သူလိုလူ
********
"ကြည်ရေ ပဲပြုတ်နဲ့နံပြားရင်စားချင်တယ်''
အမိန့်သံမပါ မေတ္တာသံဖြင့်
စားချင်တာကိုသူတောင်းဆို
လူဖြောင့်လူမှန် လူအရိုးမို့( ရိုးသားသူ )
ရွှေခိုးဖို့ဆို သူမှာမသိ မြေခိုးဖို့သူ့မှာမသိ
တိုင်းပြည်အတွက်ပဲ သူအမြဲကြည့်
ခမဲပေးဖို့ရွှေကမရှိ
စကားဆိုတည့်ပြော
အလုပ်ဆိုတကယ်လုပ်
အခွင့်ထူးခံဆိုသူနှာခေါင်းရှုံ့
ရုပ်ရှင်ကြည့်ဖို့သွားပါတယ် လူ့အဆင့်အတန်းသူမခွဲခြားတကယ်
ငါးမူးတန်းကသူအမြဲတိုး
လေးစားထိုက်တဲ့ဗိုလ်ချုပ်မျိုး။ ။
အမည်မသိရှေးစာဆို
No comments:
Post a Comment