![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2p6Zry2XYZG6ajxOoKsShdN44Im9Q6ob-jw0Xk1IlF8ZR2gK5Xqp5iXCdc3C1emswBvjvTlO1u_SNNlKuoDOJycduZGE_DxnCB-62tAUaXQ2m_NX5snYdv4Ws7bP4L2bURAUVCRuok58/s320/Screenshot_2014-11-07-22-11-56_edit0.png)
မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Friday, November 7, 2014
အိန္ဒိယပြည်သို့ ပညာတော်သင် ရောက်ရှိနေသော မော်လူးဒေသမှ ရဟန်းတစ်ပါး ရဲ့ facebook ပေါ် မှ ရင်တွင်းစကား
လူမျိုးမတူချင်နေ၊ အသားအရောင်
မတူချင်နေပါစေ အယူဝါဒ အကျင့်စရိုက်
တူညီကြရင် ငြိမ်းချမ်းမှုဆို အလိုလို ရှိလာ
မှာပါ။
"သံဝါသေန သီလံ ဇာတံ". လို့ ဆိုတယ်
မဟုတ်လား?
လူတွေအကြောင်း သိချင်ရင်
ပေါင်းကြည့်ပါ။ တဲ့
အိန္ဒိယ နိုင်ငံ အာရုနချယ် ပရဒေ့ရှ်
က တိုင်းရင်းသားတို့ရဲ့ ရိုးရာကထိန်
ပွဲလေး အမိမြန်မာပြည်လောက် တော့
မစည်ကားတာအမှန်။
ဒါပေမဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာ ကွယ်ပခဲ့
ရတဲ့ နေရာ မှာတော့ ဒီလို ကျင်းပခွင့်
ပြုလုပ်ခွင့်ဆိုတာ အင်မတန်ဖြစ်တောင့်
ဖြစ်ခဲ ကြုံတောင့်ကြုံခဲပါ။
ဒါကြောင့်လဲ သူတို့ခမျာ အရှေ့မြောက်ပိုင်း
တောင်တန်းဒေသကနေ တကူးတက
လာခဲ့ကြပြီး၊တနေ့လုံး တညလုံး မအိပ်မနေ
ယက္ကန်းစင်တွေဆင်ကြ၊သင်္ကန်းတွေ
ယက်ကြ ၊ဘုရားရှိခိုးတွေရွတ်ကြ၊ကျုပ်တို့
ရွာမှာလို ဗျောလိုဟာမျိုးတွေ တီးကြ၊
ကကြခုန်ကြလို့ပါလား။ အော်....မမော
မပန်း ကုသိုလ်စိတ် သဒ္ဓါစိတ်တွေနဲ့
ညမအိပ်ကြတော့ပဲကိုး။
အဲ ....ပြောချင်တာတောင်ပျောက်သွားပေါ့
ဒီလိုပါ၊ဒီမနက် ၄ နာရီထရတယ်၊
သူတို့တွေက ငါးပါးသီလ ဆောက်တည်
ခံယူချင်ပါသတဲ့၊မနေ့က နေလည်မှာလဲ
သီလယူပြီးကြပေမဲ့ ဒီနေ့မနက် ဆက်ပြီး
ယူကြမယ်တဲ့။
ဒီတော့ အိန္ဒိယ၊ထိုင်း၊သီရိလင်္ကာ၊အာသံ
ဘင်္ဂလားဒေရှ့်၊ုရွှေမြန်မာ ရဟန်းတော်
ငါးပါး ကြွရောက်ခဲ့ကြတယ်လေ။
ကျုပ်တို့ ပြောဆိုကြတဲ့ ဘာသာစကား
မတူညီကြဘူး၊
ကျုပ်တို့လူမျိုးမတူကြဘူး။
ကျုပ်တို့ အသားအရောင် မတူကြဘူး။
အယူဝါဒ တူညီကြတယ်ဗျာ။
ဒီနားလည်မှူတခုတည်းနဲ့ ငြိမ်းချမ်းရေး
ကိုရနေကြတာလေ။
ဒါကြောင့် လူအကြောင်းသိချင်ရင်
ပေါင်းကြည့်ပါ....လို့။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2p6Zry2XYZG6ajxOoKsShdN44Im9Q6ob-jw0Xk1IlF8ZR2gK5Xqp5iXCdc3C1emswBvjvTlO1u_SNNlKuoDOJycduZGE_DxnCB-62tAUaXQ2m_NX5snYdv4Ws7bP4L2bURAUVCRuok58/s320/Screenshot_2014-11-07-22-11-56_edit0.png)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment