လော လော ဆယ်သိချင်သူများ ကွန်မင့်က မေးခဲ့
မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Friday, June 10, 2016
စမလ၇၃မကြည်မွေ့အိမ်All D တဲ့ fb မှာတွေ့ လို့
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
Thursday, June 9, 2016
မနက်ဖြန် အင်းတော်မြို့နယ်အတွက် ၁၀ တန်းအောင်စာရင်းကို အင်တာနက်ကနေ ကြည့်လို့ရမည့် facebook page
မနက်ဖြန် 11-6-2016 ရက်နေ့ အင်းတော်မြို့နယ် အတွက် အောင်စာရင်းကို
အချိန်နဲ့ တပြေးညီ သိလိုသူများအတွက်
ပညာရေးဝန်ကြီးဌာနမှ facebook page လေးပါ
*****-*-*********
ကြည့်လိုသူများ အောက်က လင့်လေးကို နှိပ်ပြီး Like ထားကြနော့
https://m.facebook.com/moe.gov.mm/photos/?tab=album&album_id=1003977009709362
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရူ့နိုင်သည် ယူရို 2016 ပွဲစဉ် နဲ့ အချိန်ဇယား
ယူရို 2016 ပွဲစဉ် နဲ့ အချိန်ဇယား
**********************
ယူရို 20016 ပွဲစဉ်အားလုံးကို ပြသပေးပါမည်
website>> www.mmfootballmobile.comhttp://www.mmfootballmobile.com/?m=1
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆောင်ရွက်တဲ့
မော်လူးမှာ သတင်းထောက်ခေါ်ပြီး သရုပ်ဆောင်တဲ့ ရုပ်ပြ အလုပ်တွေလျှော့ပြီး
အမှန်တကယ် လုပ်ပြ ဖို့ ကူညီကြပါစို့
မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစုပေါင်းဆောင်ရွက်
မော်လူး ဇွန်၉
@@@@@@@@@@@@@@@@@@@
မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစီမံချက်လုပ်ငန်းများကိုစစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင် ဇွန်၈ရက်နေ့နံနက်၈နာရီမှ နေ့လည်၁၂ နာရီအထိ မော်လူးမြို့ပေါ်ရပ်ကွက်ပေါင်း (၆)ရပ်ကွက်သို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မော်လူးတိုက်နယ် ဆရာဝန်ကြီးဒေါက်တာဝတ်မှုံထွန်း
ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ
ကျန်းမာရေးကြီးကြပ်(၁)ဦးကြည်ကိုကိုနှင့်
ကျန်းမာရေးဝန်ထမ်းများ မော်လူးကျေးရွာ
အုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုန်း သွန် လဲ စစ် လုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်
Cyclone
အမှန်တကယ် လုပ်ပြ ဖို့ ကူညီကြပါစို့
မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစုပေါင်းဆောင်ရွက်
မော်လူး ဇွန်၉
@@@@@@@@@@@@@@@@@@@
မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစီမံချက်လုပ်ငန်းများကိုစစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင် ဇွန်၈ရက်နေ့နံနက်၈နာရီမှ နေ့လည်၁၂ နာရီအထိ မော်လူးမြို့ပေါ်ရပ်ကွက်ပေါင်း (၆)ရပ်ကွက်သို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မော်လူးတိုက်နယ် ဆရာဝန်ကြီးဒေါက်တာဝတ်မှုံထွန်း
ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ
ကျန်းမာရေးကြီးကြပ်(၁)ဦးကြည်ကိုကိုနှင့်
ကျန်းမာရေးဝန်ထမ်းများ မော်လူးကျေးရွာ
အုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုန်း သွန် လဲ စစ် လုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်
Cyclone
Wednesday, June 8, 2016
ရဟန်းသာမဏေများလူထွက်ရခြင်းအကြောင်းရင်း
👏တိပိဋကယောဆရာတော်ကြီး၏သြဝါဒ👏
(ရဟန်းသာမဏေများလူထွက်ရခြင်းအကြောင်းရင်း)
💌 နွေရာသီရောက်လာပြီဆိုရင် မြစ်ထဲချောင်းထဲကငါးတွေဟာ ရေကနည်းလာ, ပူလာတော့ နေရထိုင်ရတာဒုက္ခရောက်လာကြတယ်။
💌 ဒီကြားထဲ တံငါသည်ကလည်း ပိုက်ကွန်တကားကားနဲ့ဖမ်းဖို့လုပ်နေသလို, ဗျိုင်း,ဗျိုင်းအောက်,တင်ကျီးစတဲ့ငှက်တွေကလည်း ဖမ်းသုတ်ဖို့ချောင်းနေကြတယ်။ နောက်ဆုံးတော့ ငါးတွေခမျာဒုက္ခရောက်ကြရရှာတယ်။
💬 ဒီအတူပဲ သာသနာမှာ ရေနဲ့တူတဲ့သဒ္ဓါတရားအားနည်းလာပြီဆိုရင် ရဟန်းသာမဏေတွေနေရတာ မပျော်ကြတော့ဘူး။
💬 အဲဒီအခါမှာ တံငါသည်နဲ့တူတဲ့ ငါးဖြာအာရုံကာမဂုဏ်တွေကလည်း ဖမ်းဖို့တကားကား လုပ်နေကြသလို၊ ဗျိုင်း,ဗျိုင်းအောက်,တင်ကျီးနဲ့တူတဲ့ ကိလေသာတွေကလည်း ဖမ်းဖို့ချောင်းနေကြတယ်။
နောက်ဆုံးတော့ သဒ္ဓါတရားအားနည်းတော့လူထွက်ကုန်ကြတယ်။
💬 သဒ္ဓါတရားအားကောင်းလို့ကတော့ဗျာ ရိုက်ထွက်ခိုင်းတောင်မထွက်ပါဘူး၊ အဓိကတော့ သာသနာမှာမြဲတယ်, မမြဲဘူးဆိုတာ သဒ္ဓါတရားအားကောင်းတာနဲ့ အားနည်းတာနဲ့ပဲဆိုင်ပါတယ်။ ဒါကြောင့် ကိုရင်လေးတို့သဒ္ဓါတရားအားကောင်းအောင်လုပ်ကြ၊ လူမထွက်ကြနဲ့၊ သာသနာနဲ့မတွေ့တဲ့ လူတစ်ယောက်ရဲ့အနှစ်တရာအသက်ရှင်ခြင်းထက် သာသနာနဲ့တွေ့တဲ့လူတစ်ယောက်ရဲ့ တစ်ရက်အသက်ရှင်ခြင်းကပိုမြတ်တယ်၊ ဘာကြောင့်လဲဆိုတော့ မဂ်ဖိုလ်နိဗ္ဗာန် လမ်းကြောင်းကြီးကဖြောင့်တန်းနေလို့ပါပဲ။
(သာသနာမှာပျော်နိုင်ကြပါစေ)
(တနေ့ကစာရေးဆရာတစ်ယောက်က ဖေ့ဘုတ်သုံးလို့ရဟန်းသာမဏေတွေလူထွက်ကုန်ကြတာလို့ပြောထားတာတွေ့လို့ တင်လိုက်တာပါ၊ အကြောင်းရင်းမှန်ကိုသိမြင်နိုင်ကြပါစေ)
Tuesday, June 7, 2016
သူရဿတီ ဘယ်က လာသလဲ
y
သူရဿတီ ဘယ်က လာသလဲ
*********************
ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကို
လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး
အမျိုးကို စုံနေတယ်။
ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်
ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာ
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊
မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--
သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့
နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။
ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း
နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ်
အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊
အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။
အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့
သူရဿတီ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။
အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။
အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။
အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့
အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်ကြီးက ဘယ်နားရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တန်းမှာလည်း မရှိဘူး။
ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား မြောက်ဖက်နား
ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။
အဲဒီက လူတွေကို အာရီယန်လို့ ခေါ်တာ။
သူရဿတီ ဘယ်က လာသလဲ
*********************
ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကို
လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး
အမျိုးကို စုံနေတယ်။
ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်
ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာ
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊
မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--
သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့
နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။
ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း
နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ်
အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊
အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။
အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့
သူရဿတီ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။
အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။
အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။
အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့
အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်ကြီးက ဘယ်နားရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တန်းမှာလည်း မရှိဘူး။
ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား မြောက်ဖက်နား
ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။
အဲဒီက လူတွေကို အာရီယန်လို့ ခေါ်တာ။
Sunday, June 5, 2016
မော်လူးက သတင်းထောက်တွေက ခါးတယ်ကွာ ကသာ သတင်းထောက်က မော်လူးသတင်းကို ပဟေဠိ လုပ်သွားပြီ
မော်လူး မှာ မျိုးစောင့်ဥပဒေ နဲ့ ကိုင်ထည့်လိုက်ပြီတဲ့
==================
Mawluမှအိမ်ထောင်ရှင်အမျိုးသား/အမျိုးသမီးတို့
ဒီနေ့ကြားခဲ့သတင်းတစ်ပုဒ်နော်းးးးး
mawluမှာပုဒ်မ-13ကိုကွင်းဖွင့်လိုက်ပြီတဲ့
တစ်ဥိးတစ်ယောက်ထက်မကချစ်တာကို
မျိုးစောင့်ဥပဒေကမနေဘူးထင်တယ်
ဘယ်သူလဲဆိုတာကိုတော့မိမိဖာသာစုံစမ်း
ကြည့်ပေါ့
------=====-----
fb မှာ တခြားမြို့ က သတင်းထောက်တင်ထားတာတွေ့လို့ မ လာတာ
သိရင်လည်း မင့်န် ခဲ့ကြပါအုန်းခင်ဗျာ
Saturday, June 4, 2016
သေခါနီး ဖြစ် တဲ့ စိတ်
¤¤¤¤¤¤¤¤¤¤¤¤¤
သေခါနီး ဖြစ် တဲ့ စိတ်
¤¤¤¤¤¤¤¤¤¤¤¤¤
《အချိန် (၂ )မိနှစ် သာပေးပြီး ဖတ်ပေးပါ》
■ သေခါနီး ဖြစ် တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။
လားရာ သုဂတိ ကို ချက်ချင်း အကျိုးပေး နိုင်ပါတယ် ။
ဒီအကြောင်း တရား ကိုမြတ်စွာ
ဘုရားရှင်က ယခု လိုဟောကြား ခဲ့ပါတယ် ။
နွား ကျောင်းသား ဟာ နေ၀င် လို့ နွားတွေ
ကို ခြံထဲသွင်း တဲ့အခါမှာ နွားပျို နွားပေါက်စ
လေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန် မစွမ်းတော့ တဲ့ ..
နွားအိုကြီး တွေကတော့ ဘယ်လောက်ပဲ
ရိုက်နှက် ခြောက်လှန့်သည်ဖြစ်စေ ...
ဖြည်းဖြည်း ချင်းပဲ နောက်ဆုံး ကနေ ၀င်ကြတယ်။
နောက်ဆုံး နွားခြံကို ပိတ်လိုက် တဲ့ အချိန်
မှာတော့ နွားအိုကြီး တွေကခြံပေါက်ဝ မှာပဲ အိပ်ကြရတယ် ။
ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက
ပြန်ထုတ် တဲ့ အခါမှာ တော့ ခြံဝမှာ အိပ်နေ
တဲ့ နွားအိုကြီး တွေကပဲ အရင်ထွက် ခွင့်ရပါတယ် ။
နွားပျို နွားငယ် တွေက တော့
နောက်ဆုံး မှပဲထွက် ကြရပါတယ် ။
အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာ မဲ့ နေတဲ့ အချိန်မှာ
ဖြစ် တဲ့ စိတ်ဟာ အရင်ဆုံး အကျိုးပေး ပါတယ် လို့ မြတ်စွာဘုရား ဟောကြား တော်မူခဲ့ပါတယ် ။
ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ
သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။
ကြည့်လေရာ မြင်လေရာက ကိုယ်တစ်
ဘ၀လုံး စွဲခဲ့တဲ့ အရာတွေ ချည်းပါပဲ ။
အိမ်တွေ အသုံး အဆောင် တွေ အ၀တ် အစား
တွေ သား သမီး လင်မယားတွေ အိမ်မွေး တိရစ္ဆာန်တွေ ။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေ အကုန်လုံးက
ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေ ချည်းပဲ ။
ဒါကြောင့် ...
တစ်ချို့ နားလည် သဘောပေါက် တဲ့ လူတွေ
ဟာ သူတော်ကောင်း နေရာ မေတ္တာဓါတ်လွှမ်းခြုံ...
တဲ့ နေရာ ဆိတ်ငြိမ် တဲ့ နေရာ တွေမှာ
ကြိုတင် စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။
သေမယ့် အချိန်ကို ကြိုမသိ နိုင်ပေမယ့်
အဲ့လို နေရာမျိုး မှာပဲ ဘ၀ရဲ့ နောက်ဆုံး
အချိန်တွေကို ဖြတ်သန်း သွားကြပါတယ် ။
ကြောက်လည်း ကြောက်စရာ ပါပဲ။
အပါယ်ကျသွား လို့ ဘွာတေး လုပ်လို့ မရပါဘူး ။
အကုသိုလ် အစွဲအလန်း တွေ အားကြီး
လွန်းလို့ သေခါနီး ၀ိဥာဉ် မချုပ်နိုင်ပဲ
ဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ် ။
တစ်ချို့ကလည်း အကုသိုလ် စေတနာ
ကုသိုလ် စေတနာ သိပ်ကြီးကြီး မားမား မရှိ....
ဝိပဿနာ ဥာဏ်ကလည်း မရှိတော့ သူ့ ကံက
သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ် ရောက်လိုက်
ဒီစိတ် ရောက်လိုက်နဲ့ ကြာနေတာ တွေ ရှိပါတယ်။
ဒါကိုပဲ ဘေးက လူက ဟိုလူ့စောင့် သလိုလို
ဒီလူ့ စောင့် သလိုလို သားကိုပဲ မျှော်သလိုလို
သမီးကိုပဲ မျှော်သလိုလို ထင်တော့ တာပါပဲ ။
သားလေး ရောက်လာပြီ သမီးလေး ရောက်
လာပြီ ထကြည့်ပါဦး လို့ ဘေးကများ ..
ကုန်း အော်လိုက် လို့ကတော့ သေတဲ့ သူ
တစ်ခါတည်း သွားရော့ ငရဲအိုးပဲ ..
အပါယ်လေး ...
ဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။
သေတဲ့ သူကို ဆွဲခါ လှုပ်ယမ်း ဖက်
ပြီး အော်ငိုတာ ကတော့ အဆိုးဆုံးပါပဲ ။
ကျလု ကျခင် ဖြစ်နေ တဲ့ သူကို
ချစ်သလိုလို နဲ့ ဆောင့်ကန်ချ လိုက်တာပါပဲ ။
ဒါကြောင့် .....
ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့…
ငါ့ဘေးနားလည်း မနေကြ နဲ့ ငါ့တရား နဲ့
ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်း ချမ်းချမ်း သေမယ်လို့
အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်...
အဖေရယ် အမေရယ် နိမိတ် မရှိသော
စကားမပြောပါ နဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်
မရှိ မလုပ်နဲ့ ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ ...
အဲ့လို ပြတ်ပြတ် သားသား မှာထား
ရမယ် လို့မိုးကုတ် ဆရာတော် ဘုရားကြီးက
အထပ်ထပ် အခါခါ သတိပေး သွားခဲ့တာပါ ။
တစ်ချို့က ကုသိုလ် ကောင်းမှု့ တွေတော့ လုပ်ခဲ့
ပါရဲ့ ဒါပေမယ့် သေခါနီး ကျတော့ လှူတုန်းကဖြစ်
ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ
ဇရပ် စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့်
စေတီစောင့် တွေပဲ ဖြစ်ကြရတယ် ။
ရိပ်သာမှာ အားထုတ် ခဲ့ပေမယ့်
ဝိပဿနာ စိတ် မဖြစ်ပဲ ရိပ်သာ
စွဲသေတော့ ရိပ်သာ စောင့် ဖြစ်ရပြန်တယ် ။
စေတနာကို ပြန်စွဲမိရင် တောင်မှ အစွဲဖြစ်
တဲ့ အတွက် ကံရှိ သလောက် အကျိုးပေး
ပြီး ကံကုန်တာ နဲ့ ပြန်ဆင်း ရမှာပါပဲ။
ဒါကြောင့် အပါယ်
လွတ်ရာ လမ်း တစ်လမ်းပဲ ရှိပါတယ်။
အဲ့ဒါ ကတော့ အသက်ရှင် နေထိုင်
တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံ
အားထုတ်ပြီး အသေ တတ်အောင် ကြိုးစားဖို့ပါပဲ ။
သစ္စာ တရားကို နှလုံးသားမှာ ယုံမှား
သံသယမရှိအောင် ကျင့်ကြံ သွားနိုင် တဲ့
အရိယာ ပုဂ္ဂိုလ်က တော့ ပတ်ဝန်းကျင်
ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ် တော့ပါဘူး ။
အရိယာ တို့ရဲ့ လားရာ သုဂတိဟာ မြဲသွား
ပြီ ဖြစ် တဲ့ အတွက် သူသွား ရမယ့် လမ်းကို
ဖြောင့်ဖြောင့် တန်းတန်း ပဲ သွားပါတယ် ။
ဒါပေမယ့် အဲ့လို မှ မကျင့်ကြံနိုင် တဲ့ သာမာန်
ပုဂ္ဂိုလ်များ အတွက် ကတော့ သေခါနီး အချိန်နဲ့
ပတ်ဝန်း ကျင်ဟာ ကိုယ့်အတွက် နောက်ဆုံး
အခွင့်အရေး နောက်ဆုံး ကျည်ဆန် ဖြစ်တဲ့အတွက်
အလွန် အင်မတန် မှ အရေးကြီး လှပါတယ်
လို့ စေတနာ အရင်းခံပြီး သတိပေး လိုက်ရပါတယ် ။
■ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ■
Wednesday, June 1, 2016
Monday, May 30, 2016
Saturday, May 28, 2016
မော်လူးဒေသ ဒီပင်္ကရာမြတ်စွာဘုရား အတိုးချထားသော ငွေစာရင်းတဲ့
တက်လာတဲ့အစိုးရက တရား ဥပဒေစိုးမိုးမှု ကို အရေးပေး
ဆောင်ရွက်နေတာနဲ့တော့ ဖြစ်တော့မှာလေ
အမြတ်ခွန် တိမ်းရှောင်မှု
လိုင်စင် မရှိဘဲ ငွေတိုးချမှု
ကြိုကာ က ယစ်မျိုး
တွေနဲ့ ဒီပင်္ကရာကတော့ တွေ့တော့မှာလေ*****
---------------------------------------------
ပိဋကတ် သုံးပုံ ပါ ဠိတော် ထဲ မှာကော ကျွန်တော်တို့ ရဲ့ ဘုရားရှင် မြတ်ဗုဒ္ဓဟာ မရှိဆင်းရဲသားတွေ အပေါ် ငွေတိုးချခဲ့သော ရာဇဝင် ဇာတ်ကြောင်းများ
ရှိခဲ့လေသလား
ရှိခဲ့ရင် mawluuvillagers@gmail.com သို့ ပို့ပေးကြပါလာဗျာ
မရှိခဲ့ရင် တော့ ပြောတော့ပါဘူးဗျာ
ပိဋကတ်သုံးပုံပါဠိတော် မှာ မြတ်ဗုဒ္ဓက ငွေတိုးချစားရန် မိန့်တော်မူတာဆိုတာ ကျန်ခဲ့တာဖြစ်လိမ့်မယ်
Friday, May 27, 2016
ဗဟုသုတပေါ့ မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းများစာရင်း တဲ့။
မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့
အဖွဲ့အစည်းများစာရင်း တဲ့။
_______________________________
ဖတ်သာကြည့်ကြပါ။
_______________________________
(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ
(၁၀)PNLO ပအိုဝ်း
(၁၁)SSA/SSPP ထူး ၃ ရှမ်းမြောက်
(၁၂)SSA/RCSS ရှမ်းတောင်
(၁၃)UWSA/P ဝပြည်
(၁၄)KIO/A ကချင် ထူး ၂
(၁၅)ABSDF
(၁၆)AA ရခိုင်
(၁၇)TNLA တအောင်း(န်)
(၁၈)NDA-K ကချင် ထူး ၁
(၁၉)KNPLF ကယား ထူး ၂
(၂၀)KNPDP ကယားနီ
(၂၁)KNDP/A ကယားနဂါး
(၂၂)KNUSO ကယားကြယ်ဖြူ
(၂၃)MNDAA ရှမ်းမြောက် ထူး ၁
(၂၄)Ja Pikwe လားဟူ
(၂၅)Jakuni လားဟူ
(၂၆)လားဟူ ပြည်သူ့စစ်
(၂၇)မက်ခ်မန်း ပြည်သူ့စစ်
(၂၈)DKBA ကရင်
(၂၉)KPF ကရင်
(၃၀)RRF ကချင်
(၃၁)KDA ကချင်
(၃၂)SSA-N ရင်း ၃
(၃၃)SSA-N ရင်း ၇
(၃၄)SSA-S ရင်း ၇၅၈
(၃၅)KNG ကယန်း
(၃၆)PSLP ပလောင်
(၃၇)KNLP ကယန်း
(၃၈)MPDF မွန်
(၃၉)MMA မွန်
(၄၀)WNO/A ဝပြည်
(၄၁)NUPA ရခိုင်
(၄၂)LDU လားဟူ
(၄၃)ASA ရခိုင်
(၄၄)MTUF မြိတ်
(၄၅)ZRO ဇိုမီး
(၄၆)KNO ကချင်
(၄၇)MNDAA ကိုးကန့် ထူး ၁
(၄၈)MNDA မွန်
(၄၉)HRP မွန်
(၅၀)PNO ပအိုဝ်း ထူး ၆
(၅၁)လဝါးယန်ပြည်သူ့စစ်
(၅၂)ရဝမ်ပြည်သူ့စစ်
(၅၃)ကောင်းခါးပြည်သူ့စစ် ၁ ၂ ၃ ၄ ၅
(၅၄)စိန်ကျောက်ပြည်သူ့စစ် ၁ ၂
(၅၅)မိန်းခေးပြည်သူ့စစ်
(၅၆)ကာလိပြည်သူ့စစ်
(၅၇)ဝမ့်ပန်ပြည်သူ့စစ်
(၅၈)နားပွဲပြည်သူ့စစ်
(၅၉)မန်ပန်အဖွဲ့
(၆၀)မုံးဟင်အဖွဲ့
(၆၁)နောင်မိုအဖွဲ့
(၆၂)မိုင်းကောင်းအဖွဲ့
(၆၃)နားကော်အဖွဲ့
(၆၄)မိုင်းယုအဖွဲ့
(၆၅)ကြူကုတ်အဖွဲ့
(၆၆)မုံးကိုးအဖွဲ့
(၆၇)မုံးပေါ်အဖွဲ့
(၆၈)ရှောက်ဟော်အဖွဲ့
(၆၉)လုံခန်းအဖွဲ့
(၇၀)ပန်စိန်းအဖွဲ့
(၇၁)ကွတ်ကိုင်အထူးပြည်သူ့စစ်
(၇၂)ဖွန်းဆိုင်အဖွဲ့
(၇၃)ကွတ်ကိုင်အထူးရိန်းဂျားအဖွဲ့
(၇၄)တာမိုးညဲအဖွဲ့
(၇၅)ပန်ဆေးအဖွဲ့
(၇၆)လုံထန်အဖွဲ့
(၇၇)နမ္မတူအဖွဲ့
(၇၈)မန်တုံအဖွဲ့
(၇၉)ဂန့်ဂွမ်း ချီဗွေအဖွဲ့
(၈၀)လူဖီအဖွဲ့
(၈၁)စင်းကြိုင်အဖွဲ့
(၈၂)ကန်ပိုက်တီးအဖွဲ့
(၈၃)ပန်တိန်အဖွဲ့
(၈၄)ဆော့ပိုင်အဖွဲ့
(၈၅)လောက်ကိုင်အဖွဲ့
(၈၆)ပုံပါကျင် လားဟူအဖွဲ့
(၈၇)မိုင်းယု လားဟူအဖွဲ့
(၈၈)တာလေ ဂျာကူနီအဖွဲ့
(၈၉)တာချီလိတ် ပြည်သူ့စစ်
(၉၀)မက်မန်း ပြည်သူ့စစ်
(၉၁)ပန်တော်မီ လှိုင်းဘွဲ့အဖွဲ့
(၉၂)ကျုံထော်အဖွဲ့
(၉၃)ကတိုင်တိအဖွဲ့
(၉၄)ဖာပွန်အဖွဲ့
(၉၅)ပိုင်ကျုံအဖွဲ့
(၉၆)ဒေါ်လန်းအဖွဲ့
(၉၇)မဲပုလဲအဖွဲ့
(၉၈)ရွှေကုက္ကိုအဖွဲ့
(၉၉)မြဝတီအဖွဲ့
(၁၀၀)ထီးဝါးကလေးအဖွဲ့
(၁၀၁)ထီးဟူသန်အဖွဲ့
(၁၀၂)အတွင်းကွင်းကလေးအဖွဲ့
(၁၀၃)ကျိုက်ဒုံအဖွဲ့
(၁၀၄)ဦးမဟာဂျာရဲ့ မကျန်းဒေသအဖွဲ့၊နားရိုင်းဒေသအဖွဲ့
(၁၀၅)ဦးမိန်းစင်ရဲ့ တပ်မဟာ ၇၅၈ဝမ်ယိမ်းအဖွဲ့
(၁၀၆)SNPLO ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည့်သူ့လွတ်မြောက်ရေအဖွဲ့(ရလလဖ)
တို့ဖြစ်ပါတယ်...
မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ သိရှိထားသင့်ကြောင်း မျှဝေလိုက်ပါတယ်။
__________________________
Nann Kyawt Shwe Su's status
Credit : Aung Kyaw Moe
Wednesday, May 25, 2016
မစ္ဆရိယ ၅ မျိုး တဲ့ ကိုယ့်စိတ်ကို ဘယ်သူမှ မသိစေဘဲ နှိုင်းယှဉ် ကြည်နိုင်စေရန်
💥"မစ္ဆရိယ ၅-မျိုး"💥
•••••••••••••••••••••••••••
'မစ္ဆရိယ' ဆိုတာ
ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊
ကိုယ့် အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်လာမယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ လို့ ခေါ်တယ်။
မစ္ဆရိယဆိုတာလည်း အတူတူပဲ၊
ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ၊
'နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး'
လို့ ပြောကြတယ်၊ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ် ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယ လို့ ပြောတာ။ မစ္ဆရိယက ၅-မျိုး ရှိတယ်။
(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ဟုတ်လား၊
ကိုယ့်အဆောက်အအုံထဲ သူများလာရင် မကြိုက်တာဟာ 'အာဝါသမစ္ဆရိယ'နော်။
'အာဝါသမစ္ဆရိယ' ဆိုတာ အိမ်မှာတင် မစ္ဆရိယဖြစ်တာ မဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကား ထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယဆိုတာ။
(၂) 'ကုလမစ္ဆရိယ'
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊
ကုလမစ္ဆရိယ။
(၃) 'လာဘမစ္ဆရိယ'
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။
(၄) 'ဝဏ္ဏမစ္ဆရိယ' ဆိုတာ
ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။
(၅) 'ဓမ္မမစ္ဆရိယ'
ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊
ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊
သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ၊
တစ်လောကလုံးရဲ့ ဂုရုကြီး၊သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊
အဲဒါမျိုး လုပ်ချင်တာ၊အဲဒါ ဓမ္မမစ္ဆရိယ လို့ ခေါ်တယ်။
'အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ' ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊
မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊
ဒါလည်းပဲ မရစေချင်ဘူးဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)
~~~~~~~~~~~~~~~~~~~~
အဘိဓမ္မာမြတ်ဒေသနာ- "စိတ်၏အညစ်အကြေးများ" မှ ကူးယူ ပူဇော်ပါသည်။
Credit to Yadanar Soe Moe
Tuesday, May 24, 2016
လွိုင်မောက်တောင်က ဓမ္မရုံ ပျောက်သွားတာတဲ့ ဟုတ်ပါ့မလား ဆေးထိုးထားတာ ဆိုလည်း ဘုန်းဘုန်းတင်ထားတာဆိုတော့ ဟုတ်များဟုတ်နေမလား သွားကြည့်ကြအုန်း
24.5.16. ရက်နေ့ ညနေ ၆ နာရီက
လွိုင်မောက်တောင်ပေါ်ကသတင်း
ထူးပေးပို့ ခဲ့လို့ တက်ရောက်ခဲ့ပါတယ်17.5.16.ရက်
နေ့ မှ 22.5.16 .ရက်နေ့ ထိ(၆)ရက်
တိုင်သံဃာတော်(၄၀) ကျော်တို့ အသံ
မစဲမဟာပဋ္ဌာန်းပူဇော်ခဲ့ကြတဲ့ ဓမ္မာရုံ
ကြီးပျောက်ဆုံး ကွယ်ပျောက်သွားတဲ့
သတင်းကြောင့်သွားကြည့်ကြတာပါ
ဓမ္မာရုံကြီးကိုတော့မတွေ့ မြင်ခဲ့ရတော့
ပါဘူး ရှိလဲမရှိတော့ပါ ဘူး။
တံခိုးအစွမ်းကြီးတဲ့ လွိုင်မောက်တောင်စောင့်နတ်မင်း
(လွိုင်မောက်တောင်ဘိုးဘိုး)များ
တန်ခိုးနှင့်ကွယ်ဖျောက်ထားလေသလား..,ဓမ္မာရုံကိုဝှက်များဝှက်ထားလေ
သလား အမျိုးမျိုးတွေးတောစဉ်းစား
ရင်းည ၇နာခွဲမှတောင်ပေါ်မှဆင်းလာ
ခဲ့ရတယ်။ မယုံရင်သွားကြည့်ပါ
ဓမ္မာရုံတွေ့ မြင်ရမည်မဟုတ်ပါ
တောင်စောင့်နတ်မင်းကတံခိုးနှင့်ပြရင်
တော့ ကုသိုလ်ကံအားကြီးသူတွေဆို
ရင်တော့မြင်ရမလားတော့မသိဘူး...,,
မင်္ဂလာရှိပါစေ
Sunday, May 22, 2016
ဝမ်းသာစရာသတင်းလေးပါ အပါတ်စဉ် တစ်ရွာလုံး သိမ်းပေးရင်တော့ ရှယ်ဘဲဗျာ မော်လူးသားတွေ အမှိုက်အတွက်စိတ်အေးရလောက်ပြီ #အင်းတော် စည်ပင်သာယာက ကားကြီးဖြင့် မော်လူးမှာ အမှိုက်သိမ်းပြီတဲ့
မော်လူးတွင်မိုးကြိုကာလ ရေကြောင်းဘက်
ဆိုင်ရာအန္တရာယ်ကင်းရှင်းရေး ရေနုတ်မြောင်း
များစုပေါင်းသန့်ရှင်းရေးဆောင်ရွက်
မော်လူး မေ ၂၂
***************************
မိုးရာသီရေစီးရေလာကောင်းမွန်ရေး
မြို့တွင်း ရပ်ကွက်အတွင်း စည်ပင်သာယာ
ဈေးးသန့်ရှင်းသာယာလှပရေးအတွက်
စုပေါင်းသန်းရှင်းကို မေ၂၂ရက်နံနက်
၇နာရီခွဲမှ နံနက်၁၀နာရီခွဲအထိ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးတွင်စုပေါင်းဆောင်ရွက်ကြပါတယ်
အခုလိုဆောင်ရွက်ရွာမှာ မော်လူးကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့် အထောက်အကူပြု အဖွဲ့ဝင်များ ရပ်မိဖရပ်ဖများ မြို့နယ်စည်ပင်သာယာရေး
ဥက္ကဌဦးတိုးမြင့်နှင့်တာဝန်ရှိသူများ သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာ
မော်လူးဘိနယ်သစ်တောတာဝန်ခံ
တောအုပ်ကြီးဦးစိန်သန်းနှင့် သစ်တောဝန်
ထမ်းများ မော်လူးနယ်မြေရဲတပ်ဖွဲ့စခန်းမှ
စခန်းမှူးရဲအုပ်မင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ
မော်လူးဒေသအရံမီးသတ်တပ်ခွဲမှူး
ဦးခင်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ
အုန်းဒုတ်ရွာဒေသအရံမီးသတ်တပ်ခွဲမှူး
ဦးတင်ငွေင့်တပ်ဖွဲ့ဝင်များ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များNLDပါတီဝင်အဖွဲ့များ
ဒေသခံများ မင်းသာကျေးရွာ တောင်သူဦးကြီးများစုစုပေါင်း
အင်အား၃၀၀ကျော်တို့ က ဟဲနုကျေးရွာမှ ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုကားလမ်းမ
ကြီးနဘေးမှရေနုတ်မြောင်းများနှင့် မြို့ပေါ်ရပ်
ကွက်အတွင်းရှိရေနုတ်မြောင်းများစုစုပေါင်းအရှည်(၁)မိုင်အတွင်းရှိရေမြောင်းများကို မိုးရာသီ
ရေစီးရေလာကောင်းမွန်ရေး
ြိမို့ရွာအတွင်းသန့်ရှင်းသာယာလှပစေနိုင်ရေး
အတွက်ဝိုင်းဝန်းတူးဖေါ်ကာစုပေါင်း
ဆောင်ရွက်ကြပါတယ်
အဆိုပါစေတနာရှင်လုပ်ပေးအဖွဲ့များကို
ကုသိုလ်ရှင်များမှ နံနက်ခင်းတွင် ကောက်ညှင်း
ပေါင်း အကြော် လက်ဖက်ရည်နှင့် နေ့လည်စာအတွက် ထမင်းဟင်းလျာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရပါတယ်
Cyclone
Saturday, May 21, 2016
ပဌာန်း ၂၄ ပစ္စည်း မေတ္တာပို့ အကျယ်ဖြစ်ပါတယ်
***ပဌာန်း ၂၄ ပစ္စည်း မေတ္တာပို့ အကျယ်ဖြစ်ပါတယ် ***
၁. ဟေတုပစ္စယော , မကောင်းဟိတ်ပယ် ကောင်းဟိတ်တွယ် ဆောင်သယ်နိုင်ပါစေ
၂. အာရမ္မဏပစ္စယော , အာရုံကောင်းဆောင် မကောင်းရှောင် ခုနောင်အေးပါစေ
၃. အဓိပတိပစ္စယော , အကြီးအကဲ အပြီးပဲ အမြဲဖြစ်ပါစေ
၎. အနန္တရပစ္စယော , မရှိအကြား အသိများ ထင်ရှားသိနိုင်စေ
၅. သမနန္တရပစ္စယော, ကောင်းစွာအကြား မရှိငြား တရားသိနိုင်စေ
၆. သဟဇာတပစ္စယော, အတူတကွ အယူမျှ ဖြူ ကြခင်ကြစေ
၇. အညမညပစ္စယော , အချင်းချင်းပင် အမွှန်းတင် အစဉ်ကောင်းပါစေ
၈. နိသယပစ္စယော , တစ်ဦးတစ်ဦး မေတ္တာကူး ကြည်နူးမှီနိုင်စေ
၉. ဥပနိသယပစ္စယော, အထူးသူငါ အားကြီးတာ များစွာမှီနိုင်စေ
၁၀. ပုရေဇာတပစ္စယော, ရှေ့ဦးသူငါ ကျေးဇူးသာ ထူးစွာပြုနိုင်စေ
၁၁. ပစ္ဆာဇာတပစ္စယော, နောက်မှအထူး မြတ်ကျေးဇူး ထူးစွာပြုနိုင်စေ
၁၂. အာသေ၀နပစ္စယော , အထပ်ထပ်ပဲ ကုသိုလ်လဲ အမြဲပြုနိုင်စေ
၁၃. ကမ္မပစ္စယော , မကောင်းကံရှောင် ကောင်းကံဆောင် ခုနောင်ပြုနိုင်စေ
၁၄. ၀ိပါကပစ္စယော , မကောင်းကျိုးလဲ အမှန်ပဲ အမြဲဝေးပါစေ
(ကောင်းကျိုးဧကန် အမြဲမှန် အမှန်ရပါစေ)
၁၅. အာဟာရပစ္စယော, ကောင်းစွာခိုင်ခံ့ ကောင်းစွာနှံ့ ထောက်ပံ့နိုင်ပါစေ
၁၆. က္ကုန္ဒြိယပစ္စယော, ကက္ကနြေ္ဒိများ သတိထား ကြိုးစားထိနိးနိုင်စေ
၁၇. ဈာနပစ္စယော , ကောင်းစွာစူးစိုက် ကောင်းနှစ်ခြိုက် သိုက်မြိုက်ရှုနိုင်စေ
၁၈. မဂ္ဂပစ္စယော, ကောင်းသောမဂ္ဂင် လမ်းကြောင်းထွင် အစဉ်သွားနိုင်စေ
၁၉. သမ္ပယုတ္တပစ္စယော , သူငါမကွဲ လောကထဲ ယဉ်တွဲနိုင်ပါစေ
၂၀. ၀ိပ္ပယုတ္တပစ္စယော , မယဉ်မတွဲ ကျေးဇူးလဲ အမြဲပြုနိုင်စေ
၂၁. အတ္ထိပစ္စယော, ထင်ထင်ရှားရှား ကျေးဇူးများ ပြုသွားနိုင်ပါစေ
၂၂. နတ္ထိပစ္စယော , မထင်မရှား ကေျးဇူးများ ပြုသွားနိုင်ပါစေ
၂၃. ၀ိဂတပစ္စယော , ကင်းကွာနေငြား ကျေးဇူးများ ပြုသွားနိုင်ပါစေ
၂၄. အ၀ိဂတပစ္စယော , မကင်းမကွာ ကျေးဇူးရှာ မကြာပြုနိုင်စေ။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷ Admin.kokomg
Credit ..#chitkyimaung
Friday, May 20, 2016
ဒီနေ့ကို ဒီလိုမှတ်မယ် ကလေးတို့ရေ... ထူးပါဘူး လူကြီးတွေကော မှတ်လိုက်နော်
ဒီနေ့ကို ဒီလိုမှတ်မယ် ကလေးတို့ရေ...
========================
“ကဆုန်လပြည့် -ဗုဒ္ဓနေ့ (ဆု၊ ဖွား၊ ပွင့်၊ စံ )”
****************************************
( ကဆုန်လပြည်နေ့ -၁ ဆု ) ၁-ဂေါတမဗုဒ္ဓ အလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌သုမောဓာရသေ့ဖြစ် ခဲ့သည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဗုဒ္ဓ၏ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကိုရယူနိုင်သော်လည်းဘ၀သံသရာ၌နစ်မွန်းမျောပါနေကုန်သော ဝေနေယျသတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
( ကဆုန်လပြည်နေ့ -၂ ဖွား) ၂-ဗုဒ္ဓအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် ၊သောကြာ နေ့ဝယ် ဒေ၀ဒဟပြည်နှင့် ကပိလ၀တ်ပြည်၏အကြားရှိ လုမ္ဗိနီသာမော အင်ကြင်း တော၌ မယ်တော်မာယာဝမ်းကြာတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။
( ကဆုန်လပြည်နေ့ -၃ ပွင့် ) ၃-အသက် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ်အချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဗုဒ္ဓအဖြစ်သို့ ရောက်တော်မူလေသည်။
( ကဆုန်လပြည်နေ့ -၄ စံ ) ၄ -ဘုရားဖြစ်သည့်အချိန်မှစ၍၄၅-၀ါကာလပတ်လုံး သတ္တ၀ါတို့၏အကျိုး စီးပွားကို မနားမနေဆောင်ရွက်တော်မူခဲ့သော ဂေါတမဗုဒ္ဓသည် သက်တော် ၈၀-အရွယ်ရောက်သောအခါ မဟာသက္ကရာဇ်၁၄၈-ခု၊ကဆုန်လပြည့် အင်္ဂါ နေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ဥယျာဉ်တော်၌ ပရိနိဗ္ဗာန် ၀င်စံတော် မူလေသည်။
C/O MS
ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့ အခြေခံ (၃၇)ချက်
ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်တဲ့ အခြေခံ (၃၇)ချက်
***********************************
၁။ လူအမည် = သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သူဒ္ဓေါဒနမင်းနှင့် မာယာဒေဝီ
၎။ ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေဝဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ)
၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရသေံဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ(၉၇ မှ ၁၀၃အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး (ဒုက္ကရစရိယာ ကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက = ပဉ္စဝဂ္ဂီငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ = သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် = မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၃၂။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ = မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့
(ဆရာတော်<သာသနာနွယ်> ထံမှကူးယူဖော်ပြပါသည်)
Wednesday, May 18, 2016
Tuesday, May 17, 2016
လွိုင်မောက် တောင်ပေါ်က ပဋ္ဌာန်းပွဲ စတင်ပါပြီ
မော်လူးဒေသသားများအားလုံးကို
နှိုးဆော်လိုက်ပါတယ်......
ဒီနှစ်လွိုင်မောက်တောင် ပဋ္ဌာန်းပွဲသို့
ကြွရောက်ကြပါရန်။
ပြုပြင်တည်ဆောက်ဆဲစေတီတော်ကြီ
း ပြီးမြောက်ရန်အလှူငွေများလှူဒါန်း
ကြပါရန်။
တောင်ပေါ်တက်၍စတုဒီသာအာဟာရသုံးဆောင်ပြီး ဘုန်းဘုန်းတို့ နှင့်အ
တူလုပ်အားဒါနများအားပါးတရလှူ
ဒါန်းကြပါရန်။
အထူး အထူးနှိုးဆော်ရင်းဖိတ်ခေါ်
လိုက်ပါရစေ..
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ..,
သူငယ်တန်းသင်ရိုးသစ်စတင်ရန် ရွှေ့ဆိုင်းသောသတင်းမဟုတ်မှန် ရှုပ်နေတာဘဲဆိုတာ အဲ့ဒါဘဲ
သူငယ်တန်း (KG) သင် ရိုးညွှန်းတမ်းအသစ်ကို စတင်သင်ကြားရန် လာမည့် ၂၀၁၇-၂၀၁၈ပညာသင်နှစ်သို့ ရွှေ့ဆိုင်း သည်ဆိုသည့်သတင်းမှာ မဟုတ် မှန်ကြောင်း အခြေခံပညာဦးစီး ဌာနက ငြင်းဆိုသည်။
အခြေခံပညာကျောင်းများ တွင် သူငယ်တန်းကျောင်းသား များထားရှိရန် စာသင်ခန်းများ တိုးချဲ့တည်ဆောက်ရေး ရန်ပုံငွေ မရှိခြင်းသည် ယင်းအစီအစဉ်ကို အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မန္တလေးမြို့၌ မေလ ၁၄ ရက်၌ ပြုလုပ်ခဲ့သည့် အစည်းအ ဝေးတွင်ပြောကြားခဲ့သည်ဟု ရေး သားကာ ‘‘သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းအသစ်ကို လာ မည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ၌ စတင်သင်ကြားရန် ရွှေ့ဆိုင်း’’ ဟူသော ခေါင်းစဉ်ဖြင့် မေလ ၁၆ ရက်က အင်္ဂလိပ်ဘာသာဖြင့်ထုတ် ဝေသည့် နိုင်ငံပိုင် The Global Newlight of Myanmar သတင်း စာတွင် ဖော်ပြထားခဲ့ခြင်းဖြစ် သည်။
‘‘KG ကို လာမယ့်ပညာသင် နှစ်ကို ရွှေ့ပြောင်းပြီးတော့ စသင် မယ်ဆိုတာ မဟုတ်ပါဘူး။ ဒီနှစ် ပညာသင်နှစ်မှာ စသင်ကြားမှာ ပါ’’ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။
ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တွင် သူငယ်တန်းသင်ရိုးညွှန်း တမ်းအသစ် (KG)ကို စတင် သင်ကြားနိုင်ရန် မူလတန်းပြ ဆရာ၊ ဆရာမများအား KG သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ ပြီး အခြေခံပညာကျောင်းများသို့ သူငယ်တန်းသင်ရိုးညွှန်းတမ်း သစ်အတွက် သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်း (KG Kit) များ ဖြန့်ဝေပေးခဲ့သည်။
‘‘KG အတွက် သင်ထောက် ကူပစ္စည်းတွေတောင် သွားထုတ် ပြီးပြီဆိုတော့ ဒီနှစ်စမယ်ထင် တယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်မှ မူလတန်းပြဆရာမတစ်ဦးက ပြောသည်။
သူငယ်တန်းစတင်တက် ရောက်မည့် ကျောင်းသူ၊ ကျောင်း သားများသည် ပြဋ္ဌာန်းစာအုပ်ကို မကိုင်ရတော့ဘဲ ကလေးများသည် စာသင်ကျောင်းများ၌ ဆရာက စနစ်တကျပြင်ဆင်ထားသည့် ပုံပြင်များ၊ တေးကဗျာများ အပါ အ၀င် လေ့ကျင့်ခန်းများကို ပုံစက္ကူ ကတ်ပြားများ၊ လက်ထိုးရုပ်များ ပါဝင်သည့် သင်ကြားသင်ယူမှုအ ထောက်အကူပြုပစ္စည်း (KG Kit)များဖြင့် ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားနည်းအသုံးပြု၍ လေ့ ကျင့်သင်ကြားပေးမည်ဖြစ်သည်။
အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်နှံရေး ရက် သတ္တပတ်ကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားပြီး သူငယ်တန်း (KG) တက်ရောက် မည့် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအပ်နှံရာတွင် ငွေကြေး ပေးသွင်းရန်မလိုအပ်ဘဲ ကျောင်း ၀တ်စုံတစ်စုံစီ အခမဲ့ဖြန့်ဝေပေး ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။
Monday, May 16, 2016
တောင်သူ ဦးကြီးများ အတွက် ( နွားရွေးနည်း ပညာ )
( နွားရွေးနည်း ပညာ )
*******************
၁။ နွားနီကွမ်းသွေး ရိုက်နိင်မှပြေး ။
၂။ နွားပြာနီတုတ်မွှေး ရိုက်နိင်မှပြေး ။
၃။ နွားပြာချို တုတ် ထမ်းပိုးထမ်းနှုတ် ။
၎။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။
၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။
၆။ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်။
၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း စင်းစင်းခံနေတတ် ။
၈။ နွားဝါမျက်ကွင်းဖြူ ကြိမ်မကူ ကမူမတက်ဘူး ။
၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ကမူမတက်ဘူး။
၁၀။ နွားညို သံရောင် တုတ်မဆောင်ရ ။
၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။
၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှ၏ ။
၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့ ။
( ဗွေများ )
**********
( ၁ ) ဗွေဆင့်ဗွေ
ချို နှစ်ချောင်းစပ်ကြား၌ နှစ်ခုဆင့်လျှက်ရှိသော ဗွေ။(မယားသေ)
( ၂ ) မျက်ခြားဗွေ
မျက်လုံးနှစ်ခုကြား၌ တစ်လုံးတည်းရှိသော ဗွေ ။ (မယားသေ)
( ၃ ) ဗွေထီးဆောင်း
ချို နှစ်ချောင်း စပ်ကြား၌ ရှိသည်။ ထိုဗွေသည်
နွား၏ထိပ်၌ ထီးကဲ့သို့ မိုးဆောင်းထား၍ ဗွေထီးဆောင်းဟုခေါ်သည်။ပထမတန်းစား ဗွေဖြစ်သည်။
( ၄ ) မြခနောက်ဗွေ
နွားခေါင်း၏ ရှေ့နဖူးပြင်ထိပ် အလယ်ကျသောနေရာ၌ ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ဗွေကောင်းဖြစ်သည်။
( ၅ ) သံလျက်ဗွေ
နွားလည်ပင်းတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ပါတတ်သည်။ လည်ပင်းမှ ခရုပတ်ရစ်၍ ဗွေ၏အဖျားသည် နွားဦးခေါင်းဖက်သို့ အညွန့်ဖြာလျှက်တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်။အကျိုး ပေးမထက်သန် ဆုတ်ယုတ်ပျက်စီးခြင်းလည်းမရှိ။
( ခြောက်ကွက်လှနွား )
၁။ မြီးစွပ်ခြင်း အကွက်ကောင်းတစ်ကွက်
၂။ ထိပ်ကွက်ခြင်း အကွက်ကောင်းတစ်ကွက်
၃။ ခြေလေးဖက်စလုံး ဒူးဆစ်ထိ ဆွတ်ဆွတ်ဖြူ ခြင်း အကွက်ကောင်း လေးကွက်
( ထိုနွားမျိုးရှိလျှင် ခိုက်တတ်သောနွားဝယ်မိပါကလည်း အန္တရာယ် မဖြစ်ပါ )
** မြောက်သုံးသွယ် ကျယ်သုံးလီ
နီသုံးချက် တစ်နေ့တစ်ခြား စီးပွားတက် ။
( မြောက်သုံးသွယ် )
ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း (သို့မဟုတ်) ခေါင်းတမော့မော့ရှိခြင်း။
( ကျယ်သုံးလီ )
ချို နှစ်ခုစပ်ကြား ထိပ်အင်းကျယ်ခြင်း
ရင်အုပ်ကျယ်ခြင်း နှင့် တင်ပါးဆုံကျယ်ခြင်း ။
( နီသုံးချက် )
လျှာနီခြင်း နှာနီခြင်း ခွာလေးဖက်နီခြင်း
(ထိုအချက်တို့နှင့်ပြည့်စုံသောနွားကို လာဘ်နွားဟုခေါ်သည်။စီးပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်လာသည်။
** နွားပြာနီ ကြောင်စွယ်
မှောင်ကွယ်ရာဝယ် မမှားနိင် ။
နွားပြာ နွားနီ နွားပြာနီ နှင့် နွားကြောင်စွယ် တို့သည် မွေးထိုက်သောနွားဖြစ်၍ မှောင်ကွယ်ရာဝယ်ဦးတော့ မမှားနိင်ဟုဆိုလိုသည်။
နွားကြောင်စွယ် .....နှာရောင်မှောင်မှောင် လက်မဲမဲ ဒူးမဲမဲ ရှိသောနွား ။
( နွား၏ချို )
**********
ဘယ်လဲ ညာထောင် ဥစ္စာပြောင်
ဘယ်ထောင်ညာလဲ တက်တက်မွဲ ။
** တစ်ဖက်ထောင် တစ်ဖက်လဲနွားသည် ဥစ္စာဆုတ်ယုတ်တတ်၏ ။
တယ်လူးချို .....နုတ်သောချို နဲ့သောချို ။ (အကျိုးမပေး)
ကြက်တူရွေးချို .....ကြက်တူရွေးနှုတ်သီးပမာ ရှေ့သို့ကွေးညွတ်သော ချို ကွေး ။
(အကျိုးမပေး)
(မှတ်ချက်)
*********
ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများကို
လွန်ခဲ့သော ( ၃၀ )နှစ်ခန့်က မှတ်စုစာအုပ်ထဲ
မှတ်ထားမိသမျှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
credit...original T Z O
(23.2.2016)
( ဖတ်မိပြီးသဘောတွေ့ရင် တောင်သူဦးကြီးများအတွက် ကျေးဇူးပြု၍ share ပေးစေချင်ပါတယ် )
အရူးမ လင်လုပ်နေရတဲ့ အတိုင်းဘဲ ပြောပြန်ရင်လည်း ဆဲခံရမှာသေခြာတယ် သတင်းတာ ဖတ်ကြည့်တော့
လာမည့် စာသင်နှစ်တွင် KG (သူငယ်တန်း) သင်ရိုးသစ်စနစ်
မကျင့်သုံးနိုင်တော့
ရန်ကုန်၊ မေ- ၁၇
လာမည့် ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဟု
ကြေညာထားခဲ့သော KG (သူငယ်တန်း)
သင်ရိုးသစ်စနစ်ကို စာသင်ဆောင်များတွင်အသုံးပြုရမည့်
သင်ထောက်ကူပစ္စည်းများ ထပ်မံတိုးချဲ့ရန်
ဘဏ္ဍာငွေမလုံလောက်ဟူသော အကြောင်းပြချက်ဖြင့်
ပညာရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်ပြီဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သော
The Global New Light of Myanmar
သတင်းစာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အတိအလင်းဖော်ပြ
ပါရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှသာ အဆိုပါစနစ်ကို
ကျင့်သုံးနိုင်တော့မည်ဟု ဆိုသည်။
ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဌမတန်းတွင်
ပြန်လည်ကုစားခြင်း ရှိမည်မဟုတ်ဟူသည့် ကြေညာချက်ကို ယခုနှစ်
ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့တွင်မူ
ပြန်လည်ကုစားခြင်းရှိသည်ဟုဆိုကာ ထုတ်ပြန်ခဲ့သေးသည်။
ပုံမှာ KG တန်းသင်မည့်ဆရာမများကိုမိုးမိတ်မြို့တွင်သင်တန်းပေးနေ
ပုံဖြစ်ပါသည် ။
KTZO
Popular
Saturday, May 14, 2016
ပုန်းဟုန်သား စဥ့်ခိုးသားတွေကို အသိပညာပေး
အင်းတော်မြို့နယ် မော်လူးဒေသ ပုန်းဟုန်ကျေးရွာအုပ်စု
ပုန်းဟုန်ကျေးရွာ| စဥ့်ခိုးကျေးရွာတို့တွင် (14.5.2016)
ရက်နေ့ နံနက်(၁၀း၀၀)နာရီချိန်တွင် ရက်(၁၀၀)စီမံချက်
ပထမ ခြေလမ်းအဖြစ် မူးယစ်ဆေးဝါး အသိပညာပေး
ဆိုင်းဘုတ်စိုက်ထူးခြင်း လက်ကမ်းစာစောင်များဝေငှခြင်း
တို့ကို နယ်မြေရဲစခန်း| ရပ်မိရပ်ဖများ| မီးသတ်တပ်ဖွဲဝင်များ
နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်
(တွဲလက်ညီညီလုပ်ဆောင်မည်)
Subscribe to:
Posts (Atom)
















































