မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Tuesday, October 28, 2014
မော်လူး အထက ဘုံကထိန်
မော်လူး အထက ဆရာ/မနှင့် ကျောင်းသား/သူများ မန်ကျည်းကုန်းကျေးရွာ
ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းဘုံကထိန်ပွဲကျင်းပ
မော်လူး၊ အောက်တိုဘာ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
စီးမော်ကျေးရွာအုပ်စု၊ မန်ကျည်းကုန်းကျေးရွာတွင် မော်လူး အခြေခံပညာ
အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏
စုပေါင်းဘုံကထိန်အလှူလှည့်လည်ခြင်းကို အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၎
နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စုပေါင်းဘုံကထိန် အလှူပွဲကို မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ
ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့် ဦးစီးဆောင်ရွက်ပြီး ဆရာ၊ ဆရာမနှင့်
ပညာရေးဝန်ထမ်း (၈၂)ဦး၊ ကျောင်းသား/သူ (၁၅၀၀)ကျော်တို့က
မန်ကျည်းကုန်းကျေးရွာ သာသနာ့ဂုဏ်ရည် ဘုန်းတော်ကြီးကျောင်းတိုက်
ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကုသလအား အမှူးထား၍
ဆရာတော်၊သံဃာတော်များထံသို့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို
ဆက်ကပ်လှူဒါန်းရန်အတွက် မော်လူးမြို့တွင်းမှ မန်ကျည်းကုန်းကျေးရွာ
သာ့သနာ့ဂုဏ်ရည်ကျောင်းတိုက်သို့ ဘုံကထိန်အလှူပွဲလှည့်လည်ခြင်းကို
အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီက စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှု အစုစုတို့၏ တန်ဘိုးမှာ ကျပ် ၃၅ သိန်းခန့် ရှိကြောင်း၊
ပင့်သံဃာတော် အပါး ၅၀ တို့အား အောက်တိုဘာ ၂၉ ရက်နေ့တွင် ကထိန်သင်္ကန်းနှင့်
လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော် သံဃာတော်တို့ထံမှ
ပရိတ်တရားတော်နှင့် နိဗ္ဗာန်ရောက်ကြောင်း တရားများကို နာယူကြပြီး ရေစက်ချ
အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment