မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Monday, April 25, 2016
Saturday, April 23, 2016
ဒို့ဝန်ကြီးချုပ် မော်လူးလာရင်တော့ ဟင်းပေါင်းနဲ့ မယ်ဇလီဟင်းကျွေးယုံဘဲ
ဒို့ဝန်ကြီးချုပ် လုပ်ချပုံကတော့ အောက်မှာသာ ဖတ်ကြည့်တော့
#ဒီနေ့စကား(၂)
တို့ပြည်သူတွေဆင်းရဲနေချိန်မှာ လူကြီဆိုသူတွေကို
ဧည့်ခံကြွေးမွေးတဲ့စားရိတ်တွေ၊ ဟင်းခွက်တွေအများကြီးနဲ့ ဧည့်ခံတာတွေမလုပ်ပါနဲ့... ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ...
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်
(၂၃.၄.၂၀၁၆ တလိုင်းရွာ)
Credit Than Htay
----------------------
ကဲ ရှင်းတယ်နော့ လူကြီးခရီးစဉ်ရှိတယ်ဆိုပြီး တစ်ရက်ကြို လာပြီး ဝါးတီး လာလုပ်ရင် ကိုယ့်စရိတ်ကိုယ်သာ ရှင်းသွားကြပေတော့ *****
Thursday, April 21, 2016
နှစ်သစ်မှာ လေးတန်ရိုးက လုပျိုကြီး ကဗျာတစ်ပုဒ် နဲ့ ဖေ့ဘုတ် မှတဆင့် ပေါက်ကွဲထားတယ်ဗျာ
အိပ်ရာက နိုး အိမ်ခေါင်မိုးက
စာလေးနှစ်ကောင် လှောင်ပြောင်ကြတယ်
ချစ်ချစ် ချစ်ချစ် နှစ်သစ်မှာ
အချစ်သစ် ရပြီလား....တဲ့..
စိတ်ညစ်ညစ်နဲ့ ရွာပြင်ထွက်
ဥသြ ငှက်က တွန်ပြန်တယ်လေ
ဖော်ဝေး ဖော်ဝေး
အဆွေးသမားလေး သနားပါတယ် တဲ့
လယ်ပြင်ထဲက မိုးတောင်းတ တဲ့
ဖားကတစ်ခါ ဘွ ဘွ ဘွ ဘွ
ဘဝဆိုတာ ချိုတစ်လှည့် ခါးတစ်လှည့်.
ကျွဲတစ်သင်းနဲ့ တွေ့ပြန်တဲ့အခါ
ငှဲ့ ငှဲ့ ငှဲ့နေတာကိုး ကွ တဲ့လေ..
လေးတန်ကမ်း သဖန်းပင်က
ချိုးကလေးက တခူးကူး
တခူးကူး တန်ခူး ကူးသွားပြန်ပြီကွာတဲ့လေ....
လေးတန်ချောင်းထဲ ဘဲတစ်အုပ်က
အော်စုတ်သွားတာ ရစရာမရှိအောင်
ဘတ် ဘတ် ဘတ်
ဘတ်ဂျက်မရှိရင် နင် ဒီတိုင်းပါပဲတဲ့..
ဘာဆက်လုပ်ရမှန်း မသိချိန်
ဗျိုင်းတစ်ကောင် ထအော်သည်က
အောက် အောက် အောက်
တစ်နှစ် အောက်သွားပြန်ပြီ
Ko Mg ရေ..တဲ့လေ .....။
---------------------=======---------
ရဟန်းတော်များ ပရိတ်ရွတ်နေရင် လူဝတ်ပုဂ္ဂိုလ်များ လိုက်မရွတ်ဖို့ သိသလိုလို ရသလိုလိုနဲ့ သူများအတွက် မှတ်သားဖွယ်
ရဟန်းတော်များ ပရိတ်ရွတ်နေရင်
လူဝတ်ပုဂ္ဂိုလ်များ လိုက်မရွတ်ဖို့
**********************************
ဗဟုသုတလေးပါ
ပရိတ်က သူများအကျိုးရစေချင်ရင် ကိုယ်ကရွတ်ပေး။
ကိုယ်ကအကျိုးရချင်ရင် သူများရွတ်တာကိုနာယူရတယ်တဲ့။
ဘုရားရှင်ကိုယ်တော်တိုင် မကျန်းမာတဲ့အခါ
စုန္ဒမထေရ်ကို ဗောဇ္ဈင်္ဂသုတ် ရွတ်စေပြီး နာယူတော်မူတယ်တဲ့။
ရဟန်းတော်များဟာ လူဝတ်ကြောင်များနဲ့ ပါဋ္ဌိကို
ပုဒ်ပြိုင်မရွတ်ရလို့ ပညက်ချက်ရှိတယ်
ရဟန်းများအာပတ်သင့်တယ်။
အရင်ကမသိခဲ့မိလို့ လိုက်ဆိုခဲ့မိတယ်။ဒါကြောင့်
မသိတဲ့သူငယ်ချင်းတွေလည်း သိရအောင် တင်လိုက်တာပါ။
ကျန်းမာကြပါစေခင်ဗျာ။
မော်လူးတွင် မေတ္တာအားမာန် လူမှုကူညီရေးအသင်း(နာရေး)ကိုဖွဲ့ စည်း တယ်တဲ့
မော်လူးတွင် မေတ္တာအားမာန်
လူမှုကူညီရေးအသင်း(နာရေး)ကိုဖွဲ့ စည်း
****************************
ဧပြီ ၂၀ရက်နံနက်၁၀နာရီအချိန်က
ကသာခရိုင် အင်းတော်မြို့ နယ်
မော်လူးအုပ်ချုပ်ရေးမှူးရုံးမှာ
မေတ္တာအားမာန်လူမှု ကူညီရေးအသင်း
( နာရေး)ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်းသိရပါတယ်
ယခုအဖွဲ့ အစည်းဟာ အဓိကအားဖြင့် မိမိတို့ ၏ နောက်ဆုံးနေဝင်ချိန် ဖြတ်သန်းရမည့်  ဘဝခရီးကို အခက်အခဲမရှိ အဆင်ပြေစေနိုင်ရန်ရည်ရွယ်လျက်
ကူညီဆောင်ရွက်ပေးနိုင်မည့် နာရေးကူညီမှု
လုပ်ငန်းများကိုအဓိကထား၍
လုပ်ဆောင်မည့်  အသင်းကိုဖွဲ့ စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း ဆင်းရဲနွမ်းပါးချို့ တဲ့သူများ ဒေသန္တရခရီးသွားများ အကြောင်းအမျိုးမျိုး ကြောင့်နာရေးအခက်အခဲနှင့်ကြုံတွေ့ ရာတွင်ကူညီနိုင်ပေးနိုင်ရန်နှင့် မော်လူးဒေသ(၁၀)အုပ်စု ကျေးရွာ(၄၃)ရွာ အတွင်း၌ အခက်အခဲရှိသူများကို ကူညီပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး မေတ္တာအားမာန်နာရေးကူညီမှု အသင်းကို စတင်ဖွဲ့ စည်းတည်ထောင်ရခြင်းဖြစ်ကြောင်း
သိရပါတယ်
အဆိုပါအသင်းတွင်နာယကများအဖြစ် မော်လူးအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့် တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာဝတ်မှုံ ထွန်း ဦးဆောင်သောနာယကအဖွဲ့ ဝင်များ အသင်းခေါင်းဆောင် ဦးအောင်ရွှေ(ဆံရှည်) ဦးအောင်အောင် (ပညာရေး)နှင့်အဖွဲ့ တို့  ပါဝင်ကြောင်း အသင်းအဖွဲ့ အစည်းအတွက်လှူ ဒါန်းလိုပါက အဖွဲ့ ဝင်ဦးချိတ်
(ခိုင်ဝင်းလဲ့ ကွန်ပျူ တာ) ၀၇၅-၆၅၁၅၄ ၀၉-၉၆၂၀၀၀၈၅၄ နှင့် ဦးစိုးမြင့် (မော်လူးအုပ်စုအုပ်ချုပ်ရေးမှူး)
၀၉-၉၆၂၀၀၅၈၅၅ သို့ ဆက်သွယ်လှူ ဒါန်း
နိုင်ကြောင်းသိရသည်
Cyclone
Wednesday, April 20, 2016
အစိုးရ အသစ်က သင်ခန်းစာ ပေးပြန်ပြီဗျာ တို့မြို့နယ်က ကြီးကြီးမစတာတွေ သတိပဋ္ဌာန်တရား လက်ကိုင်ထားကြနော့
Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက အသိပေး ကြေညာချက် ထုတ်ပြန်
Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက ဧပြီ ၂၀ ရက်စွဲဖြင့် သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
“မီဒီယာကုမ္ပဏီကြီး တစ်ခုအား ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေး” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ အသိပေးကြေညာချက်တွင် အချက်သုံးချက် ဖော်ပြခဲ့ပါသည်။
ပထမ အချက်တွင် “အဂတိလိုက်စားမှု အလေ့အထ အချိန်တိုကာလအတွင်း လုံးဝ ပပျောက်သွားစေရန်အတွက် ထုတ်ပြန်ထားသည့် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” အားလိုက်နာခြင်း မရှိဘဲ ဆောင်ရွက်လာသည့် မီဒီယာကုမ္ပဏီကြီးတစ်ခုအား သမ္မရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဧပြီ ၂၀ ရက်နေ့ရက်စွဲဖြင့် ပညာပေး အသိပေးသည့် အကြောင်းကြားစာ ပေးပို့ခဲ့သည်” ဟု ဖော်ပြခဲ့ပါသည်။
ဒုတိယအချက်တွင် ပေးပို့ခဲ့သည့် အကြောင်းကြားစာပါ ဖော်ပြချက်များကို စာပိုဒ်ခွဲလေးခုဖြင့် ဖော်ပြခဲ့ပါသည်။
ထိုသို့ ဖော်ပြရာတွင် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် ၂၀၁၆ ခုနှစ်ဧပြီ ၁ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနအားလုံးသို့ ပေးပို့ထားပြီး အများပြည်သူ သိရှိရန်လည်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့နောက် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ကို ဆက်လက်ဖော်ပြရာတွင် “နေပြည်တော်တွင် မဟာသင်္ကြန်ကို သိုက်သိုက်မြိုက်မြိုက် ကျင်းပရာတွင် မီဒီယာကုမ္ပဏီကြီး အနေဖြင့်လည်း မဏ္ဍပ်တည်ဆောက်ကာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထိုသို့ပါဝင်ဆင်နွှဲရာတွင် အစိုးရအဖွဲ့ ၀န်ကြီးဌာနများမှ ပုဂ္ဂိုလ်တို့ကိုလည်း ဖိတ်ကြားကာ ဧည့်ခံမှုပြုလုပ်ခဲ့သည်။ ထိုသို့ ဖိတ်ကြားဧည့်ခံသူများအနက် အရေကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိလည်း ပါဝင်ပါသည်။ ထိုသို့ လာရောက်သူများကို နှစ်သစ်ကူး လက်ဆောင်ပေးရာ၌ ကိုယ်ရေးအရာရှိအား ငွေသားကျပ်သိန်း ၅၀ ပါအထုပ်ကို ပေးအပ်ရာတွင် သက်ဆိုင်ရာ အရာရှိမှ ငွေသားဟု မသိသဖြင့် ယူဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာတွင် ငွေများဖြစ်နေသဖြင့် လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း အထက်အကြီးအကဲထံ တင်ပြခဲ့ပါသည်။ အဂတိလိုက်စားမှုသည် ကနဦးအဆင့်တွင် လက်ဆောင်ပစ္စည်းပေးရာမှ စတင်နိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးအနေဖြင့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ပါသည်” ဟု ဖော်ပြခဲ့သည်။
ထို့နောက် “မီဒီယာကုမ္ပဏီကြီး အနေဖြင့် ပေးအပ်သည့် ငွေကြေးသည် စေတနာဖြင့် ပေးအပ်သည့်တိုင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ဘောင်ထက် များစွာကျော်လွန်ပါသည်။ ဤကိစ္စသည် ယခုအစိုးရလက်ထက်တွင် ပထမအကြိမ် ပေါ်ပေါက်သည့် ကိစ္စဖြစ်သဖြင့် ပညာပေးကာလဟု သတ်မှတ်ပြီး ယခုကိစ္စကို ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းပြုမည် မဟုတ်ပါ။ အဂတိ လိုက်စားမှုကို ပပျောက်အောင် ဆောင်ရွက်ရာတွင် အဓိက “မူ” မှာ “မပေးရန်”၊ “မယူရန်” ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် လက်ဆောင်ပစ္စည်း ပေးမှုများကို လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်စွာ ဆောင်ရွက်ခြင်း မပြုရန် သက်ဆိုင်ရာ ကုမ္ပဏီအား လေးနက်စွာ အကြောင်းကြားခဲ့ပါသည်” ဟု ဆက်လက်ဖော်ပြခဲ့သည်။
နောက်ဆုံးစာပိုဒ်ခွဲငယ်၌ လက်ဆောင်ပေးအပ်သည့် ငွေသားကျပ်သိန်း ၅၀ အား နွေရာသီတွင် ရေရှားပါးသဖြင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူမည်ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း၊ လက်ခံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများကပါ ၀ိုင်းဝန်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ အချိန်တိုကာလအတွင်း တိုက်ဖျက်ပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြခဲ့ပါသည်။
သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော မီဒီယာ ကုမ္ပဏီကြီး၏ အမည်၊ အရေးကြီးပုဂ္ဂိုလ်၏ အမည်၊ ကိုယ်ရေးအရာရှိတို့၏ အမည်များကို အများပြည်သူ သိရှိစေရန် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် မဏ္ဍပ်တည်ဆောက်ခဲ့သော မီဒီယာကုမ္ပဏီများထဲတွင် Sky Net တစ်ခုသာရှိပြီး အဆိုပါ Sky Net မဏ္ဍပ်ဖွင့်ပွဲနေ့သို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သင်္ကြန်အတက်နေ့တွင် Sky Net မဏ္ဍပ်သို့ သွားရောက်ခဲ့သည့် ဒေါက်တာ တင်မျိုးဝင်းတို့၏ ပုံရိပ်များမှာ Sky Net ရုပ်သံလိုင်း ကြည့်ရှုခဲ့သူများအကြား ရေပန်းစားခဲ့ပါသည်။
“နေပြည်တော်မှာ သင်္ကြန်မဏ္ဍပ်ဆောက်တဲ့ မီဒီယာ ဆိုလို့ Sky Net မဏ္ဍပ် တစ်ခုပဲ ရှိတာပါ။ ဒါကို ထုတ်ပြန်ချက်မှာ Sky Net လို့ တိုက်ရိုက် မပြောဘဲ မီဒီယာ ကုမ္ပဏီကြီး တစ်ခုလို့ ဖော်ပြတာဟာ မီဒီယာ အားလုံးကို ဂုဏ်သိက္ခာ ချသလို ဖြစ်နေတဲ့အတွက် ဒီလို အသုံးအနှုန်းကို ကန့်ကွက်ပါတယ်။ နံပါတ်နှစ် အချက်က အရင် အစိုးရ လက်ထက်မှာ သိန်းထောင်နဲ့ သောင်းနဲ့ချီပြီး ကမ်းလှမ်းတာတွေ၊ ပေးတာတွေ ရှိခဲ့ပေမယ့် အခု ပေးတဲ့ သိန်း ၅၀ ဆိုတာ နည်းတယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဒါဟာ အခုလက်ရှိ အစိုးရကို ဂုဏ်သိက္ခာချတာ ဖြစ်ပြီး အစိုးရအဖွဲ့ တစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ နံပါတ်သုံး အချက်က ၁၆ ရက်နေ့မှာ ဖြစ်ခဲ့တယ် ဆိုရင်တောင် ဘာကြောင့် ၂၀ ရက်နေ့ ရောက်မှ ထုတ်ပြန်ခဲ့တာပါလဲ။ နံပါတ်လေး အချက်က ဒီငွေတွေကို အလှူငွေအဖြစ် မသိမ်းသင့်ပါဘူး။ ဥပဒေကြောင်းအရ ဆိုရင် ဒီငွေသိန်း ၅၀ ဆိုတာ သက်သေခံပစ္စည်း ဖြစ်ပါတယ်။ ဒါကို စေတနာနဲ့ ပေးတယ်လို့လည်း မသုံးသင့်ပါဘူး။ ပြီးတော့ ဒီလို ငွေသိန်း ၅၀ ကို ကိုယ်ရေးအရာရှိ တစ်ယောက်တည်းကိုပဲ ပေးခဲ့တာလား။ ဖိတ်ကြား ဧည့်ခံခဲ့တဲ့ အစိုးရ ၀န်ကြီးဌာန ပုဂ္ဂိုလ်တိုင်းကို ပေးခဲ့တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီဖြစ်စဉ်ကို ဥပဒေကြောင်းအရ အရေး မယူဘူး ဆိုရင်တောင် ပေးတဲ့ မီဒီယာ ကုမ္ပဏီကြီးကို စံနမူနာပြအဖြစ် အမည်ပျက်စာရင်း သွင်းဖို့ လိုပါတယ်။ နောက်ဆုံး တစ်ချက် ပြောလိုတာက ပညာပေးကာလ ဆိုတာကို ဘယ်တုန်းက သတ်မှတ်လိုက်တာလဲ။ ဘယ်အချိန်ထိလဲ ဆိုတာပါ။ ဒါတွေကို ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောကြားခဲ့ပါသည်။
“လက်ဆောင်ပစ္စည်း လက်ခံခြင်း” နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသော ကြေညာချက်တွင် အစိုးရ အဖွဲ့ဝင်၊ အစိုးရမှ ဖွဲ့စည်းထားသော ကော်မရှင်/အဖွဲ့အစည်းဝင်၊ ပြည်သူ့ဝန်ထမ်းတို့သည် မိမိ၏ ရာထူးကြောင့် ပေးအပ်သည်ဟု ယူဆသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်ထံမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို လက်ခံခြင်း မပြုရန် ပိတ်ပင် တားမြစ်ထားပါသည်။
သို့သော် ခြွင်းချက် အနေဖြင့် လက်ဆောင်ပစ္စည်း တန်ဖိုး ကျပ်ငွေ ၂၅၀၀၀ မပိုသော (အဖွဲ့အစည်း တစ်ခု/လူပုဂ္ဂိုလ် တစ်ဦးထံမှ လက်ခံရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ တန်ဖိုးထက် မပိုစေရ) လက်ဆောင်ပစ္စည်း၊ မိမိ၏ တရားဝင် ရာထူးကြောင့် မဟုတ်ဘဲ မိသားစု ဆက်ဆံရေး၊ ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ (တားမြစ်ချက်များနှင့် အကျုံးဝင်သော လက်ဆောင်ပစ္စည်း မဖြစ်စေရ) ပေးအပ်သော လက်ဆောင်ပစ္စည်း၊ အခါကြီး ရက်ကြီးများတွင် တစ်နှစ်တစ်ခါ ဂါဝရပြု ပေးအပ်သည့် (ဥပမာ - သီတင်းကျွတ် ကန်တော့သော ပစ္စည်း၊ ခရစ္စမတ် လက်ဆောင်) ကျပ်ငွေ ၁၀၀၀၀၀ ထက် မပိုသော လက်ဆောင် ပစ္စည်းများကို လက်ခံခွင့် ပြုထားသည်။
Website Link ----> http://news-eleven.com/local/17893
---------------------------******----------------------
ကဲရှင်းတယ်နယ် သက်ဆိုင်သူတွေ
ဒီတစ်ခါတော့ လူညီရင် ဤဆိုတာ ကျွဲ ဖြစ်တယ်လေး ဘာလေး မော်လူးသားတွေကို လာမလုပ်နဲ့တော့
Monday, April 18, 2016
Saturday, April 16, 2016
Thursday, April 14, 2016
နှစ်ဆန်း ၂ ရက်နေ့ အောင်စာရင်းထွက်မည်တဲ့
အသိပေးအပ်ပါသည်။
၂၀၁၅/၁၆ပညာသင်နှစ်၊ကျောင်းတွင်းစစ်
စာမေးပွဲများအားလုံးနှင့်စတုတ္ထတန်းအဌမ
တန်းစာမေးပွဲအောင်စာရင်းများကိုသက်
ဆိုင်ရာကျောင်းအလိုက် မြန်မာနှစ်ဆန်း
(၂)ရက်နေ့၊(၁၈.၄.၁၆)ရက်နေ့တွင်ထုတ်
ပြန်ကြေငြာသွားမည်ဖြစ်ပါတယ်။
အင်းတော်မြို့နယ်အတွင်းရှိကျောင်း
အုပ်ကြီးများသည်စတုတ္ထတန်းနှင့်အဌမတန်းအောင်စာရင်းများကိုမြန်မာနှစ်ဆန်း(၁)
ရက်နေ့(၁၇.၄.၁၆)ရက်နေ့တွင်မြို့နယ်ပညာရေးမှူးရုံး၌လာရောက်ထုတ်ယူရပါမည်။
fb က မလာသည်။
Wednesday, April 13, 2016
မော်လူးဒေသက ရွေးချယ်တင်မြောက်ပေးလိုက် သော လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကူညီပေးနိုင်ရန် ရှယ်ပေးကြပါအုန်းဗျာ
အင်းတော်မြို့နယ် ၊ မော်လူး ဒေသ နန့်ကျဲချောင်း လယ်ရေပေးဝေသောဆည်(ခေါ်) ကျောက်ဆည်သည် ၂၄.၇.၂၀၁၅ရက်နေ့က
့ မော်လူးဒေသ ရုတ်တရက် ရေကြီးရေလျှံဖြစ်ခဲ့လို့ ဆည်များပေါက်ကျိုးလို့ ယနေ့အချိန်ထိ ပြင်ဆင်နိုင်ခြင်းမရှိသေးပါ လယ်သမားများ ရာသီချိန်ရောက်ခါနီးပြီမို့ လယ်စိုက်ချိန်မှာအခက်အခဲတွေ့နိုင်တာမို့ သက်ဆိုင် မှာ လာရောက်ကြညိ့ရှု ကူညီပေးစေချင်ပါတယ် လယ်သမားဆည်ရေအမြန်ရရှိနိုင်ရေးနဲ့ မော်လူးမြို့ပေါ်ရပ်ကွက်များသောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေနိုင်ရေး မှာ ကျောက်ဆည် မှရေသည် အဓိဖြစ်နေတာမို့ အမြန်ဆုံးကျိုးပြတ်နေသော တာရိုးများ နံရံများ ပြင်ဆင်မှသာ ရေလုံလောက်စွာရရှိနိုင်စေမှာဖြစ်လို့ သက်ဆိုင်ရာမှအမြန်ဆုံးကွင်းဆင်း ကူညီပေးစေလိုပါတယ်
fb က မှ လာသည်
ကိုယ်စားလှယ်ကြီးတွေ တရားစခန်းဝင်နေရင်လည်း ထွက်လာရင် ပြောပေးကြပါအုန်းဗျာ
Tuesday, April 12, 2016
ကြက်ဥစားရာဝယ် သတိထားကြမယ်
မိုးကောင်းမြို့တွင် တရုတ်ကြက်ဥစားပြီး လူငယ် (၈၀)ကျော်အစာ အဆိပ့်သင့်
``````````````````````````````````````````````````````````````````
11,April,2016
ယနေ့ (၁၁.၄.၂၀၁၆)ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊
မိုးကောင်းမြို့မဟောင် ရပ်ကွက်ရှိ စိန်ပီတာ ကက်သလစ် ခရစ်ယာန်ဘုရား
ကျောင်း ၏ နွေရာသီ လူငယ် သင်တန်း Music နှင့် Grammar သင်တန်း
တွင် တက်ရောက်နေသောသင်တန်းသား၊သင်တန်းသူ စုစုပေါင်း(၁၃၂)ဦး
အနက်မှ သင်တန်းသား၊သင်တန်းသူ(၈၀)ကျော်အစာအဆိပ်သင့်ခြင်းကြောင့်
မိုးကောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူ ခဲ့ရကြောင်းသိရှိရ
ပါသည်။
၁၁.၄.၂၀၁၆ ယနေ့ညနေ(၆)နာရီအချိန်ခန့် သင်တန်းမှ ညနေစာ စားသုံး
ရာတွင် ကြက်ဥ ဆီပြန်ဟင်းနှင့် မုန်လာထုပ်ဟင်းရည်စားသုံးပြီး သင်တန်း
သား/သူများ အစာအဆိပ်သင့်(မူးဝေခြင်း၊အန်ခြင်း၊လည်ချောင်းယားခြင်း
များဖြစ်)ခဲ့ရာ မိုးကောင်းဆေးရုံသို့ည(၁၉.၀၀)အချိန်ခန့်တွင်သင်တန်းသား၊သူ(၁၃၂)ဦးရှိသည့်အနက်(၈၀)ကျော်မှာအရေးပေါ်ဆေးကုသခံခဲ့ရကြောင်း
သိရှိရပါသည်။
မိုးကောင်းဆေးရုံ ဆရာဝန်ကြီး နှင့် ဝန်ထမ်းများ၏ ကြိုးစားမှုဖြင့် လက်ရှိ
ည ၉း၀၀ နာရီ အချိန်တွင် စိုးရိမ်စရာ အခြေနေ မရှိတော့ကြောင်း ။
အစာအဆိပ့်သင့် လူငယ်များ ဆေးကုသ ပြီး အခြေအနေ ကောင်းမွန်စွာ
ဘုရားကျောင်းထဲ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ပုံမှန် အနေအထား
မရောက် သေးသည့် (၁၀) ယောက်ခန့် သာဆေးရုံ မှာကျန်တော့
ကြောင်းသိရှိရပါသည်။
ထိုကြက်ဥများမှာ တရုတ်ပြည်မှလာသည့်ကြက်ဥဖြစ်ကာ ဆေးပါသည့်
အတွက် ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်ကြောင်း ဆရာဝန်များနှင့် ရဲများမှဆိုကြောင်းလည်း သိရသည်။
Monday, April 11, 2016
ကမ္ဘာအရှည်ဆုံး စပါးအုံးမြွေ
ကမ္ဘာအရှည်ဆုံး စပါးအုံးမြွေ
၂၆ပေ နီးပါး ရှည်တဲ့ စပါးအုံးမြွေကြီး တကောင်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မလေးရှား နိုင်ငံ ပီနန်ကျွန်းပေါ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ လဲကျနေတဲ့ သစ်ပင်အောက်မှာ ဖမ်းဆီး ရခဲ့ပါတယ်။
အဲဒီမြွေကြီးဟာ ဥတွေ ဥပြီးတဲ့နောက် မနေ့က ၊ တနင်္ဂနွေနေ့က သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ စံချိန်တင်ထားတဲ့ စပါးအုံးမြွေက ၂၅ ပေဘဲ ရှိတာမို့ အခု တွေ့ရှိရတဲ့ မြွေကြီးဟာ ကမ္ဘာ့အရှည်ဆုံး စပါးအုံးမြွေ အဖြစ် စာရင်း ၀င်ကောင်း ၀င်သွားနိုင်တယ်လို့ အရာရှိတွေက ဆိုပါတယ်။
Wednesday, April 6, 2016
ဒို့ဝန်ကြီးချုပ်ကတော့ ပထမ ဆုံး သင်ခန်းစာ စပြီ
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်လမ်းကြောင်း မီးပွိုင့်များ ကြိုတင်စိမ်းမထားရန် ညွှန်ကြားထားဟုဆို
---------------------------------------
မုံရွာ၊ ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် ဧပြီလ ၁ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေပြီ ဖြစ်သော ဒေါက်တာမြင့်နိုင်က ဝန်ကြီးချုပ်လမ်းကြောင်းတွင် မီးပွိုင့်များ ကြိုတင်စိမ်းမထားဘဲ မီးနီပါက ယာဉ်တန်းအား ရပ်ရန်နှင့် ရှေ့ပြေးယာဉ်များကို ဖြည်းဖြည်းသာ မောင်းနှင်ရန် ညွှန်ကြားထားသည်ဟု အမှတ် (၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မုံရွာ) မှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှေ့ပြေး ယာဉ်တန်းကိုလည်း လိုအပ်မှ ခေါ်မယ်လို့ ပြောတယ်။ အများနည်းတူ မီးပွိုင့်တွေမှာ ရပ်စောင့်ဖို့နဲ့ ဖြည်းဖြည်းမောင်းဖို့ ယာဉ်ထိန်းတပ်ဖွဲ့ကို ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။
လာဘ်ပေးလာဘ်ယူ ကိစ္စများ၊ မူးယစ်ဆေးဝါးကိစ္စနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို အဓိက ကိုင်တွယ်မည်ဟုလည်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။
“အဲလိုကြားရတာ ဝမ်းသာတယ်။ ဖြစ်လည်းဖြစ်စေချင်ပါတယ်။ ရာထူးကြီးတဲ့သူကို VIP ဆိုပြီး လုပ်တာကတော့ တော်တော်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ မုန်းစရာကောင်းတာပေါ့နော်။ အာဏာပါဝါပြတာက လူထုကိုကြောက်အောင် လုပ်တာ။ အခုဟာကတော့ လူထုရဲ့မေတ္တာနဲ့ သွားရတဲ့ အုပ်ချုပ်ရေးပေါ့။ အဲဒီသတင်းစကားကို အတည်ဖြစ်စေချင်တယ်” ဟု မုံရွာမြို့ခံ ဘာသာပြန် စာရေးဆရာကြီး ဦးရဲခိုင်က မှတ်ချက်ပြုသည်။
ယခင်က အစိုးရအဖွဲ့ လမ်းကြောင်းများ ဖြတ်သန်းသွားပါက မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ လမ်းဘေးချရပ်ပေးရခြင်း၊ အရှိန်လျှော့ မောင်းနှင်ရခြင်းများ ရှိခဲ့သည့်အပြင် ဖွင့်ပွဲအခမ်းအနားများ အတွက် အများပြည်သူ သွားလာအသုံးပြုသောလမ်းများ မကြာခဏ ပိတ်ထားခဲ့ရသည်များ ရှိခဲ့ကြောင်း မုံရွာမြို့ခံများက ပြောဆိုသည်။
Sunday, April 3, 2016
Saturday, April 2, 2016
ဒို့ဝန်ကြီးချုပ်အကြောင်း တစ်စေ့တစ်စောင်း သိရတာတော့ မွေးရာပါ အသားမဲတယ်တဲ့
စစ်ါကိုင်းတိုင်းကဝန်ကြီးချုပ်
-------------------------------
ဟက်ထရစ်အရွေးခံရသူ
ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရသူ
လွတ်လာပြန်တော့အိမ်ရှေ့မှာအစောင့်
အကြပ်နဲ့နေရသူ
ဆေးကုသခွင့်အသိမ်းခံရသူ
ရန်ကုန်အဖွဲ့ချုပ်နဲဆက်သွယ်ဖို့အရေး
လက်ပွေ့ထီရောင်းခဲ့ရသူ
စက်ဘီးစီးတဲ့ကလေးမကဆိုင်ကယ်ဝင်တိုက်ပြီးနှစ်ဖက်ကြေအေးပါလျှက်အမှုဖွင့်
ခံရကာထောင်သုံးလကျသဖြင့်ပျင်းတောင်ပျင်းသေးတယ်လို့ကြွေးကျော်ခဲ့သူ
၂၀၀၇ရွှေဝါရောင်အရေးခင်းရန်ကုန်မြို့
တော်ခန်းမရှေ့တွင်တရားဟောခဲ့သူ
အသက်မွေးဝမ်းကျောင်းအတွက်ကလေး
အထူးကုဆေးခန်းဘေးတွင်ဆရာဝန်ဖြစ်ပါလျက်ကလေးကစားစရာတွေရောင်းခဲ့
ရသူ
၂၀၁၅စည်းရုံးရေးကာလမှာအမေစုအ
တွက်စစ်ကိုင်းတိုင်းခရီးစဉ်မှာလုံခြုံရေးတာဝန်ယူခဲ့ရသူ
ကိုယ့်မြို့မှနိင်ငံရေးစိတ်ဝင်စားသများကို
လွှတ်တော်နယ်ပယ်သို့ဆွဲခေါ်ခဲ့သူ
စစ်ကိုင်းတိုင်းတိုက်နယ်ဆေးရုံတစ်ခုမှ
ဆရာဝန်ဇနီးမောင်နှံအားNLDကိုအား
ပေးမှုဖြင့်အရေးယူဖို့အာဏာပိုင်တို့
ကြံစည်နေကြချိန်တွင်ရှေ့မားမားမတ်ရပ်တည်ပေးသူ
နှလုံးအဆို့ရှင်ကျယ်တာကိုအမေစုထောက်ပံ့ငွေဖြင့်ပြည်တွင်းကုသမှုခံယူခဲ့သူ
ဇာတိရွှေဘိုမြို့ဘိုးဘွားရိပ်သာစီမံအုပ်
ချုပ်ကာအခြေချမည့်သူ
အသားမဲသူ(မွေးရာပါ)
ကိုင်းစစ်ကိုင်းတိုင်းသားတို့ရေတို့ဝန်ကြီးချုပ်ရဲ့၅နှစ်တာအတွင်းစီမံအုပ်ချုပ်ဆောင်
ရွက်မှုတွေကိုဖလ်သားပြင်ပေါ်မှာစောင့်
ကြည့်ကြပါစို့ ။
သူကတော့Drမြင်နိုင်ဆိုတဲ့သူ
fb က မ လာသည်
Friday, April 1, 2016
Thursday, March 31, 2016
ကဲဖတ်ထားလိုက်အုန်း ဖြစ်လာရင် အပြစ်ကြီးဘဲ တင်မနေကြနဲ့
မီးသတ်သမား နဲ့ ပြည်သူတစ်ဦး
ပြည်သူ...(မေး)…….ဟိတ်ကောင်…..မီးသတ်သမား
မင်းတို့မီးသတ်သမားတွေကဘာလို့မီးလောင်တဲ့နေရာကို
နောက်ကျမှရောက်တာလဲကွ……
မီးသတ်သမား (ဖြေ)……ဟုတ်ကဲ့ခင်ဗျ... ဘယ်နေ့ ၊ ဘယ်
အချိန် ၊ဘယ်ရပ်ကွက် ၊ဘယ်သူ့အိမ် ၊ဘယ်နေရာက မီးစ
ပြီးလောင်ပါမယ်လို့ဘယ်သူသိလဲ…???.မီးလောင်တယ်ကြိ
တ်ငြိမ်းမယ်မနိုင်တော့မှမီးသတ်ကိုအကြောင်းကြားတာ
မဟုတ်ဘူးလား….ဒါတောင်ပတ်ဝန်းကျင်က အကြောင်း
ကြားလို့သိရတာပါ……သိသိချင်းထွက်လာခဲ့တာပါဗျာ......
ပြည်သူ... (မေး)……ထားပါတော့ကွာ….ဒါဆိုမင်းတို့..
မီးသတ်ကားတွေက ရေပတ်တာမှဘယ်လောက်မှမကြာေ
သးဘူး ….ရေကုန်ပြီဆိုပြီးဘာလို့ ဆက်မပက်တော့တာလဲ…
ပိုက်ဆံမပေးလို့လား…
မီးသတ်သမား (ဖြေ)…..မီးသတ်ကား
တစ်စီးဟာ…အမှန်တကယ်ရေပက်မယ်ဆိုရင်…မီးငြိမ်း
သတ်မယ်ဆိုရင်….(၃)မိနစ်ပဲပက်ရတယ်ခင်ဗျ…အဲဒီ(၃)မိ
နစ်မှာရေကုန်လို့နောက်ကားမလာသေးရင် အရှေ့မှာပို
က်ကိုင်ပြီး….မီးငြိမ်းသတ်နေတဲ့ တပ်ဖွဲ့ဝင်တွေအသက်
သေနိုင်တယ်ဆိုတာရော…သိရဲ့လားခင်ဗျ…..မီးသတ်ရဲ
ဘော်တွေက မီးငြိမ်းဖို့အဓိကဦးစားပေးပြီး…မိမိအသက်
ကို အဓိကမထားပဲမီးငြိမ်းသတ်နေတဲ့သူတွေဆိုတာ …
နားလည်ပေးပါခင်ဗျာ…….ခင်ဗျားတို့တွေပိုက်ဆံပေးလိုက်ရတယ်
ဆိုရင်…ကျွန်တော်တို့ကတပ်ဖွဲ့ဖြစ်တဲ့အတွက် …ကျွန်တော်တို့ကို အုပ်
ချုပ်တဲ့အရာရှိတွေဆီကို …တပ်စုအမည်လေးနဲ့ဒါမှမဟုတ်
..ဘယ်သူဆိုတာတိတိကျကျလေးတိုင်လိုက်စမ်းပါဗျာ......
ပြည်သူ... (မေး)……ရှိစေပေါ့ကွာ….မင်းတို့မီးသတ်
ကားတွေက…ဘာကြောင့်မီးသတ်ဥသြမဆွဲတာလဲမီးသတ်
ဥသြမဆွဲတော့…အခြားမှာအလုပ်သွားလုပ်နေတဲ့သူတွေ
က..သူတို့အိမ်နားမှာ မီးလောင်တာတောင်မသိတော့ဘူးေ
ပါ့ကွ…တောမီးမှန်းမသိ …အိမ်မီးမှန်းမသိနဲ့…
မီးသတ်သမား (ဖြေ)….ကျွန်တော်တို့မီး
သတ်ဆိုတာ…တပ်ဖွဲ့ပါ ခင်ဗျ….တပ်ဖွဲ့ဆိုတာ…စာနဲ့ထွက်လာ
တဲ့အမိန့်ကိုလဲနာခံရသလို…ဒေသန္တအမိန့်ဆိုတဲ့နုတ်မိန့်ကို
လဲနာခံရတယ်ဗျ…..အထက်ဌာနက မီးတောက်မြင်မှမီး
သတ်ကားဥသြဆွဲရမယ်တဲ့…..ခင်ဗျားတို့ပြည်သူတွေ အထိတ်
တလန့်ဖြစ်မှာဆိုးလို့တဲ့လေ…..အဲဒီလိုနုတ်မိန့်နဲ့ညွန်ကြား
ထားကိုရော…ခင်ဗျားသိသလား…..
ပြည်သူ...(မေး)……ထားပါတော့ကွာ….ဒါဆိုရင်မင်း
တို့မီးသတ်တွေက …မီးလောင်တဲ့အခါမှာ မမြဲတမ်းဆုံးရှုံး
မှုတန်ဘိုးတွေလျှော့တွက်တယ်…အဲဒါဘာကြောင့်လဲ…..
မင်းသိသလားကွ……
မီးသတ်သမား (ဖြေ)….အော်……
အမှန်တကယ်တော့…ဆုံးရှုံးမှုတန်ဘိုးလျှော့တွက်တာ
တချို့နေရာတွေမှာကောင်းပါတယ်…ဘာကြောင့်လဲ
ဆိုတော့…ပြည်သူတွေအနေနဲ့ကဆုံးရှုံးမှုတန်ဘိုးများ
ရင်..ပြစ်ဒဏ်ကပိုများမယ်….ဆုံးရှုံးမှုတန်ဘိုးနည်းရင်
…ပြစ်ဒဏ်ကနည်းမှာပေါ့….ဒါပေမဲ့ ခင်ဗျားသိထားရမှာက…အဲဒီဆုံးရှုံးမှုတန်ဘိုးကိုတွက်တာ
..မြို့နယ်/ခရိုင်မှာအမြင့်ဆုံရာထူးရှိတဲ့သူ….သူကပဲ
တွက်ပိုင်ခွင့်ရှိတယ် ခင်ဗျ......
ပြည်သူ...(မေး)……အေးထားကွာ…မင်းတို့
မီးသတ်ကားတွေက..အရမ်းမောင်းပြီးဘာကြောင့်
ယာဉ်တိုက်မှုဖြစ်ရတာလဲကွာ….
မီးသတ်သမား (ဖြေ)….အော်…မေးမှမေးရက်တယ်ဗျာ…မီးသတ်ကားဆိုတာ…. ဇိမ်ခံ
ကားပါကျဲဒိုးကြီးမဟုတ်သလို….မာစီးဒီးစ်ကားလဲ
မဟုတ်ဘူးခင်ဗျ…..မိနစ်အနည်းငယ်နောက်ကျတာနဲ့အမျှ
….ပြည်သူတွေရဲ့..အသက်၊အိုးအိမ်၊စည်းစိမ်…ကုန်မှာ
စိုးတဲ့အတွက်မောင်ရတဲ့ကားဆိုတာ နားလည်
ပေးပါ….ခင်ဗျားတို့ကရော…မီးသတ်ကားလာနေတာေ
တာင် အသိစိတ်နဲ့လမ်းဘေးဘယ်/ညာကိုချပေးလို့
လား….မချပေးမဲ့အပြင်မီးသတ်ကားနဲ့တောင်..အပြိုင်
မောင်းလိုက်သေးတယ်မဟုတ်လား…ခင်ဗျားတို့ကြောက်
တာ အဘကားပါကွာ….ခင်ဗျားတို့တချို့ပြည်သူတွေ …
အဲဒီလိုနားလည်မှုမရှိလို့…ကိုယ့်ထမင်းကိုယ်စားပြီး
မီးသတ်ကားတက်မောင်းပေးတဲ့သူတွေထောင်ထဲမှာ
….ရပ်ကွက်က မီးသတ်ကားမှာယာဉ်မောင်းမရှိလို့…..
အခက်ကြုံရတဲ့ရပ်ကွက်တွေရှိတယ်ဗျ…ခင်ဗျားသိသ
လား……
ပြည်သူ... (မေး)...မင်းတို့မီးသတ်သမားတွေက မီးလောင်နေရင် ၊ လောင်နေတဲ့အိမ်ကို အရင်မငြိမ်းကျဘဲ ဘာဖြစ်လို့ ဘေးနားကမလောင်သေးတဲ့အိမ်တွေကို အရင်ရေနဲ့ပက်နေရတာလဲ???မလောင်သေးတဲ့အိမ်တွေက မင်းတို့မီးသတ်ကို ပိုက်ဆံပေးပြီး ရေပက်ခိုင်းလို့လား????
မီးသတ်သမား (ဖြေ)...မီးဆိုတာက မီးများရင်မီးနိုင်၊ ရေများရင်ရေနိုင် တယ်ခင်ဗျ။လောင်နေတဲ့အိမ်ကိုမီးသတ်ကား ၁စီးတည်းနဲ့ငြိမ်းအောင်ငြှိမ်းလို့ဘယ်လိုမှမရဘူးဗျ။ဒါ့ကြောင့် မီးသတ်ကားတွေများများရောက်လာမှ ဝိုင်းပြီးငြှိမ်းရတာ။မလောင်သေးတဲ့အိမ်ကိုအရင်ပက်ရတာကလည်း အဲ့အိမ်ရှင်ကပိုက်ဆံပေးထားလို့မဟုတ်ရပါဘူးခင်ဗျာ။လက်ရှိလောင်နေတဲ့အိမ်ကိုပက်ရင် ငြိမ်းမှာမဟုတ်တော့တဲ့အခြေအနေမှာ ဘေးပတ်ဝန်းကျင်ကိုဆက်ပြီးမကူးစက်၊မလောင်ကျွမ်းရအောင် ကြိုတင်တားဆီးထားတဲ့အနေနဲ့ ပက်ပေးထားရတာပါခင်ဗျ......မီးသတ်သမားတွေကို ဘယ်သူကမှပိုက်ဆံပေးပြီးခိုင်းလို့မရပါဘူးဗျာ.....မီးသတ်သမားတွေဆိုတာ ပြည်သူတွေအတွက်အသက်ကိုပေးထားပြီးတော့ လောင်နေတဲ့မီးတွေကိုငြှိမ်းသတ်ပေးနေတဲ့ မီးလျှ့ကြားကသူရဲကောင်းတွေပါဗျာ....
ပြည်သူ.. (မေး)……မင်းတို့မီးသတ်သမားတွေကို…
ငါအရမ်းလေးစားသွားပြီကွာ…ငါမေးခဲ့တာတွေမင်းစိတ်
မဆိုးပါနဲ့နော်..မီးသတ်သမား….ငါ့လိုပဲတစ်ခြားပြည်သူ
တွေလဲမီးသတ်သမားတွေအကြောင်းကိုသိချင်နေမှာပါကွာ………..
မီးသတ်သမား (ဖြေ)….ကျွန်တော်တို့မီးသတ်သမားတွေက..ပြည်
သူတွေရဲ့ခံစားချက်ကိုနားလည်ပါတယ်ခင်ဗျာ.....ဘာကြောင့်
နားလည်လဲဆိုရင်…ကျွန်တော်တို့ကလဲ ပြည်သူထဲက ပြည်သူတွေဖြစ်နေလို့ပါဘဲခင်ဗျာ....
Tuesday, March 29, 2016
Monday, March 28, 2016
Sunday, March 27, 2016
ခန့် အပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ။
သမ္မတအဖြစ်ရွေးချယ်တင်မြှော်က်ခြင်းခံထားရသော ဦးထင်ကျော်
ခန့် အပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ။
======================
၂၇..၃..၁၆
-
ကချင်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာခက်အောင်
-
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိ
-
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
-
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးရာယ်နှင်
-
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်
-
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲလဲ့မော်
-
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း
-
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
-
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
-
မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး
-
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု
-
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း
-
ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်
-
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ။
==========
BBC Burmese
ရွာရှည် နဲ့ နန့်ရုံတံတား ပြန်လည်တည်ဆောက်ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ရွာရှည်ရွာနှင့် နန့်ရုံရွာ တို့၏ ကျေးရွာချင်း ဆက် ကိုယ့်အားကိုယ်ကိုး
အောင်စည်ဟိန်း ညံ လူကူး ကြိုးတံတားကို ၂၅.၃.၂၀၁၆ နံနက် ၇နာရီ အချိန်တွင် ဂွေ့ကြီး+နန့်ရုံရွာဖက်တွင်ဂွေ့ကြီးကျောင်းဆရာတော် ဦးဝါယမိန္ဒ နှင့် တံတားဆောက်လုပ်ရေးကော်မတီ ဦးချစ်ရွှေ
ရွာရှည်ဖက်ကမ်းတွင် ပဲခူးကျောင်း
ဆရာတော် ဦးဂန္ဓမာ နင့် မော်လူးအုပ်ချုပ်ရေးမှူး ဦးဝင်းစိန် တို့မှ အသီးသီးနေရာယူကြ၍ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်တို့ မှ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ် ကြသည် ရပ်နီးဝေးမှ အလှူရှင်များ နတ်လူသာဓုခေါ်စေသော်ဝ်
Saturday, March 26, 2016
Friday, March 25, 2016
ရေပေါ် ရှပ်ပြေးယာဉ်က မြန်မာက ၁၉၇၃ ထဲက ထွင်ခဲ့တဲ့သူက ခုစက်မှုဝန်ကြီးဖြစ်မှာတဲ့
၁၉၇၃ ခုနှစ် လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ရန်ကုန်စက်မှုတက္ကသိုလ် (RIT) က ကျောင်းသားတယောက်ဟာ ကျောင်း Project တခုအဖြစ် Hovercraft (လျှပ်ပြေးယာဉ်) ကိုတည်ဆောက်ပြခဲ့သတဲ့။ ဒါပေမယ့် အဲဒီအချိန်က အာဏာရှင်ကြီး ဦးနေ၀င်းက အဲဒီ Project ကို ဖျက်သိမ်းခိုင်းခဲ့သတဲ့ (ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်အတုအယောင်နဲ့ လာမငြင်းကြေးနော်)။ အဲဒီကျောင်းသားအမည်က မောင်ခင်မောင်ချိုလို့ခေါ်ပါသတဲ့။ အခုတော့ ဦးခင်မောင်ချိုပေါ့။ အဲဒီဦးခင်မောင်ချိုကတော့ အခု လာမယ့် ဧပြီ (၁) ရက်နေ့မှာ စတင်ဦးဆောင်တော့မယ့် အစိုးရသစ်လက်ထက်မှာ စက်မှုဝန်ကြီးအဖြစ် လူမှန် နေရာမှန် တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ အဲဒီလို တော်တဲ့ ထက်မြက်တဲ့ တီထွင်ဖန်တီးလိုစိတ်ရှိတဲ့ လူငယ်တွေက လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော် လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက အပြိုင်းအရိုင်း ပေါ်ထွန်းခဲ့ဖူးပါတယ်။ သို့ပေမယ့် ၁၉၆၂ ခုနှစ် အာဏာရှင်ကြီး ဦးနေ၀င်း အာဏာသိမ်းပြီးကည်းက ထူးချွန်ထက်မြက်သူတွေကို နှိပ်ကွပ်ခဲ့တာ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့က ၅၄ နှစ်ပြည့်ခဲ့ပါတယ်။ အခု စက်မှုဝန်ကြီးဖြစ်မယ့် ဦးခင်မောင်ချိုခေါ် မောင်ခင်မောင်ချိုလည်း အဲဒီကာလရဲ့ သားကောင်တဦးပေါ့။ ဒီနေ့ခေတ် ညီငယ် နှမငယ် သားငယ်သမီးငယ်တွေကို သိစေချင်လို့ပါ။ (မူရင်းဓာတ်ပုံတင်သူကို ခရက်ဒစ်ပေးပါတယ်)
Thursday, March 24, 2016
Tuesday, March 22, 2016
ဧည့်စာရင်းတိုင်ကြားခြင်း ဥပဒေကို ပယ်ဖျက် ကဲဧည့်စာရင်း တိုင်စရာလိုတော့ဘူးတဲ့
ဧည့်စာရင်းတိုင်ကြားခြင်း ဥပဒေကို ပယ်ဖျက်
==========================
၂၁..၃..၁၆
-
ကဲ- အခုတော့ မြန်မာနိုင်ငံမှာ တမြို့နဲ့တမြို့ လွှတ်လပ်စွာသွားလာ
တည်းခိုနိုင်ပြီး ဧည်စရင်းတိုင်းစရာ မလိုတော့ပါကြောင်း
ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်
ဥပဒေဖြင့် ပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်း သိရပါတယ်
-
ကဲ ညကြီးအချိန်မတော် ဧည်စရင်းလာစစ်ရင်လဲ အိမ်ရှင်များ
တံခါးဖွင့် ပေးရန်မလိုတော့ကြောင်း အသိပေးအပ်ပါတယ်
=============
Okkar Min
ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
ရွှေတိဂုံစေတီတော် အောက်က လျို့ဝှက်ချက်၂-ခုကို အာမေးနီးယန်းလူမျိုး တယောက်က သိခဲ့သည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီ တော်ကြီးရဲ့အောက်မှာ ပင်လယ်ရေ အတက်အကျ အလိုက် ရေ အနိမ့်အမြင့် ဖြစ်ပေါ်စေတဲ့ (၁၀) ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီ ရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများ စီချယ်ထားတဲ့ ရွှေလှေတစီး ရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာ နိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေက ပြောကြားခဲ့တယ်လို့ (၁၃. ၃. ၆၈)နေ့ ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုး တင်ဝင်း(ပေါင်းတည်)ရဲ့ ပြန်လည် ဖော်ပြချက်အရ သိရှိရပါတယ်။
မစ္စတာ အပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံ မေးမြန်းရာမှာ ၁၉၀၄.ခု၊ သူ့ရဲ့အသက် (၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတပါးနဲ့ တွေ့လို့ ချဉ်းကပ် တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။
ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့ လမ်းတလျှောက်လုံးမှာ ယောဂီဝတ်နဲ့ နီဝါရောင်ဝတ် ပုဂ္ဂိုလ်(၇) ဦးကို (၈) ပေ၊ (၉) ပေစီ ခြားပြီး တွေ့ရတယ်လို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ပတ်ပတ်လည်ကို အုတ်များနဲ့ အခန်း(၃၆)ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင် မရှိဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိ တယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေ အနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေ ခွဲခန့် ရှိပြီး ကျောက်မျက် ရတနာများနဲ့ စီချယ် ထားတဲ့ ရွှေကရဝိတ် လှေတစင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့် လှုပ်ရှားနေတယ်။
ကရဝိတ် ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ ပုဝါ လွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ထူးခြားချက်မှာ တခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အမြဲတမ်း ထိုးစိုက် ကျရောက်နေ တယ်။ ထုထည် ကြီးမားလှတဲ့ စေတီ အဆောက်အအုံကြီးကို ပင်မ အလယ်တိုင် မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့သာ တည်ဆောက်ခဲ့တယ်။
ပင်လယ် ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့ အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။ ခမ်းနား ဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာ ဖြစ်လို့ နှောင်းလူတွေ သုတေသန ပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာ အပရမေ.ကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက် တည်နေရာကို လိုက်လံ ပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံ ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ် ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံ ပြင်ဆင်ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်း မရှိပဲ ဆုတောင်းပြည့်စေတီရဲ့လှိုဏ်ဂူ အောက်မှာသာ ရှိတယ်လို့ ခန့်မှန်း ညွှန်ပြသွားနိုင်တယ်လို့ သိရပါတယ်။ မစ္စတာ အပရမေ.ကို လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း ) အမှတ် (၂၅)မှာ ၁၈၉၅.ခုနှစ်က ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာ အက်စ်အပရမေနဲ့ မစ္စက် ရိုစ်လူကပ်စ်တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့ အိမ်ထောင်ကျပြီး သားသမီး ၅.ယောက် ထွန်းကားခဲ့ကာ သားသမီး မြေးများနဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာ အပရမေဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြ ထားပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အပေါင်း ယုံကြည်ကိုးကွယ် ဆည်းကပ်ပူဇော်ကြတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့အောက် ပေ(၆၀)ခန့် အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီး အကြောင်းကို နှောင်းလူများ သိရှိစေရန် ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။
မူရင်းတင်အား credit ပေးပါသည်။
Maung Tun Wai
22.3.2016
Subscribe to:
Posts (Atom)
















































