စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ ရှိကျေးလက်ဒေသဖွံ့ဖြိုး
ရေးလုပ်ငန်းများကို ဇန်န၀ါရီလ ၇ ရက် နေ့ ၂ နာရီအချိန်က ကုန်းခါးအုပ်စု၊ လေဘိုရွာ ဘုန်းတော်
ကြီးကျောင်းဇရပ်တွင် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်
အင်းတော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးကျော်နိုင်ဌေး ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးချစ်ဆွေ နှင့် အဖွဲ့သည် ဇန်န၀ါရီလ ၆ ရက်တွင်
ကုန်းခါကျေးရွာအုပ်စုအတွင်းရှိ ညောင်ပင်ဆိပ်ရွာ၊ နောင်ကွတ်ရွာ၊ ညောင်ကုန်းရွာ ကျေးရွာသူကျေးရွာသားများနှင့်လည်းကောင်း ဇန်န၀ါရီ ၇ရက်နေ့တွင် နမီးကျေးရွာအုပ်စု ကွင်းငို့ရွာ၊ လေဘိုရွာ ကျေးရွာ
သူကျေးရွာသားများနှင့်လည်းကောင်း ကျေးရွာတွင်းလိုသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
အခြေခံဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းအတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခြင်းများ
ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်
No comments:
Post a Comment