မော်လူး သတင်းလေးများ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် တစ်ကိုယ်တော် စက်ဘီးစီးသူ မော်လူးသို့
ရောက်ရှိ
မော်လူး ၊ စက်တင်ဘာ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးသို့ ၂၇
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသွားအပြန် မိုင်ပေါင်း ၂၅၀၀ ကို တစ်ကိုယ်တော်
စက်ဘီးစီးနင်းလာသူ ကိုခင်မောင်သန်း (၄၀)နှစ်သည် စက်တင်ဘာလ ၂ ရက်နေ့ နံနက်
၈း၃၀ နာရီအချိန်က မော်လူးသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
အောင်ဘာလေထီ ထိုးသူနည်းပါးလာ
မော်လူး၊ စက်တင်ဘာ ၅
@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်
ထီကိုယ်စားလှယ်များ၏ မရိုးမသားလုပ်ရပ်များကြောင့် အောင်ဘာလေထီကို
ကံစမ်းသူနည်းပါးလာကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး မော်လူးသို့ရောက်ရှိ
စက်တင်ဘာ ၅ ၊ မော်လူး
@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊
မော်လူးကျေးရွာသို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးသည်
စက်တင်ဘာ ၅ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် ရောက်ရှိပြီး
တာဝန်ရှိသူများနှင့် မော်လူးအခြေခံပညာ အထက်တန်းကျောင်း
သရဖီခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မော်လူးသတင်းများ ကွန်နက်ရှင် အခက်အခဲကြောင့် အချိန်နှင့် တစ်ပြေးညီ မတင်ပြပေးနိုင်သဖြင့် အနူးအညွှတ် တောင်းပန်အပ်ပါသည်။
မော်လူး မီဒီယာဂရု
No comments:
Post a Comment