Sunday, November 8, 2015

2015 အထွေထွေရွေးကောက်ပွဲ မော်လူးဒေသမှ မဲအနိုင်အရှုံး စုံစမ်းရသမျှ

မဲရုံ အမှတ် ၁ စီးမော်
ပြည်သူ့လွှတ်တော်

NLD 1238
Usdp 169
တစည 281
ကျားဖြူ 31

မဲရုံအမှတ် ၁ စီးမော်အုပ်စု
အမျိုးသားလွှတ်တော်

NLD 1270
USDP 161
တစည 314
ကျားဖြူ 26

မဲရုံ အမှတ် ၁ စီးမော်
တိုင်းဒေသကြီး လွှတ်တော်

NLD 1258
USDP 155
တစည 338
ကျားဖြူ 18
ကျားနီ 12

မဲရုံ အမှတ် ၂ ဟဲနု
တိုင်းဒေသကြီး လွှတ်တော်

NLD 744
တစည 216
Usdp 144
ကျားနီ 15
ကျားဖြူ 18

အမျိုးသားလွှတ်တော်

NLD 750
တစည 201
Usdp 159
ကျားဖြူ 16

ပြည်သူ့လွှတ်တော်

NLD 756
တစည 194
Usdp 159
ကျားဖြူ 12

မဲရုံ အမှတ် ၃ အုန်းဒုတ်

ပြည်သူ့လွှတ်တော်

NLD 662
USDP 231
တစည 153

အမျိုးသားလွှတ်တော်

NLD 672
USDP 227
တစည 162

မဲရုံအမှတ် ၃ အုန်းဒုတ်
တိုင်းဒေသကြီးလွှတ်တော်

NLD 627
USDP 224
တစည 210

မဲရုံအမှတ် ၄ (ပဲခူး)
ပြည်သူ့လွှတ်တော်

NLD 801
Usdp 133
တစည 70
ကျားဖြူ 17

အမျိုးသားလွှတ်တော်

NLD 838
USDP 119
တစည 67
ကျားဖြူ 13

တိုင်းဒေသကြီး လွှတ်တော်

NLD 1016
USDP 115
တစည 73
ကျားဖြူ 12
ကျားနီ 21

သူရောင်းကျေးရွာအုပ်စု
လွှတ်တော် သုံးရပ်လုံး NLD အနိုင်ရ

ဟောင်းတုန်းကျေးရွာအုပ်စု
လွှတ်တော် သုံးရပ်လုံး NLD အနိုင်ရ

နမီးကျေးရွာအုပ်စု
USDP အနိုင်ရ

ဂွေ့ကြီးကျေးရွာအုပ်စု
NLD အနိုင်ရရှိ

ပုန်းဟုန်ကျေးရွာအုပ်စု အဆက်အသွယ်မရရှိသေး

ပင်ဝဲကျေးရွာအုပ်စု NLD အနိုင်ရရှိ

မော်လူးကျေးရွာအုပ်စု မဲရုံ
အမျိုးသား လွှတ်တော်


နဘားကျေးရွာအုပ်စု NLD အနိုင်ရရှိ

မော်လူးဒေသ မဲ အနိုင် အရှုံး သတင်း

fb  မှ  ရသော  သတင်းပါ
ကဲ . . . စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသမှ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များ ကျနော် စုံစမ်းရရှိသမျှ

9.11.15 ( 00:30)AM
မဲရုံ အမှတ် ၁ စီးမော်
ပြည်သူ့လွှတ်တော်
NLD 1238
Usdp 169
တစည 281
ကျားဖြူ 31
မဲရုံအမှတ် ၁ စီးမော်အုပ်စု
အမျိုးသားလွှတ်တော်
NLD 1270
USDP 161
တစည 314
ကျားဖြူ 26
မဲရုံ အမှတ် ၁ စီးမော်
တိုင်းဒေသကြီး လွှတ်တော်
NLD 1258
USDP 155
တစည 338
ကျားဖြူ 18
ကျားနီ 12

မဲရုံ အမှတ် ၂ ဟဲနု
တိုင်းဒေသကြီး လွှတ်တော်
NLD 744
တစည 216
Usdp 144
ကျားနီ 15
ကျားဖြူ 18
အမျိုးသားလွှတ်တော်
NLD 750
တစည 201
Usdp 159
ကျားဖြူ 16
ပြည်သူ့လွှတ်တော်
NLD 756
တစည 194
Usdp 159
ကျားဖြူ 12

မဲရုံ အမှတ် ၃ အုန်းဒုတ်
ပြည်သူ့လွှတ်တော်
NLD 662
USDP 231
တစည 153
အမျိုးသားလွှတ်တော်
NLD 672
USDP 227
တစည 162
မဲရုံအမှတ် ၃ အုန်းဒုတ်
တိုင်းဒေသကြီးလွှတ်တော်
NLD 627
USDP 224
တစည 210

မဲရုံအမှတ် ၄ (ပဲခူး)
ပြည်သူ့လွှတ်တော်
NLD 801
Usdp 133
တစည 70
ကျားဖြူ 17
အမျိုးသားလွှတ်တော်
NLD 838
USDP 119
တစည 67
ကျားဖြူ 13
တိုင်းဒေသကြီး လွှတ်တော်
NLD 1016
USDP 115
တစည 73
ကျားဖြူ 12
ကျားနီ 21

သူရောင်းကျေးရွာအုပ်စု
လွှတ်တော် သုံးရပ်လုံး NLD အနိုင်ရ

ဟောင်းတုန်းကျေးရွာအုပ်စု
လွှတ်တော် သုံးရပ်လုံး NLD အနိုင်ရ

နမီးကျေးရွာအုပ်စု
USDP အနိုင်ရ

ဂွေ့ကြီးကျေးရွာအုပ်စု
NLD အနိုင်ရရှိ

မံဟဲကျေးရွာအုပ်စု NLD အနိုင်ရရှိ

ပုန်းဟုန်ကျေးရွာအုပ်စု အဆက်အသွယ်မရရှိသေး

ပင်ဝဲကျေးရွာအုပ်စု NLD အနိုင်ရရှိ

နဘားကျေးရွာအုပ်စု NLD အနိုင်ရရှိ

မော်လူးကျေးရွာအုပ်စု
အမျိုးသား လွှတ်တော်
NLD 1686
USDP 214
ပြည်သူ့ လွှတ်တော်
NLD 1663
USDP 229
တစည 206
ကျားဖြူ 18
တိုင်းဒေသကြီးလွှတ်တော်
NLD 1723
USDP 236
တစည 286

Tuesday, November 3, 2015

မော်လူး နန့်စီးအောင် ကြား ကားလမ်း တံတားတွေပြင်

နိုဝင်ဘာ၃ရက်နေ့ကအင်းတော်မြို့နယ်မော်လူးနှင့်နန့်စီးအောင်ကြားတံတားများဆောင်ရွက်နေမှုကြောင့်ကွင်းလမ်းမကောင်းသဖြင့်ဆိုင်ကယ်၊ကားကြီးကားငယ်ခရီးသွားပြည်သူများမှာနေ့စဉ်နှင့်အမျှအခက်အခဲများဖြင့်ုကြုံတွေ့နေရသည်၊ထို့ကြောင့်တာဝန်ရှိသူများမှလည်းတံတားများပြီးအောင်မဆောင်ရွက်မီအချိန်တွင်းခရီးသွားပြည်သူများအခက်အခဲမရှိသွားလာရေးအဆင်ပြေစေရန်ကွင်းလမ်းများကောင်းမွန်စွာဆောငိရွက်ပေးသင့်သည်ဟုသတင်းကောင်းပါးလိုက်တယ်။


မော်လူး-ပငိဝယ်ကြား ရထားလမ်း တံတား အုတ်တိုင် စောင်းတယ်တဲ့

အင်းတော်မြို့နယ်မော်လူးဘူတာနင့်ပင်ဝဲဘူတာကြားရထားမိုင်တိုင်အမှတ်၆၀၅/၁၁/၁၂ကြားရေပေါက်တံတားအမှတ်၄၉၇သည်ရေလည်တိုင်အုတ်ခုံအနောက်ဘက်ခြမ်းမှာစောင်းသွားသဖြင့်ရထားစီးခရီးသည်များတွက်အန္တရာယ်ရှိနိင်သည်၊၎င်းနေရာသို့မော်လူးမှတာဝန်ရှိသူများ ကသွားရောက်ကြည့်ရှု့ပြီးလိုအပ်သည်များကိုမှာကြားပြီးမော်လူးလမ်းဗိုလ်လေးနင့်ဝန်ထမ်းများကရထားလမ်းပွင့်နိင်ရေးကိုဆောင်ရွက်ချိန်မော်လူးဘူတာ၌ခရီးသည်များစားသောက်ရေးအဆင်ပြေစေရန်အမှတ်၃၈မြစ်ဆုံရထားကိုရပ်နားထားသည်။

Sunday, November 1, 2015

သင် မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပြီးပြီလား ?

2015 Myanmar Election added 2 new photos.
သင် မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပြီးပြီလား ?
+++++++++++++++++++++++++++++++++++
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် မဲဆန္ဒရှင်သက်သေခံ လက်မှတ် များကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးနေပါပြီ။
မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသဖြင့် ထုတ်ယူကြရန် တိုက်တွန်းအပ်ပါသည် –
(က) မဲစာရင်းပါကြောင်းနှင့် မဲပေးခွင့်ရရှိကြောင်း သေချာခိုင်လုံစေသည်။
(ခ) မည်သည့်မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရှိနိုင်မည်။
(ဂ) မဲစာရင်းအမှတ်စဉ်ဖော်ပြထားသဖြင့် မဲစာရင်းစိစစ် လက်မှတ်ရေးထိုး ရာတွင် လည်းကောင်း၊ မဲလက်မှတ်ထုတ်ယူရာတွင်လည်းကောင်း လွယ်ကူမြန်ဆန်စေမည်။
(ဃ) စိစစ်ချိန်တွင် မှတ်ပုံတင်အစား ဤလက်မှတ်ဖြင့် အထောက် အထားပြသနိုင်မည်။
(င) မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေမည်။
မဲပေးမည့်ရက်တွင် မဲရုံတစ်ရုံအတွက် မဲပေးမည့် မဲဆန္ဒရှင်ပေါင်း ၃ဝဝ မှ ၃ဝဝဝ အထိရှိနိုင်တဲ့အတွက် မိမိ အမည်စာရင်းကို မဲစာရင်းတွင်ရှာရာတွင်ကြာနေပါက မဲရုံ ပိတ်ချိန် မတိုင်မီ မဲဆန္ဒရှင်တိုင်းမဲပေးပြီးဖို့မလွယ်ကူပါ။ ဒါကြောင့် မိမိအမည်ကို မဲစာရင်းတွင်ရှာရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန် ကြိုတင်ပြီး မိမိမဲရုံ၊ မိမိ မဲစာရင်းအမှတ်စဉ် တို့ကို မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် ကြိုတင် သိရှိပြီး ပိုမိုမြန်ဆန်စေပါတယ်။ ဒါကြောင့် ယနေ့မှ စတင်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ် ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုဇယားပြ၍ သွားရောက်ထုတ်ယူကြပါရန် တိုက်တွန်းအပ်ပါသည်။
(နိုဝင်ဘာ ၈ ရက်နေ့တွင် သက်သေခံ လက်မှတ် ထုတ်ယူထားခြင်းမရှိသူများ နဲ့ သက်သေခံလက်မှတ် ပျောက်ဆုံးသွားသူများသည်လည်း ပုံမှန်မဲပေးပုံစနစ် အတိုင်း မဲပေး နိုင်သည်။ သက်သေခံလက်မှတ် ရှိသူမှာ မဲပေးခြင်း ပိုမိုမြန်ဆန်ပါသည်။)



Saturday, October 31, 2015

နှင်းဆီပန်း ကို အမြန်ဆုံး ကြီးထွားအောင် ဘယ်လို စိုက်မလဲ

နှင်းဆီပန်း ကို အမြန်ဆုံး ကြီးထွားအောင် ဘယ်လို စိုက်မလဲ ?
၁ ။ ပထမဆုံး ၆ လက်မခန့် မြေကျင်း တူးပါ။
၂ ။ မြေကျင်းထဲ ကို သဲ အနည်းငယ်အောက်ခံ ထည့်ပါ ။
၃။ စိုက်ပျိုးလိုသည့် နှင်းဆီရောင် ကို ကိုင်းဖြတ်ပါ။
ကိုင်းသည် စိုက်ပျိုးရန် ရင့်သည့် ကိုင်း ဖြစ်ရန်လိုသည် ။ ၉ လက်မ အရှည်ခန့် ဖြတ် လျင် လုံလောက်သည်။
၎။ အာလူး အနည်းငယ်ကြီးတာ ကို ယူပါ ။ စိုက်မည့် နှင်းဆီ ကိုင်း ကို အရင်းပိုင်းချွန်ပြီး အာလူးထဲ ကို ၃ပုံ ၂ပုံ ခန့်ထိ ထိုးစိုက်ပါ ။
၅ ။ အာလူးထဲ စိုက်ပြီးသား နှင်းဆီကိုင်းတွေ ကို မြေကြီးထဲ မြုတ်ပြီး စိုက်လို့ရပါပြီ ။
အာလူးမှာပါတဲ့ ကြွယ်ဝလှတဲ့ ဓာတ်တွေနဲ့ ရေဓာတ်ဟာ နှင်းဆီပင် ကို အလွယ်တကူ ကြီးထွား ရှင်သန် စေမှာ ဖြစ်ပါတယ် ။
Admin .... Traveller


ပိဋကသုံးပုံလေ့လာချင်သူတွေအတွက် CSPitaka For Android



ပိဋကသုံးပုံ လေ့လာချင်သူတွေအတွက် CSPitaka Software လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ Software လေးကထွက်ထားတာကြာပြီဆိုပေမဲ့ လိုအပ်တဲ့သူတွေရှိနေကြတုန်းမို့ ပြန်တင်ပေးလိုက်တာပါ။ ဘုန်းဘုန်းတွေလဲ လိုအပ်မှု့ရှိလို့တောင်းဆိုဖူးပါတယ်။ ဒါကြောင့်လိုအပ်သူများအားလုံး ရယူလိုက်ပါ။ ဒီ Software လေးထဲကနေ ပိဋကသုံးပုံပါဠိတော် / အဘိဓာန် ကို ဘာသာစကားလေးမျိုးနဲ့ကြည့်ရှု့နိုင်ပါတယ်။ applicaton နဲ့ data တွဲပြီးအသုံးပြုရမှာပါ။ CSPitaka apk _____________ CSPitaka data ______________ အဆင်ပြေပါစေ။ Warmly Welcome

ဒီမှာ   နှိပ်ပြီး  ဒေါင်းလိုက်ပါ  data  ပါ သဖြင့်  install  လုပ်ရာ တွင်  သတိထားပါ

“အမျက်ဒေါသ၊ရန်ငြိုး ပယ်ဖျောက်ရန် အရှင်သာရိပုတ္တရာ ပေးတဲ့နည်း”

အမျက်ဒေါသ၊ရန်ငြိုး ပယ်ဖျောက်ရန်
အရှင်သာရိပုတ္တရာ ပေးတဲ့နည်း”
•••••••••••••••••••••••••••••••••••••••••••••••
လောကမှာ လူအမျိုးအစား (၅) မျိုး ရှိပါတယ်။
(၁)။တချို့လူမှာ ကိုယ်အကျင့် မစင်ကြယ်၊
နှုတ်အကျင့်တော့ စင်ကြယ်ကြတယ်။

(၂)။ တချို့လူမှာ နှုတ်အကျင့် မစင်ကြယ်။
ကိုယ်အကျင့်တော့ စင်ကြယ်ကြတယ်။

(၃)။ တချို့လူမှာ ကိုယ်အကျင့်ရော၊
နှုတ်အကျင့်ပါ မစင်ကြယ်၊တစ်ခါတစ်ရံတော့
စိတ်ကောင်းလေး ဝင်တယ်၊ ရှိတယ်။

(၄)။ တချို့လူမှာ ကိုယ်အကျင့်ရော၊ နှုတ်အကျင့်ပါ
မစင်ကြယ်။တစ်ခါတစ်ရံတောင် စိတ်ကောင်းလေး
မဝင်၊ မရှိ။

(၅)။ တချို့လူမှာ ကိုယ်အကျင့်ရော၊ နှုတ်အကျင့်ပါ
စင်ကြယ်တယ်။ မပြတ်မလတ် စိတ်ကောင်းရှိတယ်။

အဲဒီလူ ၅ မျိုးလုံးအပေါ်မှာ ရန်ငြိုးဖြစ်ပေါ်လာရင်
ဘယ်သူ့အပေါ်မှာပဲ ဖြစ်ပေါ်ဖြစ်ပေါ် ပယ်ဖျောက်ပေးဖို့
အရှင်သာရိပုတ္တရာက ရဟန်းတွေအား ဆုံးမတော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာက အဲဒီ လူ ၅ မျိုးအတွက်
ဥပမာ ၅ မျိုးကို ဟောတော်မူခဲ့ပါသေးတယ်။

❖၁ နံပါတ် လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုဖြစ်ပါတယ်။

ပံ့သကူဓုတင်ဆောင် (ပံ့သကူသင်္ကန်းဆောင်) ရဟန်းက
လမ်းအကြားမှာ အဝတ်အဟောင်းအနွမ်း အပိုင်းအစကို
တွေ့တယ်။လက်ဝဲခြေထောက်နဲ့ နင်းပြီး၊
လက်ယာခြေထောက်နဲ့ ဖြန့်တယ်။
အဲဒီအဝတ်အပိုင်းအစထဲက ခိုင်မြဲတဲ့ နေရာကို
ဆုတ်ယူကာ ဖဲသွားတယ်။

❖နံပါတ် ၂ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုဖြစ်ပါတယ်။

ရေကန်တစ်ကန် ရှိတယ်။
မှော်၊ အမှိုက်တွေက ရေပေါ်မှာ ဖုံးလွှမ်းနေတယ်။
နွေနေပူ နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်
မွတ်သိပ်လာတဲ့ လူတစ်ယောက် လာတယ်။
အဲဒီလူက အဲဒီရေကန်ထဲ သက်ဆင်းပြီး လက်နှစ်ဖက်နဲ့
ဟိုဟိုဒီဒီ မှော်၊ အမှိုက်တွေကို ဖယ်ရှားကာ လက်အုပ်နဲ့
ခတ်သောက်ပြီး ဖဲသွားတယ်။

❖နံပါတ် ၃ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့ ပေးထားတဲ့
ဥပမာလေးက ဒီလိုပါ။နွားခြေရာခွက်ထဲမှာ ရေအနည်းငယ်
ရှိတယ်။ နွေနေပူ နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်
မွတ်သိပ်လာတဲ့ လူတစ်ယောက်လာတယ်။
“နွားခြေရာခွက်ထဲက ဒီရေကား နည်းနယ်၊
ငါဟာ လက်ခုပ်နဲ့ဖြစ်ဖြစ်၊
ခွက်နဲ့ ဖြစ်ဖြစ် သောက်လိုက်ရင်၊
အဲဒီရေကို တုန်လှုပ်အောင်လည်း
လုပ်ရာရောက်မယ်။မွှေနှောက်ရာလည်း ရောက်မယ်။
သောက်မဖြစ်အောင်လည်း လုပ်ရာရောက်မယ်။
ငါဟာ လေးဖက်ထောက်ပြီး နွားသောက်သလို
သောက်ကာ ဖဲသွားရရင် ကောင်းလေစွ”
လို့ အဲဒီလူမှာ အကြံဖြစ်ပေါ်လာတယ်။
အဲဒီလူက လေးဖက်ထောက်ပြီး နွားသောက်သလို
သောက်ကာ ဖဲသွားတယ်။

❖နံပါတ် ၄ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုပါ။

ခရီးရှည်သွားနေတဲ့ လူတစ်ယောက်မှာ
ပြင်းထန်တဲ့ ရောဂါဖြစ်လာတယ်။
ကိုယ်စိတ်ဆင်းရဲရတယ်။
အပြင်းအထန် မကျန်းမမာဖြစ်တယ်။
သူ့ရှေ့မှာလည်း အဝေးကြီးမှာမှ ရွာရှိတယ်။
နောက်မှာလည်း အဝေးကြီးမှာမှ ရွာက ရှိတာယ်။
သူဟာ သင့်လျော်တဲ့အစာတွေ၊ ဆေးတွေနဲ့
အလုပ်အကျွေးကို မရ။ ရွာအနီးရောက်အောင်
ပို့ပေးမယ့်သူကို မရ။ အခြားခရီးသွားတစ်ယောက်က
အဲဒီလူနာခရီးသွားကို မြင်တယ်။ အဲဒီလူနာခရီးသွားအပေါ်
သနားကြင်နာကရုဏာကိုပဲ ထားနိုင်ပါတယ်။
“ဪ... ဒီလူနာခရီးသွားမှာ သင့်လျော်တဲ့
အစာတွေ၊ ဆေးတွေ၊ အလုပ်အကျွေးနဲ့ ရွာနား
ရောက်အောင် ပို့မယ့်သူကိုရရင် ကောင်းလေစွ။
အကြောင်းကတော့ ဒီခရီးသွားလူနာဟာ ဒီနေရာမှာပဲ
မပျက်စီးစေလိုလို့ ပါပဲ”။ အဲဒီလို သနားကြင်နာ
ကရုဏာကိုပဲ ထားနိုင်ပါတယ်။(ဘာမျှ မတတ်နိုင်ပါ။)

❖နံပါတ် ၅ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုပါ။

ရေကန်တစ်ကန် ရှိတယ်။ ရေကြည်လင်တာယ်။ချိုမြတယ်။
အေးမြတယ်။လှိုင်းထရာနေရာတွေမှာ ရေဖြူတယ်။
ညီမျှတဲ့ ဆိပ်ကမ်းရှိတယ်။ပျော်မွေ့ဖွယ်ကောင်းတယ်။
သစ်ပင်အမျိုးမျိုးတွေနဲ့ ဖုံးလွှမ်းထားတယ်။ နွေနေပူ
နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်မွတ်သိပ်လာတဲ့
လူတစ်ယောက် လာတာယ်။ အဲဒီလူက အဲဒီရေကန်ထဲ
သက်ဆင်းပြီး ရေလည်းချိုးတယ်။
သောက်လည်း သောက်တယ်။
ရေထဲက တက်လာပြီး အဲဒီသစ်ပင်ရိပ်အောက်မှာပဲ
ထိုင်လည်းထိုင်တယ်။လဲလျောင်းလည်း လဲလျောင်းတယ်။

✤နံပါတ် ၁ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်ကို နှလုံးမသွင်းရ။
စင်ကြယ်တဲ့ နှုတ်အကျင့်ကို နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၂ လူရဲ့
မစင်ကြယ်တဲ့ နှုတ်အကျင့်ကို နှလုံးမသွင်းရ။
စင်ကြယ်တဲ့ ကိုယ်အကျင့်ကို နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၃ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်၊
နှုတ်အကျင့်ကို နှလုံးမသွင်းရ။တစ်ခါတစ်ရံ ဖြစ်ပေါ်လာတဲ့
စိတ်ကောင်းလေးကိုပဲ နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၄ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊
တစ်ခါတစ်ရံတောင် စိတ်ကောင်းမဝင်မှုတွေကို
နှလုံးမသွင်းရ။အဲဒီလူအပေါ်
သနားကြင်နာ ကရုဏာကိုပဲ ထားရပါတယ်။

“ဪ ဒီလူဟာ မကောင်းတဲ့ ကိုယ်ကျင့်၊ နှုတ်ကျင့်၊
စိတ်ကျင့်တွေကို ပယ်ရှားပြီး ကောင်းတဲ့ ကိုယ်ကျင့်၊
နှုတ်ကျင့်၊ စိတ်ကျင့်တွေကို ပွားများရင် ကောင်းလေစွ။
အကြောင်းကတော့ ဒီလူ သေပြီး၊ငရဲမရောက်စေလို လို့ပါပဲ။”
သနားကြင်နာ ကရုဏာကိုပဲ ထားရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၅ လူရဲ့
စင်ကြယ်တဲ့ ကိုယ်အကျင့်၊နှုတ်အကျင့်နဲ့
စိတ်ကောင်းတွေကို နှလုံးသွင်းရပါတယ်။
အဲဒီ နည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။
အဖက်ဖက်က စိတ်ကြည်လင်မှုပေးနိုင်တဲ့ အဲဒီလူကို
အကြောင်းပြုပြီး စိတ်ဟာ ကြည်လင်ရပါတယ်။
-【အံ၊ ပါဠိ၊ တ၊ ၁၆၄】

လူတစ်ယောက်မှာ အကောင်းချည်းရှိဖို့ ခဲယဉ်းသလို
အဆိုးချည်းရှိဖို့လည်း ခဲယဉ်းပါတယ်။ လူတစ်ယောက်မှာ
အကောင်းနဲ့ အဆိုးဟာ တွဲနေတတ်ပါတယ်။
ကောင်းကွက် ကိုပဲ ကွက်ပြီးကြည့်တတ်၊ နှလုံးသွင်းတတ်ရင်
ကိုယ့်မှာ ဒေါသမီး ပူလောင်မှုဒဏ်ကို မခံရပါ။
ဆိုးကွက်ကိုပဲ ကွက်ပြီး ကြည့်နေ၊
နှလုံးသွင်းနေရင်တော့ ကိုယ့်မှာ
စိတ်ပူလောင် ပင်ပန်းရပါတော့တယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】


ဂရန်ဆိုသည်မှာ



ဂရန်ဆိုသည်မှာ ၁

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေံ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မ၇ှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ၇ှိသေး...
ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ...

“ဂရန်ဆိုသည်မှာ”

အပိုင်း - ၁ ဂရန်
်၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။

ဂရန်လျှောက်ထားခြင်း၂။

အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရ ပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။

ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇ၀င် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည်မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇ၀င် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိက တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။

ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ၃။

အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမဲ့ ဂရန်လျှောက်မဲ့မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇ၀င် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇ၀င်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဌာနအနေနဲ့ ထောက်ပြရမဲ့ တာဝန် ရှိပါတယ်။ ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာ မဆန်းပါ။

အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား၎။

လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ တွေ မြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပ ဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။

မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွါးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။

မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ၅။

ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အ၀န်းအ၀ိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။
အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှအသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်းအဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါ ဘူး။ ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိ သောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။

( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကိုအစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊

ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။

(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်

(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်န၀ါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်န၀ါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။

ဇော်မင်း(နတ်မောက်)

Thursday, October 29, 2015

✿ အဘိဓမ္မာဆိုတာ ✿



✿ အဘိဓမ္မာဆိုတာ ✿
═════════════
အဘိဓမ္မာဆိုတာကတော့ ထူးကဲတဲ့တရားလို့ ဆိုရတယ်။ အဘိဓမ္မာမှာ အဘိရယ် ဓမ္မရယ် ၂ ပုဒ်တွဲထားတယ်။
အဘိ-ဆိုတာ လွန်ကဲတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ (သို့မဟုတ်) ထူးမြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ ဓမ္မဆိုတာက တရား၊ အဲဒီတော့ လွန်ကဲထူးမြတ်တဲ့တရားဆိုတာက ဘာကိုဆိုလိုတာလဲ?။
အဘိဓမ္မာက သုတ္တန်ထက်ပိုပြီး မြင့်မြတ်တယ်၊ အဘိဓမ္မာမှာ ဟောထားတဲ့ တရားတွေက သုတ္တန်မှာ ဟောထားတဲ့ တရားတွေထက် သာတယ် ဒီလိုဆိုတာ မဟုတ်ဘူး။ အဲဒီတော့ (method of treatment) မှာ သူက ပိုပြီးတော့ ကျယ်ဝန်းများပြားတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာလို့ခေါ်တာ။
သုတ္တန်နဲ့ အဘိဓမ္မာ ဘာထူးလဲဆိုတော့ သုတ္တန်မှာကတော့ ခေတ်သုံး လောကသုံးလိုက်ပြီးတော့ မြတ်စွာဘုရားက ဟောတော်မူတယ်။ အဘိဓမ္မာကျတော့ ပရမတ်သဘောတရားလို့ခေါ်တဲ့ တကယ်အစစ်အမှန်ရှိတဲ့ သဘောတရားတွေကို ဆိုလိုတဲ့ စကားလုံးတွေကို သုံးပြီးတော့ ဟောတော်မူတယ်။ အဲဒီလို ကွာသွားတယ်။
အဘိဓမ္မာပိဋကတ်မှာ တကယ် အရှိတရားဖြစ်တဲ့ ရုပ်တို့နာမ်တို့ကို အကျယ်ဟောတော်မူတာ (သို့) ခန္ဓာငါးပါး၊ အာယတန ၁၂ ပါး၊ ဓာတ် ၁၈ ပါး ဒါတွေကို အကျယ်ဟောတော်မူတာ။
စိတ်ကို ဘယ်လောက် အသေးစိပ် ဟောထားသလဲ၊ အဘိဓမ္မာမှာ နေ့စဉ်သုံးစကားနဲ့ ပြောတဲ့အခါမှာ စိတ်လို့ပြောလိုက်တာပဲနော်။ တကယ့်တကယ် ပြောမယ်ဆိုရင် နေ့စဉ်ပြောစကားမှာသုံးတဲ့ စိတ်ဟာ အဘိဓမ္မာအလိုဆို စိတ်နဲ့စေတသိက် ၂ မျိုးကို ဆိုလိုတာ။
စိတ်နဲ့စေတသိက်က အမြဲတမ်း ပေါင်းပြီးတော့ ဖြစ်တာ၊ ဉာဏ်နဲ့သာ ဒါက စိတ်ပဲ။ ဒါက စေတသိက်ပဲလို့ ခွဲခြားသိနေရတာ။
တစ်ခါ အဲဒီ စိတ်ကလည်းပဲ အမျိုးမျိုးရှိတယ်။ စိတ်ပေါင်း ၈၉ မျိုး (သို့) ၁၂၁ မျိုး ရှိတယ်။ တစ်ခါ စေတသိက်ကလည်း ၅၂ မျိုး ရှိတယ်။ အဲဒီလို မြတ်စွာဘုရားက mind ပေါ့၊ အင်္ဂလိပ်လို mind ကို အလွန် အသေးစိပ် ဝေဖန်ပြီးတော့ ဟောတော် မူတယ်။
အဘိဓမ္မာတတ်ဖို့ လိုအပ်သလား
ကောင်းပြီ အဘိဓမ္မာတတ်ဖို့ တကယ်လိုသလား မလိုဘူးးလား၊ ဘယ်လို ဖြေကြမလဲ?
ကုသိုလ်, အကုသိုလ်မြတ်စွာဘုရား ဟောထားတာရှိတယ်၊ သဗ္ဗပါပဿ အကရဏံ အကုသိုလ်မလုပ်ကြနှင့်၊ ကုသိုလ်ကို မင်းတို့ ပြည့်စုံအောင်လုပ်ကြ၊ ကိုယ့်စိတ်ကို ဖြူစင်အောင်ထား၊ ဒါ မြတ်စွာဘုရားရဲ့ ဆုံးမ ဟောကြားချက် အကျဉ်းချုပ်ပဲ။
သဗ္ဗပါပဿ အကရဏံ ကုသလဿ ဥပသမ္ဗဒါ
သစိတ္တ ပရိယောဒနံ ဧတံ ဗုဒ္ဓါန သာသနံ။
ဒါ ဓမ္မပဒမှာ ရှိတယ်။
အဲဒီ ဘုရားဟောသြ၀ါဒကို မိမိက လိုက်နာချင်တယ်၊ အဲဒီတော့ အကုသိုလ်မှန်သမျှ မပြုနှင့်လို့ မြတ်စွာဘုရားက ဟောတော်မူတယ်။ အဲဒီတောာ့ အကုသိုလ်ဆိုတာဘာလဲ၊ ကုသိုလ်ဆိုတာ ဘာလဲ၊ တိတိကျကျ မပြောတတ်ဘူး။ အဲဒီလို မသိတော့ ဘုရားက အကုသိုလ်ကို ပယ်ရမယ် ပြောတယ်။ ကိုယ်က ကုသိုလ်မှန်း အကုသိုလ်မှန်း မသိရင် ဘယ့်နှယ်လိုက်နာလို့ ရမလဲ။
ကုသိုလ်ဆိုတာ ဘာလဲ၊ အပြစ်မရှိဘူး၊ ကောင်းသောအကျိုးကို ပေးတတ်တဲ့သဘော တရားတွေကို ကုသိုလ်လို့ ခေါ်တယ်၊ ကုသိုလ်ကို ပြည့်စုံအောင်လုပ်ကြ၊ စိတ်ကို ဖြူစင်အောင်ထားဆိုတော့ စိတ်အညစ်အကြေးတွေက ဘာတွေလဲ ဆိုတာသိဖို့ မလိုဘူးလား၊ အဲဒါကြောင့်မို့ စိတ်အညစ်အကြေးမသိပဲနှင့် စိတ်ကို ဘယ်လို ဖြူစင်အောင် ထားတတ်မလဲနော်။
မြတ်စွာဘုရားက ဟောထားတယ်၊ စိတ်အညစ်အကြေးက ဘာလဲ?
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ၀ိစိကိစ္ဆာ၊ ထိန၊ မိဒ္ဓ၊ ဒါတွေ ဟောထားတယ်။ အဲဒါကို ကိလေသာလို့ခေါ်တယ်။
အကုသိုလ်ဆိုတာ လောဘ ဒေါသ မောဟနှင့် တွဲဖြစ်တာ မှန်ရင် အကုသိုလ်ပဲ။
အဲဒီ လောဘ ဒေါသ မောဟရဲ့ ပြောင်းပြန်ဖြစ်တဲ့ အလောဘ-မလိုချင်တာ၊ အဒေါသ-မေတ္တာ စိတ်မဆိုးတာ၊ အမောဟ-မတွေဝေတာ၊ မတွေဝေတာဆိုတာ အမှန်အကန်အတိုင်း သိတာ၊ အဲဒါတွေနဲ့ တွဲဖြစ်ရင် ကုသိုလ်လို့ခေါ်တယ်။တွဲဖြစ်တယ်လို့ ပြောတာလေး သတိထားနော်။ အင်္ဂလိပ်လိုရေးတဲ့ အထဲမှာ သူတို့က (rooted in) လို့ ရေးတတ်တယ်။ အမှန်က (accompanied by) အဲဒါမျိုးလာရမယ်။
ဘာကြောင့်တုန်းဆိုတော့ လောဘကြောင့် ကုသိုလ်ဖြစ်နိုင်တယ်၊ အခုဆိုလိုတာက လောဘနဲ့တွဲဖြစ်တာကို ပြောချင်တာ။
ဆိုပါတော့ နောက်ဘ၀ နတ်ပြည် ဖြစ်ချင်တယ်။ နတ်ပြည်ကို တွယ်တာတဲ့စိတ် မရှိဘူးလား၊ နတ်ပြည်ရောက်ချင်တော့ ဘာလုပ်လဲ? ကုသိုလ်လုပ်တာပေါ့။
အဲဒီ ကုသိုလ်ဟာ ခုန လောဘကနေပြီးတော့ ကျေးဇူးပြုပေးတာ၊ (rooted in) လောဘလို့ပြောရင် ဟိုကလည်း အကုသိုလ်ဖြစ်ရလိမ့်မယ်၊ နတ်ပြည်ရောက်ချင်လို့ လုပ်တဲ့ ကုသိုလ်မဟုတ်ဘူးး၊ ကုသိုလ်ဟာ ကုသိုလ်ပဲ။ ဒါကြောင့်မို့ အဘိဓမ္မာထဲမှာ (rooted in) လောဘလို့ ရေးလျှင် မကိုက်ဘူး။ အတူတူဖြစ်တာကို ဆိုလိုတာ၊ တစ်ပြိုင်နက် တွဲဖြစ်သလား၊ မဖြစ်ဘူးလား၊ အဲဒါကိုကြည့်။
တစ်ပြိုင်နက် တွဲဖြစ်တာ လောဘပါရင် အကုသိုလ်ဖြစ်တယ်၊ အလောဘ မလိုချင်တဲ့သဘောတရားပါရင် ကုသိုလ်ဖြစ်တာ။
ဓမ္မပဒမှာ ပထမဆုံးဂါထာရှိတယ်။ မနောပုဗ္ဗင်္ဂမာဓမ္မာ၊ သာမညအားဖြင့် ဘာသာပြန်မယ်ဆိုရင် ဓမ္မတို့သည် စိတ်လျင်ရှေ့သွားရှိကြသည်။
ဆိုလိုတာကတော့ စိတ်ဟာ ဓမ္မတွေရဲ့ ရှေ့သွားရှိတယ်။ ဒီဂါထာမှာ ဆိုလိုတာက ဓမ္မဆိုတာဟာ ဘာကို ဆိုလိုတာလည်းဆိုရင် တစ်ခြားနာမ်တရားတွေကို ဆိုလိုတာ။
စိတ်ရယ် စေတသိက်ရယ် ရှိတဲ့အခါမှာ စေတသိက်တွေကို နာမ်တရား၊ စိတ်ကိုလည်း နာမ်တရား၊ အဲဒီ စေတသိက်တရားတွေကို ဆိုလိုတာ၊ အဲဒီ စေတသိက်တရားတွေဟာ စိတ်တည်းဟူသော ခေါင်းဆောင်ရှိကြတယ်၊စိတ်တည်းဟူသော ရှေ့သွားရှိကြတယ်၊ စိတ်ဟာ နာမ်ခန္ဓာသုံးပါးရဲ့ ရှေ့သွား ဖြစ်တယ်၊ ခေါင်းဆောင်ဖြစ်တယ်လို့ ဒီလို ဆိုလိုတယ်။
ရှေ့သွားဖြစ်တယ်ဆိုတော့ သာမညအားဖြင့် ပြောမယ်ဆိုရင် စိတ်က ရှေ့ကသွား၊ စေတသိက်တွေက နောက်ကလိုက်မှာလား၊ အမှန်ကတော့ တစ်ပြိုင်နက်သောခဏမှာဖြစ်တာ။ စိတ်ကဖြစ်ပြီး စေတသိက်က နောက်မှ ဖြစ်တာ မဟုတ်ဘူး။ တစ်ပြိုင်နက်သော ခဏမှာ အတူတကွဖြစ်ကြတာ၊ ဖြစ်ပေမယ့်လို့ စိတ်ကနည်းနည်းခေါင်းဆောင်လိုဖြစ်တော့ သူ့ကို ရှေ့သွားလို့ ခေါ်ရတာ၊ တကယ်ကတော့ တစ်ပြိုင်နက်သောခဏမှာ ဖြစ်ကြတာ။
အဲဒီလို လေးနက်တာလေးတွေ နားလည်ဖို့ကျတော့ အဘိဓမ္မာပါမှ နားလည်တာ၊ အဘိဓမ္မာမပါရင် သာမန်အပေါ်ယံပဲ နားလည်သလိုလို မလည်သလိုလိုပါပဲ။ လုံးဝနားမလည်တာလည်း မဟုတ်ဘူး။ တကယ် တိတိကျကျလည်း နားမလည်ဘူး။ အဲဒီလို ဖြစ်တတ်တယ်။
ဒါကြောင့်မို့ အဘိဓမ္မာဟာ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ သုတ္တန်တရားတော်တွေပဲ နားလည်ဖို့အရေးမှာ မရှိရင် မဖြစ်ဘူး (ဆိုပါတော့)၊ အဲဒါတော့ သေသေချာချာသာ မှတ်ထား။ ဒါတွေ အဘိဓမ္မာ (Refenence) လုပ်မှသာ ဒါကို နားလည်မယ်၊ သို့မဟုတ်ရင် နားမလည်ဘူးး။
ဒါကြောင့် အဘိဓမ္မာဟာ ဗုဒ္ဓ၀ါဒကို နားလည်ဖို့အရေးမှာ မရှိရင်မဖြစ်တဲ့ ပညာတစ်ရပ်ပဲလို့ ဒီလိုသာ မှတ်ထားလိုက်။
အဘိဓမ္မာလို့ ပြောလိုက်တဲ့ခါကျတော့ အဘိဓမ္မာ ၇ ကျမ်း ရှိတယ်။ နာမည်တွေလျှောက်ပြောရင်တော့ ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဆိုပြီးတော့ အဘိဓမ္မာ ၇ ကျမ်း ရှိတယ်။ အဲဒီ အဘိဓမ္မာ ၇ ကျမ်းကို မြတ်စွာဘုရား နတ်ပြည်မှာ ဟောတာနော်။
မြတ်စွာဘုရား (၇) ၀ါမြောက်မှာ တာဝတိံသာ ကြွပြီးတော့ မယ်တော် မိနတ်သား အမှုးပြုတဲ့ နတ်တွေကို အဘိဓမ္မာတရားကို ၀ါတွင်းသုံးလပတ်လုံး ဟောတော်မူတယ်။
အခု (A Manual of Abhidhamma) ရဲ့ မူရင်းက ဘာလဲဆိုရင် အဘိဓမ္မတ္ထ သင်္ဂဟခေါ်တဲ့ သင်္ဂြိုဟ်ကျမ်း လို့လည်းခေါ်တယ်။ အဲဒါက ပါဠိလို အလွတ်ကျက်ရတာ၊ အဲဒီဟာကို အင်္ဂလိပ်လို ဘာသာပြန်ထားတာ သုံးခုရှိတယ်။
ပြီးတော့ ည၀ါဆိုတာ ရှိသေးတယ်။ အဲဒါဟာ မြန်မာပြည်မှာ ယနေ့အထိ အသက်ရှင်နေတုန်းပဲ။
ပြီးတော့ အထူးသဖြင့် ဒီနိုင်ငံမှာက တရားထိုင်တာ (အလေ့အထများတော့) တရားထိုင်တဲ့လူဟာ ဘာစာအုပ်ဖတ်ရမလဲ၊ ၀ိသုဒ္ဓိမဂ် ဖတ်ရမယ်။
အဘိဓမ္မာဆိုတာ စာအုပ်ထဲသွားရှာရတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာရှိတာ မသိကြလို့သာ။ တရားထိုင်တာနဲ့ အဘိဓမ္မာနဲ့ တွဲသွားတာ။ တရားထိုင်ထားရင် အဘိဓမ္မာပိုသဘောပေါက်တယ်၊ အဘိဓမ္မာ နားလည်ထားရင် တရားထိုင်တော့လည်း ပိုကောင်းတယ်။ အဲဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။
အရှင်သီလာနန္ဒာဘိဝံသ (ပါမောက္ခချုပ်ဆရာတော်)
http://thitkhat23.blogspot.com/ မှ ကူးယူဖော်ပြပါသည်

Monday, October 26, 2015

2016 တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်း


သီတင်းကျွတ်လပြည့်နေ့တွင် အမ်ပီတီမက်ဆေ့ခ်ျ အခမဲ့ပို့နိုင်မည်”

“သီတင်းကျွတ်လပြည့်နေ့တွင် အမ်ပီတီမက်ဆေ့ခ်ျ အခမဲ့ပို့နိုင်မည်”
သီတင်းကျွန်လပြည့်နေ့(အောက်တိုဘာ ၂၈)တွင် တစ်နေ့တာလုံး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ ဖုန်းလိုင်းအားလုံးဖြင့် မက်ဆေ့ခ်ျ(SMS)အခမဲ့ပေးပို့နိုင်မည်ဟု သတင်းထုတ်ပြန်သည်။
ယင်းအစီအစဉ်မှာ အမ်ပီတီ ဖုန်းအချင်းချင်း အတွက်ဖြစ်ပြီး ဖုန်းနံပတ်တစ်ခုလျှင် အများဆုံးစာတို ၂၈ စောင်အထိပေးပို့နိုင်မည်ဖြစ်သည်။ သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် မက်ဆေ့ခ်ျအခမဲ့အစီအစဉ်မှာ အောက်တိုဘာ ၂၈ ရက် နံနက် ၀၀း၀၀ နာရီမှ စတင်ကာ၂၄နာရီအထိသက်တမ်းရှိမည်ဟု MPTက ကြေညာထားသည်။

Saturday, October 24, 2015

မော်လူးဒေသ ရွှေလေးတန် အာယုပါလ ကျန်းမာရေးကူညီစောင့်ရှောက်မှု အသင်းအလှူရှင်များအား ဂုဏ်ပြု

မော်လူးဒေသ ရွှေလေးတန် အာယုပါလ ကျန်းမာရေးကူညီစောင့်ရှောက်မှု
အသင်းအလှူရှင်များအား ဂုဏ်ပြုလွှာပေးအပ်ပွဲကို ၂၃ .၁၀. ၂၀၁၅ ရက်နေ့နံနက် ၁၁နာရီအချိန် ပဲခူးဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ရာသက်ပန် အလှူရှင် နှင့် အလှူရှင် ၄၀၀ကျော် မှစုစုပေါင်းအလှူငွေ ၂၉၇သိန်း၈သောင်း နှစ်ရာ့ငါးဆယ် ကျပ် လက်ခံရရှိပါကြောင်း ရပ်ဝေးရပ်နီး မှ ဓမ္မမိတ်ဆွေ အပေါင်းတို့ ၀မ်းမြောက်နုမော်သာဓုခေါ်ကြပါစေ
fbမှ





Thursday, October 15, 2015

မော်လူးသားတွေ မဲ ထည့်ရမည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း တို့ရဲ့ ကိုယ်ရေးအကျဉ်းချူပ်


တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်လောင်းစာရင်းမှာတော့  မော်လူးသားတွေ  ပါပြီဗျို့

အင်းတော်မြို့နယ်မှာ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က  ၂   နေရာ
ရှိတယ်  ဒါကြောင်မို့  နယ်မြေ ၁   နယ်မြေ  ၂  ဆိုပြီး
နှစ်ပိုင်းခွဲထားတယ်

နယ်မြေ  ၁   ကတော့
အင်းတော်အပါအ၀င်  ကျေးရွာအုပ်စု  ၂၆  အုပ်စု
ပါဝင်တဲ့   အလွယ်ဆုံးပြောရင်  အင်းတော်ခြမ်းပေါ့ဗျာ

မဲဆန္ဒနယ် (1)
အောင်မင်္ဂလာရပ်ကွက်(အင်းတော်မြို့)
အောင်ချမ်းသာ ရပ်ကွက်(အင်းတော်မြို့)
အောင်ဇေယျရပ်ကွက်(အင်းတော်မြို့)
အောင်မေတ္တာရပ်ကွက်(အင်းတော်မြို့)
နန့်ခင့် ကျေးရွာအုပ်စု
နတ်မဟုတ်ကျေးရွာအုပ်စု
ဆည်ရွာကျေး ရွာအုပ်စု
လယ်ပြင်ကျေးရွာအုပ်စု
သက္ကယ်ကျင်း ကျေးရွာအုပ်စု
ကျန်တောကျေးရွာအုပ်စု
တံခွန်တိုင်ကျေး ရွာအုပ်စု
မြောက်ကုန်းကျေးရွာအုပ်စု
ဆိပ်သာကျေး ရွာအုပ်စု
မဲဇာကျေးရွာအုပ်စု
အုပ်ရှစ်ကုန်းကျေးရွာ အုပ်စု
ခရမ်းစပ်ကုန်းကျေးရွာအုပ်စု
နတ်ရေတွင်း ကျေးရွာအုပ်စု
လယ်နောင်ကျေးရွာအုပ်စု
မကျီးပင် ကျေးရွာအုပ်စု
အလယ်ဆိပ်ကျေးရွာအုပ်စု
ဂျုံးဂျုံးကျ ကျေးရွာအုပ်စု
ညောင်ကုန်းကျေးရွာအုပ်စု
ကျောင်းကုန်း ကျေးရွာအုပ်စု
လက်ပန်တန်းကျေးရွာအုပ်စု
သောင်မြင်း ကျေးရွာအုပ်စု
မအူကုန်းကျေးရွာအုပ်စု
*********-*---********

နယ်မြေ ၂ ကတော့
လွယ်လွယ် ပြောရရင် မော်လူး ခြမ်းပေါ့ဗျာ

မဲဆန္ဒနယ် (2)
နဘားကျေးရွာအုပ်စု
မော်တိတ်ကျေးရွာအုပ်စု
နန့်သာ ကျေးရွာအုပ်စု
တာပေါကျေးရွာအုပ်စု
သုက္ခါကျေးရွာ အုပ်စု
မံထုံကျေးရွာအုပ်စု
အလယ်ကျွန်းကျေးရွာအုပ်စု
မော်လူးကျေးရွာအုပ်စု
စီးမော်ကျေးရွာအုပ်စု
ပုန်းဟုန်ကျေးရွာအုပ်စု
ဟောင်းတုန်းကျေးရွာအုပ်စု
နမီးကျေးရွာအုပ်စု
ကုန်းခါးကျေးရွာအုပ်စု
ဂွေ့ကြီး ကျေးရွာအုပ်စု
သူရောင်းကျေးရွာအုပ်စု
မံဟဲကျေးရွာ အုပ်စု
ပင်ဝယ်ကျေးရွာအုပ်စု

နယ်မြေ ၂ ဘဲ မော်လူးဒေသ နဲ့
သက်ဆိုင်တယ်
ဒါကြောင့် မဲဆန္ဒနယ် ၂ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်လောင်းတွေကတော့
အောက်မှာသာ ကြည့်ပေတော့ဗျာ
ကိုယ်ရပ်ရွာ ဒေသ တိုးတက်ဖို့ ကတော့
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပိုအရေကြီးပါတယ်
-------------=====------------------
မော်လူး ရပ်ကွက်  ၇  က  ဦးမိုးဆွေ ပါ
  မော်လူးဒေသ  ပုညဂါရဝ  အဖွဲ့  မှ
ပရဟိတ လုပ်ငန်းတွေ  လက်ရှိချိန်ထိ လုပ်ဆောင်နေသူပေါ့
---------------==--------------=------------


ဦးတင်မြင့်    ပါ  မော်လူး  ရပ်ကွက်  ၄  မှာနေပါတယ်
၂၀၁၀  ရွေးကောက်ပွဲ အနိုင်ရခဲ့သော
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပါ
မော်လူး  ဒေသအတွက် လမ်းသစ်များ  ကတ္တရား  လမ်း  တွေ နှင့်  အခြားဖွံ့ဖြိုးရေး
လုပ်ငန်းတွေလည်း  ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်

---------------------------



မော်လူး  နားက  မဟုတ်တော့
မသိသေးပါ  သိလျှင်  ပြန်လည် ဖြည့်စွက် ပေးပါမည်။

==============




ဦးတင်လှ  ပါ
မော်လူး  ရပ်ကွက်  ၃  မှာ  နေပါတယ်  ယခင်က
လေတန်ရိုး  ဂွေ့  ကြီးရွာ  မှာ  နေခဲ့ပါတယ်
မော်လူး ဒေသ  ဘောလုံး  အားကစားလောကမှာ
အစဉ်အမြဲ  ပါဝင် ဆောင်ရွက်နေတဲ့  သူတစ်ယောက်ပါ

======================= 


မော်လူးဒေသ မဟုတ်သည့်အတွက်
အကြောင်း  မသိသေးပါ
သိသောအခါ  ပြန်လည်ဖြည့်စွက်
ပေးပါမည်
***************

လွှတ်တော်ကိုယ်စာလှယ်လောင်းများ၏
မိမိပါတီ  အနိုင်ရရှိပါက  မဲဆန္ဒနယ်မြေ  မှ  ပြည်သူလူထု
အပေါ်  မည်ကဲ့သို့   လုပ်ဆောင်ပေးမည့် အစီအစဉ်များကို
မော်လူးဒေသသားများသိရှိစေလိုပါက
mawluuvillagers@gmail.com
သို့   မေးလ်ပို့  ပေးခဲ့လျှင်
mawlu news  သတင်း ဘလော့ တွင်
တင်ပြပေးပါမည်

ဖတ်ရှုသူများကို  အထူးကျေးဇူးတင်ပါသည်
******************--

မော်လူးသားတွေ မဲ ထည့်ရမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်

ပြည်သူ့လွှတ်တော်  အဆင့်မှာလည်း
မော်လူးသားတွေ  ပါဘူးဗျာ   အင်းတော်မြို့သား  တွေဘဲ
မော်လူးသားတွေက  ရွာသားတွေဆိုတော့  အဆင့်မမီ  လို့ များလား?





မော်လူး ဒေသသားတွေ မဲထည့်ရမည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တို့ ကိုယ်ရေးအကျဉ်း

အမျိုးသားလွှတ်တော်  အဆင့်မှာ  မော်လူး  ဒေသ  သား
လွှတ်တော်ကိုယ်စားလှယ်လောင်း  တစ်ယောင်မှ  မပါဘူးဗျာ





မော်လူးဒေသ ပုညဂါရဝ လူမှု ကူညီရေးအသင်း ၏ ၁၁ ကြိမ်မြောက် ဆွမ်းကပ်အလှူ

မော်လူးဒေသ ပုညဂါရဝ လူမှု ကူညီရေးအသင်း
၏ ၁၁ ကြိမ်မြောက် ဆွမ်းကပ်အလှူ တွင်
ရွှေစင် တိပိဋက ဆရာတော် မှ တရားအနုမောဒနာ တရား ဟောကြား




မော်လူး အရှေ့ကျောင်းတိုက်က ဂြိုလ်ပြေ နံပြေ စေတီ သို့ သီတင်းကျွတ်အခါ ဆီမီးပူဇော်ရင်း လည်ပတ် ဖူးမျှော်နိုင်ပြီ


ဒီစာလေးကို မော်လူးသတင်းထဲကို တင်ပေးပါဦးဗျို့ ဆိုလို့

Aye Nyein
မဲပေးမည့်သူများသို့ -
==============
လူတစ်ဦးလျှင် ဆန္ဒမဲပေးကဒ်ပြား (၃) ခု။ တိုင်းရင်းသားဖြစ်လျှင် (၄) ခု ရရပါမည်။
မဲလက်မှတ်တိုင်း၏ နောက်ကျောဘက်တွင် ကော်မရှင်တံဆိပ်တုံး ထုထားရပါမည်။ မပါလျှင် ပြန်လဲပါ။ တံဆိပ်တုံးမပါလျှင် ပယ်မဲဖြစ်သွားပါလိမ့်မည်။
မဲပြားပေါ်တွင် မဲရုံမှူးလက်မှတ်ထိုးခိုင်းပါ။ လက်မှတ်မပါလျှင် ပယ်မဲဖြစ်သွားပါလိမ့်မည်။
မဲစာအိတ် တစ်ခုချင်းစီဖွင့်ပါ။ မဲပြားပေါ်တွင် အမှန်ခြစ်ပါ။ မဲပြားကို သုံးခေါက်ခေါက်ပါ။ နှစ်ခေါက်ဆိုလျှင် အစွန်းပိုထွက်နေသဖြင့် စာအိတ်မှကော်နှင့် ကပ်တတ်သောကြောင့် စာအိတ်ကိုဖွင့်လိုက်သည့်အခါ စုတ်ပြဲသွားပြီး ပယ်မဲဖြစ်သွားနိုင်ပါသည်။
စာအိတ်ကို ပြန်ပိတ်ပြီး -
ပြည်သူ့လွှတ်တော် မဲပြားကို အစိမ်းရောင်ပုံး
အမျိုးသားလွှတ်တော် မဲပြားကို အပြာရောင်ပုံး
တိုင်း/ပြည်နယ်ဒေသကြီးလွှတ်တော် မဲပြားကို ခရမ်းရောင်ပုံး
- များမှာထည့်ပါ။
မမှားကြပါစေနှင့်ခင်ဗျား။ အသင်တို့ ဆန္ဒမဲများမှာ ကျွန်ုပ်တို့ဘ၀လွတ်မြောက်ရေးအတွက် အလွန်အင်မတန်မှ အရေးကြီးပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၅ အောက်တိုဘာ၊ ၂၀၁၅။ နေ့လည် ၁၂း၅၀ နာရီ

သင့်ရဲ့ မဲ တစ်ပြား ပယ်မဲ မဖြစ်ဖို့ လေ့လာထားကြပါစို့


o





Monday, October 12, 2015

သတင်းထူးဗျို့ မော်လူးကျေးရွာ မြို့ ဖြစ်ပြီတဲ့

မော်လူးသားတွေပျော်ကြဖို့
အနှစ်နှစ်အလလကလိုချင်သော
မြို့အဆင့်ရပါပြီ။ရွေးကောက်ပွဲကာ
လအပြီးဆောင်ရွက်ပေးမည်ဟုသတင်း
ကောင်းရရှိပါသည်။သူများတော့မသိ။
ကျွန်တော်ကတောါပျော်လိုက်တာ။ရုံးမြေနေရာတွေလိုလာပြီ။

fb  မှ  သိရ


အားလူး  မဟုတ်   ဘူးဗျို့

ဒီ fb  အကောင့်  သတင်းအရင်းအမြစ်က  သေချာပါ၏


ဖုန်း ဗိုင်းရပ်စ် ထိလို့ စက်လေးနေသူများအတွက် ဖြေရှငါးနည်းတဲ့

ဒီမှာ

ဒေါင်းလိုက်ပါ



Saturday, October 10, 2015

မော်လူးသားတွေ မအဘို့ ဒီသတင်းကို ဖတ်ထားစို့ "တမြို့နယ်လျှင် တရွာနှုန်း မြေငှားဂရန် ချထားပြီ မော်လူးသားတွေ ကံဆိုးပြန်ပြီ (or) မြို့နယ်က ပညာပြခြင်း"

အောက်ကသတင်းကိုသာ ဖတ်ကြည့်တော့ဗျာ====
မော်လူးရွာက  အထုပ်   ပစ်ချခံရတာပါ


ဧရာဝတီ  သတင်း
တမြို့နယ်လျှင် တရွာနှုန်း မြေငှားဂရန် ချထားပြီ
ဖိုးစမ်းချောင်း (GG)| October 10, 2015 | Hits:1,149
0 | |

ကျောက်ဆည်ခရိုင် အတွင်းရှိ ကျေးရွာတခုတွင် မြေငှားဂရန် ပေးအပ်နေစဉ် (ဓာတ်ပုံ – ဖိုးစမ်းချောင်း(GG))
သမ္မတ ဦးသိန်းစိန်၏ တနိုင်ငံလုံးရှိ ကျေးရွာများကို မြေငှားဂရန် လုပ်ဆောင်ပေးရမည် ဆိုသည့် လမ်းညွှန်ချက်အရ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် တမြို့နယ်လျှင် ရွာတရွာနှုန်း ရွေးချယ်ကာ ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာသည့် မြေငှားဂရန်များ ပေးအပ်လျက် ရှိကြောင်း သတင်း ရရှိသည်။

ကျေးရွာနေ ပြည်သူများ ပိုင်ဆိုင်မှု အထောက်အထား ရရှိနိုင်ရန်အတွက် မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာလ အတွင်း၌ မြေငှားဂရမ်များ ပေးအပ်လျက်ရှိသကဲ့သို့ အခြားတိုင်းနှင့် ပြည်နယ် အသီးသီးတွင်လည်း လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာနက ပြောသည်။

အိမ်ဝင်းအတွင်း ဆောက်လုပ်ထားသည့် အဆောက်အဦ ခိုင်မာမှုအပေါ် မူတည်၍ ၁၀ နှစ်ဂရန်နှင့် နှစ် ၃၀ ဂရန်ဟူ၍ မြေငှား ဂရန် အမျိုးအစား ၂ မျိုး ခွဲခြား သတ်မှတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှုး ဦးမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။

ဦးမြင့်နိုင်က“အခုပေးတဲ့ မြေငှားဂရန်က မူလရွာမြေကိုပဲ ပေးတာ ဖြစ်ပါတယ်။ လယ်မြေတွေအပေါ် တိုးချဲ့ထားတဲ့ ရွာမြေတွေကိုတော့ မပေးပါဘူး။ မြေငှား ဂရန်သက်တမ်းကုန်ဖို့ ၃ လလိုရင် သက်တမ်းတိုး ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

၁၀ နှစ် ဂရန်အား နှစ် ၃၀ ဂရန်အဖြစ် ပြောင်းလဲလိုပါက အဆောက်အဦ ခိုင်မာအောင် ဆောက်လုပ်ပြီး နောက်တကြိမ် သက်တမ်း တိုးချိန်တွင် ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ကျောက်ဆည် ခရိုင်အုပ်ချုပ်ရေးမှူးက ဖြည့်စွက် ပြောကြားသည်။

ကျေးရွာများအား မြေငှားဂရန် ပေးအပ်ရာတွင် တစ်ဧကလျှင် တသိန်းနှုန်း တန်ဖိုးသက်မှတ်ကာ တနှစ်လျှင် ခြောက်ရာခိုင်နှုန်း အခွန် ဆောင်ရမည် ဖြစ်သောကြောင့် အိမ်ဝင်းမှာ တစ်ဧကကျယ်လျှင် ၆၀၀၀ ကျပ်၊ ဧက တဝက် ကျယ်လျှင် ၃၀၀၀ ကျပ် စသည်ဖြင့် မြေအကျယ်အဝန်းကို လိုက်၍ အခွန်ဆောင်ရမည် ဖြစ်သည်ဟု သိရသည်။

အနိမ့်ဆုံး အိမ်ခြေ ၁၀၀ ရှိခြင်း၊ မြေပိုင်ဆိုင်မှု အရှုပ်အရှင်း ကင်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းခြင်း၊ ရွာ၏ တည်ဆောက်ပုံ နေရာ အနေအထား ကောင်းခြင်းစသည့် စံနှုန်းများအပေါ် မူတည်၍ တမြို့နယ်လျှင် တရွာနှုန်းစံပြကျေးရွာအဖြစ် ရွေးချယ်ကာ မြေငှား ဂရန်များ စတင်လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ကျန်ရှိသောရွာများအတွက် မြေငှားဂရန်များ ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွာတရွာအတွက် ဂရန်ပြုလုပ်ပေးရာတွင် အချိန် ၃ လ ခန့်ကြာမည်ဟု ခန့်မှန်းထားသော်လည်း သုံးလခွဲခန့် အထိ ကြာမြင့်လျက် ရှိကြောင်း၊ အခြားသော ကျေးရွာများတွင် ဆက်လက် လုပ်ဆောင်ပေးနိုင်ရန်အတွက် ဝန်ထမ်း အင်အားများစွာ သုံးစွဲရမည် ဖြစ်သော ကြောင့် မန္တလေးတိုင်းအတွင်း စံပြသက်မှတ်ထားသော ကျေးရွာများအားလုံးကို မြေငှားဂရန် ပေးနိုင်မည့် အချိန်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း ကြေးတိုင်နှင့် မြေစာရင်းဌာနမှ ဝန်ထမ်းတစ်ဦးက ဧရာဝတီသို့ ပြောသည်။

ယင်းဝန်ထမ်းက“အခြားကျေးရွာတွေကိုလည်း ဆက်လုပ်ပေးမှာပါ။ လုပ်ငန်းစဉ် များပြားတဲ့အတွက် အချိန်ကာလကတော့ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ မြေပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရင်တော့ မြန်ပါတယ်”ဟု ဆိုသည်။

လူနေထိုင်ခွင့်အတွက် မြေငှားဂရန်၊ စက်မှုလုပ်ငန်းသုံး မြေငှားဂရန်၊ သာသနာ့ လုပ်ငန်းသုံး မြေငှားဂရန် စသည်ဖြင့် မြေငှားဂရန် ၇ မျိုး ရှိသည့်အနက် ယခုပေးသည့် မြေငှားဂရန် အမျိုးအစားမှာ လူနေထိုင်ခွင့်ပေးသည့် မြေငှားဂရန် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ စဥ့်ကူး၊ တံတားဦး၊ အမရပူရနှင့် ပုသိမ်ကြီးစသည့် မြို့များမှ စံပြကျေးရွာများအား မြေငှားဂရန် ပေးအပ်သည့် အခမ်းအနားများကို အောက်တိုဘာလအတွင်း အဆိုပါ ကျေးရွာများ၌ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

Thursday, October 8, 2015

ရေနစ်တာတနာရီမကျော်သေးရင် ကယ်လို့ရတဲ့နည်း တဲ့

ရေနစ်တာတနာရီမကျော်သေးရင် 🏊
°°°°°°°°°°°°°°°°°°°°°°°°°°°°
အသက်မရှူတော့လည်း ကယ်နိုင်သေးပါတယ်ဆိုတဲ့ နည်းလမ်းလေးကိုပြောပြချင်ပါတယ်
( ရေနစ်သူကို ခြေထောက်ကနေကိုင်ပြီး ပြောင်းပြန်လှန်
ပြီးတော့ ကျောပေါ် ပိုးပြီး၁၀မိနစ်လောက်ပြေးလိုက်ပါ ရေနစ်သူပါးစပ်ကနေရေတွေအန်ချလိုက်ရင်
ပြန်နိုးလာမည်ဖြစ်ပါသည်)
တယောက်ပိုသိရင် တယောက်အသက်ကယ်နိုင်တဲ့%ပိုများမည်ဖြစ်၍ မျှဝေခံစားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..



Saturday, October 3, 2015

မော်လူးဒေသ ဂွေ့ကြီးရွာက ကျောင်းသူလေး ဖဲကြိုးဖြတ်ဖွင့်ခဲ့သော ကသာမြို့ကခန်းမ

မြို့နယ်အတွက်ဂုဏ်ယူစရာ
(၃.၁၀.၁၅)ရက်နေ့၊ကသာခရိုင်၊ကသာမြို့၊မြို့တော်ခန်းမဖွင့်ပွဲသို့ အင်းတော်မြို့နယ်မှသုံးထပ်ကွမ်းလူရည်ချွန် မဇင်မာစိုးကဦးဆောင်၍ဖဲကြိုး
ဖြတ်ဖွင့်လှစ်ပေးခဲ့ရပါသည်။
ထိုအမ်းအနားသို့အင်းတော်မြို့နယ်
မှလူရည်ချွန်(၃)ဦးတက်ရောက်ခဲံ့ရပြီး
ဂုဏ်ပြုဆုငွေ(၁)သိန်းကျပ်ချီးမြှင့်ခြင်း
ခံရပါသည်။
လိုက်ပါဆောင်ရွက်ကူညီပေးသော
သား(၁)၊သမီး(၂)လူရည်ချွန်မောင်မယ်
များကိုလည်းကျေးဇူးတင်ပါသည်။ယခုထက်ထူးချွန်ထက်မြက်အောင်ကြိုးစား
နိုင်ကြပါစေ။


အင်းတော်မှာ စည်ပင်သာယာကို ဆန္ဒပြ ကြပြီ

၃.၁၀.၂၀၁၅...ကျွန်တော့်အိမ်ရှေ့ဖြတ်သွားတဲ့..စည်ပင်နေ့စားသမားလစာတိုးပေးရေး...တို့အရေးအော်လို့..ထွက်ကြည့်မိတယ်။
မဌေး...နေ့စားသမားက...`ကျွန်မက...လုပ်သက်(၇)နှစ်ရှိပြီ...လစာက...၆၀၀၀၀...ပဲရတယ်။လစာတိုးပေးဖို့ပြောတာမရဘူး။ခု..ရန်ကုန်မှာ...တရက်...၃၆၀၀...ရတယ်။ဘယ်လိုရပ်တည်မလဲ...ကျွန်မတို့တွေ။´...ဟု..အင်းတော်မြို့နယ်စည်ပင်သာယာနေ့စားဝန်ထမ်း...လုပ်သက်(၇)နှစ်ရှိသူမဌေးကပြောကြားသွားပါတယ်။

fn  မှ  မလာ၏

Wednesday, September 30, 2015

မန္တလေး-မြစ်ကြီးနား အမြန်ကားလမ်းမကြီး အသစ်ဖေါက်တော့မည် တဲ့ မော်လူး ကို ဖြတ်ဘူးဆိုလား

မန္တလေးမှ မြစ်ကြီးနားသို့ အမြန်လမ်း ဆက်ဖောက်မည်၊ ရန်ကုန်မှ မြစ်ကြီးနားသို့ ၁၂ နာရီအတွင်း အရောက်သွားနိုင်မည်
(ရန်ကုန်-မန္တလေးအမြန်လမ်းကဲ့သို့ မန္တလေး-မြစ်ကြီးနားကို ဧရာ
ဝတီမြစ်နှင့်အပြိုင် အဝေးပြေးအမြန်လမ်းမကြီးဖောက်မည်)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကဲ့သို့ မန္တလေးမှ မြစ်ကြီးနားကို ဧရာဝတီမြစ်နှင့်အပြိုင် အဝေးပြေးအမြန်လမ်းမကြီးတစ်ခု ဖောက်လုပ်ရန်ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် မန္တလေး - မြစ်ကြီးနားလမ်းဟောင်းက ရှိနေပြီးသားဖြစ် ပြီးပုံမှန်အားဖြင့် ၂၄ နာရီထက်မနည်းမောင်းနှင်နေရသော အဆိုပါ ခရီးလမ်းပိုင်းကို အချိန် ထက်ဝက်ကျော်လျှော့ချနိုင်ရန် ၀န်ကြီးဌာန
က ပြင်ဆင်နေခြင်းလည်းဖြစ်ကြောင်းသိရသည်။ " Express Way အမြန်လမ်းသစ်တစ်ခုထပ်ဖောက်ဖို့ ပေါ့၊ဒါကလည်းလမ်းအူကြောင်း
ကို ဧရာဝတီမြစ်ကြီးနဲ့ အပြိုင်ဖောက်ဖို့ ပြင်ဆင်ထားတယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းကြီးလိုမျိုးပေါ့ " ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြည်မြန်မာသို့ ပြော သည်။
ယင်းအတွက် အစိုးရကဘက်ဂျက်လုံလောက်မှုမရှိသဖြင့် အာရှဖွံ့ ဖြိုးမှုဘဏ် ( ADB ) ကို တင်ပြအကူအညီတောင်းခံထား
ကြောင်း ၄င်းကဆိုသည်။
" အသစ်ဆိုရင်တော့ လမ်းအူကြောင်းက အရေးကြီးပါတယ်၊ လမ်းဟောင်းကို အဆင့်မြင့်တင်ရင်လည်း ဖြစ်
နိုင်တာပဲ ။ ဒါပေမယ့်နည်းနည်းတော့ ခရီးထောက်တယ် " ဟု လမ်း တံတားဆောက်လုပ်ရေးလုပ်ငန်းစု Asian Square Power မှ MD ဒေါ်မီမီခင်ကသုံးသပ်ပြောကြားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း
ကြီးနှင့်ပတ်သက်၍အများပြည်သူ၏ဝေဖန်မှုမျိုးစုံရှိခဲ့သဖြင့်ဆောက်
လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းကို သတိပြုကာ ဝေဖန်မှု နည်း
နိုင်သမျှနည်းအောင် နည်းပညာပိုင်း အထူးဂရုပြုရန်လိုကြောင်း ၄င်းက အကြံပြုပြောကြားသည်။
" ဖြစ်နိုင်ခြေကိုတော့ ကျွန်တော်
တို့ က လေ့လာပြီးပြီ ၊ ဒါတွေကရေရှည်မှာ မြန်မာနိုင်ငံရဲ့ လမ်းပန်း ဆက်သွယ်ရေးတွေ အကောင်းဘက်ရောက်လာစေဖို့ လုပ်တာပါ ၊ ရေရှည်မှာတော့ ကောင်းသွားမှာပါ " ဟု ဦးကျော်လင်းကဆိုသည်။
မန္တလေးမှ မြစ်ကြီးနားသို့ တစ်ဖြောင့်တည်းအားဖြင့် ၄၈၈ မိုင်ရှိထား
ပြီး ရန်ကုန်မှ မြစ်ကြီးနားသို့ တစ်ဖြောင့်တည်း ၉၂၀ မိုင် ရှိကြောင်း သိရကာ မြစ်ဆုံနှင့် ၂၅ မိုင်သာဝေးသော မြစ်ကြီးနားသို့ ရန်ကုန်မှ ၂၄ နာရီအတွင်းအရောက်သွားနိုင်စေတော့မည့် အဆိုပါ စီမံကိန်းမှာ မြန်မာနိုင်ငံ၏ အနာဂတ်ကုန်သွယ်ရေးအပါအ၀င်လမ်းတစ်လျှောက်
ဒေသဖွံ့ ဖြိုးရေးမှာ အဆပေါင်းများစွာ ကောင်းကျိုးရနိုင်မည်ဟု သိရသည်။ မြစ်ကြီးနားမှ နှစ်စဉ် ကျောက်မျက်ရတနာမျိုးစုံ ဒေါ်လာ နှစ်ဘီလျံကျော် ပြည်ပသို့ ထွက်ရှိနေပြီး သစ်အပါအ၀င် သဘာဝ သယံဇာတမျိုးစုံကို မြစ်ကြီးနားမှ တစ်ဆင့် တစ်နိုင်ငံလုံးကို ယင်းလမ်းသစ်ကြီးမှ ၂၄ နာရီအတွင်း မြန်ဆန်စွာစီးဆင်းလာနိုင်စေမည်
ဟုလည်းသိရသည်။
" အန်တီကတော့ ဒီလမ်းသစ်နဲ့ ပတ်သက်ရင် သဘောကျတယ်၊ လမ်းအပြင် လမ်းပိုင်းမှာပါတဲ့တံတားတွေကိုပါ
အရည်အသွေးပိုင်း အထူးသတိပြုဖို့ ထပ်ပြီးပြောချင်တယ် " ဟု
ဒေါ်မီမီခင်က သုံးသပ်ပြောကြားသည်။
အမြန်လမ်းဖောက်လုပ်ရေးအတွက် အစိုးရဘတ်ဂျက်ကို အဓိကထားမည် မဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများအား BOT ပေးအပ်၍ ဆောင်ရွက်သွားမည် ဖြစ်သည်။
Credit - Kyaw Myo Min