စက်တင်ဘာ၁၁ရက်နေ့ ညနေ၃နာရီအချိန်က မော်လူးအရှေ့တောင်ကနေပြီးတော့ မော်လူးအထိမိုးက၂နာရီလောက်သဲသဲမဲမဲရွာလိုက်လို့ မော်လူးစီးမော်ချောင်းဟာရေကြီးေ
ရေလျှံဖြစ်ပြီးတော့ စီးမော်ချောင်းရိုးတလျှောက်နေထိုင်ကြတဲ့ မော်လူး၊ အုန်းဒုတ်၊ မင်းသာရွာတွေက တခဏအတွင်းရေကြီးရလျှံဖြစ်တော့တာပါဘဲ။ အခုမြင်တွေနေရတဲ့အုန်းဒုတ်ရွာဆိုရင် မိုးကဒီထက်ကိုများပိုရွာခဲ့ရင်ခက်ချီရဲ့ဆိုတဲ့အတွေးက ရှိနေတာမို့ နွားတွေရေဘေးလွှတ်ရာကိုချက်ချင်းပြောင်းရွှ့နေကြရတာပါ ရေကအုန်းဒုတ်ရွာမကြီးအတိုင်းကားလမ်းတွေပေါ်၂ပေ တချိုနေရာတွေမှာ၃ပေလောက်ရောက်နေတာမို့ တအုံနွေနွေးစိုးရိမ်ပူပန်နေကြရတော့တာပါ တော်ပါသေးရဲ့မိုးကတိပ်ပြီးတော့နောက်ထပ်၇နာရီကြာ ညရောက်တော့မှရေကပြန်ကျသွားလေရဲ့။ မော်လူးမှာကတော့ ဒီလိုဖြစ်စဉ်တွေမဆန်းတော့ပေမဲ ရေကဒီထက်ပိုကြီးလာရင်ဘယ်လိုလုပ်
ကြမလဲရေဘေးကယ်ဆယ်ရေးတွေဘယ်လိုစီစဉ်မလဲဒါလည်းတကယ်လည်းအဆင်ပြေအောင်တော့လုပ်ကြမှာပါ။ အဲဒီအချိန်ကိုစောင့်နေမဲ့အစား သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းကြရအောင်ဆိုပြီးတောတောင်တွေကိုအပြစ်တင်နေမဲ့အစား အဲဒီမရှိတာတွေကို
ပြန်ပြောနေမဲ့အစား ရှေဆက်ဘယ်လိုပြင်ဆင်ထိမ်းသိမ်းဆောင်ရွက်ကြရင်ကောင်းမယ်ဆိုတာဘဲ အကြံပြုကြရမယ်။ အထိကမော်လူးဒေသမှာ
စီးဆင်နေတဲ့ချောင်းတွေဖြစ် ဟဲနုချောင်း၊ မော်လူးချောင်းတွေက်ုရေစီးရေလာကောင်းအောင်ပြန်လည်ပြုပြင်ဆောင်ရွက်သင့်ကြောင်း ဒါလဲအားသိကြပြိးဘဲဖြစ်မှာပါ ပြီးတော့မော်လူးမြို့ပေါ်ရပ်ကွက်ကရေမြောင်းတွေကို ပြန်လည်ပြု ပြင်ပြီးရေစီးရေလာကောင်းအောင်ဆောင်ရွက်သင့်ပါကြောင်း---

No comments:
Post a Comment