မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Monday, October 20, 2014
ဘွဲ့ဒီဂရီများစွာ မပိုင်ဆိုင်ချင်နေပါစေ မိမိတတ်ကျွမ်းထားတဲ့ ဝါသနာပါရာအလုပ်တစ်ခုနဲ..
ဘွဲ့ဒီဂရီများစွာ
မပိုင်ဆိုင်ချင်နေပါစေ
မိမိတတ်ကျွမ်းထားတဲ့
ဝါသနာပါရာအလုပ်တစ်ခုနဲ့တော့
အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ လိုအပ်တယ်……………
မိမိလုပ်လိုက်ရတဲ့
လုပ်ရပ်တိုင်းရဲ့ ရလဒ်ဟာ
အမြဲတမ်း မကောင်းချင်နေပါစေ
ရလဒ်ကောင်းကိုဖြစ်စေမယ့်
စိတ်စေတနာကောင်းလေးနဲ့တော့
လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်……
ကမ္ဘာပေါ်မှာရှိတဲ့
ဆင်းရဲချို့တဲ့သူအားလုံးကို
ကူညီထောက်ပံ့ဖို့ထိ
မဖြစ်နိုင်ရင် နေပါစေ
အားနည်းသူတွေကို
ကူညီထောက်ပံ့လိုတဲ့
စိတ်ဓာတ်ရင်းခံလေးတော့ ရှိဖို့လိုအပ်တယ်…………
များပြားလှတဲ့
အလုပ်တာဝန်တွေကို
တာဝန်မယူနိုင်ရင်နေပါစေ
မိမိလုပ်ဆောင်လိုက်တဲ့
အလုပ်တာဝန်တွေအတွက်တော့
တာဝန်ယူနိုင်ဖို့ လိုအပ်တယ်……
#မြရိပ်
ငြိမ်းလဲ့ Page admin အသစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment