Sunday, January 20, 2019
ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)
ပြာသိုလပြည့်နေ့
(ရှင်တစ်ထောင်အခါတော်နေ့)
ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး
ဥရုဝေလကဿ      ဦးဆောင်သော
ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿ     ဦးဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿ      ဦးဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿ     ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။
ဥရုဝေလကဿ       နှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာခေါးပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။
ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။
ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿ     နှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿ     နှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿ     နှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။
ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ "အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့" ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများအားလုံးလည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့် ဘုရားရှင်ဟောကြားဆုံးမသော ဒါန သီလ ဘာဝနာတရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယတွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
မူရင်းရေးသားသူအားလေးစားစွာဖြင့်
credit ပေးပါသည်။
Tuesday, January 8, 2019
ရန်ကုန်ထမင်းပေါင်း ကိုယ်တိုင်ချက်နည်း
ရန်ကုန်ထမင်းပေါင်း (၃ ပွဲ - ၄ ပွဲစာအတွက်)
ရန်ကုန်ထမင်းပေါင်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ကော
မန္တလေးသူပေမယ့် ရန်ကုန်ထမင်းပေါင်းလဲ ကြိုက်တယ်ရှင့်။ ဟင်းများများမချက်ချင်တဲ့ နေ့ ဆို ရန်ကုန်ထမင်းပေါင်းလေးချက်စားလိုက်ရင် အားလုံးအဆင်ပြေတယ်။ အသီးအနှံလဲ ပါတယ်။ အသားလဲပါတယ်။ စားလို့ လဲကောင်းတယ်။ လုပ်စားကြည့်ကြနော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား - ၁၀ သား
၂။ ကြက်မြစ် ကြက်သည်း - ၁ စုံ
၃။ ပုဇွန်အသေး - ၁၀ သား
၎။ ငုံးဥ - ၆ လုံး
၅။ ကိုက်လန် - ၄ ပင်
၆။ ပန်းမုန်လာ - လက်တဆုပ်စာ
၇။ အစိမ်းေ၇ာင် ပန်းမုန်လာ - လက်တဆုပ်စာ
၈။ မုန်လာဥနီ - ၁ ဥ
၉။ ဂေါ်ဖီထုပ် - လက်တဆုပ်စာ
၁၀။ မုန်ညှင်းဖြူ - အနည်းငယ်
၁၁။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၄ ဇွန်း
၁၂။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၃။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၁၄။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၁၅။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၁၆။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၇။ ကော်မှုန့် (သို့ ) ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
၁၈။ ကြက်သွန်ဖြူ - ၂ မွှာ
၁၉။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ကြက်သားကို အတုံးအသေးလေးတွေ (သို့ ) ရှည်ရှည်ပါးပါးလေးတွေလှီးထားပါ။ ကြက်မြစ် ကြက်သည်းကိုလဲ သန့် စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ ပုဇွန်ကို အခွံနွှာထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံနွှာထားပါ။
၂။ အသီးအနှံများကို ရေဆေးသန့် စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်အစားလှီးထားပါ။ မာသော အသီးအနှံများဖြစ်တဲ့ မုန်လာဥနီ၊ ပန်းမုန်လာ၊ အစိမ်းေ၇ာင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ ကို သတ်သတ်၊  ဂေါ်ဖီထုပ်၊ မုန်ညှင်းဖြူ နှင့် ကိုက်လန် အ၇ွက်တို့ ကိုသတ်သတ်စီထားပါ။ ကော်မှုန့် ကိုတရုတ်ထမင်းစားပန်းကန်လုံးထဲထည့်ရ်ျ ရေကို ပန်းကန်လုံးပြည့်ခါနီးထိထည့်ပြီး ကော်မှုန့် အရည်ပျော်အောင်ဖျော်ထားပါ။
၃။ ဒယ်အိုးကြီးကြီး တခုထဲတွင် ဆီကိုထည့် အပူပေးပြီး ဆီပူလာလျှင် ဓါးပြား၇ိုက်ထားသော ကြက်သွန်ဖြူကို ထည့်ရ်ျ ဆီသတ်ပါ။
၎။ ကြက်သွန်ဖြူ အနံ့ မွှေးလာလျှင် အသား၊ ကြက်သည်းကြက်မြစ်ကို အ၇င်ထည့်ကြော်ပါ။ ကျက်လျှင် ပုဇွန်ကို ထည့်ပါ။ ပဲငံပြာရည်အကျဲကို ထမင်းစားဇွန်း ၁ ဇွန်းနှင့် သကြား (သို့ ) အချိုမှုန့် ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ရ်ျ သမအောင်ကြော်ပါ။
၅။ ပြီးလျှင် မာသော ဟင်းသီးဟင်းရွက်များဖြစ်တဲ့ မုန်လာဥနီ ၊ ပန်းမုန်လာ၊ အစိမ်းရောင်ပန်းမုန်လာ၊ ကိုက်လန်အရိုးတို့ ကိုထည့်ရ်ျ အရင်ကြော်ပါ။ ဆား၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၃ ဇွန်း၊ သကြား(သို့ ) အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး၊ ကြက်သားမှုန့် တို့ ကို ထည့်ပါ။ ရေကို အသီးအနှံ့ များဖုံးရုံလောက်ထည့်ပါ။ ထို့ နောက် ၂ မိနစ်လောက် အဖုံးမအုပ်ပဲ မွှေပြီးကြော်ပေးပါ။ (အဖုံးအုပ်လိုက်ရင် အစိမ်းရောင်များနွမ်းသွားလို့ ပါ။)
၆။ ပြီးမှ ကျန်သော အရွက်များကို ထည့်၊ ခရုဆီ၊ ငုံးဥ၊ အရည်ဖျော်ထားသော ကော်မှုန့် တို့ ကိုထည့်ပြီး ၂ မိနစ်လောက် မွှေကြော်ပါ။ အပေါ့အငံ မြည်းရ်ျ မီးဖိုပေါ်မှချပါ။
၇။ ထမင်းပေါင်းလုပ်ရန်အတွက် ထမင်းကို အလယ်မှာထား အပေါ်ကနေ အသီးအနှံ ကြော်ထားတာကို ဆမ်းပြီး ကြက်ဥကြော်လေးဖြင့် သုံးဆောင်နိုင်ပါပြီ။
Saturday, January 5, 2019
အသက်​ ၄၀​ကျော်​လာပြီဆိုရင်
အသက်​ ၄၀​ကျော်​လာပြီဆိုရင်
တစ်​ဦးတစ်​​ယောက်​အတွက်
အချိနိတိုင်း လွမ်းဆွတ်​တသ​နေရမဲ့
အရွယ်​မဟုတ်​​တော့ဘူး
ပြန်​မရနိုင်​​တော့တဲ့အရာ​တွေ
တမ်းတရင်း ၀မ်းနည်း​နေရမဲ့
အရွယ်​မဟုတ်​​တော့ဘူး
တစ်​စုံတ​ယောက်​ကို နာကျည်းပြီး
မုန်းတီး​နေရမဲ့ အရွယ်​မဟုတ်​​တော့ဘူး
အရွယ်​​လေးရလာ​တော့
တွေး​တွေးဆဆနဲ့​ပေါ့
ချစ်​တာ​တွေ မုန်းတာ​တွေ​ဘေးဖယ်
အလိုက်​သင့်​​နေရမဲ့အရွယ်
ဖြစ်​​နေပြီ
အ​ဆင်​​ပြေတာမ​ပြေတာအပထား
ရင်​ဘတ်​ကြီးနဲ့လိုက်​မခံစားပဲ
ဘ၀ကို​ပေါ့​ပေါ့ပါးပါး
ဖြတ်​သန်းရမဲ့အရွယ်
ဒီလူက ကိုယ့်​ကိုမချစ်​ဘူး
မခင်​တွယ်​ဘူးမဟုတ်​လား
ထားခဲ့လိုက်​​တော့
ဒီလူက ကိုယ့်​ကိုသံ​ယောဇဉ်
မရှိဘူးမဟုတ်​လား သူ့အတွက်
အချိန်​​တွေအကုန်​ခံမ​နေပါနဲ့
ကိုယ့်​အ​ပေါ်မှာ
နားမလည်​နိုင်​တဲ့လူ
ကိုယ်​ချင်းစာမ​ပေးနိုင်​တဲ့လူ
မခင်​တွယ်​နိုင်​တဲ့သူ
မကြင်​နာနိုင်​တဲ့သူ
သတိမရတဲ့သူ
သူ့အ​ကြောင်း​တွေမ​တွေးနဲ့​တော့
လွှတ်​ချထားခဲ့
ဘာလို့လည်းသိလား
အချိနိ​တွေသိပ်​မရှိ​တော့ဘူး
အရွယ်​​တွေရလာပြီ
အရည်​မရ အဖတ်​မရနဲ့
အလကား​နေရင်း တခြားလူကို
တဘက်​သတ်​​တွေ လိုက်​ပြီးတွယ်​ကပ်
နေရင်​ စိတ်​တိုင်းမကျ​တော့
အရွယ်​မြန်​မြန်​ကျတယ်
ဒီအသက်​အရွယ်​ထိ
အသည်း​တွေကွဲ​နေရတုန်းဆို
သိပ်​အဆင်​မ​ပြေဘူး
အလုပ်​ကအဆင်​မ​ပြေ
ဝင်​​ငွေက​လျော့တိ​လျော့ရဲ
လုပ်​ရတာကတစ်​ရက်​ ၂၄နာရီ
နားရက်​ကမရှိ
သောက​တွေကရင်​ဘတ်​ထဲ
ဘယ်​သူကမှ
ကိုယ်​ချင်းမစာ​တော့ဘာဖြစ်​လည်း
အချိန်​တန်​​တော့
ကိုယ့်​ထမင်းကိုယ်​ပဲရှာစား​နေရတာ
မဟုတ်​လား
ကိုယ့်​ကိုစကား​ပြောချင်​တဲ့သူ
လိုလားတဲ့သူ ချစ်​တဲ့သူ​တွေမှန်​ရင်
ကိုယ့်​အနား​ရောက်​လာလိမ့်​မယ်
အဲ့ခါကျရင်​လည်း Free style,​ပေါ့
လွတ်​လွတ်​လပ်​လပ်​​ပေါ့​ပေါ့ပါးပါး
သွားမယ်​လာမယ်​စားမယ်​​သောက်​မယ်
ပျောက်​သွားရင်​​တော့
လိုက်​မ​ရှာနဲ့​တော့
ဒိအရွယ်​က
အချစ်​​ပျောက်​ကိုလိုက်​ရှာရမဲ့အရွယ်
မဟုတ်​​တော့ဘူး
..အထီးကျန်​တိုင်းအ​ဖော်​မက်​​ရမဲ့.
အရွယ်​မဟုတ်​​တော့ဘူး
အရွယ်​မကျ​အောင်
စိတ်​ဓာတ်​မကျ​အောင်
စိတ်​​ပျော်​ရွှင်​မူ့နဲ့ စိတ်​ချမ်းသာမု့နဲ့
ထိန်းရမဲ့အရွယ်
ငယ်​ငယ်​တုန်းကလို
ငယ်​​ဂုဏ်​နဲ့ပစ်​စလက်​ခတ်​​နေလို့မ​ရ​တော့ဘူး
လှလှပပ သပ်​သပ်​ရပ်​ရပ်​နဲ့
ကျော့​ကျော့ရှင်းရှင်း
ဝတ်​စားဆင်​ယင်​မှ
အမြင်​တင့်​တည်​တဲ့အရွယ်
ရောက်​လာတဲ့အချစ်​ကို
ကြိုဆိုရမဲ့အရွယ်​​လေ
ခံစားချကိ​တွေ​ဘေးဖယ်
ပျော်​​အောင်​​နေတတ်​ရမဲအရွယ်
ကိုယ့်​အ​ပေါ်ချစ်​​သောခင်​​သောသူ
များနဲ့ဘ၀ကို ​ပျော်​ရွှင်​စွာဖြတ့်​သန်းနိုင်​မှ
စိတ်​ကျန်းမာမဲ့အရွယ်
စိတ်​ကျန်းမာ​ရေးကို ဂရုစိုက်​ရမဲ့အရွယ်
ဖြတိသန်းရတဲဘ၀ကကြမ်းရတဲ့အထဲ
အဆင်​မ​ပြေရတဲ့ကြားထဲ
ကိုယ့်​အ​ပေါ်မချစ်​မနှစ်​သက်​တဲ့သူ​တွေ
အ​ကြောင်းရင်​ဘတိထဲသိမ်းထားပြီး
ခေါင်းထဲပြန်​ထည့်​ သွား​လေရာသယိ​ဆောင်
သွားရမဲ့အရွယ်​မဟုတ်​​တော့ဘူး
အချစ်​နံ့ပတ်​သက်​လာရင်
နားလိုကနား သွားလိုကသွား
သစ်​တပင်​လို အဖြစ်​မျိုးနဲ့
ရပ်​တည်​ရမဲ့အရွယ်
အသက်​​တွေကြီးလာပြီမို့
အချိနိ​တွေမဖြုန်းနဲ့​တော့
ငိုဖို့ထက်​ ရယ်​နိုင်​​အောင်​ကြိုးစား
အချိန်​​တွေက ငယ်​ရွယ်​သူ​တွေလို
မပိုလျံ​တော့ဘူး​မို့
သက်​တမ်းအရကိုယ်​ကအရင်
သွားကြရမှာမို့
တပါးသူကိုချစ်​ဖို့ထက်
ကိုယ့်​ကိုယ်​ကိုချစ်​ရမဲ့အရွယ်​​ပါလို့
ပြောပြချင်​တာပါ
Mya Nan Thida Nwe
#မေသတင်းရပ်ကွက်လေး
Wednesday, January 2, 2019
လဝကမှာ ဘာလုပ်ချင်လဲ။
လဝကမှာ ဘာလုပ်ချင်လဲ။
- မှတ်ပုံတင်လား၊ ပျောက်လို့ ပြန်လျှောက်မှာလား၊
- (၁၀) နှစ်ပြည့် (၁၈) နှစ်ပြည့်လား၊
- အိမ်ထောင်စု စာရင်းလား၊ ပြောင်းဝင် ပြောင်းထွက်လား၊ လူဦးရေ တိုးမလား လျော့မလား၊
- မွေးလာလို့ စာရင်းထပ်ထည့်မလား၊ သေသွားလို့ စာရင်းထဲက ထုတ်ပစ်မလား၊
- အိမ်ထောင်စု ခွဲထွက်မလား..
ကဲ ဘာလုပ်ချင်လဲ ပြော၊
ဒါလေးတွေတော့ သိအောင် ဖတ်ထား၊
အဲဒီအတိုင်း သွားလုပ်၊ လိုရင်သုံးဖို့လည်း သိမ်းထား။
(စာရွက်အောက်ခြေမှာ ဘယ်လောက်ကျတယ်၊ ဘယ်လောက်ကြာတယ် ဆိုတာပါပါတယ်)
credit: #မူရင်းတင်သူ
#မြန်မာအင်တာနက်စာကြည့်တိုက်မှကူးယူမျှဝေပါသည်။
>>>>
လိုရာသုံးဗဟုသုတခုနှစ်ခု
လိုရာသုံးဗဟုသုတခုနှစ်ခု
(1)----ရေ၀င်ဆန့်တွက်နည်း
(2)----သစ်တွက်နည်း
(3)----မြေတွက်နည်း
(4)----ဘိလပ်မြေတွက်နည်း
(5)----မြန်မာ ရတု ရေတွက်ပုံ
(6)----အကြိမ်ရေ ရေတွက်ပုံ
(7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်
စကားတိုများ
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤
■(1)ရေ၀င်ဆန့်တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
အုတ်ရေကန်ဝင်ဆန့်မှု
တွက်ချက်နည်းကပိုလွယ်ပါတယ် အလျား×အနံ×အမြင့်=ကုဗပေ ရတယ်
အဲဒီကုဗပေနဲ့ ၁ ကုဗပေမှာ ရေ ၆•၂၅ ဂါလံ နဲ့ မြှောက် ရတာဝင်ဆန့်တဲ့ ရေဂါလံပေါ့
=========================
■(2)သစ်တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။
သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။
ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀ ထို့ကြောင့်
၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၃"၁"=၃"(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်)
၎"၁"=၄"(၁၀၀ချောင်း)
၅"၁"=၅"(၄၀၀စား၅ (၈၀ချောင်း)
၆"၁"=၆"(၆၆.၆ ချောင်း)
၃"၀.၅"=၁.၅"(၂၆.၆၆ ချောင်း)
၎"၀.၅"=၂"(၂၀၀ ချောင်း)
၎"x၄"=၁၆ လက္မ(၂၅ ချောင်း)
၅"x၅"=၂၅လက္မ(၁၆ ချောင်း)
ဥပမာ။တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်
၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ်(၁"တန်ဘိုးဖြစ်သည်)်
၂"x၁၀၀၀=၂၀၀၀၀ကျပ်(၂"၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစသည်။်
အမြန်ဆုံးသောသစ်တွက်နည်း
ဥပမာ ...
သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့်
၎''x၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း
တန်ဖိုးကို တွက်ကြည့်မယ်
ဈေးနှုံး ကိုတည် ဒသမ သုညသုည နှစ်ငါး
ဖြင့်မြှောက် (၆၅၀၀၀၀ × •၀၀၂၅ )
ရလဒ်ကို သစ် ချောင်း ၏ ဒု × ဗျက် (၄''×၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ
ဒါဆို ၄" × ၂" (လေးနှစ်) ၁၈ပေ တစ်
ချောင်း၏ တန်ဖိုး ရပါပြီ....
၆၅၀၀၀၀× •၀၀၂၅ = ၁၆၂၅
၎× ၂ = × ၈
-------------
၁ ၃၀၀၀
လေးနှစ်တစ်ချောင်းတန်ဖိုး ၁၃၀၀၀
ဖြစ်ပါသည်...
မည်သည့် ဒု ဗျက်
မည်သည့် ဈေး နှုံး မဆို တွက်ကြည့်
နိုင်ပါ သည်။
=============================
■(3) မြေတွက်နည်းမြေဧက ဖွဲ တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း .၇၈၅၄.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနားငါးမျက်နှာ ၆မျက်နှာနှင့်
အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
*** ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )(
၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်းမြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂၄၁၆ + ၆၂= ၄၇၈ ပင်
( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁၄၃၅၆၀ ÷ ၃၆၁ = ၁၂၀ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်၁၂၀ + ၁၈ = ၁၃၈ ပင်
===============================
■(4) ဘိလပ်မြေတွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။
မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့  ပြောကြပါတယ်။
ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့  ကွန်ကရစ်လောင်းခြင်းတို့  မြေကြီးတူးခြင်းတို့ မှာ အများဆုံးသုံးပါတယ်။
ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။
မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း
1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း
1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်  သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။
အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။
သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။
စကွဲယားကျင်း အလျားနဲ့  အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
၎လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့  အမိုးမိုးခြင်းတို့  ကြွေပြားကပ်ခြင်းတို့ မှာ သုံးပါတယ်။
နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ
အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။
သို့ ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့  မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက
10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။
သံချောင်းတွေဆက်ဖို့ လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့ သုံးလာပါတယ်။
ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။
အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့် ပါတယ်။
ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့် ပါတယ်။
ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့  ၄၅၀၀ ပေါင်လေးပါတယ်။
၂၂၄၀ ပေါင် ၁ တန်လေးလို့  ၂ တန်လောက် အလေးချိန်ရှိပါမယ်။
ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။
တွက်တတ်လားမေးရင်တော့ မသိပါဘူး။
1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက
လီတာနဲ့  ပြထားတတ်လို့  ပြန်တွက်ကြည့်လို့ ရပါလိမ့်မယ်။
သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။
၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။
=========================
■(5) မြန်မာ ရတု ရေတွက်ပုံ
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ရှေးမြန်မာတို့ ၏ရတု ၊ အကြိမ်ရေ တွက်ပုံ
၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿ ဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု
၁၁ နှစ်မြောက် = သံမဏိရတု
၁၂ နှစ်မြောက် = ချည်ရတု
၁၃ နှစ်မြောက် = ဇာပန်းရတု
၁၄ နှစ်မြောက် = ဆင်စွယ်ရတု
၁၅ နှစ်မြောက် = သလင်းရတု
၂၀ နှစ်မြောက် = ကြွေရတု
၂၅ နှစ်မြောက် = ငွေရတု
၃၀ နှစ်မြောက် = ပုလဲရတု
၃၅ နှစ်မြောက် = ကျောက်စိမ်းရတု
၄၀ နှစ်မြောက် = ပတ္တမြားရတု
၄၅ နှစ်မြောက် = နီလာရတု
၅၀ နှစ်မြောက် = ရွှေရတု
၅၅ နှစ်မြောက် = မြရတု
၆၀ နှစ်မြောက် = စိန်ရတု
၇၅ နှစ်မြောက် = ဒုတိယစိန်ရတု
၉၀ နှစ်မြောက် = န၀ရတ်ရတု
==============================
■(6) အကြိမ်ရေ ရေတွက်ပုံ
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
၁=ပထမ
၂=ဒုတိယ
၃=တတိယ
၎=စတုတ္ထ
၅=ပဉ္စမ
၆=ဆဋ္ဌမ
၇=သတ္တမ
၈=အဋ္ဌမ
၉=န၀မ
၁၀=ဒဿ မ
၁၁=ဧကာဒဿ မ
၁၂=ဒွါဒဿ မ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဉ္စာဒဿ
၁၆=သေဠာဿ၁
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုန၀ီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မ၀ီဿ
၂၃=ကြိဝီဿ
၂၄=စတုဝီဿ
၂၅=ပဉ္စာဝီဿ
၂၆=ဆ၀ီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိံဿ
၃၀=တိံဿ
=============================
■(7)အသုံးဝင်သောနှစ်လုံးတွဲအင်္ဂလိပ်စကားတိုများ
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
(1) About when? = ဘယ်တော့လောက်လဲ
(2) All set? = အားလုံး အဆင်သင့် ဖြစ်ပြီးလား
(3) Any clues? = ဘာ သဲလြန္စမ် ား ရွိလဲ
(4) Any discount ? = ဈေးလျှော့ဦးမလား
(5) Any seats? = ခုံလွတ်ရှိသေးလား
(6) Anything else? = ဘာလိုသေးလဲ
(7) Anything new? = ဘာထူးသေးလဲ
(8) Anything wrong ? = ဘာဖြစ်တာလဲ
(9) Apparently so = အဲဒီလို ထင်တာပဲ
(10) Back off ! = သွားစမ်းပါ
(11) Bad news ! = စိတ်မကောင်းပါဘူး (ဆိုးလိုက်တဲ့ သတင်း)
(12) Be patient ! = စိတ်ရှည်ရှည်ထားစမ်းပါ
(13) Be reasonable ! = နည်းလမ်းတကျ စဥိးစားကြည့်
(14) Beautiful job ! = ကောင်းလိုက်တဲ့ လက်ရာ
(15) Big deal ! = ဒါလေးများ
(16) Bless me ! = ဘုရားရေ
(17) Bless you ! = ဆုတောင်းပေးပါတယ်ကွာ
(18) Bye now ! = သွားပြီဗျို့ 
(19) Can't complain ! = ဘာမှပြောစရာ မရှိဘူး
(20) Certainly not ! = ဘယ်ဟုတ်ပါ့မလဲ
(21) Chill out ! = မကြောက်နဲ့
(22) Could be ! = ဖြစ်နိုင်ပါတယ်
(23) Damned fool ! = သောက်ရူး
(24) Drop dead ! = သွား...သေလိုက်
(25) Enjoy yourself ! = ပျော်ရွှင်ပါစေ
(26) Fat chance ! = မဖြစ်နိုင်တာပဲ
(27) Female troubles ! = မိန်းမတွေက သိပ်ပစိပစပ်များတာ
(28) For shame ! = ရှက်စရာ ကောင်းလိုက်တာ
(29) Get lost ! = ထွက်သွားစမ်း
(30) Go on ! / Keep on ! / Carry on ! /Go ahead ! = ဆက်လုပ် ဆက်ပြော
(31) Good job ! = တယ်ဟုတ်ပါလား
(32) Got that ? = နားလည်ရဲ့လား
(33) Guess what ? = မှန်းကြည့်စမ်း
(34) Hands off ! = မထိနဲ့ (လက်ရှောင်)
(35) Hard times ! = အတော် စိတ်ရှု ပ်ဖို့ ကောင်းတာပဲ
(36) Hot air ! = မဟုတ်တရုတ်တွေ
(37) How come ? = ဘယ်လို ဖြစ်ရတာတုန်း
(38) How maddening ! = စိတ်ညစ်အောင် တော်တော် လုပ်တာပဲ
(39) It stinks ! = နံစော်နေတာပဲ
(40) It's handy ! = အသုံးတည့်ပါတယ်
(41) Looking good ! = ကြည့်လို့ ကောင်းတယ်
(42) Lucky you ! = မင်း...တော်တော် ကံကောင်းတာပဲ
(43) My treat ! = ငါ့ ဧည့်ခံတာပါ /ကျွန်တော်၊မ ကျွေးမယ်
(44) Not likely ! = မဖြစ်နိုင်ဘူး / ဝေးပါသေးရဲ့
(45) Not yet ! = မပြီးသေးဘူး
(46) Over here ! = ဒီမှာ ဟေ့
(47) Watch out ! = သတိထား
(48) You guys ! = ကိုယ့်လူတို့
(49) Why bother ? = ဘာလို့ ဒုက္ခရှာနေတာလဲ
(50) Think positively ! = အကောင်းဖက်က တွေးစမ်းပါ
(51) Search me ! = ပန်းပေးတယ် / ကျွန်ုပ် မသိပါ
(52) You see ? = သိလား
(53) Have fun ! = ပျော်ကြ ...ပျော်ကြ.../ ပျော်သလို နေကြပါ
(54) Enjoyable ! Delighted! = ကြို က်တယ်
(55) Honest work! = သမ္မာ အာဇီဝ အလုပ်ပဲ
(56) Right away ! = အခုချက်ချင်း
(57) Come on ! = လာလေကွာ
(58) Shut up ! = ပါးစပ်ပိတ်
(59) Thumbs up ! = အောင်ပြီဟေ့
(60) Hold sit ! = ရပ်လိုက် /ခဏ နေဦး
(61) Hold still ! = မလှု ပ်နဲ့ ငြိမ်ငြိမ်နေ
(62) God forbid ! = ဖွ လွဲစေဖယ်စေ
(63) Poorly paid ! = လခ မစွံဘူး
(64) Need anything ? = ဘာလိုချင်ပါသလဲ
(65) That's weired ! = ကိုးရို့ကားယားကြီး
(66) It can ! = အဲဒါ ဖြစ်နိုင်တယ်
(67) Mutual reliance ! = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့
(68) Pardon me ! = တဆိတ်လောက်
(69) Need to talk ! = ပြောစရာရှိလို့
(70) So talk ! = အဲလိုဆို ပြောလျေ
(71) Chat ! What? = ဘာပြောမှာလဲ ပြောလေ
(72) Stop that ! = တော်ပါ မပြောပါနဲ့တော့
(73) Well enough ! = အခြေအနေ ကောင်းပါတယ်
(74) What happen ? = ဘာဖြစ်နေလဲ
(75) Any hardship ? = ဘာခြားနားနေလို့လဲ
(76) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား
(77) Take that ! = ကဲကွာ
(78) Look alive ! = မြန်မြန်လုပ်
(79) Show time ! = လှုပ်ရှားလိုက်ကြစို့
(80) Let go ! = လွှတ်စမ်း / လွှတ်လိုက်ပါ
(81) Go ...go ! = လုပ်ထားကွ
(82) Nature calls! = အိမ်သာ သွားလိုက်ဦးမယ်
(83) Duty calls ! = ကိစ္စလေး ပေါ်လာလို့ သွားလိုက်ဦးမယ်
(84) Near miss ! = ထပ်လွဲသွားတယ်ကွာ
(85) far out ! = မိုက်တယ်ကွာ
(86) Thank God ! = တော်ပါသေးရဲ့
(87) Holy cow ! / Good Heavens! =အမလေး
(88)My ...my ! = အမလေး ...လေး
(89) Who cares ? = ဘာဂရုစိုက်စရာရှိလဲ
(90) Who supervise ? = ဘယ်သူ ကမကထလုပ်တာလဲ
(91) Better talk != ပြောသင့်တာပေါ့ကွာ
(92) Doing okay ? = အိုကေလား
(93) Been okay ! = အိုကေပါတယ်
(94) And you ? = ခင်ဗျာကော ဘယ်လိုလဲ
(95) Have courage ! = တရားနဲ့ ဖြေပါဗျာ
(96) Which country ? = ဘယ်နိုင်ငံကလဲ
(97) Have it ! = စားပါဦး
(98) What thing ? = ဘာတွေလဲ
(99) Dutch treat ! = ကိုယ်စားတာကိုယ်ရှင်း
(100) Where to ? = ဘယ်လဲ
(101) Just here! = ဒီနားလေးတင်
(102) Phone calling ! = ဖုန်းလာနေတယ်
(103) Keep trying ! = ဆက်ကြိုးစားပါ
(104) What about ? = ဘာတွေပြောနေတာလဲ
(105) Just gossip ! = အတင်းပြောနေကြတာပါ
(106) No doubt ! = အဲဒါတော့ သံသယ မရှိနဲ့
(107) Lovely voice ! = ကောင်းလိုက်တဲ့ အသံ
(108) Can't wait = မစောင့်နိုင်ပါဘူး
(109) Dear me ! = အဲလို ဒုက္ခပါပဲ
(110) So soon ! = မကြာတော့ပါဘူး
(111) Really splendid ! = တစ်ကယ့် သားနားတယ်
(112) Just relax ! = စိတ်အေးအေးထားပါကွာ
(113) You wish ! = မင်းပြောသလို ဖြစ်ပါစေ
(114) No lie ? = လိမ်တာ မဟုတ်ဘူးနော်
(115) Mind that ! = အဲဒါကို သတိရပါ
(116) Enjoying yourself ? = မင်း ပျော်နေလားဟင်(
117) All time ! = အချိန်တိုင်းပါပဲ
(118) Hurry on ! = သွက်သွက်လုပ်ပါ
(119) Hold , please ! = ခနလေး နေပါဦး
(120) This taken ? = ဒီခုံ လူရှိလား
(121) You decide ! = မင်းပဲ ဆုံးဖြတ်လိုက်
(122) Stop worrying ! = မစိုးရိမ်နဲ့တော့
(123) Any difference ? = ဘာကွာလို့လဲ
(124) Fairly act ! = သရုပ်ဆောင်ကောင်းတယ်
(125) Most pleased ! = ကျေနပ်သွားပြီ
(126) Behind you ! = နောက်မှာ အန္တရာယ်
(127) Noisy talk ! = ဆူညံနေတာပဲ
Credit:Kyaw Soe Lin
ဗဟုသုတ​ကျေးရွာ
Friday, December 21, 2018
မိဘကို မဆဲဆို မအော်မိစေနဲ့
မိဘကို မဆဲဆို မအော်မိစေနဲ့
_____________________
ကိုယ်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
မိဘတွေကို ဒေါသတကြီး အော်ကြီးဟစ်ကျယ် ပြန်လာပြောဆိုရင်
လက်ရှိ ပစ္စုန်ပ္ပန်ဘ၀မှာ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါးသင့်တတ်တယ် ။
ဒဏ်ဆယ်ပါးက ဘာတွေလဲ
၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း
၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း
၃။ အနာရောဂါဖြစ်ခြင်း
၎။ ရူးသွပ်ခြင်း
၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း
၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း
၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း
၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း
၉။ နေအိမ်စသည့် မီးလောင်ခြင်း
၁၀။ ငရဲကျရောက်ခြင်း
ဒါကြောင့် ကိုယ်က မှန်နေတယ်ဆိုရင်တောင်မှ
မိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ် ပြန်လှန်မပြောဆိုသင့်ဘူးပေါ့ ။
အကျိုးသင့် အကြောင်းသင့် နားဝင်အောင်
အေးအေးဆေးဆေးသာ ပြောရတယ် ။
အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ လက်မခံရင်လည်း သူတို့ကွယ်ရာကနေ ရှောင်ထွက်သွားလိုက်ပါ ။
မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း သူတို့ကို ပြန်ရှင်းပြလိုက်ပါ ။
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ လိုရာဆန္ဒမှန်သမျှ ပြည့်စုံနိုင်ကြပါစေ ။
သားလိမ္မာ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေ...။
မောဂ္ဂါလာနထေရ၀တ္ထု ဒဏ္ဍ၀ဂ်
ဓမ္မ ပဒပါဋ္ဌိတော် အဋ္ဌကထာ
Wednesday, November 28, 2018
အမေရိကန်မှာ အရေးပေါ်ငွေ လိုအပ်လို့ သိကျွမ်းတဲ့ သူငယ်ချင်းတွေဆီက ငွေချေးချင်လို့ မရပါ။
( USA မှာ )
=============
အမေရိကန်မှာ အရေးပေါ်ငွေ လိုအပ်လို့
သိကျွမ်းတဲ့ သူငယ်ချင်းတွေဆီက
ငွေချေးချင်လို့ မရပါ။
-
-
-
အားနာနာနဲ့ ငွေထုတ်ချေးသူ မရှိပါ။
အကြောင်းကတော့…
ဒီမှာက ငွေကြေး တန်ဖိုးဟာ တကယ့်ကို
တန်ဖိုးရှိတဲ့ အရာ ဖြစ်နေလို့ပါ…။
xxxxx
အမေရိကန်နိုင်ငံကိုရောက်နေတဲ့
လူတိုင်းနီးနီးဟာ
အိမ်ဝယ်ထားလို့ ၊
ကားအသစ်ဝယ်ထားလို့ ၊
ကွန်ပျူတာ အသစ်ဝယ်ထားလို့ ၊
ဖုန်းအသစ် ဝယ်ထားလို့ ၊
အိမ်သုံးပစ္စည်းတစ်ခုခု ဝယ်ထားလို့ ၊
လိုချင်တာတစ်ခုခုကို အတောမသတ်နိုင်အောင်ဝယ်ထားအတွက်
လူတိုင်းလိုလို ဘဏ် အကြွေးက ရှိနေတတ်တယ်။
ဒီတော့ ဘဏ်အကြွေးကို လတိုင်းဆပ်နေကြရတယ်။
လူတိုင်း အကြွေးနဲ့ မကင်းကြတဲ့အတွက်
လူတိုင်းမှာ ငွေပိုဆိုတာ မရှိတတ်ကြပါ။
ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ငွေချေးလို့ မရပါ။
xxxxx
နောက်တစ်ခုက
တစ်ယောက် နဲ့ တစ်ယောက်
ရင်းနှီးလို့ လက်တို့ပြီး ငွေချေးတာဟာ
တရားဥပဒေနဲ့ မညီတဲ့အတွက်
ပေါက်ကြားသွားရင်
နှစ်ဦးနှစ်ဖက်စလုံး
တရားစွဲတာ ခံရနိုင်တယ်။
ဒါကြောင့်လည်း ခင်မင်ရင်းနှီးတယ်ဆိုပြီး
ငွေချေးလို့ မရပါ…။
ဒီမှာက တရားဥပဒေ
အလွန်စိုးမိုးပါတယ်...။
xxxxx
ငွေချေးလို့ ရနိုင်တဲ့နေရာ တစ်ခုတော့ ရှိတယ်။
အဲဒါကတော့ ဘဏ်ပါပဲ။
ဘဏ်က အတိုးစားချင်တဲ့အတွက် ငွေထုတ်ချေးပါတယ်။
ဒီလို ထုတ်ချေးဖို့အတွက်တော့
ငွေကြေးနဲ့ပတ်သက်တဲ့နာမည်ပျက်မရှိရပါ…။
ကိုယ့်ဆီမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိရမယ်။
ငွေ ပြန်ဆပ်နိုင်တဲ့ အလုပ်အကိုင်ရှိရမယ်။
ဝင်ငွေ အနည်းအများပေါ်မူတည်ပြီး
ဘဏ်က ငွေချေးပေးပါတယ်။
ဘဏ်တိုး အနည်းအများကလည်း
ဘဏ်တစ်ခုနဲ့တစ်ခု မတူပါဘူး။
xxxxxx
ကျနော်ဆီကို ဘဏ်လေးငါးခုက အိမ်ဝယ်ဖို့
ငွေချေးမယ်ဆိုတဲ့ စာတွေ လစဉ်ရောက်ပါတယ်။
ကားအသစ်ဝယ်ဖို့
ဘဏ် ငါးခု ခြောက်ခုက ငွေချေးမယ့်စာတွေ
လစဉ် ရောက်နေပါတယ်။
ဒေါ်လာ တစ်သိန်းနဲ့အထက် ငွေချေးမယ့်စာတွေ
စာတိုက်ပုံးထဲကတစ်ဆင့်
အိမ်ကို ပုံမှန် ရောက်နေပါတယ်။
ဘာကြောင့်ဆိုတော့
ငွေကြေးနဲ့ပတ်သက်တဲ့နာမည်ပျက် မရှိတာရယ်၊
ပြန်ဆပ်နိုင်တဲ့ အလုပ်အကိုင် ရှိတာရယ်ကြောင့်ပါ။
အဲဒီစာတွေကို လစဉ်ပုံမှန်
အမှိုက်ပုံးထဲကို ထည့်နေရပါတယ်…။
xxxxx
အကြောင်းကတော့ ...
အကြွေးမရှိသူဟာ ကိုယ်၊စိတ် ချမ်းသာသူလို့
ခံယူထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
နောက်တစ်ခုကတော့
အကြွေးရဲ့ဖိစီးမှုကို မခံချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်…။
xxxxx
မြန်မာနိုင်ငံမှာတော့ အချင်းချင်း ငွေချေးကြပါတယ်။
အဓိက အကြောင်းနှစ်ခုကို တွေ့ရပါတယ်။
တစ်ခုကတော့ ...
အတိုးများများလိုချင်လို့ ငွေချေးတာပါ။
နောက်တစ်ခုကတော့
အားနာလို့ ချေးလိုက်တာပါ။
နှစ်ခုစလုံးမှာပြဿနာတွေ ကိုယ်စီ ရှိပါတယ်။
xxxxx
အတိုးများများလိုချင်လို့ ချေးသူတွေက
ကိုယ့်လောဘနဲ့ ကိုယ် ဒုက္ခရောက်ပါတယ်။
အားနာလို့ ငွေချေးသူက
ကိုယ့်ဒေါသနဲ့ ကိုယ် ဒုက္ခရောက်ပါတယ်။
အားနာတယ်ဆိုတာ သဘောကောင်းတာ မဟုတ်ပါဘူး။
တစ်ဖက်သားရဲ့ အထင်အမြင် သေးမှာကို ကြောက်တာပါ။
အဲဒီကြောက်တဲ့စိတ်ကြောင့်
မရှိတဲ့ကြားထဲက ထုတ်ချေးလိုက်တာပါ။
ပြီးတော့ တစ်ချိန်လုံး ပူပန်ကြောင့်ကြနေရပါတယ်။
ပြောတဲ့အတိုင်း ဖြစ်မလာတော့ ဒေါသ ဖြစ်ရပါတယ်။
စိတ်ပျက်ရပါတယ်။
မိတ်ပျက်ရပါတယ်။
အားနာတဲ့စိတ်အခြေခံက စလိုက်တဲ့ကြောက်စိတ်ဟာ
ကိုယ့်ငွေနဲ့ကိုယ် တောက်လျှောက် ဒုက္ခရောက်နေရတာပါ။
ကြောက်တာဟာ
တရားကိုယ်အားဖြင့် ဒေါသ ပါပဲ။
xxxxx
အမေရိကန်နိုင်ငံမှာတော့
ငွေလိုချင်ရင် အလုပ်လုပ်ပါ။
အလုပ် ရှိရင် ငွေလည်း ရှိတယ်။
ပြီးရင်
ဘာမဆို ရှိနိုင်တယ်။
အစိုးရက ဘယ်သူမဆို အလုပ်လုပ်နိုင်အောင်
ဥပဒေနဲ့ အညီ
အလုပ်တွေကို ဖန်တီးပေးထားတယ်။
အသက်( ၁၆ )က စပြီး ကျောင်းသူကျောင်းသားတွေအတွက်
အချိန်ပိုင်း ( Part Time )အလုပ်တွေကို
စတင်နိုင်အောင် စီစဉ်ထားတယ်။
အချိန်ပိုင်းအလုပ်က တစ်ပတ်ကို
နာရီ ၂၀- ဝန်ကျင် လုပ်ခွင့်ရတယ်။
လခကို နာရီ နဲ့ သတ်မှတ်ထားတယ်။
အနည်းဆုံးလစာက
တစ်နာရီ ၁၀-ဒေါ်လာဖြစ်တယ်။
ပြည်နယ်တစ်ခုနဲ့ တစ်ခုတော့
အနည်းအကျဉ်းကွာခြားပါတယ်…။
xxxxx
အမေရိကန်နိုင်ငံမှာ
အသက် ( ၆၅ )နှစ်မှာ ပင်စင်ပေးတယ်။
ကျန်းမာနေသေးရင်
အချိန်ပိုင်း အလုပ်လုပ်နိုင်သေးတယ်။
အပိုဝင်ငွေ ရှာနိုင်သေးတယ်။
xxxxx
အချိန်ပြည့် ( Full Time ) အလုပ်တွေဟာ
ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ
အပြည့်အဝ ရပါတယ်။
သက်ပြည့်ပင်စင်ကလည်း
အိုတဲ့အခါ စား၊ဝတ်၊နေရေးအတွက်
လုံလုံလောက်လောက်
သုံးစွဲနိုင်ပါတယ်..။
အချိန်ပြည့် ( Full Time )
အလုပ်တွေဆိုတာ တစ်နေ့ကို ရှစ်နာရီ၊
တစ်ပတ်ကို နာရီ ၄၀ သာလုပ်ရတယ်။
နှစ်ပတ်ကို တစ်ကြိမ် လခ ထုတ်ပါတယ်။
xxxxx
ဒီမှာက ငွေလိုချင်ရင်
အလုပ်လုပ်ပါ ဆိုတာကို
လူတိုင်းနားလည်အောင် လုပ်ထားတယ်။
လူတိုင်းရဲ့ အဖိုးတန်လုပ်အားတွေကိုလည်း
နိုင်ငံတော် က ယူထားတယ်။
နိုင်ငံတော်က တန်ရာ တန်ဖိုး
ပြန်ပေးထားတယ်။
xxxxx
နိုင်ငံသားတွေရဲ့ လုပ်အားနဲ့တည်ဆောက်ထားတဲ့
အတွက်ကြောင့်
အမေရိကန်နိုင်ငံဟာ
အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်
ကာလတာရှည်စွာ ရပ်တည်နိုင်ခဲ့တာပါ…။
xxxxx
အမေရိကန်နိုင်ငံဟာ
နိုင်ငံသားတွေရဲ့ လုပ်အားနဲ့ နိုင်ငံကို
သိက္ခာရှိရှိ တည်ဆောက်ခဲ့ကြပါတယ်…။
xxxxx
စိုင်းအောင်ဝင်းဟိန်း
-
-
စာရေးသူ အား ခရက်ဒစ်ပေးပါသည် ။
ရှယ်ယာလိုက်ရင်ဖတ်သူနည်း၍ကော်ပီယူထားပါသည်
မူရင်းရေးသူအား Credit ပေးပါသည်..
Credit to original owner via Min Min Maw
Tuesday, October 30, 2018
မှတ်​သားစရာ..... မြို့တည်​နန်းတည်​ ခုနှစ်​သက္ကရာဇ်​ အတို​ကောက်​လင်္ကာများ
မှတ်​သားစရာ.....
မြို့တည်​နန်းတည်
ခုနှစ်​သက္ကရာဇ်​ အတို​ကောက်​လင်္ကာများ
Thursday, October 25, 2018
သိမှတ်ဖွယ်လေးပါ
တခါမှာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို သတင်းထောက်တွေက မေးခွန်းတခု မေးတယ်။
မေးခွန်းက လွယ်လွယ်လေးပါ။ တမိုင်မှာ ပေပေါင်း ဘယ်လောက်ရှိသလဲတဲ့။ အိုင်းစတိုင်း မဖြေနိုင်ပါဘူး။ မူလတန်းကျောင်းသားတယောက် လွယ်လွယ်ကူကူ ဖြေနိုင်တာလေးကိုတောင် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူးဆိုပြီး သတင်းထောက်တွေက သူ့ကို ဟားတိုက်လှောင်ပြောင်ကြတယ်။ အိုင်းစတိုင်းက သူတို့ကို ခုလို ပြန်ပြောလိုက်ပါတယ်။
"ဒီမေးခွန်းရဲ့ အဖြေကို ငါ မသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တမိနစ်အတွင်း ရှာလို့ရတယ်။ ဒီလို လွယ်လွယ်ကူကူ ရှာလို့ရတဲ့ အကြောင်းအရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူး"တဲ့။
ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံး တီထွင်ထုတ်လုပ်ခဲ့တဲ့ မီလျံနာသူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်းသတင်းစာကြီးက "နလပိန်းတုံး" လို့ ရေးသားဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။ တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို 'နလပိန်းတုံး' 'ဘာမှ မသိသူ' လို့ ရေးသားဖေါ်ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။
"အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ"
"အမေရိကန် ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင်ဖြစ်ပွားခဲ့သလဲ" စတာတွေပါ။
သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဖူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက်ပါတယ်။
"မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ်အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်" တဲ့။
အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ်တို့ဟာ အထွေထွေ ဗဟုသုတ သတင်းအချက်အလက်တွေကို ခေါင်းထဲထည့်ထားဖို့ စိတ်မဝင်စားကြဘူး။ သူတို့ စိတ်ဝင်စားကြတာက သတင်းအချက်အလက်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါ။
ဒီအဖြစ်အပျက်နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခု ပေးခဲ့ပါတယ်။ အဲဒါတွေက
(၁) ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းထားရမယ့်နေရာ မဟုတ်ပါ။ စဉ်းစားတွေတောအကြံထုတ်ရမယ့် နေရာပါ
(၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတဲာ့ အချက်အလက်တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာများလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ဘူး။
(ဗန်းမော်သိန်းဖေ)
Credit. Aung Phone Myat
Sunday, October 21, 2018
သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့
သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့
----------------------------------------------------
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး (၇)၀ါမြောက်တွင်၊ ၀ါဆိုဖို့ရန် အချိန်ရောက်လာသောအခါ၊ အဘိဓမ္မာတရားဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွသွားပြီး၊ ပင်လယ်ကသစ်ပင်အရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ သီတင်းသုံးနေတော်မူပါသည်။ ထိုအခါ၊ တစ်သောင်းသော စကြ၀ဠာတိုက်မှ အဘိဓမ္မာတရား နာကြားဖို့ရာ ရောက်ရှိလာကြသော နတ် ဗြဟ္မာတို့အား၊
မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပါသည်။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူသည့်အခါမှာ၊ အဘိဓမ္မာဒေသနာတော်သည်၊ အလွန်များပြားသည့်အတွက်ကြောင့်၊ တောင်ကျချောင်းမှရေများ၊ အလျင်အမြန်စီးကျနေသကဲ့သို့၊ ဘုရားရှင်၏ နှုတ်တော်မှ အလျင်အမြန်ထွက်ပေါ်ကာ၊ နေ့ရောညပါ အဆက်မပြတ် ဟောကြားတော်မူသည်။
ထိုသို့ ဟောကြားနေစဉ်၊ ဆွမ်းခံကြွရန်အချိန်ရောက်လာသောအခါ၊ မြတ်စွာဘုရားနှင့် ပုံသဏ္ဍာန်အလုံးစုံတူသော နိမ္မိတရုပ်ပွား ဘုရားတစ်ဆူကို ဖန်ဆင်းတော်မူပါသည်။ ဖန်ဆင်းပြီးသောအခါ၊ "နိမ္မိတရုပ်ပွားဘုရားသည်၊ ဤအဘိဓမ္မာဒေသနာတော်မှ၊ ဤအဘိဓမ္မာဒေသနာတော်တိုင်၊ ဟောကြားစေသည်း"ဟု အဓိဋ္ဌာန်ပြုကာ၊ ဘုရားရှင်သည် လူ့ပြည်ရှိ အနောတတ်ရေအိုင်သို့ ကြွတော်မူပါသည်။ နိမ္မိတရုပ်ပွားဘုရားသည်၊ သဗ္ဗညုတမြတ်ဘုရားနှင့်၊ ရောင်ခြည်တော်(၆)သွယ် နှင့်တကွ၊ အသွင်အပြင် အမူအရာတို့သည်၊ တစ်ထပ်တည်း တူတော်မူ၏။ နိမ္မိတရုပ်ပွားဘုရား၊ အဘိဓမ္မာတရား ဟောကြားနေသည်ကို၊ တန်ခိုးနည်းသည့် နတ်ဗြဟ္မာများက မသိကြဘဲ၊ တန်ခိုးများသည့် နတ်ဗြဟ္မာများသာ
"ယခု ဟောကြားနေတာ၊ နိမ္မိတရုပ်ပွားဖြစ်သည်၊ ဗ္ဗညုမြတ်စွာဘုရားကတော့ ဆွမ်းကိစ္စအတွက် လူ့ပြည်သို့ ကြွသွားပြီ"ဟု သိကြပေသည်။
မြတ်စွာဘုရားသည်၊ အနောတတ်ရေအိုင်၌ ရေသပ္ပါယ်ပြီး၊ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပါသည်။ ဆွမ်းခံရာမှ ပြန်ကြွလာသောအခါ၊ အနောတတ် ရေအိုင်မှာပင် ဆွမ်းဘုဉ်းပေးတော်မူပါသည်။ ဆွမ်းဘုဉ်းပေးပြီးသောအခါ စန္ဒကူးတောသို့ ကြွ၍၊ နေ့သန့်စင်တော်မူပါသည်။
ထိုအခါ၊ အရှင်သာရိပုတ္တရာသည် ဘုရားရှင်ထံ လာရောက်၍၊ ၀တ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးပါသည်။ ဤသို့ အရှင်သာရိပုတ္တရာက လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ ဘုရားရှင်က
"ချစ်သား သာရိပုတ္တရာ - တာဝတိံသာနတ်ပြည်၌ ဟောကြားနေသော အဘိဓမ္မာဒေသနာတော်သည်၊ ဤဒေသနာတော်မှစ၍၊ ဤဒေသနာတော်တိုင်အောင် ဟောကြား၍ ပြီးဆုံးသွားလေပြီ"ဟု နည်းပေးသောအားဖြင့်၊ အရှင်သာရိပုတ္တရာအား၊ ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည်၊ ပညာအရာတွင် အတော်ဆုံးဧတဒဂ်ရာထူးကို ရထားသောပုဂ္ဂိုလ် ဖြစ်သည့်အားလျော်စွာ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာဒေသနာတော်များကို၊ နည်းပေါင်းစုံလင်စွာ အားလုံးသိရှိတတ်မြောက်သွားပါသည်။
ဘုရားရှင်၊ စန္ဒကူးတောတွင် နေ့သန့်စင်သီတင်းသုံးနေတော်မူသော အချိန်တွင်၊ နေ့စဉ်နေ့တိုင်း အရှင်သာရိပုတ္တရာ လာရောက်၍ ပြုစုလုပ်ကျွေးသောအခါ၊ တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်များကို၊ ဘုရားရှင်က၊ အရှင်သာရိပုတ္တရာအား၊ အကျဉ်းချုပ် ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာက၊ အကျယ်တတ်မြောက်သွားပါသည်။ တတ်မြောက်ပြီးသော အဘိဓမ္မာ ဒေသနာတော်များကို၊ လင်းနို့ငယ်ဖြစ်စဉ်ဘ၀က အဘိဓမ္မာဓာတ်ခံ ပါလာကြသော၊ တပည့်ရဟန်းငါးရာကို တစ်ဆင့်သင်ကြားပို့ချပေးပါသည်။ တပည့်ရဟန်းငါးရာတို့သည် ကဿပမြတ်စွာဘုရား လက်ထက်တော် အခါက၊ အဘိဓမ္မာဓာတ်ခံ ပါလာကြသောကြောင့်၊ လျှင်မြန်စွာ တတ်မြောက် သွားကြပေသည်။ ဘုရားရှင်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ပြီးဆုံးခြင်းနှင့်၊ ထိုရဟန်းငါးရာတို့၏ အဘိဓမ္မာ(၇)ကျမ်းကို သင်ယူပြီးဆုံးခြင်းတို့သည်၊ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် ဖြစ်ကြပေသည်။
ဤကဲ့သို့ ၀ါတွင်းသုံးလကာလပတ်လုံး ဟောကြား၍၊ သီတင်းကျွတ် လပြည့်နေ့မှာ ပြီးဆုံးသွားသောအခါ၊ ကုဋေ(၈)သောင်းမျှသော နတ်ဗြဟ္မာအပေါင်းတို့၊ ကျွတ်တမ်းဝင်သွားကြပေသည်။ မြတ်စွာဘုရား၏ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း၊ သောတာပန် ဖြစ်သွားရပေသည်။
ဘုရားရှင်သည်၊ အဘိဓမ္မာဒေသနာတော်ကို ဟောကြား၍ ပြီးဆုံးသွား သောအခါ၊ လူ့ပြည်သို့ ပြန်ကြွတော်မူမည့်အကြောင်း၊ သိကြားမင်းကို မိန့်ကြားတော်မူရာ၊ သိကြားမင်းက မြတ်စွာဘုရား၊ လူ့ပြည်သို့ ကြွဆင်းရန်၊ မြင်းမိုရ်တောင်ထိပ်မှ သင်္ကဿနဂိုရ်မြို့တံခါးသို့ စောင်းတန်းသုံးသွယ် ဖန်ဆင်းပါသည်။ လက်ယာဘက်မှ ရွှေစောင်းတန်း၊ လက်ဝဲဘက်မှ ငွေစောင်းတန်း၊ အလယ်မှ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပါသည်။
မြတ်စွာဘုရားသည်၊ ကိုယ်တော်မှ ရောင်ခြည်တော်(၆)သွယ်တို့ကို၊ ထွက်ပေါ်စေလျက်၊ မြင်းမိုရ်တောင်ထိပ် အလယ်ပတ္တမြားစောင်းတန်းမှ လူ့ပြည် သင်္ကဿနဂိုရ်မြို့တံခါးဝသို့၊ ကြွဆင်းတော်မူပါသည်။ လက်ယာဘက် ရွှေစောင်းတန်းမှ၊ နတ်ပရိသတ်များက ဘုရားရှင်ကို ယပ်လေခတ်ပေးခြင်း၊ နတ်တို့၏ တူရိယာအမျိုးမျိုးတို့ကို တီးမှုတ်ခြင်းတို့ဖြင့်၊ ပူဇော်ကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။ လက်ဝဲဘက် ငွေစောင်းတန်းမှ၊ ဗြဟ္မာကြီးများက၊ ဘုရားရှင်ကို ထီးဖြူများဖြင့် ဆောင်းမိုးကာ၊ သက်ဆင်းလိုက်ပါလာကြပေသည်။
မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်၊ အထက်သို့ အတနိဋ္ဌဗြဟ္မာပြည် တိုင်အောင်၊ အောက်သို့ အ၀ီစိငရဲတိုင်အောင်၊ အရှေ့, အနောက်, တောင်, မြောက်, အထောင့်အရပ်လေးခုဟူသော၊ အရပ်ရှစ်မျက်နှာ စကြ၀ဠာတိုက် ထောင်ပေါင်းများစွာတိုင်အောင်၊ အပိတ်အပင် အတားအဆီးမရှိဘဲ၊ ဟင်းလင်းပွင့်ကာ တွေ့မြင်ကြရပေသည်။
လူတို့သည်၊ နတ်ဗြဟ္မာတို့၏ ဘုံဗိမာန်များနှင့် နတ်ဗြဟ္မာတို့ကို တွေ့မြင်ကြရသလို၊ နတ်ဗြဟ္မာတို့ကလည်း၊ ဘုရားရှင်အား သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည့် သိန်းသန်းကုဋေမက များပြားလှသော လူတို့ကို တွေ့မြင်ကြရပေသည်။ ဤသို့၊ မကြုံစဖူး ကြည်ညိုဖွယ်ရာများကို တွေ့မြင်ကြရသောကြောင့်၊ (၃၆)ယူဇနာအတွင်း၌ ရှိနေကြသော လူအပေါင်းတို့သည်၊ ဘုရားဆုကို မပန်သောသူဟူ၍ မရှိကြပေ။ ဘုရားရှင် ကြွဆင်းလာသည်ကို၊ လူတို့က မီးရှူးတန်ဆောင် အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍၊ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင်၊ မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင်၊ သီတင်းကျွတ်လပြည့်နေ့ကိုလည်း၊ အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပလာခဲ့ကြပေသည်။
( သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး )
Monday, October 8, 2018
"​သွေးတိုး​ရောဂါကိုသ​ဘော​ပေါက်​​စေချင်​တယ်​"
အယူမှန်​ကန်​..
ရောဂါဒဏ်​..
အမြန်​​ကင်း​ဝေး..
ကျန်းမာ​ရေး..
"​သွေးတိုး​ရောဂါကိုသ​ဘော​ပေါက်​​စေချင်​တယ်​"
"​သွေးကျ​ဆေးမှန်​မှန်​​သောက်​သင့်​တယ်​ဆိုတာကိုလည်းအမြင်​မှန်​ရ​စေချင်​တယ်​"
************************
အမည်​..​ဒေါ်နွဲ့မူ
အသက်​..၆၈..နှစ်​..
ခေါင်းတအားမူး..
တအား​မော​နေတဲ့အပြင်​..
ရင်​ဘတ်​ထဲဆို့ကြပ်​​နေလို့..
ဆေးခန်း​ရောက်​လာပါတယ်​..
သွေးအချိုဓာတ်​..
သွေးတွင်း​အောက်​စီဂျင်​ရာခိုင်​နှုန်း..
သွေးခုန်​နှုန်း..​တွေ..ပုံမှန်​ပါပဲ..
သွေး​ပေါင်​ချိန်​က​တော့..
190/110mmHg..
ရှိသင့်​ရှိထိုက်​တာထက်​..
အလွန်​မြင့်​တက်​​နေပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ယခု​နောက်​ဆုံး..
WHO..World Health Organization..
ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ချုပ်​ကြီးရဲ့..
သတ်​မှတ်​ချက်​အရ..
Blood Pressure..​သွေး​ပေါင်​ချိန်​သည်​..
120/80mmHg..ကိုသာအမှန်​လို့..
သတ်​မှတ်​ထားပါတယ်​..
140/90mmHg..ဆိုရင်​​တောင်​..
သွေးတက်​​နေပြီလို့သတ်​မှတ်​​နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ECG..ဆွဲကြည့်​​တော့..
Left Ventricular Hypertrophy..
ဘယ်​ဘက်​နှလုံးကြီး​နေတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သွေးတက်​​နေတာမသိဘူးလား..
သွေး​ပေါင်​မချိန်​ကြည့်​ဘူးလား..​မေး​တော့..
သိတယ်​တဲ့..
မကြာခဏလည်းချိန်​ကြည့်​တယ်​တဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒါဖြင့်​..
သွေးကျ​ဆေးမှန်​မှန်​မ​သောက်​ဘူးလား..​မေး​တော့..
©​သွေးတက်​မှ​သောက်​တာတဲ့..
ဘာလို့​..
သွေးတက်​မှ​သောက်​တာတုန်းဆို​တော့..
©​သွေးနည်းသွားမှာစိုးလို့တဲ့..
©​သွေးကျ​ဆေး​သောက်​တာကြာလာရင်​..
ကျောက်​ကပ်​ပျက်​တတ်​တယ်​​ပြောကြလို့..
ကြာကြာစွဲမ​သောက်​ရဲလို့..
မ​သောက်​ဘူးတဲ့..
©​သွေးတက်​မှာစိုးလို့..
အား​ဆေးလည်း..
မ​သောက်​ရဲဘူးတဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အယူအဆမှား​တွေ..
အယူအဆမှား​တွေ..
ဒေါ်နွဲ့မူ..လိုအယူအဆမှား​တွေကို..
အမှန်​ယူပြီး..
သွေးတိုး​ရောဂါရှိ​နေပါလျက်​..
ဆေးမှန်​မှန်​မ​သောက်​ပဲ..
ရောဂါဆိုးရွား​နေတဲ့လူ​တွေ..
ဘယ်​​လောက်​များ​နေပြီလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©​သွေး​ပေါင်​တက်​..
သွေးဖိအားတက်​..
သွေးတိုး​နေရင်​..
သွေးကျ​ဆေးကို..
အမြဲစွဲစွဲမြဲမြဲ​သောက်​ရပါမယ်​..
သွေးတက်​​နေမှ..
တက်​​နေတုန်း..
သောက်​ရမှာမဟုတ်​ပါ..
©​သွေးကျ​ဆေး​သောက်​ရင်​..
ရှိ​နေတဲ့​သွေး​တွေနည်းမသွားပါ..
©​သွေးကျ​ဆေး​သောက်​တာကြာလာရင်​..
ကျောက်​ကပ်​ပျက်​တတ်​တယ်​ဆိုတာ..
လုံဝမှားယွင်း​နေပါတယ်​..
©အား​ဆေး​သောက်​ရင်​..
အား​ဆေးထိုးရင်​..
သွေးမတက်​ပါ..
ဘာမှမဆိုင်​ပါ..
****************************
Blood Pressure..
သွေး​ပေါင်​ချိန်​​သွေးဖိအားအ​ကြောင်းကို..
နားလည်​​အောင်​​ပြောပြပါမယ်​..
သွေး​ပေါင်​ချိန်​အ​ကြောင်းသိရှိသ​ဘော​ပေါက်​ပါမှ..
အမှန်​မြင်​နိုင်​ကြမှာပါ..
**************************
အဆုပ်​များမှသန့်​စင်​​ပေးလိုက်​​သော..
အောက်​စီဂျင်​ဓာတ်​ပြည့်​ဝတဲ့..
သွေးအသစ်​​တွေကို..
နှလုံးရဲ့ဘယ်​ဘက်​​သွေးဝင်​ခန်းက..
လက်​ခံရယူပြီး..
နှလုံးရဲ့ဘယ်​ဘက်​​သွေးလွှတ်​ခန်းက​နေ..
သွေးလွှတ်​​ကြောမကြီးမှတဆင့်​..
ခန္ဓာကိုယ်​အနှံ့​သွေးအသစ်​များ..
ရောက်​ရှိ​အောင်​..
ညှစ်​ထုတ်​​ပေးလိုက်​ပါတယ်​..
©နှလုံးညှစ်​လိုက်​တဲ့အချိန်​..
ခန္ဓာကိုယ်​တကိုယ်​လုံးမှာရှိတဲ့..
သွေး​ကြောနံရံမှာ..
ဖြစ်​​ပေါ်လာတဲ့..
တင်းအားတွန်းအားကို..
Systolic Blood Pressure..
နှလုံးညှစ်​ချိန်​ဖြစ်​လာတဲ့တွန်းအား..
လို့​ခေါ်ပါတယ်​..
သွေး​ပေါင်​ချိန်​တိုင်းရင်​..
ကိန်းဂဏန်းကို..
အ​ပေါ်မှာအမြဲ​ရေးသားမှတ်​သားရတဲ့အတွက်​..
အ​ပေါ်​သွေးလို့​..လွယ်​လွယ်​​ခေါ်ပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှလုံး..တချက်​ညှစ်​ပြီးရင်​..
နှလုံးနား​နေပါတယ်​..
Diastolic phase..လို့​ခေါ်ပါတယ်​..
နှလုံးနား​နေချိန်​မှာ..
ခန္ဓာကိုယ်​တကိုယ်​လုံးမှ..
အသုံးပြုပြီးသား​သွေးအ​ဟောင်း..
ကာဗွန်​ဒိုင်​​အောက်​ဆိုဒ်​များစွာပါဝင်​တဲ့..
သွေးအ​ဟောင်းများသည်​..
သွေးပြန်​​ကြော..​သေး..လတ်​..ကြီး..များမှတဆင့်​..
နှလုံးရဲ့..ညာဘက်​​သွေးဝင်​ခန်းသို့..
ပြန်​လည်​ဝင်​​ရောက်​လာကြပါတယ်​..
တနည်းအားဖြင့်​..
နှလုံးနား​နေချိန်​မှာ..
ခန္ဓာကိုယ်​အနှံ့က..
ပြန်​​ရောက်​လာတဲ့..
သွေးအ​ဟောင်း​တွေကို..
နှလုံးမှ..​ပြန်​လည်​လက်​ခံ​နေပါတယ်​..
အဲဒီအခိုက်​အတန့်​မှာ..
©​သွေး​ကြောများအတွင်း..
ဖြစ်​​ပေါ်​နေတဲ့..
တင်းအား..တွန်းအားကို​တော့..
Diastolic Blood Pressure..
နှလုံးနား​နေချိန်​ဖြစ်​လာတဲ့တင်းအား..
လို့​ခေါ်ပါတယ်​..
သွေး​ပေါင်​ချိန်​တိုင်းရင်​..
ကိန်းဂဏန်းကို..
အောက်​မှာအမြဲ​ရေးသားမှတ်​သားရတဲ့အတွက်​..
အောက်​​သွေးလို့..
လွယ်​လွယ်​​ခေါ်ပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အသက်​အရွယ်​ကြီးလာ​လေ​လေ..
သွေး​ကြော​တွေ..မာ​ကြောလာကြတယ်​..
သွေး​ကြောနံရံများရဲ့..
Elasticity..ဆန့်​ထွက်​အား​..
လျော့ကျသွားကြတယ်​..
ထို့မှတဆင့်​ကျဉ်းကျုံ့သွားကြတယ်​..
ဒီအခါ..
နှလုံးညှစ်​လိုက်​တဲ့အခါတိုင်း..
သွေး​ကြောများအလိုက်​အထိုက်​..
ပျော့​ပြောင်းကျယ်​ပြန့်​မလာနိုင်​တဲ့အတွက်​..
သွေး​ကြောနံရံရဲ့တင်းအား..
မြင့်​တက်​သွားပါတယ်​..
သွေး​ပေါင်​ချိန်​တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်​တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်​ချိန်​..​သွေးဖိအားတွန်းအား..
မြင့်​တက်​​နေပါတယ်​..
အ​ပေါ်​သွေးတက်​​နေတယ်​လို့..
လွယ်​လွယ်​​ခေါ်ကြပါတယ်​..
******​ခန္ဓာကိုယ်​အ​ပေါ်ပိုင်း..
သွေး​တွေများ​နေတာမဟုတ်​ပါ..
******​သွေး​ကြောဖိအားတွန်းအား..
များ​နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှလုံးတချက်​ညှစ်​ပြီးချိန်​..
အလိုက်​သင့်​​လေး..
သွေး​ဟောင်းများကိုပြန်​လက်​ခံချိန်​မှာ..
ခန္ဓာကိုယ်​အနှံ့က..
သွေး​ကြော​တွေမှာလည်း..
နှလုံးဆီကို​သွေးပြန်​ပို့​ပေးနိုင်​ဖို့..
တွန်းအားတင်းအားရှိရပါတယ်​..
အသက်​အရွယ်​ကြီးလာတာနဲ့အမျှ..
သွေး​ကြောနံရံ​တွေ..
ဆန့်​ထွက်​အား​လျော့..
မာ​ကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်​..
နှလုံးဆီကိုပြန်​တွန်းပို့တဲ့အားလည်း..
လိုအပ်​သည်​ထက်​..
မြင့်​တက်​​နေပါတယ်​..
သွေး​ပေါင်​ချိန်​တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေး​ပေါင်​​သွေးဖိအားတက်​​နေပါတယ်​..
ဒီ​သွေး​ပေါင်​ချိန်​က​တော့..
နှလုံးနားချိန်​..တနည်းအားဖြင့်​..
နှလုံးက​သွေး​ဟောင်းလက်​ခံချိန်​..
သွေး​ကြော​တွေမှာ..
ဖြစ်​​နေရှိ​နေတဲ့​သွေး​ပေါင်​ချိန်​မို့လို့..
Diastolic Blood Pressure..
လို့​ခေါ်ပါတယ်​..
အောက်​​သွေးတက်​​နေတယ်​..လို့လွယ်​လွယ်​​ခေါ်ပါတယ်​..
*****​ခန္ဓာကိုယ်​​အောက်​ပိုင်းက​သွေး​တွေများ​နေတယ်​လို့အယူအဆမမှားလိုက်​ပါနဲ့..
******​သွေးများ​နေတာမဟုတ်​..
သွေးဖိအားတင်းအားများ​နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©​သွေး​ကြောများအတွင်း..
သွေးအချိုဓာတ်​များ..
လွန်​ကဲများပြားလာရင်​..
သွေး​ကြောနံရံများ..
တတိတိနဲ့ပျက်​စီးတတ်​ပါတယ်​..
ထိုမှတဆင့်​..
သွေး​ကြောများ..
ကျဉ်းကျုံ့ကုန်​တဲ့အတွက်​..
သွေးချိုဆီးချို ​ရောဂါကိုစံနစ်​တကျ..
ကုသမှုမပြုရင်​..
သွေး​ပေါင်​​သွေးဖိအားတက်​​နေတတ်​ပါတယ်​..
©​သွေးအချိုဓါတ်​..
လွန်​ကဲများပြား​နေတဲ့အခါ..
သွေး​စီးလမ်း​ကြောင်းကို..
ပိတ်​ဆို့်​ထားတဲ့အတွက်​..
နှလုံးညှစ်​လိုက်​တိုင်း..
နှလုံး​သွေးလက်​ခံတိုင်း..
သွေးစီးလမ်း​ကြောင်းဟာ..
ချော​မွေ့မှုမရှိ..ဆန့်​ကျင်​အား​တွေ..
ဖြစ်​ဖြစ်​​နေတာ​ကြောင့်​..
သွေး​ကြောနံရံရဲ့တင်းအားမြင့်​ပြီး..
သွေးတက်​တတ်​ပါတယ်​..
©​သွေးအဆီဓာတ်​များပြားလာရင်​လည်း..
သွေး​ကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..
တွေဖြစ်​​ပေါ်​စေပါတယ်​..
ထိုမှတဆင့်​..
သွေးခဲပိတ်​ဆို့မှု..
Clot..​တွေဖြစ်​​စေပါတယ်​..
သွေးလည်​ပတ်​မှု​ချော​မွေ့မှုမရှိတဲ့အတွက်​..
သွေး​ကြောဖိအားတင်းအား..
မြင့်​​နေပါမယ်​..
ဒီလိုအ​ခြေအ​နေမျိုးမှာလည်း..
သွေး​ပေါင်​ချိန်​တိုင်းလိုက်​တိုင်း..
သွေး​ပေါင်​တက်​​သွေးတိုး​နေမှာပါ..
*****အယူအဆမမှားရန်​ထပ်​မံ..
အသိ​ပေးပါတယ်​..
*****​သွေးတက်​တယ်​ဆိုတာ..
သွေးများ​နေတာမဟုတ်​ပါ..
*****​သွေး​ကြောဖိအားတက်​​နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©နှလုံးရဲ့ဘယ်​ဘက်​ခန်းက​နေ..
သွေးအသစ်​​တွေ..ခန္ဓာကိုယ်​အနှံ့..
သွေး​ရောက်​ရှိ​အောင်​..
ညှစ်​ထုတ်​​ပေး​နေတဲ့အချိန်​မှာ..
သွေး​ကြော​တွေရဲ့..
တင်းအားဖိအား​တွေ..
ရှိသင့်​တာထက်​များ​နေရင်​..
နှလုံးဟာ..
ပိုပိုပြီး..အားစိုက်​..
ပိုပိုပြီး..ညှစ်​အားများများ
ထုတ်​ထုတ်​သုံးရပါတယ်​..
ထုတ်သင့်တဲ့​​​ညှစ်​အားထက်​..
ညှစ်​ထုတ်​အားစိုက်​​နေရတဲ့..
အချိန်​ကာလကြာလာတာနဲ့အမျှ..
ဘယ်​ဘက်​နှလုံးရဲ့ကြွက်​သား​တွေ..
ထူထဲလာကြပါတယ်​..
နှလုံးအရွယ်​အစားကြီးမားလာပါတယ်​..
Left Ventricular Hypertrophy..
ဘယ်​ဘက်​နှလုံးအရွယ်​ကြီးခြင်း..
နှလုံးကြီးခြင်း..လို့​ခေါ်ပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
*****​သွေးတက်​လို့တက်​မှန်းမသိသူ..
*****​သွေးတက်​​နေမှန်းသိလျက်​နဲ့..
ဆေးမှန်​မှန်​မ​သောက်​သူ..
*****​သွေးကျ​​ဆေး​မှန်​မှန်​​သောက်​ရင်​..
ရှိ​နေတဲ့​သွေးကုန်​သွားမှာစိုးရိမ်​တဲ့..
အယူအဆမှားသူ..
*****​သွေးကျ​ဆေး..
ကြာကြာ​သောက်​ရင်​..
ကျောက်​ကပ်​ပျက်​တတ်​တယ်​ဆိုတဲ့..
အယူအဆမှား​ကြောင့််​..
ဆေးမှန်​မှန်​မ​သောက်​သူ..
ထိုသူများအားလုံး..
©နှလုံးအရွယ်​အစားကြီးမားလာကြပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©နှလုံးအရွယ်​အစားကြီးမားတာ..
တာရှည်​လာရင်​..
မနိုင်​ဝန်​ထမ်းရတဲ့...နှလုံးညှစ်​အား..
လျော့ကျသွားတဲ့အခါ..
©Heart Failure..
နှလုံးအားနည်း​ရောဂါဝင်​ပြီး..
မျက်​ခွံမို့..
ခြေ​ထောက်​​ရောင်​..
အဆုပ်​ထဲ​ရေဝင်​..
မောပမ်းလွယ်​..
လူဖြစ်​ရှုံးတဲ့ဘဝ​ရောက်​ရပါတယ်​..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°°
©​သွေးတိုးတယ်​ဆိုတာ..
သွေး​တွေများလာတာမဟုတ်​ပါ..
သွေး​ကြောများရဲ့..
ဖိအားတွန်းအား..တိုး​နေများ​နေတာပါ..
သွေး​ပေါင်​ချိန်​တိုင်းကိရိယာမှာ..
သတ်​မှတ်​ထားတဲ့..
Pressure..ဖိအားတင်းအားထက်​များ​နေလို့..
သွေးတက်​တယ်​လို့..
လွယ်​လွယ်​​ပြောကြရာက​နေ..
သွေးများ​နေတယ်​လို့..
သ​ဘော​ပေါက်​မှားယွင်းသွားကြပါတယ်​..
©​သွေးကျ​ဆေးသည်​..
ခန္ဓာကိုယ်​ထဲကရှိ​နေတဲ့​သွေး​တွေ..
နည်းသွား​စေတာမဟုတ်​ပါ..
ရှိ​နေတဲ့​သွေးနဲ့ဘာမှမသက်​ဆိုင်​ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သွေးကျ​ဆေးသည်​..
©တင်းမာ​နေ​သော..
သွေး​ကြောနံရံများကို..
အလိုက်​သင့်​​ပျော့​ပြောင်းနူးညံ့​စေပါတယ်​..
©ကျဉ်းကျုံ့​နေ​သော..
သွေး​ကြောများကို..
အလိုက်​သင့်​..
ပွင့်​ကျယ်​လာ​စေပါတယ်​..
သွေးကျ​ဆေး​သောက်​လိုက်​တဲ့အခါ..
သွေး​ကြောများ​ပျော့​ပြောင်းလာပြီး..
သွေး​ကြောများပွင့်​ကျယ်​လာတဲ့အတွက်​..
သွေးဖိအားများပုံမှန်​..
ရောက်​ရှိသွားပါတယ်​..
နှလုံးကလည်း..
တအားညှစ်​ထုတ်​စရာမလို​တော့ပဲ..
သက်​သာရာရသွားပါတယ်​..
သွေးစီးလမ်း​ကြောင်းလည်း..
ချော​မွေ့သွားတဲ့အတွက်​..
ခန္ဓာကိုယ်​အစိပ်​အပိုင်းများ..
လုံ​လောက်​မျှတတဲ့​သွေးများ..
ရရှိ​နေပါတယ်​..
ကျန်းမာတဲ့ခန္ဓာကိုယ်​ကို..
ဖြစ်​​ပေါ်​စေပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©​ကျောက်​ကပ်​သည်​..
သွေး​ကြောငယ်​က​​လေးများ..
မြောက်​များစွာဖြင့်​ဖွဲ့စည်းထား​ပါတယ်​..
သွေးတိုး​ရောဂါရှိ​နေသူများ..
သွေးကျ​ဆေးမ​သောက်​ရင်​..
ကျောက်​ကပ်​​သွေး​ကြောငယ်​များအတွင်း..
ဖိအားတင်းအားများ​​နေတဲ့အတွက်​..
သွေး​ကြောငယ်​များပျက်​စီးလွယ်​ပါတယ်​..
ထိုမှတဆင့်​.
ကျောက်​ကပ်​ပျက်​စီးသွားပါမယ်​..
သွေးတိုး​ရောဂါရှိသူ..
သွေးကျ​ဆေးမှန်​မှန်​​သောက်​​နေရင်​..
ကျောက်​ကပ်​​သွေး​ကြောငယ်​များအတွင်း..
ဖိအားတင်းအား​လျော့ကျ​စေတဲ့အတွက်​..
ကျောက်​ကပ်​ပျက်​စီးခြင်းမှ..
ကာကွယ်​ပြီးသားဖြစ်​သွားပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အား​ဆေးဆိုတာ..
ဗီတာမင်​ဓာတ်​..
သတ္ထု ဓာတ်​..
အသားဓာတ်​..
ခန္ဓာကိုယ်​တည်​​ဆောက်​ပြုပြင်​ဖို့..
လိုအပ်​တဲ့ဓာတ်​..
စတဲ့ဓာတ်​အစုအ​ပေါင်းသာဖြစ်​ပါတယ်​..
ထမင်းဟင်းစား​သောက်​တဲ့အခါမှာလည်း..
ပါဝင်​ပြီးသားဖြစ်​ပါတယ်​..
အား​ဆေးဆိုတာ..
ခန္ဓာကိုယ်​အတွက်​..
လိုအပ်​မည့်​..
အာဟာရဓာတ်​ကို..
ဖြည့်​စွက်​​ပေးတာပါ..
သွေးတိုး​သွေးတက်​တာနဲ့..
လားလားမှမဆိုင်​ပါ..
အား​ဆေး​သောက်​ခြင်းဖြင့်​..
သွေးမတက်​ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
©အား​ဆေး​သောက်​ခြင်းသည်​..
သွေးမတက်​​စေပါ..
ဘာမှမဆိုင်​ပါ..
သို့​သော်​..
အဆီများ​သောအစာ..
အငန်​များ​သောအစာ..
စားရင်​​တော့..
သွေးတက်​​စေပါတယ်​..
အဆီဓာတ်​...အငန်​ဓာတ်​များသည်​..
သွေး​ကြောများကို..
ကျဉ်းကျုံ့​​စေပြီး..
ဖိအားတင်းအားတက်​လာ​စေပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အမှားကင်းစင်​၍..
အမှန်​မြင်​နိုင်​ကြပါ​စေ..
မေတ္တာဖြင့်​..
ဒေါက်​တာဦးစိုင်းဟန်​​ကျော်​စိန်
ဆမ..၁၁၀၀၈..
Sunday, October 7, 2018
ဝဋ်​​ကြွေး​ကြောက်​ရင်​ နှုတ်ကို သတိထား
ဝဋ်​​ကြွေး​ကြောက်​ရင်​ နှုတ်ကို သတိထား
============================
       တချို့လူ​တွေ ​​ပြောကြ​တဲ့ စကားရှိတယ်​။
သူများအ​ပေါ်မဟုတ်​တာမလုပ်​ဘူး မ​ကောင်းမကြံဘူး
နှုတ်ကြမ်းတာ ဘာဖြစ်​လည်း ။
    မှန်​ပါတယ်​ နှုတ်ကြမ်းလို့ ​​သူတစ်ပါးက
 ဖြစ်​ခြင်​မှဖြစ်​မှာပါ။ဖြစ်​တာ ခံရတာက ကိုယ်​ပါ ။
        မြတ်​စွာဘုရား လက်​ထက်က
အဗ္ဗပါလီပြည့်​တန်​ဆာမက ရုပ်​ရည်​လှပလို့ ဟိုမင်းက
လိုချင်​ ဒီမင်းက ရချင်နဲ့ သူ့​ကြောင့်​စစ်​ဖြစ်​မှာစိုးလို့
အများပိုင်​အဖြစ်​ပြည့်​တန်​ဆာမလုပ်​ဖို့ ဖြစ်​ခဲ့ရတာဟာ
စိတ်​ထားညံ့လို့ ​စေတနာနည်းလို့မဟုတ်​ပါဘူး။
            အတိတ်​ဘဝ ​စေတီရင်​ပြင်​မှာ
နေမ​ကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်​စင်​သွားတာကို ဘယ်​သူမှန်းမသိပဲ စည်းကမ်းမဲ့တယ်​  ​စေတီရင်​ပြင်​​ပေါ်
ဘယ်​ပြည့်​တန်​ဆာမက တံ​​တွေး ထွေးသွားလဲလို့
စေတနာ​ဒေါသ နှုတ်ဝဋ်​​ကြွေး​ကြောင့်​ပါ။
တရား​ဟော အ​တော်​ဆုံးဖြစ်​တဲ့ ခုဇုတ္တရာဆိုတဲ့
ခါးကုန်​မ​လေးဟာ ဒီဘဝ ပဋိကတ်​​ဆောင်​ အမျိုးသမီးဖြစ်​ရပြီး ဘာ​ကြောင့်​ ခါးကုန်းရလဲဆိုရင်​ အတိတ်​ဘဝ အလှူခံကြွလာတဲ့ ပ​စ္စေကဗုဒ္ဓတစ်​ပါးက ခါးကုန်းတာကို သူငယ်​ချင်း​တွေ​ရှေ့ ဟာသအဖြစ်​ ဖလားကိုင်​ပြီး ​အိမ်​မှာလာတဲ့
ကိုယ်​​တော်​​လေးက ​ဟောဒီလို ခါးကုန်​​လေးပါလို့
ဟန်​အမူရာလုပ်​ ​ပြောင်​ခဲ့လို့ ခါးကုန်းဖြစ်​ရတာပါ။
       မြတ်​စွာဘုရားကိုယ်​တိုင်​က ​ဟောခဲ့ပါတယ်​။
သူများကို မကဲ့ရဲ့ဖို့ ကြမ်းတမ်းတဲ့စကား​တွေနဲ့ မ​ပြောဖို့ပါ။
    မြတ်​စွာဘုရား သုန္ဒရိတိတ္ထိ မိန်းမပျို
စိဉ္ဇမာနတို့ စွပ်​စွဲခံရတာဟာ နုစဉ်​အ​လောင်း​တော်​ဘဝက
ပ​စ္စေကဗုဒ္ဓကို မိန်းမပုံစံဝတ်​ပြီး လူထင်​လွဲ​အောင်​ပြုခဲ့လို့တဲ့။
      ဒုက္ကစရိယ ၆နှစ်​ကျင့်​ရခြင်း
လှည်းကုန်​သည်​လှူတဲ့
မုန့်​ကြမ်းကို တစ်​ဝါတွင်းလုံး
ဘုန်​​ပေးရခြင်း​တွေကနှုတ်ဝဋ်​​ကြွေးပါ။
       အပြင်​လက်​​တွေ့ဘဝမှာလည်း
သူတစ်​ပါး အားနည်းချက်​ကို
ကဲ့ရဲ့တဲ့သူ​တွေပြန်​ဝဋ်​လည်​ပါတယ်​။
          ဆရာကြီး​ရွှေဥ​ဒေါင်းက
သူရဲ့ ဘဝတသက်​တာ စာအုပ်​ထဲမှာ
သူစကားထစ်​ရခြင်း အ​ကြောင်းက
က​လေးဘဝက စကားထ​စ်​တဲ့
တန်းအ​ဖော်​သူငယ်​ချင်းကို ​ပြောင်​တာက​နေ
ဖြစ်​ရတာပါလို့ ​ရေးထားပါတယ်​။
      လူ​လောကမှာ တချို့သူတစ်​ပါးကို
ကဲ့ရဲ့တာ ​နောက်​​ပြောင်​တာကအစ ကိုယ်​တိုင်​​ရော
ကိုယ်​​မွေးတဲ့က​လေးတို့မှာ
အားနည်း​ချက်​​တွေပါလာတာ အများကြီးပါ။
သို့​သော်​လည်း အရေမရ အ ဖတ်မရ
အကုသိုလ်​ဝဋ်​မပါ​အောင်
သတိထားရင်​ အ​ကောင်းဆုံးပါ။
Credit. ဓမ္မအေးရိပ်
  မှကူးယူဖော်ပြသည်
Friday, September 28, 2018
ဆဲကြပါစေ
.   
                   ဆဲကြပါစေ
.             💬💬💬💬💬
🔹️ ဆဲကြပါစေ ...
      ဓာတ်တိုင်ခြေရင်း ၊ သွေးအိုင်တွင်းမှ
      သက်ကင်းလဲလျောင်း ၊ မင့်အလောင်းကို
      ငဲ့စောင်းတစ်မူ ၊ အရေးတယူ ဖြင့်
      သူတို့ ကြည့်မှာ  မဟုတ်ပေ ။
🔹️ ဆဲကြပါစေ ...
      သူတို့တစ်တွေအတွက်
      နေပူပြင်းပြ ၊ မိုးလေကျလည်း
      နေ့ည အခင်း ၊ လျှပ်စစ်လင်းဖို့
      မင်းကြိုးပမ်းရာ ၊ စေတနာကို
      ဘယ်မှာ သူတို့  မသိနိုင် ။
🔹️ ဆဲကြပါစေ ...
      ဆဲပါလေတော့
      သေကံ ရှင်ကံ ၊ ဓာတ်ကြိုးမှန်လျှင်
      အန္တရာယ်ရှိ ၊ မင်းတို့သိလျှက်
      မိမိရပ်ရွာ ၊ ထိန်လင်းသာအောင်
      အခါခါအောက်ကြို့ ၊ ထမ်းဆောင်လို့လည်း
      သူတို့ အကောင်း  မပြောပေ ။
🔹️ ဆဲကြပါစေ ...
      နာတာရှည်သနစ် ၊ ခေတ်အဆက်ဆက်
      အပျက်ပျက်ကို
      ဆက်ခံခဲ့ရ ၊ သည်ကာလ၏
      ကျဆင်း ပုံရိပ်
      ဝိပ္ပတ္တိခေတ် ၊ ဝန်ထမ်းဖြစ်သည့်
      စနစ်၏ သားကောင်  မင်းတို့တစ်တွေ ။
🔹️ ဆဲကြပါစေ ...
      သာယာမှုကင်း ၊ မင်းမိသားစု
      နွမ်းပါးမှုနဲ့
      လူ့ဂုဏ်သိက္ခာ ၊ သိမ်ငယ်စွာဖြင့်
      အနာဂတ်လမ်း ၊ စမ်းတဝါးဝါး
      ဝမ်းခါး မလှ ၊ မင့်ဘဝ ကို
      ဆဲကြသူတို့  မသိနိုင်ပေ ။
🔹️ ဆဲကြပါစေ ...
      လက်ညှိုးတွေထိုး 
      သည်မိုး သည်လှေ ၊ သည်လူတွေနဲ့
      သည်မြေ ဝန်းဝိုင်း ၊ မင်းကျောခိုင်းလို့
      ဆဲတိုင်း မနာ ၊ ခွင့်လွှတ်ပါလည်း
      မင်း ဈာပန ၊ စာနာကြသည့်
      သောကကြေကွဲ ၊ လူတွေထဲမှာ
      ဆဲဆိုသူတို့  မပါချေ ။
      ပေးဆပ်တာက  မင်းတို့တစ်တွေ ။
      ဆဲလိုသူတို့  ဆဲပါစေ ။      ။
                      နွေကိုတူး(ပခုက္ကူ)
[ဤကဗျာဖြင့် (၁၈.၉.၂၀၁၈) ရက်နေ့ညတွင်
 တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ရသည့်
 တောင်-ဒဂုံ လျှပ်စစ်မန်နေဂျာရုံးမှ
 လျှပ်စစ်လိုင်းလုပ်သား
 မောင်ထွေးမင်းအောင်သူမျိုး(ခ)ဇာနည်
 အသက်(၂၅)နှစ် အား
 ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်]
ရင်သွေးငယ်တို့အတွက်
ရင်သွေးငယ်တို့အတွက်
Thursday, September 27, 2018
WYသုံးစွဲထားရင်၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ်
WYသုံးစွဲထားရင်၂၄နာရီအတွင်း ဆီးစစ်ရင်
ပေါ်ပါတယ် ။ ၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
၂နှစ်အတွင်း ဆံပင်ကို ဓါတ်ခွဲ စစ်ရင် ပေါ်ပါတယ် ။
-
-
-
-
WYကို လူငယ်တွေက ကြယ်သီး လို့ 
အလွယ်ခေါ် ကြပါတယ် ။
အရောင် အလိုက် ပုံစံအလိုက်
အမျိုးအစား ခွဲ ကြတယ် ။
-
နောက် အရောင်
အများ အားဖြင့် အရောင် က
ပန်းဆီရောင် လိမ္မော်ရောင်
ချောကလက်ရောင် ဒီလို ခွဲခြား
သတ်မှတ် ကြတယ် ။
-
အစိမ်းရောင် နဲ့ ငွေမှင်ရောင် ပါ တဲ့
အစက်အပြောက်ပါတဲ့ အခြားအရောင်တွေကို
အထူးထုပ် ကာလာတွေကို
တစ်ရာ နှစ်ရာ ယူမှ (ရာစီး)
လက်ဆောင် ၂လုံးလောက်ပါတတ်တယ် ။
-
နောက်
WYထက် အဆင်ြ့မင့်ထားတဲ့
ICEက လည်း အဖြူ ရောင်
ကျောက်ချဉ်ခဲ အကြေနဲ့ တူပါတယ် ။
-
လူငယ်တွေဘာလို့ စွဲလည်း
ဘာအရသာလည်း ကလည်း
စိတ်ပျော့သူဆို ဆွဲတယ် ။
မျောဘို့ များပါတယ် ။
-
၃လုံး လောက် ရှူ ရှိုက်မိရင်
ကချင် ခုန်ချင် လှချင်ပ ချင်
သွားချင် လာချင်
သုံးစွဲသူ သန္ဓေလိုက်ပြီး
အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။
-
၃လုံးလောက် ရှူမိသူဟာ
ထမင်း ၂ရက်လောက်မဆာပါဘူး ။
-
၃ညလောက် မအိပ်ပဲ
အိပ်ရေးဝ လန်းဆန်းနေတယ် ။
-
လွန် သွားရင် အာရုံ သေ သွားပြီး
တစ်ခုခုထဲ မြုတ်သွား သလို ပေါ့ ။
အလုပ်တစ်မျိုးမျိုး
ဝါသနာပါရာgame လို မျိုးကို နစ်
မအိပ်မနေ ဆော့နေတတ်တယ် ။
ဆေး ကျချိန် ရဲ့ဒဏ်ကို မခံနိုင်တဲ့လူ
စွဲသွား တာပါပဲ ။
-
ဆေး ကျချိန်မှာ
ဆေးအာနိသင် ပြယ်ချိန်ဟာ
ချက်ခြင်းလူမမာ တစ်ယောက်လို
ပျော့ခွေပြီး အဆစ်အမြစ်ကိုက်ခဲ
အရိုးထဲကိုက်တဲ့ ဝေဒနာ
အားအင်ကုန်ခမ်းနွမ်းနယ်နေ သူတစ်ယောက်လို
ဒေါသ အလို လို ဖြစ်လာတာ ။
-
တကယ့်ကို လူမမာ လုံးလုံး ဖြစ်နေချိန်
တစ်ချက် နှစ်ချက် တစ်လုံးရဲ့ ၅ပုံ ၁ ပုံ လောက်
အနံ့ ရတာနဲ့ ငေါက်ခနဲ ထထိုင်
ဇာတ်ကြိုးမနိုင်တဲ့ မြင်းလို
ခုနက မောပမ်ကိုက်ခဲနေတာ
ချက်ခြင်းပျောက် သွားတဲ့ သုခ
အဲ့ဒီ သုခ ကို စွဲလမ်းသွား တာပါ ။
-
စွဲသွားသူတစ်ယောက် ဆေးကျချိန် မှာ
ဆေးသာ ရမယ်ဆို ဒုစရိုက် လုပ်ဘို့ 
၇၀ရာနူန်း တွန်းအားပေးပါတယ် ။
-
ဈေးကွက် ပေါက်ဈေးအရ
တစ်လုံး ၃ထောင် ကို စွဲလန်း သုံးစွဲသူ
လူငယ်တစ်ယောက်အနေ နဲ့
၃လုံး လောက် သုံးစွဲဘို့
တစ်နေ့  တစ်သောင်း လို အပ်ပါတယ် ။
-
ဒါဟာကျောင်သား လူငယ်တစ်ယောက်အနေနဲ့
ရေရှည် မဖြစ်နိုင်ပါဘူး ။
-
ထိုအချိန်မှာ မူးယစ်သားကောင် လူငယ်ဟာ
ဆေး ရဘို့  မိမိကဲ့သို စမ်းသပ်မယ့်
သားကောင် အသစ် ရှာ ရပါတယ် ။
-
သားကောင်အသစ် ရရင်
ရောင်းဝယ်သူ ပေးတဲ့ကော်မရှင် နဲ့ 
ဈေးနူန်း ကွာတဲ့ ၅၀၀ လောက်ရဘို့ 
အပိုအဆစ် ဆယ်လုံး မှ တစ်လုံး
အပို လေး ကို မျှော်လင့်ပြီး
အလို လို ရောင်း ဝယ်သူ
ဆေး ကယ်ရီသမား ဖြစ်မှန်း မသိ
ဖြစ်လာပါတော့တယ် ။
-
နီးစပ်ရာ မိန်း ကလေး ယောကျာင်္း လေး သူငယ်ချင်း များ ကို ဆွယ်ရပါတော့တယ် ။
-
နောက်ဆုံး မိမိ ပတ်ဝန်းကျင် လူစုမိပြီး
အားလုံး သားကောင်ဖြစ်သွားကြပြီး
သားကောင်အသစ် ထပ်မံမရတော့ တဲ့အချိန်
မသုံးစွဲရ မနေနိုင်အခြေအနေ မှာ
ဒုစရိုက်လုပ်ဘို့  ကြံစည်ပါတော့တယ် ။
-
ယခုတစ်လော လူငယ်တွေ အစုလိုက်အဖွဲ့လိုက်
လုယက်မှုကြူး လွန်နေတာ ဟာ
မူးယစ် သားကောင်တွေ ပါ ။
-
ဒါကြောင့်  လူငယ်များ မစမ်းသပ် သင့်ပါဘူး ။
-
မိမိသုံးစွဲတာ
တာဝန်ရှိသူတွေမသိဘူး မထင်ပါနဲ့ ။
၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။
-
၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
-
၂နှစ်အတွင်း ဆံပင်ကို CID
အမျိုးသား ဓါတ်ခွဲ ဌာနပို့ စစ်ရင် ပေါ်ပါတယ် ။
-
မိဘများကလည်း
ကိုယ့်သားသမီး ရဲ့အမူအကျင့် တွေ
ပြောင်းလဲလာရင် လစ်လျှူ မရှူသင့်ပါဘူး ။
-
သုံးစွဲသူတွေက သိသာထင်ရှားပါတယ် ။
-
သိသိသာသာကိုယ်အလေးချိန် လျှော့လာမယ် ။
မလိုအပ်ပဲ စကားများလာမယ် ။
မျက်ကွင်းညိုလာမယ် ။
အစား အသောက်ပျက်လာမယ် ။
အထူးခြားဆုံး က ချွေးနံ့ !
-
ကိုယ် နံ့ ဟာ လိမ်ညာမရအောင်
ချောကလက် အနံ့ အမြဲမွှေးနေပါတယ် ။
ဆပ်ပြာနဲ့ ဆေးလို့ မပျောက်ပါဘူး ။
ဒါ ထူးခြားပါတယ် ။
-
သွားများ ကျိုးပဲကုန်ပါတယ် ။
ဒါနောက်ဆုံးအဆင့်ပါ !
-
လူငယ် အညွန့် အဖူးများ
အနာဂတ် လမ်းမမှားစေဘို့ 
တိုင်းပြည် သာယာ အေးချမ်းစေဘို့ 
အားလုံး ပူးပေါင်းပါဝင်စေလိုပါတယ် ။
-
တကယ်ဖြန့် ဖြူး ရောင်းချ တဲ့
ကုန်သည်ကြီးတွေကိုသာ ဖမ်းဆီးစေလို ပါတယ် ။
တာဝန်သိ သတင်းပေးစေလိုသလို
တကယ့်ကိုပဲ ထိထိရောက်ရောက်
အရေးယူစေလိုပါတယ် ။
-
Credit - Nang Htwe Khin
& Ng Wo Kham
-
#မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။
Wednesday, September 26, 2018
အာဠာဝကဘီလူး နှင့် ဂေါတမမြတ်စွာဘုရား အမေးအဖြေ
အာဠာဝကဘီလူး နှင့် ဂေါတမမြတ်စွာဘုရား အမေးအဖြေ
အာဠာဝက မေး ၍
မြတ်စွာဘုရားက ဖြေဆို​တော်​မူသည်​။
အမေး - လောကမှာ အကောင်းဆုံး
ဥစ္စာက ဘာလဲ။
အဖြေ - သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
၁။ (သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဌံ)
အမေး - လောကမှာ ဘာလုပ်ရင်
ချမ်းသာမှာလဲ။
အဖြေ - ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
၂။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
အမေး - လောကမှာ အကောင်းဆုံး
 အရသာက ဘာလဲ။
အဖြေ - အကောင်းဆုံး အရသာဟာ သစ္စာ။
၃။ (သစ္စံ သာဓုတရံ ရသာနံ) 
အမေး - လောကမှာ အကောင်းဆုံးသော  အသက်ရှင်နည်းက ဘာလဲ။
အဖြေ - အသိပညာနဲ့ အသက်ရှင်တာ  အသက်မွေးတာ အကောင်းဆုံး။
၎။ (ပညာဇီဝိံဇီဝိတ မာဟု သေဌံ)
အမေး - အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ - သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။
၅။ (သဒ္ဓါယ တရဟိ သြဃံ)
အမေး - ကျယ်ပြောသော ဘ၀ကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ - သတိနဲ့ ဖြတ်ကူးရမယ်။
၆။ (အပ္ပမာဒေန အဏ္ဏ၀ံ) 
အမေး - ဆင်းရဲဒုက္ခကို ဘာနဲ့
ဖယ်ရှားမှာလဲ။
အဖြေ - ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်
ဖယ်ရှားနိုင်မယ်။
၇။ (၀ီရိယေန ဒုက္ခမစ္စေတိ)
အမေး - စိတ်ဖြူစင်အောင်  ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပညာ ဖြင့်သာ ဆေးကြောရမယ်။
၈။ (ပညာယ ပရိသုဇျွတိ)
အမေး - ပညာကို ဘယ်လိုရအောင် ယူရမှာလဲ။
အဖြေ - နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ်
မှတ်သားချင်တဲ့ဆန္ဒရှိရင်
ပညာရပါတယ်။
၉။ (သုဿုတသာ လဘတေ ပညံ) 
အမေး - ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ - လုံလ၀ီရိယရှိပြီး
တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။
၁၀။ (ပတိရူပကာရီ ဓုရ၀ါ၊
ဥဌာတာ ဝိန္ဒတေ ဓနံ)
အမေး - အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။
၁၁။ (သစ္စေန ကိတ္တိံ ပပ္ပေါတိ)
အမေး - မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပေးကမ်းပါ။
၁၂။ (ဒဒံ မိတ္တနိ ဂန္ထတိ) 
အမေး - ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘ၀အရေး စိတ်အေးရမှာလဲ။
အဖြေ - အမှန်တရား၊ အသိပညာ၊ လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။
၁၃။ (သစ္စံ ဓမ္မော ဓိတိ စာဂေါ)
ဓမ္မဒါန အဖြစ် မျှဝေပါသည် ...
Copy by write - Zin Mon ၊ အရှင်​မုနိန္ဒ
Photo - မူလပိုင်ရှင်အား
Credit ပေးပါသည် ။
Wednesday, September 19, 2018
ငရဲကိုသွားမဲ့ ဥပုသ်သည်
ငရဲကိုသွားမဲ့ ဥပုသ်သည်
_____________________
တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။
အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို
အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။
သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။
အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။
လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကိုစုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။ အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို
" ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။
မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက
"အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်"
လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး
" ကြည့်စမ်းပါဦးတော် ရုပ်ကလေး
သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။
ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့"
လို့ တစ်ယောက်တစ်ပေါက် အတင်းပြောကြသတဲ့။
အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက
" ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား "လို့ မကြားတကြား သရော်ကြသတဲ့။
အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။
မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကိုသွားပြီး
" အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်"
လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက
" ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ "
လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်ကြည့်လိုက်ပြီး
" သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ် "လို့ ဆုံးမစကားပြောပါတယ်။
အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။
နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက " ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။
ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။
ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။
#Credit-မူရင်း​ရေးသူ
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏
Save & Copy & Share
Thursday, September 13, 2018
ဗုဒ္ဓဘာသာကိုတစ်ခြားဘာသာတွေနဲ့တန်းညှိဖို့လုပ်တဲ့အစိုးရကို ဆရာတော်သတိပေးပြီ
“ဘာသာပေါင်းစုံညီညွတ်ရေးအကြောင်းပြ ဗုဒ္ဓဘာသာကိုတစ်ခြားဘာသာတွေနဲ့တန်းညှိဖို့လုပ်တဲ့အစိုးရကို ဆရာတော်သတိပေးပြီ
ကြေးလည်း သတ္တု၊ ရွှေလည်း သတ္ထုဆိုပြီး
ဘယ်​သူမှ ​တန်းတူ​ဈေးထားပြီး မ​ရောင်း။
အိုင်​ဖုန်းလည်း ဖုန်း၊ ဟွာ​ဝေးလည်း ဖုန်းဆိုပြီး
ဘယ်​သူမှ တန်းတူ​ဈေးထားပြီး မ​ရောင်း။
ခွေးဘီလူးလည်း ကား၊ မာစီးဒီးလည်း ကားဆိုပြီး
ဘယ်​သူမှ တန်းတူ​ဈေးထားပြီး မ​ရောင်း။
အ​ပေါ်ယံ အသွင်​အပြင်​ကိုကြည့်​ပြီး အားလုံးတန်း
တူပဲလို့ ​ပြောခဲ့ရင်​ ရူးသွပ်​​နေသူမှတပါး အခြားမဖြစ်​နိုင်​ပြီ။ ဒီ​နေ့  စဉ့်​ကိုင်​မှာ တန်းတူပင်​မဟုတ်​၊ ​လျော့​ဈေးနှင့်​ အ​ရောင်းခံလိုက်​ရသည်​ဟု ခံစားရသည်​။
“ဒါဆို ကိုယ်​​တော်​တို့က  အခြားဘာသာ​ရေး
ဝန်​ထမ်း​တွေထက်​ မြင့်​မြတ်​သာလွန်​တယ်​လို့
ပြော​တာလား​” မေးရင်​ “ဟုတ်​တယ်​ ၊သာတယ်​”
လို့ ​ဖြေပါတယ်​။
ဘာ​ကြောင့်​လဲ...?
ရှင်းပါတယ်​— ဘုန်းကြီးချင်း အ​ခေါ်တူ​ပေမယ့်
သူတို့ကျင့်​တဲ့အကျင့်​နဲ့ ဘုန်းကြီးတို့ကျင့်​တဲ့အကျင့်​က
ဆီနဲ့​ရေ၊ နံ့သာနဲ့အီး၊ ရွှေနဲ့ရွှံ့  လိုကွာခြားပါတယ်​။
ဘုန်းကြီးတို့ဟာ ဆီပါ ၊ နံ့သာပါ၊​ရွှေပါ။
တန်းညှိမခံနိုင်​ပါဘူး။
       မူလပဏ္ဏာသပါဠိ၊စူဠသီဟနာဒ သုတ်​​တော်​မှာ
မြတ်​စွာဘုရားက “ဗုဒ္ဓသာသနာက ရဟန်း​တွေသည်​   အခြားသာသနာက ရဟန်း​ခေါ်သူ​တွေထက်
သာ​ကြောင်း” ခြ​င်္သေ့လိုကြုံးဝါးဖို့ မိန့်​မှာခဲ့တယ်​။
ဘာသာခြား​တွေ ဘာသာမဲ့​တွေ ဘာသာဝင်​အတု​တွေက  “သူတို့မှာလည်း ဘုရားရှိ တရားရှိ သံဃာရှိ  ကိုးကွယ်​သူရှိ​နေတာပဲ  ဘာထူးလို့လဲ  ဘာကွာလို့လဲ  ဘာခြားလို့လဲ” ဟု တန်းညှိစကား​ပြောလာလျှင်​ ...
“သူတို့သာသနာမှာ သောတာပန်​ရဟန်း၊
သကဒါဂါမ်​ရဟန်း၊ အနာဂါမ်​ရဟန်း၊ ရဟန္တာတို့
မရှိဘူး။ သူတို့ဘုရားက အဲဒီလို အဆင့်​​ရောက်​​အောင်
မ​ဟောနိုင်​ဘူး။ လမ်းမညွှန်​နိုင်​ဘူး။ သစ္စာသိရဟန်း
မရှိဘူး” လို့  ဗုဒ္ဓသာသနာရဟန်း​တော်​များက 
မ​ကြောက်​မရွှံ့  ကြုံးဝါးဟိန်း​ဟောက်​ဖို့
မြတ်​စွာဘုရားက မိန့်​​တော်​မူခဲ့တယ်​​။
ယခု မြတ်​ဘုရားမိန့်​​တော်​မူချက်​အတိုင်း
ကြုံးဝါးဟိန်း​ဟောက်​လိုက်​ပါသည်​။
““ ငါတို့ဗုဒ္ဓသာသနာသည်​  သင်​တို့သာသနာထက်​ အဆ​ပေါင်းများစွာ သာလွန်​မြင့်​မြတ်​သည်​ ””
သင်​တို့သာသနာ့ဝန်​ထမ်းတို့ထက်​ သာလွန်​မြင့်​မြတ်​သည်​ ””
““ ငါတို့နှင့်​သင်​တို့ တန်းညှိခြင်းကို လက်​မခံနိုင်​ ””                                                             
          ■သီတဂူဆရာတော်■