မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Wednesday, June 22, 2016
Monday, June 20, 2016
မလူးရွာ သုသာန် မှာ မကျွတ်မလွတ်သေးသော သူများကို နယုန် လပြည့်ကျော် ၂ ရက်ည အစာကျွေးမှာ တဲ့ သွားလေ့လာလိုက်ကြအုန်း ပျော်စရာကြီး
ဘဝအဆက်ဆက်က တော်စပ်ကြကုန်သော မကျွတ်မလွတ်သောပုဂ္ဂိုလ်တို့အား ကျွေးမွေးကြမည့် အကျွတ်အလွတ်ပွဲစတော့မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူများကြွရောက်နိုင်ကြပါသည်
နေရာကတော့မလူးရွာသုသာန် မှာ ဖြစ်ပါတယ်တဲ့
fb မှာတွေ့လို့
သွားဖြစ်ရင် ဖုန်းနဲ့ဓာတ်ပုံ ရိုက်ခဲ့ကြဖို့ မမေ့နဲ့ အပြင်မှာ မမြင်ရပေမဲ့ တစ်ခါတလေ ဖုန်းထဲမှာ ပေါ်တတ်တယ် ပေါ်ရင်လည်း သတင်းပို့ခဲ့အုန်း
၆ ဘာသာဂုဏ်ထူးရှင် ကို မော်လူးသား တွေ သိပ်မသိကြပေမဲ့ မော်လူးကွက်သစ် က ကလေး ကိုတော့သိကြမှာ သူလည်း ဒီနှစ် ၁၀ တန်းအောင်တယ်တဲ့
ဂုဏ်ယူမိပါတယ် မော်လူးသားလေးရယ် မသန်သော်လည်း စွမ်းတယ်ဆိုတာ ပြလိုက်ပြီ
စင်ပေါ်ကသူကိုသာ ချီးမြှောက်ခြင်းကို လျော့ချကြပါစို့
%%%%%%%%%%%%%%%
အရှင်ကေ သဝ fb မှ မ လာသည်
-
-
ကြိုးစားလိုက်ကြပါ
==========================
သူ့နာမည်က မောင်ပြည့်ဖြိုးဇော် အသက်က ၂၀ အရပ်က ၃ ပေ မိဘ တွေက ဦးဥာဏ်ထွန်း+ဒေါ်ခင်မြနွယ် နေရပ်လိပ်စာက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး စံပြကျေးရွာ ကွက်သစ်ရပ် ။ ၂၀၁၅ -၂၀၁၆ တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ထားတယ်လို့သိရပါတယ်။ဘဝကံအကျိုးပေးမလှပေမယ့်ပညာကံအကျိုးပေးတော့မဆိုးပါဘူး။ကြိုးစားရင်ကြိုးစားသလိုအောင်မြင်တယ်ဆိုတာမောင်ပြည့်ဖြိုးဇော်ကသင်္ခန်းစာပေးနေပြီနော။စာမေးပွဲကျလို့စိတ်ပျက်အားငယ်နေကြတဲ့တူ တူမလေးတွေအတွက်အားကျအတုယူစရာလေးတွေပေါ့နော။ ဝိရိယမတောတိကိံကမ္မံနသိဇ္ဇတိ =မလျော့သောဇွဲလုံ့လဝိရိယဖြင့်ကြိုးစားလျှင်မပြီးမြောက်သောအလုပ်ကိစ္စဆိုတာမရှိဘူးတဲ့ကဲဒါကြောင့်ဒီနှစ်မအောင်မြင်တဲ့သားငယ် သမီးငယ်များ ညီ ညီမလေးများ တူ တူမလေးများရှေ့ဆက်ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါတယ်။
Sunday, June 19, 2016
တို့ဒေသ ကလွှတ်တော်အမှတ်တွေ ဒီတစ်ခါတော့ လက်တွေ့ ကွင်းဆင်း စစ်ဆေးပြီဗျာ ကျွန်တော်တို့ဒေသကို မကြခဏ စစ်ဆေးနိုင်ပေစေလို့ ဆုတောင်းလိုက်တယ်ဗျာ
အင်းတော်မြို့နယ် မော်လူးဒေသ မံဟဲကျေးရွာအုပ်စု ပေကုန်း-မြေပလ္လင် ကျေးရွာချင်းဆက်လမ်း ရေတိုက်စားပျက်ဆီးနေမှုကို တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးဘိုသန်းညွန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး တိုင်း(၂)လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းဝင်း မြို့နယ်စီခန့် ဥက္ကဌ ဦးတင်မြင့် နှင့် မြို့နယ်စီခန့်အဖွဲ့ဝင်များ
ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများတို့နှင့် ကွင်းဆင်းစစ်ဆေးကြည့်ရူ
စစ်ဆေးပြီး မည်သို့ရှေ့ဆက်လက်လုပ်ဆောင်သွားရေးကို ဆွေးနွေး
ကာ ကျေးရွာနေလူထုနှင့် ပေကုန်းအုပ်ချုပ်ရေးမှူးရုံတွင်တွေ့ဆုံခဲ့
တယ်တဲ့
Friday, June 17, 2016
ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ
ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ
===============================
ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီပုထိုး၊ ဘုရားဆင်းထုတော်၊ သံဃာတော်များ၊ မိဘဆရာ၊ သက်ကြီးဝါကြီး များကို ရှိခိုးကန်တော့ခြင်းသည် ဓလေ့ထုံးစံတစ်ခုကဲ့သို့ ပြုလုပ်ရခြင်းထက် ပိုပါသည်။
လုပ်ဆောင်အပ်သော ဝတ္တရား၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး၊ ဂုဏ်ယူဖွယ် လူမှုစရိုက်၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု အဖြစ် ထိန်းသိမ်းထားရှိရခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းဧ။် အဓိက
ထမ်းဆောင်ရမည့် အထူးတာဝန်ကြီးတစ်ရပ်ပင် ဖြစ်သည်။
မွေးဖွားလာပြီး မည်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲဆိုသည်ကို သတိမမူလိုက်မိဘဲ ဖြစ်တတ်ကြသည်၊ မိဘကဗုဒ္ဓဘာသာဝင်ဖြစ်လို့ လိုက်၍ဖြစ်သွားသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ
များမည်ထင်သည်။ ဆင်းထုတော်ကို, စေတီပုထိုးများကို ရှိခိုးဦးချလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်ဖြစ်သွားသည်ဟု ထင်ခဲ့မည်ဆိုလျှင် မမှန်ပါ။
ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးဧ။် လေးနက်တဲ့ အဓိပ္ပာယ်၊ မွန်မြတ်တဲ့ သိက္ခာ၊ ကြည်ညိုဖွယ် ဂုဏ်အရည်အချင်းများကို မှန်မှန်ကန်ကန် သိရှိနားလည်ရပါသည်၊ ယင်းသို့ သေသေချာချာ
တိတိကျကျ သဘောပေါက်နားလည်သဖြင့် အမှန်တကယ် အားကိုးယုံကြည်ပြီး ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟူ၍ ဆုံးဖြတ်နိုင်သည်။
ရတနာသုံးပါးကို အစစ်အမှန် ကိုးကွယ်လဲလျောင်းရာ အဖြစ် ခံယူခြင်းကို " သရဏ " ဟူ၍ခေါ်ဆိုရသည်။
ဆန္ဒအမှန်ဖြင့် ယုံကြည်ကိုးကွယ် သဖြင့် ဆည်းကပ်ပူဇော်ခြင်းကို (သရဏ ဂမန) " သရဏဂုံ " ဟူ၍ခေါ်ဆိုရသည်။
ထိုသို့ အသေအချာ သိရှိနားလည်၍ ယုံကြည်ကိုးကွယ်ပြီး ဆည်းကပ်ပူဇော်သူကို " သရဏဂုံ တည်သူ " ဟူ၍ခေါ်ဆိုရသည်။
ဤသို့ " သရဏဂုံ တည်သူ " ကိုသာလျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည်။
မိမိတွင် အကျိုးကျေးဇူး ရရှိနိုင်သည်ဟူသော အထင်ဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အယူဝါဒ တစ်ခုခုကို သော်လည်းကောင်း၊ အခြားဘာသာ တစ်ခုခုကို သော်လည်းကောင်း၊
စွဲစွဲမြဲမြဲ ကိုးကွယ်ဆည်းကပ်ခဲ့လျှင် ထိုသူမှာ " သရဏဂုံ " ပျက်ပြယ်သွားပြီဟု သတ်မှတ်ရသည်။ ( စကားချပ် -- ပုဂ္ဂိုလ်စွဲ ယုံကြည်မှု လွန်ကဲခြင်းမဖြစ်ရန် သတိထားရမည်။)
ရတနာသုံးပါးကို မေ့လျော့နေလျှင် ကိုးကွယ်ဆည်းကပ်မှုဖြင့် ဝေးကွာနေသောကြောင့် " သရဏဂုံ " မှေးမှိန်နေသည်၊ ညှိုးနွမ်းနေသည်ဟု သတ်မှတ်ရသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးကို မေ့မေ့လျော့လျော့မနေဘဲ၊ အစဉ်သဖြင့် သတိတရ ကိုးကွယ်ဆည်းကပ်နေရန် အလွန်လိုအပ်လှပေသည်။
ကိုးကွယ်ဆည်းကပ်နေရမည် ဆိုသည်မှာ ဆွမ်းကပ်လှူခြင်း၊ ပန်း ဆီမီးတို့ဖြင့် ပူဇော်ခြင်း၊ ဝတ္တု ပစ္စည်းများဖြင့် လှူဒါန်းခြင်း၊ စသည်တို့ကို အမြဲပြုလုပ်နေရမည်ဟု မဆိုလိုပါ၊
ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးတော်များကို စိတ်ထဲမှာ မမေ့မလျော့ အောင်းမေ့သတိရနေခြင်းသည်သာ အရေးကြီးဆုံးဖြစ်သည်။
သို့အတွက် ရတနာသုံးပါးကို အမြဲနှလုံးသွင်းနိုင်ရန် မည်သည့်နေရာမှာဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ မည်သည့် ပုဂ္ဂိုလ်၊ စေတီ၊ ဆင်းတုတော် ကိုဖြစ်စေ၊ ရှိခိုးဝတ်ပြုပြီဆိုလျှင်
ရတနာသုံးပါးကို ရည်စူးမှန်းဆပြီး သုံးကြိမ် ဦးချရမည်ဖြစ်သည်။
ဆရာတော်ကြီးများ အမိန့်ရှိသလို " မင်းတို့ဦးချတာက ပုဆိန်ပေါက်နေသလို၊ ဖားဖမ်းနေသလို ပါပဲလား " လို့ မဖြစ်ရလေအောင် ပထမတစ်ကြိမ် ဦးချစဉ်တွင် " မြတ်စွာဘုရားဧ။် ဂုဏ်တော် " တို့ကို
နှလုံးသွင်း အာရုံပြု၍ ဖြေးဖြေးမှန်မှန် ဦးနှိမ်ပြီး ဝတ်ချရသည်။ ဒုတိယတစ်ကြိမ်တွင် " တရားတော်ဧ။် ဂုဏ်တော် " များ၊ တတိယတစ်ကြိမ်တွင် " သံဃာတော်ဧ။် ဂုဏ်တော် " များကို နှလုံးသွင်းကာ
အာရုံပြုလျက် ညင်သာဖြေးညှင်းစွာ ဦးနှိမ်ချ၍ ရှိခိုးရသည်။
ထိုသို့နှလုံးသွင်း အာရုံပြုနိုင်ရန် မြတ်စွာဘုရားဧ။် ဂုဏ်တော်များ၊ တရားတော်ဧ။် ဂုဏ်တော်များ၊ သံဃာတော်ဧ။် ဂုဏ်တော်များ ကို သေသေချာချာ လေ့လာမှတ်သားပြီး အိပ်ရာဝင်, အိပ်ရာထတိုင်း
အမြဲမပြတ် ပွားများကြံစည် နေအပ်ပေသည်။
ဗုဒ္ဓကျမ်းဂန်တို့တွင် " သရဏဂုံ " အမြဲတည်နေသောသူသည် သက်တမ်းကုန်ဆုံး၍သော်လည်းကောင်း၊ နာတာရှည်ရောဂါတို့ဖြင့်သော်လည်းကောင်း၊ ရုတ်တရက် မတော်တဆ အနေဖြင့်သော်လည်းကောင်း၊
တမလွန်သို့ ဘဝကူးပြောင်းသွားခဲ့သော် အောက်ဘုံများသို့ မဆင်းဘဲ၊ အထက်ဘုံများသို့သာ လားရောက်ရသည်ဟု အတိအလင်း ပြဆိုထားလေသည်။ ။
***ဗုဒ္ဓဘာသာဝင်တိုင်း " သရဏဂုံ " အမြဲတည်တံ့နေရန် အားထုတ်သင့်လှပေသည်။***
Credit to ဦးလွမ်းမိုးအောင်
Thursday, June 16, 2016
Wednesday, June 15, 2016
သားသားကြီးရင် စစ်ဗိုလ်ကြီးလုပ်မယ် ဆိုသူတွေအတွက် လျှောက်လွှာ ခေါ်ပါပြီခင်ဗျာ
ဒီနှစ်ဆယ်တန်းအောင်တဲ့ ကလေးတွေအတွက် မင်္ဂလာသတင်းဟေ့။၁၅.၆.၂၀၁၆နေ့ ကြေးမုံသတင်းစာမှာ
ပါလာပြီနော်။DSA,DSTA,DSMAဗိုလ်လောင်းသင်တန်း
တွေခေါ်နေပြီနော်။နယ်က သတင်းစာမရောက်တဲ့ ရွာက
ကလေးများ သိကြပါစေ။လစာ+ရိက္ခာ+နေစရာရေမီး
အပြည့်အစုံ ဘဝအာမခံချက်လည်းရှိပါတယ်။အထူး သဖြင့်
ဝေးလံတဲ့ နယ်ရွာဘက်က ကလေးတွေကိုရစေချင်ပါတယ်။
သိပြီးလျှောက်ကြပါစေ...လျှောက်တိုင်းလည်း အောင်မြင်
ကြပါစေ....။
Sunday, June 12, 2016
Saturday, June 11, 2016
ဦးကြီး ဒေါက်တာမြင့်နိုင် ကိုတွေ့ရင် ပြောပေးကြပါအုန်းခင်ဗျာ "မော်လူးဒေသသားတွေကို ကူညီပါအုန်းလို့"
ဘလော့ မှာ ကြည့်မရရင်
အောက်က link ကို ရွေးပြီ you tube က ကြည့်လိုက်ပါ
10-6-2016 ရက်နေ့ ပြည်သူ့လွှတ်တော် မှာ အင်းတော်မြို့နယ် လွှတ်တော်အမတ် ဒေါက်တာပြုံး တင်ပြသော
မော်လူး ကျောက်ဆည် ပြုပြင်ရေးကိစ္စ ကို စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်း ပြည်ထောင်စု ဒုဝန်ကြီး(ထင်တာဘဲ)က တိုင်းဒေသကြီးအစိုးရ
ဒေါက်တာ မြင့်နိုင် အပေါ် ပုံချလိုက်သော ဖြေရှင်းချက်
ဗွီဒီယိုဖိုင်
ကြည့်ဖြစ်အောင် ကြည့်လိုက်ပါအုန်း
@@@######@@@@@@
ကျွန်တော်တို့ ဒေသရဲ့ လွှတ်တော်အမတ်ကြီး ဒေါက်တာပြုံးခင်ဗျာ
ကျွန်တော်တို့ ဒေသ က လူတွေရဲ့ တင်ပြချက်တွေကို အယုံမလွယ် အလွယ်မယုံ ဘဲနဲ့ စိစစ်ပေးပါ
ယခုတင်ပြချက်မှာ ကွဲလွှဲချက်လေးတွေရှိနေပါတယ် သေချာကွင်းဆင်း စစ်ဆေး တိုင်ပင်ပြီးမှ တင်ပြပေးသင့်ပါကြောင်း အကြံကောင်း ပေးလိုက်ပါသည် ခင်ဗျာ----
အသစ်ပြန်လည် တည်ဆောက်ထားသော မြိုင်သာယာ နှင့် ပင်လုံ လမ်း လေးတန်ချောင်းကူး တံတားဖွင့်တာတဲ့
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ၊ ပင်လုံအုပ်စု ပင်လုံရွာ ရွှေလေးတန်တံတားဖွင့်ပွဲ ယနေ့ ၁၁.၆.၂၀၁၆ရက် နံနက် ၉နာရီအချိန် မိုးညှင်းမြို့ အမှတ်(၁)မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး ၊ ကျေးလက်ဦးစီးအရာရှိ ဦးအေးမင်းနိုင်၊ မြိုင်သယာဆရာတော် ဦးဥာဏိက တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တံတားမှာ ကွန်ကရစ်အာစီအုတ်တိုင် ဖြစိပြီး သစ်သားကြမ်းခင်း အမြင့် ၁၅ပေ တံတား အရှည် ၂၃၄ပေ ယာဉ်သွားလမ်းအကျယ် ၁၂ပေ ဖြစ်ကြောင်းသိရှိရပါတယ်
Friday, June 10, 2016
စမလ၇၃မကြည်မွေ့အိမ်All D တဲ့ fb မှာတွေ့ လို့
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
စမလ၇၃မကြည်မွေ့အိမ်All D
Thursday, June 9, 2016
မနက်ဖြန် အင်းတော်မြို့နယ်အတွက် ၁၀ တန်းအောင်စာရင်းကို အင်တာနက်ကနေ ကြည့်လို့ရမည့် facebook page
မနက်ဖြန် 11-6-2016 ရက်နေ့ အင်းတော်မြို့နယ် အတွက် အောင်စာရင်းကို
အချိန်နဲ့ တပြေးညီ သိလိုသူများအတွက်
ပညာရေးဝန်ကြီးဌာနမှ facebook page လေးပါ
*****-*-*********
ကြည့်လိုသူများ အောက်က လင့်လေးကို နှိပ်ပြီး Like ထားကြနော့
https://m.facebook.com/moe.gov.mm/photos/?tab=album&album_id=1003977009709362
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရူ့နိုင်သည် ယူရို 2016 ပွဲစဉ် နဲ့ အချိန်ဇယား
ယူရို 2016 ပွဲစဉ် နဲ့ အချိန်ဇယား
**********************
ယူရို 20016 ပွဲစဉ်အားလုံးကို ပြသပေးပါမည်
website>> www.mmfootballmobile.comhttp://www.mmfootballmobile.com/?m=1
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆောင်ရွက်တဲ့
မော်လူးမှာ သတင်းထောက်ခေါ်ပြီး သရုပ်ဆောင်တဲ့ ရုပ်ပြ အလုပ်တွေလျှော့ပြီး
အမှန်တကယ် လုပ်ပြ ဖို့ ကူညီကြပါစို့
မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစုပေါင်းဆောင်ရွက်
မော်လူး ဇွန်၉
@@@@@@@@@@@@@@@@@@@
မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစီမံချက်လုပ်ငန်းများကိုစစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင် ဇွန်၈ရက်နေ့နံနက်၈နာရီမှ နေ့လည်၁၂ နာရီအထိ မော်လူးမြို့ပေါ်ရပ်ကွက်ပေါင်း (၆)ရပ်ကွက်သို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မော်လူးတိုက်နယ် ဆရာဝန်ကြီးဒေါက်တာဝတ်မှုံထွန်း
ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ
ကျန်းမာရေးကြီးကြပ်(၁)ဦးကြည်ကိုကိုနှင့်
ကျန်းမာရေးဝန်ထမ်းများ မော်လူးကျေးရွာ
အုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုန်း သွန် လဲ စစ် လုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်
Cyclone
အမှန်တကယ် လုပ်ပြ ဖို့ ကူညီကြပါစို့
မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစုပေါင်းဆောင်ရွက်
မော်လူး ဇွန်၉
@@@@@@@@@@@@@@@@@@@
မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးစီမံချက်လုပ်ငန်းများကိုစစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင် ဇွန်၈ရက်နေ့နံနက်၈နာရီမှ နေ့လည်၁၂ နာရီအထိ မော်လူးမြို့ပေါ်ရပ်ကွက်ပေါင်း (၆)ရပ်ကွက်သို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မော်လူးတိုက်နယ် ဆရာဝန်ကြီးဒေါက်တာဝတ်မှုံထွန်း
ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ
ကျန်းမာရေးကြီးကြပ်(၁)ဦးကြည်ကိုကိုနှင့်
ကျန်းမာရေးဝန်ထမ်းများ မော်လူးကျေးရွာ
အုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုန်း သွန် လဲ စစ် လုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်
Cyclone
Wednesday, June 8, 2016
ရဟန်းသာမဏေများလူထွက်ရခြင်းအကြောင်းရင်း
👏တိပိဋကယောဆရာတော်ကြီး၏သြဝါဒ👏
(ရဟန်းသာမဏေများလူထွက်ရခြင်းအကြောင်းရင်း)
💌 နွေရာသီရောက်လာပြီဆိုရင် မြစ်ထဲချောင်းထဲကငါးတွေဟာ ရေကနည်းလာ, ပူလာတော့ နေရထိုင်ရတာဒုက္ခရောက်လာကြတယ်။
💌 ဒီကြားထဲ တံငါသည်ကလည်း ပိုက်ကွန်တကားကားနဲ့ဖမ်းဖို့လုပ်နေသလို, ဗျိုင်း,ဗျိုင်းအောက်,တင်ကျီးစတဲ့ငှက်တွေကလည်း ဖမ်းသုတ်ဖို့ချောင်းနေကြတယ်။ နောက်ဆုံးတော့ ငါးတွေခမျာဒုက္ခရောက်ကြရရှာတယ်။
💬 ဒီအတူပဲ သာသနာမှာ ရေနဲ့တူတဲ့သဒ္ဓါတရားအားနည်းလာပြီဆိုရင် ရဟန်းသာမဏေတွေနေရတာ မပျော်ကြတော့ဘူး။
💬 အဲဒီအခါမှာ တံငါသည်နဲ့တူတဲ့ ငါးဖြာအာရုံကာမဂုဏ်တွေကလည်း ဖမ်းဖို့တကားကား လုပ်နေကြသလို၊ ဗျိုင်း,ဗျိုင်းအောက်,တင်ကျီးနဲ့တူတဲ့ ကိလေသာတွေကလည်း ဖမ်းဖို့ချောင်းနေကြတယ်။
နောက်ဆုံးတော့ သဒ္ဓါတရားအားနည်းတော့လူထွက်ကုန်ကြတယ်။
💬 သဒ္ဓါတရားအားကောင်းလို့ကတော့ဗျာ ရိုက်ထွက်ခိုင်းတောင်မထွက်ပါဘူး၊ အဓိကတော့ သာသနာမှာမြဲတယ်, မမြဲဘူးဆိုတာ သဒ္ဓါတရားအားကောင်းတာနဲ့ အားနည်းတာနဲ့ပဲဆိုင်ပါတယ်။ ဒါကြောင့် ကိုရင်လေးတို့သဒ္ဓါတရားအားကောင်းအောင်လုပ်ကြ၊ လူမထွက်ကြနဲ့၊ သာသနာနဲ့မတွေ့တဲ့ လူတစ်ယောက်ရဲ့အနှစ်တရာအသက်ရှင်ခြင်းထက် သာသနာနဲ့တွေ့တဲ့လူတစ်ယောက်ရဲ့ တစ်ရက်အသက်ရှင်ခြင်းကပိုမြတ်တယ်၊ ဘာကြောင့်လဲဆိုတော့ မဂ်ဖိုလ်နိဗ္ဗာန် လမ်းကြောင်းကြီးကဖြောင့်တန်းနေလို့ပါပဲ။
(သာသနာမှာပျော်နိုင်ကြပါစေ)
(တနေ့ကစာရေးဆရာတစ်ယောက်က ဖေ့ဘုတ်သုံးလို့ရဟန်းသာမဏေတွေလူထွက်ကုန်ကြတာလို့ပြောထားတာတွေ့လို့ တင်လိုက်တာပါ၊ အကြောင်းရင်းမှန်ကိုသိမြင်နိုင်ကြပါစေ)
Tuesday, June 7, 2016
သူရဿတီ ဘယ်က လာသလဲ
y
သူရဿတီ ဘယ်က လာသလဲ
*********************
ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကို
လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး
အမျိုးကို စုံနေတယ်။
ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်
ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာ
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊
မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--
သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့
နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။
ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း
နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ်
အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊
အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။
အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့
သူရဿတီ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။
အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။
အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။
အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့
အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်ကြီးက ဘယ်နားရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တန်းမှာလည်း မရှိဘူး။
ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား မြောက်ဖက်နား
ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။
အဲဒီက လူတွေကို အာရီယန်လို့ ခေါ်တာ။
သူရဿတီ ဘယ်က လာသလဲ
*********************
ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကို
လက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုး
အမျိုးကို စုံနေတယ်။
ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်
ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာ
မကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊
မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။
ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ
အလကားဖြစ်သွားရော။ သြော်- ဒုက္ခ--
သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့
နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။
ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း
နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ်
အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊
အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။
အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့
သူရဿတီ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။
အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။
အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။
အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့
အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်ကြီးက ဘယ်နားရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တန်းမှာလည်း မရှိဘူး။
ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား မြောက်ဖက်နား
ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။
အဲဒီက လူတွေကို အာရီယန်လို့ ခေါ်တာ။
Sunday, June 5, 2016
မော်လူးက သတင်းထောက်တွေက ခါးတယ်ကွာ ကသာ သတင်းထောက်က မော်လူးသတင်းကို ပဟေဠိ လုပ်သွားပြီ
မော်လူး မှာ မျိုးစောင့်ဥပဒေ နဲ့ ကိုင်ထည့်လိုက်ပြီတဲ့
==================
Mawluမှအိမ်ထောင်ရှင်အမျိုးသား/အမျိုးသမီးတို့
ဒီနေ့ကြားခဲ့သတင်းတစ်ပုဒ်နော်းးးးး
mawluမှာပုဒ်မ-13ကိုကွင်းဖွင့်လိုက်ပြီတဲ့
တစ်ဥိးတစ်ယောက်ထက်မကချစ်တာကို
မျိုးစောင့်ဥပဒေကမနေဘူးထင်တယ်
ဘယ်သူလဲဆိုတာကိုတော့မိမိဖာသာစုံစမ်း
ကြည့်ပေါ့
------=====-----
fb မှာ တခြားမြို့ က သတင်းထောက်တင်ထားတာတွေ့လို့ မ လာတာ
သိရင်လည်း မင့်န် ခဲ့ကြပါအုန်းခင်ဗျာ
Saturday, June 4, 2016
သေခါနီး ဖြစ် တဲ့ စိတ်
¤¤¤¤¤¤¤¤¤¤¤¤¤
သေခါနီး ဖြစ် တဲ့ စိတ်
¤¤¤¤¤¤¤¤¤¤¤¤¤
《အချိန် (၂ )မိနှစ် သာပေးပြီး ဖတ်ပေးပါ》
■ သေခါနီး ဖြစ် တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။
လားရာ သုဂတိ ကို ချက်ချင်း အကျိုးပေး နိုင်ပါတယ် ။
ဒီအကြောင်း တရား ကိုမြတ်စွာ
ဘုရားရှင်က ယခု လိုဟောကြား ခဲ့ပါတယ် ။
နွား ကျောင်းသား ဟာ နေ၀င် လို့ နွားတွေ
ကို ခြံထဲသွင်း တဲ့အခါမှာ နွားပျို နွားပေါက်စ
လေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန် မစွမ်းတော့ တဲ့ ..
နွားအိုကြီး တွေကတော့ ဘယ်လောက်ပဲ
ရိုက်နှက် ခြောက်လှန့်သည်ဖြစ်စေ ...
ဖြည်းဖြည်း ချင်းပဲ နောက်ဆုံး ကနေ ၀င်ကြတယ်။
နောက်ဆုံး နွားခြံကို ပိတ်လိုက် တဲ့ အချိန်
မှာတော့ နွားအိုကြီး တွေကခြံပေါက်ဝ မှာပဲ အိပ်ကြရတယ် ။
ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက
ပြန်ထုတ် တဲ့ အခါမှာ တော့ ခြံဝမှာ အိပ်နေ
တဲ့ နွားအိုကြီး တွေကပဲ အရင်ထွက် ခွင့်ရပါတယ် ။
နွားပျို နွားငယ် တွေက တော့
နောက်ဆုံး မှပဲထွက် ကြရပါတယ် ။
အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာ မဲ့ နေတဲ့ အချိန်မှာ
ဖြစ် တဲ့ စိတ်ဟာ အရင်ဆုံး အကျိုးပေး ပါတယ် လို့ မြတ်စွာဘုရား ဟောကြား တော်မူခဲ့ပါတယ် ။
ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ
သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။
ကြည့်လေရာ မြင်လေရာက ကိုယ်တစ်
ဘ၀လုံး စွဲခဲ့တဲ့ အရာတွေ ချည်းပါပဲ ။
အိမ်တွေ အသုံး အဆောင် တွေ အ၀တ် အစား
တွေ သား သမီး လင်မယားတွေ အိမ်မွေး တိရစ္ဆာန်တွေ ။
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေ အကုန်လုံးက
ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေ ချည်းပဲ ။
ဒါကြောင့် ...
တစ်ချို့ နားလည် သဘောပေါက် တဲ့ လူတွေ
ဟာ သူတော်ကောင်း နေရာ မေတ္တာဓါတ်လွှမ်းခြုံ...
တဲ့ နေရာ ဆိတ်ငြိမ် တဲ့ နေရာ တွေမှာ
ကြိုတင် စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။
သေမယ့် အချိန်ကို ကြိုမသိ နိုင်ပေမယ့်
အဲ့လို နေရာမျိုး မှာပဲ ဘ၀ရဲ့ နောက်ဆုံး
အချိန်တွေကို ဖြတ်သန်း သွားကြပါတယ် ။
ကြောက်လည်း ကြောက်စရာ ပါပဲ။
အပါယ်ကျသွား လို့ ဘွာတေး လုပ်လို့ မရပါဘူး ။
အကုသိုလ် အစွဲအလန်း တွေ အားကြီး
လွန်းလို့ သေခါနီး ၀ိဥာဉ် မချုပ်နိုင်ပဲ
ဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ် ။
တစ်ချို့ကလည်း အကုသိုလ် စေတနာ
ကုသိုလ် စေတနာ သိပ်ကြီးကြီး မားမား မရှိ....
ဝိပဿနာ ဥာဏ်ကလည်း မရှိတော့ သူ့ ကံက
သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ် ရောက်လိုက်
ဒီစိတ် ရောက်လိုက်နဲ့ ကြာနေတာ တွေ ရှိပါတယ်။
ဒါကိုပဲ ဘေးက လူက ဟိုလူ့စောင့် သလိုလို
ဒီလူ့ စောင့် သလိုလို သားကိုပဲ မျှော်သလိုလို
သမီးကိုပဲ မျှော်သလိုလို ထင်တော့ တာပါပဲ ။
သားလေး ရောက်လာပြီ သမီးလေး ရောက်
လာပြီ ထကြည့်ပါဦး လို့ ဘေးကများ ..
ကုန်း အော်လိုက် လို့ကတော့ သေတဲ့ သူ
တစ်ခါတည်း သွားရော့ ငရဲအိုးပဲ ..
အပါယ်လေး ...
ဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။
သေတဲ့ သူကို ဆွဲခါ လှုပ်ယမ်း ဖက်
ပြီး အော်ငိုတာ ကတော့ အဆိုးဆုံးပါပဲ ။
ကျလု ကျခင် ဖြစ်နေ တဲ့ သူကို
ချစ်သလိုလို နဲ့ ဆောင့်ကန်ချ လိုက်တာပါပဲ ။
ဒါကြောင့် .....
ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့…
ငါ့ဘေးနားလည်း မနေကြ နဲ့ ငါ့တရား နဲ့
ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်း ချမ်းချမ်း သေမယ်လို့
အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်...
အဖေရယ် အမေရယ် နိမိတ် မရှိသော
စကားမပြောပါ နဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်
မရှိ မလုပ်နဲ့ ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ ...
အဲ့လို ပြတ်ပြတ် သားသား မှာထား
ရမယ် လို့မိုးကုတ် ဆရာတော် ဘုရားကြီးက
အထပ်ထပ် အခါခါ သတိပေး သွားခဲ့တာပါ ။
တစ်ချို့က ကုသိုလ် ကောင်းမှု့ တွေတော့ လုပ်ခဲ့
ပါရဲ့ ဒါပေမယ့် သေခါနီး ကျတော့ လှူတုန်းကဖြစ်
ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ
ဇရပ် စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့်
စေတီစောင့် တွေပဲ ဖြစ်ကြရတယ် ။
ရိပ်သာမှာ အားထုတ် ခဲ့ပေမယ့်
ဝိပဿနာ စိတ် မဖြစ်ပဲ ရိပ်သာ
စွဲသေတော့ ရိပ်သာ စောင့် ဖြစ်ရပြန်တယ် ။
စေတနာကို ပြန်စွဲမိရင် တောင်မှ အစွဲဖြစ်
တဲ့ အတွက် ကံရှိ သလောက် အကျိုးပေး
ပြီး ကံကုန်တာ နဲ့ ပြန်ဆင်း ရမှာပါပဲ။
ဒါကြောင့် အပါယ်
လွတ်ရာ လမ်း တစ်လမ်းပဲ ရှိပါတယ်။
အဲ့ဒါ ကတော့ အသက်ရှင် နေထိုင်
တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံ
အားထုတ်ပြီး အသေ တတ်အောင် ကြိုးစားဖို့ပါပဲ ။
သစ္စာ တရားကို နှလုံးသားမှာ ယုံမှား
သံသယမရှိအောင် ကျင့်ကြံ သွားနိုင် တဲ့
အရိယာ ပုဂ္ဂိုလ်က တော့ ပတ်ဝန်းကျင်
ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ် တော့ပါဘူး ။
အရိယာ တို့ရဲ့ လားရာ သုဂတိဟာ မြဲသွား
ပြီ ဖြစ် တဲ့ အတွက် သူသွား ရမယ့် လမ်းကို
ဖြောင့်ဖြောင့် တန်းတန်း ပဲ သွားပါတယ် ။
ဒါပေမယ့် အဲ့လို မှ မကျင့်ကြံနိုင် တဲ့ သာမာန်
ပုဂ္ဂိုလ်များ အတွက် ကတော့ သေခါနီး အချိန်နဲ့
ပတ်ဝန်း ကျင်ဟာ ကိုယ့်အတွက် နောက်ဆုံး
အခွင့်အရေး နောက်ဆုံး ကျည်ဆန် ဖြစ်တဲ့အတွက်
အလွန် အင်မတန် မှ အရေးကြီး လှပါတယ်
လို့ စေတနာ အရင်းခံပြီး သတိပေး လိုက်ရပါတယ် ။
■ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ■
Wednesday, June 1, 2016
Subscribe to:
Posts (Atom)

















































