Tuesday, December 8, 2015

ကဲ ကျောင်းသွားဘို့ သုံးရက်ကြိုတန်းစီ လို့ လက်မှတ်မရင် တာဝန်ရှိသူ နာမည် မှတ်ြပီး အကူအညီတောင်းပေတော့


facebook မှာ ရင်ဖွင့်တဲ့ မော်လူးဒေသသားရဲ့ ကဗျာလေး ပါ

Ko Mg  fb  မှ



မူးရစ်တဝေဝေ မော်လူးမြေမှ
ရွှေလေးတန်သား သူငယ်ချင်းများရယ်
အလင်းရောင်မှာ ပုလင်းထောင်တာ မတွေ့ရတော့ပါလားကွာ
အမှောင်ထုမှာ လူစုပြီး တီးတိုးစကားပြော
အမှောင်တောမှာပဲ ပျော်နေတော့မှာလား
ဟိုအရင်ကဆို ဝိုင်ချိုချိုမှာအတူသောက်
စ,နှောက်ခြင်းတွေ ဗွေမယူတန်းပေါ့
ခုတော့ လမ်းမှာတွေ့ မေ့သလိုလို
ဘယ်လဲမေးတော့ ဟိုလိုလို
ဆိုင်းပုဒ်ကလေး ရေးလိုက်မယ်
မီးသတိ ပြုပါ ကိုကို ။ ။

အမျိုးသားနေ့

(အမျိုးသားနေ့)
၁၂၈၂ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊
၁၉၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ၊ (၅)ရက်၊
၁၃၇၇ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ (တနင်္ဂနွေ)
ယနေ့သည်ကား မြန်မာနိုင်ငံသားတို့၏ အမျိုးသားနေ့ ဖြစ်ပေသည်။ ဗြိတိသျှတို့၏နယ်ချဲ့စနစ်ထဲ ပညာရေးဖြင့်နယ်ချဲ့တာက အကောင်းဆုံးဟုယူဆ မြန်မာလူမျိုး မြန်မာစာ မြန်မာစကားတို့ကို နောက်ကောက်ချပြီး မြန်မာပြည်မှာ တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ ထိုတက္ကသိုလ်အောက်မှာ ကောလိပ်တစ်ခုသာ ရှိရမည်။ ကျောင်းအိပ်ကျောင်းစား နေနိုင်သူများသာ ကောလိပ် တက်ခွင့်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲဟူ၍ မထားတော့ပဲ ဟိုက်စကူးလ်ဖိုင်နယ်ကျောင်းမှ ဆယ်တန်းကို အင်္ဂလိပ်စာထူးချွန်စွာနှင့် အခြားဘာသာထူးချွန်စွာ အောင်မြင်ပါမှ တက္ကသိုလ်တက်ခွင့်ရမည် စသည်ဖြင့် ဥပဒေ(၆)ရပ် ပြဋ္ဌာန်းသတ်မှတ်ကြလေသည်။
လူမျိုးတစ်ခုလုံးကို ဝါးမည့်အကြံ ပညာရေးစနစ်ကိုပြောင်းမည့်မာန်ပြင်း ထိုအခြင်းအရာ အထာကို မကျေနပ်ခြင်းများစွာ အမျိုးကိုချစ်တတ်ကြပါကုန်သော ကျောင်းသားမဟာများ တူညီစွာတွဲလက်ထား၍ အဆိုပါဥပဒေများမတရားမှု မီးမောင်းပြုကာ ဆန္ဒသဘင် ဝံသာနုဆင်ယင် အကြီးကျယ်ဆုံးတော်လှန်သောနေ့အဖြစ် ထင်ထင်ဖြစ်ခဲ့လေသည်။ဗြိတိသျှလက်အောက်ကျရောက်တော့ လွတ်လပ်ဖို့အရေးတောက်လျှောက်ပြုမူ လက်နက်ကိုင်ကာဆန့်ကျင်တစ်မူ စည်းဝေးပွဲများကျင်းပထူ စသည်များစွာ နယ်ချဲ့ကိုဆန့်ကျင်ခဲ့ကြသော်ငြား တစ်နိုင်ငံလုံးအုံကြွကာ ဆန့်ကျင်ခဲ့သော နေ့မြတ်ကား ဤနေ့ပင် ဖြစ်ချေပြီ။ မြန်မာအမျိုးသားတစ်ခုလုံး လူညွှန့်တုံးစေမည့်ဥပဒေများအပေါ် ဟစ်တိုင်အဖော်အဖြစ်ပါ တူညီစွာဆန္ဒအလွှာခံယူဖို့အရေး ဖေးမပေးသည့်သတင်းစာ “သူရိယ"အမည်သာသော သတင်းစာသည်ကား မျိုးချစ်စိတ်များ ရှင်သန်ထွားအောင် ခိုင်မာညီညွတ်အောင် ရှေ့ဆောင်လမ်းပြ၍ ခေါ်ဆောင်ကာမီးမောင်းပြ ဝံသာနုအလှဖြစ်ခဲ့လေသည်။
ဤနေ့မဟာ နယ်ချဲ့ကိုတွန်းလှန်ကာဆန္ဒပြ သပိတ်အလှကြောင့် ၁၂၈၃ခုနှစ်မှာဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေကျင်ကျောင်းတိုက်ကြီးမှာ “ အမျိုးသားကောလိပ်” ဖွင့်လှစ်နိုင်ခဲ့လေသည်။ထိုမျှမက “အမျိုးသားပညာရေးကောင်စီ"ဟုပေါ်လာပြီး ပြည်မြန်မာအနှံ့အပြား “ အမျိုးသားရေးကျောင်း" များ အများအပြားပေါ်ထွန်းခဲ့လေသည်။
ဪ.. ဝံသာနုစိတ်ဓာတ် အမျိုးကိုချစ်တတ်သည်မှ အမျိုးသားတို့စာ အမျိုးသားတို့စကား အမျိုးသားတို့ယဉ်ကျေးမှုများ စသည်များစွာ မတိမ်ကော မပျောက်ပျက်စေဖို့အဖြာဖြာမှသည် သွေးစည်းသောညီညွတ်မှုကိုပြ နယ်ချဲ့ကို ကြီးကျယ်စွာတော်လှန်ခဲ့သောနေ့အခါသမယ ဤတန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့အမြတ်ပါ့။
မြန်မာတစ်မျိုးသားလုံး သူ့ကျွန့်ဘ၀ ကျရောက်ခဲ့ရချိန်မှာ မြန်မာစာပေသမားများကား နယ်ချဲ့မိစ္ဆာကို ကလောင်လက်နက်စွဲ တိုက်ပွဲဝင်ခဲ့ကြ စာပေတာဝန် ကျေပွန်ခဲ့ပုံများကို ကျေးဇူးတင်သောမျက်စိဖြင့်ကြည့်လျှင် တွေ့မြင်ရပေမည်။။ အခြားတစ်ဖက်မှာတော့ အကောင်းမှာအဆိုးရော လူ့သဘောယုတ်မာ အမျိုးကိုမချစ်တတ်အလွှာ တိုင်းတပါးကို အားကျကြသူအပေါင်းကဖြင့် မြန်မာစာ၊ မြန်မာစကား သုံးရ ရေးရ ပြောရ သည်ကိုပင် လူရာမ၀င်ဟု ထင်နေကြပြန်သည်။
နယ်ချဲ့မိစ္ဆာလက်အောက်မှာ သူများနောက်က အောက်ကျနောက်ကျ နေခဲ့ရပါသော်လည်း မြန်မာစာပေတန်ဖိုးကျမသွားပဲ တိုးမြဲတိုးလျက်ရှိအောင် “၀ိုင်၊ အမ်၊ ဘီ၊ အေ ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး”က စွမ်းဆောင်ခဲ့ကြ စာပေတာဝန် ကျေပွန်ခဲ့ကြပေသည်။ထိုအသင်းကြီးမှ
၁၂၇၃ခုနှစ်။ (၁၉၁၁) ခုနှစ်၊ ဇူလိုင်လ၊( ၄ )ရက်နေ့ ညနေတွင် သူရိယသတင်းစာကို ပြည်သူလူထု၏ဟစ်တိုင် ကြွေးကြော်သံအဖြစ် စာပေတန်ခိုးထွားအောင် စတင် ဆောင်ကြဉ်းပေးနိုင်ခဲ့ပေသည်။
ထိုခေတ်အချိန်ကား တော တောင် မယ် မောင် ဘုန်းတော်ဘွဲ့များအသာထား ဇာတိသွေးဇာတိမာန် ထက်သန်စေသော စာပေတို့ကိုသာအလေးထား ရေးသားခဲ့ကြပေသည်။ ထိုအထဲမှ အများကြားဖူးသည့်အမည်နာမ သခင်ကိုယ်တော်မှိုင်းအလှကို အနည်းငယ်မျှ ထုတ်ပြရသော်--
သခင်ကိုယ်တော်မှိုင်းသမိုင်းဆီ ပြန်ကြည့်မိသော် ကျွန်စိတ်ဝင်နေသောမြန်မာများအပေါ် များစွာမြင်ပြင်းကတ်သည့်စိတ်ပေါ်လှသမို့ မိမိတို့ကိုယ်ကိုပညာတတ်ဟု စိတ်ကြီးဝင်ခုနေပြီးလျှင် နာမည်ရှေ့မှာ `မစ္စတာ´ တပ်ကာတပ်ကာခေါ်သည့်စနစ်ဆိုးအား စိတ်နာများသဖြင့် ထိုခေတ်က `ချည်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထု´ ထဲမှ လူမုန်းများသော လူလိမ်၊ လူပွေ၊ လူရှုပ်၊ လူယုတ်မာ ဇာတ်ကောင် `မောင်မှိုင်း´ အမည်ကို `မစ္စတာ´ ဘွဲ့ တပ်ပေးလိုက်ကာ `မစ္စတာမှိုင်း´ ဟူသော ကလောင်အမည်ယူ ကျွန်စိတ်ပျောက်ဖို့အလင်းထူပေး နှိပ်ကွပ်ဖေးမ သမိုင်းလှခဲ့လေသည်။
နောက်တစ်ဦးအများကြားဖူးသည့်အမည် ဦးဖိုးကျားအကြောင်း အနည်းငယ်မျှ တင်ပြရသော်-
ဦးဖိုးကျားဟာဖြင့် ဗြိတိသျှပညာရေးနှင့်စင်ပြိုင် အမျိုးသားပညာရေးခိုင်မာစွာတည်ထောင်ရာတွင် ပါဝင်ခဲ့ပေသည်။ ကျောင်းသားသပိတ်ကြီးဖြစ်ပေါ်လာ အခါ၌မူကား မျိုးချစ်စိတ်ရင့်သန်ရင်းရှိ လက်ပိုက်လျစ်လျူရှုကြည့်၍မနေနိုင် ပါဝင်ဆင်နွှဲအလှခိုင်ခဲ့လေသည်။ အမျိုးသားကျောင်းများ ပေါ်ထွန်းပွားသည်နှင့်တပြိုင်နက် အစိုးရရာထူးကိုမမက် အမျိုးသားပညာဝန်အဖြစ်နက်နဲစွာ ဆောင်ရွက်ဖြာခဲ့လေသည်။ ပညာဝန်အဖြစ် ထမ်းရွက်ရင်း ကျမ်းအမျိုးမျိုးပြုစုကာအလင်းပြခဲ့ရုံမျှမက တိမ်မြုပ်ပျောက်ကွယ်နေသမျှတို့ကိုလည်း တည်းဖြတ်ပုံနှိပ် ထုတ်ဝေ ဖြန့်ဖြူးခဲ့ပေသည်။
တစ်ဖက်မှာတော့ သခင်လူငယ်များ ၁၉၃၀ခုနှစ်သားမှာ “တို့ဗမာ အစည်းအရုံးကြီး ” ဖွဲ့စည်းတည်ထောင်ရင်း ကမ္ဘာ့စာပေနှင့် ရင်ဘောင်တင်းတင်းတန်းနိုင်စေရန် မြန်မာ့စာပေ မြှင့်တင်ရေးအတွက်အားမာန်ပြ သခင်ဘသောင်း,သခင်သိန်းမောင် အစရှိသော တို့ဗမာအစည်းအရုံး ခေါင်းဆောင်များက ဘာသာပြန်ကဏ္ဍ အလေးပေးဆောင်ရွက်လာကြ ဘာသာပြန်ရွှေခေတ်ဟုပင် ဆိုနိုင်ခဲ့ရ ဆိုခဲ့ရပေသည်။
အခြားတစ်ဖက်မှာကား“ မြန်မာနိုင်ငံသုတေသနအသင်းကြီး” မှ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဦးဖေမောင်တင်၊ ဦးမေအောင်၊ မစ္စတာဖာနီဗယ် အစရှိ ပညာရှင်ပညာရှိ များစွာမှ ကမ္ဘာ့စာပေများကို မြန်မာမှုပြုနေချိန်နှင့်အံဝင်ဂွင်ကျ ပျောက်ကွယ်လုနီးပါးရှိ တိမ်ကောသွားသလိုရှိ ရှေးမြန်မာပညာရှိများပြုစုထည့်ခဲ့ပါသော စာဟောင်းပေဟောင်း စာပေများကိုလည်း မနားမနေ ပြုစုထုတ်ဝေလျက် ရှိပေသည်။
မြန်မာပြည် မြန်မာလူမျိုး မြန်မာစာ မြန်မာစကား မျိုးမတုံးသွားစေရန် သခင်များက
မြန်မာပြည်သည် တို့ပြည်
မြန်မာစာသည် တို့စာ
မြန်မာစကားသည် တို့စကား
တို့ပြည်ကို ချစ်ပါ
တို့စာကို ချစ်ပါ
တို့စကားကို လေးစားပါ ဟု ကြွေးကြော်ခဲ့ကြလေသည်။
တို့သခင်များ ကြွေးကြော်ခဲ့သလို တို့များလည်း ကြွေးကြော်သံဖြာ အမျိုးသား စာ စကားများ မပျောက်ပျက်အောင် ထိန်းသိမ်းများကြပါစို့ဟူ၍ အမျိုးသားနေ့မှာ တိုက်တွန်းလွှာဖြင့်...နားပါရစေ။
အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာပြည့်စုံကြပါစေ မေတ္တာဝေ။
(မြန်မာ့စွယ်စုံကျမ်းမှ ထုတ်ယူ၍ ရေးသားထားပါသည်။)



Monday, December 7, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ် A.G.T.I ပထမနှစ် တက်ရောက်လိုသူများအတွက်

AGTI  မရလို့  စိတ်ညစ်  နေသော  ညီလေးများ

ကန့်ဘလူ  မှာ  လျှောက်လို့  ရသေးတယ်

ဘယ်မှာတက်တက်  နောက်ဆုံးတော့  အားလုံး  ဘွဲ့ကတော့

အတူတူပါ။




မော်လူး အရှေ့ကျောင်းတိုက် တရားပွဲ

15/16/12/2015
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ မော်လူးမြို့ အရှေ့ကျောင်းတိုက်တွင်
ရွှေစင် တိပိဋက ဓရ ဓမ္မ သဘင် ကျင်းပမည် တရားတော် နာယူ ကြွရောက်ကြပါရန်
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။


မော်လူးဒေသ သားများ သွားသတိ လာသတိ ဆိုင်ကယ်စီးရင် ရဲ သတိ ဖမ်းနေတယ်တဲ့

အင်းတော်မြို့နယ်မော်လူးမြို့အထွက်ဟဲနုရွာတပ်ဦးစေတီဘုရားအနီး၌ဒီဇင်ဘာ၇ရက်နံနက်၁၀အချိန်ခန့်ကမော်လူးအရန်မီးသတ် ဟဲနုရွာအုပ်ချုပ်ရေးမှူး ယာဉ်ထိန်းရဲ မော်လူးနယ်မြေခံရဲပူးပေါင်းအဖွဲ့သည်ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်ဆိုင်ကယ်ဦးထုပ်မဆောင်းသူများစစ်ဆေးအရေးယူဆောင်ရွက်မှု့များပြုလုပ်နေပြီးယာဉ်စည်းကမ်း လမ်းစည်းကမ်းစာစောင်များကိုလက်ကမ်းဖြန့်ဝေလျက်ရှိသည်။


မော်လူး ဘလော့ လင့်ချိတိဆက်ခြင်း စမ်းသပ်

စမ်းသပ်  နေပါသည်


မော်လူးဒေသ သားများ သွားသတိ လာသတိ ဆိုင်ကယ်စီးရင် ရဲ သတိ ဖမ်းနေတယ်တဲ့

 အင်းတော်မြို့နယ်မော်လူးမြို့အထွက်ဟဲနုရွာတပ်ဦးစေတီဘုရားအနီး၌ဒီဇင်ဘာ၇ရက်နံနက်၁၀အချိန်ခန့်ကမော်လူးအရန်မီးသတ် ဟဲနုရွာအုပ်ချုပ်ရေးမှူး ယာဉ်ထိန်းရဲ မော်လူးနယ်မြေခံရဲပူးပေါင်းအဖွဲ့သည်ယာဉ်လိုင်စင် ယာဉ်မောင်းလိုင်စင်ဆိုင်ကယ်ဦးထုပ်မဆောင်းသူများစစ်ဆေးအရေးယူဆောင်ရွက်မှု့များပြုလုပ်နေပြီးယာဉ်စည်းကမ်း လမ်းစည်းကမ်းစာစောင်များကိုလက်ကမ်းဖြန့်ဝေလျက်ရှိသည်။




ကိုယ်ပိုင် blog ကနေ facebook page ကို အော်တို link ချိတ်ဆက်နည်းလေးပါ ကောင်းလွန်းလို့ရှယ်လိုက်တယ်



facebook မှာ  mawlu news  page  လေး

မော်လူးသတင်း  သိဖို့ လိုက်ထားကြပါအုန်း


How to Post Blogger Automatically to Facebook - Blogger Tips Pro

Saturday, December 5, 2015

ကျောင်းဆရာ မလုပ်လိုသူများအတွက် ကျန်းမာရေး ကြီးကြပ် ၂ ခေါ်နေပြီ

အသေးစိတ်  ဖတ်လိုက်တော့

မော်လူး မူလတောရကျောင်းမှာ ဓမ္မ ဗိမ္မာန် တော်ကြီး တည်ဆောက်မည်

5.12.2015.နေ့ က. မော်လူးမြို့ . မူလတောရကျောင်းတိုက်
တွင်. ယောဂီများ ဝိပဿနာတရား ရှုမှတ်ပွားများ နာကြားနိုင်
ရန် (အန ဂ္ဃသာရ မဉ္ဇရီ )ဓမ္မဗိမာန်တော်ကြီးတည်ဆောက်
ရန်. မ.,တည်အလှူတော်ငွေ ကျပ်သိန်းငါးဆယ် (၅၀ိ)ကို အလှူရှင်. မင်းသာကျေးရွာ. မိဘများဖြစ်ကြသည့်. ဆရာကြီး
ဦးပေါက်စ. ဒေါ်မြရီတို့ ကိုရည်စူး၍. သမီး ဒေါ်ခင်နှင်းဝေ. မိသားစုတို့ ကရေစက်ချလှူဒါန်းခဲ့ကြသည်။

fb မှ


Friday, December 4, 2015

စာသင်ကျောင်းတွေ မှာ ဖေါက်ထွင်းမှု တွေ ဖြစ်နေတယ်တဲ့

အင်းတော်မြို့နယ်တွင်းကျောင်းတွေဖောက်ထွင်းခံရတာများပြီ။။။။
၂၀၁၅/၁၆ပညာသင်နှစ်အတွင်း
လ(ခွဲ)တောင်ဖီလာ၊လ(ခွဲ)နတ်မဟုတ်
ကလေး၊မူလွန်အောင်မေတ္တာ၊မနေ့ည
(၃.၁၂.၁၅)ရက်နေ့ညမှာလည်းမူလွန်
နန့်သဲ၊ကျောင်းတွေဖောက်ထွင်းခံရပြီး
မိဘပြည်သူများ၊စေတနာရှင်ပြည်သူ
များကပညာရေးတိုးတက်ဖွံ့ဖြိုးရေး၊
ကျောင်းသား/သူများရဲ့သင်ကြားတတ်မြောက်မှုတိုး
တက်ရေးအတွက်လှူဒါန်းထောက်ပံ့ထားသောပစ္စည်းများဖောက်ထွင်းခိုးယူခြင်းခံခဲ့
ရပါသည်။တစထက်တစအတင်းရဲလာတာဘာကြောင့်ပါလဲ။ကျောင်းပိုင်ပစ္စည်းဆိုတာကလေးတွေအားလုံးနဲ့သက်ဆိုင်ပါသည်။တရားခံများအမြန်ဆုံးဖမ်းဆီး
ရမိရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့အား
ကူညီဆောင်ရွက်ပေးပါရန်မေတ္တာရပ်ခံ
အပ်ပါကြောင်း။။။။။
ကျန်တဲ့ကျောင်းများလည်းစိုရိမ်စရာရှိ
နေပါတယ်။


fb  မှ  

ဆီကားမီးလောင် တာတဲ့

အင်းတော်မြို့နယ်မော်လူးပင်ဝဲကြားကားလမ်းမိုင်တိုင်အမှတ်၁၄၄/၁၄၅ရွှေဘိုမြစ်ုကြီိးနားကားလမ်းမပေါ်ဒီဇင်ဘာ၎ရက်ညနေ၅နာရီအချိန်ခန့်ကမြစ်ကြီးန ဘက်သို့မောင်းနှင်လာသောလောင်စာဆီတင်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့သည်။ယင်းမီးလောင်ရာသို့ကသာမှမီးသတ်ကား၂စီး အင်းတော်မှ၂စီး မော်လူးမှ၂စီးတို့ရောက်ရှိကာမီးငြိမ်းသတ်ခဲ့သည်။၎င်းမီးလောင်ရာသိုမြို့နယ်စီမံခန့်ခွဲမှု့ကော်မတီဥက္ကဌဦးတင်မြင့်နင့်တာဝန်ရှိသူများလာရောက်ခဲု့ကြသည်။




Wednesday, December 2, 2015

လွမ်းမိတဲ့ . . . . ဆောင်း

လွမ်းမိတဲ့ . . . . ဆောင်း
@@@@@@@@@@@

စက်တင်ဘာလကုန်ရက်၏ နံနက်ခင်းသည် နှင်းမှုန်များဖြင့် မှုန်မှိုင်းနေလေသည်။ မိုးကုန်ခြင်း၏ အရိပ်လက္ခဏာပေလော ….။ မိမိနေထိုင်ရာနေရာမှ အရှေ့ဘက်သို့ မျှော်ကြည့်လေသောအခါ ကုက္ကိုပင်အိုခြောက်ကြီး၏ ပတ်လည်တွင် နှင်းမှုန်ဆိုင်းကာ အုံ့ဆိုင်းနေတော့သည်။ မြောက်ဘက်အရပ်ရှိ သမဝါယမဆန်စက်ကြီး၏ မီးခိုးခေါင်းတိုင်တစ်ဝိုက်တွင်လည်း နှင်းမှုန်များ ဝန်ရံလျှက်ရှိနေ၏။ အတွေးထဲမှ "သြော် … တစ်ဆောင်းသစ်ပြန်ရောမယ် ….." ဟု ရေရွတ်နေမိသည်။
ဆောင်းရာသီ၏ ဇာတ်လိုက်ကျော် နှင်းမှုန်များအား ငေးကြည့်ရင်း အတွေးစိတ်တို့ကား အဝေးတစ်နေရာသို့ တလွင့်လွင့်သာ မျှောပါကုန်ကြလေတော့သည်။ အရင်က ဒီလိုဆောင်းရာသီရက် ပတ်ဝန်းကျင်တစ်ခုလုံး နှင်းမှုန်များ သိုင်းခြုံလျှက်ရှိသည့် ကာလမျိုးများတွင် ကျနော်ကျင်လည်ခဲ့ရသည့် ဘဝနေ့ရက်များကား လွမ်းစရာ သတိရစရာ တမ်းတစရာအများပင် …. ကျနော် ခဏခဏရေးဘူးသကဲ့သို့ လူဆိုသည်မှာ မှတ်မိချင်စရာ သတိရချင်စရာကောင်းသည့် ဘဝအစိတ်အပိုင်းများကိုသာ ပြန်လည်သတိရတမ်းတတတ်ကြသည် မဟုတ်ပါလား။ ဒီလို ဆောင်းရာသီ နှင်းမှုန်ခြုံသိုင်းသည့် နံနက်ခင်းများတွင် အိမ်ဘေး မီးဖိုအနီးတွင် မောင်နှမတစ်တွေ ဝိုင်းဖွဲ့ထိုင်ကြရင်း အိမ်တွင်းဖြစ် ကောက်ညှင်းဖြင့် ပြုလုပ်ထားသည့် ခေါပုတ်ပြားများကို တံစို့ကိုယ်စီဖြင့် မီးဖိုတွင် ကင်ကြ … အပူဓာတ်ရလာပြီး ဖောင်းကြွလာသည့် ခေါပုတ်လေးများကို တံစို့မှ ဖြုတ်ကာ ခရမ်းချဉ်သီးပန်ထွေ ( ခရမ်းချဉ်သီးကို မီးဖုတ်ပြီး အခွံနွှာ၊ ကြက်သွန်နီပါးပါးလှီး၊ ငါးပိဖုတ်၊ ငရုတ်သီးမှည့်များ ရောသမမွှေထားသည့်) တို့စားရသည့် အရသာကို လွမ်းမိပါသည်။ ငယ်စဉ်က တစ်စုတစ်စည်းတည်းရှိခဲ့ကြသည့် မောင်နှမတစ်တွေ အခုတော့ တစ်နယ်စီ တစ်နယ်စီမှာ သူ့ဝမ်းရေး ကိုယ့်ဝမ်းရေး ကိုယ်စီ ကိုယ်စီ ရုန်းကန်လှုပ်ရှားနေကြရလေပြီ။ ငယ်ငယ်က ကျနော်ကား အစ်မများနှင့်လည်း မတည့် ညီမနှင့်လည်း ရန်ဖြစ်ဆိုတော့ အမေ ဆုံးမသည့် စကားလေးက " ငါ့သား မောင်နှမတွေဆိုတာ ငယ်တုန်းမို့ အတူနေကြရတာ ကြီးလာရင် သူလမ်းကိုယ့်လမ်း သွားကြရမှာ … အတူတူနေရတုန်းကို ချစ်ချစ်ခင်ခင် နေပါကွယ် …" ဟု ပြောလေ့ရှိသည်။ ဟုတ်ပေသားပဲ … … အခုအချိန်တွေးကြည့်မိတော့ အစ်မများ ညီမများအပေါ် တော်တော်ဆိုးခဲ့သည့် ကိုယ့်ကိုကိုယ် နောင်တရမိချေ၏။
အမှတ်ရစရာကောင်းသည့် ဆောင်းနံနက်ခင်းတွေထဲက တစ်ခုကတော့ ဆောင်းရာသီ စပါးသိမ်းချိန်များပင် …. ။ယခင်က ယခုလို စပါးခြွေလှေ့စက်တွေ မပေါ်သေးတာမို့ စပါးရိတ် ကောက်လှိုင်းတွေစည်း၊ တလင်းတွေထွင်၊ တလင်းအုံတွေဆောက် …. ပြီးလျှင် ကောက်လှိုင်းတွေကို တလင်းထဲမှာ စုပုံ (ကောက်ဆိုင်ဆိုင်သည်) …. ပြီးတော့ ကောက်လှိုင်းတွေကို အစီအရီအဝိုင်းပုံကြီးဖြစ်အောင် စီမံ (သီးထောင်ပြန့်၊ ရိုးရိုး)ပြီး နွားများဖြင့် ပတ်ချာလှည့် မောင်းကြ ၊ ကောက်ဆွများဖြင့် အထက်အောက် လှန်ပေးကြ( ကောက်ဆွဆွ) …. ဒီလို စပါးနင်းရသည့် ဆောင်းနံနက်ခင်းတွင် တစ်ညလုံးကျထားသည့် နှင်းတွေက ကောက်ပြန့်ပေါ်မှာ စိုစွတ် …. လယ်ကွင်းထဲမှာဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံးလည်း နှင်းမှုန်များ အုံ့ဆိုင်း အအေးဓာတ်ကို အံတုရန်ကား နွားလှည့်ရင်း ကောက်ပြန့်ပေါ်မှာ ခုန်ဆွ ခုန်ဆွဖြင့် တောင်မရောက် မြောက်မရောက်သည့် အသံဗြဲကြီးဖြင့် "စာဥရေ …. ငါအရောက်ပြန်ခဲ့မှာက အစ …. တို့ကတော့ … တို့ကတော့ … တို့ကတော့ ဘုရားကျောင်းထဲ ပြန်ရောက်တဲ့အချိန်" အဆုံး ပါးစပ်ထဲတွေ့ရာ အော်ဆိုရင်း စပါးနယ်ခဲ့ရတဲ့ အချိန်တွေ လွမ်းမိသား …….
နောက်တစ်ခု ဆောင်းရာသီအလွမ်းကား ကျောင်းသားဘဝက အလွမ်း …………
ဆောင်းရာသီရဲ့ လတစ်လဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ည ဆေးပေါင်းခတဲ့ည …… မှတ်မှတ်ရရပြောရလျှင် ၁၉၉၉ ခုနှစ်၏ တန်ဆောင်မုန်းလပြည့်ည ကျနော်တို့ငှားနေသည့် အဆောင်မှ သူငယ်ချင်းများ မြစ်ကြီးနားမြို့ထဲလှည့်ပြီး သွားကြ …. အေးသည်ဟု အကြောင်းပြ ပျော်ပျော်ပါးပါး သောက်ပွဲကျင်းကြ …. ဒီလိုနှင့် ညကား တဖြည်းဖြည်းနက်လာ …. ကောင်းကင်ယံမှ လပြည့်ဝန်းကြီးကလည်း ဝိုင်းဝိုင်းစက်စက်ပေါ်ထွက်လာ …… ညာဉ့်နက်လာပေမဲ့ အဆောင်သို့ မပြန်ဖြစ်ကြသေး …… သူငယ်ချင်းများထဲမှ နမ္မတီးသား သူငယ်ချင်းက ဆေးပေါင်းခတဲ့ညကို တစ်ညလုံး မအိပ်ပဲ လျှောက်လည်ကြမည်ဟု အကြံပြုသလို … နန့်မွန်းသား သူငယ်ချင်းကတော့ မြစ်ကြီးနားမြို့ကနေ နမ္မတီးအထိ စက်ဘီးနင်းကြမည်ဟု ဆိုလေပြန်ရာ … အားလုံး ရေချိန်ကိုက်နေကြပြီ …. မြစ်ကြီးနား မြို့လယ်မှ မြို့အထွက်ဘက်သို့ စက်ဘီးကိုယ်စီဖြင့် စတင်ထွက်ခွာလာကြသည်။ သီချင်းတွေကလည်း သူ့တစ်မျိုး ကိုယ်တစ်မျိုးဆီ သီဆိုကြရင်းပေါ့။ မြစ်ကြီးနားအထွက် ပပ္မတီးအကျော် မပခ(မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်)နားရောက်တော့ မိုးညှင်းသား သူငယ်ချင်းက နမ္မတီးအထိ စက်ဘီးဖြင့် သွားကြရန်မှာ မဖြစ်နိုင်ကြောင်း သူကတော့ မလိုက်နိုင်ကြောင်း … ပြန်တော့မည်ဖြစ်ကြောင်း ပြောပြီး ပြန်လှည့်ပြေးသည်မို့ ကျနော်တို့တစ်တွေလည်း စက်ဘီးတွေပြန်လှည့်ကာ အဆောင်ရှိရာသို့ ချီတက်လာကြတော့သည်။ အချိန်ကား ညနှစ်နာရီခန့်ရှိပေတော့မည်။ အဆောင်ရှေ့ရောက်တော့ အဆောင်ခြံတံခါးမကြီးကား သော့ခလောက်ကြီးဖြင့် ပိတ်လျှက်ဆီးကြိုနေတော့၏။ အဆောင်ရှင်ကိုလည်း နှိုးရန်မဖြစ်သည်မို့ ရေတမာပင်ကြီးကို ပတ်လည်ဝိုင်းထားသည် အုတ်ခုံဝိုင်းလေးမှာ ကျနော်တို့ သူငယ်ချင်းတစ်စု ကုပ်ကုပ်လေးတွေနဲ့ မိုးလင်းအောင်စောင့်နေကြရတော့သည်။ ဆေးပေါင်းခသည့် ည၏ အအေးကပိုသလို … အနွေးဓာတ်ရစေရန် ခြုံထားသည့် ယမကာအနွေးထည်ကလည်း ကွာကျချိန်မို့ သူငယ်ချင်းတစ်စု ပူးပူးကပ်ကပ်လေးတွေထိုင်ရင်း မေးခိုက်ခိုက်တုန်ခဲ့ရသည့် နှင်းမှုန်ခြုံသိုင်းသည့် ဆောင်းတစ်ည ….. လွမ်းရပါသည်ကော …….
ဟော ….. အခုတော့ …. နမ္မတီးသား သူငယ်ချင်းက ဆီစက်ပိုင်ကြီးဖြစ် …. နန့်မွန်းသား သူငယ်ချင်းက ကျောက်လောပန်းကြီးဖြစ် …. မိုးညှင်းသား သူငယ်ချင်းကတော့ စင်ကာပူနိုင်ငံမှာ ဟန်ကျပန်ကျ အလုပ်နှင့် …… ကျနော်သာ ……..လျှင် ……. သြော် ….. အလွမ်းတွေနဲ့ ဆောင်း …………………………………………………………………… ။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ . . .
k.t.w.l

အိမ်ရှင် ကသာ ကို ၃ : ၁ ဖြစ်ကာ ဒုတိယဆု ဖြင့် ကျေနပ်လိုက်ရသော မော်လူးဒေသ အမျိုးသမီးဘောလုံးသင်း

Tunmyo Thant
facebook  မှ  ကူးယူသည်။


၂၀၁၅ ခုနှစ် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဌဖလား မြို့နယ်အလိုက် အမျိုးသမီးဘော့လုံးပြိုင်ပွဲ
တွင်အကောင်းဆုံးကြိုးစားပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သော
အင်းတော်မြို့နယ် ကိုယ်စားပြု မော်လူးအမျိုးသမီး
အားကစားသမားများနှင့် အစစအရာရာအတွက် တာဝန်ယူ ၀ိုင်းဝန်းထောက်ပံ့ပေးကြသော တာဝန်ရှိလူကြီးများ အသင်းအောင်နိုင်ရေးအဖွဲ့ တွင် အတူတကွ ပါဝင်ကူညီပေးကြသူများ အားပေးကြသောပရိတ်သတ် အပေါင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Thursday, November 26, 2015

ဆေးပေါင်းခည နှင့် "မဲဇလီဖူးသုပ်" အကြောင်း

ဆးပေါင်းခည နှင့် "မဲဇလီဖူးသုပ်"
====================

တန်ဆောင်မုန်းလပြည့်နေ့ ညအခါသမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆- ပါးသော ရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကိုရှည်စေပါတယ်လို့ သာရကောမုနိဆေးကျမ်းက ဆိုထားပါတယ်။

တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တချိန်တည်းမှာ တညီတညွတ်တညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်ညဟာ ကြယ်တာရာနက္ခတ်အစုံ ထွက်ပေါ်ချိန် လရိပ်သည် ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန် ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အ၀ပြတယ်လို့လဲ ဆိုကြပါတယ်။

ညသန်းခေါင် မွန်းတည့်ချိန်ရောက်သောအချိန်မှာ ရရာသစ်မြစ်ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ဤကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တို့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

မဲဇလီဖူးသုပ် စားခြင်းကို ဆေးပညာရှုထောင့်က ကြည့်မည်ဆိုလျှင် မဲဇလီဖူးမှာ
ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊
ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့
အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။
မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။
အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေ ပါတယ်
မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။
အ ကြောင်းကတော့ အန်သရာကွီနုန်းပမာ ဏ များစွာ ပါဝင်ပြီး ဝမ်းချုပ်တာ၊
သွေး ထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူတာတို့လို အစာခြေ
အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိက အသုံးဝင်ပါတယ်။
ဝမ်းမှန်မှန်သွားစေပါတယ်
မဲဇလီဖူးဟာ အူတွေကို သန့်စင် စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို
ကောင်းမွန်စေတာကြောင့် ဝမ်းပျော့ပျော့သွား စေတဲ့ အာနိသင်ရှိပါတယ်။
ဒါ့အပြင် အူ လမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။
ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်
မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါ တယ်။
ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်
မဲဇလီဖူးကို စားတာကြောင့် သရက် ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ်
အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်အစွမ်း ရှိတာပါ။
ရောဂါကို တွန်လန်နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေ
ဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ
ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။
ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်
မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော
ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု
မဖြစ် အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း
ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင်
ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့
လိုအပ်နေပါသေးတယ်။
ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်
လေ့လာမှုတွေ အရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas
aeruginosa နဲ့ Proteus. vulgaris စတဲ့ ပိုးတွေကို တွန်းလှန်ပေး နိုင်တဲ့
အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဖန်းဂပ်စ် မှိုတွေ ကိုတော့ တွန်းလှန်
နိုင်တယ်လို့ မပြသထားပါဘူး။
အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်
မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင်
ကာကွယ်ပေးတဲ့ ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့
အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်ဆိုတာကို သုတအလို့ငှာ တင်ပြလိုက်ပါရစေ...။

fbမှ


Wednesday, November 25, 2015

မော်လူး မှာ အိမ်မီးလောင်တာ တဲ့

ယနေ့နိဝင်ဘာ၂၆နံနက်၆နာရီ၂၄မိနစ်မော်လူးမြမာရပ်နေအိမ်တလံုးမီးလောင်မှု့ဖြစ်ပွားမီးငြိမ်းသတ်ရန်မီးသတ်ကား၆နာရီခွဲရောက်ရှိမီးငြိမ်းမှုမှာ၆နာရီ၄၀ခန့်မှာပြီးစီးလူတဦးတယာက်မှထိခိုက်ဒဏ်ရာရရှိမှု့မရှိ



Tuesday, November 24, 2015

မော်လူး ဘုရားကြီးကျောင်း သို့ လိုင်စင်ပါ ကားလှူ တဲ့ ဂုဏ်ယူဖွယ်မိသားစု

မော်တော်ယာဉ်ဆက်စပ်ပစ္စည်း နှင့် စာရွက်စာတမ်းများကို
အလှူရှင်မိသားစုများက အပ်နှံလှူဒါန်း


Sunday, November 22, 2015

တန်ဆောင်တိုင်ပွဲ . . .

" တန်ဆောင်တိုင် . . . "
@@@@@@@@@@@@@@@@@@@@@@@
ကထိန်ရာသီရောက်လာသည်နှင့်အမျှ ဟိုရွာကထိန်ပွဲ ဒီရွာကထိန်ပွဲတို့ဖြင့်
သက်ဝင်လှုပ်ရှားလျှက်ရှိပေသည်။ ကထိန်ဆိုသည့် ဝေါဟာရသည် ကထိနဆိုသည်မှ
ဆင်းသက်လာသည်။ အဘယ်ကြောင့် ကထိန်ပွဲကို ကျင်းပကြရသည်များကို ရေးပြရန်
အစချီနေခြင်းမျိုး မဟုတ်ရပါ။ ကထိန်ပွဲနှင့် ပတ်သက်ပြီး
ငယ်ငယ်ကတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံလေး တစ်ခုကို ပြောပြလိုခြင်းမျှသာ
ဖြစ်ပေသည်။ ငယ်ငယ်က တန်ဆောင်တိုင်ပွဲ (တန်ဆောင်မုန်းလပြည့်)
ရောက်ပြီဆိုလျှင် သူငယ်ချင်းတစ်သိုက် စုဝေးမိကြချေပြီ။
အဘယ်ကြောင့်နည်းဟုဆိုသော် ရွာအတွင်းသို့ အိုးစည် ဒိုးပတ်ဖြင့်
တီးမှုတ်ကခုန်ကြပြီး တစ်အိမ်ပြီး တစ်အိမ် သွားရောက်ကြကာ အိမ်ရှေ့မှ
သံပြိုင် "တန်ဆောင်တိုင်အတွက် အလှူခံပါတယ်ဗျို့" ဟုအော်ပြီး …
ဒိုးပတ်တီးသူက "ပတ် … ပုံပုံ … ပုံ …"ဟု အစပျိုးလိုက်ပြီး အိုးစည်သမားက
"ပုံပုံ .."ဟု လိုက်ကာ လင်းကွင်း၊ ဝါးလက်ခုပ် သမားတို့က သံပြိုင်တီး …
ဦးရွှေရိုးအဖြစ် အိမ်မှ အညာစောင်ကြမ်းကိုပတ် တိုက်ပုံအင်္ကျီ၊
ခေါင်းပေါင်း၊ နှုတ်ခမ်းမွှေးကားကားနှင့် ဦးရွှေရိုးက ကပါတော့သည်….။
အတီးရပ်တော့မည်ဆိုလျှင် … အဖွဲ့သားအားလုံးက "
ဟေးးးးလားးးးးမောင်….ရို့….ဝါးးးး" ဟုတိုက်ပင်ကိုက်ကာ ရပ်လိုက်ကြပါသည်။
အိမ်ရှင်က ပိုက်ဆံ သို့ ဆန် လာထည့်ပေးလျှင် …. "ကျန်းမာပါစေ ….
ချမ်းသာပါစေ … သိန်းဆုကြီးလည်း ပေါက်ပါစေ… " ဟု ဆုတောင်းပေးကာ
နောက်တစ်အိမ်သို့ ထပ်ကူးကြပါတော့သည်။ ထိုသို့ တန်ဆောင်တိုင်ညတွင်
အလှူခံထွက်နိုင်ရန် ရွာတွင်းမှာ ရှိသည့် အိုးစည်ဒိုးပတ်ကို ငှား၍ရအောင်
ကြိုတင်ပြောထားကြရပါသည်။ ဗုံစာအဖြစ် အသုံးပြုရန် ထမင်းနှင့်ပြာကို
ညက်အောင်ထောင်းရတာလည်း အမော … ဗုံသားရေလျှော့နေလျှင်
ဗုံကြိုးတင်းရသေးသည်။ ကျနော်တို့ ငယ်ငယ်က ယခုခေတ်လို လူကြီး လူငယ် အစုံ
ငွေဖလားကိုင် ဒစ္စကိုတေးသွား(သို့) ဘာမှမပါပဲ ဖလားကိုင်ကာ
"တန်ဆောင်တိုင်အတွက် အလှူခံပါတယ်ဆိုပြီး မလုပ်ကြသေး … တန်ဆောင်တိုင်ည
အလှူခံသည် ကျနော်တို့လို ကလေးများအတွက်သာ …. ယခုအချိန်မှာတော့
လူကြီးများကသာ နေရာယူပြီး .. တန်ဆောင်တိုင်ရက်မတိုင်မှီကပင်
ငွေဖလားကိုင်ပြီး တစ်အိမ်တက်ဆင်း အလှူခံ …. တန်ဆောင်တိုင်ညမှာ
သောက်ကြစားကြပေါ့ …. ကလေးများမှာလည်း ကျနော်တို့ ငယ်ငယ်ကလို
အိုးစည်ဒိုးပတ်နှင့် တန်ဆောင်တိုင် အလှူခံတာမျိုး
မရှိသလောက်ရှားသွားပေပြီ …. ယခင်ကဆိုလျှင် သီးတင်းကျွတ်ပြီးသည်နှင့်
ကျေးရွာများမှ အိုးစည်ဒိုးပတ်သံများကို ကြားနေရချေပြီ…..။
တန်ဆောင်တိုင်အလှူခံခြင်းကို ည ၈ နာရီအထိလောက်သာ ပြုလုပ်ကြပြီး …..
အလှူခံရသည့် ငွေများ ဆန်များကို ခွဲဝေယူကြ … ထို့နောက်တွင်တော့ ဗီဒီယို
အလကားပြသည့် ဘုန်းတော်ကြီးကျောင်းသို့ သုတ်ခြေတင် … မုန့်ဈေးတန်းတွင်
မုန့်ဝယ်စား …. အလကားပြသည့် ဗီဒီယိုကို ငေးမော …. ကျနော်တို့ ငယ်ငယ်က
ခေတ်စားသည့် ဗီဒီယိုကားများမှာ ခေတ်ကားဆိုလျှင် မင်းသား ရဲမင်းပိုင်၊
ရဲကိုကို၊ ရာဇဝင်ကားဆိုလျှက် မင်းသား ထွန်းလုံရှိန်၊ ဘိုမြင့်ရှိန်တို့
ခေတ်စားချိန် … မိုးလင်းသည်အထိ ဗီဒီယိုကို နှစ်ကားတွဲ သုံးကားအထိ
အလကားပြပေးသည်မို့ လူစည်လိုက်သည့် ဖြစ်ခြင်း… ထိုအချိန်က ယခုခေတ်လို
အိမ်တိုင်းတွင် တီဗီ အောက်စက် စလောင်း မရှိသေး … ဗီဒီယိုကြည့်လိုလျှင်
ရွာထိပ်က ဗီဒီယိုရုံကိုပြေး …. လာထားးး လူကြီး ၁၀ ၊ ကလေး ၅ ကျပ်ပဲ ……
ထိုသို့ တန်ဆောင်တိုင် အလှူခံသည့် ဖြစ်စဉ်ကို မည်သူက
စတင်ထီထွင်လိုက်မှန်း မသိသော်လည်း တန်ဆောင်တိုင်ရောက်ပြီဆိုလျှင်
ကျနော်တို့ ကလေးတွေ ပျော်ကြပါသည်။ ထိုသို့ တန်ဆောင်တိုင် အလှူခံခြင်းကို
ကျနော်တို့အဖွဲ့ ငါးတန်းကျောင်းသားဘဝလောက်ကပင် အိုးစည်ဒိုးပတ်ဝိုင်းဖြင့်
အဆင်ပြေပြေ ပြုလုပ်တတ်နေကြပေပြီ။ တန်ဆောင်တိုင်ရက် မတိုင်မှီကတည်းက
ဒိုးပတ်တီးသူ အိုးစည် တီးသူ လင်းကွင်းတီးသူ ဝါးလက်ခုပ်တီးသူ
ဦးရွှေရိုးကမည့်သူများ စုဝေးတိုင်ပင်ကြပြီ … အိုးစည် ဒိုးပတ်ကို
ဘယ်သူ့ဆီက ဘယ်လောက်နှင့် ငှားမည်။ ဗုံစာအတွက် ဘယ်သူက တာဝန်ယူ …
ဦးရွှေရိုး ပုဆိုးအတွက် ဘယ်သူ့အိမ်က အညာစောင်ကြမ်းကို ယူခဲ့ဟု
အစီအစဉ်တွေချမှတ် … ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို ကျနော်တို့ ကျောင်းက
ကထိန်အလှူလှည့်ရာမှာ အိုးစည်ဒိုးပတ်လိုက်တီးကြနှင့်ပေါ့ ….. ဒီလိုနှင့်
တစ်ခုသော တန်ဆောင်တိုင်ညတစ်ညမှာ ကျနော်တို့အဖွဲ့ အိုးစည်ဒိုးပတ်တို့ဖြင့်
တန်ဆောင်တိုင်အတွက် အလှူခံပါတယ် ဟု အော်ရင်း တစ်အိမ်ပြီး တစ်အိမ်
ချီတက်လာခဲ့ရာ … တစ်ခုသော လက်ဘက်ရည်ဆိုင်ရှေ့သို့ ရောက်လာကြပေသည်။
ထိုစဉ်က ကျနော်နေထိုင်ရာဒေသတွင် နာမည်ကြီး လက်ဘက်ရည်ဆိုင်ပေါ့။ အချိန်က
ရှစ်နာရီထိုးလုချေပြီ ….. ဆိုင်ရှေ့အရောက်တွင် လက်ဘက်ရည်ဆိုင်မှ
ထွက်လာသည့် လူရွယ်တစ်ဦးက ကျနော်တို့ အဖွဲ့ကို "ကောင်လေးတွေ မင်းတို့တွေက
တီးကွာ … ငါက ကပေးမယ်" ဟု ပြောလာသဖြင့် ကျနော်တို့ သူငယ်ချင်း တစ်သိုက်
စတင် တီးပါတော့သည်။ တီးကောင်းနေသည့် အချိန်တွင် ဆိုင်ထဲမှ
လက်ဘက်ရည်အကြမ်းသောက်ပန်းကန်လုံး လွင့်စင်လာပြီး ကနေသူ၏
ရင်ဘက်တည့်တည့်သို့ ထိမှန် ထိုမှ ပန်းကန်လုံး အောက်မှ တံမံသလင်းနှင့်ထိကာ
"ခွမ်း "ဆိုသည့် အသံနှင့် က နေသူမှာလည်း မှင်တက် … ကျနော်တို့
တီးနေကြသူများမှာလည်း အံ့အားသင့်ကာ ရပ်တန့် ….
လက်ဖက်ရည်အကြမ်းပန်းကန်လာရာ လမ်းကြောင်းကို ကြည့်လိုက်တော့ ကျနော်သိသည့်
လူကြီးတစ်ဦး ………. ပြဿနာတွေ ရှုပ်ထွေးလာမည်ကို သိသည့် ကျနော်တို့
ကလေးတစ်သိုက် ထိုနေရာမှ အသာလေး လစ်ထွက်လာခဲ့ကြပါတော့သည်။ သို့သော်
ဆိုင်အတွင်းမှ မည်သည့်အကြောင်းကြောင့် မသိ လက်ဘက်ရည် ပန်းကန်ဖြင့်
ကောက်ပေါက်လိုက်သည့် လူကြီး၏ မျက်နှာကား မြင်ယောင်နေမိဆဲ …….။ ထိုနှစ်မှ
စတင်ပြီး ကျနော်တို့ သူငယ်ချင်း တစ်သိုက် တန်ဆောင်တိုင်ဆိုလျှင် အိုးစည်
ဒိုးပတ်တို့ဖြင့် တန်ဆောင်တိုင် အလှူခံခြင်းကို မပြုလုပ်မိကြတော့ချေ။
သို့သော် . . . . တန်ဆောင်တိုင်ရောက်လေတိုင်း ကျနော်တို့အဖွဲ့အား
ဆိုင်အတွင်းမှ လက်ဘက်ရည်အကြမ်းပန်းကန်ဖြင့် ပစ်ပေါက်ခဲ့သော လူကြီးအား
အဘယ်ကြောင့် ဤသို့လုပ်လေသနည်းဟူသော မေးခွန်းကို မေးလိုလှပါသည်။ အကယ်၍များ. . .

ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . .
k.t.w.l

နတ်ပြည် ၆ ထပ်ရှိ နတ်တို့၏ နတ်သက်တမ်းများ။

နတ်ပြည် ၆ ထပ်ရှိ နတ်တို့၏ နတ်သက်တမ်းများ။
====================
၁။ စာတုမဟာရာဇ်နတ် = နတ်သက် နှစ် ၅၀၀၊လူ့တွက်ကိန်းအသက် နှစ် ၉,၀၀၀,၀၀၀။
၂။ တာဝတိံသာ နတ် = နတ်သက် နှစ် ၁၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၃၆,၀၀၀,၀၀၀။
၃။ ယာမာနတ် = နတ်သက် နှစ် ၂၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၁၄၄,၀၀၀,၀၀၀။
၎။ တုသိတာနတ် = နတ်သက် နှစ် ၄၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၅၇၆,၀၀၀,၀၀၀။
၅။ နိမ္မာနရတိနတ် = နတ်သက် နှစ် ၈၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၂၃၀၄,၀၀၀,၀၀၀။
၆။ ပရနိမ္မိတ၀သ၀တ္ထိ = နတ်သက် နှစ် ၁၆၀၀၀၊လူ့တွက်ကိန်းအသက် နှစ် ၉၂၁၆,၀၀၀,၀၀၀။
တို့ ဖြစ်ကြပါတယ်။ ။
{သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်
နုတ်ရေးသားပူဇော်ပါတယ်။}

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။



Saturday, November 21, 2015

" နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေး၍သင်၏ ဆိုးနေတဲ့ကံကို ပြုပြင်နည်း "



" နေ့စဉ် ၁၅ မိနစ် မျှလောက်သော အချိန်ပေး၍သင်၏ ဆိုးနေတဲ့ကံကို ပြုပြင်နည်း "
-----------

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့...

၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ

တို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၉-၁။ ဒါန
-------------
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၉-၂။ သီလ
------------------
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၉-၃။ ဂုဏ်တော်
---------------
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊
လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၉-၄။ မေတ္တာ
-------------------
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၉-၅။ ၀ိပဿနာ
------------------
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

(မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁၀-၁။ အိပ်ရာထ
----------------------
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၁၀-၂။ နေ့လည်
---------------
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။

၁၀-၃။ ညပိုင်း
-----------------
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

၁၁။ နေ့စဉ်ပြုအပ်သည်
------------------------
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
-------------------------------------------------
ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံရင် သစ္စာဆို။
-----------------------------
ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
-------------------------------------
ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

(နှင်းဆီဖူးလေးများ)

Monday, November 16, 2015

အင်းတော်မှာတော့ ဖမ်းနေပြီ မော်လူးလာတော့မယ်ထင်တယ်

အင်းတော်မြို့တွင်း၌နိုဝင်ဘာ၁၇ရက်နေ့၁၀နာရီအချိန်ကဆိုင်ကယ်လိုင်စင် ယာဉ်မောင်းလိုင်စင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများ အိတ်ဇောအပွင့် တို့ကိုယာဉ်ထိန်းရဲ မစက မီးသတ်အဖွဲ့အစည်းတို့ဖမ်းဆီးအရေးယူပြီးတရားရုံး၌ဒဏ်ငွေပေးဆောင်ရသညိနာရီဝက်အတွင်းဦးထုပ်မဆောင်းသူဆိုင်ကယ်၁၂စီးအားဖမ်းစီးအရေးယူခဲ့သည်။


Sunday, November 15, 2015

မော်လူးဒေသ အနောက်ခြမ်း ကျိန်စာ တိုက်ခံရတော့မည်တဲ့

သယံဇာတ ကြိမ်စာ တိုက်တော့မည့် ဘက်ဟိုးကားနဲ့ မြေသယ်ယာဉ် ကားတွေကတော့ မော်လူး အနောက်ခြမ်း ဂွေ့ကြီးအုပ်စု မြောက်လေးတန် သစ်တောကြိုးဝိုင်းကြီး အတွင်း ထုံးတောင် ပေါ်မှာ အဆင်သင့် နေရာ ယူနေကြပါပြီ။

fb  က  မ   လာတာ



Saturday, November 14, 2015

FACEBOOK ပေါ်မှ ပေါက်ကွဲသံ . . .


သို့ . . . မြန်မာ့ မီးရထား တာဝန်ရှိသူများးး

Fwd: မြန်မာ့မီးရထားမှဆိုင်ရာလူကြီးမင်းခင်ဗျာမော်လူး နန့်စီးအောင်မီးရထားလမ်းအဆက်တွေမူလီနတ်တိုင်တွေမရှိတော့ပါကြောင်းခရီးတွေရဲ့ကိုယ်စားတင်ပြအပ်ပါသည်။

Thursday, November 12, 2015

ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ ဖတ်ထားကြပါအုန်း မော်လူးဒေသသားတွေ

ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ
မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ
--------------------------------------------
ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။ အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။
ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း
---------------------------------------------
သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။
ဟင်းအိုး ဆားငံသွားလျှင်
-----------------------------
မီးသွေးခဲ ရဲရဲတစ်ခဲအား ဆားငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။
ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း
-------------------------------------------------
ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။
ဘောလ်ပင် မှင်မလိုက်လျှင်
-------------------------------
အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။
ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန်
---------------------------------------------------------
ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ အရင်ထည့်ထားပြီးမှ ရေနွေးကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။
ရေခဲတုံး တာရှည်ခံအောင်ထားနည်း
------------------------------------------
သီတင်းစာ စက္ကူ (သို့) တစ်ရှူးစက္ကူ ဖြင့် ရေခဲတုံးကို လုံခြုံစွာပတ်ထားပါ။
ဆံပင်များ မကျွတ်စေရန်
-----------------------------
ကန့် (သို့)လက်ချားကို ရေနွေးပူပူတွင် ဖျော်၍ အေးသွားမှ ဆံပင်ကို လိမ်းပေးပါ။
သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။
ဖန်ထည်ပစ္စည်းများ အရောင်တင်နည်း
--------------------------------------------
ဆားရေ ပူပူဖြင့်ပြုတ်၍ ဆေးပေးပါ။
ငွေထည်ပစ္စည်းများ အရောင်တင်နည်း
--------------------------------------------
အာလူးပြုတ်ရည်တွင် စိမ်၍ပွတ်တိုက်ပေးပါ။
ရွှေထည်များ အရောင်တင်ရန်
-----------------------------------
ဇဝက်သာ တစ်ဇွန်းကို ရေအေးဖြင့်ရော၍ ရွှေထည်များကို ပွတ်တိုက်ပေးပါ။
မှန်များ ကြည်လင်ပြီး ဝင်းပလာအောင် အရောင်တင်နည်း
---------------------------------------------------------------------
အဝတ်သန့်သန့်ကို အရက်ပျံဆွတ်၍ (သို့) သီတင်းစာစက္ကူကို ရေဆွတ်၍ မှန်ကို ပွတ်တိုက်ပေးပါ။
အဝတ်အထည်များ ပိုမိုဖြူစင်တောက်သွား စေရန်
----------------------------------------------------------
သံပုရာရည် ၄/၅ စက်ခန့်ထည့်ပြုတ်ပြီးမှ လျှော်ပါ။
သံပုရာသီး အရည်ပိုထွက်စေရန်
----------------------------------------
မီးနွေးနွေးဖြင့်ကင်ပြီး / မာသောအပြား တစ်ခုခုဖြင့် အနည်းငယ်ဖိ လှိမ့်ပြီးမှ အရည်ညှစ်ပါ။
နှင်းခူ အစို/အခြောက် ပျောက်လိုသော်
-----------------------------------------------
ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။
သန်းများ သေစေသောနည်း
---------------------------------
ရှာလကာရည်(1/2)အောင်စ နှင့် နနွင်း(1/4)အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်း ပေးပါ။
ခြေဖနောင့်ကွဲသော် ပျောက်စေသောနည်း
----------------------------------------------------
ဆန်ဆေးရေဖြင့် ၁၅မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။
အဝတ်များ ဖားဥစွဲသော် ပျောက်စေရန်
---------------------------------------------
ဖားဥစွဲသော အဝတ်ပေါ်တွင် ပိတ်စအဖြူတင်၍ ရေဖြန်းပြီး မီးပူဖြင့် ဖိတိုက်ပေးပါ။
ရှောက်သီးများ တာရှည်ခံအောင်ထားနည်း
----------------------------------------------------
ရှောက်သီးများကို ထင်းရှူးသေတ္တာထဲ ထည့်ပြီး လွှစာဖုံး၍ထားပါ။
ကြွက်များ မလာစေရန်
----------------------------
ရှိန်းခိုကို အရည်ဖျော်၍ ပတ်ဖြန်းပေးပါ။
ပုရွက်ဆိတ်များ မလာစေရန်
*******************
သခွားသီးအခွံများ ချထားလိုက်ပါ။
ပိုးဟပ်များ မလာစေရန်
----------------------------
လေးညှင်းပွင့်ကိုထောင်း၍ ဖြူးပေးထားပါ။
မြွေများ မလာစေရန်
------------------------
ဆေးဒါန်းအား ရေဖျော်၍ ပတ်ဖြန်းပေးပါ။
ကြက်သားအရိုးပျောက်ချက်နည်း
--------------------------------------
ထန်ရည်တစ်ပုလင်းကို ၃ရက်ခန့် နေပူလှန်းပြီး အဝတ်ပါးပါးဖြင့်စစ်၍ ကြက်သားကိုနယ်ပီး ချက်ပါ။
ငါးသလောက် အမြန်နူးစေသောနည်း
-------------------------------------------
ကြွေဇွန်း / ကြွေပုဂံကွဲထည့်၍ ချက်ပေးပါ။
ထမင်းအိုး တူးသွားလျှင် အနံပျောက်စေရန်
---------------------------------------------------
တူးနေသောထမင်းအိုးထဲသို့ ငရုပ်သီး အတောင့်၂၀ခန့် ထိုးစိုက်ပြီး နာရီဝက်ခန့် အဖုံး ဖုံးထားပါ။
မျက်နှာ အဆီမပြန်လိုပါက
----------------------------------
မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ခန့် ထည့်ပြီးသစ်ပါ။
ကြိမ်ကုလားထိုင်မှ ကြိမ်များလျှော့နေသော်
--------------------------------------------------
ရေနွေးပူပူထဲသို့ ဆိုဒါမှုန့်ရော၍ ကြိမ်များကို ပတ်ဖြန်းပြီး နေပူလှန်းထားပါ။
ကွမ်းတံတွေးစွန်းပေလျှင် ပျောက်စေရန်
-----------------------------------------------
စွန်းပေနေသော နေရာသို့ ခရမ်းချဉ်သီးဖြင့် ပွတ်တိုက်ပေးပါ။
ညှောင့် / ဆူးစူးလျှင်
-----------------------
ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့်တေ့ပြီး ဖိထားပါ။
ကြွက်နို့ ပျောက်စေသောနည်း
-----------------------------------
ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။
ဂျင်းကိုလှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို ၁နာရီတစ်ကြိမ်ခန့် ပွတ်ပေးပါ။
ဝက်ခြံပျောက်စေသောနည်း
---------------------------------
ကြက်ဟင်းခါးသီးအစေ့ / သနပ်ခါးကို ဆားဖြင့်ရော၍ သွေးလိမ်းပါ။
နွားနို့ မချဉ်အောင်ထားနည်း
---------------------------------
ငရုပ်သီးစိမ်း ၁၀တောင့်ခန့်ကို အညှာဖြုတ်၍ထည့်ပေးထားပါ။
မျက်နှာပေါင်းတင်နည်း
-----------------------------
ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့်ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။
အပူလောင်သော်
---------------------
၁။သွားတိုက်ဆေး နိုင်နိုင်လိမ်းပေးပါ
၂။ကွမ်းရွက်ကို သကြားဖြင့်ရောထောင်းပြီး ဒါဏ်ရာပေါ်သို့ အုံပေးထားပါ
credit to အဘ
K..K(ကနောင်)

Wednesday, November 11, 2015

လမ်းခင်းတဲ့ ပရဟိ မော်လူး မှာ ပြုလုပ်

ဦးသိန်းအောင် ဒေါ်မြင့်မြင့်စိန် မိသားစုမှမော်လူးစည်ပင်သာယာရေးဈေးဘက်သွားတံတားနှင့်လမ်းကိုဈေးသူဈေးသားကား ဆိုင်ကယ် စက်ဘီးများသွားလာမှု့အဆင်ပြေစေရေးတွက်ငွေလေးသိန်းခန့်ကုန်ကျခံလမ်းခင်းအလှူဒါနပြုလုပ်ခဲ့သည်။


ခိုးကောင်ရွာ က ရေလှောင်ကန် ပြိုသွားပြီတဲ့

ကျေးလက်ဦးစီးဌာနမှ ကန်ထရိုက်ပေးတည်ဆောက်ပေးခဲ.သောမော်လူးဒေသခိုးကောင်ရွာမှ စိမ်.စမ်းရေလှောင်ကန် ကွဲသွားပါပြီ


မော်လူး ပေကုန်း ကြား ကားလမ်း တံတာများ ဖျက်ထားသဖြင့် ကားများခဏခဏ လမ်းပိတ်မိ

မော်လူးနှင့် နန့်စီးအောင်ကြား လမ်းပိုင်းပြဿနာ တက်နေပါတယ် သက်ဆိုင်ရာ ဝန်ထမ်းများ လာရောက်ဖြေရှင်းပေးပါ ခင်ဗျာ


Sunday, November 8, 2015

2015 အထွေထွေရွေးကောက်ပွဲ မော်လူးဒေသမှ မဲအနိုင်အရှုံး စုံစမ်းရသမျှ

မဲရုံ အမှတ် ၁ စီးမော်
ပြည်သူ့လွှတ်တော်

NLD 1238
Usdp 169
တစည 281
ကျားဖြူ 31

မဲရုံအမှတ် ၁ စီးမော်အုပ်စု
အမျိုးသားလွှတ်တော်

NLD 1270
USDP 161
တစည 314
ကျားဖြူ 26

မဲရုံ အမှတ် ၁ စီးမော်
တိုင်းဒေသကြီး လွှတ်တော်

NLD 1258
USDP 155
တစည 338
ကျားဖြူ 18
ကျားနီ 12

မဲရုံ အမှတ် ၂ ဟဲနု
တိုင်းဒေသကြီး လွှတ်တော်

NLD 744
တစည 216
Usdp 144
ကျားနီ 15
ကျားဖြူ 18

အမျိုးသားလွှတ်တော်

NLD 750
တစည 201
Usdp 159
ကျားဖြူ 16

ပြည်သူ့လွှတ်တော်

NLD 756
တစည 194
Usdp 159
ကျားဖြူ 12

မဲရုံ အမှတ် ၃ အုန်းဒုတ်

ပြည်သူ့လွှတ်တော်

NLD 662
USDP 231
တစည 153

အမျိုးသားလွှတ်တော်

NLD 672
USDP 227
တစည 162

မဲရုံအမှတ် ၃ အုန်းဒုတ်
တိုင်းဒေသကြီးလွှတ်တော်

NLD 627
USDP 224
တစည 210

မဲရုံအမှတ် ၄ (ပဲခူး)
ပြည်သူ့လွှတ်တော်

NLD 801
Usdp 133
တစည 70
ကျားဖြူ 17

အမျိုးသားလွှတ်တော်

NLD 838
USDP 119
တစည 67
ကျားဖြူ 13

တိုင်းဒေသကြီး လွှတ်တော်

NLD 1016
USDP 115
တစည 73
ကျားဖြူ 12
ကျားနီ 21

သူရောင်းကျေးရွာအုပ်စု
လွှတ်တော် သုံးရပ်လုံး NLD အနိုင်ရ

ဟောင်းတုန်းကျေးရွာအုပ်စု
လွှတ်တော် သုံးရပ်လုံး NLD အနိုင်ရ

နမီးကျေးရွာအုပ်စု
USDP အနိုင်ရ

ဂွေ့ကြီးကျေးရွာအုပ်စု
NLD အနိုင်ရရှိ

ပုန်းဟုန်ကျေးရွာအုပ်စု အဆက်အသွယ်မရရှိသေး

ပင်ဝဲကျေးရွာအုပ်စု NLD အနိုင်ရရှိ

မော်လူးကျေးရွာအုပ်စု မဲရုံ
အမျိုးသား လွှတ်တော်


နဘားကျေးရွာအုပ်စု NLD အနိုင်ရရှိ

မော်လူးဒေသ မဲ အနိုင် အရှုံး သတင်း

fb  မှ  ရသော  သတင်းပါ
ကဲ . . . စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသမှ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များ ကျနော် စုံစမ်းရရှိသမျှ

9.11.15 ( 00:30)AM
မဲရုံ အမှတ် ၁ စီးမော်
ပြည်သူ့လွှတ်တော်
NLD 1238
Usdp 169
တစည 281
ကျားဖြူ 31
မဲရုံအမှတ် ၁ စီးမော်အုပ်စု
အမျိုးသားလွှတ်တော်
NLD 1270
USDP 161
တစည 314
ကျားဖြူ 26
မဲရုံ အမှတ် ၁ စီးမော်
တိုင်းဒေသကြီး လွှတ်တော်
NLD 1258
USDP 155
တစည 338
ကျားဖြူ 18
ကျားနီ 12

မဲရုံ အမှတ် ၂ ဟဲနု
တိုင်းဒေသကြီး လွှတ်တော်
NLD 744
တစည 216
Usdp 144
ကျားနီ 15
ကျားဖြူ 18
အမျိုးသားလွှတ်တော်
NLD 750
တစည 201
Usdp 159
ကျားဖြူ 16
ပြည်သူ့လွှတ်တော်
NLD 756
တစည 194
Usdp 159
ကျားဖြူ 12

မဲရုံ အမှတ် ၃ အုန်းဒုတ်
ပြည်သူ့လွှတ်တော်
NLD 662
USDP 231
တစည 153
အမျိုးသားလွှတ်တော်
NLD 672
USDP 227
တစည 162
မဲရုံအမှတ် ၃ အုန်းဒုတ်
တိုင်းဒေသကြီးလွှတ်တော်
NLD 627
USDP 224
တစည 210

မဲရုံအမှတ် ၄ (ပဲခူး)
ပြည်သူ့လွှတ်တော်
NLD 801
Usdp 133
တစည 70
ကျားဖြူ 17
အမျိုးသားလွှတ်တော်
NLD 838
USDP 119
တစည 67
ကျားဖြူ 13
တိုင်းဒေသကြီး လွှတ်တော်
NLD 1016
USDP 115
တစည 73
ကျားဖြူ 12
ကျားနီ 21

သူရောင်းကျေးရွာအုပ်စု
လွှတ်တော် သုံးရပ်လုံး NLD အနိုင်ရ

ဟောင်းတုန်းကျေးရွာအုပ်စု
လွှတ်တော် သုံးရပ်လုံး NLD အနိုင်ရ

နမီးကျေးရွာအုပ်စု
USDP အနိုင်ရ

ဂွေ့ကြီးကျေးရွာအုပ်စု
NLD အနိုင်ရရှိ

မံဟဲကျေးရွာအုပ်စု NLD အနိုင်ရရှိ

ပုန်းဟုန်ကျေးရွာအုပ်စု အဆက်အသွယ်မရရှိသေး

ပင်ဝဲကျေးရွာအုပ်စု NLD အနိုင်ရရှိ

နဘားကျေးရွာအုပ်စု NLD အနိုင်ရရှိ

မော်လူးကျေးရွာအုပ်စု
အမျိုးသား လွှတ်တော်
NLD 1686
USDP 214
ပြည်သူ့ လွှတ်တော်
NLD 1663
USDP 229
တစည 206
ကျားဖြူ 18
တိုင်းဒေသကြီးလွှတ်တော်
NLD 1723
USDP 236
တစည 286

Tuesday, November 3, 2015

မော်လူး နန့်စီးအောင် ကြား ကားလမ်း တံတားတွေပြင်

နိုဝင်ဘာ၃ရက်နေ့ကအင်းတော်မြို့နယ်မော်လူးနှင့်နန့်စီးအောင်ကြားတံတားများဆောင်ရွက်နေမှုကြောင့်ကွင်းလမ်းမကောင်းသဖြင့်ဆိုင်ကယ်၊ကားကြီးကားငယ်ခရီးသွားပြည်သူများမှာနေ့စဉ်နှင့်အမျှအခက်အခဲများဖြင့်ုကြုံတွေ့နေရသည်၊ထို့ကြောင့်တာဝန်ရှိသူများမှလည်းတံတားများပြီးအောင်မဆောင်ရွက်မီအချိန်တွင်းခရီးသွားပြည်သူများအခက်အခဲမရှိသွားလာရေးအဆင်ပြေစေရန်ကွင်းလမ်းများကောင်းမွန်စွာဆောငိရွက်ပေးသင့်သည်ဟုသတင်းကောင်းပါးလိုက်တယ်။


မော်လူး-ပငိဝယ်ကြား ရထားလမ်း တံတား အုတ်တိုင် စောင်းတယ်တဲ့

အင်းတော်မြို့နယ်မော်လူးဘူတာနင့်ပင်ဝဲဘူတာကြားရထားမိုင်တိုင်အမှတ်၆၀၅/၁၁/၁၂ကြားရေပေါက်တံတားအမှတ်၄၉၇သည်ရေလည်တိုင်အုတ်ခုံအနောက်ဘက်ခြမ်းမှာစောင်းသွားသဖြင့်ရထားစီးခရီးသည်များတွက်အန္တရာယ်ရှိနိင်သည်၊၎င်းနေရာသို့မော်လူးမှတာဝန်ရှိသူများ ကသွားရောက်ကြည့်ရှု့ပြီးလိုအပ်သည်များကိုမှာကြားပြီးမော်လူးလမ်းဗိုလ်လေးနင့်ဝန်ထမ်းများကရထားလမ်းပွင့်နိင်ရေးကိုဆောင်ရွက်ချိန်မော်လူးဘူတာ၌ခရီးသည်များစားသောက်ရေးအဆင်ပြေစေရန်အမှတ်၃၈မြစ်ဆုံရထားကိုရပ်နားထားသည်။

Sunday, November 1, 2015

သင် မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပြီးပြီလား ?

2015 Myanmar Election added 2 new photos.
သင် မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပြီးပြီလား ?
+++++++++++++++++++++++++++++++++++
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများအား ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် မဲဆန္ဒရှင်သက်သေခံ လက်မှတ် များကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးနေပါပြီ။
မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသဖြင့် ထုတ်ယူကြရန် တိုက်တွန်းအပ်ပါသည် –
(က) မဲစာရင်းပါကြောင်းနှင့် မဲပေးခွင့်ရရှိကြောင်း သေချာခိုင်လုံစေသည်။
(ခ) မည်သည့်မဲရုံတွင် မဲပေးရမည်ဖြစ်ကြောင်း သိရှိနိုင်မည်။
(ဂ) မဲစာရင်းအမှတ်စဉ်ဖော်ပြထားသဖြင့် မဲစာရင်းစိစစ် လက်မှတ်ရေးထိုး ရာတွင် လည်းကောင်း၊ မဲလက်မှတ်ထုတ်ယူရာတွင်လည်းကောင်း လွယ်ကူမြန်ဆန်စေမည်။
(ဃ) စိစစ်ချိန်တွင် မှတ်ပုံတင်အစား ဤလက်မှတ်ဖြင့် အထောက် အထားပြသနိုင်မည်။
(င) မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေမည်။
မဲပေးမည့်ရက်တွင် မဲရုံတစ်ရုံအတွက် မဲပေးမည့် မဲဆန္ဒရှင်ပေါင်း ၃ဝဝ မှ ၃ဝဝဝ အထိရှိနိုင်တဲ့အတွက် မိမိ အမည်စာရင်းကို မဲစာရင်းတွင်ရှာရာတွင်ကြာနေပါက မဲရုံ ပိတ်ချိန် မတိုင်မီ မဲဆန္ဒရှင်တိုင်းမဲပေးပြီးဖို့မလွယ်ကူပါ။ ဒါကြောင့် မိမိအမည်ကို မဲစာရင်းတွင်ရှာရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန် ကြိုတင်ပြီး မိမိမဲရုံ၊ မိမိ မဲစာရင်းအမှတ်စဉ် တို့ကို မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် ကြိုတင် သိရှိပြီး ပိုမိုမြန်ဆန်စေပါတယ်။ ဒါကြောင့် ယနေ့မှ စတင်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ် ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွင် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုဇယားပြ၍ သွားရောက်ထုတ်ယူကြပါရန် တိုက်တွန်းအပ်ပါသည်။
(နိုဝင်ဘာ ၈ ရက်နေ့တွင် သက်သေခံ လက်မှတ် ထုတ်ယူထားခြင်းမရှိသူများ နဲ့ သက်သေခံလက်မှတ် ပျောက်ဆုံးသွားသူများသည်လည်း ပုံမှန်မဲပေးပုံစနစ် အတိုင်း မဲပေး နိုင်သည်။ သက်သေခံလက်မှတ် ရှိသူမှာ မဲပေးခြင်း ပိုမိုမြန်ဆန်ပါသည်။)



Saturday, October 31, 2015

နှင်းဆီပန်း ကို အမြန်ဆုံး ကြီးထွားအောင် ဘယ်လို စိုက်မလဲ

နှင်းဆီပန်း ကို အမြန်ဆုံး ကြီးထွားအောင် ဘယ်လို စိုက်မလဲ ?
၁ ။ ပထမဆုံး ၆ လက်မခန့် မြေကျင်း တူးပါ။
၂ ။ မြေကျင်းထဲ ကို သဲ အနည်းငယ်အောက်ခံ ထည့်ပါ ။
၃။ စိုက်ပျိုးလိုသည့် နှင်းဆီရောင် ကို ကိုင်းဖြတ်ပါ။
ကိုင်းသည် စိုက်ပျိုးရန် ရင့်သည့် ကိုင်း ဖြစ်ရန်လိုသည် ။ ၉ လက်မ အရှည်ခန့် ဖြတ် လျင် လုံလောက်သည်။
၎။ အာလူး အနည်းငယ်ကြီးတာ ကို ယူပါ ။ စိုက်မည့် နှင်းဆီ ကိုင်း ကို အရင်းပိုင်းချွန်ပြီး အာလူးထဲ ကို ၃ပုံ ၂ပုံ ခန့်ထိ ထိုးစိုက်ပါ ။
၅ ။ အာလူးထဲ စိုက်ပြီးသား နှင်းဆီကိုင်းတွေ ကို မြေကြီးထဲ မြုတ်ပြီး စိုက်လို့ရပါပြီ ။
အာလူးမှာပါတဲ့ ကြွယ်ဝလှတဲ့ ဓာတ်တွေနဲ့ ရေဓာတ်ဟာ နှင်းဆီပင် ကို အလွယ်တကူ ကြီးထွား ရှင်သန် စေမှာ ဖြစ်ပါတယ် ။
Admin .... Traveller


ပိဋကသုံးပုံလေ့လာချင်သူတွေအတွက် CSPitaka For Android



ပိဋကသုံးပုံ လေ့လာချင်သူတွေအတွက် CSPitaka Software လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ Software လေးကထွက်ထားတာကြာပြီဆိုပေမဲ့ လိုအပ်တဲ့သူတွေရှိနေကြတုန်းမို့ ပြန်တင်ပေးလိုက်တာပါ။ ဘုန်းဘုန်းတွေလဲ လိုအပ်မှု့ရှိလို့တောင်းဆိုဖူးပါတယ်။ ဒါကြောင့်လိုအပ်သူများအားလုံး ရယူလိုက်ပါ။ ဒီ Software လေးထဲကနေ ပိဋကသုံးပုံပါဠိတော် / အဘိဓာန် ကို ဘာသာစကားလေးမျိုးနဲ့ကြည့်ရှု့နိုင်ပါတယ်။ applicaton နဲ့ data တွဲပြီးအသုံးပြုရမှာပါ။ CSPitaka apk _____________ CSPitaka data ______________ အဆင်ပြေပါစေ။ Warmly Welcome

ဒီမှာ   နှိပ်ပြီး  ဒေါင်းလိုက်ပါ  data  ပါ သဖြင့်  install  လုပ်ရာ တွင်  သတိထားပါ

“အမျက်ဒေါသ၊ရန်ငြိုး ပယ်ဖျောက်ရန် အရှင်သာရိပုတ္တရာ ပေးတဲ့နည်း”

အမျက်ဒေါသ၊ရန်ငြိုး ပယ်ဖျောက်ရန်
အရှင်သာရိပုတ္တရာ ပေးတဲ့နည်း”
•••••••••••••••••••••••••••••••••••••••••••••••
လောကမှာ လူအမျိုးအစား (၅) မျိုး ရှိပါတယ်။
(၁)။တချို့လူမှာ ကိုယ်အကျင့် မစင်ကြယ်၊
နှုတ်အကျင့်တော့ စင်ကြယ်ကြတယ်။

(၂)။ တချို့လူမှာ နှုတ်အကျင့် မစင်ကြယ်။
ကိုယ်အကျင့်တော့ စင်ကြယ်ကြတယ်။

(၃)။ တချို့လူမှာ ကိုယ်အကျင့်ရော၊
နှုတ်အကျင့်ပါ မစင်ကြယ်၊တစ်ခါတစ်ရံတော့
စိတ်ကောင်းလေး ဝင်တယ်၊ ရှိတယ်။

(၄)။ တချို့လူမှာ ကိုယ်အကျင့်ရော၊ နှုတ်အကျင့်ပါ
မစင်ကြယ်။တစ်ခါတစ်ရံတောင် စိတ်ကောင်းလေး
မဝင်၊ မရှိ။

(၅)။ တချို့လူမှာ ကိုယ်အကျင့်ရော၊ နှုတ်အကျင့်ပါ
စင်ကြယ်တယ်။ မပြတ်မလတ် စိတ်ကောင်းရှိတယ်။

အဲဒီလူ ၅ မျိုးလုံးအပေါ်မှာ ရန်ငြိုးဖြစ်ပေါ်လာရင်
ဘယ်သူ့အပေါ်မှာပဲ ဖြစ်ပေါ်ဖြစ်ပေါ် ပယ်ဖျောက်ပေးဖို့
အရှင်သာရိပုတ္တရာက ရဟန်းတွေအား ဆုံးမတော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာက အဲဒီ လူ ၅ မျိုးအတွက်
ဥပမာ ၅ မျိုးကို ဟောတော်မူခဲ့ပါသေးတယ်။

❖၁ နံပါတ် လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုဖြစ်ပါတယ်။

ပံ့သကူဓုတင်ဆောင် (ပံ့သကူသင်္ကန်းဆောင်) ရဟန်းက
လမ်းအကြားမှာ အဝတ်အဟောင်းအနွမ်း အပိုင်းအစကို
တွေ့တယ်။လက်ဝဲခြေထောက်နဲ့ နင်းပြီး၊
လက်ယာခြေထောက်နဲ့ ဖြန့်တယ်။
အဲဒီအဝတ်အပိုင်းအစထဲက ခိုင်မြဲတဲ့ နေရာကို
ဆုတ်ယူကာ ဖဲသွားတယ်။

❖နံပါတ် ၂ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုဖြစ်ပါတယ်။

ရေကန်တစ်ကန် ရှိတယ်။
မှော်၊ အမှိုက်တွေက ရေပေါ်မှာ ဖုံးလွှမ်းနေတယ်။
နွေနေပူ နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်
မွတ်သိပ်လာတဲ့ လူတစ်ယောက် လာတယ်။
အဲဒီလူက အဲဒီရေကန်ထဲ သက်ဆင်းပြီး လက်နှစ်ဖက်နဲ့
ဟိုဟိုဒီဒီ မှော်၊ အမှိုက်တွေကို ဖယ်ရှားကာ လက်အုပ်နဲ့
ခတ်သောက်ပြီး ဖဲသွားတယ်။

❖နံပါတ် ၃ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့ ပေးထားတဲ့
ဥပမာလေးက ဒီလိုပါ။နွားခြေရာခွက်ထဲမှာ ရေအနည်းငယ်
ရှိတယ်။ နွေနေပူ နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်
မွတ်သိပ်လာတဲ့ လူတစ်ယောက်လာတယ်။
“နွားခြေရာခွက်ထဲက ဒီရေကား နည်းနယ်၊
ငါဟာ လက်ခုပ်နဲ့ဖြစ်ဖြစ်၊
ခွက်နဲ့ ဖြစ်ဖြစ် သောက်လိုက်ရင်၊
အဲဒီရေကို တုန်လှုပ်အောင်လည်း
လုပ်ရာရောက်မယ်။မွှေနှောက်ရာလည်း ရောက်မယ်။
သောက်မဖြစ်အောင်လည်း လုပ်ရာရောက်မယ်။
ငါဟာ လေးဖက်ထောက်ပြီး နွားသောက်သလို
သောက်ကာ ဖဲသွားရရင် ကောင်းလေစွ”
လို့ အဲဒီလူမှာ အကြံဖြစ်ပေါ်လာတယ်။
အဲဒီလူက လေးဖက်ထောက်ပြီး နွားသောက်သလို
သောက်ကာ ဖဲသွားတယ်။

❖နံပါတ် ၄ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုပါ။

ခရီးရှည်သွားနေတဲ့ လူတစ်ယောက်မှာ
ပြင်းထန်တဲ့ ရောဂါဖြစ်လာတယ်။
ကိုယ်စိတ်ဆင်းရဲရတယ်။
အပြင်းအထန် မကျန်းမမာဖြစ်တယ်။
သူ့ရှေ့မှာလည်း အဝေးကြီးမှာမှ ရွာရှိတယ်။
နောက်မှာလည်း အဝေးကြီးမှာမှ ရွာက ရှိတာယ်။
သူဟာ သင့်လျော်တဲ့အစာတွေ၊ ဆေးတွေနဲ့
အလုပ်အကျွေးကို မရ။ ရွာအနီးရောက်အောင်
ပို့ပေးမယ့်သူကို မရ။ အခြားခရီးသွားတစ်ယောက်က
အဲဒီလူနာခရီးသွားကို မြင်တယ်။ အဲဒီလူနာခရီးသွားအပေါ်
သနားကြင်နာကရုဏာကိုပဲ ထားနိုင်ပါတယ်။
“ဪ... ဒီလူနာခရီးသွားမှာ သင့်လျော်တဲ့
အစာတွေ၊ ဆေးတွေ၊ အလုပ်အကျွေးနဲ့ ရွာနား
ရောက်အောင် ပို့မယ့်သူကိုရရင် ကောင်းလေစွ။
အကြောင်းကတော့ ဒီခရီးသွားလူနာဟာ ဒီနေရာမှာပဲ
မပျက်စီးစေလိုလို့ ပါပဲ”။ အဲဒီလို သနားကြင်နာ
ကရုဏာကိုပဲ ထားနိုင်ပါတယ်။(ဘာမျှ မတတ်နိုင်ပါ။)

❖နံပါတ် ၅ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုပါ။

ရေကန်တစ်ကန် ရှိတယ်။ ရေကြည်လင်တာယ်။ချိုမြတယ်။
အေးမြတယ်။လှိုင်းထရာနေရာတွေမှာ ရေဖြူတယ်။
ညီမျှတဲ့ ဆိပ်ကမ်းရှိတယ်။ပျော်မွေ့ဖွယ်ကောင်းတယ်။
သစ်ပင်အမျိုးမျိုးတွေနဲ့ ဖုံးလွှမ်းထားတယ်။ နွေနေပူ
နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်မွတ်သိပ်လာတဲ့
လူတစ်ယောက် လာတာယ်။ အဲဒီလူက အဲဒီရေကန်ထဲ
သက်ဆင်းပြီး ရေလည်းချိုးတယ်။
သောက်လည်း သောက်တယ်။
ရေထဲက တက်လာပြီး အဲဒီသစ်ပင်ရိပ်အောက်မှာပဲ
ထိုင်လည်းထိုင်တယ်။လဲလျောင်းလည်း လဲလျောင်းတယ်။

✤နံပါတ် ၁ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်ကို နှလုံးမသွင်းရ။
စင်ကြယ်တဲ့ နှုတ်အကျင့်ကို နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၂ လူရဲ့
မစင်ကြယ်တဲ့ နှုတ်အကျင့်ကို နှလုံးမသွင်းရ။
စင်ကြယ်တဲ့ ကိုယ်အကျင့်ကို နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၃ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်၊
နှုတ်အကျင့်ကို နှလုံးမသွင်းရ။တစ်ခါတစ်ရံ ဖြစ်ပေါ်လာတဲ့
စိတ်ကောင်းလေးကိုပဲ နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၄ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊
တစ်ခါတစ်ရံတောင် စိတ်ကောင်းမဝင်မှုတွေကို
နှလုံးမသွင်းရ။အဲဒီလူအပေါ်
သနားကြင်နာ ကရုဏာကိုပဲ ထားရပါတယ်။

“ဪ ဒီလူဟာ မကောင်းတဲ့ ကိုယ်ကျင့်၊ နှုတ်ကျင့်၊
စိတ်ကျင့်တွေကို ပယ်ရှားပြီး ကောင်းတဲ့ ကိုယ်ကျင့်၊
နှုတ်ကျင့်၊ စိတ်ကျင့်တွေကို ပွားများရင် ကောင်းလေစွ။
အကြောင်းကတော့ ဒီလူ သေပြီး၊ငရဲမရောက်စေလို လို့ပါပဲ။”
သနားကြင်နာ ကရုဏာကိုပဲ ထားရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၅ လူရဲ့
စင်ကြယ်တဲ့ ကိုယ်အကျင့်၊နှုတ်အကျင့်နဲ့
စိတ်ကောင်းတွေကို နှလုံးသွင်းရပါတယ်။
အဲဒီ နည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။
အဖက်ဖက်က စိတ်ကြည်လင်မှုပေးနိုင်တဲ့ အဲဒီလူကို
အကြောင်းပြုပြီး စိတ်ဟာ ကြည်လင်ရပါတယ်။
-【အံ၊ ပါဠိ၊ တ၊ ၁၆၄】

လူတစ်ယောက်မှာ အကောင်းချည်းရှိဖို့ ခဲယဉ်းသလို
အဆိုးချည်းရှိဖို့လည်း ခဲယဉ်းပါတယ်။ လူတစ်ယောက်မှာ
အကောင်းနဲ့ အဆိုးဟာ တွဲနေတတ်ပါတယ်။
ကောင်းကွက် ကိုပဲ ကွက်ပြီးကြည့်တတ်၊ နှလုံးသွင်းတတ်ရင်
ကိုယ့်မှာ ဒေါသမီး ပူလောင်မှုဒဏ်ကို မခံရပါ။
ဆိုးကွက်ကိုပဲ ကွက်ပြီး ကြည့်နေ၊
နှလုံးသွင်းနေရင်တော့ ကိုယ့်မှာ
စိတ်ပူလောင် ပင်ပန်းရပါတော့တယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】


ဂရန်ဆိုသည်မှာ



ဂရန်ဆိုသည်မှာ ၁

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေံ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မ၇ှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ၇ှိသေး...
ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ...

“ဂရန်ဆိုသည်မှာ”

အပိုင်း - ၁ ဂရန်
်၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။

ဂရန်လျှောက်ထားခြင်း၂။

အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရ ပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။

ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇ၀င် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည်မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇ၀င် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိက တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။

ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ၃။

အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမဲ့ ဂရန်လျှောက်မဲ့မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇ၀င် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇ၀င်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဌာနအနေနဲ့ ထောက်ပြရမဲ့ တာဝန် ရှိပါတယ်။ ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာ မဆန်းပါ။

အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား၎။

လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ တွေ မြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပ ဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။

မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွါးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။

မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ၅။

ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အ၀န်းအ၀ိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။
အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှအသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်းအဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါ ဘူး။ ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိ သောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။

( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကိုအစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊

ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။

(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်

(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်န၀ါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်န၀ါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။

ဇော်မင်း(နတ်မောက်)