မော်လူး အထက သို့ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIpKtOb915PNhhzbOPXJ3sC9ngNX4ZLx_NuwgYRmX4G5UDF6sC5EPjTOS493duAfYNkYwW0mIjoavPq5hu76zTZS5Wty0fCzcH7PFRaX1ues8gEz7YQHLTUr1RKyMNVPyO4JY7N_mn0eg/s1600/DSCN2017.JPG)
မော်လူး အထက သို့ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်
မော်လူး၊ နိုဝင်ဘာ ၁၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ
အထက်တန်းကျောင်းသို့ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် မတည်ငွေ
ကျပ်သိန်း (၁၀၀)လှူဒါန်းပွဲကို နိုဝင်ဘာ ၁၃ ရက်၊ နေ့လည် ၂ နာရီအချိန်က
အဆိုပါကျောင်း သရဖီခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့်
ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်များ၊ မော်လူး အထက
ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင်နှင့် ဆရာ/မများ၊
အငြိမ်းစားကျောင်းအုပ်ဆရာကြီးများ၊ ကျောင်းအကျိုးတော်ဆောင်
ကော်မတီဝင်များနှင့် အလှူရှင် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင်မှ မော်လူး အထကတွင် လိုအပ်နေသည့်
ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အလှူရှင် မန္တလေးမြို့ ၆၃ လမ်းနေ
ဦးစန်းလွင် + ဒေါ်ခင်မေသန်း မိသားစုတို့မှ အလှူငွေ ကျပ်သိန်း ၁၀၀
လှူဒါန်းခြင်းအပေါ် ဝမ်းသာဂုဏ်ယူ ကြည်နူးမိပြီး သာဓု အကြိမ်ကြိမ်
ခေါ်မိပါကြောင်း ပြောကြားပြီး၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး
ဦးဝင်းစိန်မှ အဆိုပါ လှူဒါန်းမှုအပေါ် ကျေးဇူး အထူးပင်တင်ရှိပါကြောင်း၊
မော်လူးဒေသ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်နေသည့် ကျောင်းဆောင်သစ်ကြီး
ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ လှူဒါန်းသည့်အတွက်
ဂုဏ်ယူဝမ်းသာမိပါကြောင်းတို့ကို ပြောကြားခဲ့ကြသည်။ ဆက်လက်၍
အလှူရှင်မိသားစုမှ လှူဒါန်းငွေကို ပေးအပ်လှူဒါန်းရာ
ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး အလှူရှင်မိသားစုအား
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် မော်လူး
အထကကျောင်းရှိ အသက် ၅၀ နှစ်ပြည့် ဆရာ/မများအား တစ်ဦးလျှင်
ကျပ်ငါးသောင်းစီကိုလည်းကောင်း၊ ကျန်ဆရာ/မများ၊ ရုံးအဖွဲ့ဝန်ထမ်းများ၊
တက်ရောက်လာကြသော ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များကို
အလှူရှင်မိသားစုမှ ငွေကျပ် တစ်သောင်းစီကို လှူဒါန်းခဲ့ရာ
အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးမြသန်းမှ တက်ရောက်လာကြသူများ၏ ကိုယ်စား
အလှူရှင်မိသားစုကို ဆုတောင်း မေတ္တာပို့သကာ နေ့လည် ၃ နာရီအချိန်တွင်
အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
Mawlu media group
No comments:
Post a Comment