Tuesday, January 24, 2017

မိုးညှင်ဘက်တော့လွယ်ပြီ အင်းတော်ကတော့ မသိ

မိုးညှင်းမြို့နယ်အတွင်းပြည်သူများခင်ဗျား--

ပြည်သူတွေအဆင်ပြေစေဖို့နိုင်ငံတော်အစိုးရမှရည်ရွယ်ချက်ကောင်း ကောင်း နဲ့One Stop  serviceပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ရုံး ကို မြို့နယ်ထွေအုပ်ရုံးဘေးမှာဖွင့်လှစ်ပေးထားပါတယ် ထောက်ခံစာတွေ နဲ့ပါတ်သက်လာရင်အရေးကြီးတဲ့ဌာနကြီး(၈)ခုထားရှိထားပြီးတချိန်ထဲ တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်အားလုံး အခမဲ့ပါဘဲလာဘ်ပေး လာဘ်ယူ ပပျောက်အောင် ရည်ရွယ်ပြီး ဆောင်ရွက်ပေးထားလို့ ပြည်သူတွေအတွက် အဆင်ပြေပါတယ်

အဆင်မပြေတဲ့အခက်အခဲရှိရင်အကြံပေးစာရေးသားခဲ့နိုင်ပါတယ် အဲဒီအကြံပေး စာကို ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ ရောက်ရှိပြီး ၀န်ထမ်းတွေက ငွေတောင်းတာ တွေရှိရင် ထိရောက်စွာ အရေးယူသွား မယ်ဆိုတာသိရပါတယ် ကျွန်တော် ကိုယ်တိုင် စမ်းသပ် ကြည့်ပြီးပါပြီ ကျွန်တော့်ကိုယုံရင် OSSကိုရုံကြည်နိုင်ပါ တယ်လို့ သတင်းကောင်း ပါးလိုက်ပါရစေ
Cd>>Than Tun

မော်လူး ဘုရားကြီးကျောင်းမှာ ဓမ္မစကူးလ်ကျောင်းဆောက်ပြီ

တောင်ကြီးမြို့ .နန်းထိုက်ရွှေစင် ဆောက်လုပ်ရေးကုမ္ပဏီ.အင်ဂျင်နီယာအဖွဲ့ မှမေတ္တာဖြင့် ကူညီပုံထုတ်
ပေးခဲ့သည့် ..,
အသစ်တည်ဆောက်မည့် အပါတ်စဉ်
မော်လူးဓမ္မစကူးလ်ကျောင်းဆောင်
သစ်ကြီးပုံ..,,
22.1.17.ရက်နေ့က ပန္နက်တင်မင်္ဂလာပြုလုပ်ပြီးစီးခဲ့ပါပြီ။

Saturday, January 21, 2017

"မစ္ဆရိယ ၅-မျိုး"

"မစ္ဆရိယ ၅-မျိုး"
*************
'မစ္ဆရိယ' ဆိုတာ

ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊
ကိုယ့် အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်လာမယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ လို့ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊
ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ၊
'နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး'
လို့ ပြောကြတယ်၊ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ် ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယ လို့ ပြောတာ။ မစ္ဆရိယက ၅-မျိုး ရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ဟုတ်လား၊
ကိုယ့်အဆောက်အအုံထဲ သူများလာရင် မကြိုက်တာဟာ 'အာဝါသမစ္ဆရိယ'နော်။
'အာဝါသမစ္ဆရိယ' ဆိုတာ အိမ်မှာတင် မစ္ဆရိယဖြစ်တာ မဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကား ထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယဆိုတာ။

(၂) 'ကုလမစ္ဆရိယ'
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမကို သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊
ကုလမစ္ဆရိယ။

(၃) 'လာဘမစ္ဆရိယ'
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) 'ဝဏ္ဏမစ္ဆရိယ' ဆိုတာ
ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) 'ဓမ္မမစ္ဆရိယ'
ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊
ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊
သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ၊
တစ်လောကလုံးရဲ့ ဂုရုကြီး၊သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊
အဲဒါမျိုး လုပ်ချင်တာ၊အဲဒါ ဓမ္မမစ္ဆရိယ လို့ ခေါ်တယ်။

'အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ' ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊
မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊
ဒါလည်းပဲ မရစေချင်ဘူးဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)
~~~~~~~~~~~~~~~~~~~~
အဘိဓမ္မာမြတ်ဒေသနာ- "စိတ်၏အညစ်အကြေးများ" မှ ကူးယူ ပူဇော်ပါသည်။
#SinPhyuTaw

ဗုဒ္ဓဘာသာ ငါးမျိုး

ဗုဒ္ဓဘာသာ ငါးမျိုး
●○●○●○●○●○●○
.

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။

အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)

ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ

လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။ အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော် မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)

ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ် တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊ ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။

ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ

ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။

ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။

သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။

သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။
.

(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့် မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ် ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်)

#Mg_Mg_Myo_Naing

ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြင်္သေ့ရုပ်တွေရှိတာ သိလိုသူများအတွက်

ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြင်္သေ့ရုပ်တွေရှိတာ အားလုံးသိကြမှာပါ။ ဘာကြောင့်ဒီလိုထားရသလဲ ဆိုတဲ့အကြောင်းကိုတော့ သိသူရှိသလို မသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော်ဘုရားလက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူလတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးက ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြင်္သေ့ရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး-

“ဂေါတမမြတ်စွာဘုရားအလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင်လက်ထက်မှာ ကေသရာဇာခြင်္သေ့မင်းဖြစ်ခဲ့သည်။ တစ်နေ့သောအခါ အလောင်းတော်ခြင်္သေ့မင်း အစာရှာထွက်စဉ်တောအုပ်အလယ်နေရာ၌ ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓသမာပတ် ဝင်စားလျက်ရှိသည်ကို ဖူးတွေ့လိုက်ရသည်။ ခြင်္သေ့မင်းသည် လွန်စွာမှ ကြည်ညိုအာရုံ ရှိသော ဘုရားဂုဏ်ကိုအာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇောအဟုတ် ဖြင့် ခုနစ်ရက်ပတ်လုံး အစာရှာမသွားတော့ပဲ ဘုရားရှင်၏ ရှေ့မှောက်တွင် ရိုသေဝပ်တွား ပူဇော်ဆည်းကပ်နေခဲ့သည်။

ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူသည့်အခါ ခုနှစ်ရက်ပတ်လုံး ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဝပ်တွားဆည်းကပ်နေသော ခြင်္သေ့မင်းအား မြင်တွေ့ရ၍ ‘နောင်အခါ ငါကဲ့သို့ပင် ဘုရားစင်စစ် ဧကန်ဖြစ်လတ္တံ’ လို့ ဗျာဒိတ်စကားမြွက်ကြားခဲ့သည်။

ထိုသို့ ဘုရားအလောင်း ခြင်္သေ့မင်းကို အကြောင်းပြု၍ နှောင်းခေတ်လူများသည် ဘုရားစေတီပုထိုးတို့အား ဖူးမြှော်ကန်တော့ရန် ရောက်ရှိသောအခါ အလောင်းတော်ခြင်္သေ့မင်းအား အတုယူပြီး ဘုရားရှင်အား စူးစူးနစ်နစ် ယုံကြည်စွာ ကြည်ညိုသဒ္ဓါထားပြီး ဖူးမြှော်ဆည်းကပ် ကိုးကွယ်ရန် ခြင်္သေ့ရုပ်များ တည်ကြခြင်းဖြစ်ကြောင်း မုန်တိုင်ပင် ဆရာတော်ဘုရားကြီးက ရည်ညွှန်းဖွဲ့ဆိုပါတယ်။

မဇ္စိုမဒေသ အာသောကမင်းကြီးကတော့ သူတည်ခဲ့တဲ့ ဘုရားစေတီအဆောက်အအုံတွေမှာ ခြင်္သေ့ရုပ်တစ်မျိုးတင်မကပဲ အခြား တိရစ္ဆာန် အာဇာနည် ၃မျိုးကိုပါ ထားပါတယ်။ မည်သည့်အန္တရာယ်ကိုမှ မကြောက်ရွံတတ်သည့် အာဇာနည် ၄ မျိုးမှာ ခြင်္သေ့ ၊ ဆင် ၊ သိန္ဓောမြင်း နှင့် နွားလားဥသဘာ တို့ဖြစ်ပါတယ်။ ထိုအရုပ်လေးမျိုးကို အာသောကမင်းကြီး၏ ကောင်းမူတော်များတွင် ဘုရားဘက်သို့မလှည့်ပဲ ဝင်လာသူများဘက်သို့လှည့်၍ ထားကြောင်းသိရပါတယ်။

Ref;
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သောဖြစ်ရပ်များ – နန္ဒာမိုးကြယ်
ဘာသာရေး ပြသနာများ – ဘဒ္ဒန္တ တိလောကသာရ
Creadit-Ayesay

Thursday, January 19, 2017

10 တန်း မအောင်လည်း AGTI တက်လို့ရပြီ

ဆယ်တန်းထိ အရောက် ကျောင်းတက်ခွင့် မရခဲ့တဲ့ အကို ၊ အမ ညီ ၊ ညီမများ အဌမတန်း အောင်မြင်ရုံ ဖြင့် A. G. T. I ဆက်လက် တက်ရောက်ခွင့် ရနိုင်ပါကြောင

Wednesday, January 18, 2017

ပုဂ္ဂလိကယာဉ်များ မီးနီ မီးဝါ သုံးစွဲမှု စစ်ဆေးအရေးယူမည်။

ပုဂ္ဂလိကယာဉ်များ မီးနီ မီးဝါ သုံးစွဲမှု စစ်ဆေးအရေးယူမည်။
အရေးပေါ်ကားမီး၏ အဓိပ္ပါယ်နှင့်သုံးစွဲရမည့်စည်းကမ်း
၁။မီးသတ်ကား
၂။လူနာတင်ကား
၃။ရဲကား
၎။အထူးဧည့်သည်ကား
၅။ဝန်စည်စလွယ်ကား
အထက်ပါကားတွေမှာ မီးတန်း မီးသီး စတာတွေအပြင် ဥသြအချက်ပေးကိရိယာတွေ တပ်ဆင်ပါရှိပါတယ်။ ရည်ရွယ်ချက်ကတော့ သာမာန်မဟုတ်တဲ့အခြေအနေတစ်ရပ်မှာ သူ့ ကို ဦးစားပေးစေချင်တဲ့ သဘောပါ။
မီးနီ
ကားမီးတန်းမှာပါတဲ့ မီးအနီဟာ နေ့ ခင်းမှာ အဝေးက မြင်နိုင်တဲ့အရောင်ဖြစ်ပါတယ်။ အရေးပေါ်ကားတစ်စင်း မီးအနီဖွင့်ထားရင် သူ့ အဓိပ္ပါယ်က မီးပွိုင့်က မီးနီ နဲ့အတူတူဖြစ်ပါတယ်။ သင့်ကားကို ရောက်ရာမှာ ရပ်ထားခိုင်းတာပါ။ လမ်းပိတ်နေတဲ့အခါမျိုးမှာ ဘေးချရပ်ရပြီး ရဲကားကိုရှေ့မှာတွေ့ရင် ရဲကားမတိုင်မီ ရပ်ပေးရပါတယ်။ နောက်ကရဲကားဆိုရင် ချက်ချင်းရပ်ရပါတယ်။ ဆေးရုံကားနဲ့ မီးသတ်ကားမှာ တော့ အရေးကြီးတဲ့အတွက် မီးအနီရောင်သာသုံးလေ့ရှိပြီး အပြာရောသုံးလေ့မရှိပါဘူး။ မီးပွိုင့်အနီကိုဖြတ်မယ့် အချိန်နဲ့ လမ်းဆုံကိုဖြတ်မယ့် အချိန်တွေမှာ ဥသြစွဲသတိပေးလေ့ရှိကြပါတယ်။
မီးပြာ
အရေးပေါ်ကားတွေမှာပါတဲ့ မီးအပြာဟာ ညဘက် အမြင်အာရုံအတွက် ထင်ရှားစေတဲ့အရောင်အဖြစ် သတ်မှတ်ပါတယ်။ အဓိပ္ပါယ်က မီးပွိုင့်က မီးဝါနဲ့တူပါတယ်။ သူ့ကိုမြင်တာနဲ့ ကိုယ်က ဒုတိယ ဦးစားပေးဖြစ်သွားပါပြီ ရပ်ပေးစရာမလိုပေမယ့် စက်ကိုအရှိန်လျော့ပြီး ဘေးကပ်မောင်းရပါမယ်။ ရဲကားတွေမှာပိုတွေ့ရတတ်ပါတယ်။
ပရင်းရောင်
တွဲဆွဲကားတွေ ဝန်ထင်ကားတွေ ကျောင်းကားတွေ ယာဉ်တန်းတွေမှာ တွေ့ရတတ်ပြီး သူတို့ နဲ့လမ်းလုမောင်းတာမျိုး ရှေ့ကရုတ်ချည်း ရပ်တာမျိုးမလုပ်စေချင်တဲ့သဘောဆောင်ပါတယ်။
သုံးစွဲမှု
နိုင်ငံအလိုက်အနည်းငယ် ပြောင်းလဲသည်။ မီးကို အမြဲမထွန်းရသလို ဥသြအချက်ကိုလည်း အမြဲမဖွင့်ရပေ။ သက်ဆိုင်ရာ အာဏာပိုင်ခွင့်ပြုချက်လိုသော နိုင်ငံများတွင် ခွင့်ပြုချက်ရမှ မီးအချက်ပြ မောင်းနိုင်သည်။
လိုက်နာမှု
အချက်ပြမီးဖွင့်မောင်းသော အရေးပေါ်ယာဉ်တွေ့လျင် သက်ဆိုင်ရာ မီးရောင်နှင့် ကားအမျိုးအစားပေါ်မူတည်၍တုန့် ပြန် ပြုမူရပေမည်။ လမ်းဆုံနှင့်မီးပွင့်နေရာတွင် ဥသြသံကြားရပါက ရပ်တန့် ကြည့်ရှုပြီး အသုံးပြုမည့်လမ်းမဟုတ်မှ ဖြေးညင်းစွာမောင်းရပေမည်။ မီးဝါ အချက်ပြ ယာဉ်အုပ်ကြားမဝင်ရ။
အရေးပေါ်ယာဉ်များသာ အသုံးပြုသည့် မီးအရောင်နှင့် အသံစနစ်ကို အခြားမော်တော်ယာဉ်များ တပ်ဆင် သုံးစွဲမှုများအား စစ်ဆေးအရေးယူမည်
အရေးပေါ်ယာဉ်များဖြစ်သည့် မီးသတ်ကား၊ လူနာတင်ယာဉ်နှင့် ရဲတပ်ဖွဲ့ဝင်များ အသုံးပြုသည့် ယာဉ်များတွင် တပ်ဆင်လေ့ရှိသော မီးအရောင်နှင့် အသံစနစ်ကို အခြားမော်တော်ယာဉ်များ တပ်ဆင်
သုံးစွဲမှုများအား စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ သိရသည်။
အရေးပေါ်ယာဉ်ဖြစ်သည့် မီးသတ်ကား၌ မီးအရောင်အဖြစ် အနီရောင်နှင့် အသံစနစ်အဖြစ် ဥသြအသံဖြစ်သော "ဝေါ--ဝေါ" ကို သတ်မှတ်ထားကြောင်း၊ လူနာတင်ယာဉ်များတွင် မီးရောင်အဖြစ် အ၀ါရောင်နှင့် အသံစနစ်အဖြစ် "ပီးပေါ်-ပီးပေါ်" ဟု သတ်မှတ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင် အသုံးပြု ယာဉ်တို့တွင် အရောင်အဖြစ် အနီနှင့် အပြာဖြစ်ကာ အသံစနစ်ကို
"၀ီးအောင်-၀ီးအောင်" ဟူ၍ သတ်မှတ်ထားမှုများ ရှိကြောင်း သိရသည်။
"အရေးပေါ်ကားတွေမှာ တပ်ဆင်အသုံးပြုရမယ့် မီးအရောင်နှင့် အသံစနစ်ကိုသီး ခြားစီခွဲခြား သတ်မှတ်ပြီးသားပါ။ သတ်မှတ်ထားတဲ့
ယာဉ်တွေက သူ့တို့ရဲ့ အရေးပေါ်တဲ့ အနေအထားအပေါ် မူတည်ပြီး အသံတွေကို မြန်အောင်မြှင့်တင် အသုံးပြုနိုင်တယ်။ အရေးပေါ်ယာဉ် အမျိုးအစား အသုံးပြုသူတွေအနေနဲ့ ကိုယ်ကဘယ်လို အချက်ပြမီး၊ အချက်ပြအသံကို အသုံးပြုမယ်ဆိုတာ စနစ်ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အခုနောက်ပိုင်း တခြားမော်တော်ယာဉ်တွေက အရေးပေါ်
အချက်ပြမီး တပ်ဆင်တာတွေ ရှိနေတဲ့အတွက် စစ်ဆေးအရေးယူ
မှုတွေ ပြုလုပ်နေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးဖြစ်သူ ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားခဲ့သည်။
ထိုသို့ အရေးပေါ်ယာဉ်များတွင် အသုံးပြုသည့် မီးအရောင်နှင့် အသံစနစ်ကို အခြား မော်တော်ယာဉ်များတွင် တပ်ဆင်ထားမှု စစ်ဆေးတွေ့
ရှိပါက မော်တော်ယာဉ်ဥပဒေ ပုဒ်မ -၆၂ ဖြင့် အရေးယူလျက်ရှိပြီး ကျူးလွန်သူကို ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ် ချ
မှတ်နိုင်ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် အရေးပေါ်ယာဉ်သုံးမျိုး၌ ပွိုင့်မီးများ အသုံးပြုရာတွင် အ၀ါရောင်၊ အနီရောင်၊ အပြာရောင်ဟူ၍ အရောင်သုံးမျိုးနှင့် အသံခြောက်မျိုး ခွဲခြားထားပြီး အနီရောင်မှာ တားမြစ်သည့် သတ်မှတ်ချက်၊ အ၀ါရောင်မှာ သတိပေးသည့် သတ်မှတ်ချက်နှင့် အပြာရောင်မှာ အမိန့်ပေးသည့် သတ်မှတ်ချက်များဖြစ်ကြောင်း သိရသည်။
credit--www.motors.com.mm>>> Ref; CMTS
***Kobobowin Myanmar