက်သွားတဲ့သူက နောက်ကနေ တုတ်နဲ့ လှမ်းရိုက်လိုက်တော့ ပြေးနေတဲ့ သူခိုး မှောက်ရက်လဲကျသွားပါတော့တယ်။ ကပ်ရပ်ပါလာတဲ့သူက ဆက်ရိုက်မလို့ကြည့်တော့ သူခိုးလေးက ၁၂ နှစ် ၁၃ နှစ်သားလေး ဖြစ်နေတာမို့ …. ကြောင်ပြီး ရပ်နေမိစဉ် …. " ဖုန်း … ခွပ် ..ခွပ်…. မင်းလားကွ … သူခိုး … ငါတို့ရပ်ကွက်ထဲကိုများ လာခိုးရဲသေးတယ်… ခွပ် ..ခွပ်…" ဆိုတဲ့ အသံတွေနဲ့ သူခိုးလေးပေါ်ကနေ ကားယားခွထိုင်ပြီး အားပါးတရတွယ်နေတဲ့ လူကို ကျနော်တို့ ကျောင်းသားတွေ အတင်းဆွဲဖယ်ပြီး "ဟေ့ …လူ … ခင်ဗျားက ဘယ်သူလဲ … ဘယ်ကလဲ"လို့မေးတော့ "ငါက ဒီရပ်ကွက်က ရပ်ကွက်မှူးကွ" လို့ပြန်ဖြေတော့ "ရပ်ကွက်မှူးဆိုလည်း ကလေးကို မရိုက်နဲ့တော့ဗျာ… သူခိုးဆိုပေမယ့် ကလေးပဲရှိသေးတာ …."လို့ပြောကြတော့မှ ရပ်ကွက်မှူး ငြိမ်သွားပါတယ်။ "ကျနော်တို့ သူ့ကို ရဲစခန်း ပို့လိုက်ပါ့မယ် "လို့ ပြောပြီး သူခိုးလေးကို အဆောင်ရှေ့ခေါ်လာခဲ့ကြပါတယ်။ အဆောင်ရှေ့ရောက်တော့ ရေတမာပင်ကြီးမှာ သူခိုးလေးကို ကြိုးနဲ့တုပ်လိုက်ပါတယ်။ ပြီးတော့ ကျောင်းသားတွေက တစ်ယောက်တစ်ခွန်း စစ်ဆေးကြတော့တာပေါ့။ တွေးကြည့်လေ … ကျောင်းသား ၁၅ ယောက်လောက်က ဝိုင်းပြီးမေးကြ စစ်ကြ ဖြေတာ မဟုတ်ဘူးထင်ရင် ကိုင်လိုက်ကြနဲ့ …. ကျနော့်မှာ သူခိုးလေးကို ကြည့်ပြီး တော်တော် သနားနေမိပါပြီ။ သူခိုးလေးက လာခိုးတာ သူတစ်ယောက်တည်း မဟုတ်ကြောင်း အဖော်နှစ်ယောက်ပါတဲ့အကြောင်း မြစ်ကြီးနားမြို့ အခွန်လွှတ်ဈေးထဲမှာ နေကြောင်းတွေပြောပြနေပါတယ်။ ကျောင်းသားတစ်ယောက်ကတော့ ကတ်ကြေးကိုင်ပြီး သူခိုးလေးဆံပင်တွေကို ညှပ်ပါတော့တယ်။ နောက်ဆုံး သူခိုးလေးက "ကြောက်ပါပြီဗျာ… ကျနော့်ကို ရဲစခန်းပို့ကြပါတော့ဗျာ" လို့တောင်းပန်ရတဲ့အထိ လက်စွမ်းပြလိုက်ကြတာ …. ၁၂ နာရီကျော်လောက်ကနေ တစ်ယောက်တစ်ပေါက်စစ်ကြ မေးကြ ရိုက်လိုက်ကြတာ နှစ်နာရီ ထိုးခါးနီးမှ ကျနော်တို့တွေ သူခိုးလေးကို မြစ်ကြီးနား ခေမာသီရိရပ်ကွက်က အမှတ် ၁ ရဲစခန်းကို သွားအပ်ကြပါတယ်။ သူခိုးလေးကို ကြိုးချည်ပြီး တစ်လမ်းလုံးလည်း တစ်ယောက်တစ်ပေါက် မေးလိုက်ရိုက်လိုက်ပါပဲ။ ကျနော်ကတော့ သူခိုးဟာ မထင်မှတ်ပဲ ၁၂ နှစ် ၁၃နှစ်သားလေး ဖြစ်နေတာကို တွေ့ရပြီးကတည်း စိတ်မကောင်းဖြစ်မိပြီး မေးလည်းမမေးမိ ရိုက်လည်း မရိုက်ရက်တော့ပါဘူး။ သူငယ်ချင်းတွေ လုပ်နေကြတာကိုလည်း မလုပ်ကြပါနဲ့ကွာလို့လည်း မတားမြစ်ဖြစ်ပါဘူး။ ဒါကတော့ ကျနော်တို့ GTI နောက်ဆုံးနှစ်မှာ တွေ့ကြုံခဲ့ရတဲ့ သူခိုးဖမ်းပွဲလေးပါ…..။ ကျနော်တို့ တစ်ဆောင်လုံး မမေ့နိုင်တဲ့ အဖြစ်အပျက်လေး တစ်ခုဆိုလည်း မမှားပါဘူး။ ဒီစာလေးကို ရေးရင်း သူခိုးဖမ်းတုန်း သူခိုးလေးကို နောက်ကနေရိုက်လိုက်ပြီး လဲကျသွားလို့ ကြည့်မိတော့ ကလေးဖြစ်နေလို့ ဆက်မရိုက်ဖြစ်တော့တဲ့ MIT ဒုတိယ နှစ်က ဗန်းမော်သား ကိုသန်းနိုင်၊ သူခိုးလေးကို ကပ်ကြေးနဲ့ ဆံပင်တွေညှပ်တဲ့ GTI နောက်ဆုံးနှစ် Civil က မန္တလေးသား လမင်းထွန်း၊ သူများတွေ စစ်မေးကြရိုက်ကြတုန်းမှာ ဘာမှမပြောပဲ ရဲစခန်းရောက်ခါနီးမှာ "မင်း ..အဲ့အိမ်မှာ ငါတို့ကျောင်းသားတွေနေတာ မသိဘူးလား"လို့ မေးပြီး သူခိုးလေးက "သိပါတယ်" လို့ဖြေတော့ "သိရက်သားနဲ့ မင်းကခိုးရဲတယ်ပေါ့လေ"ဆိုပြီး နောက်ကနေ ခြေစွမ်းပြလိုက်တဲ့ GTI နောက်ဆုံးနှစ် MT က King နန့်မွန်းသား ယုမောင်တို့နဲ့အတူ တစ်ခါတုန်းက ဘဝတွေ ၁ ကိုရေးတာ ဖတ်မိပြီး သူခိုးဖမ်းပွဲလေးအကြောင်း ရေးပါဦးလို့ Comment ပေးတောင်းဆိုလာတဲ့ MIT ပထမနှစ်က သက်ထွန်းအောင်နဲ့အတူ အဆောင်အတူတူနေခဲ့ရတဲ့ သူငယ်ချင်းတွေကို အားလုံးကို လွမ်းနေမိတာပါပဲ ………

ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . . .
k.t.w.l

Thursday, July 9, 2015

နည်းနည်းပြောမယ် (၃) . . .

နည်းနည်း ပြောမယ် (၃)
@@@@@@@@@@@@@@@@@@@@@
နည်းနည်းပြောမယ် ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ လွန်ခဲ့တဲ့ လေးနှစ်လောက်က စာလေးနှစ်ပုဒ်ရေးဖြစ်ခဲ့ပြီး နှစ်ပုဒ်လုံးကို မြန်မာ မာတီပလိုင်း သုံးစွဲသူများအဖွဲ့က ထုတ်ဝေတဲ့ မဂ္ဂဇင်းလေးမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ကျနော့်ရဲ့ ပထမဆုံး ပုံနှိပ်စာမူအဖြစ် ဖော်ပြခြင်းခံခဲ့ရတဲ့ စာတွေမို့ အမှတ်တရပါပဲ။ အခုလည်း အမှတ်တရလေးတစ်ခုအဖြစ် ရေးမှာမို့လို့ ဒီခေါင်းစဉ်လေးကိုပဲ ယူပြီး နောက်ကနေ (၃) ဆိုတာလေး ထည့်ထားတာပါ။ ယခုရေးမဲ့စာလေးဟာ ကျနော်တင်ပြလိုတဲ့ အကြောင်းအရာလေးကို ရေးမှာမို့ သဘောထား မတိုက်ဆိုင်တဲ့ လူများ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ ဒီစာလေးကို ရေးတာဟာ ဆရာကြီးလုပ်ပြီး ငါအသိ ငါအတတ်ရေးတာမဟုတ်ပဲ ကျနော်တွေးမိသမျှကို ပြန်လည်မျှဝေ ပြောပြခြင်းသာ ဖြစ်ပါတယ်လို့ ပထမဦးစွာ ပြောလိုပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ၂၀၁၀ ခုနှစ်က တစ်ပြည်လုံး ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ပြောင်းလဲခဲ့တာ အားလုံးအသိပါ။ ဒီမိုကရေစီနိုင်ငံဆိုသည်မှာ ပြည်သူများက ရွေးချယ်တင်မြောက်လိုက်တဲ့ ပြည်သူ့အစိုးရအုပ်ချုပ်တဲ့ စနစ် ပြည်သူဆန္ဒကို အလေးထားတဲ့ စနစ်ပေါ့။ ဒီလို ဒီမိုကရေစီနိုင်ငံကြီးကို တည်ထောင်လာတဲ့ သက်တမ်းက ငါးနှစ်စေ့ပြီး နောက်ထပ် အစိုးရသစ်တစ်ရပ်ကို မကြာခင် ကျနော်တို့ ပြည်သူတွေ ရွေးချယ်ကြရတော့မှာပါ။ ကျနော်ပြောချင်တာက ဒီနေရာကစပါပြီ။ နိုင်ငံတစ်နိုင်ငံလုံးစာအတွက် မပြောပဲ ကျနော်တို့ ဒေသတစ်ခုစာအတွက်ကိုပဲ ခြုံပြီး ပြောကြည့်ပါမယ်။ ၂၀၁၅ ခုနှစ် ၁၁ လပိုင်း ၈ ရက်နေ့မှာ ကျနော်တို့ဒေသကို ဦးဆောင်မဲ့ ခေါင်းဆောင်တစ်ဦး(ဝါ) လွှတ်တော်အမတ်လောင်းကို ကျနော်တို့တွေ ဆန္ဒမဲပေးပြီး ရွေးချယ်ကြရတော့မှာပါ။ ဒီတော့ ကျနော်တို့ ဘယ်လိုခေါင်းဆောင်(ဝါ)ဘယ်လို အမတ်လောင်းမျိုးကို ရွေးချယ်မဲပေးကြမလဲဆိုတာကို ပြောချင်ရေးချင်တာပါ။ ဒီနေရာမှာ ကျနော် ပါတီစွဲ ပုဂ္ဂိုလ်စွဲကင်းစွာ ခေါင်းဆောင်အဖြစ် ဘယ်လိုလူမျိုးကို ရွေးချယ်ကြမလဲ။ ကျနော်တို့ဟာ ကျနော်တို့ဒေသရဲ့တိုးတက်ရာ တိုးတက်ကြောင်းတွေကို ကျနော်တို့ကိုယ်စားဆောင်ရွက်ပေးနိုင်မဲ့ ခေါင်းဆောင်ကို ကျနော်တို့ ဆန္ဒမဲတွေနဲ့ ကျနော်တို့ကိုယ်တိုင် ရွေးချယ်ကြရမှာလေ…။ ပထမဆုံး ပြောလိုတာက နိုင်ငံရေးဆိုတာ ငါတို့နဲ့ မဆိုင်ဘူး။ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ငါတို့ပြည်သူတွေက လုပ်စားရမှာ လုပ်စားရမှာပဲဆိုတဲ့ အတွေးမျိုးတွေကို အရင်ဆုံးဖျောက်ပစ်ကြဖို့လိုပါတယ်။ ငါတို့ဒေသတိုးတက်ရေးအတွက် ငါတို့ဒေသကောင်းစားရေးအတွက် ငါတို့ရွေးချယ်မဲ့ ခေါင်းဆောင်ဟာ ဆောင်ရွက်နိုင်ရမယ်။ ဒီလိုဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်မျိုးကိုမှ ငါတို့ ဆန္ဒမဲပေးမယ်ဆိုတဲ့ အတွေးမျိုးကို တွေးထားသင့်ပါတယ်။ နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင် … ဘယ်သူအုပ်ချုပ်အုပ်ချုပ်ဆိုရင်တော့ .. ဒီမိုကရေစီခေတ်ကြီးမှာ ကျနော်တို့ဒေသဟာ နောက်ကျကျန်နေခဲ့မှာပါ။ ဘာတွေနောက်ကျကျန်နေခဲ့မှာလဲဆိုတော့ .. ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က နိမ့်ကျကျန်နေခဲ့မှာပါ။ ဒီလိုနိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးမျိုး မရှိပေမဲ့ ခေါင်းဆောင်ကောင်းကို မရွေးချယ်နိုင်ဘူးဆိုရင်လည်း ငယ်ငယ်က သင်ခဲ့ရတဲ့ လှည်းကုန်သည်ငါးရာလို ဘီလူးစားခံရပါလိမ့်မယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးမှာ ကျနော်တို့ဒေသအတွက် တိုင်းဒေသကြီးလွှတ်တော်အမတ် တစ်နေရာစာကိုတော့ ရရှိမှာပါ။ ဘာလို့လည်းဆိုတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ဒေသက တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်နေရာ ရရှိခဲ့တာပဲ မဟုတ်လား။ ဟုတ်ပါပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ရွေးချယ်လိုက်တဲ့ အမတ်လောင်းဟာ ကျနော်တို့ ဒေသအတွက် ဘာတွေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ပါသလဲ။ ကျနော်တို့ စဉ်းစားရမဲ့အချက်ပါ။ ဒီလိုပဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးမှာ ပါတီအသီးသီးက အမတ်လောင်းတွေဟာ ရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံကြပါလိမ့်မယ်။ အရွေးချယ်ခံကြမဲ့ အမတ်လောင်းတွေကရော ကျနော်တို့ဒေသတိုးတက်ရေးအတွက် ဘယ်လိုတွေ ဆောင်ရွက်ပေးနိုင်မလဲပေါ့။ ကျနော်တို့ လက်ထဲမှာရှိတဲ့ ဆန္ဒမဲလက်မှတ်လေးတစ်ခုဟာ စဉ်းစားတွေးတောခြင်း မရှိပဲ ထည့်လိုက်မိ ရွေးချယ်မိလိုက်တာနဲ့ ကျနော်တို့ဒေသရဲ့ တိုးတက်မှုကို ဆုတ်ယုတ်သွားစေမယ် ရပ်တန့်သွားစေမယ်ဆိုရင် ဘယ်လောက်ရင်နာစရာ ဝမ်းနည်းစရာကောင်းလိုက်မလဲ။ ထိုနည်းတူစွာ ကျနော်တို့ရဲ့ မဲပေးပိုင်ခွင့် ဆန္ဒမဲလေးဟာ ဒေသတိုးတက်ရေးအတွက် အမှန်တကယ် စေတနာထားဆောင်ရွက်ပေးမဲ့ အမတ်လောင်းကို ပေးလိုက်မိလို့ ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေမယ်ဆိုရင် ဘယ်လောက်ဝမ်းသာစရာ ပျော်ရွှင်စရာကောင်းလိမ့်မလဲ တွေးကြည့်ကြပါ။
ဒေသတစ်ခုကအစ နိုင်ငံကြီးတစ်ခုလုံးအဆုံး တိုးတက်လာဖို့ဆိုတာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ စေတနာအရင်းခံနဲ့ နိုင်ငံ၊ ဒေသကောင်းကျိုးတွေအတွက် ဆောင်ရွက်နိုင်တဲ့ လူမျိုးတွေဖြစ်ရမှာပါ။ ကျနော်တို့ရွေးချယ်တင်မြောက်လိုက်တဲ့ ခေါင်းဆောင်ဟာ လွှတ်တော်ထဲရောက်သွား နိုင်ငံတော်ကပေးတဲ့လစာကိုစားပြီး အိပ်ငိုက်နေမဲ့လူမျိုး၊ ဒေသကောင်းစားရေးမဟုတ်ပဲ မိမိနဲ့ မိမိဆွေမျိုးများကောင်းစားရေးကိုသာ လုပ်ဆောင်မယ့်လူမျိုးဖြစ်နေခဲ့ရင် ကျနော်တို့ ဒေသတစ်ခုလုံးအတွက် နစ်နာဆုံးရှုံးရပါလိမ့်မယ်။ ဒီလိုပဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံကြမဲ့ လွှတ်တော်အမတ်လောင်းတွေဘက်ကလည်း ပြည်သူတွေဘက်ကို တစ်ချက်ငဲ့ပြီး စဉ်းစားပေးသင့်ပါတယ်။ သူများလွှတ်တော်အမတ်ဖြစ်လို့ ငါလည်းလွှတ်တော်အမတ်ဖြစ်အောင် လုပ်လိုက်ဦးမဟဲ့ … ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့တော့ ရွေးကောက်ပွဲကို ဝင်မပြိုင်စေလိုပါ…။ မိမိက ဒေသတစ်ခုလုံးရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်ပါ့မလား …. လွှတ်တော်ထဲရောက်သွားရင် အခြားဒေသက လွှတ်တော်အမတ်တွေနည်းတူ ပြောနိုင်ဆိုနိုင် ပြောရဲဆိုရဲတဲ့သူ ဖြစ်ပါ့မလား။ တခြားလွှတ်တော်အမတ်တွေရဲ့ အရည်အချင်းကို လိုက်မှီပါ့မလားဆိုတာလေးတော့ တွေးတော စဉ်းစားပေးကြပါ။ ကျနော်တို့ဒေသ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမှန်တကယ်လိုအပ်နေတာကတော့ စေတနာအရင်းခံပြီး ပြည်သူတွေအကျိုးကို အမှန်တကယ်ဆောင်ရွက်ပေးမဲ့ ခေါင်းဆောင်ကောင်းမျိုး လိုအပ်နေတာပါ။ ကျနော်ရေးတဲ့ စာလေးကိုဖတ်ပြီး ကျနော်တို့ဒေသအတွက် ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်ကြပါစေလို့ ဆုတောင်းရင်း အဆုံးသတ်လိုက်ပါတယ်…….
ပျော်ရွှင် ချမ်းမြေ့ကြပါစေ …
K.T.W.L

Monday, July 6, 2015

မေးလ်းကနေ ပို့လာတဲ့ စာဘဲ မော်လူး ဆေးရုံ အကြောင်းပါ

ကျွန်တော်တို့နေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသတွင် နိုင်ငံတော်မှ ချမှတ်ပေးသည့် ဘဏ္ဍာငွေ သိန်း ၅၀၀၀ ဖြင့် တိုက်နယ်ဆေးရုံအသစ်ကြီးကို I Green ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခဲ့သည်မှာ တနှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ထိုသို့တာဝန်ယူတည်ဆောက်နေရာတွင် လက်ရှိမြင်တွေ့နေရသည့် မြင်ကွင်းများမှာ ဒေသခံပြည်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ရာနှင့် နိုင်ငံတော်မှ ဘဏ္ဍာငွေများ အလဟဿဖြုန်းတီးနေသည်ဟု ထင်မြင်ယူဆမိပါတော့သည်။ အကြောင်းမှာ ယင်းတိုက်နယ်ပြည်သူဆေးရုံသစ်ကြီး၏ ဖောင်ဒေးရှင်းအတွင်းဘက်ထဲသို့ သဲနုန်းမြေများဖြင့် ဖြည့်တင်းနေခြင်းကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ဒေသခံများ သိရှိနားလည်ထားသည်မှာ သာမန်နေအိမ်အဆောက်အဦး၏ အတွင်းဘက်ဖောင်ဒေးရှင်း ဝမ်းစာအဖြစ် အောက်ခံကျောက်ကြီးများကို ဦးစွာဖြည့်တင်းကြပါသည်။ ယင်းနောက်မှ သံကျောက်များကို ထပ်မံဖြည့်တင်းကြသည်ကို မြင်တွေ့ရ သိရှိရပါသည်။ ယခုမူ ဆေးရုံအဆောက်အဦး၏ ဖောင်ဒေးရှင်းအတွင်းဘက် ဝမ်းစာအဖြစ် မည်သည့် ကျောက်ကြီးများ၊ သဲကျောက်များနှင့် ဖြည့်တင်းခြင်းမရှိပဲ နုန်းပါဝင်မှုများပြားသော သဲနုန်းမြေများဖြင့် ဖြည့်တင်းနေသည်မှာ အဆောက်အဦးတစ်ခု၏ ခိုင်ခံ့မှု စံချိန်စံညွှန်းနှင့် ညီညွှတ်မှုရှိမရှိကို တာဝန်ယူတည်ဆောက်နေသော ကုမ္ပဏီမှ အင်ဂျင်နီယာများ သိရှိလိမ့်မည်ထင်ပါသည်။ ထို့ပြင် ထိုနုန်းပါဝင်မှုများသော သဲများဖြင့်ပင် အဆောက်အဦးနံရံများ အချောကိုင်ခြင်းကိုလည်း ဆောင်ရွက်မည်ဟု ကြားသိရပြန်ရာ ကုမ္ပဏီမှ ကျွန်တော်တို့ မော်လူးဒေသတစ်ခုလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အားကိုးအားထားရာ တိုက်နယ်ဆေးရုံသစ်အဆောက်အဦးကြီးအပေါ် စေတနာထားရှိပုံမှာ အံ့မခန်းပင် ဖြစ်ရပါသည်။ သတ်မှတ်ချိန်အတွင်း ဆောက်လုပ်မှုပြီးစီးရန်နှင့် ကုမ္ပဏီအတွက်အကျိုးအမြတ်များစွာကျန်စေရန်သာ ရည်ရွယ်ထားပုံရပါသည်။ ထိုသို့မဟုတ်ပဲ "တောသား လူအ လူန တွေပါကွာ…  ငါတို့ လုပ်ချင်သလို လုပ်လို့ရပါတယ်" ဟု သတ်မှတ်ပြီး လုပ်ဆောင်နေသည်ဆိုလျှင်………… ကျွန်တော်တို့ မော်လူးဒေသခံပြည်သူတို့၏ သမိုင်းရိုင်းရာကျပေလိမ့်မည်။

မော်လူးဒေသ တိုက်နယ်ဆေးရုံသစ်ကြီး ဖြစ်မြောက်ရေး အကျိုးတော်ဆောင်များ အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်လူကြီးမင်းများ မည်သို့ ခံစားရပါမည်နည်း။
ဤဆေးရုံသစ်ကြီး အရည်အသွေးမှီမှီ ခိုင်ခိုင်ခံခံဖြင့် ပြီးစီးသွားလျှင် လူကြီးမင်းများ၏ သမိုင်းသည် မော်လူးသူမော်လူးသားများအတွက် ဂုဏ်ယူပြောဆိုဖွယ်ရာအဖြစ် မှတ်တမ်းကောင်း ကျန်ရှိနေပါမည်။ ထိုသို့မဟုတ်ပဲ လက်ပိုက်ကြည့်နေခဲ့ကြမည်ဆိုလျှင် လူကြီးမင်းတို့၏ သမိုင်းမှာလည်း ဆေးရုံသစ်ကြီး သတ်မှတ်ချိန်မတိုင်မှီ ပျက်စီးသွားသော်လည်း လူကြီးမင်းတို့အပေါ် ဒေသခံပြည်သူတို့ ပြောစမှတ်မှာ ပျက်စီးသွားမည် မဟုတ်ပဲ … သားစဉ်မြေးဆက် "ဘယ်သူ့ အဖေ၊ ဘယ်သူ့ အဘိုးလက်ထက်ကပေါ့ကွာ ဆေးရုံသစ်ကြီးဆောက်တာ စီစစ်ရေး ဖြစ်မြောက်ရေးထဲပါပါလျှက် သေချာမစီစစ် မကြပ်မတ်လို့(သို့) ငို့ဘပဲလုပ်လိုက်ကြလို့ ဆေးရုံကြီး အချိန်မတိုင်မီ ပျက်စီးယိုယွင်းသွားရတာ" ဟု ပြောဆိုနေကြမည်သာ…..
သို့ပါ၍ ဒေသခံပြည်သူများမှ ယုံကြည်ကိုးစား၍ ဖြစ်မြောက်ရေး စီစစ်ရေး ကြီးကြပ်ရေးတာဝန်ယူထားသူများ အချိန်မှီ လက်တွေ့ကွင်းဆင်းပြီး စေတနာမမှန်ပဲ အကျိုးအမြတ်များများကျန်ရှိရေးကို ဦးစားပေးကာ အရည်အသွေးညံ့ဖျင်းစွာ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော I GREEN အားကုမ္ပဏီအား စစ်ဆေးပေးကြစေလိုပါသည်။

မော်လူးတိုက်နယ် ဆေးရုံသစ်ကြီးအတွက် ရတက်မအေးဖြစ်နေကြသည့်

မော်လူးသားများ