Tuesday, September 20, 2016

ဖုန်းဆိုင်သွားပြီး ဆင်းကဒ်မှတ်ပုံတင်လုပ်ပေးဖို့ သွားပြောနေစရာလိုတော့ဘူး မော်လူးဒေသသားတွေ ကွကိုလုပ်လုပ်ရပြီ



အူရီဒူးဆင်းကဒ်ကို အွန်လိုင်းကနေတစ်ဆင့် မှတ်ပုံတင်လုပ်နိုင်ပြီ
Submitted by Naung Ye Aung on September 20, 2016 - 3:08pm
Local
Telecom

   အူရီဒူးဆင်းကဒ်အသုံးပြုသူများအနေဖြင့် ဆင်းကဒ်မှတ်ပုံတင်လုပ်ထား၊မထားကို အွန်လိုင်းကတစ်ဆင့်စစ်ဆေး နိုင်ပြီး မှတ်ပုံတင်မလုပ်ထားပါက အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်။

    ဆင်းကဒ်မှတ်ပုံတင်ထားခြင်းကို *666# သို့ဖုန်းခေါ်စစ်ဆေးနိုင်ပြီး မှတ်ပုံတင်ထားခြင်းမရှိပါက အူရီဒူးက မက်ဆေ့ကနေတစ်ဆင့် ဖောင်ဖြည့်ရမည့်လင့်ကိုပို့ပေးမှာဖြစ်ပါတယ်။ အဆိုပါလင့်မှတစ်ဆင့် ၀င်ရောက်ကာ မှတ်ပုံတင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်မှတ်ပုံတင်ခြင်းပြုလုပ်ရာတွင် အမည်၊ မွေးသက္ကရာဇ်၊ မွေးရပ်၊ နိုင်ငံသား၊ ကျား / မ ၊ လိပ်စာ နဲ့ နိုင်ငံသားစိစစ်ရေးကတ် (သို့) ကျောင်းသားကတ် (သို့) ယာဉ်မောင်းလိုင်စင်ကတ် ရှေ့ / နောက် ပုံ တို့ကိုဖြည့်သွင်းရမှာဖြစ်ကြောင်းသိရပါတယ်။

     ဆင်ကဒ်မှတ်ပုံတင်ခြင်းပြုလုပ်ရာတွင် အူရီဒူး၏ 3G/4G ကွန်ရက်ကိုသာ အသုံးပြုရမည်ဖြစ်ပြီးအူရီဒူးမှ ဖြည့်သွင်းထားသော အချက်အလက်များ ကို ပေါက်ကြားမူ မရှိစေရန် ထိန်းချူပ်ထားမှာဖြစ်ကြောင်း သိရပါတယ်။

Monday, September 19, 2016

 စုန်းအတတ်ပညာကို တက္ကသိုလ်သင်ရိုးထဲထည့် ဘွဲ့ပေးဖို့ တောင်အာဖရိက ပညာရေးဝန်ကြီး ထုတ်ပြန်



စုန်းအတတ်ပညာကို တက္ကသိုလ်သင်ရိုးထဲထည့် ဘွဲ့ပေးဖို့ တောင်အာဖရိက ပညာရေးဝန်ကြီး ထုတ်ပြန်
19-Sep-2016  tagged as


တောင်အာဖရိက ပညာရေးနဲ့ သက်မွေးမှု သင်တန်းဆိုင်ရာဝန်ကြီး ဘလိတ် အန်ဇီမန်ဒီက ၂ဝ၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်မှာ စုန်းအတတ်ပညာကို ထည့်သင်မှာ ဖြစ်ပြီး B.Sc ဘွဲ့ပေးမယ်လို့ ထုတ်ပြန် ထားပါတယ်။

တိုင်းပြည်အနှံ့က ကျောင်းသား သမဂ္ဂတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးက အဲဒီလို ပြောကြား ခဲ့တာပါ။ စုန်းအတတ်ကို တတ်ချင်သူတွေ အနေနဲ့ တောင်အာဖရိကကို သွားရောက် ပညာ သင်ကြားနိုင်ဖို့ မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။

“စုန်းအတတ်ပညာကနေ တို့တွေ အများကြီး လေ့လာနိုင်ပါတယ်”လို့ ဝန်ကြီးက ပြောကြားပါတယ်။ ပြီးတော့ ဝန်ကြီးက တိုင်းပြည်မှာ နာမည်ကြီးတဲ့ စုန်းတွေကိုလည်း သူ့ရုံးကို အစည်းအဝေး ဖိတ်ထားပါသေးတယ်။ နောက်ပိုင်းမှာ စုန်းတွေကို အရည်အချင်း စစ်ဆေးမှာ ဖြစ်ပြီး အရည်အချင်း ပြည့်ဝတဲ့ စုန်းတွေကို တက္ကသိုလ် ဆရာအဖြစ် ခန့်အပ်မှာ ဖြစ်ပါတယ်တဲ့။

အာဖရိကတိုက် တစ်ဝန်းမှာ ရှိတဲ့စုန်းတွေလည်း အလုပ် လာလျှောက်နိုင်ပြီး တိုင်းပြည်မှာ နေထိုင်ခွင့် ရရှိမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြည်ထဲရေးဝန်ကြီး ဌာနနဲ့လည်း စကားပြောပြီးပြီဖြစ်လို့ နိုင်ငံရပ်ခြား စုန်းတွေကို နေထိုင်ခွင့် စီစဉ်ပေးမှာ ဖြစ်တယ်လို့လည်း သူက ကတိပေး ထားပါသေးတယ်။

ခရီးသွား မြို့တက်ရင်း တို့ဆေး မမိဘို့ ဒီဆောင်းပါးလေးဖတ်ထားစို့ မော်လူးဒေသသားတွေ




လူတိုင်း မသိမဖြစ်သော တို့ဆေး အန္တရာယ် အကြောင်း (လူတိုင်းဖတ်ရန် သတိထားရန်)

ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။

တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည် ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့် ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေး၀ါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။

သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကို များသောအားဖြင့်သုံးကြသည်။

အဆိုပါဆေးဝါးတွေဟာ အမှုန့် -အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြ သည်၊ သူအဆက်သွယ်သွယ်နဲ့  ရှာရပါတယ် မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ -ဇိမ်းခမ်းနဲ့  ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင်အလွယ်တကူဝယ်ရနိုင်၏။
တို့ ဆေးများကို ဒုစရိုက်လောကသားများ သုံးပြုနေပုံ

ဥပမာ ဘန်ကောက်မြို့ ကိုစရောက်လာပြီး နိုက်ကလပ်လိုနေရာမျိုးအားတဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်၊ ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့်တွဲကမိရင် ရင်းနှီးကြ-အတူသောက်ပြီးရင် ကောင်မလေးက "အကိုနောက်လိုက်ခဲ့မယ်နော်" ဟုပြောကာ လူရှင်းသည့်တည်းခိုခန်းတွင်းရောက်သွားသည့်အခါအမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။

အတူချိုးမယ်ဆိုလည်းလိုက်မည်မဟုတ်ပါ၊ မိန်းခလေးရေချိုးသည့်အလှည့်တွင် သူမဖွတ်ယူ လာသည့် ဆေးအဆီရည်ပုလင်းလေးတွင်းမှ ဆေးရည်စက်များကို လက်ဝါးပေါ်ထည့်၍ သူမရင်သားပေါ်မှာ လိမ်းထားပါလေသည်၊ဒါအပြင် ဘီယာခွတ်အတွင်းမှာလည်ူ အစက်ချထားတတ်သည်။

ကုတင်ပေါ်အိပ်တဲ့ကြတဲ့အခါ မှာ သာမန်နဲ့ မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေးမျက်နှာပေါ်ကပ်ရင်းမြူဆွယ်မည်၊မူးနေတဲ့ငနဲကတော့သိတဲ့အတိုင်း...ရင်သားတွေကို လျှာဖြင့်လျှက်သည့်ဖြစ်စေ ပါးစပ်ဖြင့်စုတ်သည်ဖြစ်စေ ဆေးရည်အဆီမှာ အမျိုးသား ပါစပ်တွင်းဝင်သွားပြီးနောက် မိနစ်ပိုင်းအတွင် ခေါင်းတွင်းချာချာလည်၍ အိပ်မောကြသွား ပါလိမ့်မယ်။

ဒီဆေးဟာ သုံးလေးနာရီလောက် သတိလစ်သွားစေနိုင်သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာကျန်ပါလိမ့်မည်။ သင်မှာတန်ဘိုးရှိတဲ့အရာအားလုံးဇိမ်နဲ့ မွေနှောက်ယူသွားပါပြီ။

နောက်သုံးတဲ့တနည်းက အငွေ့ ပါ -ရေမွေးဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်၊ သားကောင်တွေကတော့ ပိုက်ဆံချမ်းသာတဲ့အိမ်မှာ တယောက်ထဲ နေတဲ့လူကြီးတွေ မိသားစုအပြင်ရောက်နေကြတုံး ၀တ်ကောင်းစားလှတွေဝတ်ပြီး အရောင်း စာရေး များကဲ့သို့  ဟန်ဆောင်ရင်း ဖေါ်ရည်စွာဆက်ဆံလျှက်အိမ်တွင်းသို့ ဝင်ဘို့ ကြိုးစားပါလိမ့်မည်။

နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာပုံစံနဲ့ ဝင်ပြီး ရေမွှေး(သို့  )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်းမျှအနံ့ ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝေပြီး မေ့သွားရော၊အဲဒိတော့မှ တအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။
ယခုပြည်တွင်းမျာအများဆုံးသုံးနေတာ တို့ ဆေးဆိုပြီးေ၇ွှတွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေး အသားတွင်းရောက်သည်အခါ ချက်ချင်း ဆေးရှိန်တက်လာလို့  ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။

အများဆုံးသုံးနေသည့် ဆေးဝါးများ
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်း သိရသည်။

ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။

GHB ၏ အာနိသင်များ
အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း

Ketamine ၏ အာနိသင်များ
စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း များဖြစ်ပါသည်။

ကြိုတင်၍ ကာကွယ်ဘို့ ဆိုသည်မှာ အနီးပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြ ည့်ရမည့် အပြင် အသွားအလာကို တဦးတယောက်ထဲသွားမည့်အစား အဖေါ်နှင့် သွားလာရပါမည်၊ ခလေးများအား တဦးတည်း မိမိမျက်စေ့အောက်မှ နာရီပိုင်းမိနစ်ပိုင်းသွား ရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။

ခေတ်ပျက် ကာလတွင် မသမာသူများ-ဒုစရိုက်သမားများ လူယုတ်မာများ ပေါသည်ထက်ပေါ လာပြီဖြစ်၍ သွားသတိ-စားသတိ-နေသတိ ရှိနိုင်ကြပါစေ။

Sunday, September 18, 2016

facebook မှာ ဖွတယ်ဆိုတာ အဲ့ဒါဘဲ မော်လူးဒေသသားတွေ

ကိုယ့်ဒေသ  သတင်းမို့  အမှန်ကိုသိကြရတာ
facebook မှာ  like ရချင်ကြလို့ သတင်းတွေ
ဖန်တီးပြီးတင်နေကြတာ
အများအပြား ရှိပါသဖြင့်  ဆင်ခြင်ပြီး  ယုံကြည်သင့်ပါကြောင်း
ooooooooooooooooooooooooooooooooooo
facebook  groupက  ကူးလာသည်။


ဘုန်းဘုန်းကတော့ဖွနေပြီနော်
မော်လူးဟဲနုပါဆိုကာတူကခဲမမဆိုတော့
ကျော်လည်းသိတတ်တော့ဘူးဗျာ
ဖတ်သာကြည့်ပေတော့
$$$$$$$$$$$$$$$$$
ဒီကောင်မလေးကိုမှတ်မိမလားဘဲ တချိန်က မဘသ ဆရာတော်တွေကို ကိုယ်ရောနှတ်ပါစော်ကားခဲ့တာလေ 
~~~~~~~~~~~~~~~~~~~~~~~~~~
ဖုန်းမှတဆင့် မိုကြိုးလျပ်စီးဒဏ်သင့်
၁၆.၉.၂၀၁၆ နေ့လည်ခင်း မိုးရွာသွန်းနေစဉ် စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ်၊ မော်လူးတိုက်နယ်အုပ်စု၊ ဟဲနုကျေးရွာနေ အဘ ဦးအောင်အောင်၊ အမိ ဒေါ်ခင်မာဝင်းတို့၏ သမီးဖြစ်သူ အသက် ၁၇ နှစ်အရွယ်ရှိ မပိုပိုချစ်သည် သူမ၏ဖုန်းကို သူမ၏ရင်ဘတ်ပေါ်၌တင်လျက် အိပ်ပျော်နေခဲ့သည်။
မွန်းလွဲ ၁:၄၅ အချိန်တွင် မိုးကြိုးပစ်သံနှင့်အတူ လျှပ်စီးကြောင်းတစ်ခုသည် မပိုပိုချစ်၏ ရင်ဘတ်ပေါ်ရှိ ဖုန်းအနီးမှတဆင့်ဖြတ်သန်းသွားသည်ကို သူမ၏မိဘများက အမှတ်တမဲ့တွေ့မြင်လိုက်ရသည်။
မိဘများကလည်း သမီးဖြစ်သူ မပိုပိုချစ်ဆီသို့ အပြေးအလွှားသွားပြီး ပွေ့ထူလိုက်ရာ မပိုပိုချစ်မှာ သတိလစ်နေပြီဖြစ်ကြောင်းတွေ့ရှိရသည်။
သို့နှင့် မပိုပိုချစ်ကို မော်လူးတိုက်နယ်ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးရာ ယခုအခါ မပိုပိုချစ်မှာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး မည်သည့်ဒဏ်ရာမျှ မရရှိခဲ့သော်လည်း စကား လုံးဝပြောနိုင်ခြင်းမရှိတော့ပေ။
ထို့ကြောင့် မော်လူးတိုက်နယ်ဆေးရုံတွင် ဆက်လက်ပြီး ဆေးကုသမှုခံယူနေကြောင်း သိရှိရပါသည်။
မဟုတ်ပါစေနဲ့ကလေးရယ် ဆုတောင်းပေးရုံမျှသာ

ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ရာတွင် အလေးမထားမိသော အမှားလေးများ



ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ရာတွင် အလေးမထားမိသော အမှားလေးများ

*********

ပဋ္ဌာန်းမှာ အသံထွက်လေးတွေ မှားနေတာကို အများအားဖြင့်
အသံထွက်ကို သတိမထားပဲ လွယ်လွယ်ပူဇော်နေကြပါတယ်။

သတိထားပူဇော်ရမယ့် အမှားလေးတွေက—

ငါးပါးသီလယူရာမှာ အဟံဘန္တေ တိသရဏေနသဟ …
(၁) ပဉ္စသီလံမှာ” ပြင်စသီလံ”လို့ အသံမှား ထွက်ကြပါတယ်။
(အမှန်က “ပင်စသီလံ” လို့ အသံထွက်ရပါမယ်)။

(၂) ဓမ္မံ ယာစာမိမှာ “ဓမာ ယာစာမိ” လို့ အသံမှား ထွက်နေကြပါတယ်။
(“ဓမ်မာ ယာစာမိ” လို့ အသံထွက် ရပါမယ်)

(၃) ဒုတိယမ္ပိ,တတိယမ္ပိမှာ ..
(“ဒုတိယမ်ပိ,တတိယမ်ပိ” ပါ။ အဲဒီမှာ”ဒုတိယမ်မိ,တတိယမ်မိ” နဲ့
“ပိ” ဆိုတဲ့အသံကို “မိ” လို့ မှားယွင်းစွာ အသံထွက်နေကြပါတယ်)။

(၄) အဒိန္နာဒါနာမှ – “အဒိန်န ဒါန” ဆိုပြီးရေးချ( –ါ )သံ ပျောက်နေကြပါတယ်။
(“အဒိန်နာ ဒါနာ” ဆိုပြီး ရေးချ သံလေးကိုသတိထား ပူဇော်စေလိုပါတယ်)။

ပဋ္ဌာန်းပူဇော်ရာမှာလည်း —အသံကို ဆွဲ မပူဇော်ရပါ။
(း ) ဝစ္စနှစ်လုံးပေါက်သံ မပါရပါ။

ဥပမာ- ဟေတု ပစ္စယောတိ (ဟေတု ” ပြစ်စယောတိ” မဟုတ်ပါ။)
“ပစ်စယော” သာဖြစ်ပါတယ်။ ပြစ်ဆိုတဲ့(ြ ) ရရစ်သံမပါရပါ။

တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကို — တံသမုဋ္ဌာနာ”နင်း..စ” ဆိုပြီး
(း ) ဝစ္စနှစ်လုံးပေါက်သံနဲ့အသံကို ဆွဲဆိုနေကြပါတယ်။
(“နင်စ” ဟုသာ ပူဇော်ပါရန် ဖြစ်ပါတယ် )။

ဟေတုပစ္စယေန ပစ္စယော ပါ- ဟေတု ” ပြစ်စယေးန ပြစ်စယော” မဟုတ်ပါ။
(“ပစ်စယေန ပစ်စယော” ပါ )။

(“ယေး..န,နင်း..စ” ဟု အသံဆွဲမဆိုရပါ)။

အဲဒီမှာ ဆွဲဆိုတဲ့သူတွေကများတော့ အသံထွက် အမှန် ပူဇော်သူရဲ့ အသံက ငုပ်သွားပါတယ်။

ရူပါယတနံမှာ— ( ရ – ရကောက် ) သံပူဇော်ရင် (Ra) အသံထွက်အောင် လျှာကို လိပ် ပူဇော် ရပါမယ်။

(ယ – ယပက်လက်) သံကိုတော့ (Ya) သံဖြစ်တဲ့အတွက် လျှာမလိပ်ရပါ။

ဖောဋ္ဌဗ္ဗာယတနံမှာ– “ဖွတ်ထဗာ ယတနံ” ပါ။
(ဖောထဗ)မဟုတ်ပါ။ “ရေးချသံ” ပါရပါမယ်။

အခုလိုစနစ်တကျ ပူဇော်တတ်ရန် သင်ပြပေးသော ဆရာသမားများအားဤနေရာမှ ဦးခိုက်ပူဇော်ပါသည်။
စနစ်တကျပူဇော်တတ်ရန်-စေတနာ မေတ္တာဖြင့်

Credit: ဒေဝီခင်

Friday, September 16, 2016

ဆရာ ဆရာမတွေ ရာထူးတိုးတဲ့



စစ်ကိုင်းတိုင်းမှ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်
သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် စုံစမ်းနိုင်ပါသည်
မူအုပ်/လယ်ပြမှ ထက်ပြရာထူးတိုး ချင်းပြည်နယ်အတွက်ပါ

ကဲမိုးရွာတုန်းဖုန်းသုံးနေလို့ မိုးကြိုး တကဟ် ပွတ်သွားပြီ ဟဲနု မှာ



ဟဲနုရွာမှာ  အုန်းပင်နှစ်ပင်ကိုမိုးကြိုးပစ်တာ
ကပ်လျှက်အိမ်ကဖုန်းကိုင်နေတဲ့
ကောင်မလေး သတိလစ်သွားတယ်
ခုတော့ဆေးရုံရောက်သွားပြီ

မိုးရွာ မိုးအုံ့ချိန်မှာ ဖုန်းကိုင်တတ်သူများကို
သတိချပ်စေရန်ရည်ရွယ်ပါသည်

fbက  ကော်ပီယူထားသည်။

Thursday, September 15, 2016

မော်လူးဒေသသားများ ခရီးသွားစီးဖိနပ်ကို ရွေးချယ်ဖို့လိုပြီ ဖိနပ်ရွေးမှားက အရှာခံရနိုင်





(သယ်တဲ့လူကဉာဏ်များလို့   ဖမ်းတဲ့လူကပိုကျွမ်းလာတယ်)

၁၄-၉-၂၀၁၆ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင်  မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်း  (လိန်းလီတံတား )ဆွယ်အဖွဲ့သည် WY စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀)ပြားဖမ်းဆီးရမိခဲ့ပါသည်။
#KoMin

Tuesday, September 13, 2016

ရွှေဖြူ နှင့် ပလက်တီနမ် သိကောင်းစရာ



ရွှေဖြူ နှင့် ပလက်တီနမ်
================

ကျမရဲ့အတွေ့အကြုံတွေကိုဝေမျှရင်း ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်းကို ဗဟုသုတရစေချင်လို့ ဒီစာလေးကိုရေးဖြစ်တာပါ။ အရင်ဆုံးတော့ ကျမတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြချင်ပါတယ်။ ပြီးမှ ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်း ဗဟုသုတအဖြစ်ဝေမျှပေးပါမယ်။

တစ်ရက်မှာ ကျမတို့ အဖွားအတွက် လက်ကောက်ဝယ်ဖို့ဆိုပြီး ရွှေဆိုင်/ရွှေဖြူဆိုင် လေးငါးခြောက်ဆိုင်လောက်ကို ရောက်ခဲ့တယ်။ ပထမဆုံးဝင်ကြည့်ခဲ့တဲ့ဆိုင်ကိုကျော်ပြီး ဒုတိယ၀င်ကြည့်ခဲ့တဲ့ဆိုင်ကနေ စပြောပါမယ်။

ဒုတိယကြည့်ဖြစ်တဲ့ဆိုင်ကတော့ ရွှေနဂါး ပလက်တီနမ်နှင့်ရွှေဆိုင် ဆိုတဲ့ဆိုင်ပါ။ ဒီလက်ကောက်လေးကြည့်ပါရစေဆိုတော့ မှန်ပုံးထဲကနေထုတ်ပြရင်း “ဒါကျွန်မတို့သူဌေး နိုင်ငံခြားကနေတိုက်ရိုက်တင်သွင်းလာတဲ့ ပလက်တီနမ်အထည်တွေပါ။ မြန်မာနိုင်ငံမှာ ပလက်တီနမ်ကို ရွှေလိုနေ့စဉ်ပေါက်ဈေးနဲ့ တွက်ပြီးရောင်းပေးတဲ့ဆိုင်၊ ဒီလိုဆိုင်မျိုး ဒီတစ်ဆိုင်ပဲရှိတယ်။ ပြန်သွင်းရင်လည်း နေ့စဉ်ပေါက်ဈေးနဲ့တွက်တာဆိုတော့ ဈေးတက်ရင် ၀ယ်သူဘက်ကမနစ်နာဘူး။ တခြားဆိုင်တွေဆိုရင် ဂရမ်ချိန်နဲ့ရောင်းကြတာ ဈေးကြီးတယ်၊ ပြန်သွင်းရင်လည်း ဈေးနှိမ်တယ်……..” ဆိုတာတွေကို တလက်စက် ပြောနေတာပါ။ ကျမလည်းစိတ်ထဲတော်တော်ထူးဆန်းသွားတယ် ပလက်တီနမ်ပေါက်ဈေးကို ဘယ်ကကြည့်လဲ ဆိုတော့ မသိဘူး သူဌေးကိုယ်တိုင်ကြည့်တာလို့ပြောတယ်။ စကားပြောတဲ့ပုံကလည်း လူတတ်ကြီးလုပ်ပြီး ၀ယ်သူကို ဘာမှမသိတဲ့လူလို ဆက်ဆံတယ်။ အဲဒါနဲ့ ကျမနည်းနည်းတော့ ဒေါသထွက်သွားပြီး “ဒါ ပလက်တီနမ် မဟုတ်ဘူး ဒါ ရွှေဖြူ။ ဒီမှာ Au 750 လို့တောင်ရေးထားသေးတယ်။ Au ဆိုတာရွှေကို ဓာတုဗေဒလိုခေါ်တာ၊ အဲဒီ 750 ဆိုတာ ရွှေရဲ့ Hallmark၊ ပလက်တီနမ်က Pt လို့ခေါ်တယ်” လို့ပြောတော့ “ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် ဒါပလက်တီနမ်၊ ကျမတိုသူဌေးကိုယ်တိုင် နိုင်ငံခြားက တိုက်ရိုက်တင်သွင်းတာ။” လို့ပြောပြန်တယ်။ စကားပြောပုံကလည်း အဆင်မပြေပါ။ ကဲထားပါတော့လေဆိုပြီး ဒါဆိုရင် ဒီလက်ကောက်လေးဘယ်လောက်ကျမလဲဆိုပြီး ဈေးမေးကြည့်တော့၊ ဈေးကိုမြန်မာရွှေထုံးစံနဲ့တွက်ပါတယ်။ ပစ္စည်းက ၃.၂ ပဲ၊ အလျော့တွက်က ၁.၄ ပဲ ပေါင်း ၄.၆ ပဲ၊ အဲဒါကို သူတို့ပြောတဲ့ ပေါက်ဈေးဆိုတာနဲ့မြှောက်လိုက်တော့ တန်ဖိုးက ၅၉၈,၅၀၀ ကျပ်ကျပါတယ်။ ကျမအထင် ၁၀ ဂရမ်လောက်ပဲရှိတဲ့ လက်ကောက်ပါးလှပ်လှပ်လေးက ၆သိန်းနီးပါးကျတယ်။ ပြီးတော့ အဲဒီ ၅၉၈,၅၀၀ ကို ၁၆.၆ နဲ့စားချလိုက်ပြီး ဂရမ်ချိန်နဲ့ဆိုရင် ၁ ဂရမ်ကို ၃၆,၀၅၄ ကျပ်ပဲရှိတယ်ဆိုပြီးပြောပြန်ပါတယ်။ ၁၆.၆ ဆိုတာ ၁ ကျပ်သားမှာရှိတဲ့ ဂရမ်အလေးချိန်ပါ။ ထပ်ပြောရရင် သူပါးစပ်ကပြောတော့ ၃ ပဲ ၂ ရွေးလို့ပြောတယ်၊ တကယ်ဆိုရင် ၁ ပဲမှာ ၈ ရွေးဆိုတော့ ၃ ပဲ ၂ ရွေးက ၃.၂ ပဲ မဖြစ်နိုင်ပါဘူး။ ဈေးနှုန်းကိုလည်း ဘယ်လိုတွက်တယ်မသိဘူး၊ မျက်လုံးတောင်ပြူးသွားတယ်။ ဒီလိုတွက်ပြီး ဘယ်နှစ်ယောက်ကို ဒီလိုရောင်းပြီးပြီဆိုတာတော့ မသိဘူး၊ ကျမဆိုင်မှာကြည့်နေတုန်းတင် အတွဲတစ်တွဲက စုံတွဲလက်စွပ်ဝယ်ဖို့ ကြည့်နေကြသေးတယ်။

အဲဒါနဲ့ နောက်တစ်ဆိုင်ကိုသွားတယ် နာမည်ကြီးတဲ့ ပါဝါရွှေဆိုင်ပါ။ ရွှေဖြူထည်တွေနည်းပြီး လက်ကောက်ကလည်း ရွေးစရာနည်းတယ်။ ဈေးမေးကြည့်ဦးမှဆိုပြီး ဈေးမေးကြည့်တော့ ၁ ဂရမ်ကို ၄၆,၀၀၀ ကနေ ၅၀,၀၀၀ ကျော်အထိရှိတယ်တဲ့။ ဒီဇိုင်းပေါ်မူတည်ပြီး ဈေးကွာတယ်ဆိုပဲ။ ကျမက ဒီဇိုင်းလှလည်း ဒီရွှေပဲ၊ မလှလည်း ဒီရွှေပဲ၊ ဘာလို့ဈေးကွာရတာလဲဆိုတော့ ကျမကို “ဒီဇိုင်းလှရင်ဈေးကွာတာကြီးပဲ၊ ၀ယ်ဖူးရင်သိပါတယ်။” လို့ရန်တွေ့သလိုပြန်ပြောတယ်။

ကဲဒီတစ်ခါနာမည်ကြီး ရွှေဆိုင်ကိုသွားမယ်ဆိုပြီး ရွှေနန်းတော်ဆိုင်ကိုဝင်တယ်။ ဈေးမေးတော့ ၁ ဂရမ်ကို ၄၈,၀၀၀၊ ၅၀,၀၀၀ ကျော်ထိရှိတယ်တဲ့။ ဆိုင်းဘုတ်မှာလည်း ပလက်တီနမ်ဆိုပြီးတော့တောင် ရေးထားလိုက်သေးတယ်။ အနီးနားက နောက်နှစ်ဆိုင်ကိုဝင်မေးကြည့်တော့ ၁ ဂရမ်ကို ၄၈,၀၀၀၊ ၄၉,၀၀၀ ရှိကြတယ်။ သူတို့ဆိုင်တွေလည်း ပလက်တီနမ်လို့ ဆိုင်းဘုတ်တင်ပြီးရောင်းကြတယ်။ ကျမ တော်တော်စိတ်အလိုမကျဖြစ်ရတယ်။ ရွှေဆိုင်တွေက သာမန်စတိုးဆိုင်တွေထက် ၀န်ဆောင်မှုကောင်းသင့်တယ် မဟုတ်ဘူးလား။ အခုတော့ ၀ယ်ရင်ဝယ် မ၀ယ်ရင်လာမမေးနဲ့ဆိုတဲ့ ပုံစံမျိုးတဲ့ ၀ယ်သူကိုဆက်ဆံတာမျိုး မဖြစ်သင့်ပါ။ ပြီးတော့ ရွှေဖြူကို ပလက်တီနမ်လုပ်ပြီးရောင်းနေကြသေးတယ်။ ဒီလိုဆို ဒါဟာ သမာအာဇီဝ မဖြစ်နိုင်တော့ပါ။

အဲဒါနဲ့ ဆက်မရှာချင်တော့ပဲ ပထမဆုံး ၀င်ကြည့်ခဲ့တဲ့ဆိုင်ကိုပဲပြန်သွားပြီး ၀ယ်ဖြစ်ခဲ့တယ်။ အဲဒီဆိုင်က More & More ဆိုတဲ့ ရွှေဖြူတွေချည်းရောင်းတဲ့ဆိုင်ပါ။ အဲဒီဆိုင်ကတော့ ရွှေဖြူကို ရွှေဖြူလို့ပဲခေါ်ပြီး ဈေးနှုန်းကိုလည်း ဂရမ်ချိန်နဲ့ပဲရောင်းပါတယ်။ ဈေးမေးကြည့်တော့ ၁ ဂရမ်ကို ၄၆,၀၀၀ ကျပ်နဲ့တွက်တယ်တဲ့။ ပစ္စည်းတွေလည်း တော်တော်များများရှိတယ်၊ ဒီဇိုင်းတွေလည်း ရွေးစရာတွေရှိတော့ အဆင်ပြေတယ်။ ရောင်းတဲ့အမျိုးသမီးတွေကလည်း အခြားရွှေဆိုင်တွေထက်စာရင် ၀န်ဆောင်မှုကောင်းတယ်လို့ ပြောရမယ်။ မှန်မှန်ကန်ကန်နဲ့ ရောင်းတဲ့ဆိုင်လည်းဖြစ် စိတ်တိုင်းကျတဲ့ပစ္စည်းလည်း ရှာတွေ့တာကြောင့် More & More မှာပဲ ၀ယ်ဖြစ်ခဲ့တယ်။

ကျမတို့နိုင်ငံမှာ ရွှေဖြူနဲ့ ပလက်တီနမ်ကို ကွဲကွဲပြားပြားမသိကြတဲ့သူများတယ်။ ရန်ကုန်မှာရှိတဲ့ အချို့ရွှေဆိုင်တွေကသာ ရွှေဖြူလို့ခေါ်ပြီး အခြားရွှေဆိုင်တော်တော်များများက ပလက်တီနမ်လို့ ဆိုင်းဘုတ်တင်ပြီးရောင်းနေကြတာတွေ အားလုံးက ရွှေဖြူတွေပါ၊ ပလက်တီနမ်မဟုတ်ပါဘူး။ ရောင်းသူတွေကိုယ်တိုင်က ပလက်တီနမ်လို့ခေါ်ပြီးရောင်းနေမှတော့ လူတွေလိုက်ခေါ်ကြတာ မဆန်းပါဘူး။ ဒါကြောင့် မသိသေးတဲ့သူတွေကို သိသွားအောင်ပြောပြချင်စိတ်ပေါ်လာလို့ ကျမတွေ့ကြုံခဲ့ရတဲ့ ဒီအဖြစ်အပျက်လေးကိုအရင်ပြုပြီး စာဖတ်သူအားလုံးကို ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်း ဗဟုသုတမျှဝေပေးလိုက်ပါတယ်…

ရွှေဖြူ ဆိုသည်မှာ…

ရွှေဖြူဆိုသည်မှာ ရွှေသတ္တုစပ်တစ်မျိုးဖြစ်ပါသည်။ ရွှေအ၀ါကို အဖြူရောင်ရှိသောအခြားသတ္တုများဖြစ်တဲ့ နီကယ် (nickel)၊ ဇင့် (zinc)၊ ပလက်ဒီယမ် (palladium)၊ နှင့် ပလက်တီနမ် (platinum) သတ္တုတွေကို အချိုးကျရောစပ်ပြီး၊ ရိုဒီယမ် (rhodium) သတ္တုဖြင့် အပေါ်ယံမှာအရောင်တင်လိုက်သောအခါ ရွှေဖြူဖြစ်လာသည်။ ရွှေဖြူကို 24K, 22K, 18K, 14K စသည်ဖြင့် ရွှေ၏အရည်အသွေးကို ကရက် (karat) ဟူသောအတိုင်းအတာဖြင့် ဖော်ပြကြသည်။ 24K ဆိုသည်မှာ ရွှေဝါ ၉၉% နှုန်းပါဝင်ပြီး၊ 22K ဆိုသည်မှာ ရွှေဝါ ၉၁% ပါဝင်ကြောင်းကို ဖော်ညွှန်းသည်။ လက်ဝတ်ရတနာများအဖြစ် ၀တ်ဆင်ရန်ပြုလုပ်ထားသော ရွှေဖြူများသည် 18K (ရွှေဝါ ပါဝင်မှု ၇၅% နှုန်း) နှင့် 14K (ရွှေဝါ ပါဝင်မှု ၆၀%ခန့်) ရှိသော ရွှေဖြူထည်များဖြစ်ကြသည်။ ထို့ကြေင့် ရွှေဖြူထည်များ၏ အတွင်းတစ်နေရာတွင် 18K၊ 14K ဟုရေးသားထားလေ့ရှိသည်။ အချို့ရွှေဖြူထည်များတွင် 750 ဟုရေးသားလေ့ရှိကြပြီး၊ ထို 750 သည်လည်း ရွှေဝါပါဝင်မှု ၇၅% ရှိကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ ဤကဲ့သို့ဖော်ညွန်းခြင်းကို ရွှေ၏ Hallmark ဟုခေါ်သည်။

ပလက်တီနမ် ဆိုသည်မှာ…

ပလက်တီနမ် ဆိုသည်မှာ မီခိုးဖြူရောင်ရှိသော သတ္တုတစ်မျိုးဖြစ်သည်။ ပလက်တီနမ်၏ အရောင်သည် ပိုမိုဖြူဖွေးပြီး အရာင်မှာလည်းကြာရှည်ခံသည့်အတွက် ရွှေဖြူကဲ့သို့ ရိုဒီယမ် (rhodium) သတ္တုဖြင့် အရောင်တင်ရန်မလိုပါ။ လက်ဝတ်ရတနာပြုလုပ်ရာတွင်လည်း ပလက်တီနမ်ကို ရွှေဖြူကဲ့သို့ အခြားသတ္တုများရောစပ်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ပလက်တီနမ်သည် ရွှေထက်သိပ်သည်းဆများပြီး ပိုမိုမာကျောသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပလက်တီနမ်သည် ရွှေထက်ပိုလေးခြင်းဖြစ်သည်။ ပလက်တီနမ်သည် ရှားပါးသောသတ္တုတစ်မျိုးလည်းဖြစ်ပြီး၊ ရွှေဖြူထက် ဈေးပိုကြီးသည်။ ထိုသို့သောအကြောင်းများကြောင့် ပလက်တီနမ်ကို လက်ဝတ်ရတနာအဖြစ်လည်း အသုံးနည်းကြသည်။

Pinky (Pwintyeekyaw)

မှက်ချက်
ဒီစာမှာ ရွှေဆိုင်နာမည်တွေကို ထည့်ရေးရတာ စာဖတ်သူတွေကို ဘယ်ဆိုင်တွေဆိုတာကို အတိအကျသိစေချင်လို့ပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ် စီပွားရေးတိုက်ခိုက်လိုစိတ် လုံးဝမရှိပဲ အဖြစ်အပျက်တစ်ခုအနေနဲ့သာ ရေးသားခြင်းဖြစ်ပါတယ်။

Monday, September 12, 2016

ကိုယ်သုံးနေတဲ့ Facebook အကောင့်မှာ Sex Virus ဝင်ရောက်ကူးစက်ခံရပါက ဖြေရှင်းနည်း



ကိုယ်သုံးနေတဲ့ Facebook အကောင့်မှာ
Sex Virus ဝင်ရောက်ကူးစက်ခံရပါက
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
-Facebookအသုံးပြုတဲ့တချို့user account
တွေမှာဆိုရင် Porn virus ကူးစက်ခံရပြီးတော့
sexy postတွေအဖြစ်နဲ့အဲ့ဒိအကောင့်ဟာမိမိရဲ့
friendsတွေ၊မိမိဝင်ထားတဲ့groupတွေထဲကို
pornographic video ဖိုင်တွေအဖြစ်၊
အဲ့ဒိvirusအဖြစ်နဲ့ဖန်တီးထားတဲ့videoဖိုင်တွေဟာ
virus automatically attache ဖြစ်ကာ၊မိမိ
မတင်ပဲနဲ့အလိုအလျောက်sharedမိခြင်း၊status
ပို့စ်တင်မိခြင်း၊မိမိဝင်ထားတဲ့groupတွေpageတွေ
ရဲ့commentတွေထဲမှာလည်းဝင်၍shareမိခြင်း၊
များစတာတွေဖြစ်ပေါ်စေပြီး circulating ပုံစံနဲ့
အဲ့ဒိ pornographic videoဖိုင်တွေဟာ
အဆင့်ဆင့်ပျံ့နှံ့သွားစေနိုင်ပါတယ်-

-အဲ့ဒိလိုမျိုးvirusအကူးစက်မခံရစေဖို့အတွက်
facebookအသုံးပြုသူဟာfbပေါ်မှာတွေ့တဲ့
sexy videoများ၊မသင်္ကာဖွယ်ရာလို့ယူဆရတဲ့
လင့်ခ်နဲ့ပုံများ၊applicationများ၊ဥပမာ-
" 'watch this video if you're curious'
မင်းထူးဆန်းတာတွေ့ချင်ရင်ဒီဗွီဒီယိုကိုကြည့်ပါ
ဒီလင့်ခ်ကိုနှိပ်ပြီးsingupလုပ်ရင်likeအများကြီး
ရမယ်၊အထူးအဆန်းတွေ့မယ်၊ဘာရမယ်ညာရမယ်
စသဖြင့်၊မက်လုံးပေးတဲ့စာနဲ့အတူvideo၊photo၊
apk၊files၊fake websiteများ၊စတဲ့ကိုယ်နဲ့
ရင်းနှီးအကျွမ်းတဝင်မရှိတဲ့လင့်ခ်များကိုနှိပ်မဝင်မိ
စေဖို့နဲ့လင့်ခ်ရဲ့URL infoတွေကိုလည်း
သတိထားဂရုပြုရမှာဖြစ်ပါတယ်-

-တကယ်လို့virusမိထားလို့မိမိအကောင့်န်ကို
infected ဖြစ်နေခဲ့ရင်အောက်ကအဆင့်အတိုင်း
ပြုလုပ်ဆောင်ရွက်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်-

၁။မိမိfbအကောင့်န်ကိုloginဝင်၍news feeds
ရောက်ရင်အပေါ်ကမျဉ်းသုံးကြောင်းပုံနဲ့menu tab
နေရာကိုနှိပ်ပါ။

၂။Acconut Settingsနေရာကိုနှိပ်ဝင်လိုက်ပါ။

၃။Privacy ထဲကိုထပ်နှိပ်ဝင်ပါ။

၎။ပြီးရင်အောက်ဆုံးကစာကြောင်းဖြစ်တဲ့
Do you want other search engines to
link to your timeline?
ဆိုတဲ့စာကြောင်းပါတဲ့boxအကွက်နေရာလေးကို
နှိပ်ဝင်လိုက်ပါ။

၅။ပြီးရင်နောက်တမျက်နှာမှာအောက်ဆုံးနားက
Let other search engines link to
your timeline စာသားဘေးနားကအမှန်ခြစ်ကို
နှိပ်ပြီး၊ဖြုတ်လိုက်ပါ။

၆။နောက်တမျက်ရောက်ရင်
Are you sure you want to disable
public search စာသားအောက်မှာတွေ့တဲ့
အပြာရောင်buttonနဲ့Confirmစာသားနေရာ
ကိုထပ်နှိပ်ပေးလိုက်ပါ။ပြီးရင်backတချက်ပြန်
ဆုတ်လိုက်ပါ။

၇။Do you want other search engines to
link to your timeline? ဆိုတဲ့နေရာမှာ
No ဆိုပြီးတော့ဖြစ်နေရပါမယ်။backပြန်ထွက်ပါ။

၈။Account Settings နေရာကိုတခါထပ်ဝင်ပါ။

၉။နောက်တမျက်နှာရောက်ရင်ကိုးခုမြောက်နေရာက
Apps နေရာကိုနှိပ်ပြီးဝင်လိုက်ပါ။

၁၀။အပေါ်ဆုံးကLogged in with Facebook
ဆိုတဲ့နေရာကိုနှိပ်ဝင်လိုက်ပါ။

၁၁။အဲ့ဒိမှာကိုယ်အသုံးမပြုတဲ့၊ကိုယ်နဲ့မရင်းနှီးတဲ့၊
မသင်္ကာဖွယ်ရာယူဆရတဲ့apkများကိုဖျက်ထုတ်ပါ။
ကိုယ်ဖျက်ထုတ်မယ့်apkကိုရွေးနှိပ်လိုက်ပါ။

၁၂။အောက်ဆုံးကRemove appနေရာကိုနှိပ်ပါ။

၁၃။Removeနေရာကိုထပ်နှိပ်ပေးလိုက်ပါ။ပြီးရင်
အခြားကိုယ်မသုံးတဲ့၊ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့
appများကိုလည်း၊ထိုနည်းအတိုင်းremoveလုပ်၍
ဖယ်ရှားပစ်ပါ။

၁၄။မိမိအကောင့်န်ကနေတဆင့်အလိုအလျောက်
auto spamပုံစံဖြစ်ပြီးstatusတင်မိတာ၊tag
တွဲမိတာ၊groupတွေpageတွေမှာpostတင်၊
commentရေးမိတာမျိုးတွေ၊
virus automatically attacheဖြစ်နေတာမျိုး
တွေရှိ/မရှိ၊ဖြစ်မဖြစ်၊ပြန်လည်စိစစ်ဖို့အတွက်

-Activity Log စာသားနေရာကိုနှိပ်ဝင်ပါ။

၁၅။အဲ့ဒိactivity logနေရာမှာမိမိပြုလုပ်ခဲ့တဲ့
postတွေ၊tagတွေ၊commentတွေshare၊
like စတာတွေတွေ့မြင်ရပါမယ်။
အပေါ်ကfilter နေရာကိုနှိပ်ပြီးတော့လည်း
ကဏ္ဍတစ်ခုခြင်းစီအလိုက် post၊photo၊tag၊
group၊comment၊စသဖြင့်ကဏ္ဍအလိုက်
သီးသန့်ခွဲထုတ်၍ကဏ္ဍတစ်ခုခြင်းစီမှာတွေ့ရတဲ့
sexy virusနဲ့ပက်သက်တဲ့လင့်ခ်တွေ၊postတွေ၊
commentတွေ၊tagတွေကိုdeleteလုပ်၍
ဖျက်ထုတ်ပေးပါ။ဒါဆိုfacebook virusကူးစက်ခံရ
ခြင်းမှလွတ်မြောက်နိုင်ပြီလို့ယူဆရမှာပဲဖြစ်ပါတယ်။

-တကယ်လို့မိမိဟာvirusလင့်ခ်တစ်ခုခုကိုနှိပ်မိ၍
ဖန်တီးထားတဲ့fake websiteတစ်ခုခုထဲသို့ဝင်
ရောက်မိပြီး၊သူတို့fakeလုပ်ထားတဲ့web page
မှာfbအကောင့်ကိုloginဝင်ခဲ့မိလို့မိမိအကောင့်န်
လုံခြုံရေးအတွက်သံသယတစ်စုံတရာရှိခဲ့ပါက..........

-မိမိfacebook passwordကိုချိန်းလိုက်ပါ။

-ပြီးရင်facebookလုပ်ထားတဲ့gmailကိုပြန်ချိန်းပါ။

-facebookလုပ်တဲ့gmailကိုဖုန်းနံပါတ်ထား၍
အနည်းဆုံး2stepခံထားပေးပါ။

-fb infoထဲဝင်၍fbလုပ်ထားတဲ့mailကိုhideလုပ်ပါ။

-facebookကိုဖုန်းနံပါတ်ခံ၍loggin approvals
codesခံထားပေးပြီးonထားလိုက်ပါ။
fbအကောင့်ကိုloginဝင်တိုင်းfbကsmsကို
loggin approvals codeကုဒ်ပို့ပေးမယ့်စနစ်
ဖြစ်ပါတယ်။(Account Settingsထဲဝင်၊Security
ထဲဝင်၍၊Logging Approvals Onနေရာအမှတ်
ခြစ်၍လက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ခံကာOnပေးထား
ရမှာဖြစ်ပါတယ်။)

-ပြီးတော့ 3 trusted friendsနည်းကိုသုံးပြီး
မိမိရဲ့အရင်းနှီးဆုံး၊onlineပေါ်မှာအရှိနိုင်ဆုံး
သူငယ်ချင်းfriendsသုံးယောက်ကိုinviteလုပ်ထား
သင့်ပါတယ်။(မိမိအကောင့်hackedခံရပါက
၎င်းသူငယ်ချင်းသုံးယောက်နာမည်ကိုရွေးပေးခြင်း
ဖြင့်fbမှပို့တဲ့confirm codeကို၊friendsသုံးယောက်ဆီမှပြန်လည်တောင်းယူပြီးမိမိအကောင့်
ကိုconfirmလုပ်၍ပြန်လည်logginဝင်ရောက်
အသုံးပြုနိုင်မှာဖြစ်ပါတယ်။
credit ကိုဇော်သွင်(နည်းပညာ)

Sunday, September 11, 2016

မော်လုအရှေ့ကျောင်းတိုက် စေတီတော်ကြီးအား ရွှေသင်္ကန်း ကပ်ပြန်မှာတဲ့



မော်လူးမြို့  အရှေ့ကျောင်းတိုက်  အတွင်း တည်ထားကိုးကွယ်လျက်ရှိသော တဏှင်္ကရာ စေတီတော်ကြီးအား  ရွှေသင်္ကန်းအသစ်ကပ်ရန်အတွက် ကိုငှက်ကြီးနှင့်အဖွဲ့ စေတီတော်ကြီးအား ရေဆေး သန့်ရှင်း . . .

fb  မှ  ယူလာသည်

Saturday, September 10, 2016

အောက်လမ်းနည်းနဲ့ တိုက်ခိုက်လာမှုကို တန်ပြန်ချေမှုန်းမည့် နည်းလမ်းဆိုပါလား ဟုတ်၏ မဟုတ်၏ ကိုယ်တွေ့ကြုံမှ စမ်းကြည့်

" အတိုက်အခိုက်များရန်က ကာကွယ်ဖို့ "
.
မိတ်ဆွေတို့ကိုသော်၎င်း ၊ မိတ်ဆွေတို့၏မိသားစုများကိုသော်၎င်း ၊ မိတ်ဆွေတို့၏ နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား စသည်တို့ကို ... ။
.
အတိုက်အခံအပြိုင်အဆိုင်များကသော်၎င်း ၊ မနာလိုမုန်းတီးသူများကသော်၎င်း မကောင်းသောအတတ်ပညာများနှင့် ပြုစားစီရင် နှောက်ယှက်ခံနေရလျှင်သော်၎င်း ၊ သံသယဖြစ်နေလျှင်သော်၎င်း .... ။ အခြားသောပုံစံအမျိုးမျိုးဖြင့် နှောက်ယှက်တိုက်ခိုက်နေလျှင်သော်၎င်း .... ။
.
တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့်  နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား များ မသန့်မရှင်းဖြစ်နေလျှင်သော်၎င်း ... ။
.
စုန်းတိုက် ၊ နတ်တိုက် ၊ အောက်လမ်းအတတ် ၊ အင်းအတတ် ၊ မှော်အတတ် စသည့်  မကောင်းသောအတတ်ပညာများဖြင့် ပြုစားစီရင် တိုက်ခိုက်ခြင်းရန်မှ အကာအကွယ်ရစေရန်အတွက် ... ။ တိုက်ခိုက်ခံနေရသော အတိုက်အခိုက်အန္တရာယ်များ ၊ မကောင်းသောအတတ်ပညာများ အာနိသင်ပျယ်သွားစေရန်အတွက်၎င်း .... ။
.
ကျွန်ုပ်တို့လက်တွေ့အသုံးချနေတဲ့ ၊ ရှေးဆရာအစဉ်အဆက် လက်ဆင့်ကမ်းအသုံးပြုလာခဲ့တဲ့ ..    ဂမ္ဘီရယတြာနည်းတစ်ခု လက်ဆောင်ဖော်ပြပေးလိုက်ပါတယ် ... ။ 
.
( မိမိတို့ကို မကောင်းကြံပြီးစီရင်ထားတဲ့ အတတ်တွေ ၊ အတိုက်တွေအားလုံးကို မြေလှန် ၊ မီးတိုက်ပစ်တဲ့သဘော ... ရောက်မလာအောင် ကာကွယ်တဲ့ အခြေခံသဘောဖြစ်ပါတယ် ... ။ ပညာရှင်များ နက်နက်ရှိုင်းရှိုင်း တွေးခေါ်စဉ်းစားနိုင်ကြပါကုန် )
.

.
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော 
.
မင်းသိမ်းခိုင် ( ရွှေရမ်းထူးလင်း ) 
.

.
.
( တစ်ပုံချင်းထောက်ကြည့်ပါ)






မော်လူး ဟဲနုချောင်း ဒီနေ့ ရေတိုး ရထားတံတားနဲ့ ကားလမ်း တံတာအခြေအနေ




ဖေ့ဘုတ်မှာ  ဓါတ်ပုံတွေ့လို့
တင်ပေးလိုက်ပါတယ်
ကားလမ်းတံတား  အခြေအနေကတော့
စိတ်ချရပေ့မယ့်  ရထားတံတားကတော့  ဒိန်းဂျား  ဖြစ်နေပြီ
ပြည်သူ့လွှတ်တော်  အမတ် ကယ်မှသာ  အဆင်ပြေပါတော့မည်

Friday, September 9, 2016

မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိဘ၀မှာတင်  ခံစားရနိုင်တဲ့ ဒဏ် (၁၀)ပါး



မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိဘ၀မှာတင် 
ခံစားရနိုင်တဲ့ ဒဏ် (၁၀)ပါး
~~~~~~~~~~~~~~~~~~~~~~
မိမိ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ
မိဘတွေများအား ဒေါသတကြီး၊ အော်ကြီး၊ဟစ်ကျယ်
ပြန်လှန်ပြောဆိုခဲ့မိလျှင်လက်ရှိ ပစ္စုန်ပ္ပန်ဘ၀တွင်
ဖေါ်ပြပါဒဏ်ဆယ်ပါးထဲက အနည်းဆုံး 
တစ်ပါး ပါးသင့် တတ်ပါသည်။
အဆိုပါဒဏ်ဆယ်ပါးမှာ
၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း
၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း
၃။ အနာရောဂါဖြစ်ခြင်း
၎။ ရူးသွပ်ခြင်း
၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း
၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း
၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း
၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း
၉။ နေအိမ်စသည့် မီးလောင်ခြင်း
၁၀။ ငရဲကျရောက်ခြင်း
တို့ဖြစ်ကြသည်။
ထို့ကြောင့် မိမိ မှန်နေတယ်ဆိုရင်တောင်မှ
မိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ်
ပြန်လှန်မပြောဆိုသင့်ဘူးပေ။
အကျိုးသင့် အကြောင်းသင့် နားဝင်အောင်
အေးအေးဆေးဆေးသာစွာ ပြောဆိုကြရပါမည်။
အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ 
မိဘများလက်မခံရင်လည်း သူတို့ရှေ့မှောက်မှ ရှောင်ထွက်သွားလိုက်ပါ ။
မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း 
နားဝင်လာအောင် ပြန်လည်ရှင်းပြပါ ။
အကယ်၍ မိဘများကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီဆိုရင် 
မိဘကို ဖွင့်ပြောပြီး ဝန်ချကန်တော့ တောင်းပန်ပါ။
မိဘများမရှိတော့ပါက ဘုရားကျောင်းဆောင်ရှေ့သွားပြီး 
ဝန်ချကန်တော့တောင်းပန်သင့်ပေသည်။
မိဘများကျေးဇူး သိတတ်သူများဖြစ်နိုင်ကြပါစေ။
Thanks:
#ဓမ္မရတနာ

Thursday, September 8, 2016

ဆရာဆရာမတွေ တကယ်တိုးတော့မယ် ရာထူးမြင့်ပေးပြီး လစာများအောင် လုပ်ပေးမယ်လို့ ဆိုထားတာပဲ


“လစာတိုးပေးတာ မဟုတ်ဘဲ ရာထူးအဆင့်တွေ နည်းနည်းမြင့်ကုန်မှာပေါ့နော်”

===================
ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲနှင့် တွေ့ဆုံခြင်း
===================

အလယ်တန်းပြ (မူသင်) ရာထူး ပယ်ဖျက်ကြောင်း မူဝါဒနှင့်တကွ ယင်းနေရာလစ်လပ်များကို ရာထူးနေရာ ရုပ်သိမ်းမည် ဖြစ်ကြောင်း ပါဝင်သည့် စာတစ်စောင် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည်။ ယင်းစာတွင် အလယ်တန်းပြအဖြစ် နေရန် ဆန္ဒပြုပါက (က) လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ကျောင်းများတွင် အလယ်တန်းပြရာထူးနေရာ လစ်လပ်ရှိပါက ပြောင်းလဲခန့်ထားမည်။(ခ) လက်ရှိ တာဝန်ထမ်းဆောင်နေသော ကျောင်းမှ အခြားကျောင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒပြုပါက ဆန္ဒပြုကျောင်းတွင် အလယ်တန်းပြနေရာ လစ်လပ်လျှင် ဦးစားပေး ပြောင်းရွှေ့ပေးမည်။ (ဂ) ဆန္ဒပြုမှုနေရာများ ရရှိခြင်း မရှိပါက နေရာလပ်ရှိရာ ကျောင်းသို့ ပြောင်းရွှေ့ရမည်။ အလယ်တန်းပြအဖြစ် ဆန္ဒမပြုပါက မူလတန်းပြ (အဆင့်-၂) ရာထူးပြောင်းရန်၊ အလယ်တန်းပြ (မူတာဝန်) များ ဆန္ဒပြုပြီးမှ ရာထူးပြောင်းနှင့် လစာကိစ္စ ပြောင်းလဲရန် ကိစ္စများ ပါဝင်သည်။ ထို့ပြင် ဘွဲ့ရအထွေထွေလုပ်သားများနှင့် အခြားသော မူလတန်းပြ၊ မူလတန်းအောက် လစာစားနေသည့် ဘွဲ့ရဝန်ထမ်းများ သင်ကြားရေးသို့ ပြောင်းလဲမည့် အစီအစဉ်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲထံ The Voice က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အလယ်တန်းပြ (မူသင်) ရာထူးမူ ဆိုတာကို ပယ်ဖျက်လိုက်ပြီလား ခင်ဗျ။

Dr.KM : မပယ်ဖျက်သေးဘူး ခင်ဗျ။ ရာထူးတွေ ပြောင်းဖို့ ရာထူးအဆင့် တိုးဖို့တွေ အဲဒါတွေ စဉ်းစားနေတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်လေ။ ဆရာ၊ ဆရာမတွေ သူတို့ရဲ့ လူမှုဘဝ ဖူလုံရေးလုပ်ဖို့ ဆိုတော့ ကျွန်တော်တို့ကလည်း လစာတိုးတယ်ဆိုတာ တစ်နိုင်ငံလုံး သဘောနဲ့ ဆိုင်တော့လေ လုပ်မရဘူးပေါ့နော်။ အဲဒီတော့ ဆရာ၊ ဆရာမတွေကို ဘဝမြှင့်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့က ရာထူးတိုးမူတွေကို သတ်မှတ်ချက်တွေ ပြောင်းဖို့ လုပ်ရတာပေါ့နော်။ အဲဒီသဘောပါ။

Voice : ဒီလိုဆို အခုအဲဒီမူ ပယ်ဖျက်တယ် ဆိုတာ မဟုတ်ဘူးပေါ့နော်။

Dr.KM : မပယ်တော့ မပယ်ဖျက်သေးဘူး။ တကယ်လို့ အဲဒီမူ အတည်ဖြစ်ရင်တော့ နဂိုမူတွေက အကုန်လုံး ပယ်ဖျက်သွားမှာပေါ့။ အသစ်ဖြစ်သွားမှာပေါ့။ အဲဒီသဘောပါ။ အဲဒီလိုကျ မူလတန်းပြကလည်း မူလတန်းပညာရှင် အဆင့်(၁)၊ (၂)၊ (၃) တို့ အဲဒီလိုရာထူး အဆင့်တွေ မြင့်သွားမှာပေါ့နော်။ အလယ်တန်းပြကလည်း အလယ်တန်း ပညာရှင်အဆင့် (၁)၊ (၂)၊ (၃) အဲဒီလို ရာထူးတွေ သဘောမျိုး မြင့်သွားမှာပေါ့။ လစာတိုးမပေးဘဲ မူလရာထူးတွေထက် သူတို့မှာ ဘွဲ့တွေရှိတယ်ဆိုရင် နောက်သူတို့ရဲ့ ဘွဲ့တွေ လုပ်သက်အပေါ် သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ရာထူးတစ်ဆင့် တစ်ဆင့် မြင့်သွားအောင် လုပ်ပေးမယ့် အစီအစဉ်လေး၊ အဲဒီမူတွေ ဆွဲနေတာပေါ့နော်။ အဲဒါတွေ အတည်ပြုလို့ ရှိရင်တော့ ခုနပြောသလိုပေါ့။ လစာတိုးပေးတာ မဟုတ်ဘဲ ရာထူးအဆင့်တွေ နည်းနည်းမြင့်ကုန်မှာပေါ့နော်။

Voice : ဘယ်အချိန်လောက် အတည်ပြုမှုတွေ ဖြစ်မလဲ ခင်ဗျ။

Dr.KM : ကျွန်တော် ထင်ပါတယ်။ ဒါက အခု ပထမတစ်ဆင့် ဘတ်ဂျက်လိုတယ်။ ဒီလိုတိုးပေးမယ်ဆို ဘီလီယံနဲ့ချီလိုတာပေါ့။ ဘီလီယံနဲ့ချီလိုတဲ့ ကိစ္စကို စီမံ၊ စီးပွား ခေါ်တာပေါ့။ စီးပွားရေး ကော်မတီတို့ တင်ရတာပေါ့။ တစ်ခါ အစိုးရအဖွဲ့ရုံးတို့ တင်ရမှာပေါ့နော်။ အစိုးရအဖွဲ့ရုံးတို့ အတည်ပြုမှဆိုတော့ ကျွန်တော်ထင်တာ သိပ်မကြာဘူးလို့ဘဲ ပြောလို့ရတာပေါ့။

Voice : လိုင်းပေါ်မှာ ပျံ့နေတဲ့ စာထဲပါတဲ့ အချက်တွေက အတည်ဖြစ်ပြီလား ခင်ဗျ။

Dr.KM : အဲဒါ ကျွန်တော် သိသလောက်က အရမ်းကြီး တိကျလွန်းနေတယ်။ ရက်စွဲတွေရော၊ ဘာတွေရော။ သဘောတရားအရတော့ ကျွန်တော်တို့ စဉ်းစားနေတာတွေနဲ့ သွားတူတယ်ပေါ့နော်။ ခုနပြောသလို ဘယ်လိုလုပ်ရင် ဘယ်ရာထူးကို ဘယ်သို့စဉ်းစားမည်ကြတို့ကျတော့ အသေးစိတ်ထုတ်တဲ့ အဓိပ္ပာယ်တော့ ထွက်နေတာပေါ့နော်။ ကျွန်တော်တို့ကျတော့ မူသဘောအရပဲ ပြောပေးလို့ရတယ်။ ဒါကျတော့ သူက မူရဲ့ အောက်မှာရှိတဲ့ အသေးစိတ် ညွှန်ကြားချက် သဘော ဖြစ်နေတာပေါ့နော်။ အဲဒါကျတော့ အခြေခံပညာ ဦးစီးဌာနကပဲ ဒီဟာကို ဘယ်လိုအသေးစိတ်မူတွေကို ဘယ်လိုဆွဲနေသလဲ ဆိုတာ အဲဒါကျ ကျွန်တော်တို့က မသိတော့ဘူးပေါ့။ ကျွန်တော်တို့က မူဝါဒကို ကိုင်တာဖြစ်တဲ့အတွက် ဝန်ကြီးကိုယ်စား ပြောရတာ ဖြစ်တဲ့အတွက် မူသဘောပဲ သိတာပေါ့။ အခု ဖတ်ပြတာ တွေကတော့ ညွှန်ကြားလွှာ သဘောတွေနဲ့ ဆိုင်တာပေါ့နော်။ အဲလောက်ကျ မှန်၊ မမှန်က အတည်ပြုဖို့တော့ ခက်တာပေါ့။ ဘာလို့လဲဆိုတော့ မူတောင်မှ အထက်ကို တင်ရဦးမှာ။ မူအရင်ကို ညွှန်ကြားလွှာက အရင်ထွက်နေတယ် ဆိုတော့ ပြောရခက်တာပေါ့ ကျွန်တော်သိတဲ့ အနေအထားနဲ့ ဆိုရင်ပေါ့နော်။

ကျွန်တော်သိရတာ ကျွန်တော်တို့ မူတွေဆွဲနေတဲ့ အချိန်မှာ ဒီမူတွေရပြီးတဲ့ အချိန်မှ ညွှန်ကြားနိုင်အောင် ညွှန်ကြားလွှာတွေ အကြမ်းရေးနေတဲ့ သဘောတော့ ရှိမယ်ထင်တယ်။ ခုအတည်ပြုတဲ့ အချက်က တိကျလွန်းနေတော့ ခက်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အပေါ်မှာရှိတဲ့ မူတောင်မှ အတည်မပြုရသေးခင်မှာ ညွှန်ကြားလွှာက စောနေတဲ့ သဘောတော့ ရှိတယ်။ ကျွန်တော့်အမြင် ပြောရင်တော့ သိပ်ကောင်းလွန်းနေတာပေါ့နော်။ သိပ်ကောင်းလွန်းနေတာ၊ သိပ်မှန်လွန်းနေတယ် ဆိုရင်တော့ မမှန်ဘူးဆိုတဲ့ အဓိပ္ပာယ် ရှိတာပေါ့နော်။ သိပ်ပြီးတော့ တိကျလွန်းနေတယ်ပေါ့နော်။ ကျွန်တော်တို့က မူသဘောပဲ လုပ်နေတဲ့ အချိန်မှာ ခုဟာ မူရဲ့အောက်မှာရှိတဲ့ ညွှန်ကြားလွှာက သိပ်တိကျနေတော့ နည်းနည်းပြောရခက်တာပေါ့နော်။ မူကတော့ ခုချိန်ထိ အတည်မပြုရသေးဘူး။ ကျွန်တော်လည်း အခုစနေ၊ တနင်္ဂနွေ ရုံးလာပြီးတော့ အဲဒီဟာကို စာပိုချောအောင် အထက်ကို တင်ရမှာဆိုတော့ စာဖတ်နေတာ။ ဆိုတော့ ကျွန်တော်တောင် ဒီဟာ မူကိုတောင် ချောအောင်ဖတ်နေတယ် ဆိုတော့ ဒါကျ မူချပြီးမှ ထွက်မယ့် ညွှန်ကြားလွှာက ထွက်နေတော့ နည်းနည်းလေး တစ်ဆင့်စောနေတဲ့ သဘော ရှိတာပေါ့နော်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။

နေဇာကျော်

============

The Voice

http://thevoicemyanmar.com/education/1631-drk

Wednesday, September 7, 2016

တော်သလင်းလပြည့်နေ့ (သို့ ) ဂရုဓမ္မ အခါတော်နေ့ - သမိုင်းကြောင်း


တော်သလင်းလပြည့်နေ့ (သို့ ) ဂရုဓမ္မ အခါတော်နေ့ - သမိုင်းကြောင်း

++++++++++++++++++++++++

တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့အကြောင်းကို မေးထားတာ ကြာပါပြီ၊ အကြောင်းကြောင်းတွေ ကြောင့် လပြည့် နေ့ကို ကျော်လွန်သွားမှပဲ ရေးဖြစ်တော့တယ်၊ ငယ်စဉ်ကတော့ ဂရုဓမ္မအခါတော်နေ့ဆိုတာ သိပ်ပြီး ထူးခြားတဲ့ နေ့လို့ မခံ စားခဲ့ဖူးဘူး၊ သို့သော် သူ့သမိုင်းကြောင်းကို လိုက်ပြီးခြေရာခံလိုက်တော့မှ အစဉ်အလာကောင်းခဲ့တဲ့ နေ့ထူးနေ့မြတ် တနေ့ ဆိုတာကို သိခဲ့ရတယ်။

ဂရုဓမ္မ အခါတော်နေ့ဆိုတာ ယနေ့ခေတ်မှာ ငါးပါးသီလကို မလုံခြုံပဲ အစဆုံးသိက္ခာပုဒ်ကို ချိုးဖျက်လိုက်၊ အလယ် က ဖောက် ဖျက် လိုက်၊ နောက်ဆုံးက တခုကို လွှတ်ထားလိုက် လုပ်နေကြတဲ့ လူသားများ အတွက် တော်သ လင်း လပြည့်ေ န့ ရော က်တိုင်း သတိရစရာ၊ အတုယူစရာ၊ လိုက်နာစရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။

ကုရုဓမ္မဇာတ်တော် ဟောရကြောင်း
====================
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါ ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား ကြရင်း ကောင်းကင်ပျံဝဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပြစ်လေရာ ကျောက်ခဲမှန်သော ဟင်္သာသည် အော်ဟစ်မြည် တမ်းရင်း မြေပြင်ကျပြီး သေဆုံးခဲ့ရတယ်။
ဒီအကြောင်းကို မြတ်ဘုရား သိတော်မူတော့ ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ နေပြီး ရဟန်းဝတ်နေ ပါလျက် ပါဏာတိပါတအမှုကို လုပ်တာ လက်ဆော့ ခြေဆော့ရှိလှပါလား၊ ဟိုရှေးရှေးတုံးက ပညာရှိတွေ က သာသနာပကာလမှာ သတ်ဖို့ နေနေသာသာ သီလတရားတွေကို အသက်တမျှ တန်ဖိုး ထား စောင့်ရှောက် ခဲ့ကြတယ် ဆိုပြီး ကုရုဓမ္မ ဇာတ်တော် ကို ဟောေ တာ် မူခဲ့ပါတယ်။

 လူသေရင်ဘာကြောင့်(၃)ရက်ထားရတာလဲ ✿ ဒီဆောင်းပါးလေးက ပိုပြည့်စုံလို့ ပြန်လည်မျှဝေပါတယ်


✿ လူသေရင်ဘာကြောင့်(၃)ရက်ထားရတာလဲ ✿
•••••••••••••••••••••••••••••••••••••••••••••••••••••••
★ ဘုရားရှင်လက်ထက်တော်အခါက ရာဇဂြိုဟ် ပြည်မှာ..သိပ်ချော သိပ်လှတဲ့..“သီရိမာ” ဆိုတဲ့ မင်းသမီးတစ်ပါး ရှိတယ်တဲ့..။ နန်းတွင်းသူ အချောအလှတွေ အများကြီးထဲကမှ..“သီရိမာ” ရဲ့ အလှဟာ..စာဖွဲ့လို့မရအောင်..ချောမောလှပတယ်တဲ့.... သူမရဲ့..အသံ၏ကောင်းခြင်း..အသားအရောင်..ဆံကေသာ...တို့ရဲ့အလှဟာ..အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိလွန်းတာကြောင့်..မင်းညီ၊ မင်းသားတို့ရဲ့ ပါးစပ်ဖျားမှာ..ရေပန်းစားခဲ့ရတယ်..။ တစ်ခါတစ်လေ...“သီရိမာ” ရဲ့ အလှအကြောင်း...စကားနိုင်လုပြောကြရင်းနဲ့... မင်းညီ၊ မင်းသားအခြင်းခြင်း ခိုက်ရန်ဖြစ်ပွားရတဲ့ အထိပါပဲ..။ သီရိမာဆိုတာ ပြည့်တန်ဆာတစ်ဦး သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်၊ သူကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။
------------------------------------------------------------------------------
✿ သီရိမာ ဘာကြောင့် ရုပ်အဆင်းလှရတာလဲ? ဘာ့ကြောင့် ပြည့်တန်ဆာဖြစ်ရတာလဲ? ✿
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
★ သိရီမာ ဟာ ရုပ်ဆင်းအင်မတန် လှပသော်လည်း အယုတ်ဆုံး ပြည့်တန်ဆာ ဘ၀ကို ရရှိရသည်မှာ အတိတ်က ၀စီကံဒုစရိုက်ကြောင့်ဖြစ်ရ ခြင်းဖြစ်တယ်။ တစ်ခုသောအတိတ်ဘ၀က သူမဟာ ဘုရားရင်ပြင်တော်ပေါ်မှာ လည့်လှည်ကာ ဘုရားဖူးရင်း သန့်ရှင်းရေးတွေလုပ်ဖို့အတွက် မိမိရဲ့ ခြုံလာသောတစ်ဘက်မြိတ်ဖြင့် သုတ်သင်လိုက်ရာ မထင်မှတ်စွာ သူမ၏နှုတ်မှမကျေနပ်သံဖြင်"့ ကြည့်စမ်းပါဦး ဒီရင်ပြင်တော်ပေါ်မှာ ဘယ်ပြည့်တန်ဆာမ တံတွေးထွေးသွားတယ် မသိဘူးဟု" ပြောလိုက်မိသွားတယ်။
★ တကယ်တော့ ဒီအညစ်အကြေးဟာ ဘုရားဖူးကြွရောက်လာတဲ့ ရဟန္တာအရှင်မကြီးတစ်ပါး၏ နှာချေလိုက်ရာမှ ကျခဲ့ခြင်းဖြစ်တယ်။ သူမခမျာ သေချာစွာ မသိဘဲ ပြောဆိုလိုက်ပေမယ့်လည်း အရိယာအရှင်မကြီးကို ပြစ်မှားလိုက်သလို ဖြစ်ခဲ့မိတဲ့အတွက်နောက်ကြုံကြိုက်ရာ ဘ၀များစွာမှာ ဘုရားရင်ပြင်ကိုသန့်စင်စေရန် မိမိ၏ တစ်ဘက်ဖြင့်သုတ်သင်ပေးခဲ့ခြင်း၊သုစရိုက်ကြောင့် ရုပ်ဆင်းသူမတူအောင် လှပခြင်းအကျိုးကို ရရှိခဲ့ပေမယ့်လည်း နှုတ်မစောင့်စည်းပဲ ရိုင်းပြစွာ ပြောဆိုလိုက်မိတဲ့အတွက် ၀စီကံဒုစရိုက်၏ ဆိုးကျိုးက ရုပ်လှပြီး အယုတ်နိမ့်ဆုံး ပြည့်တန်ဆာမတစ်ဦးဖြစ်လာခဲ့ရရှာတယ်။
------------------------------------------------------------------------------
✿ သီရိမာ သောတာပတ္တိမဂ် ရပုံ ✿
•••••••••••••••••••••••••••••••••••••••••••
❖ တစ်နေ့မှာ နန္ဒသူဌေးက မယ်ဥတ္တရာ ဥပုသ်ဝင်လို၍ သူ့ကိုယ်စားလာနေဖို့ သီရိမာကို အသပြာတစ်သောင်း ငါးထောင်ဖြင့် ဆယ့်ငါးရက်စာ ငှားရမ်းပြီး မယ်ဥတ္တရာလေးက ဘုရားကျောင်းကိုသွားခဲ့တယ်။ တစ်နေ့မှာ မယ်ဥတ္တရာလေး ဘုရားဆွမ်းကပ်ဖို့အတွက် ပြင်ဆင်နေတုန်း သူ့နေရာကို လိုချင်နေတဲ့ သီရိမာ က ဆီပူနဲ့ခေါင်းပေါ်ကနေ လောင်းဖို့လာတာကို မြင်တော့ မယ်ဥတ္တရာလေး က ဒေါသမပွားပဲ သူ့ထံကို ငါခုလိုဘုရားကို လုပ်ကျွေးခွင့်ရတာသူ့ကြောင့်ပဲ ဆိုပြီးမေတ္တာပဲပို့နေတော့ လောင်းချလိုက်တဲ့ဆီပူတွေဟာ သူ့အပေါ်ကို စမ်းရေပမာ အေးမြစွာ စီးဆင်း သွားတာပေါ့။
❖ ၀ိုင်းပြီးရိုက်နေကြတဲ့ အခြွေအရံတွေကို ရပ်ခိုင်းပြီး ရရှိနေတဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်တော့ သူ့အမှားကို သူသိသွားပြီး မယ်ဥတ္တရာလေးကို အပြစ်တွေ ကျေအေးဖို့ တောင်းပန်တော့ ဘုရားခွင့်လွှတ်မှသာ ငါခွင့်လွှတ်မယ်ဆိုတော့ သီရိမာ ကဘုရားထံရောက်သွားပြီး တရားတော် ကိုနာကြားရင်းပဲ စိတ်ဝင်စားပြီး ထိုတစ်ထိုင်ထဲမှာပင် သောတာပတ္တိမဂ်အဆင့် ရောက် သွားတယ်။ နောက်ပိုင်း ရတနာသုံးပါးကို ကြည်ညိုပြီး ဒါန သီလ အမှုပြုလျက်ပဲ အသက်ရှည်စွာမနေရှာခဲ့ပေ။
------------------------------------------------------------------------------
✿ သေသူရုပ်အလောင်းကို ၃ ရက်ထားတဲ့အလေ့အထဖြစ်လာပုံ ✿
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
❄ တစ်နေ့..နန်းတွင်းထဲမှာ...သံဃာတော်တွေကို ဆွမ်းကပ်လှူပွဲ ကျင်းပတဲ့အခါ သံဃာတော်အားလုံးကို ..ဘုရင်မင်းမြတ်မှ ဆွမ်းခံကြွတော်မူစေတယ်..။နန်းတွင်းသူ..နန်းတွင်းသားများဟာလည်း.. လှူဖွယ်ပစ္စည်းအစုံအလင်နဲ့..ဆွမ်းကပ်လှူကြတာပေါ့...အဲဒီအထဲမှာ..“သီရိမာ”လည်း ပါဝင်ခဲ့တယ်..။ ဆွမ်းခံတဲ့ ရဟန်းသံဃာတော်တွေထဲက...ရဟန်းငယ်တစ်ပါးဟာ..“သီရိမာ” ကို မြင်တွေ့ပြီး...စွဲလန်းသွားလိုက်တာ... အဲဒီနေ့က “စ” ပြီး..ဆွမ်းခံလည်းမထွက်..ဆွမ်းဘုန်းလည်းမပေး..တရားလည်းမထိုင်နိုင်..မအိပ်နိုင် မစားနိုင်တော့ပဲ... “သီရိမာ”ကိုပဲ..တမ်းတမြဲ တမ်းတနေတော့တယ်...။ဘေးကရဟန်းတွေက ဘယ်လိုပဲ ဖြောင်းဖျပေမဲ့ အဲဒီရဟန်းငယ်ဟာ... “သီရိမာ”ကို ချစ်တဲ့စိတ်တွေနဲ့...ဘာကိုမှလက်မခံတော့ဘူး...။
❄ အဲဒီသတင်းဟာ ရွှေနန်းတော်က ဘုရင့်ရွှေနားတော်အထိ ရောက်ခဲ့ရတာပေါ့..။ အဲဒီရဟန်းငယ်ကြောင့်..သံဃာရဲ့ သာသနာတော်ကို..ထိပါးလာမှာစိုးရိမ်ရတာကြောင့်..သံဃာတော်အဖြစ်မှ.. လူဝတ်လဲခိုင်းဖို့ စီစဉ်နေတုန်းမှာပဲ..“သီရိမာ” ဟာ..အပြင်းဖျားတဲ့ ဝေဒနာနဲ့...အသက်ဆုံးပါးသွားခဲ့တယ်...။
❄ “သီရိမာ” ရဲ့ ရုပ်အလောင်းကို...ဘုရင်မင်းမြတ်ရဲ့ အမိန့်အရ...ရွာအပြင်မှာ...မဏ္ဏပ်ထိုးပြီး ရွာသူ ရွာသားများအား (၇)ရက် (၇)လီ...မကြည့်မနေရ အမိန့်နဲ့...ကြည့်ရှုစေခဲ့တယ်...။“သီရိမာ” ရဲ့ ရုပ်အလောင်းထားရာ နှင့် မလှမ်းမကမ်းမှာတော့..သံဃာတော်များအတွက်...နေရာထိုင်ခင်း စီစဉ်ပေးပြီး.......... ပရိတ်တရားတော်များကို...အချိန်ပြည့်...အလှည့်ကျ ရွတ်ဖတ်စေခဲ့တယ်...။ အဲဒီထဲမှာ ရဟန်းငယ်လည်းပါဝင်ခဲ့တာပေါ့...။ အဲဒီပွဲဟာ ကြက်ပျံမကျ..စည်ကားခဲ့ပါတယ်..။“သီရိမာ” ရဲ့ ရုပ်အလောင်းအား...သွားကြည့်သူတွေရဲ့.. အမျိုးမျိုးဝေဖန်သံတွေဟာလည်း.ပုဂံမြို့တစ်မြို့လုံးမှာ..ပြန့်နှံ့ခဲ့ပါတယ်..။.. “သေသွားတာ နှမြောလိုက်တာ”...“အိပ်နေသလိုပါပဲ”....“အသားလေးကလည်း ဝင်းလို့”... “ချောလိုက်တာ”...စသည်ဖြင့်ပေါ့...။
❄ ဒီလိုနဲ့...(၃)ရက်မြောက်တဲ့နေ့မှာ..လာကြည့်သူတွေဟာ.. တဖြည်းဖြည်းနည်းလာခဲ့တယ်..ဘုရင့်အမိန့်တော်ကို မလွန်ဆန်နိုင်တဲ့..ရွာသူ ၊ ရွာသားများဟာ.. အလောင်းကောင်မှ ထွက်လာတဲ့ အနံ့ဆိုးကို မခံနိုင်တာက တစ်ကြောင်း...ယို့ယွင်းပျက်စီးလာပြီဖြစ်တဲ့.. အလောင်းကောင်ကို မသတီတာက တစ်ကြောင်းကြောင့်...မဏ္ဏပ်ရဲ့ မလှမ်းမကမ်းမှ ပဲ.. .ဝတ်ကြေတန်းကြေကြည့်ပြီး လှည့်ပြန်သွားကြပါတယ်..။
❄ (၅)ရက်မြောက်တဲ့နေ့မှာတော့...“သီရိမာ”ရဲ့ ရုပ်အလောင်းထားရာ..မဏ္ဏပ်ထဲမှာ.. ရဟန်းသံဃာတော်များနဲ့..“သီရိမာ”ရဲ့ ရုပ်အလောင်းသာ ကျန်ရှိပါတော့တယ်...။ရွာသူရွာသားများဟာ မဏ္ဏပ်ရဲ့ အဝေးကနေပဲ...လှန်းကြည့်နေတော့တယ်...ရဟန်းများဟာလည်း..ပရိတ်တရားတော်များကို ရွတ်သာရွတ်နေရတယ်... အလောင်းကောင်မှ ထွက်လာတဲ့ အနံ့ဆိုးများကြောင့် အော့အန်ပြီး..စိတ်မအီ မသာ ဖြစ်ကြရပါတယ်...။စိတ်ထဲကလည်း သတ်မှတ်ထားသော (၇) ရက် အမြန်ရောက်ပါစေလို့ .. “ဆု”တောင်းနေကြပါတယ်...။
❄ အဲဒီအချိန်မှာ...ဘုရင်မင်းမြတ်ကိုယ်တိုင် “သီရိမာ” ရဲ့ ရုပ်အလောင်းရှိရာ..မဏ္ဏပ်ထဲသို့... ကြွချီတော်မူလာပြီး....ရဟန်းငယ်အား ရှေ့တော်သို့ သွင်းစေခဲ့တယ်....။ ဘုရင့်ရှေ့တော်သို့ ရဟန်းငယ်ရောက်လာချိန်မှာ...ဘုရင်မင်းမြတ်မိန့်တော်မူတာကတော့.... “အသင် ရဟန်းငယ်....“သီရိမာ”အားရှုလော့.....“သီရိမာ” ၏အလှမှာ...အသင်ရူးသွပ်ခဲ့ဖူးသည်... “သီရိမာ”ကို...အသင် အလွန်ပင်..စွဲလန်းချစ်မြတ်နိုးခဲ့ဖူးသည်....ထို့အတွက်... ယ္ခု....“သီရိမာ”၏ ရုပ်အလောင်းအား...သင့်ကိုပေးသနားတော်မူသည်...၊ အသင်....“သီရိမာ”ကို...ယ္ခင်ကကဲ့သို့....ချစ်သေးပါ၏လော......၊ “သီရိမာ” ၏ အလောင်းအား အသင်အလိုရှိရာသို့ သယ်ဆောင်စေ....”ဟု... မိန့်တော်မူလေသည်.....။
❄ ရဟန်းငယ်၏ မျက်နှာတွင် ဝမ်းသာမှုတစ်စုံတစ်ရာကို မတွေ့ရပဲ..အလွန်စိုးရိမ် ထိတ်လန့်စွာဖြင့်...ငြင်းဆန်တောင်းပန်ပြီး.... ရဟန်းဘဝဖြင့်သာ ပျော်မွေ့ပါတော့မည့်အကြောင်း...လျှောက်တင်လေသည်...။ ဘုရင်မင်းမြတ်လည်း...ရဟန်းငယ် အကျွတ်တရား ရသွားပြီဖြစ်သဖြင့်...“သီရိမာ”၏.. ရုပ်အလောင်းအား မီးသင်္ဂြီုလ်ရန် စီစဉ်စေသည်..။ ဒီတော့မှ ဘုရားရှင်က မရဏသဘောကို တရားဟောတယ်၊ အားလုံးကိုလဲ သရဏံဂုံတင်ပေးတယ်။လူအများ ကျွတ်တန်းဝင်ကြတယ် ...
❄ အဲ့ဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘရှု့တဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။
★★ မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ။ ယခုအခါမှာယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြသည်။
❄ နောက်တစ်ခုက မသာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုတာကို မသာတစ်ခေါက်ပို့ခြင်းဟာ ကျောင်းဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်၊ တကယ်က မသာတစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်းကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ။
✿ အောက်ဖော်ပြပါ website များမှ ကိုးကားဖော်ပြပါသည် ✿
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
http://buddhismworld.ning.com/
http://mawluvillagers.blogspot.com/
http://www.conferendo.com/

ကျောင်းဆရာဝါသနာမပါတဲ့ဘွဲ့ရတွေ အတွက်အလုပ်ခေါ်ပြန်ပြီ






ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ
ရာထူးနေရာများခေါ်ယူခြင်း။ သတ်မှတ်ချက်နဲ့ အကျုံးဝင်သူများအတွက် ! လစ်လပ် ရာထူး (၃၅၉)
နေရာ အလုပ်ခေါ်စာပါ။လျှောက်လွာပိတ်ရက် 
၂၁့၉့၂၀၁၆ရက်အချိန်မီပါသေးတယ်။ အောင်မြင်ကြပါစေ !
credit photo:Thein win oo

Tuesday, September 6, 2016

လူသေရင်ဘာကြောင့် ၃ ရက်ထားရတာလဲ အားလုံးလက်ခံနိုင်တဲ့အဖြေ လူဂွစာများမပါ



ဘာ့ကြောင့် လူသေရင် ၃ ရက်ထားကြတာလဲ....??
ဒီဓလေ့ဟာ သီရိမာကစတာပါ၊
သီရိမာဆိုတာ ပြည့်တန်ဆာတစ်ဦး 
သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်၊
သူကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။
ဥတ္တရာရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး သံဃာ ၈ပါးကိုနေ့စဉ်ဆွမ်းလှူ ခဲ့တယ်။
သူမသေဆုံးသွားတဲ့အခါ ဘုရားရှင်က ဗိဗ္မိသာရ မင်းကြီးကို ချက်ချင်းမမြှတ်စေပဲ လင့်စင်ထိုးပြီး သုဿ န်မှာ ၃ရက်ထားစေတယ်။
၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုတ်ပွဲကို လာရောက်ကြည့်ရှု့ရမည်၊ ပျက်ကွက်ပါက
ဒဏ်ငွေ ၈ ကျပ် ဆောင်ရမည်ဆိုပြီး မောင်းလှည့်ခတ်စေတယ်။
ဘုရားကလည်း သံဃာအားလုံး လာရောက်၍ ကြည့်ရှု့ရမည်ဟုအမိန့်ထုတ်တယ်။
၃ ရက်မြောက်တဲ့နေမှာ သိရိမာရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊
ဒွာရပေါက် အပေါင်းမှစီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်းထနေခဲ့ပြီ။
အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလေလံပွဲကို စတင်ပါတယ်။
သီရိမာကို လိုချင်တဲ့သူရှိရင် အဿ ပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။
တစ်ယောက်မှ မလှုပ်ကြပါ၊ ဒါနဲ့ ၅၀၀ - ၂၅၀ - အလကားပေးမယ်ဆိုတာတောင် မယူကြတော့ဘူး။
ဒီတော့နောက်တစ်မျိုးပြောင်းပြီ သိရိမာကို ကြင်ကြင်နာနာနဲ့ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ်ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး။ ဒီတော့မှ ဘုရားက မရဏသဘောကိုတရားဟောတယ်၊ အားလုံးကိုလဲ သရဏံဂုံတင်ပေးတယ်။
လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ....
အဲ့ဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘရှု့တဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။
မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ။ ယခုအခါမှာယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြသည်။
နောက်တစ်ခုက
မသာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုတာကို မသာတစ်ခေါက်ပို့ခြင်းဟာ ကျောင်း ဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်၊ တကယ်က မသာတစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်းကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ။

သီဟ

Sunday, September 4, 2016

ရွှေဘို- မြစ်ကြီးနားလမ်းအကျယ် ဗီနိုင်း ကပ်ထားပြီ



ဒီနေ့
အင်းတော်သွားတော့
ဒါလေးတွေ့ခဲ့တယ်

ရွှေဘိုမြစ်ကြီးနားလမ်း
လမ်းနယ်နိမိတ်ကပေ150ဆိုပါလား

ပေ150ပြည့်အောင်. မခင်းရသေးတာမို့လားဟယ်။

အက်ဆီးဒင့်ဖြစ်ပြီဆိုရင်

အရပ်ကတော့
လမ်းကျဉ်းတယ်လို့
ညည်းံကြတာပဲကွယ်....။

ယဉ်ယဉ်သိန်းနဘား
4.9.2016
@#####@
fbက  ယူလာသည်

ခြေချောင်လေးတွေကနေ သင့်ရဲ့ စိတ်နေစိတ်ထားကိုပြောပြနေပါတယ်



ခြေချောင်လေးတွေကနေ သင့်ရဲ့ စိတ်နေစိတ်ထားကိုပြောပြနေပါတယ်ツツツ
====================================
လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာကိုကြည့်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကိုခန့်မှန်းနိုင်ပါတယ်။
ခြေချောင်းအသွင်အပြင်လက္ခဏာ အမျိုးအစား ၅ မျိုးရှိပါတယ်။
၁. Egyptain
၂. Roman
၃. Greek
၎. Germanic
၅. Celtric

၁. Egyptain
သင့်ခြေမက တခြားခြေချောင်းတွေထပ်ပိုပြီးကြီးနေမယ်ဆိုရင် သင့်ဟာ စမတ်ကျပြီး စွဲဆောင်မှု့ရှိတဲ့ လူတစ်ယောက်ပါပဲ။
ဒီလိုအမျိုးအစားက ပြဿနာတစ်ခုကို လိမ်မာပါးနပ်စွာကိုင်တွက်ဖြေရှင်းနိုင်တယ်။
အပြန်အလှန်လေးစားမှု့ရှိရုံသာမက သံသယလည်းကြီးပါသတဲ့။ လက်တွေ့ကျကျ ယုံကြည်တက်တဲ့ လူစားမျိုးတွေပေါ့။

၂. Roman
သင်ခြေချောင်းသုံးချောင်းက တစ်ပြေးညီတည်းဖြစ်နေမယ်ဆိုရင် သင့်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပဲ။
တက်ကြွတယ်၊ စွဲဆောင်မှု့ရှိတယ်၊ ဆရာကြီးဒီဇိုင်းနဲ့ နေတက်တဲ့သူတွေပါပဲ။

၃. Greek
သင့်ရဲ့ ခြေညိုးလေးက ခြေမထက်ရှည်နေရင်တော့ သင့်ဟာတီထွင်ကြံဆမှု့ရှိတဲ့ ဖန်တီးရှင်တစ်ယောက်ပါပဲ။ ဘယ်အလုပ်မဆို မိမိဥာဏ်ခွန်အားနဲ့
ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုခြေချောင်းပိုင်ရှင်တွေက အမြဲတမ်းတွေးတောနေတက်တော့ အချစ်၊ မိသားစု၊ ပျော်ရွင်မှု့တွေ ပျောက်ဆုံးနေတဲ့သူဖြစ်နေတယ်။

၎. Germanic
သင့်ရဲ့ ခြေမကလွဲရင် ကျန်ခြေချောင်းလေးတွေ တစ်ပြေးညီရှိနေတဲ့ အမျိုးအစားပေါ့။ ဒီခြေချောင်းပိုင်ရှင်တွေက သူ့ရဲ့ မိဘကို အမြဲရှေ့တန်းတင်တဲ့ သူတစ်ယောက်ပေါ့။
သူဟာ အချစ်တစ်ခုတည်းနဲ့ ဘဝကိုဖန်တီးတက်တဲ့ သူမျိုးမဟုတ်ပါဘူး။ လက်တွေ့ဘဝကို ယုံကြည်တဲ့သူတစ်ယောက်ပါပဲ။

၅. Celtric
သင့်ရဲ့ ခြေမနဲ့ခြေသကြွယ်လေးက တပြေးတည်းရှိမယ်ဆိုရင် ဒီလိုလူစားတွေမှာ ကလေးအထာလေးတွေရှိတယ်။ သူတို့ကပျော်ရွင်တက်ပြီး တာဝန်ယူမှု့မရှိပါဘူး။
ပျင်းရိလွယ်တဲ့စိတ်ထားလေးရှိပြီးတော့ ပေါ့ပေါ့ပါးပါးနေထိုင်တက်တဲ့ စိတ်ရှိတဲ့သူတွေပါပဲတဲ့.။

(ကဲ တိုက်ဆိုင်မှုများ ရှိနေမလားလို့ ပြောကြည့်တာ) ツ ツ ツ ツツ ツツ
#\/\/\/\/\/\

Saturday, September 3, 2016

မှတ်ပုံတင်၏ရှေ့နံပါတ်များသည် ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်များကို ကိုယ်စားပြုသလဲ မှတ်သားသင့်ပါတယ်



မှတ်ပုံတင်၏ရှေ့နံပါတ်များသည် ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်များကို ကိုယ်စားပြုသလဲ? 

သုတဇုန်
www.thutazone.com
03-09-2016

(မသိသေးသူများအတွက်)

မှတ်ပုံတင်၏ရှေ့နံပါတ်များသည် သင်သည် ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်တွင် မွေးဖွားခဲ့သည် (သို့) ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်တွင် မှတ်ပုံတင်ပြုလုပ်ခဲ့သည်ကို ကိုယ်စားပြုပါသည်။

နံပါတ်နောက်မှ အက္ခရာသည် မြို့နယ်ကို ကိုယ်စားပြုပါသည်။

၁ ဆိုရင် ကချင်ပြည်နယ်

၂ ဆိုရင် ကယားပြည်နယ်

၃ ဆိုရင် ကရင်ပြည်နယ်

၎ ဆိုရင် ချင်းပြည်နယ်

၅ ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး

၆ ဆိုရင် တနင်္သာရီတိုင်း

၇ ဆိုရင် ပဲခူးတိုင်းဒေသကြီး

၈ ဆိုရင် မကွေးတိုင်း

၉ ဆိုရင် မန္တလေးတိုင်း/နေပြည်တော်တိုင်းဒေသကြီး

၁၀ ဆိုရင် မွန်ပြည်နယ်

၁၁ ဆိုရင် ရခိုင်ပြည်နယ်

၁၂ ဆိုရင် ရန်ကုန်တိုင်းဒေသကြီး

၁၃ ဆိုရင် ရှမ်းပြည်နယ်

၁၄ ဆိုရင် ဧရာဝတီတိုင်းဒေသကြီး

“ချင် ယား ရင် ချင်း စစ် ရီ ခူး ကွေး လေး မွန် ခိုင် ကုန် ရှမ်း စုံ ဧရာ တိုင်းနဲ့ပြည်နယ် ၁၄ပါ” ဟုလည်း စာချိုးဖြင့် အလွယ်တကူမှတ်သားနိုင်လေသည်။

သုတဇုန်
www.thutazone.com

Friday, September 2, 2016

မန္တလေးသို့ ရထားဖြင်းသွားလိုသူများ အိပ်စင်တွဲ စီးလို့ရပြီ




မန္တလေးမြစ်ကြီးနားမီးရထားလမ်းပိုင်မှာပြေးဆွဲနေတဲ့
လူစီးမီးရထားတွဲတွေမှာ1/9/16နေ့ မှစတင်၍
55/57အဆန်ရထား
56/58 အစုန်. အမြန်ရထားများတွင်
အိပ်စင်တစ်တွဲစီချိတ်ဆက်ပြေးဆွဲနေပြီဖြစ်ပါတယ်။

ွဲ မြစ်ကြီးနား-မန္တလေးလက်မှတ်ခ  11350kyatsနှုံးဖြစ်ပါကြောင်း

Souces Kyi San

fb  မှ  ယူလာသညါ

Thursday, September 1, 2016

PSI OK HD မီးအပြာရောင် ဗန်းမဲ စလောင်းပိုင်ရှင်တွေအတွက်အထူးသတင်းကောင်း မြန်မာလိုင်း ၂၀နီးပါး ထည့်နိုင်ပြီ



PSI  OK  HD  မီးအပြာရောင်စက်ပိုင်ရှင်များ
မိမိဖာသာ  လိုင်းသစ်များထည့်နိုင်ပြီ
အောက်မှာသာ  ဖတ်လိုက်တော့
-------------------------------
PSI S2 ACE HD ku band အတွက် လိုင်းအစုံ IPM ဇာတ်ကားလိုင်း အပါဝင် မြန်မာလိုင်း ၁၈ လိုင်း
ကျွန်တော်ကြိုးစားပြီး ထည့်ပေးထားတယ်

OTA တော့ off ထားပါ

မြန်မာ �ရေဒီယို လိုင်း အပါအဝင်� ပေါ့

Shwe FM 1
SHWE FM 2
MANDALAY FM
PYINSAWADI FM 1
PYINSAWADI FM 2

MAHARBAWDI မဟာဗောဓိ
MITV
MWW
CHANNEL 1
CHANNEL 7
CHANNEL 9
MWD MUSIC
MWD MOVIE
MWD DOC
MRTV
MRTV 4
DVB
FOR EDU
REDER CHANNEL
MNTV
5 PLUS
BUDDHA
HLUTTAW လွတ်တော်

IPM ဇာတ်ကားလိုင်းများ နှင့် show line

နွားတိုက်ပွဲ ကြက်တိုက်ပွဲ အပါအဝင်ပေါ့

ဆရာမဟုတ်ပါ ဆရာတော့ ဆရာဘဲ ကျောင်းဆရာပါ ဝါသနာတူ ပေါ့ဗျာ

Size. 512 .KB

သွင်းနည်း

Bin ဖိုင် ကို ဆွဲပါ
ဖုန်းထဲ သို့ USB စတစ်ထဲ ကူးထည့်ပါ
ဖိုဒါထဲ မထည့်ပါနှင့်
ဖုန်း နှင့် USB ကြိုး တွဲပါ စလောင်းစက် USB ပေါက်ကိုထိုးပါ
ပြီးရင်

MENU ကိုနှိပ်�ပါ ➡0000 ထည့်ပါ
System ကိုနှိပ်�ပါ ➡0000 ထည့်ပါ
Parental lock ကိုနှိပ်�ပါ ➡0000 ထည့်ပါ
Menu lock ကို on ပေးပါ ပြီးရင် exit ဖြင့်ထွက်ပါ
Tools ကိုနှိပ်�ပါ ➡0000 ထည့်ပါ
USB Upgrade ကို နှိပ်ပါ ညာခလုတ်ဖြင့် User DB ရောက်အောင် နှိပ်ပါ
Upgrade File နေရာမှာ ဆွဲထားတဲ့ bin ဖိုင်တက်လာမည် ပြီးရင်
Start ကို ok ပေးပါ exit ထွက်ပြီး လန်းလို့ရပါပြီ

Bin  ဖိုင်ဆွဲရန်
အောက်ကလင့်ကနေဒေါင်းပါ
https://my.pcloud.com/publink/show?code=XZHVO2ZF4JuIb3PY0XQIPmRaC1aB7X2uT7X

စလောင်းအသိပညာမျှဝေကြမယ် ဂရု  မောင်က ကျောင်းဆရာပါ  ပို့စ်မှ ကူးလာသည်  ခ်ခ်ခ်
***************

မူရင်း လင့်ကို သွာရောက်လေ့လာလိုပါက
စလောင်းနည်းပညာများမမျှဝဂရုသ်ု့ ဝင်ရပါမည်

မဲဇာအောင်လံသတင်းက မော်လူးညောင်ပင်သာကို ဆေးထိုးခဲတာလား တကယ်လား?



မဲဇာဒေသအောင်လံ သတင်း
၁၃၇၈ ခုနှစ် ဝါခေါင်လကွယ် 1-9-2016

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကျောင်းကုန်းရွာ
ဘုန်းတော်ကြီးကျောင်း နောက်ဆက်တွဲ
*********************************************************
ယနေ့ညနေ ၅ နာရီ ဆက်သွယ်မေးမြန်းချက်အရ ဦးသဇ္ဇနမှ လူမိုက်မွေးထားသော ဦးပဉ္စင်း နှစ်ပါးမှာ မော်လူးညောင်ပင်သာ သို့ ကြွသွားပြီးဟု သိရပါသည်။

ဦးသဇ္ဇနမှာ ယမန်နေ့မှ ကျောင်းကုန်းရွာသို့ ရောက်ရှိလာပြီး ဦး ထွန်းဝင်းဘုန်းတော်ကြီးကျောင်း(အိမ်)၌ သီတင်းသုံးလျက် မည်သို့မည်ပုံ ဆက်လက်ကာ ကျောင်းလုရမည်ကို ရွာသား ဦးထွန်းတို့အဖွဲ့နှင့် တိုင်ပင်ကြံစည်နေကြသည်ဟု သိရပါသည်။

အကယ်၍ အကြမ်းဖက်သည့်နည်းဖြင့် လုမည်ဆိုပါက အိမ်ခြေ
၁၄၁ အိမ်အဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်ပါသည်။

ခရိုင်နှင့်မြို့နယ် အဖွဲ့စည်းများကလည်း လူစုလူဝေးနှင့် ကျောင်း
ဝင်းအတွင်း မနေကြရန်ကို မှာကြားထားသည့်အတွက်ကြောင့် လူစုခွဲကာ ဘုန်းတော်ကြီးကျောင်းကို စောင့်ရှောက်နေကြ သည် ဟု သိရပါသည်။

ဒီနေ့မှာ ခယကရုံးမှ အနည်းစု အများစု နှစ်ဖွဲ့လုံးမှ တစ်ဖက်
သုံယောက်စီ ခေါ်ယူစစ်ဆေးမေးမြန်းသည်ဟု သိရပါသည်။

---------------
ဘာတွေလဲ  အထုပ်ထဲ  မော်လူးညောင်ပင်သာကို  ဆွဲပြန်ပြီ