Friday, February 10, 2017

လေဖြတ် မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်

လေဖြတ် မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်

၁။ ဦးခေါင်းနောက်စေ့ တွင် ခေါင်းကိုက် ခြင်း၊ မကြာ ခဏ မူးဝေခြင်း။
(Sub occipital headache)
၂။ ခြေ လက် တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သား တို့ ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက် ၍ တဆတ်ဆတ် လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)
၎။ မကြာ ခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ် ချိန် ကျဉ် ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)
၆။ ဆီး အနီရောင် သွားခြင်း။
(Redness discolouration of urine)
၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊ မကြာ ခဏ လွတ်ကျ တတ်ခြင်း။
(Freguent fall down of objects when bandling)
၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)
၉။ အမျိုးသား များ အသက် ၄၅-နှစ်ကျော် လျှင် ရက်ရှည် ခြေ,လက် ထုံ ကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီး များ သွေးဆုံးချိန် တွင် ခြေ,လက် များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်း။
(Numbness sensation during menolpasuse)
၁၀။ ရေချိုးပြီး လျှင် မျက်စိ များ ကြာမြင့် စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)
ကြိုတင် သိရှိပြီး လူသားများ အားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ။
Ref; Zin Yaw News
Credit to ကျန်မာရေး ဆိုင်ရာ ဗဟုသုတများ

Thursday, February 9, 2017

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများအကြောင်း

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများအကြောင်း

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများ စာရင်းများအနက် Frontier Myanmar မှ ထုတ်ပြန်ချက်အရ ထိပ်တန်း (၆) ဦးမှာ

(၁) ဦးဇော်ဇော် (Max Myanmar)

(၂) ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လော (Asia World)

(၃) ဦးတေဇ (Htoo)

(၄) ဦးသိမ်းဝေ (ခ) ဆာဂျ့်ပန်း (FMI & Yoma)

(၅) ဦး မိုက်ကယ်မိုးမြင့် (MPRL Oil & Gas)

(၆) ဦးချစ်ခိုင် (Eden) တို့ ဖြစ်သည်။

1. ဦးဇော်ဇော်

အသက် – ၄၈

အဓိလုပ်ငန်း – မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group

အဓိက လုပ်ငန်းအမျိုးအစားများ – ဘဏ်၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ လောင်စာဆီ၊ ကျောက်သံပတ္တမြားနှင့် ရာဘာလုပ်ငန်းများ

ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ဂျပန်ဘတ်စ်ကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဂျင်နရေတာမီးစက်များ တင်သွင်းရန် မြန်မာနိုင်ငံကို ၁၉၉၃ ခုနှစ်က ပြန်ရောက်ခဲ့ပါတယ်။ လုပ်ငန်းအမျိုးအစားတွေက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး နေပြည်တော်မှာ ဘောလုံးကွင်း ဆောက်လုပ်ပေးခဲ့ခြင်းအပါအဝင် စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့အတွက် ဦးဇော်ဇော်ကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ ကလေးဆေးရုံများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသများမှာ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ရေဘေးသင့် ဧရာဝတီတိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကဲ့သို့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ထောက်ပံ့ခြင်းဖြင့် ၎င်းနှင့် ၎င်း၏ ကုမ္ပဏီပုံရိပ်ကို နာမည်ဆိုးများမှ လွတ်မြောက်စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။

ယနေ့အချိန်တွင် မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group ၏လုပ်ငန်းများထဲ၌ ပါဝင်လာခဲ့သော မက်စ်ဓာတ်ဆီဆိုင်များ၊ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်ထားသည့် နိုဗိုတယ် ဟိုတယ် Novotel Hotel နှင့် မွန်ပြည်နယ်မှ ရာဘာစိုက်ခင်းတို့က သိသာထင်ရှားလာသော လုပ်ငန်းများဖြစ်ပါသည်။

.

2. ဦးစတီဗင်လော (ဦးထွန်းမြင့်နိုင်)

အသက် – ၅၇

အဓိလုပ်ငန်း – အေးရှားဝေါ ကုမ္ပဏီ Asia World Company

အဓိက လုပ်ငန်းအမျိုးအစားများ – ဆောက်လုပ်ရေး၊ လေယာဉ်ကွင်းနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများ၊ စွမ်းအင်၊ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ

ဦးစတီဗင်လောသည် မြန်မာနိုင်ငံသမိုင်း၌ အင်အားအတောင့်တင်းဆုံး မူးယစ်ဆေးဝါး ကုန်ကူးသူ လော်စစ်ဟန်၏သား ဖြစ်သည်။ ၎င်းတို့သားအဖနှစ်ဦးသည် အေးရှားဝေါ ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ရာ ဘိန်းစိုက်ပျိုးရောင်းချမှုကို ဖုံးကွယ်ရန် တည်ထောင်ခြင်းဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ ဦးစတီဗင်လောက အဖေဖြစ်သူ၏ ဘိန်းအင်ပါယာလုပ်ငန်းကို စွန့်ခွာပြီး တရားဝင်လုပ်ငန်းများဘက်သို့ ကူးပြောင်းခဲ့သည်။ အေးရှားဝေါသည် နေပြည်တော် တည်ဆောက်ခြင်းတွင် အဓိက ပါဝင်ခဲ့ပြီး အထူးသဖြင့် နေပြည်တော် လေယာဉ်ကွင်း တည်ဆောက်မှုလုပ်ငန်း၌ ပါဝင်ခဲ့သည်။ စစ်တပ်နှင့် နီးစပ်ခဲ့သည့် ဦးစတီဗင်လောကို အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်း သွင်းခဲ့သည်။

အေးရှားဝေါသည် ရန်ကုန်မြို့၏ အကြီးဆုံးဆိပ်ကမ်း လုပ်ငန်းလည်ပတ်မှုကို ကိုင်တွယ်ထားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့မှုစီမံကိန်းလုပ်ငန်း၌လည်း ပါဝင်နေသည်။ ဦးစတီဗင်လောသည် စင်ကာပူနိုင်ငံမှာလည်း ကုမ္ပဏီများစွာ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအတွင်း စင်ကာပူကုမ္ပဏီများ ရင်းနှီးမြုပ်နှံမှုအတွက်လည်း အဓိက တာဝန်ရှိသူတစ်ဦး ဖြစ်သည်။ ၎င်းသည် မကွေး ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ပါသည်။

.

3. ဦးတေဇ

အသက် – ၅၁

အဓိကလုပ်ငန်း – ထူး ဂရု(ပ်) Htoo Group

အဓိက လုပ်ငန်းအမျိုးအစားများ – လေကြောင်းလိုင်း၊ ဟိုတယ်၊ ကျွန်းသစ်၊ တွင်းထွက် သတ္တုပစ္စည်းများ၊ ဘဏ်၊ ဘောလုံး၊ ဖျော်ဖြေရေးလုပ်ငန်းများ

ထင်ရှားသော လုပ်ငန်းများ – Air Bagan၊ AGD Bank၊ Yangon United Football Club၊ Bagan Entertainment

ဦးတေဇသည် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး လုပ်ငန်းရှင်များထဲမှ တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ဆန္ဒပြမှုများမှာလည်း ပါဝင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူလည်းဖြစ်ကာ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပုံမှန်မဟုတ်သော နည်းများနှင့် တည်ဆောက်ခဲ့သည် ဆိုသည်။ ထို့နောက် ၎င်းက ယခင် စစ်အစိုးရ အဓိကခေါင်းဆောင်ဟောင်း ဦးသန်းရွှေ ပြောသမျှကို လိုက်လံ လုပ်ဆောင်နိုင်သောကြောင့် နိုင်ငံရေးအရ အခွင့်အလမ်းသာမှုကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းကို “မြန်မာစစ်အစိုးရအတွက် လက်နက်မှောင်ခိုရောင်းဝယ်သူနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်ကိုင်တုတ်တစ်ဦး”အဖြစ် သတ်မှတ်ခဲ့သည်။

၎င်းက ထူး ဂရု(ပ်) ကို ၁၉၉၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့ပြီး ဝေးလံသောဒေသများမှ ကျွန်းသစ် ထုတ်လုပ်ရောင်းချခြင်းကို အဓိက လုပ်ဆောင်ခဲ့သည်။ ထို့နောက် ယင်းကုမ္ပဏီက နေပြည်တော်မြို့ရှိ ဝန်ကြီးဌာနအဆောက်အအုံများကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကုမ္ပဏီ၏ ထင်ရှားသော လုပ်ငန်းများမှာ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် Asia Green Development Bank၊ ကန်တော်ကြီး ပဲ့လေ့စ်ဟိုတယ် Kandawgyi Palace Hotel၊ အဲပုဂံလေကြောင်းလိုင်း Air Bagan နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း Yangon United Football Club တို့ဖြစ်ကြသည်။

.

4. ဦးသိမ်းငွေ(ဆာ့ခ်ျပန်း)

အသက် – ၆၃

အဓိကလုပ်ငန်း – အက်စ်ပီအေ မြန်မာ Serge Pun & Associates (SPA Myanmar)

အဓိက လုပ်ငန်းအမျိုးအစားများ – အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်၊ စုပေါင်းရင်းနှီးမြုပ်နှံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ကော်ဖီ လုပ်ငန်းများ

ထင်ရှားသော လုပ်ငန်းများ – ရိုးမဘဏ် Yoma Bank၊ အက်ဖ်အမ်အိုင် လေကြောင်း FMI Air၊ စတား စီးတီး Star City၊ မစ်ဆူဘီရှိ မော်တော်ယာဉ် Mitsubishi Motors၊ ကေအက်ဖ်စီ KFC

ဦးသိမ်းငွေ(Serge Pun) သည် မြန်မာနိုင်ငံမှ ပေကျင်းသို့ ၁၉၆၅ ခုနှစ်ဝန်းကျင်က ထွက်ခွာသွားခဲ့ပြီးနောက် ဟောင်ကောင်သို့ ပြောင်းရွှေ့ကာ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၃၄ နှစ်အကြာမှာ ပထမဆုံးအဖြစ် မြန်မာနိုင်ငံသို့ ၁၉၈၉ ခုနှစ်၌ ပြန်လည်ရောက်ရှိလာပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလက ဖေဖာ့ဘ်စ် Forbes မဂ္ဂဇင်းက ၎င်းကို “ကမ္ဘာနှစ်ခုကို ပေါင်းစပ်ပေးသူ”ဟု သတ်မှတ်ခဲ့သည်။ တရုတ် လုပ်ငန်းရှင်တစ်ဦးအဖြစ် မြန်မာနှင့် တရုတ်စီးပွားရေး နှစ်ခုစလုံးမှာ ဝင်ရောက်အခြေချနိုင်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းမှာမူ အမေရိကန်စီးပွားရေး၏ ပိတ်ဆို့အရေးယူမှု စာရင်း၌ မပါဝင်ခဲ့ချေ။

အက်ဖ်အမ်အိုင် First Myanmar Investement နှင့် စင်ကာပူ နိုင်ငံ၌ မှတ်ပုံတင်ထားသော Yoma Strategic တို့ကြားမှ ခွဲထွက်လာသည့် အက်စ်ပီအေ မြန်မာ SPA Myanmar သည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍနှင့် ငွေကြေးကဏ္ဍတို့တွင် အဓိကလုပ်ကိုင်သူ ဖြစ်သည်။ ထို့နောက် လေကြောင်းလိုင်း၊ စိုက်ပျိုးရေးနှင့် အခြား စက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ပြီး တစ်ခါတရံ နိုင်ငံခြား ပါတနာများနှင့်လည်း တွဲဖက်လုပ်ကိုင်လေ့ရှိသည်။

.

5. ဦးမိုက်ကယ်မိုးမြင့်

အသက် – ၆၃

အဓိကလုပ်ငန်း – MPRL E&P

အဓိကလုပ်ငန်းအမျိုးအစားများ – ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း

ဦးမိုက်ကယ်မိုးမြင့်သည် မြန်မာနိုင်ငံ၏ “အအောင်မြင်ဆုံးနဲ့ တရားနည်းလမ်း အကျဆုံး စီးပွားရေးလုပ်ငန်းရှင်”တစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် ၎င်းအကြား အငြင်းပွားမှုကို ဖော်ပြခဲ့သည့် အမေရိကန်သံရုံးမှ ပေါက်ကြားသောသတင်းက ဆိုသည်။ ထို့နောက် ၎င်းကို အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုမှ ဖယ်ရှားရန်လည်း တောင်းဆိုခဲ့သည်။ ဦးမိုက်ကယ်မိုးမြင့်သည် ခရိုနီများနှင့် ပတ်သက်ခြင်း မရှိကြောင်း ကြေညာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ခဲ့သည့်အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များက သဘောကျခဲ့ကြသည်။

.

6. ဦးချစ်ခိုင်

အသက် – ၆၈

အဓိကလုပ်ငန်း – အေဒင် ဂရု(ပ်) Eden Group

အဓိလုပ်ငန်းအမျိုးအစားများ – ဆောက်လုပ်ရေး၊ ဘဏ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်၊ ဆန်၊ စွမ်းအင်၊ ကျောက်မီးသွေး၊ လောင်စာဆီ

ထင်ရှားသော လုပ်ငန်းများ – မက်ပ်ကို MAPCO၊ မြန်မာ့ရှေ့ဆောင်ဘဏ် Myanma Apex Bank၊ ဟီတန် ဟိုတယ် Hilton Hotel၊ ဖူဂျီ ကော်ဖီဟောက်စ် Fuji Coffee House

ဦးချစ်ခိုင်၏ စီးပွားရေးအင်ပါယာသည် ၁၉၉၀ ပြည့်နှစ်များမှာ ဆောက်လုပ်ရေး လုပ်ငန်းနှင့် စတင်ခဲ့သည်။ ၎င်း၏ အေဒင်ဂရု(ပ်)သည် ဟိုတယ်၊ ဘဏ်နှင့် စိုက်ပျိုးရေး လုပ်ငန်းနယ်ပယ်များမှာ အကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ အခြားမြန်မာ လုပ်ငန်းရှင်များနည်းတူ အေဒင်ဂရု(ပ်)သည် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းစဉ်များ၌ ပါဝင်ခဲ့သည်။ အခြားလုပ်ငန်းရှင်များကဲ့သို့ ၎င်းသည်လည်း စစ်တပ်နှင့် ဆက်သွယ်မှုများ ရှိခဲ့သဖြင့် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံရသူများ စာရင်းမှာ ပါဝင်ခဲ့သည်။

၎င်းသည် လွန်ခဲ့သောနှစ် အနည်းငယ်မှစပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ဦးချစ်ခိုင်သည် မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌလည်းဖြစ်ကာ ဆင်းရဲသော လယ်သမားများ၏ ကလေးများအတွက် တက္ကသိုလ် ပညာသင်ဆုများ ပေးအပ်လေ့ရှိပြီး

မြန်မာ့ရှေ့ဆောင်ဘဏ်မှတစ်ဆင့် လယ်သမားများ ခေတ်မီလယ်ထွန်ပစ္စည်းများ သုံးနိုင်စေရေးအတွက် အသေးစားချေးငွေများ ထုတ်ချေးပေးလေ့ရှိသည်။

.

ဘာသာပြန်- ရဲထွဋ်သိန်း

Source: http://frontiermyanmar.net/mm/news/1368

Ref : Mizimma Media

==========

ကလေးများခွေးများကို မကိုင်ပါနဲ့

နွေရာသီ ရောက်တော့မည်  ကလေးများခွေးများမကိုင်ပါနှင့်  ထပ်ဆင့်ဝေမျှ ပါသည်

ဆရာ  U  MgMgMyint
===================copy

ဒီလို အဖြစ်မျိုးကြုံခဲ့ရင် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း မရှိသလောက်ပါပဲ။

ကမ္ဘာ့ ဆေးသမိုင်းမှာ ဒီလိုအဖြစ်မျိုးကြုံပြီး
အသက်ရှင်သွားသူဆိုလို့ (၆) ယောက်လားပဲ ရှိသေးတယ်။
သေဆုံးဖို့ ရာခိုင်နှုန်းပြည့် ဆိုရမှာပါ။

၁၉၈၅ ခုနှစ် လတစ်လရဲ့ တစ်ခုသော ညသန်းကောင်မှာ
ရန်ကုန်မြို့မှာရှိတဲ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်
ဆရာဦးတင်ဦးနဲ့ သမားတော်ကြီးတစ်စု
ကျွမ်းကျင်ပညာရှင်တချို့ဟာ
မြောက်ဥက္ကလာပဆေးရုံကြီး ကလေးကုသဆောင်ကို အရေးပေါ် လာရောက်ကြပြီး

ကလေးလူနာတစ်ဦးကို
သေသေချာချာ စစ်ဆေးပြီး
အသေးစိတ်တိုင်ပင်နေကြပါတယ်။

ဒီကလေးငယ်ဟာ ဆေးရုံကို သတိလစ်လိုက် တက်လိုက်နဲ့ ရောက်လာတာဖြစ်ပါတယ်။
ဦးနှောက်ယောင်ယမ်းတာ (Encephalitis) လိုလို
ဦးနှောက်မြှေး ယောင်ယမ်းတာလိုလို (Meningitis) အနေအထားကနေ
ရေသောက်တဲ့အခါ မြိုရခက်နေတာကြောင့်

နောက်ဆုံး ခွေးရူးပြန်တယ်လို့ သံသယရှိလာတဲ့အတွက်ကြောင့်
ဆိုင်ရာ အဆင့်ဆင့်ကို သတင်းပို့ရာက ရောက်လာကြတာပါပဲ။

လူနာနဲ့ ပတ်သက်လို့ အသေးစိတ် မေးမြန်းတဲ့အခါ

များမကြာမီ ကာလက ခွေးကိုက်ခံရဖူးကြောင်း ပေါ်ပေါက်ပါတယ်။

ဘယ်ခွေးက ကိုက်လိုက်တာလဲ သိတဲ့အခါ

အခုလို ဆရာကြီးများ ညနက်သန်းကောင် လာရောက်ဖို့ ဖြစ်လာတော့တာပါပဲ။

ကလေးရဲ့ ဖခင်က အဲဒီအချိန်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ
အထွေထွေ အတွင်းရေးမှူး ဦးအေးကိုရဲ့ အိမ်တော်က ဝန်ထမ်းဖြစ်ပါတယ်။

ပါတီ ထိပ်တန်းခေါင်းဆောင် (၅) ဦးလောက်ထဲကဆိုတော့ အရေးကြီးပုဂ္ဂိုလ်ဆိုပါတော့။

ဒီလူကြီးမှာ အလွန်ချစ်တဲ့ ခွေးတကောင်ရှိပြီး လက်ပွန်းတတီး နေပါတယ်။
လူနာရဲ့ ဖခင်က အဲဒီခွေးကို ကြည့်ရှုစောင့်ရှောက်ရပြီး ကလေးဟာ မတော်တဆ အကိုက်ခံရတာပါ။

ဒါကြောင့် ကလေးဟာ ခွေးရူးပြန်ရောဂါဆိုရင် ကိုက်တဲ့ခွေးဟာ ခွေးရူးပြန်ရောဂါပိုး ရှိနေတာမို့
သူကတဆင့် အရေးကြီးပုဂ္ဂိုလ်အတွက် သတိပေးချက် ထုတ်ပြန်တာ ဆောင်ရွက်ရမှာမို့ပါ။

ကလေးရဲ့ ရောဂါ ခွေးရူးပြန်တာ ဟုတ်မဟုတ်က clinical စမ်းသပ်တာနဲ့ပဲ ဆုံးဖြတ်ရပါတယ်။

ဓါတ်ခွဲခန်း အတည်ပြုချက်ဆိုတာ ဦးနှောက်မှာ NEGRI BODY ဆိုတာကို တစ်သျှူးဆေးဆိုးပြီးမှ သိနိုင်တာမို့ မဖြစ်နိုင်ပါ။

ခွေးမှာ Negri hody ရှိမရှိဆိုတာလည်း ခေါင်းဖြတ်ပြီး ဓါတ်ခွဲခန်းပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဒီတော့
ကလေးကို ဂရုတစိုက် စောင့်ကြည့်ဖို့အပြင်

သတိပေးချက် မထုတ်ပြန်လို့ ဟိုလူကြီး ခွေးကိုက်ခံရရင်.. ပြသနာ

မဟုတ်ဘဲ ခွေးခေါင်းဖြတ်မိရင် ဖြစ်လာမယ့် ပြဿနာ

ဒိလိုအကြောင်းတွေကြောင့် စုဝေးရောက်လာကြတာပါ။

နောက်ဆုံးတော့

ဒီခွေးမှာ ပြဿနာ အနည်းငယ်ရှိလို့
သီးခြားလှောင်အိမ်မှာ ထိန်းသိမ်းစောင့်ကြည့်ပြီး
လူနဲ့ အနီးကပ်မထားဖို့ အကြောင်းကြားရပါတယ်။

ဒီလိုနဲ့ နောက်ထပ် ၂၄ နာရီ ၃၆ နာရီ အကြာမှာ
ကလေးဟာ ခွေးရူးပြန်လက္ခဏာများနဲ့ သေဆုံးပါတယ်။

သေဆုံးပြီးနောက် ဦးနှောက်ပိုင်းကို ဓါတ်ခွဲစစ်ဆေးတဲ့အခါ

Negri Body ဆိုတာ ရှာတွေ့တဲ့အတွက်
ခွေးရူးပြန်ရောဂါဖြစ်ကြောင်း အတည်ပြုနိုင်ပါတော့တယ်။

နောက်ဆက်တွဲ အိမ်တော်က ခွေးနဲ့ လူကြီးအကြောင်း ဆက်လုပ်တာတွေ ထားလိုက်ပါတော့

လတ်တလော
ကလေးမကွယ်လွန်ခင် ကိုယ်တွယ်ထားတဲ့ ပါမောက္ခဆရာကြီးများအပါအဝင်
ဆေးဝန်ထမ်းတွေ ခွေးရူးကာကွယ်ဆေး ထိုးသင့် မထိုးသင့်ဆိုတာ ပြဿနာ ပေါ်ပေါက်ပါတယ်။

ခွေးရူးကာကွယ်ဆေး (၂) မျိုးရှိရာမှာ

၁။ ခွေးကိုက်ခံရလို့ ရူးမရူးမသေချာသေးခင် ထိုးတဲ့ ARV (Anti Rabies Vaccine)
ဒါကတော့ ခွေးရူးပိုး အရှင်ကောင်ကို ရောဂါဖြစ်နိုင်စွမ်း ထိန်းချုပ်ပြီး မွေးထားတဲ့ပိုးပါ။ live attenuated vaccine
ဒါထိုးလိုက်တဲ့အခါ ပိုးဝင်လာရင် ခံတိုက်နိုင်မယ့် Antibody ထုတ်ပေးထားပြီး ရောဂါပိုးအစစ်ဝင်လာတာကို ခံတိုက်ဖို့ အဆင်သင့် ဖြစ်စေတာပါ။

ပြဿနာက
အဲဒီခေတ် အဲဒီအချိန်မှာ vaccine ထုတ်လုပ်ပုံ နည်းစံနစ်မှာ တစုံတရာအားနည်းချက်ရှိခဲ့ရင်

ဒီ ပိုးအရှင်ကောင်ကြောင့် ကာကွယ်ဆေးကြောင့်
ခွေးရူးပြန်တတ်ခြင်းနဲ့
ဦးနှောက်အမြှေးယောင် Meningitis
ဦးနှောက်ယောင် Encephalitis စတဲ့ အင်မတန် စိတ်ပူစိုးရိမ်ရတဲ့ side effect ရှိတာပါပဲ။

စိတ်ချရတဲ့ ဆေးအနေနဲ့ ပြောရရင်  ViroRab ဆိုတာရှိပါတယ်။

ဈေးကွက်မှာ ရှာရအလွန်ခက်ပြီး ဘန်ကောက်ကို လူကြုံမှာ ရေခဲဗူးနဲ့ သယ်ရပါတယ်။
ဈေးအလွန်ကြီးပါတယ်။

အမေရိကန်သံရုံးမှာ သံရုံးမိသားစုတွေအတွက် အသင့်ဆောင်ထားတဲ့ ViroRab တွေတော့ရှိပါတယ်။

၁၉၈၈-၈၉ မှာ မိတ်ဆွေ မိသားစုဝင်၃ယောက် အကိုက်ခံရတဲ့အခါ
ဒီလိုဆေးကို ဘန်ကောက်မှာပြီး ပြည့်စုံအောင်ထိုးရပါတယ်။

တစ်ယောက် ၂သိန်းဖိုးနဲ့ ၆သိန်းလောက် ကုန်ကျခဲ့တယ် ။ (ရွှေဈေး တစ်သောင်းကျပ်ပါ)

နောက်ဒုတိယဆေးကတော့
၂။ ခွေးရူးပြန်မှ ထိုးတဲ့ Anti Rabes Serum.. ပါ။

ဈေးကြီးတယ်။ ရှာမရဘူး။ Side effect တွေ များတယ်။

ဝန်ထမ်းလစာ ၅၀၀ ကျပ်လောက်မှာ
စိတ်ချရတဲ့ ကာကွယ်ဆေး .
လက်လှမ်းမမီတဲ့ ဈေး
ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်...

ဒီလို အဖြစ်မျိုးကြုံခဲ့ရင် အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း မရှိသလောက်ပါပဲ။
ကမ္ဘာ့ ဆေးသမိုင်းမှာ ဒီလိုအဖြစ်မျိုးကြုံပြီး အသက်ရှင်သွားသူဆိုလို့ (၆) ယောက်လားပဲ ရှိသေးတယ်။

ဆိုလိုတာ
ခွေးရူးပြန်ပြီဆိုရင် အသက်ရှင်ဖို့ အခွင့်အလမ်း မရှိသလောက်ပါပဲ။

ဒါကြောင့် ခွေးကိုက်ခံရတဲ့အခါ
ကိုက်တဲ့ခွေးကို ၁၀ ရက် ၁၄ ရက်လောက် သွားစောင့်ကြည့်ရပါတယ်။
ဒိရက်အတွင်းရူးသွားရင်
ကိုယ့်ကို ကိုက်လိုက်တဲ့အချိန် ခွေးသားရေထဲမှာ ရောဂါပိုးရှိနေပြီး ဖြစ်လို့
ကိုယ့်ကို ကူးစက်နိုင်ပြီဆိုတာ သေချာသလောက်ပါပဲ။

ခွေးသေခဲ့ရင် ဒါမှမဟုတ် ရူး မရူး စိတ်မချရင်
ခွေးခေါင်းဖြတ်ပြီး ရေခဲဗူးနဲ့ ဓါတ်ခွဲခန်း ပို့ စစ်ရပါတယ်။

ခွေးကိုက်ခံရတဲ့ ဒါဏ်ရာကို မချုပ်ရပါ။

ခွေးရူးပြန်တဲ့အခါ
အကြမ်းဖျင်း ပြောရရင်
ဖျားမယ် . တက်မယ်အပြင်
ရေဆာသော်လည်း ရေကို မြိုလို့ မရတဲ့အတွက်
ဘာမှ စားမရ သောက်မရနဲ့
အတော်မချိမဆန့် ခံစားရပြီးမှ သေဆုံးရတာပါ.။

မြန်မာပြည်မှာ တစ်နှစ် လူတစ်ထောင်လောက် ခွေးရူးပြန်ရောဂါနဲ့ အသက်ဆုံးရှုံးကြရတယ်။

သတိထားဖို့က
တကမ္ဘာလုံးမှာ လက်၂ဖက် မပြည့်တဲ့
ခွေးရူးပြန်လူနာ (၆) ယောက်လားပဲ ရှင်ဖူးပါသေးတယ်။

၁၅.၅.၂၀၁၆

Photo credit to google image,
=====================

Wednesday, February 8, 2017

အ​တွေးအ​ခေါ်​ကောင်းများစွာကို လမ်းညွှန်​ခဲ့​သော ​ကျေးဇူးရှင်​ကြီးကို ​လေးစားစွာ ကန်​​တော့လျှက်

တစ်​ကိုယ်​လုံးတန်​ဖိုး​တွေ တွက်​ပြ​တာ ​ခေတ်​စားလာ​တော့
ကြုံဖူးတာ​လေး ​ပြောပြချင်​တယ်​..
ဟိုးတစ်​​လောက အန်​ကယ်​တစ်​​ယောက်​ သူ့နာရီချွတ်​ပြီး
" ဒီနာရီဘယ်​​လောက်​တန်​မယ်​ထင်​လဲ မှန်းကြည့်​"
ဆိုပြီး ကျွန်​​တော့်​ကို​​မေးတယ်​..
(သူကချမ်းသာ ​အောင်​မြင်​​နေတဲ့ ကုမ္ပဏီပိုင်​ရှင်​တစ်​ဦးပါ)

မမှန်းတတ်​ဘူးခင်​ဗျ လို့​ပြောလိုက်​​တော့ သူက
ပြန်​​ပြောတယ်​..
အ​မေရိကန်​​ဒေါ်လာ ၆သိန်း တန်​တယ်​တဲ့..
မြန်​မာ​ငွေနဲ့ဆို သိန်း ၇၈၀၀ ​ကျော်​တန်​တာ​ပေါ့..
(အမ​လေးဗျ... အံ့သြလို့မပြီး​သေး..)
"ဟိုပွဲ ဒီပွဲ အခမ်းအနား​တွေမှာ တစ်​ခါလာလည်း ဒီနာရီ
တစ်​ခါလာလည်း ဒီနာရီ ဖြစ်​​နေမှာစိုးလို့
ဒေါ်လာ ၆သိန်း ၇သိန်း တန်​ နာရီချည်း ၅ လုံး​လောက်
ဝယ်​ထားတယ်​" ဆို​တော့.....
ဟို​က်......ရှားဘား.... ကျွန်​​တော်​ ပက်​လက်​လန်​သွားတယ်​...

(ကိုယ်​​တွေ တစ်​မျိုးလုံး တစ်​​ဆွေလုံးပိုင်​ဆိုင်​မှုကို​ပေါင်းရင်​​တောင်
သူ့နာရီဖိုး​မရှိဘူး..)

ဒါ​ပေမဲ့....
အခု​တော့ အဲ့ဒီနာရီထဲက တစ်​လုံးပြီး တစ်​လုံးပြန်​​ရောင်း​နေပြီတဲ့..
" စီးပွား​ရေးအတွက်​​ငွေလိုလို့လား..အန်​ကယ်​.." လို့​မေးလိုက်​​တော့
" မဟုတ်​ဘူး ..ဆင်းရဲတဲ့ ​ဝေးလံ​ခေါင်​ဖျားက က​လေး​တွေ
စာသင်​နိုင်​​အောင်​ စာသင်​​ကျောင်း​တွေကို
ဒီနာရီ​တွေနဲ့ ​ဆောက်​မလို့ကွ..
နာရီတစ်​လုံး​ရောင်းရတဲ့​ငွေနဲ့တင်
ကျောင်း​ပေါင်းများစွာ ​ဆောက်​နိုင်​တယ်​ သား​ရေ.." ဆို​တော့
ကျွန်​​တော်​ ဘာပြန်​​ပြောရမလဲမသိရ​တော့​လောက်​​အောင်​ 
တော်​​တော်​​လေး ပီတိဖြစ်​သွားပါတယ်​..

"သားအရက်​​သောက်​တတ်​လား.."
သူကဆက်​​မေးတယ်​..
"ဟုတ်​ကဲ့ တစ်​ခါတစ်​​လေ..​ပေါ့.."

"အရက်​ဘယ်​​လောက်​တန်​​သောက်​ဖူးလဲ.."
"ဘလူး​လေဘယ်​​လောက်​အထိပဲ အမြင့်​ဆုံး​သောက်​ဖူးပါတယ်​.."

"အန်​ကယ့်​မှာလည်း သူငယ်​ချင်းတစ်​​ယောက်​ရှိတယ်​..
သူက ​နေ့တိုင်းအရက်​​သောက်​တယ်​..
သူ​သောက်​တဲ့အရက်​က တစ်​ပုလင်းကို
မြန်​မာ​ငွေ သိန်း ၆၀ ​ကျော်​တန်​တယ်​..
တစ်​ပုလင်း ကုန်တာနဲ့ေ​နာက်တစ်ပုလ​​င်း တန်း​ဖောက်​တာပဲ..
တစ်​​နေ့​တော့ အန်​ကယ်​က သူ့ကို​မေးတယ်​..
သူငယ်​ချင်း..သူငယ်​ချင်း​ပေါ့..မင်း​သောက်​တဲ့အရက်​က
သေး​ပေါက်​ရင်​ ​ရွှေပြန်​ထွက်​ကျလားလို့.."

(ကျွန်​​တော်​ပြုံးမိတယ်​..ဟုတ်​ပ ..
အရက်​ပဲဟာ ဘာဖြစ်​လို့ဒီ​လောက်​​ထိဈေးကြီးရတာလဲ​​နော်​..)

"မင်း​သောက်​တဲ့အရက်​တစ်​လုံးက ​ရေရှားတဲ့​ဒေသက
ရွာတစ်​ရွာမှာ အ၀ီဇိတွင်း တစ်​တွင်းတူးလို့ရတယ်​ကွ..
ပေးစမ်း အရက်​တစ်​လုံးဖိုး ..မနက်​ဖန်​မင်း အရက်​မ​သောက်​နဲ့
ဆိုပြီး အန်​ကယ်​က သူ့ဆီက အရက်​တစ်​လုံးဖိုး ယူလာပြီး
ရေရှားတဲ့ ​ဒေသတစ်​ခုမှာ ​ရေတွင်းတစ်​တွင်း တူး​ပေးလိုက်​တာ..
တစ်​ရွာလုံး ​ရေအလျှံအပါယ်​သုံး​ရလို့ 
ပျော်​​နေကြတာကိုလည်း မြင်​သွား​ရော
အဲ့ဒီသူငယ်​ချင်း အခု အရက်​ ​လျော့သောက်​​ပြီး
မြန်​မာနိုင်​ငံအနှံ့​ရေတွင်းတူးတဲ့အလှူ​​တွေ လှူ​နေ​လေရဲ့...
ခုဆို ရွာ​ပေါင်းများစွာမှာ ​ရေတွင်း ​ရေကန်​ လှူပြီး​​သွားပြီ သား​ရေ..."

(သာဓု သာဓု သာဓု ...)

"မ၀တ်​ရဘူး..မစားရဘူး..မ​သောက်​ရဘူးလို့
အန်ကယ်မ​​ပြောဘူး​နော်​..သား..
သူ့အိုးနဲ့ သူ့ဆန်​ တန်​​အောင်​​တော့ ၀တ်​ရမယ်​ စားရမယ်​..
ဒါ​ပေမဲ့ အဲ့ဒီအရာ​တွေအ​ပေါ်​တော့ မက်​မက်​​မော​မော လုပ်​မ​နေနဲ့..
ဒါဘယ်​​လောက်​တန်​လည်းဆိုတာလည်း ထုတ်​ကြွားစရာမလိုဘူး..

ဒီ့ထက်​​ကောင်းတဲ့ ဒီ့ထက်​တန်​ဖိုးကြီးတဲ့ ပစ္စည်း​တွေကို
သုံးနိုင်​တဲ့သူ​တွေက မင်းကို င​ပေါကြီးဆိုပြီး ​​ပြောလိမ့်​မယ်​သားရဲ့..
မင်းကိုယ်​မင်း​တော့ အဟုတ်​ကြီးထင်​​နေမှာ​ပေါ့..
မင်းထက်​ အဆ​ပေါင်းများစွာချမ်းသာသူ​တွေအတွက်​က​တော့
မင်းဟာ င​ပေါကြီးပဲ..
ရုပ်​၀တ္ထုပစ္စည်းတိုင်းဟာ တန်​ဖိုးဖြတ်​လို့ရတယ်​ကွ..
တကယ့်​တန်​ဖိုးဖြတ်​မရတဲ့ ရတနာ​ဆိုတာ ဘာလဲသိလား သား.."

"မသိပါဘူး ..အန်​ကယ်​"

"သီလ သမာဓိ ပညာ..မင်းရဲ့ ကိုယ်​ကျင့်​တရား..
နောက်​ပြီး ​လောက​ကောင်းကျိုး အများအကျိုး ဘယ်​​လောက်
သယ်​ပိုးပြီးပြီလဲဆိုတာ​တွေသာ တန်​ဖိုးမဖြတ်​နိုင်​တဲ့
ရတနာ​တွေဖြစ်လို့ ဒီရတနာ​တွေသာ တကယ့်​အဖိုးတန်
တကယ့်​အနှစ်​သာရ​တွေပါ သား​ရေ..
ကြွားချင်​သလား..အဲ့ဒီရတနာ​တွေသာ မင်းထုတ်​ကြွားစမ်းပါ..
မင်းထက်​ အဆ​ပေါင်း သိန်းသန်းချီ ချမ်းသာတဲ့သူ​တွေက
မင်းကို ဦးညွှတ်​မှာဖြစ်​တဲ့အပြင်​ တစ်​​လောကလုံးက
သာဓု​ ခေါ်ပါလိမ့်​မယ်​ကွယ်​.."

(​ရင်​ထဲကို​အေးချမ်းသွားတာပဲ..
ကောင်းလိုက်​တဲ့ အနှစ်​သာရ စကား​တွေပါလား..)

"ကဲ အချိန်​လဲ ​​လင့်​ပြီ...သားက နယ်​ကိုပြန်​ရမှာမဟုတ်​လား..
ဘယ်​နှစ်​နာရီကားလဲ ကိုစိုးထိုက်​.."

ကျွန်​​တော်​က လက်​မှာပတ်​ထားတဲ့ နာရီကိုကြည့်​ပြီး..
"၄ နာရီ ဖဒို_ရန်​ကုန်​ မြတ်​ရတနာကား
လက်​မှတ်​ဖြတ်​ထားတာ အန်​ကယ်​..ဟုတ်​..
အချိန်​​တောင်​ကပ်​​နေပြီ..
ခွင့်​ပြုပါအုံးခင်​ဗျာ.."

"ကဲကဲ...သွား..သွား...
မင်းလက်​က နာရီလည်း ဒီအချိန်​ပဲ..
အန်​ကယ့်​လက်​က သိန်း ၇၈၀၀ ​ကျော်​တန်​နာရီလည်း ဒီအချိန်​ပဲ..
လမ်း​ဘေးက ၃ထောင်တန်​နာရီလည်း ဒီအချိန်​ပဲ..
နာရီတစ်​လုံးရဲ့ တန်​ဖိုးက အချိန်​မှန်​ခြင်းပဲသား..
လူတစ်​​ယောက်​ရဲ့ တန်​ဖိုးက​တော့ ကိုယ်​ကျင့်​တရား နဲ့
သီလ သမာဓိ ပညာပါပဲ သား​ရေ..
အဓိကနဲ့ သာမည ခွဲတတ်​ပါ​စေ..
တန်​ဖိုး အစစ်​ကို တန်​ဖိုးထားတတ်​ပါ​စေကွယ်​.."

ကျွန်​​တော်​သည်​ အဖိုးမဖြတ်​နိုင်​​သော ဆုံးမစကားတို့ကို
ရင်​မှာမှတ်​သားလျှက်
၂သောင်း တန်​နာရီ..
၅ထောင် တန်​ပုဆိုး..
၈ထောင် တန်​အင်္ကျီ..
၃ထောင် တန်​ကတ္တီပါဖိနပ်​တို့ကိုစီးကာ
ခိုင်​မာ​သော ကိုယ်​ကျင့်​တရား နှင့်​ သီလ သမာဓိ ပညာကို
နက်​ရှိုင်းစွာ ​ဆောက်​တည်​ပြီး
ဤ​လောကကြီးတွင်​ ​ရင်​​ကော့ ​ခေါင်း​မော့ကာဖြင့်
ဝင့်​​၀င့်​ကြွားကြွား ရှင်​သန်​သွားဖို့ ဆုံးဖြတ်​လိုက်​ပါ​တော့သည်​..။....။

..........................................

အ​တွေးအ​ခေါ်​ကောင်းများစွာကို လမ်းညွှန်​ခဲ့​သော ​ကျေးဇူးရှင်​ကြီးကို
လေးစားစွာ ကန်​​တော့လျှက်​..

#SoeHtike
ကိုစိုးထိုက်​(ဖဒို)
7.2.2017