မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Saturday, August 13, 2016
Friday, August 12, 2016
အောက်ချင်းငှက်လို ချစ်ရဲလား...
အောက်ချင်းငှက်လို ချစ်ရဲလား...
ချစ်ခြင်းမေတ္တာရယ်၊ သစ္စာတရားရယ်
ကိုယ့်ချစ်သူအပေါ်မှာထားတဲ့ တာဝန်ယူမှုရယ်နဲ့
ပတ်သက်လာရင် ကျနော့်ရဲ့စံပြပုဂ္ဂိုလ်တွေက
လူသားတွေမဟုတ်ဘူး
လူသားတွေထက် အစစအရာရာ နိမ့်ကျတယ်လို့
လက်ခံထားတဲ့ တိရစ္ဆာန်တွေထဲက တိရစ္ဆာန်ဖြစ်တဲ့
အောက်ချင်းငှက်တွေပဲ...
ဟုတ်ပါတယ် အောက်ချင်းငှက်တွေက
ငှက်တွေထဲမှာတော့ တော်တော်ထူးခြားတဲ့ငှက်ပါ
အကြောင်းအမျိုးမျိုးကြောင့် အဖိုသေရင်
အမကလည်း လိုက်သေတတ်ပါတယ် ဒါမှမဟုတ်
တစ်ကောင်ကောင်က သစ္စာပျက်တယ်လို့
သံသယဝင်ရုံနဲ့လည်း သတ်သေတတ်ပါတယ်
အချစ်ကို အသက်နဲ့ရင်းပြီး သစ္စာစောင့်ကြပါတယ်...
နောက်ပြီး တခြားငှက်တွေလို
မျိုးတူတယ်ဆိုတာနဲ့ တွေ့ကရာ အထီး၊ အမမှန်သမျှနဲ့
ပျော်မြူးလေ့မရှိပါဘူး
သူတို့တကယ်ချစ်ခင်စုံမက်တယ်ဆိုမှ
မိတ်လိုက်ပြီး တစ်သက်လုံး ပေါင်းသင်းလေ့ရှိပါတယ်
အထူးခြားဆုံးကတော့ အသိုက်ဖွဲ့ခြင်းနဲ့
သားသမီး၊ ဇနီးမယားကို ငှက်အဖိုက
ပြုစုစောင့်ရှောက်တာ၊ ကြင်နာယုယတာဖြစ်ပါတယ်...
အောက်ချင်းငှက်တွေက အုပ်စုဖွဲ့နေရာကနေ
အဖိုနဲ့ အမက ချစ်ကြိုက်သွားပြီဆိုရင်
အဲ့ဒီအုပ်စုကနေ ခွဲထွက်ပြီး နှစ်ကောင်တည်း
တစ်အိုးတစ်အိမ်ထူထောင်ကြတယ်
သွားအတူ၊ လာအတူ၊ စားအတူ၊ အိပ်အတူပေါ့
အဲ့လိုအချိန်မှာ မုဆိုးတွေ ဘာတွေက
တစ်ကောင်ကောင်ကို သတ်လိုက်ပြီဆိုရင်
ကျန်တစ်ကောင်က မိုးစွန်တိမ်ညွန့်ဖျားအထိ
ပျံတက်သွားပြီး အတောင်ကိုရုပ်ချကာ
မြေပေါ်ထိုးချအသေခံတတ်တယ်
အဲ့ဒါကြောင့်လည်း အောက်ချင်းငှက်တွေက
ရှားပါးစာရင်းဝင်ငှက်မျိုးဖြစ်နေကြတာပဲ...
ငှက်အတော်များများက မိတ်လိုက်ပြီးရင်
အထီးက အမကို စွန့်ခွာသွားတာများတယ်
အဲ့တော့ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တဲ့အမက
တော်တော်ဒုက္ခရောက်ပါတယ်
ဥဥ၊ ကလေးမွေး၊ ကလေးကိုစောင့်ရှောက်
အစာရှာနဲ့ တော်တော်ဒုက္ခရောက်ပါတယ်...
ဒါပေမဲ့ အောက်ချင်းငှက်ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး
မိတ်လိုက်ပြီးကတည်းက သူ့ချစ်သူနားက
လုံးဝမခွာလိုက်တာ ရာသက်ပန်ပါပဲ
အစာလည်း သူကိုယ်တိုင်ပဲ မိန်းမကိုရော
ကလေးတွေကိုရော ရှာကျွေးပါတယ်
ပြောရရင် လင့်ဝတ္တရားကျေပွန်လွန်းတယ်ပေါ့...
ငှက်မဥဥဖို့ သစ်ခေါင်းကို အတူရှာကြတယ်
အဖိုက အမကို ကိုယ်ဝန်ရှိပြီဆိုတာနဲ့
အရမ်းအလိုလိုက်တယ် ဂရုစိုက်တယ်
အိပ်ရင်တောင်မှ ကိုယ်ချင်းကပ်ပြီး ငှက်မက
သူ့ယောက်ျားရဲ့တောင်ပံကြားထဲ ခေါင်းလေးလျှိုပြီး
အိပ်တယ် တွေးကြည့်ရင်ကို ကြည်နူးစရာ...
သူတို့က သူတို့အိမ်ဖြစ်တဲ့ သစ်ခေါင်းကို
သူတို့သဘာဝအရ သေချာရွေးတယ်
တွေ့ပြီဆိုရင် ငှက်မက အမှိုက်တွေ၊ သစ်ရွက်တွေကို
ကြမ်းပြင်မှာ ခင်းပြီး ညီနေအောင်လုပ်တယ်
ပါကေးခင်းသလိုပေါ့ အဲ့လိုအချိန်မှာ အဖိုကလည်း
အရမ်းအလုပ်များတယ်
သူကဘာလုပ်လဲဆိုတော့ တောင်ကျွန်း၊ မြောက်ကျွန်း
အရှေ့ကျွန်း၊ အနောက်ကျွန်းစတဲ့ လေးကျွန်းမြေကို
အခေါက်ခေါက်အခါခါ ကိုက်ချီသယ်ဆောင်ပြီး
ခုနက ငှက်မပါကေးခင်းတဲ့နေရာကို ယူလာပေးရတယ်
အဲ့လိုပုံစံနဲ့ သူတို့ရဲ့မီးနေခန်းကို ပြုပြင်ကြတယ်
နောက်ပြီး အဲ့ဒီလေးကျွန်းမြေကလည်း
အင်မတန်ဆေးဖက်ဝင်တယ်တဲ့...
လေးကျွန်းမြေရှာပြီးတော့လည်း အဖိုရဲ့တာဝန်က
မပြီးသေးဘူး ဘာလုပ်ရသေးလဲဆိုတော့
သစ်စေးအမျိုးမျိုးကို ပတ်ရှာရသေးတယ်
ရှာပြီးတော့မှ ငှက်မက အတွင်းကနေ
ငှက်ဖိုက အပြင်ကနေပြီး အဲ့ဒီသစ်စေးတွေနဲ့
သူတို့ရဲ့အသိုက်ကို အင်္ဂတေကိုင်ရတယ်
အဲ့ဒီမှာ ငှက်မရဲ့နှုတ်သီးထွက်ရုံအပေါက်တစ်ပေါက်ပဲ
ချန်ထားတော့တယ် ငှက်မလည်း ထွက်မရ
ငှက်ထီးလည်း ဝင်မရ...(ဓာတ်ပုံထဲမှာ ကြည့်ကြည့်ပါ)
ဒါသည် သူတို့ သားပေါက်သည်အထိပဲ...
အဲ့ဒီတော့ ငှက်မ သစ်ခေါင်းထဲမှာ
ရှိနေသမျှ ကာလပတ်လုံး အစာရှာကျွေးရဖို့ တာဝန်သည်
လုံးဝငှက်ထီးပဲ...အဲ့ဒီလိုပဲ သားပေါက်လာရင်လည်း
သားသမီးအတွက်ရော မယားအတွက်ပါ
ရှာကျွေးပေးတော့ပဲ အထဲက မထွက်မချင်း
အဖိုက အစာကို နှုတ်သီးနဲ့ချီတယ်
ရေကို သူ့မှာအပိုပါတဲ့အမောက်ထဲကို ထည့်တယ်
အဲ့ဒီအမောက်ထဲက ရေလှောင်ကန်လိုဖြစ်နေတော့
မိန်းမအတွက်ရော သားသမီးအတွက်ရော ရေကမပူရဘူး
အဲ့ဒီလိုမျိုး အစာနဲ့ရေကို သယ်သယ်ပြီး
မိန်းမနဲ့ ကလေးတွေဆီကို ပြေးရလွှားရတာ
အဖိုတွေမှာ တစ်နေ့ကို အကြိမ် ၆ဝ၊ ၇ဝ လောက်
လွန်းထိုးနေရတာပါ ဘယ်လောက်ချစ်လဲ
စဉ်းစားသာကြည့်...
အဲ့ဒီမှာ အဖိုက သူခုနက သစ်စေးတွေနဲ့
အပြင်ကနေ အင်္ဂတေကိုင်ထားတဲ့နေရာမှာ
သူ့အမှတ်အသားနဲ့သူကိုင်ထားတယ်
ဖြစ်သလို လုပ်ထားတာမဟုတ်ဘူး
ဘာလို့အဲ့လိုလုပ်လဲဆိုတော့ သူမရှိတုန်း
တခြားတစ်ကောင်က သူ့မိန်းမကို လာကြောင်မှာစိုးလို့
စိတ်မချလို့ အဲ့လိုလုပ်ထားတာ ဒါမှ တခြားတစ်ကောင်
သူ့မိန်းမကို အစာလာကျွေး၊ ရေလာတိုက်နဲ့ လာလုံးရင်
သူသိမှာလေ...
အဲ့လိုပဲ အထဲက အမကလည်း
အပြင်က သူ့ယောက်ျား သူ့ဆီကို ပေါ်မလာဘဲ
နည်းနည်းကြာနေရင် စိတ်ကပူပြီ
ငါ့ယောက်ျား တခြားငှက်မနဲ့များ သွားကြူနေလားဆိုပြီး
အထဲကနေ အသဲကွဲပြီ
အဲ့ဒီတော့ ငှက်ဖိုကလည်း အချိန်မှန်ရတယ်
ပြီးတော့ ငှက်ဖိုကလည်း သူ့အမှတ်အသားတွေကို
နေ့စဉ်စစ်တယ်...ပျက်နေလို့ကတော့
အစာလည်းမကျွေးတော့ဘူး ရေလည်းမတိုက်ဘူး
သူလည်းသတ်သေတာပဲ...
အဖိုကလည်း တစ်နေ့တစ်နေ့ အခေါက် ၆ဝ၊ ၇ဝ လောက်
သူ့မိန်းမကို အစာကျွေး ရေတိုက်လုပ်ရတာကို
နည်းနည်းမှ စိတ်မပျက်ဘူး ပျော်နေတာ
ဒီလိုနဲ့ သူတို့သီရိဂေဟာလေးမှာ
ကလေးတွေ မွေးလာတယ်
အဲ့ဒီမှာ အချိန်တန်တော့ သူ့တို့သစ်စေးတွေနဲ့
အင်္ဂတေကိုင်ထားတဲ့ အပေါက်ကို
ဝိုင်းခွာကြတယ် ပွင့်လည်းသွားရော
ငှက်ဖိုကြီးမှာ သူ့မိန်းမ မီးနေသည်ကိုကြည့်ပြီး
ကရုဏာသက်ရပြန်ရော...
ဘာလို့လဲဆိုတော့ သူ့မိန်းမမှာ အမွှေးတွေ
အတောင်တွေ မရှိတော့ဘူးလေ
ကိုယ်တုံးလုံးဖြစ်နေပြီ ကလေးတွေလိုပဲ
အထဲမှာ လနဲ့ချီပြီး နေခဲ့ရတာကို
ပျံလည်းမပျံနိုင်သေးဘူး အညောင်းမိနေလို့
အဲ့တော့ တစ်ခါ ငှက်ဖိုကြီးမှာ မိန်းမနဲ့ ကလေးတွေ
အတောင်စုံပြီး ပျံနိုင်တဲ့အထိ မမောမပန်းနဲ့
ရှာကျွေးရပြန်ရော...ဒါသူ့ဝတ္တရားကိုး...
ကဲ...ဒီတော့ ကိုယ့်ရည်းစားတွေကို
စိန်ခေါ်လိုက်ကြစမ်းပါဦး
အောက်ချင်းငှက်လို ချစ်ရဲလားဟေ့လို့...
(ဓာတ်ပုံတွေကို google က ရှာထားတာပါ
စာတွေကတော့ အောက်ချင်းငှက်အကြောင်း
ရေးထားသမျှ စာအုပ်စာတမ်းများမှ
ကောက်နုတ်ထားတာပါ...)
Wai Phyo Maung
12.8.2016
တောင်ပြုန်းနတ်ပွဲနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူတို့၏ အလွဲများ တဲ့
တောင်ပြုန်းနတ်ပွဲနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူတို့၏ အလွဲများ
------ ------ ------ ------ ------
အကြင်ပုဂ္ဂိုလ်အား ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ်အာရုံတို့သို့ စီးကုန်သော သုံးဆယ့်ခြောက်ပါးသော တဏှာရေအလျဉ်တို့သည်ရှိကုန်၏၊ မှားသောအယူရှိသော ထိုသူတို့ကို ရာဂနှင့်စပ်သော အားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။
(ဓမ္မပဒပါဠိတော်)
လွန်ခဲ့တဲ့နှစ်ရက်လောက်က မိမိရဲ့ ဇာတိမြို့မှ မိတ်ဆွေဘုန်းကြီးနှစ်ပါး မိမိဆီကို ဖုန်းဆက်လာခဲ့ပါတယ်။ သူတို့ဒကာ၊ ဒကာမတချို့နဲ့ လာမည့်ဝါခေါင်လဆန်းမှစပြီး ကျင်းပမယ့်တောင်ပြုန်းနတ်ပွဲကို လာချင်လို့ပါတဲ့။ အဲဒါ သူတို့လာတဲ့အခါ မိမိကျောင်းမှာတည်း ခိုဖို့ အကူညီတောင်းကြတာပါ။ မိမိလည်း သိပ်သဘောမတွေ့ပေမယ့် မကင်းရာမကင်းကြောင်းမို့ ရောက်လာခဲ့ရင် ကျောင်းထိုင်ဘုန်းကြီးကို လျှောက်ထားပြီး တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြန်ပြောပြီး ဖုန်းချလိုက်ပါတယ်။ သူတို့ပြောကာမှ ပြက္ခဒိန်လှန်ကြည့်မိတော့ တောင်ပြုန်းပွဲကျင်းပဖို့ အတော်လေးကို နီးကပ်နေပြီပဲဖြစ်ပါတယ်။ မိမိစိတ် ထဲမှာတော့ လာပြန်ပြီ လူ့ငရဲပွဲကြီးလို့ မကျေမချမ်းရေရွတ်ခဲ့မိပါသေးတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ညရောက်တော့ လူမှုကွန်ရက်ပေါ်က စတေးတပ်တခုမှာ ထေရ၀ါဒဗုဒ္ဓ ဘာသာဝင်တွေဆိုသူတွေ တောင်ပြုန်းပွဲခေါ် မိန်းမလျာပွဲတော်ကို လည်ပတ်သွားလာနေကြတာဖြစ်သင့်၊ မဖြစ်သင့်ဆိုပြီး မိမိရဲ့ မိတ်ဆွေ ဒကာရင်းတချို့ပါဝင်ရောက်ဆွေးနွေးနေကြပါတယ်။ သူတို့တွေ ငြင်းခုံနေကြရင်းကနေ ထုံးစံအတိုင်း မိမိထံကို မေးမြန်းဖို့ ခြေဦးလှည့်လာခဲ့ကြပါတယ်။ မိမိလည်း ဒီလိုပြဿနာတွေနဲ့ ပတ်သက်ရင် ရေးရ၊ ပြောရပါများတော့ အမှန်တကယ်ကို စိတ်ပျက်ငြီးငွေ့နေပါပြီ။ ဒါပေမဲ့လည်း မိမိဟာ မြတ်စွာဘုရားရှင်ရဲ့သားတော်တပါးဖြစ်ပြီး ဘာသာရေးခေါင်းဆောင်လည်း ဖြစ်သည့်အားလျော်စွာ ရှောင်လွှဲဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် အနားရှိတဲ့သူတွေ စပ်မယ်မှန်းသိသိနဲ့ အမုန်းခံကာ ကျမ်းဂန်နှင့်အညီ ရေးသားဖြေဆိုလိုက်ပါတယ်။
တစုံတယောက်ကို သို့မဟုတ် အဖွဲ့အစည်းတခုကို ရှိခိုးခြင်း၊ ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပြုခြင်းဟာ ဘယ၊ လာဘ၊ ကုလ၊ အာစရိယ၊ နိဿရဏရယ်ဆိုပြီး ငါးမျိုးရှိပါတယ်။ ဘယ-ဆိုတာ ကြောက်ရွံ့လို့ ကိုးကွယ်ခြင်း၊ လာဘ-ဆိုတာ လာဘ်ပစ္စည်းရချင်လို့ ကိုးကွယ်ခြင်း၊ ကုလ-ဆိုတာ မျိုးရိုးအလိုက် ကိုးကွယ်ခြင်း၊ အာစရိယ-ဆိုတာ ဆရာဖြစ်လို့ ကိုးကွယ်ခြင်း၊ နိဿရဏ-ဆိုတာ သံသရာက လွတ်မြောက်ဖို့ ကိုးကွယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီကိုးကွယ်ခြင်း ငါးမျိုးမှာ သံသရာကလွတ်မြောက်ဖို့ ကိုးကွယ်ခြင်းဆိုတာ ရတနာသုံးပါးကို ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် မွန်မြတ်တဲ့ ကိုးကွယ်မှုဖြစ်ပါတယ်။ ကျန်တဲ့လေးပါးဟာ ဒီကိုးကွယ်မှုလောက် တန်ဖိုးမရှိပါဘူး။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဖြစ်နေလို့ နတ်တွေကို ကိုးကွယ်ခွင့်၊ ပူဇော်ခွင့်လုံးဝမရှိဘူးလို့မဆိုလိုပါဘူး။ သို့သော် နတ်တွေကို ကိုးကွယ် ပူဇော်ပုံနှင့် ရတနာသုံးပါးကို ကိုးကွယ်ပူဇော်ပုံကွဲကွဲပြားပြားသိထားဖို့ လိုအပ်ပါတယ်။ နတ်တွေကို ပူဇော်တာက လောကီအကျိုးကို အခြေခံပြီး ရတနာသုံးပါးကို ပူဇော်တာက သံသရာက လွတ်မြောက်ဖို့ (နိဿရဏ)ကို အခြေခံပါတယ်။ ဒါကြောင့် ဒီနှစ်ခုမှာ ရတနာသုံးပါးကို ပူဇော်တာက ပိုပြီးဂုဏ်ကြီးပါတယ်။ ဒီလိုမှမဟုတ် လောကီအကျိုးကို ပေးနိုင်တဲ့ နတ်တွေက ရတနာသုံးပါးထက် အကျိုးပေးပိုတယ်ထင်ခဲ့ရင် အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သာသနာတော်ပျက်စီးသွားပြီ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ဥပမာပြရရင် အိန္ဒိယနိုင်ငံတော်ဟာ ဗုဒ္ဓဘုရားရှင် မွေးဖွားရာ၊ သစ္စာလေးပါးသိရှိရာ၊ ပရိနိဗ္ဗာန်စံဝင်တော်မူရာ မဇ္ဈိမဒေသဖြစ်ပြီး သာသနာ့သမိုင်း အလွန်အမင်းထွန်းတောက်ခဲ့တဲ့ နေရာပဲဖြစ်ပါ တယ်။ သို့သော် နောက်ပိုင်းကာလတွေမှာ ယစ်ပူဇော်မှုဝါဒတွေဟာ တခြားဘာသာတွေမှတဆင့် ပြန့်ပွားလာခဲ့ပါတယ်။ ဘယ်လောက်ထိဆိုးဝါးသလဲဆိုရင် ရဟန်းတော်များကိုယ်တိုင် ဘုရားရုပ်ပွားတော်နှင့်အပြိုင် နတ်ရုပ်များကို ကိုးကွယ်ပူဇော်ခဲ့ကြပါတယ်။ လောကီအာရုံကာမဂုဏ်တွေ ကိုခံစားရင်း နတ်တွေကိုပူဇော်ပသပါက မိမိတို့တောင့်တတဲ့ ချမ်းသာခြင်း စည်းစိမ်တွေ မုချရရှိလိမ့်မယ်ဆိုတဲ့ ၀ါဒဟာ တဖြည်းဖြည်း ပြန့်ပွားပြီး လူကြိုက်များလာခဲ့ပါတယ်။ အဲဒီမှာပဲ လာဘ်လာဘကိုမျှော်ကိုးတဲ့ အခိျု့ ရဟန်းတွေဟာ သပိတ်အစား လူဦးခေါင်းခွံများကိုဆောင်းပြီး ဗလိနတ်စာကျွေးခြင်း၊ အင်းအိုင်၊ မန္တာန်စီရင်ခြင်း အစရှိတဲ့ မိစ္ဆာဇီဝအလုပ်တွေကို ပြုလုပ်လာကြပါတယ်။ သာသနာတော်ကြီးအပေါ် နတ်ကိုးကွယ်မှုဆိုတဲ့ အတုအယောင်တွေ လွှမ်းမိုးလာတဲ့အခါ သာသနာတော်ရဲ့ မူလဘူတဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးမှာ စောစောစီးစီးပဲ သာသနာဟာ ပျောက်ကွယ်ခဲ့ရပါတယ်။
ယခုလည်း မိမိတို့နိုင်ငံမှာ ၃၇-မင်းသော နတ်တွေကို ယုံကြည်ကိုးကွယ်နေကြတယ်လို့ လေ့လာသိရှိဖူးပါတယ်။ ဆိုတော့ ဒီနတ်မင်းတွေဟာ သူတော်ကောင်းနတ်တွေလား၊ သူယုတ်မာနတ်တွေလားဆိုတာ သိဖို့လိုအပ်ပါတယ်။ ဘုရှားရှင်ကတော့ သုကမ္မကာရီ- ကောင်းတာကိုလုပ်တယ်။ သုဘာသိတဘာသီ- ကောင်းတဲ့စကားကိုပြောတယ်။ သုစိန္တိတစိန္တီ- ကောင်းတဲ့အကြံကို ကြံတယ်။ အဲဒီလက္ခဏာ သုံးပါးနှင့်ပြည့်စုံရင် သူတော်ကောင်းနတ်တွေ ဖြစ်တယ်လို့ ဟောကြားထားပါတယ်။ ဒီတော့ မိမိတို့နိုင်ငံမှာ ကိုးကွယ် ပူဇော်ပသနေကြတဲ့ နတ်တွေကို ဒီအင်္ဂါရပ်တွေနဲ့ ညှိကြရမှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ ဒီ ၃၇-မင်းသော နတ်တွေဟာ ၀ိနိပါတိက အသုရာလို့ခေါ်တဲ့ နတ်သေး၊ နတ်မွှား၊ နတ်အငယ်စားတွေပဲဖြစ်ပါတယ်။ မျိုးရိုးအားဖြင့် စတုမဟာရာဇ်နတ်မျိုးဖြစ်ပေမယ့် ဘုမ္မဿိတ ၀ိနိပါတိက နတ်ဖြစ်လို့ လူ့လောကမှာ အမှိုက်ကောက်သမားဟာ လူဖြစ်သော်လည်း လူ့အောက်တန်းစားဖြစ်ရသလို၊ နတ်လောကမှာလည်း သူတို့ဟာ နတ်အောက်တန်းစား၊ နတ်သေး၊ နတ်မွှားတွေပဲ ဖြစ်ပါတယ်။ ဒီလိုနတ်တွေကို ကိုးကွယ် ပူဇော်ခြင်းဟာ ကောင်းကျိုးရဖို့ထက်၊ ဆိုးကျိုးရရှိဖို့က ပိုပြီးအလေးသာပါတယ်။ သူတို့မှာ ဘာမျှကြီးကြီးမားမား ဘုန်းတန်ခိုးမရှိကြပါဘူး။
ယနေ့ခေတ်မှာ တောင်ပြုန်းရှိ ဒီလိုနတ်အောက်တန်းစားတွေရဲ့ ပွဲတော်ကို အကြောင်းပြုပြီး စီးပွားရှာနေတဲ့ နတ်ကတော်တွေ ဒုနဲ့ဒေးရှိ ကြပါတယ်။ အစစ်အမှန် နတ်ကတော်တွေ၊ နတ်ထိန်းတွေလည်း သီလက္ခာန်ပါဠိတော် ဗြဟ္မဇာလသုတ်၊ မဟာသီလအခန်းမှာ အာဒါသပဥှာ၊ ကုမာရိကပဥှာ၊ ဒေ၀ပဥှာဆိုတဲ့ အတတ်ပညာမျိုးကို ဘုရားရှင်က ဟောကြားထားတာရှိလို့ရှိမည်မှာ မလွဲပါဘူး။ သို့သော် တကယ်နတ်သွင်းနတ် ခေါ်နိုင်တဲ့ ပညာရှင်တွေက အလွန်နည်းပါးပါတယ်။ လူတွေကို လှည့်ဖြားပြီး စီးပွားရှာနေတဲ့ နတ်ကတော်တွေ၊ နတ်ထိန်းတွေသာ မှိုလိုပေါက်နေကြတာပါ။ ဒါကြောင့် ဘုရားရှင်က နတ်ကတော်တွေသေရင် ပြိတ္တာဖြစ် တတ်ကြောင်း ဟောကြားခဲ့ဖူးပါတယ်။
နောက်တခါ တောင်ပြုန်းနတ်ပွဲကို သွားရောက်ကြတဲ့ လူအများစုဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကို ကျင့်သုံး နေထိုင်ကြတဲ့သူတွေပါလို့ ကြွေးကြော်ထားတဲ့ သူတွေပဲဖြစ်နေကြပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာ သာဝင်တိုင်းဟာ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာစောင့်ထိန်းရမှာ အားလုံးအသိပဲ ဖြစ်ပါ တယ်။ ဒီငါးပါးသီလရဲ့ ခေါင်ချုပ်ဖြစ်တဲ့ သုရာမေရာယကံလို့ခေါ်တဲ့ သေရည်အရက်သောက်စားမူးယစ်ခြင်းကို ၃၇-မင်းသော နတ်များနှင့်တကွ မိမိတို့ပါ ပျော်ပျော်ကြီးချိုးဖောက်ဖျက်ဆီးနေကြတာဟာ ပါးစပ်က ဘုရားဘုရားတပြီး လက်က ကားယားကားယားလုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုပြန် ကလည်း တောင်ပြုန်းနတ်ပွဲမှာ နတ်ကနားတပွဲပေးဖို့က ၁၀ သိန်း ၁၅ သိန်းဝန်းကျင်မှာရှိပါတယ်။ ဒါတောင်သိန်းရာချီကုန်တဲ့ အထက်တန်းစားပွဲတွေ မပါသေးပါဘူး။ ဒီလောက်များတဲ့ ငွေပမာဏကို တရက် နှစ်ရက်အတွင်းမှာ ဖြုန်းပစ်လိုက်ကြတာဟာ အင်မတန်ရူးမိုက်ရာကျပါတယ်။ ဒီလိုနေရာမှာ အကုသိုလ်အဖြစ်ခံပြီး ငွေကုန်ခံမည့်အစား ပရဟိတလုပ်ငန်းတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ၊ ဆေးရုံဆေးခန်းတွေမှာ အသုံးပြုလိုက်ရင် ကုသိုလ်လည်းရ စိတ်ကြည်နူးမှုတွေလည်း အတိုင်းမသိရရှိကြမှာ မလွဲပါဘူး။
တဖက်မှာလည်း လူပုဂ္ဂိုလ်တွေတောင် မသွားသင့်၊ မသွားအပ်တဲ့ နေရာကို အချို့သော ရှင်ရဟန်းတွေက အရှက်သိက္ခာမဲ့စွာ သွားရောက်လည်ပတ်နေတာကို တိုင်းသိပြည်သိ မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ အချို့ရှင်ရဟန်းတွေဆိုရင် လိုင်စင်မဲ့ကားတွေ မှာ သာသနာ့အလံကို တလူလူလွှင့်ထူပြီး မိန်းမတွေ၊ မိန်းလျာတွေ တရုန်းရုန်းနဲ့ တောင်ပြုန်းနတ်ပွဲကို ၀င်နွှဲနေကြပါတယ်။ အမှန်တကယ်တော့ ရှင်ရဟန်းဆိုတာ ဒီလိုရှက်ဖွယ်လိလိ ပွဲမျိုးမဆိုထားဘိ သာမန်ဇာတ်ပွဲ၊ အငြိမ့်ပွဲများကိုတောင် မကြည့်ရှုရပါဘူး။ တကယ်လို့ ကြည့်ရှုခဲ့မယ်ဆိုရင် အပြစ်သင့်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ ပြည့်နှက်နေတဲ့ လူပုဂ္ဂိုလ်တွေကို သံသရာက လွတ်မြောက်နည်း ဟောကြားပြောပြပေးရမည့် ရှင်ရဟန်းများ ကိုယ်တိုင်က သီလမစင်ကြယ်ဘူးဆိုရင် တပည့်ဒကာ၊ ဒကာမများအတွက် ဆိုဖွယ်မရှိတော့ပါဘူး။
သာသနာတော်ကြီးကို မျက်နှာမငယ်စေချင်ဘူး၊ ဂုဏ်မညှိုနွမ်းစေလိုဘူးဆိုရင် ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ မိမိတို့ကစပြီး သန့်ရှင်းစင်ကြယ်စွာနဲ့ အများကဲ့ရဲ့မည့် အပြုအမူတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် လူတကာနဲ့ရောထွေးပြီး သူတော်ကောင်းလူဝတ်ကြောင်တွေတောင် မပြုလုပ်တဲ့ ရှက်ဖွယ်လိလိ အလုပ်တွေကို လုပ်ကိုင် နေမယ်ဆိုရင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန် မအပ်စပ်ပါဘူး။ သာသနာ့ဝန်ကိုမထမ်းဘဲ မိမိတို့ရဲ့ မကောင်းတဲ့ဝန်ကို သာသနာကြီးက ပြန်ထမ်းနေရသလို ဖြစ်နေပါလိမ့်မယ်။ ကိုယ်တည်း ဟူသောအကြောင်းကြောင့် ရှင်ရဟန်းကောင်းတို့၏ ဂုဏ်၊ သာသနာ တော်ကြီး၏ဂုဏ်ကို မညစ်နွမ်းစေသင့်ပါဘူး။
နိဂုံးချုပ်ပြောရမယ်ဆိုရင် အချို့သောရှင်ရဟန်းများအပါအ၀င် ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြတဲ့ မည်သူမဆို သာသနာတော်ကြီးအသက်ရှည်စေဖို့၊ ဂုဏ်သတင်းမွှေးပြန့်ဖို့ဆို မိမိတို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ အမြဲတမ်းအောက်မေ့ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ မကြာမီကျရောက်လာတော့မည်ဖြစ်တဲ့ တောင်ပြုန်းနတ်ပွဲခေါ် မိန်းမလျာပွဲကို သွားသင့်၊ မသွားသင့်ဆိုတာ မိမိချပြခဲ့တဲ့အပေါ်က အချက်အလက်တွေနဲ့ တိုက်ကြည့်ပြီး မိမိတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့ဆက်ပြီးလည်း တောင်ပြုန်းနတ်ပွဲလိုမျိုး အချိန်ကုန်၊ ငွေကုန်ပြီး အကုသိုလ်တွေ တစ်ထောကြီးရမယ့်၊ ဗုဒ္ဓ၀ါဒနှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလိုနတ်များ ပူဇော်ပသပွဲမျိုးကို ရှောင်ကြဉ်နိုင်ကြပြီး မိမိတို့၏ အမျိုးဘာသာ၊ သာသနာအကျိုးကို ဆတက်ထမ်းပိုးတိုးတက်စည်ကားအောင် ပြုလုပ်နိုင်ကြပါစေကြောင်း အလေးအနက်တိုက်တွန်းအပ်ပါတယ်။
ဓမ္မသုတေသီ(မန္တလေး)
စဥ့်ခ်ုး ကျေးရွာမှာ မီးလောင်မှုဖြစ်တာတဲ့
မော်လူးဒေသ ပုန်းဟုန်အုပ်စု စဥ့်ခိုးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
@@@@@@@@@@@@@@@@@@@@@@@@@@@@
မော်လူး Aug 12
၁၂.၈.၂၀၁၆ ရက်နေ့ ည(၂၂း၃၀)နာရီချိန်တွင် ပုန်းဟုန်ကျေးရွာအုပ်စု စဉ်ခိုးကျေးရွာနေ ဦးညွန့်ဝင်၏ နေအိမ်တွင် ပဲပေါင်းဖိုး မီးကြွင်းမီးကျန် မှတဆင့် မီးလောင်မှုဖြစ်ပွားရာ (၂×၃)ခန်း သက်ကယ်မိုး ထရံကာ (၂)ထပ်နေအိမ်နှင့် မြေစိုက်ဆီစက်ရုံမှာမီးလောင်ဆုံးရှုံးသွားခဲ့ပြီး ( ၂၃း၂၀)ချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်
မီးလောင်ရာသို့ မော်လူးအုပ်မှူး ဦးစိုးမြင့်၊ ပုန်းဟုန်အုပ်မှူး ဦးမြင့်သိန်း၊ အုပ်စုစာရေး ဦးသန်းစိုးငြိမ်း ၊မော်လူးနယ်မြေရဲစခန်းမှ ရဲအုပ် မင်းမင်းနိုင် နှင့်တပ်ဖွဲ့ဝင်(၅)ဦး၊ မော်လူးမီးသတ်တပ်ဖွဲ့မှ မီးသတ်ကား နှစ်စီးပါ ဦးညွန့်အောင်(မီးသတ်တပ်ခွဲမှူး)နှင့်တပ်ဖွဲ့ဝင်(၁၀)ဦး ရွာသား (၁၃၅) ခန့်တို့စုပေါင်းကာ မီးငြိမ်းသတ်နိုင်ခဲ့မှုကြောင့် လူ/တိရိစ္ဆာန်များ ထိခိုက်မှုမရှိ ဘေးအိမ်များသို့ကူးစပ်မှုမရှိကြောင်းနှင့် မီးပေါ့ဆသော အိမ်ရှင်အား မော်လူးနယ်မြေရဲစခန်းမှ အမှု့ဖွင့်အရေး ယူဆောင်ရွက် ထားကြောင်း သိရှိရ
fb မှ ကူးယူဖေါ်ပြသည်။
Wednesday, August 10, 2016
ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း ဖတ်သင့်ထားသင့်လို့ပါ
ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း
+++++++++++++++++++++
အစ်စရေး လူမျိုးလိုလည်း ခေါ် ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနိပ်ခံ ရ ပြီး တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာအကောင်းဆုံးလူမျိုးလို့ သတ်မှတ်ကြပါတယ်။
၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေး ၁၄.၂ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၀.၂%ရှိတဲ့ ဂျူးလူမျိုးဟာ....ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိုဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ ၊ အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစားရင်းထဲက ၅၀% ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ ၆၀%၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စားရင်းထဲမှာ ၅၀%၊ Forbes စားရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။ သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်းအားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းများ ဟာ အဓိကကျတယ်လို့ဆိုပါတယ်။ သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုသင်ကြားပျိုးထောင်ကြပါ သလဲ။
၁။ ကိုယ့်ကိုယ်ကို ရပ်တည် အားကိုးစေခြင်း
ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး ၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ၊ မိမိကိုယ်ကို အားကိုးတတ်မူ ကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝဆန့်ကျင်တယ်။ သူတို့စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “ ၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနဲ့တန်းတူဖြစ်သွားပြီ” တဲ့။ ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ ၁၀ ကျရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်။
၂ ။ စာအုပ်ချစ်တဲ့ဓလေ့
ကလေးများသိတတ်ခါစအရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအားနှမ်းရူပ်စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးပဲ လေးစားရတဲ့သဘောပါရှိပါတယ်။ သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ်ဖတ်ပြီးတယ်လို့ဆိုပါတယ်။
၃။ ဥာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း
ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ “ တကယ်လို့ သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သားဘာကိုယူပြီးထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက “ ဥာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခတ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူဖာသာသူသိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက်ပြောပြတာများနေပါတယ်။
၎။ စာအုပ်အများကြီးကို ၀န်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့
စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။ ပြီးရင် စဉ်းစား တတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ် ။ ဗဟုသုတ ကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကိုဝန်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိုင်းထားပါတယ်။
၅။ တွေးခေါ် ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။
ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအ၀င် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယ၀င်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွှဲပါတယ်။
မိဘများ အထောက်အကူ ဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။
Ref: WeChat
Credit' Au
Tuesday, August 9, 2016
seeh maw ဆရာတော် သို့ ဆိုပြီး group မှာ ဆုတောင်းထားလို့
SeeH Maw ဆရာတော်ထံသို့ 
'မိုးခါးရေ'
မှားမှားမှန်မှန် မှန်မှန်မှားမှား
မုသားကချို အမှန်ကငို
တရွာလုံးနဲ့  မင်ကတယောက်
သိသူကရှား ငပိန်းကများ
မလုပ်နိုင်ထွက် မိုးခါးရေကွဲ့ 
မသောက်နိုင်ထွက် ပြန်မပြောနဲ့ 
အိုကွယ် သောက်မယ်ကြံတိုင်း
အသိရိုင်းက ပုတ်ပုတ်ချတယ်
သံဃာပစွည်း အဆိပ်သီးတဲ့
ဘုရားပစွည်း?
အိုကွယ် ငတ်ရင်တော့ ဖြင့်
ဒီဘဝပါ နောင်ဘဝမပါ
ဆယ်ခါသေသေ ငိုငိုရီရီ
ဦးထိပ်ပန်ထား ဆရာတော်ဘုရား
အိုကွယ် တပည့် တော်ဖြင့်
မသောက်ပြရစေနဲ့ လား,
Sunday, August 7, 2016
သီတဂူဆရာတော်ဘုရားကြီး အင်းစိန်သံဃာ့ညီလာခံကြီး၌ မိန့်ကြားတော်မူခဲ့သော ရင်နင့်ဘွယ်ရာ သမိုင်းကြောင်းတစ်ခု…..
သီတဂူဆရာတော်ဘုရားကြီး
အင်းစိန်သံဃာ့ညီလာခံကြီး၌ မိန့်ကြားတော်မူခဲ့သော ရင်နင့်ဘွယ်ရာ သမိုင်းကြောင်းတစ်ခု…..
“စေတီ”ပျောက်သော်လည်း“ဗလီ”ကျန်
==========================
ရန်ကုန်မြို့လယ်ခေါင်မှာ
သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ ရှိတယ်။သာသနာရောက်ကထဲက စရှိတဲ့''သိမ်တော်ကြီး''ပါ။
ရဟန္တာသမုတ်တဲ့ ''သိမ်ကိုးလုံး''ရှိတယ်။ သိမ်တစ်လုံးကတော့ရွှေတိဂုံတောင်ဘက်
နားမှာ ရှိတယ်။
ကျန်တဲ့သိမ်တွေဘယ်ရောက်ကုန်လဲဆိုတာကို သမိုင်းကိုလေ့လာဖို့လိုပါတယ်။
''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး တစ်ဆူရှိတယ်။ ဆူးလေဘုရားလောက်ရှိတယ်။
အဲဒီစေတီတော်ကြီးရဲ့ အနီးအနားမှာ စေတီငယ်လေးတွေအများကြီးပဲ။
စေတီလေးတွေကြားမှာ ထီးလေးတွေနဲ့ဗမာတွေ ဈေးရောင်းကြတယ်။
မွတ်စလင်ပိုင် ''စူလတန်ကုမ္ပဏီ''က အင်္ဂလိပ်အစိုးရကို''ရန်ကုန်မြို့လယ်
ခေါင်မှာဈေး မရှိသေးဘူး၊ဈေးကြီးဆောက်
ချင်တယ်'' ဆိုပြီးတော့ ဈေးဆောက်ခွင့်တောင်းတယ်။
''စူလတန်''ဆိုတာ မော်လမြိုင်ဈေးကြီးဆောက်ပြီးတဲ့ ကုမ္ပဏီပဲ။ သူတို့ကအကွက်မြင်တယ်။ ''ဈေးဆောက်ခွင့်ပေးပါ''ဆိုတော့ အင်္ဂလိပ်အစိုးရက အခုသိမ်ကြီးဈေးနေရာကို ပေးလိုက်တယ်။
''စူလတန်ကုမ္ပဏီ''က ကျိုက်မြတ်သံချိုဘုရားနဲ့ အတူတူအခြားစေတီလေးတွေ အကုန်လုံး ဖျက်သိမ်းပြီးတော့ သိမ်ကြီးဈေးကို ဆောက်တယ်။
စေတီတွေ သိမ်းကြီးဈေးထဲမှာပဲပျောက်သွားတယ်။ ဒါပေမဲ့ သိမ်ကြီးဈေးဘေးမှာတော့''ဗလီ''က အခုထိ ရှိပါသေးတယ်။
သိမ်ကြီးဈေးဆောက်တော့''ဘုရား''တော့ ပျောက်သွားတယ်။ ''ဗလီ''ပဲ ကျန်တယ်။
ရန်ငြိုးနဲ့ပြောတာမဟုတ်ဘူး။ သမိုင်းအမှန်ကို ပြောပြခြင်းပါ။ သမိုင်းကြောင်းတွေကိုအရှင်ဘုရားတို့ တပည့်တော်တို့သိဖို့အရေးကြီးတယ်။
လူ့အခွင့်အရေးဆိုတာတွေပြောရင် ''စေတီတွေမပျောက်ကွယ်ခွင့်''ဆိုတာကိုလည်းပဲ ပြောရမယ်။
လူ့အခွင့်အရေးသမားတွေဟာ ''ဗုဒ္ဓဘာသာဘက်'' ကလည်းရပ်တည်ပေးသင့်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ''မွတ်စလင်လူနည်းစု''ဆိုပြီး သူတို့ဘက်ကပဲရပ်တည်ပေးနေတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ လူနည်းစုက ''မွတ်စလင်မဟုတ်ပါဘူး။ ဟိန္ဒူတွေ ဖြစ်ပါတယ်''။
ဒါကြောင့်တပည့်တော်တို့ရဲ့အဖွဲ့အစည်းရဲ့
နောက်မှာ တစ်ခုခု ပြောစရာလိုလာရင် သမိုင်း အထောက်အထား ခိုင်မာအောင်ပြောဖို့ လိုလိမ့်မယ်။
အဲဒါကိုလည်းတင်ပြပါတယ်။
သီတဂူဆရာတော်
credit မူရင်းတင်သူ
Photos from Myo Thein Naing's post in လှုပ်လှုပ်ရှားရှား မန္တလေးသတင်းများ · May 17 ·
မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး/မြန်မာပြန်
မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး/မြန်မာပြန်
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်။
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိ္တန္ဒိဝ' မတန္ဒိတော။
မေတ္တသုတ်တော် မြန်မာပြန်
၁။ မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။
၂။ ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။
၃။ ကရဏီယ' မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။
၃။ လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေး ချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ် သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ' နနုဂိဒ္ဓေါ။
၎။ ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏၊ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။
၅။ န စ ခုဒ္ဒ' မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန် သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ' နဝသေသာ။
ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၆။ အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့် တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံသော သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။
၇။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၇။ မျက်စိဖြင့် မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။
၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီကံဖြင့် လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့် လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူ သာလျှင် ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။
၁ဝ။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁ဝ။ ကာမဘဝတည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်း မြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ'ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ'မေတံ ဝိဟာရ' မိဓ' မာဟု။
၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင် နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်သော် လည်းကောင်း၊ မအိပ် မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍ နေထိုင်ခြင်းကို ''မြတ်သောနေထိုင်ခြင်း'' ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည် ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေ နေခြင်း သို့ ဧကန်မရောက်တော့ပြီ။
မေတ္တသုတ်တော် မြန်မာပြန်ပြီး၏။
Credit-ဓမ္မရတနာ
❣❄❦ မောင်သုတ(NMN)❄❦❣
Saturday, August 6, 2016
သက္ကရာဇ် တွေနဲ့ ပါတ်သတ်ပြီးတော့ ......သိထားသင့်တဲ့ အရာလေးတွေ
သက္ကရာဇ် တွေနဲ့ ပါတ်သတ်ပြီးတော့ ......
(၁) မဟာသက္ကရာဇ်
(၂) သာသနာသက္ကရာဇ်
(၃) ကောဇာသက္ကရာဇ်
(၄) ခရစ်သက္ကရာဇ်
(၅) ဘီစီ
(၆) အေဒီ ဟူ၍ရှိပါသည်၊
(၁) မဟာသက္ကရာဇ်
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးနှင့် ကာလဒေ၀ီလ ရသေ့တို့  ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ အလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင်မီးရှူးသန့် စင်ဖွားမြင်တော်မူခဲ့ပါသည်၊
(၂) သာသနာသက္ကရာဇ်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သံဂါယတနာတင်သောနှစ်၊ အရှင်မဟာကဿပမထေရ် နှင့် အဇာတသတ်မင်းကြီးတို့  ထားခဲ့သောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်ပါသည်၊
(၃) ကောဇာသက္ကရာဇ်
မြန်မာသက္ကရာဇ်ဟုခေါ်သော=ကောဇာသက္ကရာဇ်ကိုလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ပထမသံဂါရတနာတင်သောနှစ်မှစ၍ ရေတွက်လာခဲ့ရာ သက္ကရာဇ် (၆၂၂)ခုနှစ်အရောက် သရေ ခေတ္တရာခေတ် သုမုန္ဒရီ မင်းလက်ထက်မှာ ဖြိုခဲ့ပါသည်၊ ထိုမှတဖန် စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနှစ်အရောက် ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာ တစ်ခါဖြိုခဲ့ပြန်ပါသည်၊ မြန်မာသက္ကရာဇ် ခေါ်သော ကောဇာသက္ကရာဇ်ကို နှစ်ခါဖြိုခံရပါသည်၊ ထို့ ကြောင့် (၆၂၂) နှင့် (၅၆၀) နှစ်ရပ်ပေါင်းတော့ (၁၁၈၂) ဖြစ်ပါသည်၊ ထိုနှစ်ခါအဖြိုခံရသော သက္ကရာဇ်ကို မြန်မာသက္ကရာဇ်=ကောဇာသက္ကရာဇ် ဟုခေါ်ပါသည်။
မှတ်ချက်။ ။ ယခုရောက်ဆဲ မြန်မာသက္ကရာဇ်တွင် နှစ်ခါဖြိုခံရသော သက္ကရာဇ်(၁၁၈၂) ထဲ့၍ပေါင်းလိုက်လျှင် သာသနာတော်နှစ် ရပါသည်။
(၄) ခရစ်သက္ကရာဇ်
သာသနာသက္ကရာဇ် (၅၄၄) ခုနှစ် အရောက်တွင် ခရစ်တော်မွေးဖွားခဲ့ပါသည်၊ ထိုအချိန်မှစ၍ ရေတွက်သောနှစ်ကို ခရစ်သက္ကရာဇ် ဟုခေါ်ပါသည်။
မှတ်ချက်။ ။ ယခုရောက်ဆဲ ခရစ်သက္ကရာဇ် ကို (၅၄၄) ပေါင်းလျှင် သာသနာတော်နှစ် ရပါသည်
(၅) ဘီစီ (BC)
ဘီစီ (Before Christ)ဆိုသည်မှာ ခရစ်တော်မပေါ်ခင်ရေတွက်အပ်သော နှစ်ဟု အဓိပ္ပါယ်ရပါသည်၊ အလောင်းတော်ကို ဘီစီ(၆၂၃)ခုနှစ်တွင် မီးရှုးသန့် စင်ဖွားမြင် တော်မူခဲ့ပါသည်၊
(၆) အေဒီ (AD)
အေဒီ (Anno Domini) ဆိုသည်မှာ ခရစ်တော်မွေးဖွားပြီးနောက် ရေတွက်အပ်သောနှစ်ဟုအဓိပ္ပါယ်ရပါသည်၊ (Anno Domini) ဆိုသည်မှာ ငါတို့ ဘုရားသခင်နှစ်ဟုအဓိပ္ပါယ်ရပါသည်။
ဗဟုသုတ ရစေရန်အလို့ငှာအင်းလေးမီဒီယာမှပြန်လည်ကူးယူ ဖော်ပြပါသည်။
အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)
အာဠာဝကဘီလူး နှင့် ဂေါတမမြတ်စွာဘုရား အမေးအဖြေ ဗဟုသုတပေါ့
( အာဠာဝကဘီလူး နှင့် ဂေါတမမြတ်စွာဘုရား အမေးအဖြေ )
အာဠာဝက အမေး =
မြတ်စွာဘုရားက အဖြေ =
အမေး - လောကမှာ အကောင်းဆုံး
ဥစ္စာက ဘာလဲ။
အဖြေ - သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
၁။ (သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဌံ)
အမေး - လောကမှာ ဘာလုပ်ရင်
ချမ်းသာမှာလဲ။
အဖြေ - ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
၂။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
အမေး - လောကမှာ အကောင်းဆုံး အရသာက ဘာလဲ။
အဖြေ - အကောင်းဆုံး အရသာဟာ သစ္စာ။
၃။ (သစ္စံ သာဓုတရံ ရသာနံ)
အမေး - လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ - အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။
၎။ (ပညာဇီဝိံဇီဝိတ မာဟု သေဌံ)
အမေး - အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ - သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။
၅။ (သဒ္ဓါယ တရဟိ သြဃံ)
အမေး - ကျယ်ပြောသော ဘ၀ကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ - သတိနဲ့ ဖြတ်ကူးရမယ်။
၆။ (အပ္ပမာဒေန အဏ္ဏ၀ံ)
အမေး - ဆင်းရဲဒုက္ခကို ဘာနဲ့
ဖယ်ရှားမှာလဲ။
Friday, August 5, 2016
Thursday, August 4, 2016
အရပ်ထမင်းကျွေးအပျိုလူပျိုအဖွဲ့တွေတော့ ပျားတုတ်ပြီ
~မြန်မာတွေ ပြင်ရမယ်~
(written by ပါမောက္ခခင်မောင်ဝင်း(အသည်း))
မြန်မာတွေက ဟင်းရည်ပန်းကန်တစ်လုံးကို ထမင်းစားပွဲဝိုင်းအလယ်မှာ တင်ပြီး အဲဒီစားပွဲတစ်ဝိုင်းလုံးမှာ စားနေကြတဲ့သူတွေအားလုံးက ဟင်းရည် ပန်းကန်မှာစိုက်ထားတဲ့ဇွန်းနဲ့ တရှူးရှူးမြည်အောင် တစ်ယောက်ပြီး တစ်ယောက်သောက်ကြပါတယ်။ ဟင်းရည်သောက်တဲ့ဇွန်းကို ပါးစပ်ထဲကို အားရပါးရထည့်ပြီး သောက်ကြတယ်။ပြီးတော့ဟင်းရည်ပန်းကန်ထဲကို ပြန်စိုက်တယ်။ နောက်တစ်ခါ နောက်တစ်ယောက်ကဒီလိုပဲ သောက်ပြန်တယ်။ အဲဒီလိုဟင်းရည်တစ်ပန်းကန်ထဲကိုအားလုံးဝိုင်းပြီးဟင်းရည်သောက်ကြတဲ့အကျင့်ဟာ ကိုယ့်မိသားစုနဲ့ စားရုံသာမက အလှူအတန်း၊ ဆွမ်းကျွေး၊ မင်္ဂလာဆောင်တွေမှာလည်း ဒီလိုပဲ စားကြသောက်ကြပါတယ်။
မိသားစုထမင်းဝိုင်းမှာ ကိုယ့်မိသားစုအချင်းချင်း ဟင်းရည်ပန်းကန် တစ်ခုတည်းနဲ့ ဇွန်းတစ်ချောင်းတည်းသောက်ကြတာဟာ သိပ်အရေး မကြီးပေမယ့်လို့ အလှူမင်္ဂလာဆောင်လိုမျိုးတွေရဲ့ ထမင်းဝိုင်းမှာကျတော့ သူစိမ်းတွေနဲ့ရောပြီး အတူတူစားရတဲ့အခါမှာ အဲလိုဟင်းရည်တစ် ပန်းကန်ထဲက အားလုံးဝိုင်းပြီး ဟင်းရည်သောက်ကြတာကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သူစိမ်းတွေနဲ့အတူတူရောစားပြီး တစ်ယောက်သောက်ပြီးသား၊ လူတစ်ယောက်ပါးစပ်ထဲရောက်ပြီး သားဇွန်းကို ဟင်းရည်ထဲပြန်နှစ်၊ နောက်တစ်ယောက်ကတစ်ခါ ပါးစပ်ထဲ ဇွန်းရောက်အောင်ထည့်ပြီး သောက်ကြပြန်ပါတယ်။ တွေးကြည့်မယ်ဆိုရင် အဲဒီလိုဟင်းရည်တွေ သောက်နေတာဟာ ရောဂါကူးစက်ဖို့ တော်တော့်ကို အခွင့်ကောင်းတဲ့အနေအထား ဖြစ်နေပါတယ်။ ဒီအကျင့်ကိုတော့ ကျွန်တော် တို့ မြန်မာတွေ ပြင်သင့်နေပါပြီ။(REPOST)
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
written by ပါမောက္ခခင်မောင်ဝင်း(အသည်း)
(Source;Eternal light magazine)
photo credit to original uploader
ဆယ်တန်းအောင်တွေ ကွန်ပျူတာဒီပလိုမာတဲ့
အသက် ၁၆ မှ ၁၉ နှစ်တွင်း ဆယ်တန်းအောင် အမျိုးသမီးငယ်များ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီးစာရေး လျှောက်ထားနိုင်ပါပြီ။ တိုင်းစစ်ဌာနချုပ်များတွင် 4.8.2016 မှ 7.9.2016 ရက်အတွင်း လျှောက်ထားနိုင်ပါတယ်။ အရပ် ၅ ပေ ၂ လက်မ ကိုယ်အလေးချိန် ပေါင် ၁၀၀။သင်တန်း၁နှစ်
၆လတက်ပြီးပါက ကွန်ပျူတာ ဒီပလိုမာဘွဲ့တစ်တည်း ရမှာပါ။သင်တန်းပြီးရင်လဲ တပ်ကြပ်ကြီးအဆင့်နဲ့ပဲ အရပ်ဘက်တက္ကသိုလ်တစ်ခုခု မှာ အဝေးသင်ဆက်လို့ရပါတယ်။
ပြောင်းလဲကြပါစို့
★★ ပြောင်းလဲမှုတွင်ပါဝင်ကြ ★★
-------------------------------------
❖ ပြည်သူကောင်းစားဖို့၊ တိုင်းပြည်တိုးတက်ဖို့ဆိုလျင် ခေတ်ကာလအခြေအနေနှင့်အညီ အောက်ပါတို့ကို ပြောင်းလဲရမည် -
✔︎ စိတ်ဓာတ် (Mindset)
✔︎ ခံယူချက် (Concept)
✔︎ အပြုအမူ (Behaviour)
❖ သင်နောက်ကျန်ခဲ့သော်၊ သင်ဆန့်ကျင်ဟန့်တားခဲ့သော်၊ သင်အခြားသူများကို သွေးဆောင်ခဲ့သော် သင်သာမက ပြည်သူနှင့်နိုင်ငံကို ထိခိုက်နစ်နာစေနိုင်သည်။
❖ တစ်နိုင်ငံလုံးကောင်းအောင် ရှေးရှုဆောင်ရွက်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟများကိုလျှော့၍ အများပြည်သူနည်းတူ ပြောင်းလဲမှုတွင် ပါဝင်နိုင်ကြပါစေ..။
မေတ္တာဖြင့်
▪︎ သူရဦးရွှေမန်း ▪︎
--
Tuesday, August 2, 2016
ရမရတော့ သိဘူဗျာ သိထားသင့်တယ်ထင်လို့
အသုံးဝင်တယ်ဆိုရင် ရှယ်ပြီးသိမ်းထားပါ
ဖုန်းပျောက်သွားခဲ့ရင် (or) မေ့ကျန်ခဲ့ရင်
=-=-=-=-=-=-=-=-=-=-=-=-=-=-=
ချစ် fri ' တို့ရဲ့ ဖုန်း ပျောက် သွားခဲ့တာပဲဖြစ်ဖြစ် ..!
တနေရာရာ မှာ မေ့ကျန် ထား ခဲ့ မိပြီး စဉ်းစား မရ
တာ ပဲ ဖြစ် ဖြစ် ပြန် ရှာတွေ့ နိုင်စေ ဖို့ ပါ ...!
ပျောက်ပီ ဆိုမှတော့ ပြန်ရှာဖို့ ခက်ခဲ မှာပါ...!
ကောက်ရသူကလဲ ဆင်းကဒ် က အသုံးမဝင်ပေမဲ့
တန်ဘိုးရှိ ဟန်းဆက်ကို တော့ ပြန်မပေး ပဲ ဆင်းကဒ်
လဲပြီး အသုံးပြု တတ် ပါတယ်...!!
အဲဒီလို အသုံးပြု ခဲ့လျှင် ချစ် fri' ရဲ့ဖုန်း ဘယ်နေရာ
ရှိနေလဲ ဆိုတာသိအောင် ဖုန်းမပျောက်ဆုံးမီ
အောက်ပါအစီအစဉ်အတိုင်း ကြိုတင် ဆောင်ရွက်ထားပါ။
(၁) *#06# ကိုဖုန်းမှာနှိပ်ပါ
(၂) နှိပ်ပြီးတဲ့အခါ IMEI Number လို့ခေါ်တဲ့
ကိန်းဂဏန်း ၁၅ လုံးပေါ်လာပါလိမ့်မယ် ...!
(၃) အဲ့ဒီဂဏန်း ၁၅ လုံးကို fri 'ဖုန်းထဲမှာမဟုတ်ပဲ
အခြားတနေရာ မှာ ရေးမှတ်ထားပါ...!
(၄) အကယ်၍ fri ဖုန်းပျောက်ဆုံးတာနဲ့ ရေးမှတ်
ထားတဲ့ IMEI Number ၁၅ လုံး ကို ရေးပြီး
cop@ vsnl.net လိပ်စာအတိုင်း E Mail ပို့လိုက်ပါ..!
(၅) လက်ဝယ်ကိုင်ဆောင်ထားသူက fri' ရဲ့ ဖုန်းနံပါတ်
ကိုလဲလိုက်ပါစေ ချစ် fri ရဲ့ Hand set Phone
ဘယ်နေရာမှာ ရှိနေလဲဆိုတာ သိအောင်အကြောင်း
ကြား စာ E mail ... ပေးပို့ပါတယ် ။
စင်္ကာပူ မှာ ဆို ရင် တော့ နေရာ တော် တော် များများမှာ
CCTV တွေ တပ်ဆင် ထားလေ တော့ ပြန်လည် ရှာ ဖွေ
ဖို့ ပို မို လွယ်ကူမယ် လို့ ထင်မိပါ တယ် ...!
Phone က Original (or ) Clone ဆိုတာ လဲ
IMEI code နဲ့ ခွဲ ခြား သိ နိုင် ပါတယ်...!
credit of .. original upload
Sunday, July 31, 2016
မော်လူး မှာ စည်ပင်သာယာရုံး တည်ဆောက်ဖို့ အတွက် မြေနေ ရာ ရွေးတယ်တဲ့
မော်လူးတွင်အင်းတော်မြို့ နယ်စည်ပင်သာယာရုံးခွဲဖွင့်လှစ်နိုင်ရေးတိုင်းတာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
မော်လူး ဇူလိုင်၃၁
@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ နယ်
မော်လူးတွင်ဇူလိုင်၃၁ရက်နေ့နံနက်၁၀နာရီအချိန်က အင်းတော်မြို့ နယ်စည်ပင်ရုံးခွဲဖွင့်လှစ်နိုင်ရေးအတွက်တိုင်းတာရေးလုပ်ငန်းများကိုကွင်းဆင်းဆောင်ရွက်ခဲ့သည် အဆိုပါမြေနေရာမှာ
ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုလမ်း မကြီးအရှေ့ဘက်မြန်မာ့ဆက်သွယ်ရေးရုံးနှင့်ကပ်လျက်မြေနေရာဖြစ်ကြောင်း
အရှေ့အနောက်အလျား(၁၅၅)ပေ အနံအရှေ့ဘက်(၆၀)ပေ နှင့် အနံအနောက်ဖက်
(၃၄)ပေ စုစုပေါင်း(၀.၁၆)ဧကရှိကြောင်း မော်လူးတွင်စည်ပင်သာယာရုံးခွဲထားရှိခြင်း အားဖြင့်မော်လူးမြို့ ဖွံ့းတိုးတက်လာပြီးသန့်ရှင်းသပ်ရပ်သောမြို့ပြဖြစ်လာခြင်းဖြင့် ဒေသခံမိဘပြည်သူများအနေဖြင့်ဝန်ဆောင်မှုလုပ်ငန်းများတွင် လျင်မြန်ချော့မွေ့လွယ်ကူနိုင်တော့မည်ဖြစ်သည်
အဆိုပါတိုင်းတာခြင်းလုပ်ငန်းမြေနေရာသို့
အင်းတော်မြို့ နယ်စည်ပင်သာယာရေး ဥက္ကဌဦးတိုးမြင့်မြို့နယ်စည်ပင်သာယာ ဦးစီးအရာရှိဦးအေးမင်းထွန်းမြို့နယ် မြေစာရင်းဦးစီးမှူးဦးကျော်ကျော်လွင်
မော်လူးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့်ရပ်မိရပ်ဖများပါဝင်လျက်
အင်းတော်မြို့နယ်စည်ပင်သာယာရေးရုံးခွဲ
(မော်လူး)နေရာကိုတိုင်းတာခဲ့ကြကြောင်း
သိရပါတယ်
Cyclone
မော်လူးမှာ စည်ပင်က ကတ္တရာ ခင်း တံတား ဆောက်မှာ တဲ့ဗျာ ကတ္တရာကို free ခင်းပေးလို့ကတော့ မော်လူးသမိုင်းမှာ ပထမအကြိမ်ပါဘဲ
မော်လူးတွင် မြို့နယ်စည်ပင်သာယာမှ
အရှည်ပေ(၇၀၀)ကတ္တရာလမ်းနှင့်(့၂၁×၃.၆)ပေရှိသောကွန်ကရစ်တံတားငယ်၂စင်းဆောက်လုပ်ရန်ကွင်း ဆင်းစစ်ဆေး
မော်လူး ဇူလိုင် ၃၁
@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
မော်လူးတွင် ဇူလိုင်၃၁ရက်နေ့နေ့လည်၁နာရီအချိန်က ၂၀၁၆/၁၇ဘဏ္ဍာရေးနစ်
အင်းတော်မြို့နယ်စည်ပင်သာယာကော်မတီရန်ပုံငွေဖြင့်အရှည်ပေ(၇၀၀)ကတ္တရာ
ခင်းခြင်းလုပ်ငန်းနှင့် (၂၁×၃.၆)ပေရှိသောကွန်ကရစ်တံတားငယ်၂စင်းဆောက် လုပ်ရန်အတွက်ကွင်းဆင်းစစ်ဆေးကြသည်
ထိုသို့ဆောင်ရွက်ရာတွင်မော်လူးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးမြင့်နှင့်အဖွဲ့အင်းတော်မြို့နယ်စည်ပင်သာယာ ဥက္ကဌဦးတိုးမြင့် မြို့နယ်စည်ပင်သာယာ ဦးစီး အရာရှိဦးအေးမင်းထွန်း မြိုနယ်စည်ပင်အင်ဂျင်နီယာဦးမင်းမင်းစိုး တို့က ကွင်းဆင်းတိုင်းတာကြသည် ၂၀၁၆/၁၇စည်ပင်သာယာကော်မတီရန်ပုံငွေဖြင့်တည်ဆောက်မည်.မော်လူးရပ်ကွက်(၆)နှင့်ဟဲနုရွာအောင်ချမ်း သာရပ်ကွက်တွင်အရှည်၂၁ပေ အကျယ်၃.၆ပေရှိသောတံတား ၂စင်းနှင့် ရပ်ကွက်(၅) ရတနာလမ်းတွင်အရှည်(၇၀၀)ပေရှိသောကတ္တရာ
လမ်းခင်းခြင်းတို့ကိုပွင့်လင်းရာသီတွင်ဆောက်လုပ်နိုင်ရန်အတွက်
ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းကို
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်
Cyclone
Friday, July 29, 2016
လာပြန်ပြီတစ်မျိုး ဆရာ၊ ဆရာမများ သင်ကြားခွင့် လိုင်စင်ယူရတော့မည်တဲ့
ဆရာ၊ ဆရာမများ သင်ကြားခွင့် လိုင်စင်ယူရတော့မည်
ရန်ကုန်၊ ဇူလိုင် ၂၂
ပညာရေးဝန်ကြီးဌာနလက်အောက် အခြေခံနှင့် အဆင့်မြင့်ပညာဆရာ၊ ဆရာမတိုင်းကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က စတင်ပြီး လေးနှစ်သက်တမ်းရှိ သင်ကြားခွင့်လိုင်စင်များ ရယူရန် စတင်သတ်မှတ်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာနထံ စုံစမ်းသိရှိရသည်။
လေးနှစ်တစ်ကြိမ် သက်ဆိုင်ရာ သင်ကြားရေး ဘာသာရပ်စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးမှသာ ဆက်လက်သင်ကြားခွင့် လိုင်စင်ပေးမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသော အခြေခံပညာရေး မြှင့်တင်မှုနှင့် ဆရာအခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ၌ ပညာရေး သုတေသန ဦးစီးဌာနက တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီအစီအစဉ်ကို ဝန်ကြီးဌာနကို အရင်တင်မယ်။ ပြီးရင်လွှတ်တော်တင်မယ်။ ဒါမှအကောင်အထည် ဖော်လို့ရမှာ” ဟု အဆိုပါဆွေးနွေးပွဲ တက်ရောက်သူ ကျောင်းဆရာမတစ်ဦးက The Voice သို့ပြောကြားသည်။
ယင်းအရည်အချင်းစစ် စာမေးပွဲများတွင် မကျဆုံးရှုံးစေရန် အစိုးရ သင်တန်းများသာမက ပြင်ပသင်တန်းများကို ဆရာ၊ ဆရာမများဘက်က ပိုအားကိုးလာမည်ကို စိုးရိမ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။ “အမြဲတမ်း စာပြန်ကြည့်နေရမှာ ဖြစ်လို့ဆရာတွေ အရည်အချင်း တိုးတက်မှုတော့ ရှိမှာပေါ့” ဟု အထက်တန်းပြ ဆရာမတစ်ဦးက သုံးသပ်ပြောဆိုသည်။
ဆရာများ အရည်အသွေး တိုးမြှင့်ရေးအတွက် ပညာရေးဝန်ကြီးဌာနကပေးသော သင်တန်းများ တက်ရောက်ရုံနှင့် မလုံလောက်ဘဲ ပြင်ပသင်တန်းများကို ထပ်မံအကူအညီယူရပါက ပိုမိုအခက်အခဲ ဖြစ်လာနိုင်ကြောင်း ရန်ကင်းပညာရေး ကောလိပ်မှ အင်္ဂလိပ်ဘာသာသင် ဆရာမတစ်ဦးက ဆိုသည်။
ယင်းအပြင် နိုင်ငံတကာပညာရေးအဖွဲ့ (EI) ပညာရှင်များ ဇူလိုင်လဆန်းပိုင်းက မြန်မာနိုင်ငံသို့ လာရောက် လေ့လာစဉ် ဆရာ၊ ဆရာမများကို လစာနှင့် ခံစားခွင့်များ၊ ဆရာနှင့် ကျောင်းသား အချိုးမမျှတမှုများကြောင့် ဆရာအရည်အသွေးများ ကျဆင်းရခြင်း ဖြစ်ကြောင်းကို သုံးသပ်ပြောကြားဖူးသည်။
( The Voice Weekly)
Credit
— feeling ဆရာတွေ စာပဲ မသင်နေနဲ့ စာကြည့်ကြအုန်းနော်.
zapya တွေကနေဗိုင်းရပ်စ်ဝင်တာတဲ့ xender သုံးကြတဲ့
#Xender ပြောင်းသုံးကြပါ
Zapya virus အကြောင်းပြောပြမယ်
ဒီကောင်က အကျိုးပြုသလိုလိုနဲ့ နောက်ကွယ်မှာ လုပ်စားနေတဲ့အကောင်လို့ပြောရင်မှန်တယ်
သူ့ကိုတင်ပြီးတာနဲ့ Run တွေကိုအရင်စားတယ်
😂😂😂
အင်တာနတ်ဖွင့်နေချိန်မှာ နောက်ကွယ်ကနေ run ပေးနေပြီး
အမည်မသိ app တွေ .c file တွေ auto ဒေါင်းနေလိမ့်မယ်
(ဘားမှမသုံးရပဲ ဘေလ်ကုန်သွားတာပေါ့)
Rom တွေကို ဖြုန်းတီးပြစ်တယ်
ဒါ့ကြောင့် စက်က လေးသွားလိမ့်မယ်
နောက်ပြီး virus app တွေ ဒေါင်းပြီး install တင်လိမ့်မယ်
Unknow Sources ကိုကျော်သွားပြီဆိုရင်တော့
ခင်ဗျားဖုန်းကို link တွေ စတက်ပါပြီ
ရလဒ်က အင်တာနတ်ဖွင့်တာနဲ့ file တွေ ဒေါင်းနေပါလိမ့်မယ်
ဘေလ်တွေ စွန့်စားနေပါလိမ့်မယ်
Browser ဖွင့်တိုင်း app တွေ Security apk လိုမျိုးဟာတွေ ဒေါင်းဖို့ တက်လာပါလိမ့်မယ်
Phone အားတွေစားနေပါလိမ့်မယ်
နောက်ကွယ်ကနေ rom ကိုစားပြစ်နေတဲ့အတွက် ဖုန်းက တဖြေးဖြေးလေးလာပါလိမ့်မယ်
App က သုံးနေရင် ပြန်ပြန်ထွက်သွားပါလိမ့်မယ်
Zapya file share လုပ်နေရင်း တစ်ဖက်ဖုန်းမှ
Virus တွေ သယ်ဆောင်လာပါလိမ့်မယ်
File ထဲမှာ ရှိတဲ့ virus တွေ ဆွဲထုတ်လာပါလိမ့်မယ်
နောက်ဆုံး ဖုန်းက ပါဝါကျလိုက်တက်လိုက်ဖြစ်ပြီး
လဲရတဲ့ အဆင့်အထိ ဖြစ်သွားပါလိမ့်မယ်
Zapya ထဲ virus တွေ သွင်းထုတ်လုပ်နေတာ ၂၀၀၃ခုနှစ်ကတည်းကပါ
လုံခြုံရေး အားနည်းတာကတဆင့် ချိုးဖောက်ဝင်ယောက်လာတာပါ
ဒီလောက်ဆို သူ့ရဲ့ ကောင်းကျိုးလေးကို သိပြီးလောက်ရောပေါ့ 😂😂😂
Xender ပြောင်းသုံးပါဗျာ
Credit
#Xender ပြောင်းသုံးကြပါ
Zapya virus အကြောင်းပြောပြမယ်
ဒီကောင်က အကျိုးပြုသလိုလိုနဲ့ နောက်ကွယ်မှာ လုပ်စားနေတဲ့အကောင်လို့ပြောရင်မှန်တယ်
သူ့ကိုတင်ပြီးတာနဲ့ Run တွေကိုအရင်စားတယ်
😂😂😂
အင်တာနတ်ဖွင့်နေချိန်မှာ နောက်ကွယ်ကနေ run ပေးနေပြီး
အမည်မသိ app တွေ .c file တွေ auto ဒေါင်းနေလိမ့်မယ်
(ဘားမှမသုံးရပဲ ဘေလ်ကုန်သွားတာပေါ့)
Rom တွေကို ဖြုန်းတီးပြစ်တယ်
ဒါ့ကြောင့် စက်က လေးသွားလိမ့်မယ်
နောက်ပြီး virus app တွေ ဒေါင်းပြီး install တင်လိမ့်မယ်
Unknow Sources ကိုကျော်သွားပြီဆိုရင်တော့
ခင်ဗျားဖုန်းကို link တွေ စတက်ပါပြီ
ရလဒ်က အင်တာနတ်ဖွင့်တာနဲ့ file တွေ ဒေါင်းနေပါလိမ့်မယ်
ဘေလ်တွေ စွန့်စားနေပါလိမ့်မယ်
Browser ဖွင့်တိုင်း app တွေ Security apk လိုမျိုးဟာတွေ ဒေါင်းဖို့ တက်လာပါလိမ့်မယ်
Phone အားတွေစားနေပါလိမ့်မယ်
နောက်ကွယ်ကနေ rom ကိုစားပြစ်နေတဲ့အတွက် ဖုန်းက တဖြေးဖြေးလေးလာပါလိမ့်မယ်
App က သုံးနေရင် ပြန်ပြန်ထွက်သွားပါလိမ့်မယ်
Zapya file share လုပ်နေရင်း တစ်ဖက်ဖုန်းမှ
Virus တွေ သယ်ဆောင်လာပါလိမ့်မယ်
File ထဲမှာ ရှိတဲ့ virus တွေ ဆွဲထုတ်လာပါလိမ့်မယ်
နောက်ဆုံး ဖုန်းက ပါဝါကျလိုက်တက်လိုက်ဖြစ်ပြီး
လဲရတဲ့ အဆင့်အထိ ဖြစ်သွားပါလိမ့်မယ်
Zapya ထဲ virus တွေ သွင်းထုတ်လုပ်နေတာ ၂၀၀၃ခုနှစ်ကတည်းကပါ
လုံခြုံရေး အားနည်းတာကတဆင့် ချိုးဖောက်ဝင်ယောက်လာတာပါ
ဒီလောက်ဆို သူ့ရဲ့ ကောင်းကျိုးလေးကို သိပြီးလောက်ရောပေါ့ 😂😂😂
Xender ပြောင်းသုံးပါဗျာ
Credit
smart ဖုန်းတွေ မကြာမီကာလအတွင်း မဖြစ်မနေသုံးရမည့် ယူနီကုတ် မြန်မာ စနစ်အကြောင်း
Zaw Thet Aung
July 25 at 2:15pm · Yangon ·
မီးမွှေးလက်စနဲ့ မထူးပါဘူး။ ဆက်မွှေးလိုက်ဦးမယ်။ ဒါက ယူနီကုတ် ၅.၁ ထွက်တုန်းက ရေးခဲ့တဲ့စာ။
ဖောင့်မသိတော့ ဇော်ဂျီ ယူနီကုတ်ထင်
မြန်မာ ယူနီကုတ်ဆိုတာ ဘာလဲ၊ ဇော်ဂျီက မြန်မာယူနီကုတ် စံနှုန်းကနေ ဘာတွေ လွဲနေသလဲ၊ ဘာကြောင့် ယူနီကုတ်စနစ်ကို ပြောင်းသုံးသင့်တာလဲလို့ ဇဝေဇဝါ ဖြစ်နေသူများကို ရှင်းပြဖို့ အတွက် ဒီစာကို ရေးပါတယ်။
ဟိုးအရင် ကာလတွေတုန်းက ကွန်ပြူတာမှာ မြန်မာစာလုံးကို သိမ်းဆည်းတဲ့ အခါမှာ မြန်မာစာလုံး အဖြစ်မသိမ်းဆည်းပဲ အင်္ဂလိပ် စာလုံးနဲ့ ညီမျှတဲ့ နံပါတ် အဖြစ်နဲ့ပဲ သိမ်းဆည်းပါတယ်။ အကယ်၍ ကျွန်တော်တို့ သဝေထိုး (ေ) ကို ရိုက်ပြီး ကွန်ပြူတာ ထဲမှာ သိမ်းမယ်ဆိုရင် ကွန်ပြူတာက သဝေထိုးအနေနဲ့ မသိမ်းပဲ အင်္ဂလိပ်စာလုံး "a" နဲ့ ညီမျှတဲ့ နံပါတ် 97 အနေနဲ့ သိမ်းပါတယ်။ အဲဒီလို စနစ်မျိုး သုံးထားတဲ့ ဖောင့်ကို အက်စကီးဖောင့် (ASCII Font)လို့ ခေါ်ပါတယ်။ အက်စကီး ဖောင့်တွေဟာ တရုတ်၊ ကိုရီးယား ဘယ်ဘာသာ စကားကို မဆို အင်္ဂလိပ် အက္ခရာ ဒါမှမဟုတ် !@ အစရှိတဲ့ သင်္ကေတ (Symbol) တွေနဲ့ ညီမျှတဲ့ ဂဏန်းတွေ အဖြစ် ပြောင်းပြီး သိမ်းပါတယ်။ အက္ခရာ တစ်လုံးကို သိမ်းဖို့ ဂဏန်း ၂ လုံးစာ နေရာ ပေးရပါတယ်။ ဝင်းအင်းဝ၊ ဝင်းကလော ၊ CE စတဲ့ မြန်မာဖောင့်တွေဟာ အဲဒီလို စနစ်မျိုးနဲ့ အလုပ်လုပ်ပါတယ်။ အဲဒါကြောင့်မို့ ဝင်းအင်းဝနဲ့ ရေးထားတဲ့ စာကို မြန်မာ ဖောင့်မရှိတဲ့ အချိန် ဖတ်ရင် အင်္ဂလိပ် စာလုံးတွေ မြင်ရတာပါ။
ယူနီကုတ် စံနှုန်းမှာတော့ ဘာသာစကား တစ်ခုချင်းစီ အတွက် သီးသန့် ဂဏန်း (Codepoint) တွေ သတ်မှတ်ပေးထားပါတယ်။ တကမ္ဘာလုံးမှာ ရှိသမျှ ဘာသာစကားတွေ အတွက် ဂဏန်း ၂လုံးစာ နဲ့ မလောက်တဲ့ အတွက် အခြေ ၁၆ ရှိတဲ့(Hexadecimal) ဂဏန်း ၄လုံး သုံးထားပါတယ်။
အဲဒီအတွက် အက္ခရာ ၆သောင်း ၅ထောင်ကျော် ကို ယူနီကုတ် စနစ်မှာ ကွဲကွဲပြားပြား သိမ်းလို့ရပါတယ်။ မြန်မာစာ နဲ့ တိုင်းရင်းသား ဘာသာစကားများ ဖြစ်တဲ့ ရှမ်း၊မွန်၊ စကောကရင်၊ ပိုးကရင် စတဲ့ ဘာသာစကားတွေ အတွက် ယူနီကုတ် အဖွဲ့ (Unicode Consortium) က ယူနီကုတ်နံပါတ် 4096 ကနေ 4255 (Decimal) အတွင်းမှာ သတ်မှတ်ပေးထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြန်မာစာ သဝေထိုး “ေ” ကို ရိုက်ပြီး သိမ်းမယ် ဆိုရင် ယူနီကုတ် စံနှုန်းမှာ နံပါတ် 4145 အနေနဲ့ သိမ်းပေးပါတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကားတွေ အားလုံးထဲမှာ 4145 နဲ့ ညီမျှတဲ့ အက္ခရာ ဟာ မြန်မာ အက္ခရာ သဝေထိုး တစ်ခုပဲ ရှိပါတယ်။ အခြား ဘယ်ဘာသာ စကားမှာမှ မရှိပါဘူး။ အဲဒါကြောင့် မြန်မာယူနီကုတ်ဖောင့် မရှိရင် အဲဒီစာလုံးကို လေးထောင့်ကွက် အဖြစ်နဲ့ပဲ မြင်ရပါတယ်။
ဇော်ဂျီနဲ့ ယူနီကုတ် ဖောင့်တွေ ရဲ့ ကွာခြားချက်က အဲဒီမှာ စမြင်နိုင်ပါတယ်။ ယူနီကုတ်ဖောင့် (Myanmar3, Padauk, Parabaik, MyMyanmar) အစရှိတဲ့ ဖောင့်တွေက ယူနီကုတ် အဖွဲ့က Unicode 5.1 Standard မှာ သတ်မှတ်ပေးထားတဲ့ စံနှုန်းအတိုင်း အတိ အကျ လိုက်နာပြီး သတ်မှတ်ထားတဲ့ ဂဏန်းတွေနဲ့ စာလုံးတွေကို သိမ်းပါတယ်။ ဇော်ဂျီကတော့ ကိုယ့်ဘာသာကိုယ် သိမ်းချင်တဲ့ ဂဏန်းနဲ့ သိမ်းထားပါတယ်။ ဇော်ဂျီက သုံးတဲ့ ဇယားနဲ့ ယူနီကုတ် အဖွဲ့က တရားဝင် သတ်မှတ်ပေးထားတဲ့ ဇယား နှစ်ခုကို အောက်မှာ ယှဉ်ပြ ထားပါတယ်။
ဒါပေမယ့် ရိုက်သမျှ ဂဏန်းကို မြန်မာစာအတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေနဲ့ သိမ်းတိုင်းလည်း ယူနီကုတ်လို့ ပြောလို့ မရပါဘူး။ ယူနီကုတ် ဖောင့်တွေ လိုက်နာရမယ့် အခြား အချက်တွေ ရှိပါသေးတယ်။
ပထမအချက် အနေနဲ့ အခြားစာလုံးနဲ့ တွဲလိုက်လို့ ပုံစံပြောင်းသွားတဲ့ စာလုံးတွေ အတွက် ယူနီကုတ်ဖောင့်က စာလုံးပုံစံကို အလိုအလျောက် ပြောင်းပေးရပါတယ်။ ဥပမာ အားဖြင့် “နိုင်” ဆိုတဲ့ စာလုံးကို လေ့လာကြည့်ပါ။ “နိုင်” ဆိုတဲ့ စကားလုံးကို မြန်မာလို နငယ် လုံးကြီးတင် တစ်ချောင်းငင် င အသတ် ဆိုပြီး ရိုက်ရပါတယ်။ မြန်မာစာမှာ နငယ် အကြီးနဲ့ နငယ် အသေးဆိုပြီး ၂ မျိုး မရှိပါဘူး။ နငယ်က တစ်မျိုးပဲ ရှိပါတယ်။ မြင်ရတဲ့အချိန်မှာသာ နငယ် အကြီးနဲ့ အသေး ကွာသွားတာပါ။
ယူနီကုတ်ဖောင့်တွေမှာ နငယ်ကို တစ်ချောင်းငင်နဲ့ တွဲရိုက်လိုက်တာနဲ့ နငယ်အကြီးကို အသေး (န) အဖြစ် User မြင်အောင် အလိုအလျောက် ပြောင်းပေးပါတယ်။ ဒါပေမယ့် အကြီးပဲ ပြပြ အသေးပဲပြပြ နောက်ကွယ်မှာ နငယ်ကို သိမ်းထားတဲ့ ဂဏန်းကတော့ 4116 တစ်ခုတည်းပါပဲ။ ဇော်ဂျီဖောင့်မှာတော့ အဲဒီလို နည်းပညာ မပါပါဘူး။ နငယ် အသေးကို သပ်သပ် ရိုက်ပေးရပါတယ်။ ဇော်ဂျီဖောင့်မှာ နငယ် အကြီး ရိုက်ရင် 4116 နဲ့ သိမ်းပြီး အသေးရိုက်ရင် 4239 နဲ့ သိမ်းပါတယ်။ Smart Rendering မလုပ်ဘဲ သိမ်းထားတဲ့ အတိုင်း ပြန်ပြီး ရိုက်ပြ ပါတယ်။ ယူနီကုတ် ၅.၁ စံနှုန်းအရ ဇော်ဂျီက “န” အနေနဲ့ သုံးထားတဲ့ နံပါတ် 4239 ဟာ မြန်မာဘာသာ အတွက် သတ်မှတ်ထားတဲ့ ဂဏန်းမဟုတ်ပဲ ပလောင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း ဖြစ်ပါတယ်။
အားလုံး ပြောနေကြတဲ့ ရရစ် ပြသနာဟာ လည်း ဒါပါပဲ။ ဇော်ဂျီမှာ ရရစ် အတွက် ယူထားတဲ့ ဂဏန်း ၈ လုံး တိတိ ရှိပြီး User အနေနဲ့ ကိုယ်သုံးချင်တဲ့ ရရစ်ကို ကိုယ့်ဘာသာကိုယ် ရွေးရပါတယ်။ ရရစ် အတွက် ယူသုံးထားတဲ့ ဂဏန်းတွေကတော့ ရှမ်းဘာသာစကား အတွက် သတ်မှတ်ပေးထားတဲ့ ဂဏန်းတွေပါ။ ယူနီကုတ် ဖောင့်တွေမှာတော့ သူနဲ့ တွဲဆက်ထားတဲ့ အက္ခရာတွေ ပေါ်မူတည်ပြီး ရရစ်က အလိုအလျောက် ပုံစံပြောင်း ပေးပါတယ်။ ရရစ်အတွက် 4156 ဂဏန်း တစ်လုံးကိုပဲ သုံးထားပါတယ်။
ဒုတိယ အချက်အနေနဲ့ ယူနီကုတ်ဖောင့်တွေဟာ User က ရိုက်ထည့်လိုက်တဲ့ ဂဏန်းကို နောက်ကွယ်မှာ စံနှုန်းနဲ့ ညီတဲ့ အစီအစဉ် တကျ ပြန်စီပေးရပါတယ်။ အဲဒါကို Normalization လုပ်တယ်လို့ ခေါ်ပါတယ်။ User အနေနဲ့ “နိုင်” ဆိုတဲ့ စာလုံးကို “န” + “_ိ ”+ “ -ု” + “င” + “-်” ဆိုပြီး ရိုက်ထည့်လို့ ရသလို “န” + “ -ု” + “_ိ ” + “င” + “-်” ဆိုပြီး တော့လည်း ရိုက်လို့ ရပါတယ်။ “နိုင်” ဆိုတဲ့ စကားလုံးကို User အနေနဲ့ “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ပဲ ရိုက်ထည့်ထည့် “ -ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့ပဲ ရိုက်ထည့်ထည့် ယူနီကုတ် ဖောင့်က နောက်ကွယ်မှာ “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) အဖြစ် ပြန် အစီအစဉ် ချပြီး သိမ်းပေးပါတယ်။ ဇော်ဂျီကတော့ အစီအစဉ် မချပဲ User ရိုက်ထည့်တဲ့ အတိုင်း သိမ်းပါတယ်။
သိမ်းချင်သလို သိမ်းကွာ ဖတ်လို့ရပြီးတာပဲ လို့ ပြောချင်တဲ့သူများလည်း ရှိပါလိမ့်မယ်။ ဖတ်လို့ ရတာ ဟုတ်ပေမယ့် ရှာတဲ့နေရာမှာ ရှော့ခ် ရှိပါတယ်။ ဇော်ဂျီဖောင့်နဲ့ ရှာချင်ရင် အစီအစဉ်တကျ ရိုက်ထည့်ထားတဲ့ စာကိုပဲ ရှာလို့ ရပါမယ်။ လုံးကြီးတင် တစ်ချောင်းငင် နဲ့ ရေးထားတဲ့ စာကို တစ်ချောင်းငင် လုံးကြီးတင် နဲ့ ပြန်ရှာရင်တွေ့မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ တစ်ချောင်းငင် လုံးကြီးတင် နဲ့ ရေးထားတဲ့စာကို လုံးကြီးတင် တစ်ချောင်းငင် နဲ့ ပြန်ရှာရင်လည်း တွေ့နိုင်မှာ မဟုတ်ပါဘူး။
ကွန်ပြူတာနဲ့ ဆက်စပ်ပြီး အလုပ်လုပ်နေသူများအတွက် နောက်ဥပမာ တစ် စ်ခုကို ထပ်ပေးပါမယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ လူဦးရေ စစ်တမ်း ကောက်တဲ့ ဒေတာဘေ့စ် တစ်ခု လုပ်ချင်တယ် ဆိုပါစို့။ လူနှစ်ယောက်ဟာ နာမည်တူ အဖေနာမည်တူ ရှိနိုင်ပေမယ့် မှတ်ပုံတင် နံပါတ်တော့ အတူတူ မရှိနိုင်ပါဘူး။ အဲဒီတော့ လူတစ်ယောက်ကို ဒေတာဘေ့စ်ထဲမှာ ၂ ခါ ပြန်မထည့်မိအောင် ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင် နံပါတ် Column ကို Unique Constraint အနေနဲ့ ထည့်ထား လိုက်ပါမယ်။ အဲဒီလို လုပ်တဲ့အတွက် User က မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါပြန်ထည့်မိရင် ဒေတာဘေ့စ်က လက်မခံဘဲ Error ပြန်လာပါလိမ့်မယ်။
အဲဒီ ဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နဲ့ သိမ်းရင် မှတ်ပုံတင် နံပါတ်က နှစ်ခု မထပ် နိုင်ပါဘူး။ ဥပမာ ၅/စကန(နိုင်)၀၀၀၀၀၀ ဆိုတဲ့ မှတ်ပုံတင် နံပါတ်ကို ဒေတာဘေ့စ်ထဲမှာ တစ်ကြိမ်ပဲ ရိုက်ထည့်လို့ ရပါမယ်။ (နိုင်) ကို ရိုက်ထည့်တဲ့သူက “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ် နဲ့ ရိုက်ရိုက် “ -ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) အစီအစဉ်နဲ့ ရိုက်ရိုက် ယူနီကုတ်ဖောင့်က Normalize လုပ်ပေးတဲ့အတွက် နောက်ဆုံးမှာ ဒေတာဘေ့စ်ထဲကို “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) အစီအစဉ်နဲ့ပဲ ဝင်သွားပါလိမ့်မယ်။ ဇော်ဂျီနဲ့ ရိုက်ထည့်လို့ User က (နိုင်) ကို မှားယွင်းပြီး ရိုက်ထည့်ရင် “_ိ ”+ “ -ု” (လုံးကြီးတင် တစ်ချောင်းငင်) နဲ့ တစ်ခါ “ -ု” + “_ိ ” (တစ်ချောင်းငင် လုံးကြီးတင်) နဲ့တစ်ခါ မှတ်ပုံတင် နံပါတ် တစ်ခုတည်းကို ၂ ခါဝင်သွား နိုင်ပါတယ်။ လူဦးရေ စာရင်းလို သန်းဂဏန်း နဲ့ ရှိတဲ့ ဒေတာတွေထဲမှာ အဲဒီလို အမှားမျိုး မတော်တဆ ဖြစ်ခဲ့ရင် ကျွန်တော်တို့ အမှားကို တွေ့အောင် ရှာနိုင်ပါ့မလား။
အဲဒီဒေတာဘေ့စ်ကို ယူနီကုတ် ၅.၁ နားလည်တဲ့ ဒေတာဘေ့စ် (ဥပမာ MySQL Latest Version) အဖြစ် Convert လုပ်ရင် Error တက်ပါလိမ့်မယ်။ Database ထဲမှာ အစီအစဉ်တကျ သိမ်းထားတဲ့ စာက ပြသနာ မရှိပေမယ့် Normalize မလုပ်ဘဲ သိမ်းချင်သလို သိမ်းထားတဲ့စာကိုတော့ Database က သူနားလည်သလို Unicode Normalization လုပ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ နံပါတ် ၂ ခု အတူတူ ဖြစ်သွားတဲ့ အတွက် Unique Constraint ကို ချိုးဖောက်မိပြီး ဒုက္ခနဲ့ လှလှ တွေ့ပေးနိုင်ပါတယ်။
ဒေတာဘေ့စ်က မြန်မာစာလုံးတွေကို Normalize လုပ်ပေးတယ် ဆိုပေမယ့် ကိုယ်မှန်းထားတဲ့ အစီအစဉ်အတိုင်းတော့ ဝင်သွားဖို့တော့ မလွယ်ပါဘူး။ ဒေတာဘေ့စ်က မနောမယ ဒေတာဘေ့စ် ဖြစ်နေမယ် ဒါမှမဟုတ် ဒေတာဘေ့စ် အက်ဒမင်က ဒေးဗစ်ကော့ပါးဖီး ဖြစ်နေမယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့။
နောက်တစ်ခု ကွာတာကတော့ “က္က” လိုမျိုး ပါဌ်ဆင့် တွေ ရိုက်တဲ့ နေရာမှာပါ။ ပါဌ်ဆင့်တွေ အတွက် ယူနီကုတ်မှာ ဂဏန်း သတ်သတ် ပေးမထားပါဘူး။ ယူနီကုတ် စံနှုန်း အရ ပါဌ်ဆင့်နှစ်ခု ရဲ့ ကြားမှာ 4153 ဆိုတဲ့ ဂဏန်းကို ထည့်ပြီး သိမ်းပါတယ်။ ဖောင့်က 4153 ဆိုတဲ့ ဂဏန်းကို တွေ့ရင် ရှေ့နောက် ဂဏန်း နှစ်လုံးကို ဆက်ပြီး သူ့အလိုအလျောက် ပါဌ်ဆင့် အဖြစ် ရိုက်ပြ ပါတယ်။ ဥပမာ “က္က” ဆိုတဲ့ စာလုံးကို သိမ်း ချင်ရင် ယူနီကုတ် စံနှုန်းမှာ က ရဲ့ နံပါတ်က 4096 ဖြစ်တဲ့ အတွက် “4096 + 4153 + 4096” ဆိုပြီး သိမ်းပါတယ်။ User အနေနဲ့လည်း ကီးဘုတ်ပေါ်မှာ ~ အက္ခရာတွေ “Ctrl + Alt” တွေ ရိုက်စရာ မလိုဘဲ ပါဌ်ဆင့်ရဲ့ ဒုတိယ အက္ခရာ မရိုက်ခင်မှာ “4153” နဲ့ ညီမျှတဲ့ “Shift + f ” ကို ကီးဘုတ်ပေါ်ကနေ ရိုက်ထည့် လိုက်ရုံပါပဲ။ “က” + “Shift +f ” + “က” ဆိုရင် ကကြီး နှစ်လုံးဆင့် ဖြစ်ပါတယ်။
ဇော်ဂျီမှာတော့ ပါဌ်ဆင့်တွေကို ပါဌ်ဆင့်အတိုင်း သိမ်းပါတယ်။ အဲဒီအတွက် မြန်မာစာ အတွက် မဟုတ်ဘဲ ကရင် ဘာသာစကားအတွက် သတ်မှတ်ထားတဲ့ ဂဏန်း 4192 ကနေ 4220 အတွင်းက ဂဏန်းတွေကို ယူသုံးပြီး သိမ်းပါတယ်။ အဲဒီလို တိုင်းရင်းသား ဘာသာစကားတွေ အတွက် သတ်မှတ်ပေးထားတဲ့ ကုတ်ပွိုင့်တွေကို ယူသုံးထားတဲ့ အတွက် အခု လက်ရှိသုံးနေတဲ့ ဇော်ဂျီ ၂၀၀၈ ကို သုံးမယ် ဆိုရင် တိုင်းရင်းသားဘာသာ ယူနီကုတ်တွေနဲ့ အတူတွဲပြီး ပြဖို့ မဖြစ်နိုင်ပါဘူး။
ဒီလောက်ဆိုရင် ဇော်ဂျီနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ အများစုကို ရှင်းရှင်းလင်းလင်း သိကြပြီလို့ ထင်ပါတယ်။
July 15, 2009
Subscribe to:
Posts (Atom)







































