မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Tuesday, August 26, 2014
ဓမ္မစေတီ ခေါင်းလောင်းကြီး တွေ့ ကြောင်း ရှာဖွေရေးအဖွဲ့ မှ ထုတ်ပြန်ကြေငြာ
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာ မြစ်လယ်တွင် နှစ်ပေါင်းလေးရာကျော်ကြာ နစ်မြှပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးအား ရှာတွေ့ခဲ့ပြီးဟု ရခိုင်လူမျိုးတစ်ဦးဖြစ်သူ ဦးစံလင်းက ဦးဆောင်သော ခေါင်းလောင်း ရှာဖွေရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
ဦးစံလင်းထုတ်ပြန်လိုက်သော သတင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁၃၇၆ ခု တော်သလင်းလဆန်း (၂)ရက်၊ ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ကျွန်တော် (မြေပုံ မောင်စံလင်း) ကော့သောင်းအဖွဲ့မှ တွေ့ရှိထားပြီး ဖြစ်ပါသည်။
နဂါးများမှ အကြီးဆုံးရွှေရောင် နဂါးမင်းကြီးနှင့် တကွ နဂါးအပေါင်းတို့က ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့်အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်းထုတ်ပြန်ရန် နောက်ကျခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့၏ မြန်မာနည်း၊ မြန်မာဟန်၊ မြန်မာ့နည်းပညာသည် လျှို့ဝှက်ချက်များ ရှိနေခြင်းကြောင့် နှုတ်မှ ဖွင့်ဟ၍ မပြောရပါ။ အရိယာဝိဇ္ဇာအပေါင်းတို့ကို ခွင့်ပြုချက်တောင်းခံပြီးမှ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအားတွေ့ရှိကြောင်း အတိအလင်းကြေငြာခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ အပေါ်တွင် စေတနာထားသော ရဟန်းရှင်လူ ပြည်သူ ပြည်သားအပေါင်း ၊ ဝိုင်းဝန်းပြီးဆောင်ရွက်ပေးကြပါသော အလှူရှင်များနှင့် ခုနှစ်ရက် သားသမီးအပေါင်းတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျွန်တော်တို့ဘက်မှ သတင်းထုတ်ပြန်ခြင်း နောက်ကျခြင်းကို နားလည်ပေးကြပါရန် ကျွန်တော်မှ တောင်းပန်အပ်ပါသည်ဟု ကျေညာချက်တွင် ဖေါ်ပြထားသည်။
မကြာမီ ရက်အတွင်း ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ကုန်းပေါ်သို့ အရောက်ေ ဆာင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(နိရဉ္စရာ- ၂၆ သြဂုတ် ၂၀၁၄) / လင်းမြတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment