တစ်ပိသာကို ကျပ် ၆ သိန်ကျော်တန်တဲ့ အသီးတမျိုးလို့ ပြောနိုင်တယ်။
ဗြိတိန်မှာ ဈေးကြီးပေးဝယ်စားရတဲ့ မြန်မာနိုင်ငံက အလေ့ကျပေါက် အသီးပင်ဖြစ်ပါတယ်။ အသီး ၁၀ လုံးကျော်လောက်ကို ၂ ပေါင်(ကျပ်ငွေ၂၇၀၀ ကျော်) ပေးရပါတယ်၊ တပိသာအလေးချိန်ဆိုရင် ကျပ် ၆ သိန်းကျော်တန်မယ်လို့ ခန့် မှန်းရပါတယ်။
...
သယ်ယူပို့ ဆောင်စရိတ်တော့ရှိလိမ့်မယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်
တောနယ်မှာတော့ ဖေါင်ဖေါင်သီးလို့ ခေါ်ပါတယ်။ အဲ့ဒီအသီး မှည့်တဲ့အခါ အခွံက ခြောက်လာပြီး အသီးလေးက အ၀ါနုရောင်ဖြစ်ပြီး ဆီးသီးစေ့ငယ်လောက်အရွယ်ရှိပါတယ်၊ အရသာက ချဉ်ပြုံးဖြစ်ပြီး အတွင်းကအစေ့က မျိုးပျက်ခရမ်း အစေ့လိုဖြစ်ပါတယ်။
တကယ်တန်းဈေးကွက်ဝင်သီးနှံဖြစ်အောင် အသီးရဲ့  ကျန်းမာရေးအာနိသင်ကို ဖေါ်ပြနိုင်မယ်ဆိုရင် ဈေးကွက်ဝင် အသီးအနှံတခုဖြစ်လာနိုင်တယ်၊မြန်မာနိုင်ငံမှာ အလွယ်တကူ
စိုက်ပျိုးနိုင်တဲ့အတွက် မြေကြီးက ရွှေသီးနိုင်တဲ့ သီးနှံဖြစ်နိုင်ပါတယ်။
တစ်ပိသာကို ကျပ် ၆ သိန်ကျော်တန်တဲ့ အသီး
ဖေါင်ဖေါင်ဆိုတာ
ဝါးသေးသေး အခေါင်း ထဲသို့
အရွယ်တော် အသီးလေး တွေကိုထည့်ပြီး
တုတ်ချောင်း နဲ့ ထိုးလိုက်ရင် ဖေါင်း ဆိုပြီး
မြည်သွားတဲ့ လက်နက်ပါ
လွန်ခဲ့သော နှစ် ၂၀ ကျော် မော်လူး မှာ
ကလေးများ ဆော့ကစားကြပါသည်
အခုတော့ ကစားမည်မထင်တော့
ဖေါင်ဖေါင် နှင့် ကုလားမ ခြေထောက် ကို သတိရမိပါ၏
No comments:
Post a Comment