ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ
အောင်းကုန်း၊ သြဂုတ် ၂၅
@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊
အောင်းကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် သြဂုတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီ
အချိန်က ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ အင်းတော်မြို့နယ်၊ မော်တိတ်ကျန်းမာရေး
ဋ္ဌာန ကျန်းမာရေးမှူး ဒေါ်ပိုးဇာဖြူ၊ ကျေးလက်သားဖွားဆရာမ ဒေါ်ခင်သန်း၊ အရံသားဖွားဆရာမ ဒေါ်တင်အုန်းနှင့်
ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဇင်နှင့် ဆရာ/မများ တက်ရောက်ခဲ့ကြသည်။
ကျန်းမာရေးမှူး ဒေါ်ပိုးဇာဖြူက ကျောင်းသား/သူများအား
မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ AIDS ရောဂါ၊
TB ရောဂါအကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများအား
တကိုယ်ရေသန့်ရှင်းမှုများကို စစ်ဆေးခဲ့ပြီး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment