၆၈ နှစ်ပြည့်
@@@@@@
လွတ်လပ်ရေးကို မျှော်တွေးခဲ့ကြ ….
လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြ …
လွတ်လပ်ရေးရအောင် တိုက်ယူခဲ့ကြ …
ဂန္ဒီ၊ ဟိုဆေးရီဇာ၊ ဆွန်ယက်ဆင်
ဟိုချီမင်း … အာရှရဲ့ အလင်းတန်းတွေထဲမှာမှ
ငါတို့ရဲ့ အောင်ဆန်းဆိုတဲ့ အလင်းတန်းက ပိုတောက်ပ
မြန်မာပြည်ကို လွတ်လပ်ရေးစင်မြင့်ပေါ်တင်ပေးခဲ့
အဖိုးအောင်ဆန်းရေ …..
မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ
၂၀၁၆ ရဲ့ ဇန်နဝါရီ ၄ ရက်ဆို
၆၈ နှစ် တင်းတင်းပြည့်ခဲ့ပေါ့ …..။
သက်နှင်း(ပဲခူး)

No comments:
Post a Comment