The Longest War 1941-1945
b y Louis Allen အား တောင်ခိုးဘာသာပြန်ထားသော
“ စစ်ညောင်းကြာရှည် မြန်မာပြည်မှ ” မော်လူး၊ဟဲနု
( မြို့ဖြူတော် ) အား ကောက်နုတ်ချက်
(စာ-၂၇၂၊ ၂၇၃၊ ၂၇၄၊ ၂၇၅ )
-----------------------------------------------------------
လေကြောင်းချီ တပ်များသည် အင်းတော်ကို ဗဟိုပြု၍ ပတ်လည်မိုင်(၃၀)မှ
(၄၀)အထိ စက်ဝိုင်းခြမ်းသဏ္ဍာန်နေရာ ယူထားကာ အင်းတော်မှ
မြစ်ကြီးနားသို့ မီးရထားလမ်းနှင့် အနောက်ဘက်၌ အမှတ်(၁၅)တပ်မတော်
မြစ်ကူးမည့် နေရာများသို့ ပေါက်သော လမ်းများကို ထိန်းထားသည်။
ထို့ပြင် ဖေဖေါ်ဝါရီ(၅)ရက်က လီဒိုမှ ထွက်လာသော ဖာဂူဆန်၏
တပ်မဟာ(၁၆)သည်လည်း အင်းတော်သို့ ဦးတည်လာနေရာ သူ့ရည်မှန်းချက်
ရောက်လုအချိန်တွင်မှ ဂျပန်တပ်များ သိတော့သည်။
လေကြောင်းချီ စစ်ဆင်ရေးသည် အင်းတော်ကို ဗဟိုပြုထားကြောင်း ဂျပန်တို့
ရိပ်မိလေပြီ။
မတ်လ(၁၀)ရက်နေ့တွင် အင်အားများ ရသမျှကို တပ်ခွဲ(၂)ခွဲ ဖွဲ့၍ ဌာနချုပ်မှ
ဦးစီးအရာရှိ တစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး နာဂါဟာရှိ ကို ကွပ်ကဲစေကာ
ရန်သူကို တွေ့အောင်ရှာတိုက်ရန် ဟူသောပြတ်သားရှင်းလင်းသည့် အမိန့်တစ်ရပ်
ဖြင့်စေလွှတ်လိုက်သည်။ ၄င်းတို့သည် မတ်လ(၁၇)ရက်နေ့တွင် မဟာမိတ်တို့
“ ၀ှိုက်ဆီတီ ” ဟု သညာဝှက် ပေးထားသော ဟဲနုတွင် ကဲလ်ဗတ်၏ တပ်နှင့်
တွေ့ပြီး ညတိုက်ပွဲဆင်နွဲသည်။ သို့သော် စိန်ပြောင်းလောက်သာ လက်နက်ကြီး
ပါသော ဂျပန်တပ်များကို ကဲလ်ဗတ်တပ်က ညကို နေ့သို့ ထိန်ထိန်လင်းအောင်
လင်းကျည်များ ပစ်ဖေါက်ပြီး စိန်ပြောင်း၊ စက်သေနတ်တို့နှင့် အတုံးအရုံး
သေကျေအောင် တစ်ခဏ အတွင်းချေမှုန်းနိုင်လေသည်။
ဒုဗိုလ်မှူးကြီး နာဂါဟာရှိ သည်လည်း ဒဏ်ရာဖြင့် ကျဆုံးသွားတော့သည်။
ကဲလ်ဗတ်နှင့် တပ်မတော်ဌာနချုပ် ရောက်လာသည့်အချိန်တွင် ဗိုလ်မှူးရွန်ဒက်ဂ်
၏တပ်မှာ ရထားလမ်းကိုခွလျက် နေရာယူထားပြီး ဖြစ်သည်။ သူက လေကြောင်း
ဖြင့် ဂေါ်ပြား၊ တူရွင်း၊ သံဆူးကြိုး စသော ခံစစ်စခန်း ဆောက်ရန် ပစ္စည်းများ
နှင့် ခဲယမ်းရိက္ခာ ချပေးရန် တောင်းခံခဲ့ရာ ချပေးခဲ့ပြီး ဖြစ်သော်လည်း တပ်မဟာ
ဌာနချုပ် အနီးတွင် ကျရာ ဆင်ပါသုံး၍ တစ်ပတ်မျှပစ္စည်းများကို သယ်ယူရသည်။
ထိုသို့ မသယ်ယူနိုင်သေးမှီ ရှိသည့်ပစ္စည်းဖြင့် ကြံဖန်စခန်းသွားရသည်။
ထိုအတောအတွင်း တပ်မဟာမှူး ကဲလ်ဗတ်က တိုက်ပွဲအခြေအနေအရ ဒက်ဂ်ကို
လမ်းလျှောက် စကားပြောစက်ဖြင့် တောင်ကြောအတိုင်း တက်ရှင်းရန် အမိန့်ပေး
သည်။ ဂျပန်အချို့သည် ဒက်ဂ်၏ နယ်မြေအတွင်းသို့ ထိုးဖေါက်လာခဲ့ပြီး စေတီ
ကလေး တစ်ဆူ တစ်ဝိုက်တွင် စုဖွဲ့လျက်ရှိသည်။
ကဲလ်ဗတ် နှင့် ၄င်း၏ တပ်မဟာဌာနချုပ် တပ်ဖွဲ့ဝင်များက တောင်ကြားပြန့်ကလေး
တစ်ခုကို ဖြတ်ပြေးခိုက်တွင် ဒဏ်ရာရသူနှင့် ကျသွားသူအချို့ကို တွေ့လိုက်ရသည်။
ထို့ကြောင့်အခြေအနေကို အမြန်ဆုံး ပြန်ထိန်းဖို့ လိုကြောင်း ကဲလ်ဗတ်က သုံး
သပ်မိသည်။ တပ်မဟာအရန်တပ် သတ်မှတ်ထားသည့် ဗိုလ်မှူး ဖရက်ဒီရှော၏
၃/၆ ဂေါ်ရခါး သေနတ်ကိုင်တပ်ရင်းကို ကာပစ်ပေးရန် တာဝန်ရှိသည့်လူနှင့်
“ တက်၊ ထိုး ” ဟု အမိန့်ေ့းလိုက်သည်။ ကိုယ်တိုင်လည်း အနီးရှိ လေတပ်တပ်ရင်း
မှူး ( နောင်တွင် ဆာဘွဲ့ရ ) ရောဘတ်သွမ္ပ်ဆွန် နှင့် အကူ ရဲဘော်တို့နှင့်
====တောင်ကုန်းကို ပြေးဆင်းသည်။ ဒက်ဂ်တပ်မှာ တစ်ဝက်ခန့်ကလည်း လိုက်ပါလာ
သည်။ သို့နှင့် မလိုက်သေးဘဲနေသော ကျန်တစ်ဝက်ဖက်လှည့်၍ “ ဘာကြောင်နေ
တာလဲ ၊ တက် ” ဟု အော်ပြောလိုက်သောအခါ စက်သေနတ်အဖွဲ့များ၊ စိန်ပြောင်း
အဖွဲ့များ၊ အရာရှိများပါမကျန် အားလုံးတက် လှံစွပ်ထိုးကြသည်။
ဂျပန်တပ်ကလည်း အားကျမခံ လှံစွပ်တက် ထိုးပြန်ရာ စေတီကလေး
တစ်ဝိုက်တွင် “ ပစ်သူကပစ်၊ လှံစွပ်ထိုးသူက ထိုး၊ ပိတ်ကန်သူက ကန် နှု့် အရာရှိ
ရိပ်သာ ဧည့်ခံပွဲညတွင်ကဲ့သို့ စိုစိုပြည်ပြည် ဖြစ်သွားတော့သည်။
ဗိုလ်မှူးဒက်ဂ်၏တပ်မှ လူရွယ်တစ်ဦးဖြစ်သူ ဗိုလ်ကေယာန်စ်သည် ဂျပန်အရာရှိ
တစ်ဦးလက်ချက်ဖြင့် လက်ပြတ်သွားသော်လည်း ခုတ်သူကို ပစ်သတ်ပြီး နောက်
ကျန်လက်တစ်ဖက်ဖြင့် ဓါူးကို ကောက်ယူပြီး ရန်သူကို လိုက်ခုတ်နေသည်။
ပုံလဲသွားသည်အထိပင်ဖြစ်သည်။ ကဲလ်ဗတ်က သူ့နံဘေးတွင် ဒူးထောက်လိုက်
သောအခါ “ တပ်မဟာမှူး ကျွန်တော်တို့ နိုင်ပြီလား၊ အခြေအနေ ကောင်းပါတယ်
နော်၊ ကျွန်တော်တာဝန်ကျေတယ် မဟုတ်လား၊ ကျွန်တော့်အတွ့် မပူပါနဲ့ ” ဟု
ပြောရင်း အသက်ပျောက်သွားသည်။
ဤတိုက်ပွဲတွင် ဂျပန်ဘက်မှ တစ်ဦးတည်းသောအရာရှိမှာ ဒုဗိုလ်
ကီယိုမီဇူ ဖြစ်ပြီး တပ်မ(၁၅)တပ်ရင်းကြီး(၅၁)၊ ရင်း(၂)မှ ဗိုလ်မှူး တာကဲမူရာ
၏ တာဝန်ပေးချက်အရတပ်စိတ်(၃)စိတ်ကို ဦးဆောင်၍ မော်လူးသို့ ချီတက်နေစဉ်
ဖြစ်သည်။ ဗိုလ်မှူး တာကဲမူရာက မော်လူးတွင် ရန်သူအင်အား (၁၀၀)ခန့်ရှိမည်ဟု
မှာလိုက်ခဲ့သော်လည်း ဤမျှလောက် ပြင်းထန်လှသော စိန်ပြောင်းများမှ ပစ်အား
နှင့် စပစ်ဖိုင်းယား တိုက်လေယာဉ်များ၏ စက်သေနတ် ကျည်သွန်ချမှုမျိုးကို
သူမမြော်မှန်းခဲ့ပေ။ထိုတရစပ် ပစ်ခတ်ပေါက်ကွဲမှု အောက်တွင် သူ၏ ရဲဘော်များ
အတုံးအရုံး ထိခိုက် ကျဆုံးကုန်ကြသည်။
စစ်ဆင်ရေး မထွက်လာမီ ဗိုလ်မှူး တာကဲမူရာက မှာလိုက်သော စကားများကို
ကြားယောင်လာသည်။ မိမိတို့ တပ်ရင်းကြီးအတွက် ဤရန်သူနှင့် ပွဲဦးထွက်ဖြစ်
သဖြင့် သတ္တိပြောင်ကြဖို့၊ တိုက်ပွဲ၌ မိမိတို့ စွမ်းဆောင်မှုက တပ်ရင်းကြီး တစ်ခု
လုံး၏ စိတ်ဓါတ်ကို ရောင်ပြန်ဟပ်လိမ့်မည်ဖြစ်ကြောင်းတို့ပင်ဖြစ်သည်။
ကီယိုမီဇူ ကလည်း တပ်မှူး၏ မှာကြားချက်များကို အပြည့်အဝ
လက်ခံထားသည်။ ကျောပိုးအိတ်များကို ချွတ်စေပြီး ကိုယ်စီ လက်နက်တို့ဖြင့်
ဝေမှိုင်းနေသော မြူကို သွက်သွက်တိုး၍၀င်သည်။ နံနက် နေခြည်ဖြာ၍
မြူလွင့်ပါးလာသည်တွင် စေတီကလေးအနီး လှုပ်ရှားနေသော လေကြောင်းချီ
တပ်အင်အား(၆)ဦးခန့် တွေ့သည်တွင် ၄င်းတို့ဆီသို့ အတင်းဝင်တိုက်သည်။
သူသည် ဓါးဖြင့် သိမ်းကျုံးခုတ်နေစဉ် ညာလက်မောင်းနှင့် ကပ္ပယ်အိတ်တို့တွင်
ထိမှန်သဖြင့် နာကျင်လှ၍ အော်မြည် ရင်း လဲကျသွားတော့သည်။
ထိုတိုက်ပွဲတွင် ကဲလ်ဗတ်တို့က ၄င်း၏အဆိုအရ အရာရှီ(၄)ဦး အပါအ၀င်
ဂျပန်စစ်သား(၄၂)ဦးတို့၏ အလောင်းများရခဲ့ပြီး ၄င်းတို့ဘက်မှ (၂၃)ယောက်
ကျဆုံးပြီး(၆၄)ယောက် ဒဏ်ရာရရှိသည်။ခြင်္သေ့တပ်များ တိုက်ခဲ့ရသော တိုက်ပွဲ
များမှာ ဤနည်းနှင်နှင်ပင်ဖြစ်သည်။ စစ်ကြောင်းများ ချီတက်စဉ် ထိပ်တိုက်
တွေ့ဆုံတိုက်ခြင်းကို တတ်နိုင်သရွေ့ရှောင်ရှားကြသည်။ အကယ်လည်း ရံဖန်ရံခါ
ရက်နှင့်ချီ၍ လှုပ်ရှားစဉ် ဂျပန် တစ်ယောက်တလေမျှ မတွေ့သည်လည်းရှိသည်။
သို့သော် တွေ့ပြီဟေ့ ဆိုလျှင်လည်း အနီးကပ် ရက်ရက်စက်စက် ပစ်ခတ်ထိုးခုတ်
ရသောတိုက်ပွဲများဖြစ်လေ့ရှိသည်။.
အဆိုပါ တိုက်ပွဲ နောက်ပိုင်းတွင် မော်လူးဘက်မှ ဂျပန်တိုက်ကင်းများက
မတ်လ (၁၈၊၁၉၊၂၀)ရက်များတွင် သွေးတိုးစမ်းလာတိုက်ကြသည်။သို့သော်
ထိုအချိန်တွင် ကဲလ်ဗတ်က လေကြောင်းထောက်ပံ့မှု ကောင်းကောင်းလက်ခံရ
ပြီးဖြစ်ရာ သံဆူးကြိုးကာခြင်း၊ ခံကတုတ်၊ ပစ်ကျင်း၊ ဆက်သွယ်ရေးမြောင်း
တည်ဆောက် ဖောက်လုပ်ခြင်း စသည် ခံစစ်စခန်းလုပ်ငန်းများကို ကောင်းစွာ
စီမံနိုင်ခဲ့ပြီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂေါ်ရခါးတပ်များမှ ကွန်မန်ဒို တပ်စုများကို
လွှတ်၍ မော်လူးတောင်ဘက်ရှိ ဂျပန်တပ်စခန်းများတစ်ဝိုက်တွင် မိုင်းထောင်
စေခဲ့သည်။
=================================
ဟဲနုဘုရားကုန်း တိုက်ပွဲတွင် ၀ီတူရိယသူရဲကောင်းတံဆိပ်ရရှိသွားသော
ဗိုလ်ကေယာန်အကြောင့်းအား ၁၉၂၉ခုနှစ်၊ မေလ ၂၁ရက်နေ့ထုတ်
TIMES မဂ္ဂဇင်းမှဤသို့ဖေါ်ပြထားသည်။
fb မှ မလာသည်။
No comments:
Post a Comment