Thursday, January 1, 2015

ယောက်ျားလားးးးးးး

အာရှ ပရိသတ်တွေ စိတ်ဝင်စားသော လိဂ်ဖလားကို ပြောပါဆိုရင် ပရီးမီးယားရှစ်လိဂ်ဖလားကို ပြောရမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲလာချိန်ဟာ အာရှပရိသတ်တွေ ကြည့်ရှုအားပေးနိုင်တဲ့ အချိန်နဲ့ ကိုက်ညီတာက တစ်ကြောင်းပါ ။ နောက်ပြီး မီဒီယာ သမားတွေရဲ့ ကြော်ငြာအားက သိပ်စိတ်ဝင်စားစရာကောင်းတာလည်း ပါပါတယ်။ မြန်မာနိုင်ငံမှာ မန်ယူအသင်းနှင့် အာဆင်နယ်အသင်းများ တွေ့လိုက်ပြီ ဆိုရင် လက်္ဘရည်ဆိုင် ဗွီဒီယိုရုံ တွေမှာ အတော်ပွဲကြပြီး စည်ကားသည်။ ပရိသတ်တွေ ရင်ထဲမှာ မန်ယူအသင်းရဲ့ တိုက်စစ်မူးဗန်ပါစီနှင့် ဝိန်ရူးနီတို့အတွဲက အာဆင်နယ်အသင်းရဲ့ ခံစစ်ကို ကျော်လွှားနိုင်မလားဆိုတဲ့ အတွေး ။ အာဆင်နယ်အသင်းဘက်က တိုက်စစ်မူး အိုဇေးနှင့် ဆန်းချက်တို့ အတွဲကလည်း မန်ယူအသင်းရဲ့ ခံစစ်ကို ကျော်လွှားနိုင်မလားဆိုတဲ့ အတွေးတွေက ပရိ သတ်တွေ အတွက် သိပ်စိတ်ဝင်စားကြသည်။ ဒီထက်မက စိတ်ဝင်စားစရာကောင်းတာကတော့ ချန်ပီယံလိဂ်ဖလားပါပဲ။ ချန်ပီယံလိဂ် ဖလားဆိုတာ တော်ရုံ တန်ရုံ အသင်း ဝင်ကန်ခွင့်မရှိပါဘူး ။ဥရောပမှာ အမှတ်ပေး ဇယားထိပ်က အသင်းနှစ်သင်းသာ တိုက်ရိုက်အနေနဲ့ ဝင်ကန်ခွင့်ရသည်။ ကျန်တဲ့ အဆင့် ( ၃ ) ( ၄ ) အသင်းတွေကတော့ ဝင်ခွင့်ရအောင်ထပ်ပြီး ကန်ရပါတယ်။ အဲဒီလို အမှတ်ပေးဇယားထိပ် ဦးဆောင်ရပ်တည်နေတဲ့ အသင်းတွေမှာ အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီး ' မန်စီးတီး မန်ယူ အာဆင်နယ် ။ စပိန်လာလီဂါမှာဆိုရင် ရီးရဲလ်မက်ဒရစ်  ဘာစီလိုနာ ဂျာမနီ ဘွန်တက်လာလီဂါမှာဆိုရင် ဘိုင်ယန်မြူးနစ် ဒေါ့မွန် ။ အီတလီ စီးရီးအေမှာဆိုရင် ဂျူ ဗင်တပ် ရိုးမား အေစီမီလန် အသင်းတို့ပေါ့ ။ ဒီအသင်းတွေကတော့ ပရိသတ်အသိဆုံးအသင်းတွေပါ ။ အားပေးမှု အများဆုံးအသင်းလို့လည်း ပြောလို့ရသည်။ ကျန်တဲ့ ပေါ်တူကီ နယ်သာလန် ပြင်သစ် အစရှိတဲ့ နိုင်ငံတွေမှာ အမှတ်ပေးဇယားထိပ် ရပ်တည်နေသော အသင်းတွေလည်း ရှိသည်။ ဒီအသင်းတွေကလည်း  ချိန်ပီယံ လိဂ်ဖလားဝင်ကန်သည် ။ နို င်ငံတစ်နို င်ငံရဲ့ အမှတ်ပေးဇယားထိပ်က အကောင်းဆုံးအသင်းတွေပဲ ဝင်ကန်ကြတဲ့ ချိန်ပီယံလိဂ်ဖလားပွဲစဉ်ဟာ အတော်လေးကို ကြည့်ကောင်းသည်။  ချိန်ပီယံလိဂ်ဖလားပွဲလာတဲ့ အချိန်ကလည်း ညဥ့်နက် ( ၁ )နာရီ ( ၁၅ ) မိနစ်ပါ။ အသင်းစွဲ အားပေးတဲ့သူ ဝါသနာပါလို့  ဘောလုံးပွဲလာတိုင်းကြည့်တဲ့သူ လောင်းကြေးလေးထည့်ထားလို့ ဒီပွဲကို သိပ်ကြည့်ချင်နေတဲ့ သူတွေလည်းရှိသည်။ ဒီလို အမျိုးသားတွေကတော့ ( ၁) နာရီ ညဉ့်နက်နေရင်လည်း ကြည့်တာပါပဲ။ ချိန်ပီယံလိဂ် ဖလားကန်နေတဲ့ အသင်းတွေကို စိတ်ဝင်စား အားပေးနေသော ပရိသတ်တွေရဲ့ အထဲမှာ အိမ်ထောင်ကျ ခါစ  မိပုတ်ရဲ့ ယောက်ျား " ကိုဖိုးထူး " လည်းပါသည်။ ချိန်ပီယံလိဂ် အုပ်စုတက် ရှုံးထွက်ပွဲ မှာ တွေ့လိုက်တာကတော့ ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်ပါ ။ ရီး ရဲလ်မက်ဒရစ်အသင်းက ကမ္ဘာ့အကောင်းဆုံး ပရော်ဖက်ရှင်နယ် ကစားသမား စီရော်နယ်ဒို ဒီပွဲမှာ ဘယ်လိုခြေစွမ်းတွေပြမလဲ။အသစ်ဝယ်ထားတဲ့ ဂါရတ်ဘေးလ်နဲ့ကော တွဲလုံးညီပါ့မလား ။ ဘိုင်ယန် ခံစစ်ကို ဘယ်လိုကျော်ဖြတ်ကစားမလဲဆိုတဲ့ အတွေးနဲ့ ကြည့်ချင်ကြသည်။ ဘိုင်ယန် ပရိသတ်အနေနဲ့ လည်း တိုက်စစ်မူး  မူလာ ရော်ဘင် ရီဘာရီတို့ ဒီပွဲမှာ ခြေစွမ်းပြနိုင်မလားဆိုတာ စိတ်ဝင်စားနေကြသည်။ ဒီည လာမယ့် ရီးရဲလ် နှင့်ဘိုင်ယန်ပွဲကို မိပုတ်ရဲ့ ယောက်ျား ကိုဖိုးထူး အလွတ်မခံနိုင် ။ ညအိပ်ရာဝင်မယ်ဆိုတော့ ကိုဖိုးထူးခဗျာ နာရီ နိုးစက်ကို ( ၁) နာရီ မြည်အောင် လုပ်ထားလိုက်သည်။  ( ၁) နာရီထိုးတော့ နိုးစက်က တီ တီ လို့မြည် သည်။ ကိုဖိုးထူးဖျပ်ခနဲ့ လန့်နိုးလာသည်။ မိပုတ်ကတော့ နာမည်နဲ့ လိုက်အောင် အိပ်ပုတ်ကြီးသည် ။ ကိုဖိုးထူးခဗျာ အိပ်ချင်စိတ်လေးပြေအောင် မျက်နှာလေးသစ် ဘောလုံးပွဲဘိုး ပိုက်ဆံယူပြီး ဘောလုံးပွဲရုံသို့ ထွက်သွားသည်။ ရွာထဲမှာ ကိုဖိုးထူးမိန်းမ မိပုတ်ကို ကြိတ်ကြံနေတဲ့ ကိုမြဒင်ဆိုတဲ့ လူရှိသည်။ အခုလို ကိုဖိုးထူး ညဥ့်နက်အချိန်ကြီးဘောလုံးပွဲ ကြည့်တော့ ကိုမြဒင်လို လူအတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်နေဧ။် ။ ဒါနဲ့ ကိုမြဒင် ကိုဖိုးထူးအိမ်သို့ သူခိုးခြေလှမ်းနဲ့ သွားလေဧ။် ။ တောရွာ သဘာဝဆိုတော့ သိတဲ့အတိုင်း လျှပ်စစ်မီးမရှိပါဘူး ။ သုံးနိုင်တဲ့ သူတွေသာ ဆိုလာပြား မီးစက်မောင်းပြီး သုံးကြ  သည် ။မီးအလင်းရောင်မရှိတဲ့ ကိုဖိုးထူးအိမ်မှာ  မှောင်မှောင်မိုက်မိုက်နဲ့ အိပ်ပျော်ပြီး ကျန်ခဲ့တာ " မိပုတ် "တစ်ယောက်ထဲပါ ။ကိုမြဒင် သူခိုးခြေလှမ်းနဲ့ မိပုတ်အခန်းထဲ ရောက်သွားဧ။် ။ မိပုတ်အပေါ် ကိုဖိုးထူး ဂန္ထဝင်မြောက်အချစ်ဇာတ်ဝင်ခန်းစသလို  ကိုမြဒင် စလိုက်သည် ။မိပုတ်က သူ့ ယောက်ျား ကိုဖိုးထူးထင်ပြီး " ယောက်ျားလား " လို့အိပ်ချင် မူးတူးနဲ့ မေးကြည့်သည်။ ကိုမြဒင်က လည်း အတော်  လည်သည်။ စကားအများကြီးပြောရင် သိသွားမှာ စိုးလို့ထင်သည်။ အများကြီးမပြောပါ ။ " အင်း " ဆိုတဲ့ စကားလေးတစ်လုံးပါပဲ။ မိပုတ်ကလည်း သူ့ယောက်ျား ကိုဖိုးထူးထင်ပြီး ဂန္ထဝင်မြောက်အချစ်ဇာတ်ဝင်ခန်းကို ကြည်ကြည်ဖြူဖြူ  လက်ခံလိုက်သည်။ ဂန္ထဝင်မြောက် အချစ်ဇာတ်ဝင်ခန်းပြီးသွားတော့ ကိုမြဒင်က မိပုတ်အိပ်မောကျနေတုန်း အသာလေး ပြန်သွားသည်။ ချိန်ပီယံလိဂ် ဘောလုံးပွဲဆိုတာ သုံးနာရီကျော်လောက်မှ ပြီးသည်။ ဘောလုံးပွဲ ကြည့်ပြီး ပြန်လာတဲ့ ကိုဖိုးထူးခဗျာမှာလည်း မိပုတ်အပေါ် ဂန္ထဝင်မြောက်အချစ်ဇာတ်လမ်းစိတ်တွေ ပေါ်လာသည်။ အိမ်ရောက်တော့ ကိုဖိုးထူး မိပုတ်ကို ဂန္ထဝင်မြောက်အချစ်ဇာတ်လမ်းသွား စသည်။ မိပုတ်နိုးလာတော့ ယောက်ျား ရှင်မလွန်လွန်းဘူးလား။ ဘာဖြစ်လို့လဲ မိပုတ် ဟဲ့ ။ ခုန တစ်ခေါက်လေ " ဟင် " ငါ မဟုတ်ဘူးလေ ။ ကျွန်မက ရှင်မှတ်နေတာ။ နင်က ကိုယ့်ယောက်ျားဟုတ်သလား မဟုတ်ဘူးလားဆိုတာ မသိဘူးလား။ သိဘူးလေ။ ရှင့်ကို ထင်ပြီး ယောက်ျားလားလို့ မေးကြည့်တော့လည်း " အင်း " လို့ ဖြေတာကို။ ညံ့လိုက်ပါဘိ မိန်းမရယ်။ ကိုဖိုးထူးခဗျာ မိမိအားပေးတဲ့ ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မူး စီရောနယ်ဒို  ဂါရတ်ဘေးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့လို စိတ်ထဲ ကြည်နူးခြင်းစွာဖြင့် အမ်ပြန်လာခဲ့ပေမယ့် မိမိရဲ့ အိမ်ကွင်းမှာ တိုက်စစ်မူး ကိုမြဒင်ရဲ့ အနီးကပ်ပယ်နယ်တီ ကန်သွင်းမှုကို မသိလိုက်ရလို့ စိတ်ထဲ နှလုံးမသာမယာနဲ့ ယူကျုံးမရ ခံစားရသည်။ ကိုဖိုးထူးရဲ့ အဖြစ်အပျက်နဲ့ တူသော " တာနောယက္ခ " ဇာတ်လမ်းလေးကို ကျွန်တော် သွားပြီး သတိရမိသည်။ စိတ်ဝင်စားစရာကောင်းလို့ တင်ပြပါရစေ ။ တာနောယက္ခဘီလူးဟာ မိန်းမဖြစ်သူ သမုခသိင်္ဂီကို အလွန်ချစ်သည်။ မိန်းမက လှလည်း အတော်လှ၍ စိတ်မချနိုင်ဘဲ ဖြစ်နေဧ။် ။ ထို့ကြောင့် ကြုတ်ဗူးကြီး ထဲ မှာ အလုံထည့်ပိတ်ပြီး သွားလေရာ ထမ်းခေါ်သွားသည်။ လမ်းခရီး တစ်နေရာတွင် ဇော်ဂျီ နှင့်ပင့်ပင်း သွားဆုံမိသည်။ ဇော်ဂျီဆိုတော့ ကိုယ်ရောင် ဖျောက်နိုင်သည်။ ကောင်းကင်သို့လည်း ပျံနိုင်သည်။ ဇော်ဂျီက ကြုတ်ဗူးကြီးထဲမှာ ထည့်ထားသော သမုခသိင်္ဂီကို တွေ့တော့ တပ်မက်သောစိတ်ဖြစ်ပေါ်လာလို့ ကြုတ်ဗူးထဲကို ကိုယ်ရောင်ဖျောက်ပြီး ဝင်သွားသည်။ ကြုတ်ဗူးကြီးထဲ မှောင်နေသဖြင့်  သမုခသိင်္ဂီက ဇော်ဂျီကို သူ့ယောက်ျား ကိုတာနောထင်ပြီး ဂန္ထဝင်မြောက်အချစ်ဇာတ်လမ်းကို ကြည်ဖြူ စွာ လက်ခံလိုက်သည်။ ကိုတာနောကတော့ ဘာမှ မသိပါဘူး။ ကြု တ်ဗူးကြီး ထမ်းပြီး ခရီးဆက်ခဲ့သည်။ ရသေ့ကြီး တစ်ပါးဧ။် ကျောင်းသင်္ခန်းအရှေ့ သို့ ရောက်သွားဧ။် ။ ရသေ့ကြီးက ဈာန်အဘိညာဉ်ရဆိုတော့ အခြေအနေကို ရိပ်စားမိလေသည်။ ထို့ ကြောင်းးးးးးး" ဟဲ့ ကိုတာနောတို့ လင်မယား သုံးယောက် ဘယ်သွားကြမလို့လဲ " ဟု လှမ်းမေးလိုက်သည်။ ဒီတော့မှ ကိုတာနော ခင်ဗျာ အထာပေါက်ကာ သံသယဝင်လာသည်။ ကြုတ်ဗူးကြီး အလျင်အမြန် ဖွင့်ကြည့်ဧ။် ။ ဇော်ဂျီကလည်း အတော် လည်သည်။ ကိုယ်ရောင်ဖျောက်  တန်းလစ်ထွက်သွားသည်။ ဤမှာပဲ ခြေရာလက်ရာ ကျန်ခဲ့တာပေါ့။  မသိင်္ဂီမှာ လည်း ခန္ဓာကိုယ်က ဖရိုဖရဲ ဖြစ်နေဧ။် ။ ဒီမှာတွင် ကိုတာနော ပေါက်ကွဲတော့သည်။ မသိင်္ဂီကို သစ္စာမရှိဘူးလို့ စွပ်စွဲသည်။  မသိင်္ဂီကလည်း ဒီလောက်လုံတဲ့ ကြုတ်ဗူးကြီးထဲ  ကိုတာနောကလွဲပြီး ဘယ်သူဝင်လာနိုင်မှာလဲလို့ပြောလေသည်။ တာနောကလည်း အဲဒါ ငါမဟုတ်ဘူးဆိုပြီး ဒေါသမာန်ပါပါနဲ့ ပြောလေဧ။်။ ကျွန်မလည်း ဘယ်သိမလဲ ကြုတ်ဗူးကြီးထဲ မှောင်နေတော့ ကိုတာနောကို ထင်မိတာပေါ့ ။ ကိုတာနောခဗျာမှာလည်း ဒေါသတကြီးကြီးနဲ့ ။ မိပုတ်လို သမုခသိင်္ဂီက ဇော်ဂျီကို သူ့ယောက်ျား ကိုတာနောထင်ပြီး ယောက်ျားလား လို့ မေးသလား မမေးဘူးလားဆိုတာ ကျွန်တော်မသိပါ။ တကယ်လို့ မေးခဲ့ရင် ဇော်ဂျီကလည်း ကိုမြဒင်လို " အင်း " ဆိုတဲ့ စကားလေးတစ်လုံးကိုသာ ဖြေမလားဆိုတာကိုလည်း  ကျွန်တော် မသိပါ။

ရေးသားသူ- ပူပူ

No comments:

Post a Comment