ဟေ့ >>မင်းရဲ့သမိုင်း မရိုင်းစေနဲ့
ရောင်စုံလှပ လူ့လောကကို
အမည်းစက်တွေ မင်း မခြယ်ခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
ပြုံးပျော်ရွှင်ပျ သူတို့ဘဝကို
စီးစေမျက်ရည် မင်း မချွေခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
စည်းလုံးညီညာ များတကာကို
သွေးဆောင်ဝင်ဆွဲ မင်း မခွဲခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
သူ့အမြင်သူ့အတွေး လွတ်လပ်ရေးကို
သြဇာအာဏာ လွှမ်းမိုးကာနဲ့
တင်းကျပ်ပုံသွင်း မကျူးကျော်နင်းခဲ့လေနဲ့
တိုတောင်းကာလ လူ့ဘဝမှာ
ကောင်းရာကိုညွှန် ကောင်းတာကိုလုပ်
အပိုမပါ ဝမ်းတထွာအတွက်
မမှန်စကား မုသားများနဲ့
လောကကိုဖျက် အများအတွက်
နာကျည်းစရာ ဒဏ်ရာတွေနဲ့
မထားခဲ့နဲ့ ။ ။ ။ ။ ။
*****************
မေလ်းထဲ ရောက်လာတဲ့ ကဗျာလေးပါ။
ရောင်စုံလှပ လူ့လောကကို
အမည်းစက်တွေ မင်း မခြယ်ခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
ပြုံးပျော်ရွှင်ပျ သူတို့ဘဝကို
စီးစေမျက်ရည် မင်း မချွေခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
စည်းလုံးညီညာ များတကာကို
သွေးဆောင်ဝင်ဆွဲ မင်း မခွဲခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
သူ့အမြင်သူ့အတွေး လွတ်လပ်ရေးကို
သြဇာအာဏာ လွှမ်းမိုးကာနဲ့
တင်းကျပ်ပုံသွင်း မကျူးကျော်နင်းခဲ့လေနဲ့
တိုတောင်းကာလ လူ့ဘဝမှာ
ကောင်းရာကိုညွှန် ကောင်းတာကိုလုပ်
အပိုမပါ ဝမ်းတထွာအတွက်
မမှန်စကား မုသားများနဲ့
လောကကိုဖျက် အများအတွက်
နာကျည်းစရာ ဒဏ်ရာတွေနဲ့
မထားခဲ့နဲ့ ။ ။ ။ ။ ။
*****************
မေလ်းထဲ ရောက်လာတဲ့ ကဗျာလေးပါ။
No comments:
Post a Comment